ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ထားဝယ်မြို့ရှိ ဂေါ်ဖီထုပ်ဈေးနှုန်း/ဈေးကွက်

     ဂေါ်ဖီထုပ်သည် မြန်မာနိုင်ငံတွင် ဒုတိယအများဆုံးစိုက်ပျိုးသော ဟင်းသီးဟင်းရွက်အမျိုးအစားဖြစ် ပါသည်။ တစ်နှစ်ပတ်လုံး ဈေးကွက်တွင် တွေ့မြင်ရပြီး နည်းလမ်းမျိုးစုံဖြင့် ချက်ပြုတ်စားသောက် လျက်ရှိကြောင်း သိရှိရပါသည်။

       ထားဝယ်‌ဒေသည် ဂေါ်ဖီထုပ်ထွက်ရှိသည့်‌ဒေသမဟုတ်သည့်အတွက် ရှမ်းပြည်နယ်ဘက်မှ ကားများ ဖြင့် အဆင့်ဆင့်သယ်ယူရောင်းချကြပြီး ဇူလိုင်လအတွင်း ဂေါ်ဖီထုပ်တစ်လုံးလျှင်(၁၀၀၀) ကျပ်ရှိ ကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ကျွန်းလှမြို့တွင် မြေအောက်ရေတင်စနစ်ဖြင့် ဂန္ဓမာပန်းပင် စိုက်ပျိုးဝင်းငွေတိုး

 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူကာ ကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါဆောင်ရွက် လျက် ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့တွင် ၊ မိသားစုစားဝတ်နေရေး အပိုဝင်ငွေရရှိရန် အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို လုပ်ကိုင်ကြရာမှ  ဂန္ဓမာပန်းပင်ကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာ ကြသည်။

   ဂန္ဓမာပန်းပင် စိုက်ပျိုးရန်အတွက် ပန်းပျိုးပင်မျာကို ပြင်ဦးလွင်မြို့ကမှာယူကာ ပျိုးပင်သက် (၁)လခွဲ သားဖြစ်ပြီး ဂန္ဓမာပန်းပျိုးပင်ကို အိမ်အရောက် တစ်ပင်(၃၀)ကျပ်ဖြင့်ဝယ်ယူရပါသည်။ ယခု စိုက်ပျိုး ထား သောဂန္ဓမာပန်း အမျိုးအစားများမှာ မြနှင်းဖြူမျိုး၊ စံပယ်ဖြူမျိုး နှင့် ပဲနီမျိုးတို့ဖြစ်ကြပါသည်။ ဂန္ဓမာပန်းပင် စိုက်ပျိုးမှုပုံစံမှာ မြေဘောင်တင်စနစ်၊ မြေအောက်ရေတင်စနစ်တို့ဖြင့် စိုက်ပျိးထားကာ အပင်အရေ အတွက် (၂၅၀၀)ခန့် မြေအကျယ်အဝန်းမှာ(၆၀)ပေပတ်လည်ဖြစ်ပါသည်။ ဂန္ဓမာပန်းပျိုးပင် ဝယ်ယူခြင်း၊ မြေဘောင် တင်ခြင်း မြေပြုပြင်ခြင်း၊ သွင်းအားစုထည့်ခြင်း၊ ရေပေးခြင်း တို့အတွက် ကုန်ကျစရိတ် စုစုပေါင်း (၅၀၀၀၀၀)ကျပ်ခန့်ရှိပါသည်။ ဂန္ဓမာပန်းသည် အသစ်စိုက်လျှင် စိုက်ပျိုးပြီး(၅)လအကြာတွင် စတင် ချိုးယူ ခူး ဆွတ် ရောင်းချရပါသည်။ ဂန္ဓမာပန်းပင်ကို တစ်ခါစိုက်ပြီး ပြုစုပျိုးထောင်နိုင်မှု ကောင်းလျှင်(၃)သားလောက် အထိ ချိုးယူခူးဆွတ်ရောင်းချရပါသည်။ တစ်ခါချိုးယူခူးဆွတ်ပြီးသားအခင်း ဒုတိယသားကို သွင်းအားစု ထည့်ပြီး ပြုစုပျိုးထောင်လျှင် (၃)လကြာသည့်အခါ ပြန်လည်ချိုးယူရောင်းချ ရပါသည်။

