ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

        ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဇန်နဝါရီလ ‌ပထမဆုံးပတ်တွင် စပါး /ဆန် ဈေးနှုန်းမှာ တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၃၉၀၀၀ ၊ မန္တလေးသို့ အိတ်ရေ၅၁၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၁၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၁၀၀၀၀၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၁၂၂၆၀၀၊ တန်အားဖြင့် ၆၁၃၀တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၅၀၆၀၀၊ မန္တလေးသို့ အိတ်ရေ ၄၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ၁၂၀၀၀ ၊ ရှမ်း(တောင်)သို့ အိတ်ရေ၁၀၅၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၁၀၅၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀ ၊ စုစုပေါင်းအိတ်ရေ ၁၂၅၆၀၀၊ တန်အားဖြင့် ၆၂၈၀တန် စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ယခုအပတ်အတွင်း အိတ်ရေ ၃၀၀၀၊ တန်အားဖြင့် ၁၅၀တန် ပို၍ စီးထွက်ခဲ့ပါသည်။

      ရွှေဘိုမြို့၏ ဇန်နဝါရီလ ပထမပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်းများ မှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ်၂၆၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၈၀၀၀၊ ဧရာမင်းစပါး တင်း၁၀၀လျှင် ကျပ်၁၄၅၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၆၅၀၀၀၊ ရွှေဘိုပေါ်ဆန်းစပါး(သစ်) တင်း၁၀၀လျှင်ကျပ် ၁၅၅၀၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန်(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၅၅၀၀၀ ၊ ဧရာမင်း စပါး (သစ်) တင်း၁၀၀လျှင် ကျပ် ၁၀၅၀၀၀၀၊ ဧရာမင်းဆန် (သစ်)၂၄ပြည်ပါ တစ်အိတ်လျှင်ကျပ်၄၅၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ပွက်သားအသစ်ပေါ်သော်လည်း သကြားဈေးကောင်းလျက်ရှိ

          မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်ခရိုင် ၊မတ္တရာမြို့နယ်နှင့် အခြားကြံထွက်ရှိရာဒေသများတွင် သကြားစက်များနှင့် အနီးဆုံးမြို့များတွင် ကြံများကို တိုက်ရိုက်ရောင်းချကြသော်လည်း အချို့တောင်သူများမှာ မိမိကိုယ်တိုင် ပွက်သားကို ချက်ပြီး မန္တလေးမြို့သို့ တင်ပို့ရောင်းချကြပါတယ်။

          ယခုနှစ် ကြံများကို စက်ရုံသို့ အရောက် (၁)တန်လျှင် ကျပ်၈၉၀၀၀/- ဖြင့်  ရောင်းချကြောင်းသိရှိရပါတယ်။ကြံနှင့်ကြံထွက်ပစ္စည်းများ ဖြစ်ကြသည့် ပေါင်းသကြား၊ပွက်သား၊ ခါသကြား၊ ခါရည်၊ပေါင်းရည်တို့ကို မန္တလေးသကြားနှင့်သကာရည်အသင်း၏ ပေါက်ဈေးနှုန်းဖြင့် ဝယ်ယူရောင်းချကြပါသည်။

          ယခင်နှစ်ကာလတူတွင် ပွက်သား ၁၃၃၀-၁၃၅၀ ၊ပေါင်းသကြား ၁၅၂၅-၁၅၅၀ ဈေးသာရှိခဲ့ပြီး ယခုနှစ်တွင်မူ  စိုက်ပျိုးစရိတ်ကြီးမြင့်ခြင်း၊ သယ်ယူစရိတ် ကြီးမြင့်ခြင်း၊ မုန့်မျိုးစုံလုပ်ငန်း၊ အအေးမျိုးစုံ လုပ်ငန်း၊ အဖျော်ယမကာ လုပ်ငန်းများ ပြန်လည်လုပ်ကိုင်လာ ခြင်းနှင့် ပြည်ပနိုင်ငံ ဖြစ်သည့် (တရုတ်)သို့ တင်ပို့လျက်ရှိခြင်း၊   ပွက်သား ၁၉၀၀-၁၉၂၀၊ ပေါင်းသကြား ၂၅၀၀-၂၅၅၀၊ ခါသကြား ၂၁၅၀-၂၂၀၀ ပေါက်ဈေးရှိကာ ပွက်သားအသစ် ပေါ်သော်လည်း သကြားဈေးနှုန်းများမှာ မြင့်တက် လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

