ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မကွေးမြို့ရှိကျောင်းများ၌ ဈေးနှုန်းသက်သာစွာ အသားငါး/ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များရောင်းချပေး

  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တက္ကသိုလ်/ ကောလိပ်ကျောင်းများ၌ အသားငါး/ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များကို စျေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိရာ (၂-၁-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မကွေးမြို့ရှိ မကွေးတက္ကသိုလ်/ ပညာရေးကောလိပ်/ ကွန်ပျူတာတက္ကသိုလ်/ ဆေးတက္ကသိုလ်/ နည်းပညာတက္ကသိုလ်နှင့် အခြေခံကျန်းမာရေးတက္ကသိုလ်ကျောင်းများသို့ စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ၊ စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများပူးပေါင်း၍ အသားငါး/ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များအား မော်တော်ယာဉ်များဖြင့်သယ်ယူ၍ စျေးနှုန်းချိုသာစွာသွားရောက်ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

    ထိုသို့ရောင်းချပေးနေမှုအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့်တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးကာ စီးပွားရေးရာဝန်ကြီးက တက္ကသိုလ်များရှိ အဆောင်နေကျောင်းသား/ ကျောင်းသူများ၊ ဆရာ/ ဆရာမများနှင့် ဝန်ထမ်းများအား သက်သာသောစျေးနှုန်းဖြင့် အပတ်စဉ်ရောင်းချပေးနိုင်ရေး အသားငါး/ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များသန့်ရှင်းလတ်ဆက်မှုရှိစေရေးနှင့် အခြားစားသောက်ကုန်များအမယ်စုံများ လာရောက်ရောင်းချပေးနိုင်ရေး တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် မြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများမှထွက်ရှိသော ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများနှင့် ပုစွန်ခြောက်၊ ငါးခြောက်များကို  မိကျောင်းရဲမြို့၊ တောင်တွင်းကြီးမြို့၊ သရက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ ရန်ကုန်မြို့၊ ပွင့်ဖြူမြို့၊ မန္တလေးမြို့တို့မှမှာယူ၍ ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း သိရှိရပါသည်။

