ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့မဈေးအတွင်း ရောင်းချနေသော ကန်ဇွန်းဥ ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ ကန်ဇွန်းဥကို တစ်ပိုင်တစ်နိုင် အိမ်ခြံဝင်းများနှင့် မိမိယာ ကွက်များတွင် စိုက်ပျိုးကြပြီး ကန့်ဘလူမြို့မဈေးတွင် လာရောက်ရောင်းချကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်တွင် ကန့်ဘလူမြို့၊ မြို့မဈေးအတွင်း ရောင်းချနေသော  ကန်ဇွန်းဥဈေးနှုန်းမှာ လက္ကားဈေး တစ်ပိဿာလျှင်(၂၅၀၀)ကျပ်၊ ကန်ဇွန်းဥ လက်လီတစ်ပိဿာလျှင် (၂၇၀၀)ကျပ်နှင့် ၂၅ကျပ်သားလျှင် (၇၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊  ကန်စွန်းဥကို အစိမ်းစားတာ၊ ပြုတ်စားတာနှင့် ကန်စွန်းဥပူတင်းစသည်ဖြင့် အမျိုးမျိုးပြုလုပ်စားသုံးကြကြောင်း၊ ဝယ်ယူစားသုံး သူများပြီး အရောင်းအဝယ်သွက်နေကြောင်း ကန်စွန်းဥ ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြို့သစ်မြို့နယ်၊ မလွှကုန်းကျေးရွာ၌ ပဲတီစိမ်းစိုက်တောင်သူများ အကျိုးအမြတ်ရရှိ

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်ရှိ ဖလန်တိုင်း၊ ဒဟက်ကုန်း၊ ပေပင်ကုန်း၊ ဒန့်ဒလွင်ပင်၊ မလွှကုန်း စသည့်ကျေးရွာများသည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ပြီး ပဲတီစိမ်း၊ နှမ်း၊ ဝါ၊ ပဲစဉ်းငုံ၊ ပဲကြီး စသည့် သီးနှံများကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

     မလွှကုန်းကျေးရွာနေ ပဲတီစိမ်းစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရ ပဲတီစိမ်း ()ဧက ခန့်ကို ၂၀၂၅ခုနှစ်၊ မေလလယ်တွင် စိုက်ပျိုးပြီး ဇူလိုင်(ဒုတိယပတ်)တွင် စတင်ရိတ်သိမ်းကြောင်း သိရသည်။ ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးထားကြောင်း၊ ()ဧကလျှင် မျိုး()ပြည့်ခန့် ကုန်ကျကြောင်း၊ မျိုး အနေဖြင့် ယခင်နှစ်က မိမိစိုက်ခင်းမှ ထွက်ရှိသည့် ပဲတီစိမ်းများကို မျိုးအဖြစ် ဖယ်ချန်၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ထွန်ယက်ခ၊ လုပ်အားခ၊ ဆေးဖျန်းခ၊ ရိတ်သိမ်းခနှင့် အခြားသွင်းအားစုစရိတ် အပါအဝင် စုစုပေါင်း ကျပ်(၇၀၀၀၀၀)ခန့် ကုန်ကျ ကြောင်း၊ အထွက်နှုန်းအနေဖြင့် ()ဧကလျှင် ()တင်းထိထွက်ရှိပြီး ၂၀၂၅ ခုနှစ်၊ ဇူလှိုင်လ (ဒုတိယပတ်)တွင် () တင်းလျှင် ကျပ် (၁၂၀၀၀၀)ဖြင့်ရောင်းချ၍ အကျိုးအမြတ်အနေဖြင့် ()ဧက လျှင် ကျပ်(၂၆၀၀၀၀)ခန့် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် တောင်တွင်းကြီးမြို့ရှိ သီးနှံပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ကံမမြို့၌ ဖူးစားပြောင်းဈေးကျဆင်း

