ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့ ပေါ်တွင်ရောင်းချနေသောပြောင်းဖူးဈေးနှုန်း

     စစ်ကိုင်းတိုင်း‌ဒေသကြီး၊ မုံရွာခရိုင်အတွင်း မုံရွာမြို့ပေါ်နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ တောင်သူများသည် ဒေသထွက်ကုန်နှင့် စားဖိုဆောင်သီးနှံများကို တစ်ပိုင်တစ်နိုင်အနေဖြင့် လည်းကောင်း၊ စီးပွားဖြစ်အနေဖြင့်လည်းကောင်း သီးနှံများကို စိုက်ပျိုး၍ အနယ်နယ် အရပ်ရပ် သို့ တင်ပို့ရောင်းချလျက် ရှိပါသည်။ ၂၀၂၅ခုနှစ် ဇူလိုင်လ တတိယပတ်အတွင်း မုံရွာမြို့ပေါ်ရှိ ဈေးများတွင် ရောင်းချနေသော ပြောင်းဖူးဈေးနှုန်းများအနေဖြင့် ပြောင်းဖူး (၁ ) ဖူးလျှင်(၆၀၀) ကျပ်၊ ( ၂ ) ဖူးလျှင် (၁၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ဈေးသည်များထံမှ သိရှိရပါသည်။ ဒေသထွက် ပြောင်းဖူးသည် ဗီတာမင်(B9)ပါဝင်သောကြောင့် နှလုံးကျန်းမာရေးကိုတိုးတက် ကောင်းမွန်စေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့အတွင်း‌ရောင်းချနေသော နနွင်းဈေးနှုန်း

     အိမ်တိုင်းတွင် မရှိ‌မဖြစ်သုံးပြုသော ဟင်းခတ်အမွှေးအကြိုင်များရှိသည့်အနက် နနွင်းမှုန့်သည်လည်း‌ အရေးပါခဲ့သည်။  နနွင်းမှုန့်ကို ဟင်းချက်ရာတွင်သာမက ဆေးဖော်စပ်ရာတွင်လည်း အသုံးပြုကြပါသည်။ နနွင်းမှုန်သည် အဆစ်အမြစ်ကိုက်ခဲခြင်း၊ လေးဘက်နာရောဂါ၊ ရင်ပူခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ‌အရေပြားရောင်ရမ်းခြင်း အစရှိသည့်ရောဂါများအတွက် အထောက်အကူပြုပါသည်။

       နနွင်းပင်ကို တောင်ယာမြေတွင်စိုက်ပျိုးကြပါသည်။ စိုက်ပျိုးရာတွင် နှစ်ရှည်ပင်များဖြစ်သော  သရက်ပင်၊ လျှော်ဖြူပင် စသည့်အရိပ်ရသောအပင်များအကြားတွင်စိုက်ပျိုး ကြသည်။ န နွင်းပင်မှ နွင်းဖူးများကိုလည်း လူကြိုက်များသဖြင့် ခူးဆွတ်ရောင်းချ နိုင်ပါနိုင်ပါသည်။

          ၂၀၂၅ခုနစ်၊ ဇူလိုင်တတိယ အပတ်အတွင်း မုံရွာမြို့အတွင်းရောင်းချနေသော နနွင်းတက် စျေးနှုန်းများမှာ ၁ ဆယ်သားလျှင် (၁,၀၀၀) ကျပ်နှုန်း၊ ၁ ပိသာလျှင် (၁၀,၀၀၀) ကျပ်နှုန်း ဖြင့် ရောင်းချလျက်ရှိပါသည်။နနွင်းကျိတ်သား အစစ်မှုန့်စျေးနှုန်းမှာ ၁ ဆယ်သားလျှင် (၁၅၀၀) ကျပ် နှုန်း၊ ၁ ပိသာလျှင် (၁၅,၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စုံဆိုင်များထံမှ သိရှိရ ပါသည်။

DOCA(စစ်ကိုင်း)