    (၄-၁-၂၀၂၄)ရက်နေ့မှ (၁၀-၁-၂၀၂၄)ရက်နေ့အတွင်း ဇေယျာသီရိဈေး၌ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ပေါ်ဆန်း(ရွှေဘို)(၁)ပြည်လျှင် ကျပ်(၇၆၀၀)၊ ပေါ်ဆန်း(ဖျာပုံ) (၁) ပြည်လျှင် ကျပ်(၅၄၀၀)၊ ဧရာပဒေသာ(၁)ပြည်လျှင် ကျပ်(၅၄၀၀)၊ နှမ်းဆီ(၁)ပိဿာလျှင် ကျပ် (၁၄၀၀၀)၊ ပဲဆီ(၁)ပိဿာလျှင် ကျပ်(၁၂၅၀၀)၊ မျှင်ငပိ(၁)ပိဿာလျှင် ကျပ်(၄၈၀၀-၆၀၀၀)၊ ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၃၅၀၀)၊ ကြက်သွန်ဖြူ(ရှမ်း)(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ကြက်သွန်ဖြူ (ဗမာ)(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ငရုတ်သီး(အရောင်တင်မှုန့်) (၁)ပိဿာလျှင် ကျပ်(၂၅၀၀၀)၊ ချင်းတက်(၁)ပိဿာလျှင် ကျပ်(၇၀၀၀)၊ ပုစွန်ခြောက်(၁)ပိဿာလျှင် အကောင်အကြီး/ အလတ်/ အသေးပေါ်မူတည်၍ ကျပ်(၇၀၀၀၀-၈၀၀၀၀-၉၀၀၀၀)၊ အိမ်သုံးဆား(၁)ပိဿာလျှင် ကျပ်(၈၀၀)၊ ငရုတ်သီးစိမ်း(ကျောက်စိမ်း)(၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၁၅၀၀)၊ ခရမ်းသီး(၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ ပဲသီး(၁)ပိဿာလျှင် ကျပ်(၁၈၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ်(၂၆၀၀)၊ မုန့်ညှင်းစိမ်း(၂)ပင်လျှင် ကျပ်(၅၀၀)၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင် ကျပ်(၁၀၀၀)၊ ဂေါ်ဖီထုပ်(၁)ထုပ်လျှင် ကျပ်(၁၀၀၀)၊ မုန့်လာဥ(၃)ဥလျှင် ကျပ်(၅၀)၊ ပြောင်းဖူး (သကြား)(၁)ဖူးလျှင် ကျပ် (၄၀၀)၊ မြေပဲဆံ(၁)ပြည်လျှင် ကျပ်(၉၀၀၀)၊ ကုလားပဲ(၁)ပြည်လျှင် ကျပ်(၁၀၀၀၀)၊ ကြက်သား (CP)(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ ကြက်သား(ဗမာ)(၁)ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ ဝက်သား(၁) ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ အမဲသား(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ဆိတ်သား(၁)ပိဿာလျှင် ကျပ် (၁၆၀၀၀)၊ မြစ်ငါးကြင်း (၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ကြက်ဥ(၁၀)လုံးလျှင် ကျပ်(၂၀၀၀)၊ ဘဲဥ(၁၀) လုံးလျှင် ကျပ်(၃၈၀၀)၊ ငါးခြောက်ဈေးနှုန်းများမှာ အာဗြဲခြောက်(၁)ပိဿာလျှင် ကျပ်(၃၅၀၀၀)၊ ငါးကျည်းခြောက်(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀၀)၊ ငါးရံ့ခြောက်(၁)ပိဿာလျှင် ကျပ်(၇၀၀၀၀)၊ ငါး တံခွန်ခြောက်(၁)ပိဿာလျှင် ကျပ်(၂၅၀၀၀)၊ ငါးဘတ်ခြောက်(၁)ပိဿာလျှင် ကျပ်(၃၅၀၀၀)၊ ငါးပုတ်သင်ခြောက် (၁)ပိဿာလျှင်  ကျပ်(၂၅၀၀၀)၊ ငါးနီတူခြောက်(၁)ပိဿာလျှင် ကျပ် (၂၅၀၀၀-၃၀၀၀၀)၊ သစ်သီးဈေးနှုန်းများမှာ ပန်းသီး(၁)လုံးလျှင် ကျပ်(၃၀၀၀)၊ ရွှေလိမ္မော် (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ပျားလိမ္မော်(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ မာလကာသီး(၁)လုံး လျှင် ကျပ်(၁၀၀၀)၊ တည်သီး(၁)လုံးလျှင် ကျပ်(၂၅၀၀)၊ နာနတ်သီး(၁)လုံးလျှင် ကျပ်(၂၅၀၀)၊ စပျစ်သီး(အလုံးကြီး) (၁)ပိဿာလျှင် ကျပ်(၂၈၀၀၀)၊ စပျစ်သီး(အလုံးသေး)(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ပန်းသစ်တော်သီး(၁)လုံးလျှင် ကျပ်(၃၅၀၀-၃၈၀၀)၊ ငှက်ပျောသီး(ဖီးကြမ်း)(၁)ဖီးလျှင် ကျပ်(၂၀၀၀) စသည့်ဈေးနှုန်းအသီးသီးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

      ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင် ပုစွန်ခြောက်၊ ငါးခြောက်ဈေးနှုန်းများမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၅၀၀)ဈေးတက်ခဲ့ကြောင်း၊ ပဲဆီ၊ နှမ်းဆီမှာ တစ်ပိဿာလျှင် ကျပ် (၅၀၀)၊ ကြက်သွန်ဖြူ(ဗမာ)တစ်ပိဿာလျှင် ကျပ်(၁၀၀၀)၊ ချင်းတက်တစ်ပိဿာလျှင် ကျပ်(၁၀၀၀)၊ နနွင်းတက်တစ်ပိဿာလျှင် ကျပ်(၁၀၀၀)၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) တစ်ပိဿာလျှင် ကျပ်(၄၀၀)၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ်(၃၀၀)၊ ပဲသီးတစ်ပိဿာလျှင် ကျပ်(၂၀၀)၊ အာလူးတစ်ပိဿာလျှင် ကျပ် (၂၀၀)၊ ပန်းဂေါ်ဖီတစ်ပိဿာလျှင် ကျပ်(၃၀၀)၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ်(၂၀၀)၊ မုန့်လာဥတစ်ပိဿာလျှင် ကျပ်(၁၅၀)၊ ပြောင်းဖူးတစ်ဖူးလျှင် ကျပ်(၁၀၀)၊ ကုလားပဲတစ်ပိဿာလျှင် ကျပ်(၅၀၀)၊ မြစ်ငါးကြင်းတစ်ပိဿာလျှင် ကျပ်(၂၀၀၀) စသည်ဖြင့် ဈေးနှုန်းအသီးသီးလျော့နည်းခဲ့ကြောင်း၊ ကုန်စိမ်းသီးနှံမှာ လှိုင်လှိုင်ထွက်ရှိသည့်အချိန်အခါဖြစ်၍ ဈေးနှုန်းလျော့နည်းရခြင်းဖြစ်ကြောင်း ဇေယျာသီရိဈေးအတွင်းရှိ ရောင်းချသည့်ဈေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)

 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မင်းဘူးခရိုင်နှင့် သရက်ခရိုင်တို့တွင် စပါး/ဆန်ဈေးနှုန်းများမြင့်တက်လျက်ရှိ

 မကွေးတိုင်းဒေသကြီးသည် ဆန်လိုတိုင်းဒေသကြီးဖြစ်၍ စပါးအဓိကစိုက်ပျိုးထွက်ရှိရာ အခြားတိုင်း/ပြည်နယ်များမှတင်သွင်းရပါသည်။ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(၃)ရက်နေ့မှ (၉)ရက်နေ့အတွင်း ယခင်အပတ်ထက် စပါးဧရာပဒေသာ(၁)တင်းလျှင် ကျပ်(၁၀၀၀)၊ ဧည့်မထနွေ/မိုး(၁)တင်းလျှင်  ကျပ် (၂၀၀၀)၊ မကွေးခရိုင်တွင် ဆန် ပေါ်ဆန်းမွှေး(၂၄)ပြည်ပါ(၁)အိတ်လျှင် ကျပ်(၁၆၀၀၀)၊ မနောသုခတစ်အိတ်လျှင် ကျပ်(၇၀၀၀)၊ ရတနာတိုးတစ်အိတ်လျှင် ကျပ်(၃၀၀၀)၊ မင်းဘူးခရိုင်တွင် ပေါ်ဆန်းမွှေးတစ်အိတ်လျှင် ကျပ်(၅၀၀၀)၊ သရက်ရိုင်တွင် ပေါ်ဆန်းမွှေးတစ်အိတ်လျှင် ကျပ်(၁၅၀၀၀)၊ ဧရာပဒေသာတစ်အိတ်လျှင် ကျပ်(၃၀၀၀)၊ မနောသုခတစ်အိတ်လျှင် ကျပ်(၁၀၀၀) စသည်ဖြင့် ဈေးနှုန်းအသီးသီးမြင့်တက်လာကြောင်းသိရှိရပါသည်။ ဆန်၊ စပါးဈေးနှုန်းများမှာ ငွေကြေးမူဝါဒပြောင်းလဲလိုက်သည့်အတွက် ပြည်ပသို့တင်ပို့ရောင်းချသည့် Export လုပ်ငန်းရှင်များက ဆန်ဈေးမြင့်ပြီး ဝယ်ယူကြသောကြောင့် ဆန်းစပါးဈေးနှုန်းများမြင့်တက်ရခြင်းဖြစ်ကြောင်း  သိရှိရပါသည်။

