သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရေကြည်မြို့နယ်ရှိ အ.မ.က ကျွန်းကုန်းကြီးကျောင်းတွင် အသိပညာပေးဟောပြောခြင်း

         ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တာဝန်ခံသည် မြို့နယ်ပြန်/ဆက်၊ မြို့နယ် အား/ကာ အဖွဲ့ များနှင့် ပူးပေါင်း၍ ဇူလိုင်လ (၁၅)ရက် နေ့လယ်(၁) နာရီအချိန်တွင် ရေကြည်မြို့နယ်၊ အ.မ.က ကျွန်းကုန်းကြီး ကျောင်းတွင် ဆရာ၊ဆရာမ (၄)ဦး၊ ကျောင်းသား၊ကျောင်းသူ(၈၂) ဦးတို့အားအသိ ပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။

          ဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်ရွယ်ချက် အပါအဝင် ဈေးကွက်အတွင်းရောင်းချနေသော ကုန်ပစ္စည်းများတွင် ကုန်စည်အမျိုးအစား အပေါ်မူတည်၍ ကုန် အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိရေး၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများရရှိနိုင်သော အခွင့်အရေး(၈)ချက်နှင့် တာဝန်များ အစရှိသည့် စားသုံးသူ အခွင့်အရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပြီး  စားသုံးသူပြည်သူများအနေနှင့် သိသင့်သိထိုက်သော ကုန်အညွှန်းအမှတ်အသားဖော်ပြထားသည့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ရေကြည်မြို့နယ်ရှိ အ.လ.က ငါးသိုင်းချောင်းကျောင်းတွင် အသိပညာပေးဟောပြောခြင်း

           ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တာဝန်ခံသည် မြို့နယ်ပြန်/ဆက်၊ မြို့နယ် အား/ကာ အဖွဲ့ များနှင့် ပူးပေါင်း၍ ဇူလိုင်လ (၁၃)ရက် နေ့လည် (၁) နာရီအချိန်တွင် ရေကြည်မြို့နယ်၊အ.လ.က ငါးသိုင်းချောင်းကျောင်းတွင် ဆရာ၊ဆရာမ (၅)ဦး၊ ကျောင်းသား၊ကျောင်းသူ(၁၂၃)ဦးတို့အား အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

          ဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်ရွယ်ချက်များကို ရှင်းလင်းဟောပြော၍ ကျောင်းသားကျောင်းသူများနှင့် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ် မဖြစ်စေရေးအတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်ပစ္စည်းများတွင် ကုန်စည်အမျိုးအစား အပေါ်မူတည်၍ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိရေး၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံး သူများရရှိနိုင်သော အခွင့်အရေး(၈)ချက်နှင့်တာဝန်များ အစရှိသည့် စားသုံးသူအခွင့်အရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပြီး  စားသုံးသူပြည်သူများအနေနှင့် သိသင့်သိထိုက်သော ကုန်အညွှန်း အမှတ်အသားဖော်ပြထားသည့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါ သည်။

DOCA(ဧရာဝတီ)

မကွေးတိုင်းဒေသကြီး၊ စားသုံးသူအသိပညာပေးဆွေးနွေးပွဲသင်တန်း(၁/၂၀၂၂) ကျင်းပပြုလုပ်ခြင်း

စားသုံးသူရေးရာဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိ ပညာပေးသင်တန်း(၁/၂၀၂၂)အား ၂၀၂၂ခုနှစ်၊ ဇူလိုင်လ (၂၁)ရက်နေ့ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍သင်တန်းတွင် ဟောပြောဆွေးနွေးမည့် သင်တန်းသား/သူများမှ အလှည့်ကျ မိတ်ဆက်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဟောပြောရန် အလှည့်ကျသည့် ဒုကြီးကြပ်ရေးမှူး ဦးမြင့်ကြည် မှ စားသုံးသူရေးရာဦးစီးဌာန ဖြစ်ပေါ်လာပုံ အဆင့်ဆင့်နှင့် စားသုံးသူကာကွယ်ရေးဥပဒေဖြစ်ပေါ်လာပုံ၊ စားသုံးသူကာကွယ်ရေးနှင့် အသိ ပညာပေးလုပ်ငန်း များဆောင်ရွက်နေမှုများအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒုကြီးကြပ်ရေးမှူး ဒေါ်တင်လျမ်းဝေမှလည်း မိမိ တာဝန်ယူ ဆောင်ရွက်နေရသော မူဝါဒလေ့လာရေးနှင့် စီမံကိန်းစာရင်းအင်းဌာနခွဲမှ လုပ်ငန်းတာဝန်များ အကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် ဒု-ဦးစီးမှူး ဒေါ်ဇင်ဝေဦးမှ စားသုံးသူအခွင့်အရေး (၈)ချက်နှင့် စားသုံးသူတာဝန်များ၊ စားသုံးသူတိုင်ကြား မှုဖြေရှင်းခြင်းဆိုင်ရာ ကိစ္စရပ်များအားလည်း ကောင်း၊ ဒု-ဦးစီးမှူး ဒေါ်ခင်စုစုမွန်မှ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်းသည်များ၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်းများအား လည်းကောင်း Power Point များဖြင့် ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်အေးအေးမိုးမှ ဆွေးနွေးဟောပြောမှုများအပေါ် ပြန်လည်သုံးသပ်၍ လိုအပ်ချက်များအပေါ် လမ်းညွှန်မှာကြားမှုများ ပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းမှ ယခုကဲ့သို့ အလေ့အကျင့်များပြုလုပ်ပေးခြင်းအားဖြင့် မြေပြင်ကွင်းဆင်းခြင်းလုပ်ငန်းများ၊ စားသုံးသူအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ အမှား အယွင်းမရှိ ကောင်းမွန်စွာ ဆွေးနွေးဟောပြောခြင်းများ ပြုလုပ်နိုင်မည်ဖြစ်ပါကြောင်း နိဂုံးချုပ်အမှာ စကားပြောကြားကာ ဆွေးနွေးပွဲအား (၁၅:၃၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။ သင်တန်းသို့ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးများ နှင့် ဌာနခွဲတာဝန်ခံများ၊ အရာထမ်း/ အမှုထမ်းများ စုစုပေါင်း(၄၅)ဦးတက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိပါသည်။
DOCA(မကွေး)

စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

       ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မြေပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးစံညွန့်(ဦးစီးမှူး)သည် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ လိုက်ပါလျှက် ၂၀၂၂ခုနှစ်၊ ဇူလိုင်လ(၂၂)ရက်နေ့ နေ့လယ်(၁၂:၀၀) အချိန်တွင် မြေပုံမြို့ရှိ အထက-မြေပုံ Grate-10မှ ကျောင်းသား/သူ (၂၉၀)ဦးတို့ကို အဆိုပါစာသင်ကျောင်းရှိ ဦးစိန္တာခန်းမ၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။

            ရှေးဦးစွာ အထကမြေပုံကျောင်းအုပ်ဆရာကြီး ဦးမောင်လှခင်မှ ဟောပြောရန် လာရောက်ကြသည့် ဌာနမြို့နယ်ဦးစီးမှူးများနှင့် ကျောင်းသား/သူများကို မိတ်ဆက်ပေးပြီး အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

          ၎င်းနောက် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ “ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှ စိတ်ချယုံကြည် စားသုံးကြ” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောရာတွင် ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူကာကွယ်ရေး ဉပဒေအရ ကုန်ပစ္စည်းများကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တွဲလျှက်ဖြစ်စေ ဖော်ပြပါရှိမှသာလျှင် ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရောင်းချရမည်ဖြစ်ကြောင်း စားသုံးသူများအနေဖြင့် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထား သော ကုန်ပစ္စည်းများကိုသာ ‌ရွေးချယ်ဝယ်ယူစားသုံးရန်လိုအပ်ပါကြောင်း ကျန်မာရေး၊ ပညာရေး ဝန်ဆောင်မှု၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းစသည့် ဝန်ဆောင်မှုလုပ်ငန်းများတွင်လည်းကောင်း၊ အစားအသောက်နှင့်ပတ်သက်၍လည်းကောင်း နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)ရုံး ဖွင့်လှစ်ထားရှိရာသို့ လာရောက်တိုင်ကြားနိုင်သလို w.w.w doca gov.mm တွင်လည်းကောင်း၊ Doca Myanmar မိုဘိုင်း အက်ပလီကေရှင်းမှတဆင့်လည်းကောင်း တိုင်ကြားနိုင်ပါကြောင်း ဟောပြော ဆွေးနွေးခဲ့ပါသည်။