ဈေးနှုန်းသက်သာ၍ဟင်းတစ်ခွက်ဖြစ်စေသောပဲပြားစျေးနှုန်း

      ပဲပြားဟာ ဈေးသက်သာ၍လွယ်ကူစွာပြုလုပ်စားသုံးနိုင် ပါသည်။  သားသတ်လွတ်စားသူများအတွက် အသားဓာတ်ကိုပဲပြားကရရှိနိုင်ပြီး ခန္ဓာကိုယ်အတွက်လိုအပ်သော ဗီတာမင်ကို မချို့တဲ့အောင်  ပဲပြားကကာကွယ်ပေးပါသည်။  ပဲပြားမှာ ကယ်လိုရီအနည်းငယ်သာပါဝင်ပြီး ပရိုတိန်း ဓာတ်တော်တော်များများ ပါဝင်ကြောင်းသိရပါသည်။  တရုတ်ရိုးရာဆေးပညာမှာပဲ ပြားဟာ ခန္ဓာကိုယ်ထဲရှိ အဆိပ်တွေကိုထုတ်ပေးနိုင်စွမ်းရှိသည် ဟုသိရပါသည်။  ပဲပိစပ်ကို သုံးပြုပြီး ဆင့်ဆင့်ကျိုချက်၍ ပဲပြားကိုရရှိပါသည်။  ပဲပြားကိုကြော်ကာ  အစာသွပ်၊ ပဲပြားသုပ်၍လည်းမိမိစိတ်ကြိုက် အမျိုးမျိးပြုလုပ်စားသုံးနိုင်သည်။ ၂၀၂၅ခုနစ်၊ ဇူလိုင်လ၊ တတိယပတ် အတွင်းမုံရွာမြို့ နန္ဒဝန်စျေးတွင် ရောင်းချလျက်ရှိသော ပဲပြားဈေးနှုန်းမှာ တစ်တုံးလျှင် (၉၀၀) ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိ‌ကြောင်း ဈေးသည်များထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့မန်ကျည်းပင်ဈေးတွင်ရောင်ချလျက်ရှိသော ဆူးပုတ်ရွက်စျေးနှုန်း

     ဆူးပုတ်ရွက်သည် အပင်သေးအမျိုးအစားဖြစ်ပြီး ဆူပုတ်လေးနှင့် ဆူးပုတ်ကြီးမျိုးဟူ၍ နှစ်မျိုးရှိပါသည်။ အများအားဖြင့် ဆူပုတ်ကြီးအမျိုးအစားကို ကိုင်းကူး၍ ခြံအဖြစ်လည်ကောင်း၊ အိမ်တွင်တစ်ပိုင်တစ်နိုင် စိုက်ပျိုး၍ဝင်‌ငွေရရှိပါသည်။ဆူးပုတ်ရွက်သည် ဆူးပုတ်အရွက်နှင့် ဆူးပုတ်ပင်၏ အခေါက်များကလဲ ဆေးဖက်ဝင်သည်ဟုသိရပါသည်။

   ၂၀၂၅ခုနစ်၊ ဇူလိုင်လတတိယအပတ်တွင် မုံရွာမြို့မန်ကျည်းပင်ဈေးတွင် ရောင်းချလျက်ရှိသော ဆူးပုတ်ရွက်ဈေးနှုန်းမှာ ၁ စီးလျှင် (၂၀၀) ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်းစျေး ရောင်းသူများထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

 

 