      မကွေးတိုင်းဒေသကြီးအတွင်း မင်းဘူးခရိုင်၊ မင်းဘူး၊ ပွင့်ဖြူ၊ စလင်းနှင့် မကွေးခရိုင်၊ မြို့သစ်၊ တောင်တွင်းတို့တွင် ဧရာပဒေသာစပါးကိုအဓိကစိုက်ပျိုးကြပြီး (၉.၁.၂၀၂၄)ရက်နေ့ တွင်ဖြစ်ပေါ်နေသော စပါးဈေးနှုန်းများမှာ ဧရာပဒေသာ(၁)တင်းလျှင် ကျပ်(၃၅၀၀၀)၊ မနောသုခ(သစ်)(၁)တင်းလျှင် ကျပ်(၂၃၀၀၀)၊ ဧည့်မထနွေ(အဟောင်း)(၁)တင်းလျှင် ကျပ်(၂၂၀၀၀)၊ ဧည့်မထမိုး(အသစ်) ကျပ်(၁၉၀၀၀)ဖြစ်ပြီး ဆန်ဈေးနှုန်းများမှာ မကွေးခရိုင်တွင် ပေါ်ဆန်းမွှေး(၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၆၀၀၀၀)၊ ဧရာပဒေသာ(၁)အိတ်လျှင် ကျပ်(၁၄၀၀၀၀)၊ မနောသုခ(၁)အိတ်လျှင် ကျပ်(၉၅၀၀၀)၊ ရတနာတိုး(၁)အိတ်လျှင် ကျပ်(၇၅၀၀၀)၊ မင်းဘူးခရိုင်တွင် ပေါ်ဆန်းမွှေး(၁)အိတ်လျှင် ကျပ်(၁၂၅၀၀၀)၊ ဧရာပဒေသာ(၁)အိတ်လျှင် ကျပ်(၁၃၀၀၀၀)၊ မနောသုခ(၁)အိတ်လျှင် ကျပ်(၈၅၀၀၀)၊ သရက်ခရိုင်တွင် ပေါ်ဆန်းမွှေး(၁)အိတ်လျှင် ကျပ်(၁၄၀၀၀၀)၊ ဧရာပဒေသာ(၁)အိတ်လျှင် ကျပ်(၁၀၅၀၀၀)၊ မနောသုခ(၁)အိတ်လျှင် ကျပ်(၈၀၀၀၀)၊ အောင်လံခရိုင်တွင် ပေါ်ဆန်းမွှေး(၁)အိတ်လျှင် ကျပ်(၁၆၈၀၀၀)၊ ဧရာပဒေသာ(၁)အိတ်လျှင် ကျပ်(၁၂၅၀၀၀)၊ မနောသုခ(၁)အိတ်လျှင် ကျပ်(၇၅၀၀၀)၊ ရတနာတိုး(၁)အိတ်လျှင် ကျပ်(၆၅၀၀၀)၊ ချောက်ခရိုင်တွင် ပေါ်ဆန်းမွှေး(၁)အိတ်လျှင် ကျပ် (၁၅၀၀၀၀)၊ ဧရာပဒေသာ(၁)အိတ်လျှင် ကျပ်(၁၅၀၀၀၀)၊ မနောသုခ(၁)အိတ်လျှင် ကျပ်(၉၀၀၀၀)၊ ရတနာတိုး(၁)အိတ်လျှင် ကျပ်(၇၀၀၀၀)၊ ပခုက္ကူခရိုင်တွင် ပေါ်ဆန်းမွှေး(၁)အိတ်လျှင် ကျပ်(၁၃၅၀၀၀)၊ ဧရာပဒေသာ(၁)အိတ်လျှင် ကျပ်(၁၂၅၀၀၀)၊ မနောသုခ(၁)အိတ်လျှင် ကျပ်(၉၀၀၀၀)၊ ဂန့်ဂေါခရိုင်တွင် ပေါ်ဆန်းမွှေး(၁)အိတ်လျှင် ကျပ်(၁၆၀၀၀၀)၊ ဧရာပဒေသ(၁)အိတ်လျှင် ကျပ်(၁၃၁၀၀၀)၊ မနောသုခ(၁)အိတ်လျှင် ကျပ် (၁၀၀၀၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကုန်ဇောင်းဧရာပဒေသာဆန်မှာ ဆီးချိုသမားများ ဝယ်ယူစားသုံးမှုများ၍ ရွှေဘိုပေါ်ဆန်းဈေးနှုန်းနှင့်အတူတူဖြစ်ကြောင်းသိရှိရပါသည်။

