ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့တွင် ရောင်းချနေသော ပေါက်ပေါက်ဆုတ် ဈေးနှုန်း

           ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ ရပ်ကွက်အစုံတွင် ဖွင့်လှစ်ရောင်းချကာ အသက်မွေးဝမ်းကျောင်းပြုပြီး ကုန်မျိုးစုံဆိုင်များတွင် ရေဦးမြို့နယ် ဒေသထွက် ပေါက်ပေါက်ဆုတ်များ စတင်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

           ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ပေါက်ပေါက်ဆုတ် ဈေးနှုန်းအနေဖြင့် လက္ကား တစ်ပိဿာလျှင် (၉၅၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၅၀၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင်(၂၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချနေသာ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များထံမှ သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် စိုက်ပျိုးရောင်းချလျက်ရှိသော ပြောင်းချိုဈေးနှုန်း

             စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံရုံးအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လျရှိရာ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် တစ်ပိုင်တစ်နိုင် အနေဖြင့် ပြောင်းချိုပင်များ စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

            ပြောင်းချိုပင်များကို မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးကြပြီး ပြောင်းရိုးများကို နွားစာအဖြစ် အသုံးပြုကြကာ ပြောင်းချိုဖူးသည်လည်း ယခင်နှစ်များထက် ဈေးကောင်းရရှိသည့်အတွက် ဒေသခံတောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

       ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ် ကျွန်းလှမြို့တွင် ဖြစ်ပေါ်နေသော ပြောင်းချိုဖူး ဈေးနှုန်းအနေဖြင့် ပြောင်းချို အဖူးကြီး တစ်ဖူးလျှင်(၅၀၀/၆၀၀)ကျပ်၊ အဖူးလတ် တစ်ဖူးလျှင် (၃၅၀/၄၀၀)ကျပ်၊ ငွေကျပ်(၁၀၀၀)ဖိုးလျှင်(၃)ဖူးနှင့် အဖူးသေး တစ်ဖူးလျှင်(၂၅၀)ကျပ်၊ ငွေကျပ်(၁၀၀၀)ဖိုးလျှင်(၄)ဖူး ဈေးနှုန်းတို့ဖြင့် အ‌ရောင်းအဝယ် ဖြစ်လျက်ရှိလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ R2E2 သရက်သီးများ ဈေးကောင်းရလျက်ရှိ

 စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ် ကိုင်သော ဒေသတစ်ခုဖြစ်ရာ ဥယျာဉ်ခြံသီးနှံများကိုလည်း စိုက်ပျိုးကြသည်။ ယခုအခါ ကန့်ဘလူ ခရိုင်၊ ကန့်ဘလူမြို့နယ်ရှိ ဧက(၁၀၀၀)စိုက်ပျိုးရေးခြံတွင် စိန်တစ်လုံးသရက်၊ ဆင်စွယ်နီသရက်၊ ခရမ်းပြာသရက်နှင့် R2E2သရက်တို့ကိုလည်း စိုက်ပျိုးကြောင်း သိရသည်။

 ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတတိယပတ်အတွင်း ကန့်ဘလူမြို့ရှိ သစ်သီးဆိုင်များတွင် ရောင်းချ နေသော သရက်သီးဈေးနှုန်းများမှာ R2E2 သရက်သီးမှည့် အကြီးတစ်လုံးလျှင် (၂၅၀၀)ကျပ်နှင့် အလုံးသေး()လုံးလျှင် (၁၀၀၀)ကျပ်နှင့် အသေး(၁၁)လုံးလျှင် (၁၀၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိ ကြောင်း၊ R2E2သရက်သည် အခွံပါးခြင်း၊ အစေ့သေးခြင်း၊ အချိုဓာတ်နည်းသည့်အတွက် ဆီးချိုဝေဒ နာရှင်များအတွက် သင့်တော်ခြင်း စသည့်အချက်များကြောင့် အရောင်းသွက်လျက်ရှိပြီး ဈေးကောင်းရလျက်ရှိကြောင်း သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၌ ရောင်းချနေသော ပန်းသစ်တော်သီးနှင့် ပန်းသီးဈေးနှုန်း

            ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ မင်းဂွတ်သီး၊  ဒညှင်းသီးနှင့် ဖရဲသီးများကို  မန္တလေးမြို့ နှင့် လားရှိုးမြို့တို့မှ မှာယူ ရောင်းချလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ပန်းသစ်တော်သီး ဈေးနှုန်းများမှာ ပန်းသစ်တော်သီး အကြီး(၁)လုံးလျှင်(၃၅၀၀)ကျပ်၊ အလတ်(၁)လုံး လျှင်(၃၀၀၀)ကျပ်နှင့် အသေး(၁)လုံးလျှင်(၂၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း ပန်းသီးဈေးနှုန်းများအနေဖြင့် ပန်းသီး အကြီး(၁)လုံးလျှင်(၅၀၀၀)ကျပ်၊ ပန်းသီး အလတ်(၁)လုံးလျှင် (၄၀၀၀)ကျပ်၊ အသေး(၁)လုံးလျှင်(၃၅၀၀)ကျပ် နှင့် ငွေကျပ်(၁၀၀၀၀)ဖိုး(၃)လုံး ဈေးနှုန်းတို့ဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတိုက်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၏ ပျားရည်ဈေးနှုန်းဈေးကွက်

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်သည် သစ်ပင်သစ်တောများ ထူထပ်စွာပေါက် ရောက်လျက်ရှိရာ ဒေသနေ တောင်သူများမှာ လယ်ယာစိုက်ပျိုးရေးကို အဓိက လုပ်ကိုင်သည့်အပြင်  ပျားရှာ၊ ပျားဖွတ်ခြင်းလုပ်ငန်းကိုပါ လုပ်ကိုင်ကြကြောင်း သိရသည်။

   ဒေသတွင်း ထွက်ရှိသော ပျားရည်များမှာ ဆေးဖက်ဝင်ပြီး  အနံ့အရသာနှင့် ပြည့်စုံသောကြောင့် ဒေသထွက်ပျားရည်စစ်စစ်များကို စားသုံးရန်၊ လက်ဆောင်ပေးရန်၊ စားသောက်ကုန်များနှင့်  အလှကုန်များတွင် ထည့်သွင်းအသုံးပြုရန်အတွက် ဝယ်ယူသူများပြားလျက်ရှိကြောင်း၊ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ပျားရည်ပုလင်းအသေး(၁)ပုလင်းလျှင်(၁၀၀၀၀)ကျပ်၊ ပျားရည်ပု လင်းအကြီး(၁)ပုလင်းလျှင် (၂၀၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော နှင်းသီး(ခေါ်)လေချူသီး ဈေးနှုန်း

          ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ နှစ်ရှည်သီးနှံဖြစ်သည့် သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်၊ နှင်းသီး(ခေါ်)လေချူသီးပင်၊ မန်ကျည်းသီးပင်နှင့် မာလကာသီးပင်များကိုလည်း မိမိတို့ နေအိမ် ခြံစည်းရိုးများနှင့် တောင်ယာများထဲတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး နှင်းသီး(ခေါ်) လေချူသီးများကို ရှမ်းစုကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များမှ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

           ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ နှင်းသီး(ခေါ်) လေချူ သီး ဈေးနှုန်းများမှာ နှင်းသီး(ခေါ်)လေချူသီးလက္ကား တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊  နှင်းသီး(ခေါ်) လေချူသီးလက်လီ တစ်ပိဿာလျှင်(၂၄၀၀၀)ကျပ်၊ နှင်းသီး(ခေါ်)လေချူသီး (၅၀) ကျပ်သားလျှင် (၁၂၀၀၀)ကျပ်နှင့် နှင်းသီး(ခေါ်)လေချူသီး (၂၅)ကျပ်သားလျှင်(၆၀၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေး၌ သစ်သီးမျိုးစုံ  ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

အချိုတည်းစရာ ထန်းဖိုထန်းလျက်အစစ်နှင့် ရိုးရိုးထန်းလျှက် ဈေးနှုန်း

         ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ထန်းလျက်များကို ရွှေဘိုမြို့နှင့်မန္တလေးမြို့တို့မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