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊       မြို့မဈေးသို့ မြို့ပတ်ဝန်းကျင်ရှိ ကျွန်းကလေး၊ ထုံးကြီး၊ သစ်မယ်ဇီ၊ တောင်တီး၊ ရေနံသာ စသည့်ကျေးရွာများမှ ထွက်ရှိသည့် သကြားပြောင်းနှင့် ပြောင်းစီး(အဖြူ)များသည် ၂၀၂၅ခုနှစ်၊ ဇွန်လ(တတိယပတ်)မှ စတင်ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။  

    ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် သကြားပြောင်း(အကြီး၊ အသေးအလိုက်) (၁)ဖူး လျှင် ကျပ်(၃၅၀-၄၀၀)၊ ပြောင်းစီး(၁)ဖူးလျှင် ကျပ်(၄၅၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ပြောင်း ဖူးများ စတင်ပေါ်စအချိန် ဇွန်လ(တတိယပတ်)တွင် သကြားပြောင်း(၁)ဖူးလျှင် ကျပ်(၅၀၀)၊ ပြောင်း စီး (၁)ဖူးလျှင် ကျပ်(၆၅၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် သကြားပြောင်း(၁)ဖူးလျှင် ကျပ်(၅၀)၊ ပြောင်းစီး(၁)ဖူးလျှင် ကျပ်(၁၅၀)ဈေးကျဆင်းလာကြောင်း သိရသည်။ ယခုအချိန် တွင် ကျေးရွာများရှိ ပြောင်းဖူးစိုက်ခင်းများ လှိုင်လှိုင်ထွက်ရှိချိန်ဖြစ်၍ ဈေးနှုန်းမှာ ကျဆင်းရခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)

 

ပွင့်ဖြူမြို့နယ်၊ မုန်းမြင့်ကျေးရွာ၌ ငရုတ်စိုက်ခင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိ

    မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့ပတ်ဝန်းကျင်ရှိ မုန်းမြင့်၊ အင်းဒေါင်း၊ သမော် အင်း  စသည့်ကျေးရွာများတွင် ငရုတ်၊ ခရမ်းချဉ်၊ စပါး၊ ကုလားပဲ၊ မြေပဲနှင့် အခြားသီးနှံများကို ရာသီအလိုက်စိုက်ပျိုးလျက်ရှိရာ မုန်းမြင့်ကျေးရွာ၌ တောင်သူ(၁၃)ဦးမှ ငရုတ်စိုက်ဧက(၁၀)ခန့်ကို ၂၀၂၅ခုနှစ်၊ ဇွန်လ(ပထမပတ်)မှ စတင်၍ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

  မုန်းမြင့်ကျေးရွာနေ တောင်သူတစ်ဦးမှ ၎င်းအနေဖြင့်  ငရုတ်စိုက်ဧက(၂)ဧကခန့်စိုက်ပျိုးထား ကြောင်း၊ မျိုးအနေဖြင့် (၆၉၂)မျိုးကို ပွင့်ဖြူမြို့ပေါ်ရှိ စိုက်ပျိုးရေးဆေးဆိုင်မှ (၁)ထုပ်လျှင် ကျပ် (၁၄၀၀၀)ဖြင့် ဝယ်ယူပြီး ပျိုးထောင်ဘောင်တင်စနစ်ဖြင့် စိုက်ပျိုးကြောင်း၊ (၁)ဧကလျှင် မျိုး(၇) ထုပ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး(၄)လအကြာတွင် ခူးဆွတ် ရကြောင်း၊ ယခင်နှစ်က(၁)ဧကလျှင် ကျပ်(၂၅)သိန်းခန့်ကုန်ကျခဲ့ကြောင်း၊ အထွက်နှုန်းအနေဖြင့် ပိဿာချိန်(၂၀၀၀)ခန့်ထွက်ရှိခဲ့ပြီး (၁) ပိဿာလျှင် လက်ကားဈေး ကျပ်(၂၅၀၀)ထိရရှိခဲ့၍ အကျိုးအမြတ်အနေဖြင့် ကျပ်(၂၅)သိန်းခန့်ရရှိခဲ့ ကြောင်း၊ ယခုနှစ်တွင်မှု သွင်းအားစုစရိတ် အနည်းငယ်မြင့်တက်လာ၍ (၁)ဧကလျှင် ကျပ်(၃၀)သိန်း ခန့် ကုန်ကျကြောင်း၊ ဈေးကွက်အနေဖြင့် မင်းဘူးမြို့ပေါ်ရှိ ကုန်စိမ်းသီးနှံဈေးကွက်သို့ တိုက်ရိုက် တင်ပို့ ရောင်းချကြောင်း၊ ယခုအချိန်တွင် မုန်းမြင့်ကျေးရွာ၌ ငရုတ်စိုက်ခင်းများ ရာသီဥတုသမမျှတ၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။