        အားကစားနှင့်ကာယပညာဦးစီးအရာရှိ ဦးအောင်မျိုးဆွေမှ “လူငယ်များနှင့် ခေါင်းဆောင်မှု စွမ်းရည်” ခေါင်းစဉ်ဖြင့် ပညာပေးဟောပြောခဲ့ပြီး အားကစားပစ္စည်း (၃)မျိုးကို ကျောင်းအုပ်ဆရာကြီးသို့ ပေးအပ်ကာ အသိပညာပေးဟောပြောခြင်းကို (၁၃:၂၀)အချိန်တွင် ရုတ်သိမ်းခဲ့ကြောင့် သတင်းရရှိပါသည်။

DOCA(ရခိုင်)

တရားမဝင် အလှကုန်ပစ္စည်းများနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး

              စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၂၅) ရက် နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် လွိုင်ကော်မြို့ပေါ်ရှိ ရွှေတောင်ရပ်ကွက်၊ မင်္ဂလာရပ်ကွက်၊ မင်းစုရပ်ကွက်နှင့် နောင်ယား(ခ)ရက်ကွက်ရှိ စတိုးဆိုင်များ၌ Thiri Comestic Co.,Ltd မှ တရား ဝင်တင်သွင်း ဖြန့်ဖြူးရောင်းချနေသော Mistine အလှကုန်ပစ္စည်းများတွင် FDA ခွင့်ပြုချက်၊ Hologram (ရောင်ပြန်) စတစ်ကာနှင့် မြန်မာစာ labelling များ မပါရှိဘဲ ကုန်ပစ္စည်းဆင်တူယိုးမှား ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေမှုများ ရှိ/မရှိ မိတ်ဖက်ဌာနများဖြစ်သော ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် လွိုင်ကော်မြို့ပေါ်ရှိ Peral Mart ၊ ဇဝတီစတိုး တို့တွင် Thiri Comestic Co.,Ltd မှ တရားဝင်ဖြန့်ဖြူး ရောင်းချသည့် Mistine အလှကုန် ပစ္စည်းများတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော (၂ /၂၀၁၉) ညွှန်ကြားချက်ပါ ကုန်စည်နှင့် ကိုက်ညီသောအချက်များအား FDA ခွင့်ပြုချက်၊ Hologram (ရောင်ပြန်) စတစ်ကာနှင့် မြန်မာစာ labelling များဖော်ပြပါရှိသောကုန်စည်များအား တင်သွင်း ဖြန့်ဖြူးရောင်းချလျှက်ရှိကြောင်း၊ ရွှေကသစ်စတိုးနှင့် တော်ဝင်စတိုးဆိုင်တို့တွင် Mistine အလှကုန် ပစ္စည်းများ တင်သွင်းရောင်းချနေမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး အလှကုန်ပစ္စည်းများ တင်သွင်း ဖြန့်ဖြူးရောင်းချနေသည့် လုပ်ငန်းရှင်များအနေဖြင့် (၂/၂၀၁၉)  ညွှန်ကြားချက်ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်  ကိုက်ညီမှုရှိသော ကုန်စည်များကိုသာ တရားဝင်ဖြန့်ဖြူးရောင်းချကြရန်နှင့် တရားမဝင် တင်သွင်းဖြန့်ဖြူးသော ကုန်စည်များအား ရောင်းချခြင်းမပြုကြရန် အသိ‌ပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

