ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ကျောက်ဖရုံယို နှင့် ချစ်တီးမုန့် ဈေးနှုန်း

ကျွန်းလှမြို့တွင် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များနှင့် မြို့တွင်းရပ်ကွက်ဈေးများတွင် ကျောက်ဖရုံ ယိုများကို ရွှေဘိုမြို့နှင့်မန္တလေးမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများအတွင်း ကုန်မျိုးစုံ ရောင်းချသည့်ဆိုင်များတွင် ဖြစ်ပေါ်နေသော ကျောက်ဖရုံယို ဈေးနှုန်းအနေဖြင့် ကျောက်ဖရုံယို တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ ကျောက်ဖရုံယို(၅၀)ကျပ်သားလျှင်(၆၀၀၀)ကျပ်နှင့် ကျောက်ဖရုံယို(၂၅) ကျပ်သားလျှင်(၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း ချစ်တီးမုန့် ဈေးနှုန်းအနေဖြင့် ချစ်တီးမုန့် လက္ကား တစ်ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ ချစ်တီးမုန့် လက်လီတစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ ချစ်တီးမုန့် (၅၀)ကျပ်သားလျှင်(၉၀၀၀)ကျပ်နှင့် ချစ်တီးမုန့်(၂၅)ကျပ်သားလျှင်(၄၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချ လျက်ရှိကြောင်း ကျောက်ဖရုံယိုကို ဒံပေါက်ဖောက်ရာတွင်လည်းကောင်း၊ နနွင်းမကင်း ဖုတ်ရာတွင် လည်း ကောင်း၊ ထိုးမုန့်ထိုးရာတွင်လည်းကောင်း၊ ရွှေရင်အေး၊ ဖာလူဒါတို့ထဲတွင် ထည့်သုံးသည့်အတွက် ဈေးကြီး သော်လည်း ရောင်းအားကောင်းလျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချနေသည့် လုပ်ငန်းရှင်များ ထံမှ သတင်း ရရှိပါသည်။
DOCA(စစ်ကိုင်း)