DOCA(မကွေး)

 

စေတုတ္တရာမြို့၏ ရာသီစာမျှစ်ဈေးနှုန်းဈေးကွက်

    မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့ ပတ်ဝန်းကျင်ရှိ မြေနီကုန်း၊ ညောင်အိုင်၊ ကျောက်ဖူး၊ မြောင်းဦး စသည့် ရွာများတွင် ထွက်ရှိသောရာသီပေါ်မျှစ်များ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ မှစ၍   စေတုတ္တရာမြို့၊ မြို့မဈေးသို့ လှိုင်လှိုင်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် မျှစ်(၁)ပိဿာလျှင် ကျပ်(၃၀၀၀)ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပြီး ယခင်မျှစ်ပေါ်စအချိန် ဇူလိုင်လ(ပထမပတ်)တွင် မျှစ်(၁)ပိဿာလျှင် ကျပ် (၅၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၂၀၀၀) ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ယခုအချိန်တွင် ဒေသတွင်း၌ မျှစ်များလှိုင်လှိုင်ထွက်ပေါ်နေချိန်ဖြစ်၍ မျှစ်ဈေးနှုန်းမှာ တရိပ်ရိပ်ကျဆင်းလာခြင်း ဖြစ်ကြောင်း သိရပါသည်။ မျှစ်ပေါ်ထွက်ချိန်ဖြစ်သော ဇူလိုင်၊ ဩဂုတ်နှင့် စက်တင်ဘာလများတွင် မျှစ်များချိုး၍ ပြုတ်ခြင်း၊ မျှစ်ခြောက်ပြုလုပ်ရန် နေလှန်းခြင်း၊ မိုးရာသီ၌သာ မျှစ်များရရှိသောကြောင့် ကျန်ကာလ များတွင်စားသုံးနိုင်ရန် မျှစ်များကို မျှစ်ချဉ်ပြုလုပ်ခြင်း၊ အခြောက်လှန်း၍ ပြုလုပ်ခြင်းများ ဆောင်ရွက်ကြပါသည်။ မျှစ်ခြောက်အနေဖြင့် မင်းဘူးမြို့၊ မန္တလေးသို့တင်ပို့ရောင်းချခြင်းနှင့် ရွှေစက်တော်ဘုရားပွဲတော်ချိန်တွင် တစ်နိုင်ငံလုံးမှ ဘုရားဖူးများ လာရောက်ကြရာ စေတုတ္တရာမှ ထွက်ရှိသည့် မျှစ်ခြောက်မှာ ဘုရားဖူးပြန်လက်ဆောင်အဖြစ် ဝယ်ယူမှုရှိသည့်အတွက် ဒေသခံ ပြည်သူများအဖို့ တဖက်တလမ်းမှ ဝင်ငွေရစေကြောင်း သိရပါသည်။

DOCA(မကွေး)

