ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့၏ ပျားရည်ဈေးနှုန်းဈေးကွက်

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်သည် သစ်ပင်သစ်တောများ ထူထပ်စွာပေါက် ရောက်လျက်ရှိရာ ဒေသနေ တောင်သူများမှာ လယ်ယာစိုက်ပျိုးရေးကို အဓိက လုပ်ကိုင်သည့်အပြင်  ပျားရှာ၊ ပျားဖွတ်ခြင်းလုပ်ငန်းကိုပါ လုပ်ကိုင်ကြကြောင်း သိရသည်။

   ဒေသတွင်း ထွက်ရှိသော ပျားရည်များမှာ ဆေးဖက်ဝင်ပြီး  အနံ့အရသာနှင့် ပြည့်စုံသောကြောင့် ဒေသထွက်ပျားရည်စစ်စစ်များကို စားသုံးရန်၊ လက်ဆောင်ပေးရန်၊ စားသောက်ကုန်များနှင့်  အလှကုန်များတွင် ထည့်သွင်းအသုံးပြုရန်အတွက် ဝယ်ယူသူများပြားလျက်ရှိကြောင်း၊ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ပျားရည်ပုလင်းအသေး(၁)ပုလင်းလျှင်(၁၀၀၀၀)ကျပ်၊ ပျားရည်ပု လင်းအကြီး(၁)ပုလင်းလျှင် (၂၀၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော နှင်းသီး(ခေါ်)လေချူသီး ဈေးနှုန်း

          ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ နှစ်ရှည်သီးနှံဖြစ်သည့် သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်၊ နှင်းသီး(ခေါ်)လေချူသီးပင်၊ မန်ကျည်းသီးပင်နှင့် မာလကာသီးပင်များကိုလည်း မိမိတို့ နေအိမ် ခြံစည်းရိုးများနှင့် တောင်ယာများထဲတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး နှင်းသီး(ခေါ်) လေချူသီးများကို ရှမ်းစုကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များမှ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

           ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ နှင်းသီး(ခေါ်) လေချူ သီး ဈေးနှုန်းများမှာ နှင်းသီး(ခေါ်)လေချူသီးလက္ကား တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊  နှင်းသီး(ခေါ်) လေချူသီးလက်လီ တစ်ပိဿာလျှင်(၂၄၀၀၀)ကျပ်၊ နှင်းသီး(ခေါ်)လေချူသီး (၅၀) ကျပ်သားလျှင် (၁၂၀၀၀)ကျပ်နှင့် နှင်းသီး(ခေါ်)လေချူသီး (၂၅)ကျပ်သားလျှင်(၆၀၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေး၌ သစ်သီးမျိုးစုံ  ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

အချိုတည်းစရာ ထန်းဖိုထန်းလျက်အစစ်နှင့် ရိုးရိုးထန်းလျှက် ဈေးနှုန်း

         ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ထန်းလျက်များကို ရွှေဘိုမြို့နှင့်မန္တလေးမြို့တို့မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

      ထန်းဖိုထန်းလျက်အစစ်သည် မြန်မာရိုးရာ အစားအစာတစ်ခုဖြစ်ပြီး လူတွေရဲ့ကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေပါသည်။ ထန်းလျက်ကို မြန်မာတွေက ထမင်းစာပြီးလျှင် အချိုတည်းစရာအဖြစ် စားတတ်ကြပြီး အစာကြေလွယ်ပြီး ရင်အေစေ/ ရင်ချောင်စေတယ် ဆိုသည့် ရည်ရွယ်ချက်ဖြင့် စားသုံကြပြီး ထန်းလျက်ကိုစားသုံးခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများမှာ ထန်းလျက်စားသုံးခြင်းဖြင့် သွေးသားကိုသန်းစင်စေနိုင်ခြင်း၊ ထန်းလျက်ကိုဂျင်းနှင့်ရောစားပေးလျှင် အဆစ်အမြစ်နာကျင်ခြင်းနှင့် အမျိုးသမီးများ ဓမ္မတာချုပ်ခြင်းကို ကောင်းမွန်စေခြင်း နှင့် ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်ဝန်လွယ်ပြီး ဖြစ်တတ်သော သွေးအားနည်းရောဂါကို ကာကွယ်ပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများလည်း ရရှိစေပါသည်။

             ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ် နေ‌သော ထန်ဖို ထန်းလျက်အစစ် လက္ကားဈေး (၁)ပိဿာလျှင်(၉၀၀၀)ကျပ်၊ ထန်းဖို ထန်းလျက်အစစ် လက်လီဈေး တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ထန်းဖိုထန်းလျက် အစစ် (၅၀)ကျပ်သားလျှင် (၅၀၀၀) ကျပ် နှင့် ထန်းဖို ထန်းလျက်အစစ်(၂၅)ကျပ်သားလျှင်(၂၅၀၀)ကျပ်နှင့် ရိုးရိုးထန်းလျက် လက္ကားဈေး တစ်ပိဿာ လျှင်(၇၈၀၀)ကျပ်၊ ရိုးရိုးထန်းလျက် လက်လီဈေး()ပိဿာလျှင်(၈၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၄၀၀၀)ကျပ်နှင့်(၂၅)ကျပ်သားလျှင်(၂၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိ ကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချနေသာ လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုက်)

 ကျွန်းလှမြို့နယ်အတွင်း ရောင်းချလျက်ရှိသော  တီလားဗီးယားငါး ဈေးနှုန်း

          ကျွန်းလှမြို့နယ်အတွင်း ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသားငါး ဈေးနှုန်းများထဲမှ ငါးဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

          ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါးများကို   ဝယ်ယူရောင်းချကာ ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

       ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယအပတ်တွင် ကျွန်းလှမြို့၏ တီလားဗီးယားငါး ဈေးနှုန်းများ အနေဖြင့်တီလားဗီးယားငါး(အကြီး)လက္ကားဈေး()ပိဿာလျှင်(၁၃၀၀၀)ကျပ်၊တီလားဗီးယားငါး(အကြီး) လက်လီဈေး()ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ တီလားဗီးယားငါးအကြီး(၅၀)ကျပ်သားလျှင်(၈၀၀၀)ကျပ်၊ တီလားဗီးယားငါးအကြီး(၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ် နှင့် တီလားဗီးယားငါးအသေး လက္ကား() ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ တီလားဗီးယားငါးအသေးလက်လီ()ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ တီလားဗီး ယားငါးအသေး (၅၀)ကျပ်သားလျှင်(၆၀၀၀)ကျပ်နှင့် တီလားဗီးယားငါးအသေး လက္ကား() (၂၅)ကျပ် သားလျှင်(၃၀၀၀)ကျပ် ဈေးနှုန်းဖြင့်ရောင်းချကြောင်း ငါးအရောင်းအဝယ် လုပ်ကိုင်သူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင်ရှိ ဆန်စီးထွက်မှုအခြေအနေနှင့် စပါး/ ဆန်ဈေးနှုန်းများ

          ရွှေဘိုခရိုင်အတွင်းတွင် ဇူလိုင်လ ဒုတိယပတ်တွင် စပါး/ဆန်ဈေးနှုန်းများ တည်ငြိမ်နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇူလိုင်လ ပထမပတ်တွင် ရန်ကုန်သို့ (93557)အိတ်၊ မန္တလေးသို့ (56594) အိတ်၊ နေပြည်တော်သို့ (1040)အိတ်၊ပဲခူးတိုင်းသို့ (6902)အိတ်၊ မကွေးတိုင်းသို့ (၁၃8၀)အိတ်၊ ရှမ်း(တောင်)သို့ (18752)အိတ်၊ ကချင်ပြည်နယ်သို့ (4210)အိတ်၊ မွန်ပြည်နယ်သို့ (၁1055)အိတ်၊ ကရင်ပြည်နယ်သို့ (31၈၀)အိတ် ၊မူဆယ်သို့ (56၀)အိတ်၊ ထားဝယ်သို့ (၇၈၅)အိတ်၊စုစုပေါင်း အိတ်ရေ 198015 တန်အားဖြင့် 9901တန်  စီးထွက်ခဲ့ပါသည်။

