သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သာပေါင်းမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းမျာအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေးခြင်း

         ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ၂၁.၇.၂၅ ရက်နေ့တွင် မြန်မာ့စီးပွားရေးဘဏ်ရှေ့၌ မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်လျော့ကျရေးကော်မတီ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးသည် မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍ သာပေါင်းမြို့နယ်ရှိ မစဖအဖွဲဝင်များ၊ မြို့ပေါ်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ (၃၄) ခုတို့အား  (၁) ဦးလျှင် (၅၀) ကျပ်သားနှုန်းဖြင့်  ပိဿာချိန် (၉၉၀) အား (၅၀) ကျပ်သားလျှင် (၃၃၅၀) ကျပ်ဖြင့် ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားအုန်းဆီများ ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီ အချိန်တွင် ဒေးဒရဲမြို့မဈေးကြီး အတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော စားအုန်းဆီများ ရည်ညွှန်းဈေးဖြင့် ဆိုင်းဘုတ်တင် ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

    အဆိုပါစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံမှ စားအုန်းဆီခွဲတမ်းရရှိသော လက်လီ/ လက်ကား ကိုယ်စားလှယ်များအနေဖြင့် သက်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဖြန့်ဖြူး ရောင်းချရန်၊ စားသုံးသူများ ထင်ယောင်ထင်မှားမဖြစ်စေရေးအတွက် ဈေးနှုန်းဆိုင်းဘုတ်များကို သတ်မှတ်ရည်ညွှန်းဈေးအလိုက် မြင်သာထင်သာရှိသော နေရာများ တွင် ချိတ်ဆွဲရောင်းချမှု ရှိ/ မရှိ တို့ကို လိုက်လံစစ်ဆေးခဲ့ရာ စားအုန်းဆီ အရောင်းဆိုင်များ အနေဖြင့် သတ်မှတ်ထားသော စည်းကမ်း များနှင့်အညီ ရောင်းချနေမှုများအား ကွင်းဆင်း စစ်ဆေးခဲ့မှုအရ သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ ဆန်စက်များသို့ ကွင်းဆင်းခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဒေးဒရဲမြို့နယ်  စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့်အတူ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့ယ်အတွင်းရှိ Gasifire အသုံးပြုသည့် ဆန်စက်များသို့ ကွင်းဆင်းစစ်ဆေးခြင်းကို ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြပါသည်။

          ထိုသို့ကွင်းဆင်းရာတွင် ဆန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ အရည်အသွေးပြည့်မီစေရေး အလေးချိန်အချိန်အတွယ် ပြည့်မီစေရေး၊ ဆန်စပါးဈေးနှုန်းဈေးကွက် အခြေအနေများ တည်ငြိမ်မှု ရှိ/ မရှိ၊ ဆန်စက်မှ ထွက်ရှိသော စွန့်ပစ်ပစ္စည်းများစနစ်တကျစွန့်ပစ်မှုရှိစေရေး၊ စပါးခွံ ဂိုဒေါင်များ တည်ဆောက်ထားရှိမှုအခြေအနေတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

သာပေါင်းမြို့နယ်ရှိ အငြိမ်းစားဝန်ထမ်းမျာအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေးခြင်း

         ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ၂၂.၇.၂၅ ရက်နေ့တွင် မြန်မာ့စီးပွားရေးဘဏ်ရှေ့၌ မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်လျော့ကျရေးကော်မတီ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးသည် မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍ သာပေါင်းမြို့နယ်ရှိ ပင်စင်စားအငြိမ်းစားဝန်ထမ်း (၄၄၀) ဦးအား (၁) ဦးလျှင် (၅၀) ကျပ်သားနှုန်းဖြင့်  ပိဿာချိန် (၂၂၀) အား (၅၀) ကျပ်သားလျှင် (၃၃၅၀) ကျပ်ဖြင့် ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အတွင်းရှိ ဆန်ဆိုင်မျာအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦစီးမှူးနှင့် ဝန်ထမ်းများသည် (၂၁.၇.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ပုသိမ်မြို့အတွင်းရှိ ဆန်အရောင်းဆိုင်များသို့  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဆန်များ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ သတ်မှတ် ရည်ညွှန်းဈေးအတိုင်းရောင်းချမှု ရှိ/မရှိ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ပြည်သူများဈေးနှုန်း သက်သာစွာဖြင့် စားသုံးနိုင်ရေးနှင့်အတူ ပြည့်ပြည့်ဝဝဝယ်ယူစားသောက်နိုင်ရေး ရည်ရွယ်ချက်ဖြင့်  ဆန်ဆိုင်များအား အပတ်စဉ်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို အခြားမိတ်ဖက်ဌာန များနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာတွင် ဓာတုလွတ်ပေါ်ဆန်းပျိုးထောင်ခြင်း ပြပွဲကျင်းပ

        ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာတွင် ဓာတုလွတ်ပေါ်ဆန်းစိုက်တောင်သူဦးကံဝင်း၏ လယ်တွင် လက်တွေ့ပျိုးထောင်ပြသခြင်းနှင့် ဓာတုလွတ်ပေါ်ဆန်းစိုက်တောင်သူများနှင့် တွေ့ဆုံပွဲကို (၂၀.၇.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီတွင် နွားရေတိုက်ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ ပါသည်။