 

 

မင်္ဂလာတောင်ညွှန့်ကြက်/ဘဲဈေးဒိုင် ဈေးကွက်ဈေးနှုန်း

           ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကြက်/ဘဲဈေးတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် နေ့စဉ်စားသုံးသူပြည်သူများထံသို့ ကြက်/ဘဲများ လက်လီလက်ကားဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂.၁.၂၀၂၃ ရက်နေ့ (၁၁:ဝ၀) နာရီအချိန်တွင် မင်္ဂလာတောင်ညွှန့်မြို့နယ်ကြက်/ဘဲဈေးသို့ ဈေးတာဝန်ခံများနှင့် အတူရောင်းချလျက်ရှိသော ကြက်/ဘဲဈေးနှုန်းများအား ဈေးကွက်ဈေးနှုန်းစုံစမ်းခဲ့ရာ ဈေးကွက် အတွက်လိုအပ်လျက်ရှိသော ကြက်/ဘဲများကို ပြည်နယ်/တိုင်းများမှ ဈေးသို့အရောက်ပို့စနစ်ဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမြို့နယ်များရှိ ကြက်/ဘဲမွေးမြူရေးခြံများသို့သွားရောက်၍ ခြံဖမ်းစနစ် ဖြင့်လည်းကောင်း၊ အသီးသီးရောင်းဝယ်ဖြန့်ဖြူးလျက်ရှိပြီး ပိုလျှံသော ကြက်/ဘဲများ ကိုလည်း လိုအပ်လျက်ရှိသော ပြည်နယ်/တိုင်းများသို့ ပြန်လည်တင်ပို့ရောင်းချလျက်ရှိပါသည်။

          ထိုသို့ပြန်လည်ရောင်းချလျက်ရှိသော ကြက်/ဘဲဈေးနှုန်းများမှ အိမ်မွေးကြက် ၁ ပိဿာလျှင် (၁၂၀၀၀/၁၃၀၀၀) ကျပ်၊ အသားတိုးကြက် ၁ ပိဿာလျှင် (၄၈၀၀/၄၉၀၀) ကျပ်၊ မွေးမြူရေးကြက် ထီး/မ ၁ ပိဿာလျှင် (၆၅၀၀/၈၅၀၀) ကျပ်၊ တောဘဲ/ဓါတ်ဘဲ ၁ ပိဿာလျှင် (၇၅၀၀/၇၆၀၀) ကျပ်၊ ချယ်ရီဘယ်ရီ ၁ ပိဿာလျှင် (၉၀၀၀) ကျပ်ဖြင့် အသီးသီးလက်လီ/လက်ကားရောင်းချလျက်ရှိပြီး၊ တစ်နေ့လျှင်ကုန်ချိန် ပျမ်းမျှစုစုပေါင်း (၇၁၆၀၀) ပိဿာခန့်ရောင်းချလျက်ရှိ‌ကြောင်း  သိရှိရပါသည်။

DOCA(ရန်ကုန်)

 

 

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

      အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဒီဇင်ဘာလ(၂၈)ရက်နေ့မှ ဇန်နဝါရီလ(၃)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်(ပိဿာ)ကျပ် ၈၀၀ မှ ၁၅၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၅၀၀ မှ ၁၅၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၅၀၀ မှ ၁၅၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၁၇၀၀ မှ ၁၈၀၀ အတွင်း၊ မုန့်လာဉနီ(ပိဿာ) ကျပ် ၁၀၀၀ မှ ၁၈၀၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် ၇၀၀ မှ ၅၀၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် ၅၀၀ မှ ၁၅၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၁၂၀၀ မှ ၁၆၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၂၀၀၀ မှ ၂၆၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ)ကျပ် ၄၀၀၀ မှ ၅၀၀၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် ၃၅၀၀ မှ ၃၅၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၁၂၀၀ မှ ၂၀၀၀ အတွင်း၊ ဆလပ်ရွက် (စီး) ကျပ် ၁၅၀ မှ ၂၅၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် ၆၅ မှ ၁၂၀ အတွင်း၊ ခရမ်းသီး  (ရှည်)(ပိဿာ)ကျပ် ၁၀၀၀ မှ ၁၅၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၄၀ မှ ၂၀၀ အတွင်း၊ ငရုတ်သီး စိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် ၁၂၀၀ မှ ၂၃၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၁၅၀၀မှ ၇၀၀၀ အတွင်းဖြစ်ကြောင်း သိရှိရပါတယ်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခု ရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း(၇၂၀၀၀)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ)(၆၉၃၀) ကျော်၊ ဗူးသီးအလုံးပေါင်း (၃၈၅၀)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း(၃၈၈၅)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၄၀၀၀၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၁၃၀၀၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၈၃၀၀) ကျော်၊ ဖရဲသီးလုံးပေါင်း (၂၇၈၀၀)ကျော်  အသီးသီးကုန်အဝင်ရှိကြောင်း သိရပါတယ်။