          ယခု ဇူလိုင်လ ဒုတိယပတ်တွင် ရန်ကုန်သို့ (69248)အိတ်၊ မန္တလေးသို့ (53510) အိတ်၊ နေပြည်တော်သို့ (1705)အိတ်၊ပဲခူးတိုင်းသို့ (6၇၉၅)အိတ်၊ မကွေးတိုင်းသို့ (၃၁၉၉)အိတ်၊ ရှမ်း(တောင်)သို့ (1၅၂၃၆)အိတ်၊ ကချင်ပြည်နယ်သို့ (၁၆၅၀)အိတ်၊ မွန်ပြည်နယ်သို့ (၁၀၇၂၅)အိတ်၊ ကရင်ပြည်နယ်သို့ (၁၄၈၀)အိတ်၊ မူဆယ်သို့ (၁၈၀)အိတ်၊ ဧရာဝတီသို့ (၅၄၅)အိတ်၊ စုစုပေါင်း အိတ်ရေ 164273 တန်အားဖြင့် 8214တန် စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း အိတ်ရေ 33742၊ တန်အားဖြင့် 1687တန် လျော့၍ စီးထွက်ခဲ့ပါသည်။

           ရွှေဘိုမြို့၏ ဇူလိုင်လ ဒုတိယပတ်တွင် ဖြစ်ပေါ်ခဲ့သော စပါး/ဆန်  ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျင် ကျပ် ၄၆၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၁65၀၀၀၊  ဧရာမင်းစပါး တင်း 100လျှင် ကျပ် 2၅00000၊ ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၁၂5၀၀၀၊ 747စပါး တင်း 100လျှင် ကျပ်1400000 ၊747ဆန် 24ပြည်ပါ တစ်အိတ်လျှင် ကျပ် 58000၊ရွှေဝါထွန်းစပါး တင်း100လျှင် ကျပ်1400000၊ ရွှေဝါထွန်း ဆန် 24ပြည်ပါတစ်အိတ်လျှင် ကျပ် 63000ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 ကျွန်းလှမြို့နယ်အတွင်း သကြားသရက်သီးအမှည့် ဈေးနှုန်းမြင့်တက်

         ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရာသီပေါ်သီးနှံများ၊ အခြားဒေသမှဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ ယခုအခါတွင် စိန်တစ်လုံးသရက်သီးမှည့်များကို လှိုင်လှိုင်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

             ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသည့်  သကြားသရက်သီးမှည့် ဈေးနှုန်းများမှာ ထန်းကုန် သကြားသရက်သီးမှည့် လက်လီ အကြီး တစ်လုံး(၅၀၀)ကျပ် (၂၀၀၀)ကျပ် ဖိုး(၅)လုံးနှင့် သကြားသရက်သီးမှည့် အသေး တစ်လုံးလျှင်(၃၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သရက်သီးမှည့် ရောင်းချသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့တွင် ဇူလိုင်လ တတိယပတ်၌ ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများ

              မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်း လက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

            ‌ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင် (၂၂)ဆိုင် ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၅ခုနှစ် ဇူလိုင်လ ပထမပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၃၁၅၅)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၃၂၂၀)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၇၈၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၃၄၀၅)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

