ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဆိပ်ဖြူကြက်သွန်နီ ဇူလိုင်လ(တတိယပတ်) ဈေးနှုန်းဈေးကွက်

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် ကြက်သွန်နီသီးနှံကို အဓိကသီးနှံ အဖြစ် နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး မြို့ပေါ်ရှိ ကြက်သွန်နီကုန်စည်ဒိုင်နှင့် ပွဲရုံဈေးကွက်တွင် နေ့စဉ် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် ကြက်သွန်နီ အဝယ် လိုက်၍ ဈေးအနည်းငယ်မြင့်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဈေးကွက်သို့ စိုက်ပျိုးမှုများ သော ကျေးရွာများမှဝင်ရောက်ပြီး တစ်ရက်လျှင် ကြက်သွန်နီပျမ်းမျှ ကုန်ချိန်ပိဿာ (၁)သောင်းခွဲခန့် ဝင်ရောက်ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရသည်။ ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ (တတိယပတ်)တွင် အရောင်းအဝယ်ဖြစ်သော ကြက်သွန်နီဈေးနှုန်းမှာ သီးနှံအရည်အသွေးလိုက်၍ တောဈေး(ဂျွန်)တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၁၁၀၀)၊ အလတ်ဈေး ကျပ်(၉၀၀)၊ အနိမ့်ဈေး ကျပ်(၇၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင်ဇူလိုင်လ(ဒုတိယပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ် ပါက ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၅၀)ခန့်ဈေးတက်၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ တောင်သူများမှ ကြက်သွန်နီဈေးကျဆင်း၍ ရောင်းချမှုနည်းခြင်းကြောင့် ဈေးကွက်သို့ ကုန်ဝင် ရောက်မှုနည်းကြောင်း၊ ပွဲရုံများမှ ကြက်သွန်နီများကို ပြန်လည်သန့်စင်ပြီး ရောင်းချသော ဈေးနှုန်းမှာ ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေး(ရှယ်) ကျပ်(၁၆၀၀)၊ လတ်ကြီးတစ်ပိဿာလျှင် ကျပ် (၁၅၀၀)၊ လတ်ချောတစ်ပိဿာလျှင် ကျပ်(၁၄၀၀)၊ လတ်သန့် တစ်ပိဿာလျှင် ကျပ်(၁၃၀၀)၊ အသေးစ တစ်ပိဿာလျှင် ကျပ်(၁၂၀၀) ဈေးအသီးသီးဖြင့် ဒေသအနှံ့အပြားသို့ ဖြန့်ဖြူးရောင်းချ လျက်ရှိကြောင်း၊ ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်း အရောင်းအဝယ်ဖြစ်သော လက်လီဈေးနှုန်းမှာ အရည်အသွေး၊ အရွယ်အစားလိုက်၍ တစ်ပိဿာလျှင် ကျပ်(၁၅၀၀- ၁၃၀၀- ၁၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

          ပြည်တွင်းဈေးကွက်အနေဖြင့် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများကို ရန်ကုန်ဘုရင့် နောင် ပွဲရုံသို့ ကုန်ချိန်အများဆုံးတင်ပို့ပြီး ပြည်ပဈေးကွက်သို့ တင်ပို့မှုနည်းကြောင်း၊ ဇူလိုင်လ(တတိယ ပတ်)တွင် ကြက်သွန်နီကုန်ချိန်ပိဿာ(၁)သိန်းခန့်၊ တန်ချိန်အားဖြင့်(၁၆၃)တန်ခန့် ကုန်စည်စီးဆင်း ခဲ့ကြောင်း ဈေးကွက်မှသိရှိရသည်။

DOCA(မကွေး)

 

အောင်လံကုန်စည်ဒိုင်၏ ပဲတီစိမ်းသီးနှံဈေးနှုန်းဈေးကွက်

    မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ အောင်လံကုန်စည်ဒိုင်တွင် ပဲတီစိမ်းသီးနှံများ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

    ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်)တွင် အောင်လံမြို့နယ်အတွင်းရှိ သမ္ဗူလကျေးရွာ၊ ရွှေဗန်း တောကျေးရွာ၊ ဧကရာဇ်ကျေးရွာ၊ မိုးကောင်းကျေးရွာများမှ ပဲတီစိမ်းသီးနှံအသစ်များ စတင်ထွက်ရှိ လျက်ရှိကြောင်း သိရသည်။ ယခင်ဇွန်လ(ဒုတိယပတ်)တွင် ပဲတီစိမ်း(အခြောက်) (၁)တင်းလျှင် အနိမ့်ဈေး ကျပ်(၁၀၅၀၀၀)၊ အမြင့်ဈေး ကျပ်(၁၁၅၀၀၀)ဈေးနှုန်းရှိခဲ့ပြီး ယခု(တတိယပတ်)တွင် (၁)တင်းလျှင် အနိမ့်ဈေး ကျပ်(၁၁၅၀၀၀)၊ အမြင့်ဈေး ကျပ်(၁၂၅၀၀၀)ဈေးနှုန်းရှိခဲ့၍ ဈေးနှုန်းနှိုင်း ယှဉ်ပါက ယခုတစ်ပတ်တွင် (၁)တင်းလျှင် ကျပ်(၁၀၀၀၀)ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ အရောင်း အဝယ်အနေဖြင့် ယခုတစ်ပတ်အတွင်း အိတ်ရေ(၁၀၀၀)အိတ်၊ တန်ချိန်(၄၉)တန်ခန့် အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း၊ မန္တလေးမြို့သို့အဓိကတင်ပို့ရောင်းချကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရ သည်။

DOCA(မကွေး)

 

မင်းဘူးမြို့၊ မြို့မဈေး၌ ကြက်သွန်ဖြူဈေးနှုန်းမြင့်တက်

    မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ မြို့မဈေး၌ ကြက်သွန်ဖြူ(ရှမ်း/ဗမာ)မျိုးကို မကွေးပွဲရုံနှင့် အောင်ပန်းမြို့တို့မှ မှာယူရောင်းချကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် ကြက်သွန်ဖြူရှမ်းဥ()ပိဿာလျှင် ကျပ်(၁၁၀၀၀)၊  ကြက်သွန်ဖြူဗမာအကြီးအသေး()ပိဿာလျှင် ကျပ်(၆၀၀၀-၇၀၀၀)ဖြင့် ရောင်းချလျက်ရှိပြီး (ဒုတိ ယပတ်)တွင် ကြက်သွန်ဖြူရှမ်းဥ()ပိဿာလျှင် ကျပ်(၉၀၀၀)၊ ကြက်သွန်ဖြူဗမာ အကြီး အသေး ()ပိဿာလျှင် ကျပ်(၅၀၀၀)ဖြစ်၍ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၁၀၀၀-၂၀၀၀)ခန့် ဈေးနှုန်းအနည်းငယ်မြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့်သယ်ယူစရိတ်မြင့်မား၍ ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)

မင်းဘူးမြို့၊ မြို့မဈေး၌ အာလူးဈေးနှုန်းမြင့်တက်

   မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေး၌ အာလူးကို ရှမ်းပြည်နယ် တောင်ပိုင်း၊ အောင်ပန်းမြို့တို့မှ မှာယူရောင်းချကြောင်း သိရသည်။

  ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် အာလူး()ပိဿာလျှင် (အလုံးအကြီး၊ အသေး အလိုက်) ကျပ်(၄၄၀၀-၄၇၀၀)ဖြင့် ရောင်းချလျက်ရှိပြီး (ဒုတိယပတ်)တွင် အာလူး()ပိဿာလျှင် (အလုံးအကြီး၊ အသေးအလိုက်) ကျပ်(၃၅၀၀-၃၈၀၀)ဖြင့်ရောင်းချခဲ့၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ()ပိဿာလျှင် ကျပ်(၉၀၀)ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။ လမ်းပန်း ဆက်သွယ်ရေးအခက်အခဲကြောင့်  မင်းဘူးမြို့အတွင်းသို့ ကုန်ဝင်ရောက်မှု နည်းပါးလာပါသဖြင့် ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)

 