      ထန်းဖိုထန်းလျက်အစစ်သည် မြန်မာရိုးရာ အစားအစာတစ်ခုဖြစ်ပြီး လူတွေရဲ့ကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေပါသည်။ ထန်းလျက်ကို မြန်မာတွေက ထမင်းစာပြီးလျှင် အချိုတည်းစရာအဖြစ် စားတတ်ကြပြီး အစာကြေလွယ်ပြီး ရင်အေစေ/ ရင်ချောင်စေတယ် ဆိုသည့် ရည်ရွယ်ချက်ဖြင့် စားသုံကြပြီး ထန်းလျက်ကိုစားသုံးခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများမှာ ထန်းလျက်စားသုံးခြင်းဖြင့် သွေးသားကိုသန်းစင်စေနိုင်ခြင်း၊ ထန်းလျက်ကိုဂျင်းနှင့်ရောစားပေးလျှင် အဆစ်အမြစ်နာကျင်ခြင်းနှင့် အမျိုးသမီးများ ဓမ္မတာချုပ်ခြင်းကို ကောင်းမွန်စေခြင်း နှင့် ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်ဝန်လွယ်ပြီး ဖြစ်တတ်သော သွေးအားနည်းရောဂါကို ကာကွယ်ပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများလည်း ရရှိစေပါသည်။

             ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ် နေ‌သော ထန်ဖို ထန်းလျက်အစစ် လက္ကားဈေး (၁)ပိဿာလျှင်(၉၀၀၀)ကျပ်၊ ထန်းဖို ထန်းလျက်အစစ် လက်လီဈေး တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ထန်းဖိုထန်းလျက် အစစ် (၅၀)ကျပ်သားလျှင် (၅၀၀၀) ကျပ် နှင့် ထန်းဖို ထန်းလျက်အစစ်(၂၅)ကျပ်သားလျှင်(၂၅၀၀)ကျပ်နှင့် ရိုးရိုးထန်းလျက် လက္ကားဈေး တစ်ပိဿာ လျှင်(၇၈၀၀)ကျပ်၊ ရိုးရိုးထန်းလျက် လက်လီဈေး()ပိဿာလျှင်(၈၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၄၀၀၀)ကျပ်နှင့်(၂၅)ကျပ်သားလျှင်(၂၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိ ကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချနေသာ လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုက်)

 ကျွန်းလှမြို့နယ်အတွင်း ရောင်းချလျက်ရှိသော  တီလားဗီးယားငါး ဈေးနှုန်း

          ကျွန်းလှမြို့နယ်အတွင်း ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသားငါး ဈေးနှုန်းများထဲမှ ငါးဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

          ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါးများကို   ဝယ်ယူရောင်းချကာ ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

       ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယအပတ်တွင် ကျွန်းလှမြို့၏ တီလားဗီးယားငါး ဈေးနှုန်းများ အနေဖြင့်တီလားဗီးယားငါး(အကြီး)လက္ကားဈေး()ပိဿာလျှင်(၁၃၀၀၀)ကျပ်၊တီလားဗီးယားငါး(အကြီး) လက်လီဈေး()ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ တီလားဗီးယားငါးအကြီး(၅၀)ကျပ်သားလျှင်(၈၀၀၀)ကျပ်၊ တီလားဗီးယားငါးအကြီး(၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ် နှင့် တီလားဗီးယားငါးအသေး လက္ကား() ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ တီလားဗီးယားငါးအသေးလက်လီ()ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ တီလားဗီး ယားငါးအသေး (၅၀)ကျပ်သားလျှင်(၆၀၀၀)ကျပ်နှင့် တီလားဗီးယားငါးအသေး လက္ကား() (၂၅)ကျပ် သားလျှင်(၃၀၀၀)ကျပ် ဈေးနှုန်းဖြင့်ရောင်းချကြောင်း ငါးအရောင်းအဝယ် လုပ်ကိုင်သူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင်ရှိ ဆန်စီးထွက်မှုအခြေအနေနှင့် စပါး/ ဆန်ဈေးနှုန်းများ

