မကွေးတိုင်းဒေသကြီးအတွင်းရှိ ကုန်စည်ဒိုင်များသို့ ကြက်သွန်နီဝင်ရောက်မှုအခြေအနေ

မကွေးတိုင်းဒေသကြီးအတွင်းရှိ ကုန်စည်ဒိုင်များဖြစ်သည့် ပခုက္ကူကုန်စည်ဒိုင်၊ ဆိပ်ဖြူကုန် စည်ဒိုင်နှင့် မကွေးမြို့ကြက်သွန်နီပွဲရုံများသို့ ကြက်သွန်နီကုန်တင်ယာဉ်များ နေ့စဉ်ဝင်ရောက်လျက် ရှိရာ ပခုက္ကူမြို့နယ်အတွင်းရှိ မြစ်ခြေ၊ ကမ္မ စသည့်မြို့များနှင့် မြင်းခြံမြို့မှ ကြက်သွန်နီများကို ပခုက္ကူကုန်စည်ဒိုင်သို့လည်းကောင်း၊ ယောချောင်းနဘေးရှိ ကျေးရွာများမှစိုက်ပျိုးထွက်ရှိသော ကြက်သွန်နီများကို ဆိပ်ဖြူ ကုန်စည်ဒိုင်သို့လည်းကောင်း၊ ယင်းချောင်း ဝဲ/ယာရှိ ကျေးရွာများနှင့် တောင်တွင်းကြီး မြို့နယ်ရှိကြက်သွန်စိုက်တောင်သူများက မကွေးမြို့ရှိ ကြက်သွန် ပွဲရုံများ သို့အဓိက တင်ပို့ရောင်းချကြောင်းသိရသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်)တွင် ပခုက္ကူ ကုန်စည်ဒိုင်သို့ ကြက်သွန်နီကုန်အဝင်ပိဿာချိန် (၁၄၉၅၀၀)၊ ဆိပ်ဖြူကုန်စည်ဒိုင်သို့ကုန်အဝင် ပိဿာချိန် (၁၈၀၀၀၀)၊ မကွေးကြက်သွန်နီပွဲရုံများသို့ ကုန်အဝင်ပိဿာချိန်(၁၄၈၀၀)ဝင်ရောက်ကြောင်း သိရ သည်။
၂၀၂၅ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် မကွေးတိုင်းဒေသကြီးအတွင်းသို့ ကြက်သွန်နီဝင် ရောက်မှုမှာ ပခုက္ကူကုန်စည်ဒိုင်တွင် ကုန်အဝင်ပိဿာချိန်(၉၁၇၃၉)၊ ဆိပ်ဖြူကုန်စည်ဒိုင်တွင် ကုန် အဝင်ပိဿာချိန်(၁၆၅၀၀၀)၊ မကွေးကြက်သွန်နီပွဲရုံများသို့ ကုန်အဝင်ပိဿာချိန်(၁၅၁၀၀)ဝင် ရောက်ခဲ့ပြီး ဇူလိုင်လ(ဒုတိယပတ်)နှင့်(တတိယပတ်) ကြက်သွန်နီဝင်ရောက်မှုနှိုင်းယှဉ်ပါက ပခုက္ကူ ကုန်စည်ဒိုင်တွင် ပိဿာချိန်(၅၇၇၆၁)နှင့် ဆိပ်ဖြူကုန်စည်ဒိုင်တွင် ပိဿာချိန်(၁၅၀၀၀) လျော့နည်းခဲ့ ပြီး မကွေးမြို့ကြက်သွန်နီပွဲရုံများတွင်မူ ပိဿာချိန် (၃၀၀) ပိုမိုဝင်ရောက်လာခဲ့ကြောင်း တွေ့ရသည်။ ဇူလိုင်လ(တတိယပတ်)ထိ ကြက်သွန်နီလက်ကား/ လက်လီဈေးနှုန်းများမှာ မကွေးမြို့တွင် ကျပ် (၁၁၀ဝ၊ ၁၂၀ဝ)၊ ပခုက္ကူမြို့တွင် ကျပ်(၉၀ဝ၊ ၁၃၀ဝ)၊ ဆိပ်ဖြူမြို့တွင် ကျပ်(၉၀ဝ၊ ၁၂၀ဝ) ဈေးနှုန်း ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ ပခုက္ကူနှင့်ဆိပ်ဖြူကုန်စည်ဒိုင်မှ ဝင်ရောက်လာသော ကြက်သွန်နီများကို ဘုရင့်နောင်ပွဲရုံမှတဆင့် မြန်မာနိုင်ငံအရပ်ရပ်သို့တင်ပို့ကြောင်း၊ ပြည်ပမှဝယ် ယူမှုနည်း၍ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ဈေးအနည်းငယ်ကျဆင်းကြောင်း သိရှိရသည်။
DOCA(မကွေး)