    ထိုအခမ်းအနားသို့ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ၊ စိုက်ပျိုးရေးသုတေသနဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူပြာလွင်၊ ရေကြည်မြို့နယ်စိုက်တိုးမြင့်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဓာတုလွတ်စိုက် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ရေကြည်မြို့နယ်တွင် SMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ကြိမ်၊ ဝါး၊ လက်မှုအချောထည်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

    ရေကြည်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးသည် (၂၂.၇.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၃း၀၀) အချိန်တွင် ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရေကြည်မြို့၊ ဆရာစံရပ်ကွက်ရှိ ကြိမ်၊ ဝါး လက်မှုအချောထည်လုပ်ငန်းရှင် ဦးသန်းဇော်နှင့် တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။

     ထိုသို့ ဆွေးနွေးရာတွင် ကုန်ကြမ်းရရှိမှု၊ ကုန်ချောထုတ်လုပ်တင်ပို့ရောင်းချမှု၊ ဈေးနှုန်းဈေးကွက် အခြေအနေများအား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ရေကြည်မြို့နယ်တွင် စားအုန်းဆီနှင့် ကြက်ဥများအား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခြင်း

      ရေကြည်မြို့နယ်၊ ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီသည် ကုန်ဈေးနှုန်းကြီးမြင့်မှု မရှိစေရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းစေရန်နှင့် ပြည်သူများစားဝတ်နေရေးပြေလည်စေရေး တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ကြက်ဥနှင့် စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်စေရန် ရေကြည်မြို့မစည်ပင်ဈေးရှေ့တွင် (၂၄.၇.၂၅) ရက်နေ့တွင် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ကြက်ဥတစ်လုံးလျှင် (၃၅၀) ကျပ်ဖြင့် ကြက်ဥအလုံးရေ (၅၀၀) ခန့်၊ စားအုန်းဆီ (၅၀) ကျပ်သားတစ်ဗူးလျှင် (၃၅၀၀) ကျပ်နှုန်းဖြင့် ပိဿာ (၁၁၀) အား ရောင်းချပေးကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ်အတွင်းရှိ “၉၉၉”မုန့်ဟင်းခါးဖိုလုပ်ငန်းသို့ ထုတ်ကုန်လုံခြုံစိတ်ချမှု ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် ဇူလိုင်လ(၁၈)ရက်နေ့တွင် ကျိုက်လတ်မြို့ “၉၉၉” မုန့်ဟင်းခါးဖို လုပ်ငန်းသို့ ထုတ်ကုန်လုံခြုံစိတ်ချမှု ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           အဆိုပါစစ်ဆေးခြင်းတွင် “၉၉၉” မုန့်ဟင်းခါးဖိုလုပ်ငန်းမှာ တစ်နေ့တာထုတ်လုပ်နိုင်မှု အရေအတွက်နှင့် ထုတ်လုပ်နေမှုအနေအထားများ စစ်ဆေးခြင်း၊ ထွက်ရှိလာသော မုန့်ပိဿာချိန်မှာ တစ်နေ့လျှင် (၅၀၀၀)ပိဿာခန့် ထုတ်လုပ်လျက်ရှိကြောင်း၊ အချိန်အတွယ် မှန်ကန်မှု ရှိစေရန် စစ်ဆေးခြင်း၊ ရောင်းချသည့် မုန့်တစ်ပိဿာလျှင် လက်လီ/လက်ကားဈေး (၂၀၀၀မှ၁၈၀၀) ကျပ်နှုန်းထားဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စည်နှင့် ပတ်သက်၍ ကုန်စည်အား အရည်အသွေး ပြည့်မီစွာ ထုတ်လုပ်နိုင်ရေး၊ ဈေးကွက်ဈေးနှုန်း အခြေအနေများ ပြည့်မီမှန်ကန်စွာ ထုတ်လုပ်နိုင်ရေး၊ ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေးနှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး ဓာတုဆေးဝါးများ သုံးစွဲခြင်းမပြုစေရေးတို့ ဆွေးနွေး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနရုံးတွင် Online Sale နှင့် ပက်သက်၍ လုပ်ငန်းရှင်များအား အသိပညာပေး

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်း ဦးဆောင်၍ ထုတ်လုံဌာနခွဲ တာဝန်ခံ ဒေါ်ကေသွယ်ဝင်းနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် Online Sale စနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းရှင်များအား အသိပညာပေး ဟောပြောခဲ့ပါသည်။

      ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းက Online Sale စနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းရှင်များအား မိမိတို့ကုန်စည်များကို မှတ်ပုံတင်ဆောင်ရွက်ထားပြီး ရောင်းချမည်ဆိုပါက ယုံကြည်မှု၊ အာမခံချက်၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီး ဈေးကွက်ပိုမိုကျယ်ပြန့် ချဲ့ထွင်နိုင်မည်ဖြစ်သည်။ စားသုံးသူများအနေဖြင့် ပိုမိုယုံကြည်စိတ်ချစွာ သုံးစွဲလာမည်ဖြစ်ပြီး စားသုံးသူကာကွယ်ရေးအနေဖြင့်လည်း အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း မှတ်ပုံတင်ဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ မှတ်ပုံတင်ထားခြင်းမရှိပဲ ရောင်းချ၍ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာက  ကုန်သွယ်ရေးဦးစီးဌာနသို့ အသိပေးပြီး ကုန်သွယ်ရေးဦးစီးဌာနမှ လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းရှင်များအား  အသိပညာပေး ပြုလုပ်ခဲ့မှုအပေါ် သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