သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးအတွင်းသို့ အသား၊ငါးတန်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း

       ကယားပြည်နယ်၊ လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးအတွင်းသို့ အထူးစုံစမ်းစစ်ဆေးရေးဦးစီး ဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(၂၉)ရက်နေ့၊ နံနက်(၈:၃၀)နာရီအချိန်တွင် အခြေခံစားသောက်ကုန်များဈေးနှုန်း မြှင့်တင် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးပြီး အခြေခံစားကုန်ဈေးနှုန်းစာရင်း ကောက်ယူမှုများ ပြုလုပ်ခဲ့ပါသည်။

     ထိုသို့ ပူးပေါင်းအဖွဲ့ဖြင့် အသား/ငါးတန်းများ စစ်ဆေးဆောင်ရွက်ခဲ့ရာ အသား/ငါးများ ရောင်းချရာတွင် ယင်လုံဇကာများဖြင့် ဖုံးအုပ်ရောင်းချစေရေး၊ လတ်ဆက်သော အသား/ငါးများ ကိုသာ ရောင်းချစေရေး၊ အသား/ငါးများ ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချမှုမရှိစေရေး၊  စည်ပင် သာယာရေးအဖွဲ့မှ သတ်မှတ်ထားသည့် ဈေးနှုန်းများဖြင့်သာ ရောင်းချစေရေးနှင့် အသား/ငါးများ ရောင်းချရာတွင် အလေးချိန်မှန်ကန်စွာဖြင့် ရောင်းချကြရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကယား)

လွိုင်ကော်မြို့၊ စားအုန်းဆီလက်လီရောင်းချနေသော အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးကြပ်မတ်

     ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် စားအုန်းဆီလက်ကား၊ လက်လီ ကိုယ်စာလှယ်များဖြင့်   ပြည်နယ်အတွင်း ပြန်လည်ဝင်ရောက်နေထိုင်သော ပြည်သူလူထုများ စားသုံးဆီဖူလုံစေရန်နှင့် ဈေးနှုန်းချိုသာစွာ ဝယ်ယူရရှိနိုင်ရန်   ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကယားပြည်နယ်ဆီကုန် သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်ဖြင့် ပြည်နယ်အစိုးရအဖွဲ့နှင့် ဒေသကွပ်ကဲရေး စစ်ဌာနချုပ်၏ ခွင့်ပြုချက်ဖြင့် ထုတ်ယူသယ်ဆောင်ပြီး ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။

     စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(၂၇) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားအုန်းဆီ လက်လီအရောင်းဆိုင်များအနေဖြင့်  စားအုန်းဆီများ တင်သွင်းဖြန့်ဖြူးရောင်းချရာတွင် သယ်ယူမှု ကုန်ကျစရိတ်များ ထည့်သွင်းတွက်ချက်ပြီး (၂%) ထက်မပိုသောအမြတ်ဖြင့် ရောင်းချစေရေး၊ စားအုန်းဆီများ အဆမတန်အမြတ်တင် ရောင်းချမှုမရှိစေရေး၊ စားအုန်းဆီများအား သတ်မှတ် အချိန်ကာလအတွင်း သတ်မှတ်ပမာဏ၊ သတ်မှတ်ဈေးနှုန်းအတိုင်း အလေးချိန်ပြည့်မီစွာဖြင့် ပြည်သူလူထုလက်ဝယ်အရောက် ရောင်းချသွားစေရေး၊ မလိုလားအပ်သောနေရာများသို့ မရောင်းချမိစေရေးတို့ကို ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကယား)

 

အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးအသိပညာပေး

      ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်း ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့်လုပ်ငန်းများ အနေဖြင့် အင်တာနက်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ လိုအပ်သောသတင်းအချက်အလက် ပြည့်စုံ မှန်ကန်စွာနှင့်ရှင်းလင်းစွာကြိုတင်အသိပေးဆောင်ရွက်ခြင်းဖြင့်စားသုံးသူအခွင့်အရေးပြည့်ဝစွာရရှိစေရန် ရည်ရွယ်၍ ၂၈.၈.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ‌‌ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ စည်ပင်သာယာရေးအဖွဲ့များပူးပေါင်းကာ မြစ်ကြီးနားမြို့၊ခေမာသီရိရပ်ကွက်နှင့်ဒူကထောင် ရပ်ကွက်ရှိ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်း(၂)ခုသို့ ကွင်းဆင်းစစ်ဆေးပြီး လုပ်ငန်းရှင်များအား အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာတွင်ဆက်သွယ်ရေးဝန်ဆောင်မှု(အင်တာနက်ဝန်ဆောင်မှု)ပေးသည့်လုပ်ငန်းများအနေဖြင့်လက်ကမ်းစာဆောင်များတွင်အင်တာနက်ဝန်ဆောင်ခနှုန်းထားများ၊  ဆက်သွယ်ရမည့်ဖုန်းအမှတ်များဖော်ပြထားပြီးဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏လိုင်စင်ခွင့်ပြုချက်  များဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