   ဂန္ဓမာပန်းများကို တစ်ရက်လျှင် အစည်းအရေအတွက်(၁၀၀ မှ ၁၅၀)ထိ ချိုးယူရောင်းချရပြီး တစ်ခါ စိုက်လျှင် တစ်လခွဲခန့်ကြာအောင် ခူးဆွတ်ရောင်းချရပါသည်။ ကျွန်းလှမြို့၏ ဂန္ဓမာပန်း ဈေးနှုန်းအနေဖြင့် ဂန္ဓမာပန်းတစ်စည်းလျှင် ဖောက်သည်ပေးသည့် လက္ကား ဈေးနှုန်းမှာကျပ်(၈၀၀/၁၀၀၀)နှုန်း ဂန္ဓမာပန်း လက်လီ ဈေးနှုန်းမှာ ဂန္ဓမာပန်းတစ်စည်းလျှင်(၁၀၀၀/၁၃၀၀/၁၅၀၀) ဈေးနှုန်းတို့ဖြင့်ရောင်းချရကြောင်း ဂန္ဓမာပန်းစိုက်ပျိုးရောင်းချသူ မချို ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ထားဝယ်မြို့ရှိ ပဲပင်ပေါက်စျေးနှုန်း/စျေးကွက်

    ပဲပင်ပေါက်သည် နေရာဒေသမရွေးစိုက်ပျိုးနိုင်ပြီး မိမိတို့အိမ်တွင်း၌လည်း အပင်ဖောက်ကာ စိုက်ပျိုးရလွယ်သော အပင်တစ်မျိုးဖြစ်သည်။ ဈေးနှုန်းသက်သာပြီး အလွယ်တကူဝယ်ယူရရှိနိုင်သော အပင်တစ်မျိုးဖြစ်သည့်အတွက် စားသုံးသူများပြားလျက်ရှိကြောင်းလည်း သိရှိရပါသည်။

      စိုက်ပျိုးရလွယ်ကူရုံသာမက ဈေးချိုပြီး အဟာရဓါတ်ကြွယ်ဝသည့်အတွက် ရောင်းကောင်းလျက်ရှိပြီး တစ်ပိဿာဆံ့အိတ်ဖြင့် တစ်ထုပ်လျှင်(၇၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ထားဝယ်မြို့ရှိဂေါ်ရခါးသီးစျေးနှုန်း/စျေးကွက်

       ဂေါ်ရခါးသီးသည် အပူပိုင်းနှစ်ရှည်သီးနှံပင်မျိုးဖြစ်သည်။ ဂေါ်ရခါးအညွှန့်ကို ချက်ပြုတ် ကြော်လှော်စားသုံးနိုင်ပြီး အသီးကိုလည်းပုံစံအမျိုးမျိုးဖြင့် ချက်ပြုတ်စားသုံးနိုင်ပါသည်။ မော်လမြိုင် ဘက်မှ ကားများဖြင့်တင်ပို့ကြပြီး စားသုံးသူများပြားလျက်ရှိကြောင်းလည်း သိရှိရပါသည်။

          ထားဝယ်မြို့ စည်ပင်သာယာစျေးအတွင်း၌ ‌ဂေါ်ရခါးသီး တစ်လုံးလျှင် (၅၀၀ မှ ၇၀၀) ကျပ် ရှိပြီး ရာသီမရွေးအသီးသီးသောကြောင့် စိုက်ပျိုးလုပ်ကိုင်သူများအနေဖြင့် အပိုဝင်ငွေရရှိကာ အိမ်သုံး စရိတ်ရရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ထားဝယ်မြို့ရှိ ပန်းသစ်တော်သီးဈေးနှုန်း