မကွေးမြို့၌ ဖရဲသီးဈေးကျဆင်း

     မကွေးတိုင်ဒေသကြီး၊ မကွေးမြို့ပေါ်ရှိ ဈေးများတွင် ဖရဲသီးကို ဒေသတွင်းအပြင် မန္တလေး မြို့နှင့် ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်း သိရသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ပထမပတ်) မှစတင်၍ ထွက်ပေါ်လျက်ရှိရာ ဇူလိုင်လ(တတိယပတ်)တွင် ဈေးအတွင်းသို့ ဝင်ရောက်မှုများလျက် ရှိကြောင်း သိရှိရသည်။

          ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် ဖရဲသီး(အလုံးကြီး)တစ်လုံးလျှင် ကျပ်(၅၀၀၀) အလုံးလတ် တစ်လုံးလျှင် ကျပ်(၄၀၀၀) အလုံးသေးတစ်လုံးလျှင် ကျပ်(၃၀၀၀)ဖြစ်ပြီး (ဒုတိယပတ်) တွင် ဖရဲသီး(အလုံးကြီး) တစ်လုံးတွင်   ကျပ်(၇၀၀၀)၊ အလုံးလတ်တစ်လုံးလျှင် ကျပ်(၅၀၀၀) အလုံး သေးတစ်လုံးလျှင် ကျပ်(၃၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ် တွင် ဖရဲသီးတစ်လုံးလျှင် ကျပ်(၂၀၀၀)ခန့်ဈေးနှုန်းကျဆင်းလာကြောင်း သိရသည်။ ယခုအချိန်တွင်  ဒေသတွင်း ဖရဲစိုက်ခင်းများမှ လှိုင်လှိုင်ထွက်ရှိနေသောကြောင့် ဈေးနှုန်းမှာ ကျဆင်းလာရ ခြင်းဖြစ် ကြောင်း သိရှိရသည်။

DOCA(မကွေး)

 

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ရာသီစာခဝဲသီးဈေးကျဆင်း

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၌ ခဝဲသီးကို မြို့ပတ်ဝန်းကျင်ရှိ ညောင်ပင်သာ၊ ပန်းတော်ပြင်၊ မယ်ဇလီတော၊ ဥယျာဉ်၊ ရွာတော စသည့်ကျေးရွာများ၌ အိမ်ခြံဝန်း များအတွင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသလို ယာမြေ၊ ကိုင်းမြေများတွင် အခြားသီးနှံများနှင့်အတူ ရော၍လည်း စိုက်ပျိုးကြကြောင်း သိရသည်။ 

    ဇေယျာသီရိဈေး၌ ခဝဲသီး သီးနှံသည် ၂၀၂၅ခုနှစ်၊ ဇွန်လ(စတုတ္ထပတ်)မှ စတင်၍ ဝင်ရောက် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဇူလိုင်လ(တတိယပတ်)တွင် ခဝဲသီး(၁)တောင့်လျှင် (အတောင့် အတို/ အရှည်)ပေါ်မူတည်၍ ကျပ်(၃၀၀-၄၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်စပေါ်အချိန် ဇွန်လ(စတုတ္ထပတ်)တွင် (၁)တောင့်လျှင် ကျပ်(၅၀၀-၇၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ဈေးနှုန်း နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၂၀၀-၃၀၀)ဈေးကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း သိရသည်။ မိုးရာသီကာလ၏ ရာသီစာသီးနှံဖြစ်သည့်ခဝဲသီးသည် ယခုအချိန်တွင် ဒေသ တွင်းကျေးရွာများရှိ ခဝဲသီးစိုက်ခင်းများလှိုင်လှိုင်ထွက်ရှိနေသည့်အတွက် ဈေးနှုန်းမှာကျဆင်းရခြင်း ဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)

မကွေးဈေးကွက်၏ ပဲမျိုးစုံဈေးနှုန်းအခြေအနေ

 မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်သို့ မြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက် စသည့်ကျေးရွာများနှင့် မင်းဘူး၊ မြို့သစ်၊ နတ်မောက်မြို့တို့မှထွက်ရှိသော ပဲတီစိမ်း၊ ပဲနောက်၊ ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ၊ မတ်ပဲနှင့် အခြားပဲမျိုးစုံများ ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

          ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် ကုလားပဲ(929)()တင်းလျှင် ကျပ်(၈၆၅၀၀) ကုလားပဲဟော်လန်()တင်းလျှင် ကျပ်(၈၅၅၀၀)၊ ပဲလွန်းဝါ(၁)တင်းလျှင် ကျပ်(၇၀၀၀၀)၊ ပဲတီစိမ်း (၁)တင်းလျှင် ကျပ်(၁၁၅၀၀၀)၊ ပဲနောက်(၁)တင်းလျှင် ကျပ်(၁၁၅၀၀၀)၊ ပဲကြီးဖြူ(၁)တင်းလျှင် ကျပ်(၉၅၀၀၀)၊ မတ်ပဲ(၁)တင်းလျှင် ကျပ်(၉၀၀၀၀)၊ ပဲစဉ်းငုံ(နီ)(၁)တင်းလျှင် ကျပ်(၉၀၀၀၀)၊ စားတော်ပဲ(၁)တင်းလျှင် ကျပ်(၁၇၅၀၀၀)၊ မြေပဲလုံးဆံ(နီ)(၁)ပိဿာလျှင် ကျပ်(၈၈၀၀)၊ မြေပဲလုံး ဆံ(ဖြူ)(၁)ပိဿာလျှင် ကျပ်(၉၀၀၀)၊ မြေပဲအောက်ကျဆီဆံ(၁)ပိဿာလျှင် ကျပ်(၇၆၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်(ဒုတိယပတ်)နှင့်နှိုင်းယှဉ်ပါက ကုလားပဲဟော်လန် ကျပ် (၃၀၀)၊ ကုလားပဲ(929) ကျပ်(၁၅၀၀)၊ မြေပဲလုံးဆံ(နီ) ကျပ်(၁၀၀)၊ မြေပဲအောက်ကျဆီဆံ ကျပ် (၁၀၀)၊ ပဲနောက် ကျပ်(၁၇၀၀)ဈေးမြင့်တက်ခဲ့ပြီး မြေပဲလုံးဆံဖြူ ကျပ်(၃၀၀)ဈေးကျဆင်းခဲ့ ကြောင်း၊ တင်ပို့မှုအနေဖြင့် တစ်ပတ်အတွင်း မကွေးမြို့မှရန်ကုန်မြို့သို့ ကုလားပဲအိတ်ရေ(၂၀၀၀)၊ ပဲစဉ်းငုံအိတ်ရေ(၅၀၀)၊ မတ်ပဲအိတ်ရေ(၁၀၀၀)နှင့် မန္တလေးမြို့သို့ ပဲကြီးအိတ်ရေ(၅၀၀)တင်ပို့ခဲ့ ကြောင်း၊ တန်ချိန်အားဖြင့် (၄၅၀)တန်ခန့်တင်ပို့ခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

 

မကွေးဈေးကွက်၏ နှမ်းဈေးနှုန်းအခြေအနေ

 မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊ မကွေးဈေးကွက်သို့ မြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက် စသည့်ကျေးရွာများနှင့် မြို့သစ်၊ နတ်မောက်မြို့တို့မှထွက်ရှိသော နှမ်းမျိုးစုံနှင့် အခြားပဲမျိုးစုံများ ဝင်ရောက်ရောင်းဝယ် ဖောက်ကား လျက်ရှိပါသည်။

          ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် နှမ်းနီ()တင်းလျှင် ကျပ်(၁၁၅၀၀၀) နှမ်းဖြူ (၁)တင်းလျှင် ကျပ်(၁၁၂၀၀၀) နှမ်းနက်(စမုံ) ()တင်းလျှင် ကျပ်(၂၇၀၀၀၀) နှမ်းညိုကြား() တင်းလျှင် ကျပ်(၉၀၀၀၀)ဖြစ်၍ ယခင်(ဒုတိယပတ်)နှင့်နှိုင်းယှဉ်ပါက နှမ်းဖြူ ကျပ်(၂၀၀၀)၊ နှမ်းညို ကြား ကျပ်(၁၀၀၀၀)ဈေးနှုန်းကျဆင်းခဲ့ပြီး နှမ်းနီကျပ်(၅၀၀၀)ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊  တစ်ပတ်အတွင်း မကွေးမြို့မှမန္တလေးမြို့သို့ အိတ်ရေ(၃၀၀၀)၊ ပဲခူးမြို့သို့ အိတ်ရေ(၂၀၀၀)တင်ပို့ခဲ့ပြီး တန်ချိန်အားဖြင့် (၅၀၀)တန်ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