                                               

သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများ ဆက်လက်ရောင်းချနေမှု အခြေအနေများ

         နေပြည်တော်ကောင်စီ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ စားသုံးသူပြည်သူများ စားသုံးဆီကိုသက်သာသည့် ဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရန် ရည်ရွယ်၍ စားသုံးဆီတစ်ပိဿာလျှင် ငွေကျပ် ၃၉၀၀ နှုန်းဖြင့် ဆက်လက်ဖြန့်ဖြူးရောင်းချလျက်ရှိရာ ၂၃-၇-၂၀၂၂ ရက်နေ့၌ ပျဥ်းမနားမြို့နယ်၊ သူဌေးကုန်းကျေးရွာ အနောက်ပိုင်းနှင့် သစ်လေးလုံးကျေးရွာ အရှေ့ပိုင်းတို့တွင် အဖွဲ့ဝင် ဦးပြည့်ဖြိုးအောင်မှ ပိဿာချိန် ၄၄၀ ကိုလည်းကောင်း၊ ၂၄-၇-၂၀၂၂ ရက်နေ့၌ တပ်ကုန်းမြို့နယ်၊ ရွှေမြို့ကျေးရွာတွင် အဖွဲ့ဝင် ဒေါ်နုနုအေး(NNN)မှ ပိဿာချိန် ၄၄၀ ရောင်းချပေးခဲ့ကြောင်း  သိရှိရသည်။

          ဆက်လက်၍ ယနေ့မှာတော့“ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရဲ့ လမ်းညွှန်ချက်အရ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ သကြားစက်‌ကျေးရွာ၊ သနပ်ပင်ဆိပ်ရွာတို့တွင်  စားသုံးသူပြည်သူများလက်ဝယ်အရောက် စားသုံးဆီတစ်ပိဿာကို ငွေကျပ် ၃၉၀၀နှုန်းနဲ့ ဈေးကားတစ်စီးဖြင့် ဆီပိဿာချိန် (၃၃၀) လှည့်လည် ရောင်းချပေးခဲ့ကြောင်း” အဖွဲ့ဝင် ဦးခင်မောင်ဝင်းမှပြောသည်။

          “ ယခုလို စားသုံးသူပြည်သူများလက်ဝယ်အရောက်တစ်ပိဿာလျှင် ငွေကျပ် ၃၉၀၀  နှုန်းဖြင့် လာရောက်ရောင်းချသည့်အတွက် ပြည်သူများအနေဖြင့် အဆင်ပြေမှုများစွာရှိကြောင်း၊ သက်သာ သောဈေးနှုန်းနှင့် မိသားစုတစ်ခုတွင် တစ်ပိဿာနှုန်းဝယ်ယူသုံးစွဲနိုင်သည့်အတွက် အလွန်ပင် ဝမ်းသာကြောင်း၊ မကြာခဏရောင်းချပေးမည်ဆိုပါက စားသုံးသူပြည်သူများအတွက် အဆင်ပြေမှု များစွာရှိနိုင်ကြောင်း၊ အသင်းဥက္ကဌနှင့် ရောင်းချပေးသည့် အဖွဲ့ဝင်များကိုလည်းကောင်း၊ ကူညီ ဆောင်ရွက်ပေးသည့် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများကိုလည်းအမှန်တကယ် ကျေးဇူးတင် ရှိကြောင်း၊ ယခုလိုရောင်းချခြင်းသည် ကျေးရွာနေပြည်သူများအတွက် အဆင်ပြေမှု များစွာရှိပါတယ်” ဟု စားသုံးဆီလာရောက်ဝယ်ယူသူများထံမှ သိရှိရပါသည်။

          နေပြည်တော်ကောင်စီ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှဝန်ထမ်းများပူးပေါင်း၍  နေပြည်တော်ကောင်စီနယ်မြေအတွင်း လှည့်လည်ရောင်းချမှုများ ပိုမိုလုပ်ဆောင်နိုင်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

 

မကွေးတိုင်းဒေသကြီး၊ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ပြန်လည်ဖွဲ့စည်းနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်း