      ဆက်သွယ်ရေးဝန်ဆောင်မှု(အင်တာနက်ဝန်ဆောင်မှု)ပေးသည့် လုပ်ငန်းရှင်များအား စားသုံးသူ ကာကွယ်ရေးဥပ‌ဒေပါ စီးပွား‌ရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်နှင့်တာဝန်များ၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးရမည့်အချက်များ၊ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုအခြေအနေများ၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါပြစ်မှုနှင့်ပြစ်ဒဏ်များအားအသိပညာပေးဆွေးနွေးခဲ့ပြီးဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနနှင့်ဆက်စပ်ဌာနများ၏ အမိန့်နှင့်ညွှန်ကြားချက်များအားလည်း လိုက်နာဆောင်ရွက်သွားရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

ပြည်ခရိုင်အတွင်း ပြည်မြို့နယ်မှ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

       စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ ပြည်တွင်း၌ ဆန်စပါးဖူလုံရေး၊ ပြည်ပသို့ စနစ်တကျ တင်ပို့ ရောင်းချနိုင်ရေး၊ ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေး၊ သမားရိုးကျရောင်း ဝယ်ခြင်းမဟုတ်သော ဈေးကစားလိုသည့် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများ မဖြစ်ပေါ်စေရေးတို့အတွက် သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်း (Reasanable Matket Price)ကို လစဉ်ထုတ်ပြန်ပေးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လအတွက် သတ်မှတ်ထုတ်ပြန်ထားစသည့် သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်း ဖြင့် ရောင်းချမှုရှိ/မရှိ (၁၈.၈.၂၀၂၅)ရက်နေ့တွင် ပြည်မြို့ပေါ်ရှိ လက်လီ၊ လက်ကားရောင်းချလျက် ရှိသော ဆန်ဆိုင်ကြီးများ၊ ခရိုင်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ တို့ဖြင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် ဆန်ဈေးနှုန်းများအနေဖြင့် ၂၄ ပြည်တစ်အိတ်လျှင် ရွှေဘို ပေါ်ဆန်းမွှေး တစ်အိတ်လျှင် (၁၆၀၀၀၀)ကျပ်၊ ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင် (၁၃၅၀၀၀)ကျပ်၊ ဧည့်မထဆန် (၅၉၀၀၀-၆၀၀၀၀)ကျပ်၊ ရိုးနီ (၉၀၀၀၀)ကျပ်နှင့် ပခမ်းမှာ (၇၀၀၀၀)ကျပ်ဈေးဖြင့် ရောင်းချလျက်ရှိကြောင်း ကွင်းဆင်းစစ်ဆေးတွေ့ရှိရပါသည်။

DOCA(ပဲခူး)

 

 

 

 

ပြည်မြို့နယ်အတွင်း ဆေးဝါးနှင့် ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးကွင်းဆင်း

       ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၌ (၁၉.၈.၂၀၂၅) ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာ ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများ၊ မြို့နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများပူးပေါင်း၍ ပြည်မြို့ ခေတ္တရာရပ်ကွက်အတွင်းရှိ ဆေးဝါးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်၍ ဆေးဝါးနှင့် ဆေးပစ္စည်းများ ပြတ်လပ်မှု မရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ပဲခူး)

သဲကုန်းမြို့နယ် အထက်တန်းကျောင်းတွင် စားသုံးသူအသိပညာပေးဟောပြောဆွေးနွေး ခြင်းနှင့် ကျောင်းမုန့်ဈေးတန်းအားစစ်ဆေးခြင်းပြုလုပ်

      နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ (၁၄.၈.၂၀၂၅) ရက်နေ့ နံနက် (၉:၃၀) နာရီ အချိန်တွင် သဲကုန်းမြို့နယ် အ.ထ.က ကျောင်းတွင်  မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျောင်းကျန်းမာရေးအဖွဲ့ ၊ အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

    အဆိုပါဆွေးနွေးပွဲတွင် ကျောင်းကျန်းမာရေးအဖွဲ့မှ  ကျောင်းကျန်းမာရေး နှင့် ပတ်သက်၍ အသိပညာ ပေးဟောပြောဆွေးနွေးပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးထင်ဇော်ထွန်းက စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေး နှင့်တာဝန်များ အကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်ပါက တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်း ကိုအသိပညာပေး ဟောပြောဆွေးနွေး ခဲ့ကြောင်းသိရပါသည်။