   မကွေးတိုင်းဒေသကြီး၊ မကွေးမြို့သို့ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၁-၁-၂၀၂၄)ရက်နေ့မှ (၉-၁-၂၀၂၄) ရက်နေ့အထိ အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ ဆန်စီးဝင်မှုမှာ စပါးအဓိကစိုက်ပျိုးထွက်ရှိသည့် ဧရာဝတီတိုင်းမှ ဆန်(၁၄၇၂၂)အိတ်၊ မန္တလေးတိုင်းမှ (၅၄၀)အိတ်၊ ရန်ကုန်တိုင်းမှ (၁၁၃၀)အိတ်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၅၂၃)အိတ်၊ စုစုပေါင်း (၁၇၉၁၅)အိတ်၊ (၈၉၅.၇၅)တန်စီးဝင်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

မုံရွာမြို့နယ်တွင် ဆီးပန်းသီးများကို ခူးဆွတ်ရောင်းချလျက်ရှိ

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ သက္ကယ်ချင်း၊ လယ်ဇင်၊ ပုလ္လင်၊ ဇီးကျွန်းနှင့် မအူကျေးရွာများ၌ ဆီးပန်းသီးပင်များကို အများဆုံးစိုက်ပျိုးကြကြောင်းသိရသည်။ တစ်ဧကလျှင် ၁၅ပေပတ်လည်အကျယ်ဖြင့် အပင်၁၀၀ခန့်စိုက်ပျိုးနိုင်ပြီး ဇွန်လ (သို့မဟုတ်) ဇူလိုင်လမှစတင်၍ ဆီးပန်းသီး ကိုင်းကူးပျိုးပင်တစ်ပင်လျှင် ငွေကျပ်၄၀၀နှုန်းဖြင့် ဝယ်ယူစိုက်ပျိုးကာ နိုဝင်ဘာလ ဒီဇင်ဘာလနှင့် ဇန်နဝါရီ လတို့တွင် ဆီးပန်းသီးပင်များကို ခူးဆွတ်ရောင်းချရကြောင်းသိရသည်။ ဆီးပန်းသီးတစ်ဧကမှ  တစ်နေ့လျှင် ဆီးပန်းသီး ပြည်၆၀ကျော် (လေးတင်းခန့်)ခူးဆွတ်ရရှိကြောင်းနှင့် ဆီးပန်းသီးတစ်ပြည်လျှင် ငွေကျပ်၁၅၀၀နှုန်း၊ လက်ရွေးတစ်ဖာလျှင် ငွေကျပ်၁၅၀၀၀နှုန်းဖြင့် မုံရွာ-မန္တလေးကားလမ်းမကြီးပေါ်တွင် ဆိုင်များဖွင့်လှစ်ရောင်းချခြင်းနှင့် ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် ပျိုးပင်၊ ထွန်ယက်ခ၊ မြေပြုပြင်ခြင်း၊ မြေဩဇာနှင့် လုပ်သားခအပါအဝင် စုစုပေါင်းငွေကျပ် ၁၄သိန်းခန့် ကုန်ကျကြောင်း၊ တစ်ဧကလျှင် ဆီးပန်းသီး ပြည်၂၀၀၀ကျော်ခန့်ထွက်ရှိရာ ဝင်ငွေအနေဖြင့် ငွေကျပ် သိန်း၃၀ခန့်ရရှိကြောင်း၊ တစ်ဧက အကျိုးအမြတ်အနေဖြင့် ငွေကျပ်တစ်ဆယ့်ခြောက်သိန်းခန့်ရရှိကာ တွက်ချေကိုက်၍ အဆင်ပြေနေကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မြန်မာ့လူမျိုးတို့အကြိုက် ရာသီပေါ်တို့စာရာ “ခံတတ်ချဉ်” ဈေးကွက်