မကွေးတိုင်းဒေသကြီးအတွင်းရှိ ကုန်စည်ဒိုင်များသို့ ကြက်သွန်နီဝင်ရောက်မှုအခြေအနေ

        မကွေးတိုင်းဒေသကြီးအတွင်းရှိ ကုန်စည်ဒိုင်များဖြစ်သည့် ပခုက္ကူကုန်စည်ဒိုင်၊ ဆိပ်ဖြူကုန် စည်ဒိုင်နှင့် မကွေးမြို့ကြက်သွန်နီပွဲရုံများသို့ ကြက်သွန်နီကုန်တင်ယာဉ်များ နေ့စဉ်ဝင်ရောက်လျက် ရှိရာ ပခုက္ကူမြို့နယ်အတွင်းရှိ မြစ်ခြေ၊ ကမ္မ စသည့်မြို့များနှင့် မြင်းခြံမြို့မှ ကြက်သွန်နီများကို ပခုက္ကူကုန်စည်ဒိုင်သို့လည်းကောင်း၊ ယောချောင်းနဘေးရှိ ကျေးရွာများမှစိုက်ပျိုးထွက်ရှိသော ကြက်သွန်နီများကို ဆိပ်ဖြူ ကုန်စည်ဒိုင်သို့လည်းကောင်း၊ ယင်းချောင်း ဝဲ/ယာရှိ ကျေးရွာများနှင့် တောင်တွင်းကြီး မြို့နယ်ရှိကြက်သွန်စိုက်တောင်သူများက မကွေးမြို့ရှိ ကြက်သွန် ပွဲရုံများ သို့အဓိက တင်ပို့ရောင်းချကြောင်းသိရသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်)တွင် ပခုက္ကူ ကုန်စည်ဒိုင်သို့ ကြက်သွန်နီကုန်အဝင်ပိဿာချိန် (၁၄၉၅၀၀)၊ ဆိပ်ဖြူကုန်စည်ဒိုင်သို့ကုန်အဝင် ပိဿာချိန် (၁၈၀၀၀၀)၊ မကွေးကြက်သွန်နီပွဲရုံများသို့ ကုန်အဝင်ပိဿာချိန်(၁၄၈၀၀)ဝင်ရောက်ကြောင်း သိရ သည်။

    ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် မကွေးတိုင်းဒေသကြီးအတွင်းသို့  ကြက်သွန်နီဝင် ရောက်မှုမှာ ပခုက္ကူကုန်စည်ဒိုင်တွင် ကုန်အဝင်ပိဿာချိန်(၉၁၇၃၉)၊ ဆိပ်ဖြူကုန်စည်ဒိုင်တွင် ကုန် အဝင်ပိဿာချိန်(၁၆၅၀၀၀)၊ မကွေးကြက်သွန်နီပွဲရုံများသို့ ကုန်အဝင်ပိဿာချိန်(၁၅၁၀၀)ဝင် ရောက်ခဲ့ပြီး ဇူလိုင်လ(ဒုတိယပတ်)နှင့်(တတိယပတ်)  ကြက်သွန်နီဝင်ရောက်မှုနှိုင်းယှဉ်ပါက ပခုက္ကူ ကုန်စည်ဒိုင်တွင် ပိဿာချိန်(၅၇၇၆၁)နှင့် ဆိပ်ဖြူကုန်စည်ဒိုင်တွင် ပိဿာချိန်(၁၅၀၀၀) လျော့နည်းခဲ့ ပြီး မကွေးမြို့ကြက်သွန်နီပွဲရုံများတွင်မူ ပိဿာချိန် (၃၀၀) ပိုမိုဝင်ရောက်လာခဲ့ကြောင်း တွေ့ရသည်။ ဇူလိုင်လ(တတိယပတ်)ထိ ကြက်သွန်နီလက်ကား/ လက်လီဈေးနှုန်းများမှာ မကွေးမြို့တွင် ကျပ် (၁၁၀ဝ၊ ၁၂၀ဝ)၊ ပခုက္ကူမြို့တွင် ကျပ်(၉၀ဝ၊ ၁၃၀ဝ)၊ ဆိပ်ဖြူမြို့တွင် ကျပ်(၉၀ဝ၊ ၁၂၀ဝ) ဈေးနှုန်း ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ ပခုက္ကူနှင့်ဆိပ်ဖြူကုန်စည်ဒိုင်မှ ဝင်ရောက်လာသော ကြက်သွန်နီများကို ဘုရင့်နောင်ပွဲရုံမှတဆင့် မြန်မာနိုင်ငံအရပ်ရပ်သို့တင်ပို့ကြောင်း၊ ပြည်ပမှဝယ် ယူမှုနည်း၍ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ဈေးအနည်းငယ်ကျဆင်းကြောင်း သိရှိရသည်။