ကြည့်မြင်တိုင်မြို့နယ် ဗားကရာ ဆိပ်ကမ်းတွင် စားအုန်းဆီ သင်္ဘောဝင်ရောက်ခြင်း

              စားအုန်းဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီသည် စားအုန်းဆီ များသတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့်အညီများနှင့်အညီ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူစားသောက်နိုင်ရေး ကြီးကြပ်ထိန်းကျောင်း၍ သက်ဆိုင်ရာ ကုမ္ပဏီများက စားအုန်းဆီများပြည်ပမှ တင်သွင်းလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ် ဗားကရာဆိပ်ကမ်းတွင် ၁၇.၇.၂၀၂၅ ရက်နေ့  MT MESON V.14/25 သင်္ဘောဖြင့် ICON ဆီကန်သို့ 2300 MT၊  ROS ဆီကန်သို့ 1600 MT၊ မြဝတီဆီကန် 400 MT စုစုပေါင်းတန်ချိန် 4300 MT ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကြည့်မြင်တိုင်မြို့နယ် ဗားကရာ ဆိပ်ကမ်းတွင် စားအုန်းဆီ သင်္ဘောဝင်ရောက်ခြင်း

             စားအုန်းဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီသည် စားအုန်းဆီ များသတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့်အညီများနှင့်အညီ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူစားသောက်နိုင်ရေး ကြီးကြပ်ထိန်းကျောင်း၍ သက်ဆိုင်ရာ ကုမ္ပဏီများက စားအုန်းဆီများပြည်ပမှ တင်သွင်းလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ် ဗားကရာဆိပ်ကမ်းတွင် ၁၇.၇.၂၀၂၅ ရက်နေ့  MT RM 9 V.03.25 သင်္ဘောဖြင့် ROS ဆီကန်သို့ 1800 MT ၊ ICON ဆီကန်သို့ 1500 MT စုစုပေါင်းတန်ချိန် 3300 MT ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့် ဆန်ဈေးနှုန်းစာရင်း

               ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ၁၅.၇.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၃၁၇၀ အိတ်နှင့် ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၂၉၅၄ နှင့် ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၂၅၄၀ နှင့် ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၉၆၇ နှင့် ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၃၆၂ နှင့် ဈေးနှုန်းများမှာ ၄၆၅၀၀ မှ ၄၉၀၀၀ ကျပ်၊ ပဲခူး(အနောက်) မှ ရှယ်စ ၃၀၂၄ အိတ်၊ ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၄၈၂၊ ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၂၆၀၀၊  ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၃၈၂၊ ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊ ဧရာဝတီတိုင်းမှ ရှယ်စ ၃၄၅၀၊ ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၀၆၇၊ ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၂၃၈၂၊ ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၂၉၇ နှင့် ဈေးနှုန်းမှာ ၄၆၅၀၀ မှ ၄၉၀၀၀ ကျပ် တို့ဝင်ရောက်ကြောင်း သိရှိရပါသည်။

          သို့ဖြစ်ပါ၍ ၁၅.၇.၂၀၂၅ ရက်နေ့တွင် ဆန်အိတ်ရေ(၄၃၂၄၂) အိတ်ဝင်ရောက်ပြီး ဈေးနှုန်းများမှာ ယခင်နေ့အတိုင်း ပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရန်ကုန်မြို့သို့ နေ့စဉ်သင်္ဘော/ ကားများဖြင့် ဆန်ဝင်ရောက်မှုအခြေအနေ

             ၁၆.၇.၂၀၂၅ ရက်နေ့တွင် မြောင်းမြမြို့နယ်မှ စိန်ရတနာဖြိုးသင်္ဘောဖြင့် ကြားပျံ(၃၄၇) အိတ်၊  ပေါ်ဆန်း(၇၉၀) အိတ်၊ ဧည့်မထ(၂၈၉၁)အိတ်၊ ဆန်ကွဲ(၁၆၉၈) အိတ်၊ ဘိုကလေးမြို့နယ်မှ သုခဝတီရေယာဉ်ဖြင့်  ကြားပျံ(၁၃၀) အိတ်၊ ပေါ်ဆန်း(၇၀၀) အိတ်၊ ဧည့်မထ (၂၂၀၀) အိတ်၊ဆန်ကွဲ (၅၈) အိတ်၊ မော်ကျွန်းမြို့မှ ရွှေမော်ကျွန်းသင်္ဘောဖြင့်  ပေါ်ဆန်း (၁၉၀၀) အိတ်၊ ပေါ်ကျွဲ (၁၇၅) အိတ်၊ ဧည့်မထ(၃၆၁၆) အိတ်၊ ဆန်ကွဲ (၃၇၉) အိတ်၊ လပ္ပတ္တာမြို့နယ်မှ ရွှေနဒီသင်္ဘောဖြင့် ကြားပျံ(၃၂၈) အိတ်၊  ပေါ်ကျွဲ(၄၁၈) အိတ်၊ ဆန်ကွဲ (၈၃၀) အိတ် တို့ဝင်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရန်ကုန်မြို့သို့ နေ့စဉ်သင်္ဘော/ကားများဖြင့် ဆန်ဝင်ရောက်မှုအခြေအနေ