DOCA(ရန်ကုန်)

 

တနင်္သာရီတိုင်းဒေသကြီး ကွမ်းသီး‌‌စျေးကွက်

       တနင်္သာရီတိုင်းဒေသကြီးသည် ကွမ်းသီးပင်များကို အများဆုံးစိုက်ပျိုးသော တိုင်းဒေသကြီးဖြစ်ပါသည်၊၊ ကွမ်းသီးတွင် ကွမ်းသီးအလုံးစျေးနှင့်ကွမ်းသီးခွဲခြမ်းစျေးဟူ၍ စျေးနှုန်း (၂)မျိုး ရှိပါသည်။ လက်ရှိတွင် ကွမ်းသီးအလုံးတစ်ပိဿာလျှင် (၄၁၀ဝိ/-)နှုန်းရှိပြီး ကွမ်းသီးခွဲခြမ်း တစ်ပိဿာ လျှင်(၄၃၀ဝိ/-၄၄၀ဝိ/-)နှုန်း ပေါက်ဈေး ရှိကြောင်းသိရှိရပါသည်။

        ယခုအချိန်သည် ကွမ်းသီး အများဆုံးထွက်ရှိနေပြီး ကွမ်းသီးလုပ်ငန်းများ ပုံမှန်လုပ်ကိုင် လျက်ရှိရာ ယခင်အပတ်နှင့်ယခုအပတ်စျေးနှုန်း နှိုင်းယှဉ်ရာ ဈေးနှုန်းအနည်းငယ်မြင့် တက်လျက်ရှိကြောင်း သိရှိရပါသည်၊၊ ကွမ်းသီးများကို တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် များ၊ကျေးရွာများမှ ထွက်ရှိသော ဒေသထွက် ကွမ်းသီးများကို ရန်ကုန်မြို့သို့ တင်ပို့လျက်ရှိရာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း ၈၄၈၄၇၅၄/- ပိဿာတင်ပို့ခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

 

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄၅၃၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ နှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

          ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ဇန်နဝါရီလ ၉ ရက်နေ့ မှ ၁၅ ရက်နေ့ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၄၅၃၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

            ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

          အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။                                                                               

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှု အခြေအနေ

          အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းနက်(စမုံ)  (၄၅)ပိဿာဝင်(၁)အိတ်လျှင် ယခင်အပတ်(၂၈.၁၂.၂၀၂၂)ရက်နေ့တွင် ကျပ်(၂၃၀၀၀၀)ဖြစ်ပြီး ယခုအပတ် (၃.၁.၂၀၂၃) ရက်နေ့တွင်လည်း ကျပ်(၂၃၀၀၀၀)၊ နှမ်းဖြူ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၂၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၂၀၀၀၀)၊ နှမ်းနီနှင့်နှမ်းပြာ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၀၀၀၀၀)ဖြစ်ပြီး ယခုအပတ် တွင်လည်း ကျပ်(၂၀၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ပမဏအနေဖြင့် (၄၅) ပိဿာဝင်အိတ်ဖြင့် နှမ်းနက်(စမုံ) (၇၅၀)အိတ်၊ နှမ်းပြာ(၃၀၀)အိတ်၊ နှမ်းဖြူ(၉၀)အိတ်၊ နှမ်းနီ (၁၃၀) အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