     ဆက်လက်၍ ကျောင်းမုန်ဈေးတန်းအား စစ်ဆေးရာတွင် ကျောင်းသား/ကျောင်းသူများစားသောက်မည့် အစားအစာများ ဘေးအန္တရာယ်ကင်းစေရေး နှင့် သန့်ရှင်းမှုရှိ/မရှိ၊ အသင့်စားမုန့်ထုပ်များတွင် ကုန်အညွှန်းအမှတ်အသားပြည်စုံမှု ရှိ/မရှိ တို့အားစစ်ဆေးခဲ့ကြောင်း  သိရှိရပါသည်။

DOCA(ပဲခူး)

မိုးညိုမြို့၌ကုန်စုံဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် (၂၂ .၈.၂၀၂၅)ရက်နေ့ နံနက်(၉:၃၀) နာရီအချိန်တွင် ကျောင်းလမ်းရှိ ဦးဇော်ဝင်း ကုန်စုံဆိုင်အား ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်း ရှိ/မရှိ၊ မြို့နယ်တာဝန်ခံ ဦးမောင်မောင်အေး နှင့် ဝန်ထမ်းများမှ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပါ သည်။ စားသုံးသူများ တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်များသိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်၊ စိတ်ကျေနပ်မှုရှိစေရန်အတွက် အာမခံချက်ပေးနိုင်သည့်အရည် အသွေးမြင့်မား သော ကုန်စည်ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့် ဆည်းပေးနိုင်စေရေးနှင့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည်အမျိုးအစား အလိုက် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာ ဖော်ပြခြင်း  ရှိ/မရှိ ဈေးကွက်  စောင့်ကြည့် စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင် များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)

ရေသန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးဟောပြောခြင်း

       ပဲခူးတိုင်း‌ဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် စားသုံးသူ၏ အခွင့်အရေးများတွင် စားသုံးသူသည် ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရရှိစေ ခြင်းသည် တစ်ခုအပါအဝင်ဖြစ်သည့်အတွက် စားသောက်ကုန်ပစ္စည်းများ ဈေးကွက်မရောက်မီ ကွင်းဆင်းစစ်ဆေးခြင်းကို အုတ်ဖိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးမှ မြို့နယ် တာဝန်ခံနှင့် အုတ်ဖိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ၂၁.၈.၂၀၂၅ ရက်နေ့ နေ့လယ် ၁၄း၀၀ နာရီတွင် အုတ်ဖိုမြို့နယ်အတွင်းရှိ Naing Zar ရေသန့်ထုတ်စက်ရုံအား  ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးမှ ထုတ်လုပ်ခွင့်လိုင်ဆင်စစ်ဆေး ခြင်း၊သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရှိ/မရှိစစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊မြို့နယ် တာဝန်ခံမှစားသုံးသူကာကွယ်ရေး၊ ဥပဒေပါစီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များရှင်းလင်းပြောကြား ပြီး ပြစ်မှုနှင့်ပြစ်ဒဏ်များအား အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ပဲခူး)

မိုးညိုမြို့၌ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၌ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ၂၁.၈.၂၀၂၅ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဈေးလမ်းရှိ ဦးကြည်စိုး (မုန့်ဆိုင်) အား ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်း ရှိ/မရှိ၊ မိုးညိုမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ များမှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ စားသုံးသူများ   တိကျမှန်ကန် ရှင်းလင်းသော သတင်း အချက်များ သိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်၊  စိတ်ကျေနပ်မှုရှိ စေရန်အတွက် အာမခံချက်ပေးနိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည်ဝန်ဆောင်မှုများ ဖော်ဆောင် ဖြည့်ဆည်း ပေးနိုင်စေရေးနှင့် စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် စားသုံးသူကာကွယ် ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ ပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)

တိုင်း‌ဒေသကြီးဝန်ကြီးချုပ် မြောင်းမြခရိုင်ရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းနှင့် အကျုံးမဝင်သည့် တောင်သူများအား သွင်းအားစုဓာတ်မြေဩဇာများဖြန့်ဖြူးပေးအပ်ပွဲအခမ်းအနားတက်ရောက်

        နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းနှင့် အကျုံးမဝင်သည့်တောင်သူများအား သွင်းအားစု ဓာတ်မြေဩဇာများဖြန့်ဖြူးပေးအပ်ပွဲအခမ်းအနားကို (၂၄.၈.၂၀၂၅) ရက်နေ့တွင်  မြောင်းမြမြို့နယ်နှင့် ဝါးခယ်မမြို့နယ်တို့တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများ နှင့် တက်ရောက်၍ တောင်သူများအား ဓာတ်မြေဩဇာများပေးအပ်ခဲ့သည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ မြောင်းမြ မြို့နယ်၊ ကျုံဝါးကျေးရွာရှိ နည်းပညာပြန့်ပွားရေးစင်တာတွင်ပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ စီမံကိန်းနှင့် အကျုံးမဝင်သည့်တောင်သူများအား သွင်းအားစုဓာတ်မြေဩဇာများ ဖြန့်ဖြူး ပေးအပ်ပွဲ အခမ်းအနားတက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း နည်းပညာပြန့်ပွားရေးစင်တာများဖွင့်လှစ်၍ တောင်သူများအားအသိပညာများပေးလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ မြောင်း‌မြခရိုင်အားစံပြခရိုင်အဖြစ်သတ်မှတ်ထားရှိပါကြောင်းနှင့် စိုက်ပျိုးရေးတွင် ပန်းတိုင်အထွက်နှုန်းရောက်ရှိရုံသာမက သီးနှံစိုက်စွမ်းအားများလည်း တိုးတက်လာခဲ့ ပါကြောင်း၊ ယခုနှစ်သည်တိုင်းဒေသကြီးအနေဖြင့် သီးနှံစုံပန်းတိုင်အထွက်နှုန်းရောက်ရှိရမည့် နှစ်ဖြစ်ပါ ကြောင်းနှင့် မိုးစပါးသည်လည်းပန်းတိုင်အထွက်နှုန်းရောက်ရှိရမည်ဖြစ်ပါကြောင်း၊ စပါးအထွက်နှုန်းများ တိုးတက်ရန်အတွက် စိုက်နည်းစနစ်များပြောင်းလဲခြင်းနှင့် ကြဲခင်းစနစ်များပပျောက်အောင် ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ တစ်ဧကအထွက်နှုန်းများတိုးတက်ရန်အတွက် သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာ များကို အချိန်ကိုက် အချိုးကျထည့်သွင်းရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ကြဲခင်းစနစ်များပပျောက်စေရန် ပျိုးထောင်စိုက်ပျိုးခြင်းများ၊ ကောက်စိုက်စက်များ၊ ကောက်စိုက်သမများ၊ မျိုးစေ့ချကိရိယာ(Drum Seeder) များဖြင့် စိုက်ပျိုးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ယခုနှစ်နွေစပါးစိုက်ရာသီတွင် ကြဲခင်းများ လုံးဝပပျောက် စေရေးအတွက် မျိုးစေ့ချကိရိယာ(Drum Seeder)များဖြင့် စိုက်ပျိုးခြင်းများ ပိုမို ဆောင်ရွက်နိုင်စေရေး မျိုးစေ့ချကိရိယာ (Drum Seeder) များ ပိုမိုထုတ်လုပ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် မိုးစပါးနွေစပါး(၅၂)သိန်းကျော်စိုက်ပျိုးလျက်ရှိပြီး နိုင်ငံ့ စီးပွားရေးမြှင့်တင်ရေးရန်ပုံငွေများဖြင့် တောင်သူများအား သွင်းအားစုများပေးအပ်ခဲ့ပါကြောင်း၊ ဝယ်ယူ ကြိတ်ခွဲတင်ပို့သူအစုအဖွဲ့အနေဖြင့်လည်း Contract Farming စနစ်ဖြင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်း နှင့်ယခုတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းနှင့် အကျုံးမဝင်သည့် တောင်သူ များအား သွင်းအားစုဓာတ်မြေဩဇာများ ဖြန့်ဖြူးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင် ရေးနှင့် အကျုံးမဝင်သည့် တောင်သူများအား ဓာတ်မြေဩဇာများ တိုက်ရိုက်သက်သာစွာ ဖြန့်ဖြူးပေး ခြင်းဖြင့် ပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် များစွာအထောက်အပံ့ရမည်ဖြစ်ကြောင်း၊ တောင်သူကြီး များ အနေဖြင့်လည်း မိုးစပါးပန်းတိုင်အထွက်နှုန်းရောက်ရှိရေးသာမက သီးနှံစုံပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးအတွက်လည်း တတ်နိုင်သည့်ဘက်မှဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း မှာကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ တောင်သူများအား သွင်းအားစု မြေဩဇာများပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