            ၁၅.၇.၂၀၂၅ ရက်နေ့ ဖျာပုံမြို့နယ်မှ ဝင်းစိန်ရေယာဉ်ဖြင့်  ကြားပျံ(၆၇၈) အိတ်၊ ဧည့်မထ (၁၃၈၄)အိတ်နှင့် ဆန်ကွဲ(၂၂၆၄) အိတ်၊ ဝါးခယ်မမြို့နယ်မှ ရွှေစန္ဒာလင်းရေယာဉ်ဖြင့် ပေါ်ဆန်း(၂၅၆) အိတ်၊ ပေါ်ကျွဲ(၃၈၀) အိတ်၊ ဧည့်မထ (၃၅၅၂) အိတ်၊ ဆန်ကွဲ(၁၀၀) အိတ်၊ဘိုကလေးမြို့နယ်မှ အောင်ချမ်းသူရေယာဉ်ဖြင့် ကြားပျံ(၁၁၆၄) အိတ်၊ ပေါ်ဆန်း(၅၅၈) အိတ်၊  ဧည့်မထ (၁၇၅၃) အိတ်၊ လပ္ပတ္တာမြို့နယ်မှ ထိန်လင်းရတနာသင်္ဘောဖြင့် ကြားပျံ(၅၅၈၈) အိတ်၊ ပေါ်ကျွဲ (၅၂၁)  အိတ်၊ ဆန်ကွဲ(၇၄၀) အိတ်၊ ဝမ်းစတားထွန်း သင်္ဘောဖြင့်  ကြားပျံ (၃၉၄) အိတ်၊ ပေါ်ဆန်း (၁၂၃) အိတ်၊ ပေါ်ကျွဲ (၁၄၅) အိတ်၊ ဆန်ကွဲ (၃၀၁) အိတ်၊ ကော့မှူးမြို့နယ်မှ ကားဖြင့် ပေါ်ဆန်း(၁၂၀၀) အိတ်၊ ပေါ်ကျွဲ(၁၄၅၀) အိတ်၊ ဧည့်မထအိတ် (၂၄၃၀)အိတ် တို့ဝင်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

၁၇.၇.၂၀၂၅ ရက်နေ့ရှိ ဘုရင့်နောင်ကုန်စည်ဒိုင် ပဲအမျိုးအစားအလိုက် လက်ကျန်စာရင်း

           ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်  ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ ၁၇.၇.၂၀၂၅ ရက်နေ့ရှိ ပဲလက်ကျန်စာရင်းမှာ မြေပဲတစ်ပိဿာလျှင် မြေပဲလုံးဆံ ၉၃၀၀ ကျပ်ခန့်၊ မြေပဲဆီဆံ တစ်ပိဿာ လျှင် ၈၈၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၃၄၀၀၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းနက်(ရိုးရိုး) ဈေးနှုန်းမှာ ၄၅ ပိဿာတစ်အိတ်လျှင် ၆၉၅၀၀၀ ကျပ်ခန့်ရှိပြီး ရန်ကုန်ဈေးကွက်တွင် မုန့်ညှင်းဈေးကွက်မရှိပါ။ ပဲပုတ် ၂၀၂၅ အတွက် တန်ချိန်(၁၉၈၀၀၀) ဝန်းကျင်ရှိမည်ဟု ခန့်မှန်းကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း