          ပဲမျိုးစုံဈေးကွက်တွင် (၂၀)ပိဿာ (၁)တင်းလျှင် ဘိုကိတ်ပြာ (ဆောင်းသစ်) (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၃၈၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၃၈၀၀၀)၊ ကုလားပဲ(မြကြေး)  (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၆၂၀၀၀)ဖြစ်ပြီး ယခုအပတ် တွင်လည်းကျပ်(၆၂၀၀၀)၊  ပဲကြီး (၁)အိတ်လျှင် ယခင်အပတ်တွင်ကျပ်(၈၅၀၀၀) ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၈၅၀၀၀) ဖြစ်၍ ဈေးနှုန်းပြောင်းလဲခြင်းမရှိဘဲ ပဲတီစိမ်းမှာ (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၄၇၅၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၄၆၅၀၀)ဖြစ်၍ ကျပ်(၁၀၀၀)ဈေးလျော့ခဲ့ကြောင်း၊ မတ်ပဲ(၁)အိတ်လျှင် ယခင် အပတ်တွင် ကျပ်(၅၄၅၀၀)ဖြစ်ပြီး ယခုအပတ်တွင်ကျပ်(၅၃၅၀၀)ဖြစ်၍ ကျပ်(၁၀၀၀)စသည်ဖြင့် အသီးသီး ဈေးလျော့ခဲ့ပါသည်။ ကုလားပဲ(HL)မှာ (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၆၄၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်ကျပ်(၆၅၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀) ဈေးမြင့်ခဲ့ကြောင်း၊ ပဲစဉ်းငုံ(နီ)(၁)အိတ်လျှင် ယခင် အပတ်တွင် ကျပ်(၅၄၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၅၄၇၀၀)ဖြစ်၍ ကျပ်(၇၀၀) ဈေးမြင့် ခဲ့ကာ အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင်အိတ်ဖြင့် ပဲတီစိမ်း(၁၁၅၀)အိတ်၊ ပဲစဉ်းငုံ(နီ) (၃၈၀၀) အိတ်၊ မတ်ပဲ(၂၂၀) အိတ်၊ ကုလားပဲ(HL) (၇၀၀)အိတ်၊ ကုလားပဲ(မြကြေး) (၅၅၀)အိတ်၊ ဘိုကိတ်ပြာ(၈၀) အိတ်နှင့် ပဲကြီး(၅၅၀)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်း သိရှိရပါသည်။

    မြေပဲလုံးဆံ(ဖြူ)မှာ တစ်ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၄၉၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၄၈၂၅)ဖြစ်၍ (၇၅)ကျပ်ဈေးလျော့ခဲ့ကြောင်း၊ မြေပဲလုံးဆံ(နီ)  ယခင်အပတ်တွင် ကျပ်(၆၁၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၅၈၀၀)ဖြစ်၍ ကျပ်(၃၀၀)ဈေးလျော့ခဲ့ကြောင်း၊ မြေပဲတောင့်အစို တစ်တင်းလျှင် ယခင်အပတ်တွင် ကျပ်(၂၀၅၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၀၅၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ပမာဏအနေဖြင့် မြေပဲလုံးဆံ(နီ) (၃၀)ပိဿာဝင် အိတ် (၂၇၀)၊ မြေပဲလုံးဆံ(ဖြူ) အိတ်(၄၈၀) နှင့် မြေပဲတောင့်အစို တင်း(၂၇၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ ကြောင်း သိရှိခဲ့ရပါသည်။

         ဝါသီးနှံဈေးကွက်မှာလည်း (၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၂၇၅၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၇၅၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ဝါပိဿာချိန်(၂၃၀၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA (မကွေး)

ဈေးကွက်အတွင်းခရမ်းချဉ်သီးလှိုင်လှိုင်ထွက်၍ဈေးနှုန်းတည်ငြိမ်

      စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးကို မိုင်းလုံးရပ်ကွက် ၊ ရွာတန်းရှည်ရပ်ကွက်၊ မှုံပြာကျေးရွာ၊ လင်ဖုံလေးကျေးရွာတို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပြီး  ယခုဇန်နဝါရီလ ပထမပတ်တွင် ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ခရမ်းချဉ်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၀၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင် ဒီဇင်ဘာလစတုတ္ထပတ်နှင့် ဈေးနှုန်း တူလျက်ရှိပါသည်။

