ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့် ဆန်ဈေးနှုန်းစာရင်း

               ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ၁၅.၇.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၃၁၇၀ အိတ်နှင့် ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၂၉၅၄ နှင့် ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၂၅၄၀ နှင့် ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၉၆၇ နှင့် ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၃၆၂ နှင့် ဈေးနှုန်းများမှာ ၄၆၅၀၀ မှ ၄၉၀၀၀ ကျပ်၊ ပဲခူး(အနောက်) မှ ရှယ်စ ၃၀၂၄ အိတ်၊ ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၄၈၂၊ ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၂၆၀၀၊  ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၃၈၂၊ ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊ ဧရာဝတီတိုင်းမှ ရှယ်စ ၃၄၅၀၊ ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၀၆၇၊ ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၂၃၈၂၊ ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၂၉၇ နှင့် ဈေးနှုန်းမှာ ၄၆၅၀၀ မှ ၄၉၀၀၀ ကျပ် တို့ဝင်ရောက်ကြောင်း သိရှိရပါသည်။

          သို့ဖြစ်ပါ၍ ၁၅.၇.၂၀၂၅ ရက်နေ့တွင် ဆန်အိတ်ရေ(၄၃၂၄၂) အိတ်ဝင်ရောက်ပြီး ဈေးနှုန်းများမှာ ယခင်နေ့အတိုင်း ပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရန်ကုန်မြို့သို့ နေ့စဉ်သင်္ဘော/ ကားများဖြင့် ဆန်ဝင်ရောက်မှုအခြေအနေ

             ၁၆.၇.၂၀၂၅ ရက်နေ့တွင် မြောင်းမြမြို့နယ်မှ စိန်ရတနာဖြိုးသင်္ဘောဖြင့် ကြားပျံ(၃၄၇) အိတ်၊  ပေါ်ဆန်း(၇၉၀) အိတ်၊ ဧည့်မထ(၂၈၉၁)အိတ်၊ ဆန်ကွဲ(၁၆၉၈) အိတ်၊ ဘိုကလေးမြို့နယ်မှ သုခဝတီရေယာဉ်ဖြင့်  ကြားပျံ(၁၃၀) အိတ်၊ ပေါ်ဆန်း(၇၀၀) အိတ်၊ ဧည့်မထ (၂၂၀၀) အိတ်၊ဆန်ကွဲ (၅၈) အိတ်၊ မော်ကျွန်းမြို့မှ ရွှေမော်ကျွန်းသင်္ဘောဖြင့်  ပေါ်ဆန်း (၁၉၀၀) အိတ်၊ ပေါ်ကျွဲ (၁၇၅) အိတ်၊ ဧည့်မထ(၃၆၁၆) အိတ်၊ ဆန်ကွဲ (၃၇၉) အိတ်၊ လပ္ပတ္တာမြို့နယ်မှ ရွှေနဒီသင်္ဘောဖြင့် ကြားပျံ(၃၂၈) အိတ်၊  ပေါ်ကျွဲ(၄၁၈) အိတ်၊ ဆန်ကွဲ (၈၃၀) အိတ် တို့ဝင်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရန်ကုန်မြို့သို့ နေ့စဉ်သင်္ဘော/ကားများဖြင့် ဆန်ဝင်ရောက်မှုအခြေအနေ