            ၂၀၂၂ခုနှစ်၊ ဇူလိုင်လ (၂၀)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်း၊ စားသုံးသူရေးရာဦးစီးဌာန မကွေး ခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှနှင့် တာဝန်ရှိသူတို့သည် ရေနံချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ရေနံချောင်းမြို့နယ်ရှိ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ကြကြောင်း သိရှိရပါသည်။

            အဆိုပါတွေ့ဆုံပွဲတွင် ဌာနဆိုင်ရာမှ တာဝန်ရှိသူ(၁၁)ဦး၊ ကုန်သည် စက်မှုလက်မှု လုပ်ငန်းရှင်များ (၃၇)ဦးတို့ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က ဒေသအလိုက်ကုန်စည်ဒိုင်အသင်းအဖွဲ့များ  ရေရှည်တည်တံ့ခိုင်မြဲပြီး ဒေသဖွံ့ဖြိုးတိုးတက်တိုးတက်အောင် ဆောင်ရွက်ရေး၊ မကွေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်းများ  အသင်းအားပြန်လည်ဖွဲ့စည်းရာတွင်ဒေသစုံ၊ကဏ္ဍစုံမှ ကုန်သည်/လုပ်ငန်းရှင်များအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးတို့ကိုအကျယ်တဝင့် ဆွေးနွေးခဲ့ပါသည်။

           ဆက်လက်၍ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွား ရေးရာဝန်ကြီးနှင့် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၊ စားသုံးသူရေးရာဦးစီးဌာန မကွေးခရိုင်၊ ပခုက္ကူခရိုင် ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဆိပ်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ငွေသဲဖြူခန်းမ၌လည်း ဆိပ်ဖြူမြို့နယ်နှင့် ချောက်မြို့နယ်ရှိ ကုန်သည် စက်မှုလက်မှု လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ကုန်စည်ဒိုင်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပူးပေါင်း ပါဝင်ဆောင်ရွက်ရေး၊ ကျေးလက်နေ တောင်သူများလူမှုဘဝမြင့်မားတိုးတက်စေရေး၊ ဒေသတွင်းတည်ငြိမ် အေးချမ်းရေးနှင့် မိမိတို့အရပ်ဒေသတွင် ကျစ်လစ်ခိုင်မာသည့် ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင် အသင်းဖော်ဆောင် နိုင်ပြီး တိုင်းဒေသကြီးအဆင့် ကုန်သည်နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းအဖွဲ့ ဖွဲ့စည်းနိုင်ရေးနှင့် ထိုသို့ဖွဲ့စည်းရာတွင် တိုင်းဒေသကြီးအဆင့်တွင် အဖွဲ့ဝင်များပါဝင်နိုင်ရေး သက်ဆိုင်ရာ မြို့နယ် ကုန်စည်ဒိုင်များက သင့်တော်သည့် ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအားရွေးချယ်၍ ကိုယ်စားလှယ်စာရင်းများကို တိုင်းဒေသကြီးသို့ ပေးပို့ဆောင်ရွက်နိုင်ရေး လမ်းညွှန်ဆွေးနွေးပြောကြားခဲ့ပါသည်။ 

             ထို့နောက် တက်ရောက်လာကြသည့် ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များမှ ဒေသတွင်း စီးပွားရေးလုပ်ငန်းများနှင့် ကုန်စည်ဒိုင်များ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အသီးသီး တင်ပြ ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးမှ သက်ဆိုင်ရာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန် လမ်းညွှန်ဆွေးနွေးခဲ့ပါသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့  ဌာနဆိုင်ရာတာဝန်ရှိသူ(၂၀)ဦးနှင့်ချောက်၊ ဆိပ်ဖြူမြို့နယ်တို့မှ ကုန်သည် လုပ်ငန်းရှင် (၄၅)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

 