          ရွှေဘိုခရိုင်အတွင်းတွင် ဇူလိုင်လ ဒုတိယပတ်တွင် စပါး/ဆန်ဈေးနှုန်းများ တည်ငြိမ်နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇူလိုင်လ ပထမပတ်တွင် ရန်ကုန်သို့ (93557)အိတ်၊ မန္တလေးသို့ (56594) အိတ်၊ နေပြည်တော်သို့ (1040)အိတ်၊ပဲခူးတိုင်းသို့ (6902)အိတ်၊ မကွေးတိုင်းသို့ (၁၃8၀)အိတ်၊ ရှမ်း(တောင်)သို့ (18752)အိတ်၊ ကချင်ပြည်နယ်သို့ (4210)အိတ်၊ မွန်ပြည်နယ်သို့ (၁1055)အိတ်၊ ကရင်ပြည်နယ်သို့ (31၈၀)အိတ် ၊မူဆယ်သို့ (56၀)အိတ်၊ ထားဝယ်သို့ (၇၈၅)အိတ်၊စုစုပေါင်း အိတ်ရေ 198015 တန်အားဖြင့် 9901တန်  စီးထွက်ခဲ့ပါသည်။

          ယခု ဇူလိုင်လ ဒုတိယပတ်တွင် ရန်ကုန်သို့ (69248)အိတ်၊ မန္တလေးသို့ (53510) အိတ်၊ နေပြည်တော်သို့ (1705)အိတ်၊ပဲခူးတိုင်းသို့ (6၇၉၅)အိတ်၊ မကွေးတိုင်းသို့ (၃၁၉၉)အိတ်၊ ရှမ်း(တောင်)သို့ (1၅၂၃၆)အိတ်၊ ကချင်ပြည်နယ်သို့ (၁၆၅၀)အိတ်၊ မွန်ပြည်နယ်သို့ (၁၀၇၂၅)အိတ်၊ ကရင်ပြည်နယ်သို့ (၁၄၈၀)အိတ်၊ မူဆယ်သို့ (၁၈၀)အိတ်၊ ဧရာဝတီသို့ (၅၄၅)အိတ်၊ စုစုပေါင်း အိတ်ရေ 164273 တန်အားဖြင့် 8214တန် စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း အိတ်ရေ 33742၊ တန်အားဖြင့် 1687တန် လျော့၍ စီးထွက်ခဲ့ပါသည်။

           ရွှေဘိုမြို့၏ ဇူလိုင်လ ဒုတိယပတ်တွင် ဖြစ်ပေါ်ခဲ့သော စပါး/ဆန်  ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျင် ကျပ် ၄၆၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၁65၀၀၀၊  ဧရာမင်းစပါး တင်း 100လျှင် ကျပ် 2၅00000၊ ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၁၂5၀၀၀၊ 747စပါး တင်း 100လျှင် ကျပ်1400000 ၊747ဆန် 24ပြည်ပါ တစ်အိတ်လျှင် ကျပ် 58000၊ရွှေဝါထွန်းစပါး တင်း100လျှင် ကျပ်1400000၊ ရွှေဝါထွန်း ဆန် 24ပြည်ပါတစ်အိတ်လျှင် ကျပ် 63000ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 ကျွန်းလှမြို့နယ်အတွင်း သကြားသရက်သီးအမှည့် ဈေးနှုန်းမြင့်တက်

         ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရာသီပေါ်သီးနှံများ၊ အခြားဒေသမှဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ ယခုအခါတွင် စိန်တစ်လုံးသရက်သီးမှည့်များကို လှိုင်လှိုင်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

             ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသည့်  သကြားသရက်သီးမှည့် ဈေးနှုန်းများမှာ ထန်းကုန် သကြားသရက်သီးမှည့် လက်လီ အကြီး တစ်လုံး(၅၀၀)ကျပ် (၂၀၀၀)ကျပ် ဖိုး(၅)လုံးနှင့် သကြားသရက်သီးမှည့် အသေး တစ်လုံးလျှင်(၃၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သရက်သီးမှည့် ရောင်းချသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း