            ၁၅.၇.၂၀၂၅ ရက်နေ့ ဖျာပုံမြို့နယ်မှ ဝင်းစိန်ရေယာဉ်ဖြင့်  ကြားပျံ(၆၇၈) အိတ်၊ ဧည့်မထ (၁၃၈၄)အိတ်နှင့် ဆန်ကွဲ(၂၂၆၄) အိတ်၊ ဝါးခယ်မမြို့နယ်မှ ရွှေစန္ဒာလင်းရေယာဉ်ဖြင့် ပေါ်ဆန်း(၂၅၆) အိတ်၊ ပေါ်ကျွဲ(၃၈၀) အိတ်၊ ဧည့်မထ (၃၅၅၂) အိတ်၊ ဆန်ကွဲ(၁၀၀) အိတ်၊ဘိုကလေးမြို့နယ်မှ အောင်ချမ်းသူရေယာဉ်ဖြင့် ကြားပျံ(၁၁၆၄) အိတ်၊ ပေါ်ဆန်း(၅၅၈) အိတ်၊  ဧည့်မထ (၁၇၅၃) အိတ်၊ လပ္ပတ္တာမြို့နယ်မှ ထိန်လင်းရတနာသင်္ဘောဖြင့် ကြားပျံ(၅၅၈၈) အိတ်၊ ပေါ်ကျွဲ (၅၂၁)  အိတ်၊ ဆန်ကွဲ(၇၄၀) အိတ်၊ ဝမ်းစတားထွန်း သင်္ဘောဖြင့်  ကြားပျံ (၃၉၄) အိတ်၊ ပေါ်ဆန်း (၁၂၃) အိတ်၊ ပေါ်ကျွဲ (၁၄၅) အိတ်၊ ဆန်ကွဲ (၃၀၁) အိတ်၊ ကော့မှူးမြို့နယ်မှ ကားဖြင့် ပေါ်ဆန်း(၁၂၀၀) အိတ်၊ ပေါ်ကျွဲ(၁၄၅၀) အိတ်၊ ဧည့်မထအိတ် (၂၄၃၀)အိတ် တို့ဝင်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

၁၇.၇.၂၀၂၅ ရက်နေ့ရှိ ဘုရင့်နောင်ကုန်စည်ဒိုင် ပဲအမျိုးအစားအလိုက် လက်ကျန်စာရင်း

           ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်  ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ ၁၇.၇.၂၀၂၅ ရက်နေ့ရှိ ပဲလက်ကျန်စာရင်းမှာ မြေပဲတစ်ပိဿာလျှင် မြေပဲလုံးဆံ ၉၃၀၀ ကျပ်ခန့်၊ မြေပဲဆီဆံ တစ်ပိဿာ လျှင် ၈၈၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၃၄၀၀၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းနက်(ရိုးရိုး) ဈေးနှုန်းမှာ ၄၅ ပိဿာတစ်အိတ်လျှင် ၆၉၅၀၀၀ ကျပ်ခန့်ရှိပြီး ရန်ကုန်ဈေးကွက်တွင် မုန့်ညှင်းဈေးကွက်မရှိပါ။ ပဲပုတ် ၂၀၂၅ အတွက် တန်ချိန်(၁၉၈၀၀၀) ဝန်းကျင်ရှိမည်ဟု ခန့်မှန်းကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

၁၇.၇.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော အာလူးဈေးနှုန်းများ

             ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်းသို့ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့မှ အာလူးများဝင်ရောက်လျက်ရှိရာ အာလူးဈေးနှုန်းများမှာ ၁၇.၇.၂၀၂၅ ရက်နေ့ အောင်ပန်းအေဝမ်း တစ်ပိဿာလျှင် ကျပ် ၂၅၀၀၊ အောင်ပန်းအိုကေ တစ်ပိဿာလျှင် ကျပ် ၃၅၀၀၊ အောင်ပန်းအက်စ်ဝမ်း တစ်ပိဿာလျှင် ကျပ် ၃၅၀၀၊ ဟဲဟိုးအေဝမ်း တစ်ပိဿာလျှင် ကျပ် ၄၀၀၀၊ ဟဲဟိုးအိုကေ တစ်ပိဿာလျှင် ကျပ် ၄၅၀၀၊ ဟဲဟိုး အက်စ်ဝမ်း တစ်ပိဿာလျှင် ကျပ် ၄၅၀၀၊ ၄၅၀၀၊ ဟဲဟိုး အက်စ်တူး တစ်ပိဿာလျှင် ကျပ် ၄၀၀၀၊  တရုတ်အာလူး တစ်ပိဿာလျှင် ကျပ် ၅၀၀၀ မှ ၅၃၀၀ ကျပ်ရှိကြောင်း သိရှိရပြီး ယခုရက် (၃) ရက်အတွင်း အာလူးဈေးနှုန်းများ ကျဆင်းကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

၁၇.၇.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ပွဲရုံရှိ ကြက်သွန်နီဈေးနှုန်းများ