မကွေးမြို့၊ အောင်မေတ္တာရပ်ကွက်ရှိ ရွှေပီတိ(မုန့်ကြွပ်)လုပ်ငန်းရှင်နှင့် ရွှေတိုက်(ကိတ်မုန့်၊ ပေါင်မုန့်) လုပ်ငန်းရှင်တို့အား ကွင်းဆင်းအသိပညာပေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနှင့် ဝန်ထမ်းများသည် ၂၀.၇.၂၀၂၂ နံနက် (၁၀:၀၀) နာရီတွင် မကွေးမြို့၊ အောင်မေတ္တာ(B)(၇)လမ်းရှိ ရွှေပီတိ ထောပတ်(မုန့်ကြွပ်) ထုတ်လုပ်သည့်လုပ်ငန်းနှင့် အောင်မေတ္တာ(C)၊ (၉)လမ်းရှိ ရွှေတိုက်(ကိတ်မုန့်၊ ပေါင်မုန့်)ထုတ်လုပ်သည့် လုပ်ငန်းများသို့  စားသုံးသူကာကွယ်ရေးဥပဒ ၂၀၁၉ အခန်း(၁၈)ပါ ကုန်အညွှန်အမှတ်အသား ဖော်ပြချက်များ ပြည့်စုံ မှန်ကန်စွာဖော်ပြထားမှု ရှိ/ မရှိ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို ကွင်းဆင်း အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

            ထိုသို့ ကွင်းဆင်းရာတွင် လုပ်ငန်းရှင်များနှင့်အတူ ‌ရွှေပီတိမုန့်လုပ်ငန်းတွင် ဝန်ထမ်း (၁၅)ဦး၊ ရွှေတိုက်မုန့်လုပ်ငန်းတွင် ဝန်ထမ်း(၇)ဦးတို့အား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စားသုံးသူ၏ အခွင့်အရေး(၈)ချက်နှင့် တာဝန်(၄)ချက်တို့ကိုလည်း အသိပေးရှင်းလင်းဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မကွေး)

ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကုန်အညွှန်းအမှတ်အသား ပြည့်စုံအောင်ထည့်သွင်းပေး

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ တိုင်း/ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဒေါ်မွန်မွန်စိုးဦးဆောင်၍ မြို့နယ်တာဝန်ခံ ဦးဇော်မင်းဦးနှင့်ဝန်ထမ်းများအဖွဲ့သည် စားသုံးသူ ကာကွယ်ရေး ဥပဒေ (၂၀၁၉)  အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်းဖြင့် ဈေးကွက်အတွင်းရှိ မိမိတို့ထုတ်ကုန်များမှာ စားသုံးသူများအား ဘေးအန္တရာယ်ကင်းရှင်းစေနိုင် ကြောင်းကို သုံးစွဲသူကသိရှိလာပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း ဈေးကွက်များပိုမိုရရှိ လာစေရေးရည်ရွယ်ပြီး ဇူလိုင်လ(၇)ရက်နေ့၊နံနက်(၉:၀၀) အချိန်မှစတင်၍ ပခုက္ကူမြို့ပေါ်ရှိ "ရွှေလီ"ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်း၊ "အောင်ကမ္ဘာ"ဆားလှော်လုပ်ငန်း၊ "အောင်သစ္စာ" ဆီးယို/ဆီးထုပ် လုပ်ငန်း၊ "ဂွတ်ရှယ်"နှင့် "စတား-ရွှေ"ပဲကြော်လုပ်ငန်းများ၊"New Power" သောက်ရေသန့်လုပ်ငန်း စသည့် လုပ်ငန်းများအားကွင်းဆင်း၍ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

       ဒု-ခရိုင်ဦးစီးမှူးမှ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်း ရှင်၏တာဝန်များ၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် (၂/၂၀၁၉) ပါ ကုန်စည်အုပ်စု(က)ရှိအရန်သင့်အစားအစာအမျိုးမျိုး၊  အသင့်စားမုန့်အမျိုးမျိုး၊ သောက်ရေသန့်တို့တွင် မြန်မာဘာသာဖြင့် ထည့်သွင်းရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက် သည့် ဥပဒေပြဌာန်းချက်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရအရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်း သိရှိလိုက်နာစေရန် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် (၂/၂၀၁၉) လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ ပါသည်။