    ငါးပိနှင့်တို့စရာတို့ကို မြန်မာထမင်း၊ ဟင်း၊ ဟင်းချိုတို့နှင့်အတူ မြန်မာလူမျိုးတို့ အဓိကစားသုံးလျက်ရှိပြီး ထမင်းကို ဟင်းနှင့်တွဲဖက်၍ မစားရစေကာမူ ငါးပိ၊ တို့စရာတို့နှင့်တွဲဖက်၍ မစားရလျှင် ထမင်းမြိန်မြိန်စားသောက်ရသည်ဟု မြန်မာတို့က မယူဆကြောင်း၊  အထူးသဖြင့် တောင်သူလယ်သမားနှင့် အခြေခံလူတန်းစားများမှာမူ ငါးပိကို မပါမဖြစ် အဓိက အစားအစာတစ်ခုအဖြစ် စားသုံးလျက်ရှိပါသည်။

    ရာသီပေါ် ခံတက်ရွက်နုများကို အချဉ်တည်ကာ တို့စရာခံတက်ချဉ်များအဖြစ် အချဉ်ဖောက်ကာ ရောင်းချလျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည့်အပြင် လက်သုပ်အဖြစ် သုပ် စားလေ့ရှိကြသည်။ ပုသိမ်မြို့ဒေသအနီးရှိ ရပ်ကွက်များနှင့် ကျေးရွာများမှ (၃) ရက်ခြားတစ်ခါပြုလုပ်၍ ပုသိမ်မြို့အတွင်းရှိစျေးကွက်သို့ တင်ပို့ရောင်းချပြီး မိသားစုအပိုဝင်ငွေရရှိလျက် ရှိ‌ကြောင်းသိရသည်။

    ခံတက်ရွက်နုနုကို ဦးစွာပထမ ဆားရည်စိမ်၍ (၁) ညသိပ်ပြီး နောက်နေ့နံနက်လျှင် ရေအသစ်လဲကာ အိုးသန့်သန့်ထဲသို့ထည့်၍ ဆန်ဆေးရေ၊ ဆား၊ ထမင်းအနည်းငယ်ကိုထည့်၍ ဖက်လုံလုံ ဖြင့်ပိတ်ထား၍ အချဉ်တည်ကြပါသည်။ တချို့မှာမူ မန်ကျည်းမှည့်ဖြင့်ပြုတ်၍လည်း အချဉ်တည်စားသုံးလျက်ရှိသည့်အပြင် ခံတက်ချဉ်ကို ခရမ်းချဉ်သီးငါးပိချက်၊ ငါးငါးပိရည်ကျို၊ ငရုတ်သီး စပ်စပ်ဟင်းများနှင့်တွဲကာ တို့စရာအဖြစ် တွဲဖက်စားသောက်လေ့ရှိပြီး ဈေးနှုန်းမှာ ခံတက်ချဉ်တစ်စည်းလျှင် (၂၀၀-၃၀၀-၄၀၀) ကျပ်ဈေးနှုန်းတို့ဖြင့် ဈေးကွက်၌ အသီးသီးရောင်းချလျက် ရှိကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

“ တစ်ပတ်အတွင်း စားအုန်းဆီ ထုတ်ပေးမှုအခြေအနေ ” (၁.၁.၂၀၂၄ မှ ၆.၁.၂၀၂၄)

   ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်ရှိ  သီလဝါစက်မှုဇုန်၊ Wilmar ဆီကန်မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များနှင့် အခြားတိုင်းဒေသကြီးပြည်နယ်များရှိ ကိုယ်စားလှယ်များသို့ စားအုန်းဆီနေ့စဉ် ထုတ်ပေးလျက်ရှိပါသည်။ စားအုန်းဆီအား ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အပတ်စဉ်ထုတ်ပြန်ထားသော အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအပေါ် လက်ကားပြန်လည် ဖြန့်ဖြူးရောင်းချသူများအနေဖြင့် ဒေသအရောက်ဈေးနှုန်းများအပေါ် (၂)ရာခိုင်နှုန်းအမြတ်ထက် မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချစေရေး ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်စေရေးတို့အတွက်လည်း ဝန်ထမ်းများမှကွင်းဆင်းကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် (၁.၁.၂၀၂၄)ရက်နေ့မှ (၆.၁.၂၀၂၄)ရက်နေ့အထိ ဆီကုမ္ပဏီ (၁၉)ခုနှင့် စားအုန်းဆီတန်ချိန် (၆၁၈၄.၈၈၃)တန်ကို ထုတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