DOCA(မကွေး)

ရေစကြိုမြို့ ပွဲရုံများ၏ ဇူလိုင်လ(တတိယပတ်) ပဲမျိုးစုံအရောင်းအဝယ်ဖြစ်မှုအခြေအနေ

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ပွဲစားများစုစည်း၍ ဈေးနှုန်းသတ် မှတ်ပြီး ပွဲရုံများတွင် ပဲမျိုးစုံ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

    ရေစကြိုမြို့၊ ပွဲရုံများ၌ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ (တတိယပတ်)တွင် မတ်ပဲ တစ်တင်းလျှင် ကျပ် (၇၀၀၀၀) ကုလားပဲ (V2) တစ်တင်းလျှင် ကျပ် (၈၃၀၀၀) ကုလားပဲ (929) တစ်တင်းလျှင် ကျပ် (၈၂၀၀၀) ပဲတီစိမ်း တစ်တင်းလျှင် ကျပ် (၁၀၀၀၀၀) နှမ်းဖြူ တစ်တင်းလျှင် ကျပ် (၉၅၀၀၀) ထောဖြူ(ကျွန်း) တစ်တင်းလျှင် ကျပ် (၇၅၀၀၀) ဖြစ်ပြီး ပဲမျိုးစုံနှင့် နှမ်းသီးနှံ ဈေးနှုန်းများ အနည်း ငယ်ကျဆင်းနေသော်လည်း လှိုင်လှိုင်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

    ရောင်းဝယ်မှုအနေဖြင့် ဇူလိုင်လ(တတိယပတ်)အတွင်း ပဲတီစိမ်း တစ်တင်းဝင်အိတ် (၁၅၀) နှမ်းဖြူ တစ်တင်းဝင်အိတ် (၂၀၀) အများဆုံးအရောင်းအဝယ်ဖြစ်ပြီး မတ်ပဲ တစ်တင်းဝင်အိတ် (၁၂၀) ကုလားပဲ(V2) တစ်တင်းဝင်အိတ် (၁၀၀) ကုလားပဲ (929) တစ်တင်းဝင်အိတ် (၁၂၀) ထောဖြူ(ကျွန်း) တစ်တင်းဝင်အိတ် (၁၀၀)ခန့်အရောင်းအဝယ်ဖြစ်ကြောင်း ကုန်သည်ပွဲစားများထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူဈေးကွက်တွင် ပဲစဉ်းငုံသီးနှံ ဈေးမြင့်တက်အရောင်းအဝယ်ဖြစ်

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဈေးကွက်၌ ဇွန်လ(ဒုတိယပတ်)တွင် ပဲစဉ်းငုံ သီးနှံများ ဈေးပြန်လည်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ ၂၀၂၅ခုနှစ်၊ သီးနှံ ပေါ်စ ဇန်နဝါရီလတွင် တစ်တင်းလျှင် ကျပ်(၁၂၆၅၀၀-၁၂၂၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ပြည်ပဈေးကွက် ဝယ်လိုအားနည်း၍ ဈေးအေးပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပဲစဉ်းငုံသီးနှံ ကို ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှ အများဆုံးစိုက်ပျိုးပြီး ပခုက္ကူပဲ ဈေးကွက်သို့ ဝင်ရောက်လျက်ရှိကြောင်း၊ ယခုရာသီချိန်တွင် တောင်သူများတွင် ပဲလက်ကျန်နည်းပြီး မြို့ပေါ်ရှိ ကုန်သည်များမှ သီးနှံလှိုင်လှိုင်ပေါ်ချိန်တွင် ဝယ်ယူသိုလှောင်ထားသော ပဲစဉ်းငုံနီများ ပြန်လည်ဖြန့်ဖြူးမှုများကြောင်း၊ ဇူလိုင်လ(တတိယပတ်)တွင် တစ်ရက်လျှင် ပဲစဉ်းငုံနီပိဿာ(၃၀) ဝင်အိတ်(၄၀၀-၇၅၀)ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

 ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဇွန်လ(ဒုတိယပတ်)တွင် တစ်တင်းလျှင် ကျပ်(၈၆၀၀၀-၈၅၀၀၀)ဖြင့်ဈေးတက်၍ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဇူလိုင်လ(တတိယပတ်)တွင် ဈေးဆက်လက် မြင့်တက်၍ ပဲစဉ်းငုံတစ်တင်းလျှင် ကျပ်(၈၈၀၀၀-၈၅၀၀၀)ဈေးဖြင့် ဈေးကွက်သို့ ကုန်ဝင်သလောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ ပခုက္ကူ ဈေးကွက် သို့ ဝင်ရောက်လာသည့် ပဲစဉ်းငုံနီများကို ရန်ကုန်၊ မန္တလေးဈေးကွက်သို့ တင်ပို့ပြီး ထိုမှတစ်ဆင့် ပြည်ပအိန္ဒိယနိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း၊ ပဲစဉ်းငုံသီးနှံသည် ပြည်ပပို့ကုန်ပဲတစ်မျိုးဖြစ်၍ ဈေးကွက်ဝယ်လိုအားပေါ်မူတည်ပြီး နေ့စဉ် နှင့်အမျှ ဈေးနှုန်းပြောင်းလဲမှုရှိကြောင်း ဈေးကွက်မှ သိရှိရသည်။

DOCA(မကွေး)

 

ပခုက္ကူမြို့၊ ကုန်စိမ်းသီးနှံဈေးကွက်တွင် ရုံးပတီသီးနှံဈေးတက်ပြီးအရောင်းအဝယ်ဖြစ်

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်အတွင်းရှိ မြစ်ခြေ၊ ကမ္မနှင့် ကျွန်းဦး၊ ကျွန်းညို၊ စံပယ်ကုန်း၊ ဆယ်ရွာ၊ ကုက္ကိုလှ၊ နန်းတော်ရပ် ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်လျက်ရှိရာ မိသားစုအပိုဝင်ငွေရရှိရန်အတွက် စိုက်ပျိုးရလွယ်ကူသော စားဖိုဆောင်သီးနှံ ရုံးပတီသီးကို တပိုင်တနိုင်စိုက်ပျိုးရာမှ စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်း သိရသည်။ ရုံးပတီသီးနှံကို ရာသီမရွေးစိုက်ပျိုးနိုင်ကြောင်း၊ ရုံးပတီသီးနှံမှာ (၃)ရက်ခြားတစ်ကြိမ်ခန့် ဆွတ်ခူးရကြောင်း၊ ယခု အချိန်တွင် မြစ်ရေတက်ချိန်ဖြစ်၍ စိုက်ခင်းများမှ ရုံပတီသီးထွက်ရှိမှုနည်း၍ ဈေးကွက်သို့သီးနှံဝင် ရောက်မှုနည်းခြင်းကြောင့် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရ သည်။

    ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် အရောင်းအဝယ်ဖြစ်သော ဈေးမှာ တောင်သူလက်ကားရောင်းဈေး တစ်ပိဿာလျှင် ကျပ်(၃၅၀၀)ဈေးဖြင့် ဖောက်သည် ပေးသွင်းရပြီး လက်လီဈေးအနေဖြင့် တစ်ပိဿာလျှင် ကျပ်(၄၅၀၀-၄၀၀၀)ပေါက်ဈေးရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကုန်စိမ်းပွဲစားများက စိုက်ခင်းသို့ ဝယ်ယူကြခြင်းအပြင် ပခုက္ကူမြို့ပေါ်ရှိ သီးနှံ ဈေးကွက်သို့လည်း တင်ပို့ရောင်းချကြောင်း၊ ရုံးပတီသီးနှံသည် ရာသီမရွေးစိုက်ပျိုးနိုင်သော သီးနှံ ဖြစ်၍ ဈေးကွက်သို့ နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။