        သောက်ရေသန့်လုပ်ငန်း၏ ကုန်အမှတ်တံဆိပ်အား လေ့လာရာတွင် သောက်ရေသန့်မှာ စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ကိုက်ညီမှုရှိကြောင်း တွေ့ရှိရပါသည်။

        ဆက်လက်၍ "ဂွတ်ရှယ်" ပဲကြော်လုပ်ငန်းနှင့် "စတား-ရွှေ"ပဲကြော်လုပ်ငန်းများမှ ယခုအချိန် တွင် လက္ကားဖြန့်ဖြူးရောင်းချကြောင်း၊ ထိုမှတစ်ဆင့် လက်လီရောင်းချနိုင်ရန်နှင့် ရောင်းချချိန်တွင် မြန်မာဘာသာဖြင့် ထည့်သွင်းရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက် သည့် အလေးချိန်ပမာဏအလိုက် ခွဲခြား၍ ကုန်အမှတ်တံဆိပ်ရိုက်နှိပ်ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း ဈေးကွက်အနေဖြင့် ပခုက္ကူဒေသတွင်းနှင့် မုံရွာမြို့သို့ ဖြန့်ဖြူးရောင်းချကြောင်း၊ လုပ်သားဦးရေ (၁၀) ဦး ခန့်စီရှိပြီး နေ့စားလုပ်အားခအနေဖြင့် ( ၃၀၀၀ မှ ၅၀၀၀ ) ကျပ်ထိ ပေးရကြောင်းလုပ်ငန်းရှင်၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မကွေး)

 

မုံရွာမြို့ရှိ ကျန်းမာရေးဝန်ဆောင်မှုတိုင်ကြားခြင်းအား ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခြင်း

            ကုန်စည်နှင့်ဝန်ဆောင်မှုများကိုသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက စားသုံးသူရေးရာ ဦးစီး ဌာနသို့ တိုင်ကြားနိုင်ကြောင်း စားသုံးသူများအနေဖြင့် အသိပညာရရှိနေပြီဖြစ်ရာ နေပြီဖြစ်ရာ မုံရွာမြို့ရှိ အထူးကုဆေးရုံ၏ ဝန်ဆောင်မှုနှင့် ပတ်သက်၍ ကျေနပ်မှုမရှိသဖြင့် စားသုံးသူရေးရာဦးစီးဌာန Website Complaint System မှတစ်ဆင့် စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးက ဖြေရှင်းပေးနိုင်ပါရန်  တိုင်ကြားလာပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့်   တိုင်ကြားသူနှင့်ဆက်သွယ်ခြင်း၊ ပြေစာအထောက်အထား မှန်ကန်မှုရှိ/ မရှိစစ်ဆေးခြင်းတို့ကို ကနဦးဆောင်ရွက်ပြီးနောက် အထူးကုဆေးရုံများကို ကြီးကြပ်ရသည့် တိုင်းဒေသကြီးကျန်းမာ‌ရေးဦးစီးဌာနသို့ ညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ဖြစ်စဉ်မှာ တိုင်ကြားသူသည်နေမကောင်းသဖြင့် တည်းခိုရာအနီးရှိ အထူးကုဆေးရုံတွင် ပြသ၍ ကုသမှုခံယူပြီးနောက် ကုန်ကျစရိတ်ငွေပေးချေရေးပြေစာတောင်းယူရာ မျှော်မှန်းထားသည်ထက် များစွာ ပိုမိုကျသင့်နေခြင်း၊  ပြေစာတောင်းရာတွင် ချက်ချင်းမပေးဘဲ အချိန်ကြာမြင့်စွာစောင့်ဆိုင်းရခြင်း၊ ရန်ကုန်မြို့ရှိအထူးကုဆေးရုံထက်ပင် ကုန်ကျစရိတ်ပိုမိုကြီးမြင့်ခြင်း၊ ပေးချေရသည့်ငွေတန်ဖိုးနှင့် ရရှိသည့် ဝန်ဆောင်မှုမှာ ထိုက်တန်မှုမရှိခြင်းတို့ကြောင့် ငွေပြန်လည်အမ်းခြင်းနည်းဖြင့် ဖြေရှင်းပေးစေလိုကြောင်း၊  ဌာနမှ ဖြေရှင်းဆောင်ရွက်ပေးသည့်အတိုင်း လက်ခံမည်ဖြစ်ကြောင်း တိုင်ကြားလာခြင်း ဖြစ်ပါသည်။

          စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူးရုံးသည် အဆိုပါအထူးကုဆေးရုံတာဝန်ရှိသူကိုဖိတ်ခေါ်၍ စားသုံးသူကာကွယ်ရေးပတ်သတ်၍ အသိပညာပြည့်စုံသော မိတ်ဖက်ဌာနဆိုင်ရာ တာဝန်ရှိသူတစ်ဦး၏ ရှေ့တွင် စားသုံးသူကာကွယ် ရေးဥပဒေပါအချက်များကိုရှင်းလင်းခြင်းနှင့် တိုင်ကြားချက်များအပေါ် ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ  အထူးကု ဆေးရုံတာဝန်ရှိသူက ပြန်လည်ဆွေးနွေးရာတွင် အထူးကု ဆေးရုံးများအနေဖြင့် ရောဂါကုသရာတွင် ရောဂါအခြေအနေနှင့် ကုထုံးတို့ပေါ်မူတည်ပြီး ကုန်ကျစရိတ် ကွဲပြားနိုင်ပါကြောင်း၊  ကျသင့်ငွေကို သတ်မှတ်ထားသော စံနှုန်းမရှိပါကြောင်း၊ ဘယ်ရောဂါကုလျှင် မည်မျှကုန်ကျမည်ဟူသည့်သတင်း အချက်အလက်ကိုလည်း စားသုံးသူများသိရှိနိုင်စေရန် ကြိုတင်အသိ ပေးခြင်း၊ ညှိနှိုင်းခြင်းမရှိခဲ့ပါကြောင်း၊ ပြေစာတွင် ဆေးတန်ဘိုးများနေရခြင်းမှာ ဆေးဘိုးအပြင် တစ်ခါသုံး ဆေးထိုးအပ်၊ လက်အိတ်၊ အရက်ပြန်၊ ဂွမ်းစသည်တို့ကိုအသေးစိပ်မဖော်ပြဘဲ သန့်ရှင်းရေး၊ လုံခြုံရေး ဝန်ဆောင်ခများကိုလည်း ထည့်သွင်းတွက်ချက်ထားခြင်းကြောင့်ဖြစ်ပါကြောင်း၊ ယခင်က ယခုလို တိုင်ကြားခံရဖူးခြင်းမရှိခဲ့ပါကြောင်း၊ ယခုတိုင်ကြားသူ၏ တောင်းဆိုချက်အတိုင်း ငွေပြန်လည်အမ်းပေးမည်ဖြစ်ပါကြောင်း တင်ပြပါသည်။ စီးပွားရေးလုပ်ငန်းရှင်သည် ဝန်ဆောင်မှုပေးခြင်းနှင့် စပ်လျဉ်း၍ မှန်ကန်သောသတင်းအချက်အလက်နှင့် ပြည့်စုံသော ဝန်ဆောင်မှု အဆင့်အတန်းနှင့်အညီ ပြည့်ဝစွာ ပေးခြင်းအာမခံရန် တာဝန်ရှိသည်ကိုသိရှိပါကြောင်းနှင့် ဆေးရုံ၏ကျန်းမာရေးဝန်ဆောင်မှုကိုထိုက်တန်သည့် ဝန်ဆောင်မှုဖြစ်စေရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ညှိနှိုင်းရရှိပါသည်။

          သို့ဖြစ်ပါ၍ တိုင်ကြားသည့်စားသုံးသူအား ရရှိသင့်သည့်ပြန်အမ်းငွေရရှိရန် ဌာနက ‌ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း တင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