          ၁၇.၇.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ကြက်သွန်နီဈေးနှုန်းများမှာ တစ်ပိဿာလျှင် ဆိပ်ဖြူ(သစ်) ရှယ် ကျပ် ၁၆၀၀ ၊ ဆိပ်ဖြူ(သစ်)လတ်ကြီး ကျပ်  ၁၅၀၀၊  ဆိပ်ဖြူ(သစ်) လတ်သန့် ကျပ် ၁၄၀၀၊ ဆိပ်ဖြူ(သစ်) လတ်ချော ကျပ် ၈၀၀၊ တစ်ပိဿာလျှင် မုံရွာ(သစ်) ရှယ် ကျပ် ၁၅၀၀၊ မုံရွာ(သစ်) လတ်ကြီး ကျပ် ၁၄၅၀၊ မုံရွာ လတ်သန့် ကျပ် ၁၃၅၀၊  မုံရွာ လတ်ချော ကျပ် ၈၀၀၊ တစ်ပိဿာလျှင် မြင်းခြံ(သစ်) ရှယ် ကျပ် ၁၂၅၀၊ မြင်းခြံ(သစ်) လတ်ကြီး ကျပ် ၁၁၅၀၊ မြင်းခြံ(သစ်) လက်သန့် ကျပ် ၁၀၀၀၊ မြင်းခြံ(သစ်) လတ်ချော ကျပ် ၇၀၀၊ တစ်ပိဿာလျှင် မင်းဘူး(သစ်) ရှယ် ကျပ် ၁၅၅၀၊ မင်းဘူး လတ်ကြီး ကျပ် ၁၄၀၀၊ မင်းဘူး လတ်သန့် ကျပ် ၁၂၅၀၊ မင်းဘူး လတ်ချော ကျပ် ၉၀၀ အသီးသီးရှိကြကြောင်း ကုန်စည်ဒိုင်မှ စုံစမ်းသိရှိရပါသည်။ ကြက်သွန် နီဈေးနှုန်းများမှာ ယခုရက်ပိုင်းအတွင်း ဈေးနှုန်းပြောင်းလဲခြင်းမရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကြည့်မြင်တိုင်မြို့နယ် KIPT ဆိပ်ကမ်းတွင် စားအုန်းဆီ သင်္ဘောဝင်ရောက်ခြင်း

           စားအုန်းဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီသည် စားအုန်းဆီများ သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့်အညီများနှင့်အညီ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူစားသောက် နိုင်ရေး ကြီးကြပ်ထိန်ကျောင်း၍ သက်ဆိုင်ရာ ကုမ္ပဏီများက စားအုန်းဆီများပြည်ပမှ တင်သွင်းလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ် KIPT ဆိပ်ကမ်းတွင် ၁၃.၇.၂၀၂၅ ရက်နေ့          MT . BAUHINIA V.02/25OP သင်္ဘောဖြင့် Star ဆီကန်သို့ Shore Tanks Star 2 ဆီကန်သို့ 3000 MT Shore Tanks Star 4 ဆီကန်သို့ 2300 MT ဝင်ရောက်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီဝင်ရောက်ရာဒေသများနှင့်ဈေးနှုန်းများ

          ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက်လာသည့် ကြက်သွန်နီ များသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင် ကုန်စည်ဒိုင်သို့  နေ့စဉ်မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏  ကြက်သွန်နီ လက်ကျန်အခြေအနေများအား  အမှန်ကန်ဆုံး သိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ  ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ နေ့စဉ်ဝင်ရောက်မှု စာရင်းများအရလည်းကောင်း၊ ကြက်သွန်နီ လက်ကျန်အခြေအနေအား နေ့စဉ်စုံစမ်း လျက်ရှိပါသည်။

               ဇူလိုင်လ (၁၇) ရက်နေ့တွင် ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်ရာဒေသများ ဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ မုံရွာ၊ မင်းဘူးဒေသတို့မှ ကြက်သွန်နီ (၈၁၀၀၀၀) ပိဿာဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန် မှာ (၃၂၄၀၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်တင်းအရ သိရှိရသည်။ ဆိပ်ဖြူ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၈၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၄၀၀ ၊ အကြီးမှာ ကျပ် ၁၅၀၀၊ ရှယ်မှာ ကျပ် ၁၆၀၀၊ မြင်းခြံ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၇၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၀၀၀ ၊ အကြီးမှာ ကျပ် ၁၁၅၀၊ ရှယ်မှာ ကျပ် ၁၂၅၀၊ မုံရွာ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၉၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၃၅၀ ၊ အကြီးမှာ ကျပ် ၁၄၅၀၊ ရှယ်မှာ ကျပ် ၁၅၀၀၊ မင်းဘူး ကြက်သွန်နီ(အသစ်)  အချော တစ်ပိဿာ ကျပ် ၉၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၂၅၀ ၊ အကြီးမှာ ကျပ် ၁၄၀၀၊ ရှယ်မှာ ကျပ် ၁၅၅၀ ဈေးတို့အသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