DOCA(မကွေး)

 

ဆိပ်ဖြူကြက်သွန်နီ ဇူလိုင်လ(တတိယပတ်) ဈေးနှုန်းဈေးကွက်

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် ကြက်သွန်နီသီးနှံကို အဓိကသီးနှံ အဖြစ် နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး မြို့ပေါ်ရှိ ကြက်သွန်နီကုန်စည်ဒိုင်နှင့် ပွဲရုံဈေးကွက်တွင် နေ့စဉ် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် ကြက်သွန်နီ အဝယ် လိုက်၍ ဈေးအနည်းငယ်မြင့်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဈေးကွက်သို့ စိုက်ပျိုးမှုများ သော ကျေးရွာများမှဝင်ရောက်ပြီး တစ်ရက်လျှင် ကြက်သွန်နီပျမ်းမျှ ကုန်ချိန်ပိဿာ (၁)သောင်းခွဲခန့် ဝင်ရောက်ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရသည်။ ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ (တတိယပတ်)တွင် အရောင်းအဝယ်ဖြစ်သော ကြက်သွန်နီဈေးနှုန်းမှာ သီးနှံအရည်အသွေးလိုက်၍ တောဈေး(ဂျွန်)တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၁၁၀၀)၊ အလတ်ဈေး ကျပ်(၉၀၀)၊ အနိမ့်ဈေး ကျပ်(၇၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင်ဇူလိုင်လ(ဒုတိယပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ် ပါက ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၅၀)ခန့်ဈေးတက်၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ တောင်သူများမှ ကြက်သွန်နီဈေးကျဆင်း၍ ရောင်းချမှုနည်းခြင်းကြောင့် ဈေးကွက်သို့ ကုန်ဝင် ရောက်မှုနည်းကြောင်း၊ ပွဲရုံများမှ ကြက်သွန်နီများကို ပြန်လည်သန့်စင်ပြီး ရောင်းချသော ဈေးနှုန်းမှာ ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေး(ရှယ်) ကျပ်(၁၆၀၀)၊ လတ်ကြီးတစ်ပိဿာလျှင် ကျပ် (၁၅၀၀)၊ လတ်ချောတစ်ပိဿာလျှင် ကျပ်(၁၄၀၀)၊ လတ်သန့် တစ်ပိဿာလျှင် ကျပ်(၁၃၀၀)၊ အသေးစ တစ်ပိဿာလျှင် ကျပ်(၁၂၀၀) ဈေးအသီးသီးဖြင့် ဒေသအနှံ့အပြားသို့ ဖြန့်ဖြူးရောင်းချ လျက်ရှိကြောင်း၊ ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်း အရောင်းအဝယ်ဖြစ်သော လက်လီဈေးနှုန်းမှာ အရည်အသွေး၊ အရွယ်အစားလိုက်၍ တစ်ပိဿာလျှင် ကျပ်(၁၅၀၀- ၁၃၀၀- ၁၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

          ပြည်တွင်းဈေးကွက်အနေဖြင့် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများကို ရန်ကုန်ဘုရင့် နောင် ပွဲရုံသို့ ကုန်ချိန်အများဆုံးတင်ပို့ပြီး ပြည်ပဈေးကွက်သို့ တင်ပို့မှုနည်းကြောင်း၊ ဇူလိုင်လ(တတိယ ပတ်)တွင် ကြက်သွန်နီကုန်ချိန်ပိဿာ(၁)သိန်းခန့်၊ တန်ချိန်အားဖြင့်(၁၆၃)တန်ခန့် ကုန်စည်စီးဆင်း ခဲ့ကြောင်း ဈေးကွက်မှသိရှိရသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း