            ၂၀၂၅ခုနှစ် ဇူလိုင်လ ဒုတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၃၁၀၀)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၃၁၅၅)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၇၈၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၃၄၀၅)ကျပ်ဖြင့် ရောင်းချ နေသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် (၅၅)ကျပ် ဈေးနှုန်း၊ဓါတ်ဆီ(95)တစ်လီတာလျှင် (၆၅)ကျပ်ဈေးနှုန်းကျဆင်းခဲ့ပြီး ဒီဇယ် (ရိုးရိုး) နှင့် ဒီဇယ် (ပရီမီယမ်) တစ်လီတာ ဈေးနှုန်းမှာ ယခင်ပတ်နည်းတူ  ဈေးနှုန်းတည် ငြိမ်လျက်ရှိကြောင်း စက်သုံးဆီ အရောင်းဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆,၂၄၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

   စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့်  ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့် ဆည်းပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

   ပြည်တွင်းလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရေးစားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်း ရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။

  ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ် မှုများအရ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ်၆,၂၄၀ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေး ထုတ်ပြန်ကြေညာထားကြောင်း သိရှိရပါ​သည်။   

    ပြည်တွင်းဈေးကွက်အတွင်း အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက်   ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ကြောင်း သိရှိရသည်။

  စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်တနင်္လာနေ့တိုင်းထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

ကန့်ဘလူခရိုင်၌ ဖြစ်ပေါ်နေသော ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေးဈေးနှုန်း

  စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများ ပိုမိုကောင်းမွန်စေရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ကန့်ဘလူခရိုင်အတွင်းရှိ  သီးနှံစိုက်ပျိုးသူများက ဝယ်ယူအသုံး ပြုလျက်ရှိကြောင်း သိရသည်။

  ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတတိယပတ်အတွင်း ကန့်ဘလူခရိုင်၏ စိုက်ပျိုးရေးသုံးဓာတ်မြေ ဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ ပန်းဖူး(50)kgတစ်အိတ်လျှင် (၁၃၅၀၀၀)ကျပ်၊ မြှားကမ္ဘာ (50)kgတစ်အိတ်လျှင် (၁၂၀၀၀၀)ကျပ်၊ အာမို၊ ကျွဲနက်တံဆိပ်(၁၅:၁၅:၁၅) ကွန်ပေါင်းဓာတ်မြေ ဩဇာ(50)kg တစ်အိတ်လျှင်(၁၆၅၀၀၀)ကျပ်၊ ရွှေနဂါး ပုလဲသာ(50)kg တစ်အိတ်လျှင် (၁၁၀၀၀၀) ကျပ်၊ ရွှေတောနစ်(၅၀၀)စီစီ တစ်ဘူးလျှင် (၁၅၀၀၀)ကျပ်၊ မိုရယ်လ်မုန်း အမြစ်ပွား၊ အသီးတင်၊ အပင်သန် ဟော်မုန်းဆေး (၅၀၀)စီစီတစ်ဘူးလျှင်(၄၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း၊ ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေးများကို မန္တလေးမြို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေး ရောင်းချသည့်ဆိုင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၌ ရောင်းချနေသော ကျောက်ဖရုံယိုနှင့်မြေပဲပွကြော်ဈေးနှုန်း

  စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အ ခြေအနေတို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် ကျောက်ဖရုံယိုနှင့် မြေပဲပွကြော်တို့ကို  ရွှေဘိုမြို့ရှိ လက္ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

 ၂၀၂၅ ခုနှစ်၊ ဇွန်လတတိယပတ်တွင် ရောင်းချနေသော ကျောက်ဖရုံယိုနှင့်မြေပဲပွကြော် ဈေးနှုန်းတို့မှာ ကျောက်ဖရုံယို(၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ကျောက်ဖရုံယို (၅၀)ကျပ်သားလျှင် (၆၀၀၀)ကျပ်၊ ကျောက်ဖရုံယို(၂၅)ကျပ်သားလျှင် (၃၀၀၀)ကျပ်နှင့် မြေပဲပွကြော်(၁)ပြည်လျှင် (၅၅၀၀)ကျပ်နှင့်(၁)ဘူးလျှင်(၇၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း