“ ကော့မှူးမြို့နယ်၌ မိုးစပါးဧက ၈၈၀၉၉ ရာနှုန်းပြည့် ရိတ်သိမ်းခြွေလှေ့ပြီးစီးမှုအခြေအနေ ”

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ၂၀၂၃-၂၀၂၄ခုနှစ်၊ မိုးစပါးစိုက်ခင်း သီးနှံများမှာ ရိတ်သိမ်းခြွေလှေ့ချိန်ရောက်ရှိလာပြီဖြစ်၍ ဒေသခံတောင်သူများအနေဖြင့် သီးထပ်၊ သီးညှပ်ဆောင်းသီးနှံများ အချိန်မီစိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် နိုဝင်ဘာလ ဒုတိယပတ်မှစပြီး ရိတ်သိမ်းခြွေလှေ့စက်များဖြင့် လှိုင်လှိုင်ရိတ်သိမ်းခြွေလှေ့လျက်ရှိရာ ယနေ့အထိ တစ်မြို့နယ်လုံး မိုးစပါးသီးနှံစိုက်ဧက စုစုပေါင်း ၈၈၀၉၉အား ရာနှုန်းပြည့် ရိတ်သိမ်းခြွေလှေ့ပြီးဖြစ်ကြောင်း လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရပါသည်။

   ကော့မှူးမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးချိန်တွင် ဆန်စပါးစိုက်ပျိုးထုတ်လုပ် မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရန်နှင့် ပြည်ပသို့တင်ပို့နိုင်ရေး အတွက် ရည်ရွယ်၍ ဒေသခံတောင်သူများက တစ်မြို့လုံးမိုးစပါးသီးနှံစိုက်ဧက ၈၈၀၉၉ အား စိုက်ပျိုးနိုင်ခဲ့ကြောင်း ဒေသခံတောင်သူများအဓိကစိုက်ပျိုးသည့်သီးနှံများမှာ ရက်(၉၀) ၈၆၅၈ ဧက၊ ဇီယာ ၉၉၉ ဧက၊ ဧည့်မထ (အထွက်ကောင်း) ၁၉၅ ဧက၊ ငစိန် ၃၃၈၄၀ ဧက၊ ဖြီးဒုံး ၂၁၆၅၅ ဧက၊ ငကျွဲ (တောင်ပျံ) ၁၉၈၀၂ ဧက၊ ကောက်ညှင်း ၈၂၄ ဧကစသည့် စပါးမျိုးများကို အဓိကထားစိုက်ပျိုးကြကြောင်း သိရပါသည်။

    ယခုအခါ ဒေသခံတောင်သူများစိုက်ပျိုးထားသည့် မိုးစပါးစိုက်ခင်းများမှ ရိတ်သိမ်းခြွေလှေ့ချိန် ရောက်ရှိလာပြီဖြစ်သလို ဒေသခံတောင်သူများက သီးထပ်၊ သီးညှပ် ဆောင်းသီးနှံများဖြစ်သော နွေစပါး၊ နေကြာ၊ ပဲအမျိုးမျိုး၊ နှံစားပြောင်း၊ ပန်းအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်သီးနှံများ အချိန်မီပြန်လည်စိုက်ပျိုးလုပ်ကိုင်နိုင်ရန်အတွက် နိုဝင်ဘာလ ဒုတိယပတ်မှစတင်ပြီး ရိတ်သိမ်းခြွေ လှေ့စက်များ ငှားရမ်း၍ လှိုင်လှိုင်ရိတ်သိမ်းခြွေလှေ့လျက်ရှိရာ ယနေ့အထိ တစ်မြို့နယ်လုံး မိုးစပါး စိုက်ဧက ၈၈၀၉၉ဧက အားလုံးရာနှုန်းပြည့် ရိတ်သိမ်းခြွေလှေ့ပြီးစီးပြီဖြစ်ရာ စပါးအထွက်နှုန်းအနေဖြင့် တစ်ဧကပျမ်းမျှ ၆၆.၆၁ တင်းခန့်ထွက်ရှိကြောင်း ကော့မှူးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရပါသည်။