ကန့်ဘလူမြို့တွင် ရောင်းချနေသည့် မြင်းခွာရွက်ဈေးနှုန်း

      မြင်းခွာရွက်သည် အရွက်ခပ်ဖားဖား ယပ်တောင်လေးလိုပုံစံရှိပြီး အရိုးတံရှည်ရှည် ပွပွလေးနဲ့ မြင်းခွာရွက်ရှိသလို အရွက်ဝိုင်းဝိုင်းထူထူလေးနဲ့ တို့စားလို့ကောင်းတဲ့ ဆေးမြင်းခွာဆိုပြီးရှိပါသည်။ အနည်းငယ် ခါးသက်သက်ရှိပေမယ့် စားကောင်းသော အရွက်တစ်မျိုးဖြစ်ပါသည်။မြင်းခွာရွက်သည် ကျန်းမားရေးကိုလည်း အထောက်အကူပြုသည့် အရွက်တစ်မျိုးဖြစ်ပါသည်။ မြင်းခွာရွက်သည် နွယ်ပင်အမျိုးအစားဖြစ်ပြီး လယ်တောများတွင် အများအပြားပေါက်ရောက်တတ်ပြီး နေအိမ်များ တွင်လည်းမြင်းခွာရွက်ကို တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ မိသားစုဝင်ငွေရရှိရန် ကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်းချကြကြောင်း၊ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ရောင်းချလျက်ရှိသော မြင်းခွာရွက် ဈေးနှုန်းများမှာ မြင်းခွာရွက် (၁)ပုံလျှင် (၅၀၀)ကျပ်၊ မြင်းခွာရွက် (၂)ပုံလျှင် (၈၀၀)ကျပ် ၊မြင်းခွာရွက်(၄)ပုံလျှင် (၁၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၏ ရာသီစာပိန္နဲသီးမှည့်ဈေးနှုန်းဈေးကွက်

     ပိန္နဲပင်သည် မြန်မာနိုင်ငံအနှံ့အပြားတွင် ပေါက်ရောက်သော အပင်ဖြစ်ပြီး ပိန္နဲသီးသည် အာဟာရဓာတ်များစွာ ပါဝင်သည့်အတွက် စားသုံးသင့်သည့် အသီးတစ်မျိုးဖြစ်သည်။ ပိန္နဲပင်သည် အလွယ်တကူစိုက်ပျိုးနိုင်ခြင်းကြောင့် အသီးများကိုရောင်းချ၍ အပိုဝင်ငွေ ရရှိသည့်အတွက် စိုက်ပျိုးသင့်သည့် အသီးတစ်မျိုးဖြစ်ပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ ကန့်ဘလူမြို့ပေါ်နှင့် နတ်ပေးကျေးရွာတွင် ပိန္နဲပင်များကို မိမိတို့၏နေအိမ်ခြံဝင်းများနှင့် ယာတောများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည်။ ပိန္နဲသီးမှာ အိမ်မာနှင့်အိမ်ပျော့ဟူ၍ (၂)မျိုးရှိသည်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ပိန္နဲသီးအမှည့်အကြီးတစ်လုံးလျှင် (၂၅၀၀)ကျပ်၊ ပိန္နဲသီးအမှည့်အသေး တစ်လုံးလျှင် (၁၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ အသားမှာ ရွှေဝါရောင်ရှိပြီး အရသာမှာ ချိုမြ၍ ရာသီစာဖြစ်သည့်အတွက် လူကြီး၊ လူငယ်မရွေးကြိုက်သဖြင့် အရောင်းသွက်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း