      ထားဝယ်မြို့ရှိ စည်ပင်သာယာဈေးကြီး၊ ကမ်းနားဈေးနှင့် ညနေဈေးတို့ရှိ သစ်သီးဆိုင်များ၌ သစ်သီးမျိုးစုံရောင်းချလျက်ရှိရာ ပန်းသစ်တော်သီးမှာလည်း အ‌ရောင်းအဝယ်ဖြစ်လျက်ရှိပြီး လူကြိုက်များကြကြောင်း သိရှိရပါသည်။ ရန်ကုန်၊ မော်လမြိုင်ဘက်မှ ကားများဖြင့် ထားဝယ်မြို့ရှိ သစ်သီးဒိုင်များသို့ တင်ပို့ကြပြီး ထိုမှတဆင့် သစ်သီးဆိုင်များသို့ ပြန်လည်ဖြန့်ဖြူးလျက်ရှိကြောင်းလည်း သိရှိရပါသည်။

   ထားဝယ်ဈေးကွက်၌ ဇူလိုင်လအတွင်း ပန်းသစ်တော်သီး ဈေးကောင်းလျက်ရှိပြီး  တစ်လုံးလျှင် (၃၅၀၀)ကျပ်မှ (၄၀၀၀)ကျပ်အထိရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိကြံစျေးနှုန်း

       ထားဝယ်မြို့၏ စျေးကွက်အတွင်း ကြံဈေးကွက်မှာလည်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရပြီး ကြံကို ထားဝယ်မြို့အနီးတစ်ဝိုက် ကျေးရွာများတွင် တစ်နိုင်တပိုင် စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြသည်။ ကြံသည်  ကြံရည်သာမက ဘုရားပွဲ၊ နတ်ပွဲများ၌ပါ မပါမဖြစ် ဖြစ်သည့်အတွက် ဇူလိုင်လ၌ ဈေးပိုကောင်းလျက်ရှိကြောင်းလည်း သိရှိရပါသည်။

     ထားဝယ်မြို့ရှိ ဒေသထွက် ကြံစျေးနှုန်းများမှာ(၁)ချောင်းလျှင် (၄၀၀၀)ကျပ်၊ (၁၀) ချောင်းပါ တစ်စည်းလျှင် (၃၈၀၀၀၀) ကျပ်၊  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိ နံနံပင်စျေးနှုန်း/စျေးကွက်

       မြန်မာပြည်တွင် အထင်ရှားဆုံး ဟင်းခတ်အမွှေးအကြိုင်မှာ နံနံပင်ဖြစ်ပြီး အစေ့ကိုလည်း ဟင်းခတ်မဆာလာတွင် သုံးနိုင်သည်။ မြန်မာဟင်းများတွင်သာမက မုန့်ဟင်းခါး၊ အသုပ်စုံတို့တွင်လည်း တွဲဖက် အသုံးပြုကြသည်။ ဆောင်းရာသီတွင် အထူးဖြစ်ထွန်းပြီး ကျန်ရာသီများတွင် ရှား ပါးကာ စျေးကြီးပေသည်။

     ယခုအခါ ထားဝယ်စျေးကွက်၌ ဇူလိုင်လအတွင်း နံနံပင်စျေးကောင်းလျက်ရှိပြီး တစ်ပိဿာလျှင် (၅၀၀၀)ကျပ် ခန့်ရှိကြောင်း သိရပါသည်။

DOCA(တနင်္သာရီ)

 

ထားဝယ်မြို့ရှိ မြင်းခွာရွက်ဈေးနှုန်း

         မြင်းခွာရွက်ဟုဆိုသည်နှင့် မြန်မာလူမျိုးတိုင်း သိကြမည်ဖြစ်ပါသည်။ မြင်းခွာပင်သည် အပင်ငယ်လေးဖြစ်ပြီး မြေကြီးတွင်ကပ်လျက် ပေါက်ဖွားကာ အဆစ်အမြစ် ကလေးများထွက်လာပြီး ထိုအဆစ်ကလေးများမှ အညွန့်နှာမောင်းထွက်လာပြီး မျိုးဆက်ပွားလေ့ရှိသည်။ ‌နွေ၊ မိုး၊ ဆောင်း သုံးရာ သီပတ်လုံး အလေ့ကျပေါက်ပြီး အပွင့်အဖြူရောင်ရှိကာ အစေ့မှာမူ အပြား၊ အလျားလိုက် သေးငယ် သည့် အမြှောင်းကိုးမြှောင်းပါသည်။ မြင်းခွာပင်တွင် အရိုင်းမျိုး၊ မြင်းခွာရွက်အဖြူမျိုး၊ အနီမျိုးဟူ၍ သုံးမျိုးရှိသည်။