        ဒေသထွက်ခရမ်းချဉ်သီးများ လှိုင်လှိုင်ထွက်ပေါ်လျက်ရှိသော်လည်း ဈေးနှုန်းတည်ငြိမ်နေပြီး အရောင်းအဝယ်သွက်လျက်ရှိကြောင်း  နောင်ယားဈေးရှိ ခရမ်းချဉ်သီးရောင်းချသောဈေး သည်တစ်ဦးထံမှ သိရပါတယ်။

DOCA(ကယား)

 

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်း ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ အခြေအနေ

      စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဈေးများတွင် ယခုရက်သတ္တပတ်အတွင်း ရွှေဘိုပေါ်ဆန်း (ဆန်) (ဟောင်း)တစ်အိတ်လျှင် ၈၈၀၀၀ ကျပ်၊ ‌ရွှေဘိုပေါ်ဆန်း(ဆန်) (သစ်)တစ်အိတ်လျှင် ၅၅၀၀၀ ကျပ်၊  ဧရာမင်း(ဆန်)(ဟောင်း)တစ်အိတ်လျှင် ၆၅၀၀၀ ကျပ်၊ ဧရာမင်း(ဆန်) (သစ်)တစ်အိတ်လျှင် ၄၅၀၀၀ ကျပ်၊ ငစိန်ဆန်(ဟောင်း)တစ်အိတ်လျှင် ၄၀၀၀၀ ကျပ်၊ ငစိန်(ဆန်)(သစ်)တစ်အိတ်လျှင် ၃၅၀၀၀ ကျပ်၊ ပဲဆီတစ်ပိဿာလျှင် ၉၄၅၀-၉၅၀၀ ကျပ်အထိ၊ နှမ်းဆီတစ်ပိဿာလျှင် ၉၅၀၀ ကျပ်၊ နေကြာဆီတစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် ၅၂၅၀-၅၃၀၀ ကျပ်အထိ၊ ဆားတစ်ပိဿာလျှင် ၇၀၀-၈၀၀ ကျပ်အထိ၊ ငရုတ်ခြောက်တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်အထိ၊ ကြက်သွန်နီ(အဟောင်း)တစ်ပိဿာလျှင် ၃၃၀၀ ကျပ်မှ ၃၅၀၀ ကျပ်အထိ၊ ကြက်သွန်နီ(အသစ်)တစ်ပိဿာလျှင် ၂၂၀၀ ကျပ်မှ ၂၅၀၀ ကျပ်အထိ၊ ကြက်သွန်ဖြူ (ရှမ်းစ)တစ်ပိဿာလျှင် ၃၀၀၀ ကျပ်မှ ၃၂၀၀ ကျပ်အထိ၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ၅၃၀၀ ကျပ်မှ ၅၅၀၀ ကျပ်အထိ၊ အားလူးတစ်ပိဿာလျှင် ၂၀၀၀ ကျပ်မှ ၂၂၀၀ ကျပ်အထိ၊ မန်ကျည်းသီးမှည့်တစ်ပိဿာလျှင် ၄၀၀၀-၄၃၀၀ ကျပ်အထိ၊ နနွင်းတက်တစ်ပိဿာလျှင် ၄၈၀၀-၅၀၀၀ ကျပ်အထိ၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၁၂၀၀ ကျပ်၊ ဂေါ်ဖီထုတ်တစ်ထုတ်လျှင် ၇၀၀ ကျပ်၊ ပဲသီး (ပဲထောင့်ရှည်)တစ်စီးလျှင် ၅၀၀ ကျပ်၊ ကြက်သားတစ်ပိဿာလျှင် ၁၀၀၀၀-၁၂၀၀၀ ကျပ်အထိ၊ ဝက်သားတစ်ပိဿာလျှင် ၁၅၀၀၀-၁၆၀၀၀ ကျပ်အထိ၊ အမဲသားတစ်ပိဿာလျှင် ၁၆၀၀၀-၁၇၀၀၀ ကျပ်အထိ၊ ဆိတ်သားတစ်ပိဿာလျှင် ၂၄၀၀၀-၂၆၀၀၀ ကျပ်အထိ၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၇၅၀၀-၈၀၀၀ ကျပ်အထိ၊ ကြက်ဥ(၁)လုံးလျှင် ၂၅၀ ကျပ်၊ ဘဲဥ(၁)လုံးလျှင် ၃၀၀ ကျပ်၊ ဖရဲသီး(ကျောက်စိမ်း) (၁)လုံးလျှင် ၁၀၀၀ ကျပ်မှ ၁၂၀၀ ကျပ်အတွင်း အသီသီးဈေးရှိကြောင်းသိရပါသည်။

        ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ရွှေဘိုပေါ်ဆန်း(ဆန်)နှင့် ဧရာမင်း(ဆန်) (သစ်)များ ဈေးအနည်းငယ်တက်နေပြီး၊ ကြက်သွန်ဖြူများမှာ ဈေးအနည်းငယ်ကျနေပါကြောင်း၊ ကြက်သွန်နီ(သစ်)များသည်လည်း မုံရွာဈေးကွက်သို့ စတင်ဝင်ရောက်နေပါသဖြင့် ဈေးနှုန်းများသည် အရည်အသွေးအပေါ်မူတည်၍ ဈေးနှုန်းပြောင်းလဲမှုရှိပါသည်။ ယခုအချိန်တွင် စားအုန်းဆီရည်ညွှန်းဈေးအပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိပါကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီလက်ကားရောင်းဝယ်ဖောက်ကားရောင်းချနေသော ကုန်သည်များထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)     

မအူပင်မြို့နယ် ဆန်/စပါးဈေးကွက်တွင် ဆန်/စပါး ဈေးနှုန်းတည်ငြိမ်နေပြီး ရန်ကုန်ဘုရင့်နောင်ပွဲရုံများမှ ဆန်ဖြူများဝယ်လိုအားရရှိ

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် လှေဆိပ်တာကောက်ရှိ စိုးမိသားစုဆန်စက်၊ 912 ဆန်စက်၊ ပြည့်ဖြိုးကြွယ်ဆန်စက်နှင့် ကျော်ပဒေသာ ဆန်စက်များမှ စက်ပိုင်များထံသို့ ကွင်းဆင်းလေ့လာစုံစမ်းမှုအရ ၂၀၂၂ခုနှစ် ဒီဇင်ဘာလ စတုတ္ထပါတ်တွင် ဆန်/စပါး ကြိတ်ခွဲရောင်းချမှုအနေဖြင့်  ဆင်းသုခစပါး တင်း ၁၀၀လျှင် စက်အရောက်ဈေး (၁၂၃၀၀၀၀/-)ကျပ် ကရင်မစပါး တင်း ၁၀၀လျှင် (၁၂၂၀၀၀၀/-)ကျပ်၊ နှံကားစပါး တင်း၁၀၀လျှင် (၁၁၁၀၀၀၀/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ယခင်အပါတ်ဈေးနှုန်းအတိုင်း စပါးဈေးတည်ငြိမ်လျက်ရှိကြောင်း စက်ပိုင်များ၏ ပြောပြချက်အရသိရှိရပါသည်။

         ဆန်ဈေးအနေဖြင့် ကရင်မစပါး၊ နှံကားစပါး၊ ဆင်းသုခစပါးများ၏ ဆန်ဖြူတစ်အိတ်လျှင် (၄၂၇၀၀/-)ကျပ်ဖြင့် ရန်ကုန်ဘုရင့်နောင်ပွဲရုံမှ ဝယ်လိုအား ရရှိနေကြောင်း သိရှိရပါသည်။

        ဆန်ဖြူများ ကြိတ်ခွဲရောင်းချမှုမှာ တွက်ခြေကိုက်မှုအနည်းငယ်သာရှိသော်လည်း ရန်ကုန်ဘုရင့်နောင်မှ ဝယ်လိုအားရရှိမှုကြောင့် အကျိုးအမြတ်ရရှိမှုမှာ ဒေသတွင်းရောင်းချမှုထက် ပိုမိုအကျိုးအမြတ်ရရှိကြောင်း စက်ပိုင်များထံမှ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း