             ယခင်တစ်ပတ်နှင့် ယခုတစ်ပတ် ကြက်သွန်နီဈေးနှုန်းများ နှိုင်းယှဉ်ရာတွင် မြင်းခြံကြက်သွန်နီ ဈေးနှုန်းများမှာ ယခင်အပတ်ကထက် ဈေးနှုန်းအနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA(ရန်ုကုန်)

ကန့်ဘလူမြို့နယ်၌ ပဲစဉ်းငုံဈေးနှုန်း အနည်းငယ်ကျဆင်း

  မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည် နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည်လည်း လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ၊ ပဲစဉ်းငုံသီးနှံသည် ကန့်ဘလူခရိုင်၏ အဓိကစိုက်ပျိုးသီးနှံ တစ်ခုဖြစ်ကြောင်း သိရသည်။

   ကန့်ဘလူမြို့နယ်၌ ပဲစဉ်းငုံမျိုးအနေဖြင့် အစေ့အနီရောင်မျိုးနှင့် အစေ့အဖြူရောင်မျိုးဟူ၍ (၂)မျိုးရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ဇူလိုင်လ တတိယပတ်အတွင်း ပဲစဉ်းငုံနီ(၁)တင်းလျှင် (၈၀၀၀၀)ကျပ်၊ ပဲစဉ်းငုံဖြူ(၁)တင်းလျှင် (၇၇၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း၊ ယခုပတ်အတွင်း ပဲစဉ်းငုံနီ(၁)တင်းလျှင်(၂၀၀၀)ကျပ်နှင့် ပဲစဉ်းငုံဖြူ(၁)တင်းလျှင်(၃၀၀၀)ကျပ် ကျဆင်းသွားကြောင်း၊ ဒေသထွက် ပဲစဉ်းငုံများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ ရောင်းချကြောင်း ဒေသတွင်းသီးနှံ ရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ပဲ၊ နှမ်းကုန်စည်ဒိုင် အရောင်းအဝယ်ဖြစ်မှုအခြေအနေနှင့် ဈေးနှုန်းဈေးကွက်

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ရွှေဘိုမြို့ရှိ ပဲပွဲစားများကထိန်တော်အသင်း ပဲ၊ နှမ်းကုန်စည်ဒိုင်၏ သီးနှံအမျိုးအစားအလိုက် အရောင်းအဝယ်ဖြစ်မှုနှင့် ဈေးနှုန်းဈေးကွက် အခြေအနေများအား ကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများဖြင့် ဆက်သွယ်မေးမြန်း၍  အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိပါသည်။

             ပဲ၊ နှမ်းကုန်စည်ဒိုင်အနေဖြင့် ၂၀၂၅ခုနှစ် ဇူလိုင်လ ဒုတိယပတ်တွင် ပဲတီစိမ်း တစ်တင်းလျှင် (၁၂၃၀၀၀)ကျပ် ပေါက်ဈေးဖြင့်  (၉၉၀၀)တင်း ၊တန်အားဖြင့် (၃၂၃)တန် ၊နှမ်းနက် တစ်တင်းလျှင် (၂၆၆၅၀၀)ကျပ် ပေါက်ဈေးဖြင့် (၃၆၀၀)တင်း တန်အားဖြင့် (၈၈)တန် အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း ယခင်ပတ်နှင့် နှိုင်းယှဉ်ပါက ပဲ၊နှမ်းဈေးနှုန်းများမှာအနည်းငယ်မြင့်တက်လျက်ရှိကြောင်း  ပဲပွဲစားများ ကထိန်တော်အသင်း ပဲနှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူ တစ်ဦးထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း