    ထားဝယ်မြို့ရှိစျေးများတွင် မြင်းခွာရွက်စျေးသင့်လျက်ရှိပြီး ‌ဒေသဓလေ့အရ ဗန်းထဲတွင် အပုံငယ်များ ပုံ၍ရောင်းချလျက်ရှိကာ တစ်ပုံလျှင် (၃၀၀မှ ၅၀၀)ကျပ် ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ရှိ ကြံ စျေးနှုန်းစျေးကွက်

      တနင်္သာရီတိုင်း၊ မြိတ်ခရိုင်တွင် ကြံများကို ကြံရည်အဖြစ်အဓိကရောင်းချကြပြီး သကြားအဖြစ် ထုတ်လုပ်ရန်တင်ပို့ရောင်းချလျက်ရှိကြောင်းသိရှိရသည်။ ကြံများကို မြိတ်မြို့ရှိ ကျေးရွာများတွင် စီပွားဖြစ်လည်း စိုက်ပျိုးကြသလို မြို့နယ်များတွင်လည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိပါသည်။ မိုး ကာလများတွင် စျေးကျဆင်းလျက်ရှိပြီး နွေကာလများတွင် စျေးကောင်းရရှိလျက်ရှိကြောင်းသိရှိရပါ သည်။ ယခင် နွေရာသီများတွင် ကြံတစ်စည်းလျှင် ကျပ်(၂၀၀၀၀)ခန့်ထိစျေးရရှိသော်လည်း ယခု မိုးရာ သီတွင်မူ ကြံတစ်စည်းလျှင် (၁၅၀၀၀)ကျပ်ခန့်စျေးရရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ဂေါ်ဖီထုပ်ဈေးကွက်

      ဂေါ်ဖီထုပ်ကို မြန်မာနိုင်ငံတွင် ဒုတိယအများဆုံးစိုက်ပျိုးသော ဟင်းသီးဟင်းရွက်သီးနှံအမျိုးအစားဖြစ်ပြီး အစားအသောက်များတွင် မပါမဖြစ်သော အစားအသောက်တစ်မျိုးဖြစ်သည်။ ဂေါ်ဖီ ထုပ်ကို အေး၍စိုစွတ်သောဒေသများတွင် စိုက်ပျိုးမှုသင့်တော်သော သီးနှံတစ်မျိုးဖြစ်သည်။ ဟင်းချိုချက်သောက်ခြင်း၊ အသားတစ်မျိုးမျိုးဖြင့်ရောကြော်ခြင်း၊ အသုပ်ထဲထည့်စားခြင်း၊ အစရှိသော အစားအစာများတွင် ထည့်သွင်းခြင်းနှင့် ငါးပိရည်တို့စရာ အတို့မြုပ် အဖြစ်လည်း အမျိုးမျိုးစားသုံးကြ ကြောင်း သိရှိရပါသည်။ ဂေါ်ဖီထုပ်သည် အမျှင်ဓာတ်၊ ပရိုတင်း၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ ဗီတာမင်အေ/ဘီ၊ သံဓာတ်နှင့် ဖော်လစ်အက်စစ် စသော အာဟာရဓာတ်များစွာ ပါဝင်သည့်အတွက် ကျန်းမာရေးကို များစွာအထောက်အကူပြုကြောင်း သိရှိရပါသည်။

    ၂၀၂၅ခုနှစ်၊ ဇူလိုင်လတတိယပတ်တွင် မြိတ်မြို့ပေါ်ရှိ ဂေါ်ဖီထုပ်တစ်လုံးလျှင် (၃၅၀၀) ကျပ်ဖြင့် ရောင်းချနေကြောင်း ကုန်စိမ်းရောင်းချနေသူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း