DOCA(ရန်ကုန်)

 

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီဝင်ရောက်ရာဒေသများနှင့် ဈေးနှုန်းများ

    ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင် ကုန်စည်ဒိုင်သို့  နေ့စဉ် မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏  ကြက်သွန်နီ လက်ကျန်အခြေအနေများအား  အမှန်ကန်ဆုံး သိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ  ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ နေ့စဉ်ဝင်ရောက်မှု စာရင်းများအရလည်းကောင်း၊ ကြက်သွန်နီလက်ကျန် အခြေအနေအား နေ့စဉ် စုံစမ်းလျက်ရှိပါသည်။ ဇန်နဝါရီလ ( ၂ ) ရက်မှ ဇန်နဝါရီလ ( ၈ ) ရက်နေ့အထိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်ရာဒေသများ ဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ ပခုက္ကူ၊ မိတ္ထီလာ၊ မြစ်သား ဒေသတို့မှ ကြက်သွန်နီ (၉၇၂၀၀၀) ပိဿာဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၃၈၈၈၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင် သတင်းအရ သိရှိရသည်။ ပခုက္ကူ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၁၈၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၂၃၀၀ ၊ အကြီးမှာ ကျပ် ၃၀၀၊ မြင်းခြံ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၁၆၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၂၃၀၀ ၊ အကြီးမှာ ကျပ် ၂၈၀၀၊ ရှယ်မှာ ကျပ် ၃၀၀၀၊ မြစ်သား ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၃၁၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၃၅၀၀ ၊ အကြီးမှာ ကျပ် ၃၅၀၀၊ ရှယ်မှာ ကျပ် ၃၅၀၀၊  ဆိပ်ဖြူ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၁၆၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၂၂၀၀ ၊ အကြီးမှာ ကျပ် ၂၈၀၀၊ ရှယ်မှာ ကျပ် ၃၀၀၀၊  မိတ္ထီလာ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၁၈၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၂၃၀၀ ၊ အကြီးမှာ ကျပ် ၃၀၀၀၊ ရှယ်မှာ ကျပ် ၃၃၀၀  ဈေးတို့အသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ပုဇွန်တောင်ဈေးအတွင်းရှိ အသား/ငါးဈေးနှုန်းများ

 

    ၂၀၂၄ ခုနှစ် ဇန်နဝါရီလ၊ ဒုတိယပတ်အတွင်း ပုဇွန်တောင်ဈေးအတွင်းရှိ အသား/ငါး ဈေးနှုန်းများမှာ ဝက်သား ၁ ပိဿာလျှင် (၁၆၀၀၀ ) ကျပ်၊ဘဲသား ၁ ပိဿာလျှင် (၁၂၀၀၀ -၁၄၀၀၀) ကျပ်၊ ဆိတ်သား ၁ ပိဿာလျှင် (၂၈၀၀၀) ကျပ်၊ အမဲသား၁ ပိဿာလျှင် (၁၈၀၀၀) ကျပ်၊ မွေးမြူရေးကြက် ၁ ပိဿာလျှင် (၉၀၀၀-၁၀၀၀၀) ကျပ်၊ မြန်မာကြက် ၁ ပိဿာလျှင် (၁၉၀၀၀-၂၁၀၀၀) ကျပ်၊ ငါးကြင်း ၁ ပိဿာလျှင် (၁၃၀၀၀-၁၄၀၀၀) ကျပ်၊ ငါးမြစ်ချင်း ၁ ပိဿာလျှင် (၆၀၀၀-၇၀၀၀) ကျပ်နှင့် ပင်လယ်ငါး ၁ပိဿာလျှင် (၆၀၀၀-၇၀၀၀) ကျပ်ထိလည်းကောင်း ဈေးနှုန်းအသီးသီးဖြင့် ပုဇွန်တောင်ဈေးအတွင်း အရောင်းဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

  ယခင်အပတ်နှင့် နှိုင်းယှဉ်ရာတွင် ဈေးနှုန်များမှာပြောင်းလဲမှု မရှိသော်လည်း စားသုံးသူများအနေဖြင့် အသား/ငါး ဝယ်ယူမှု နည်းပါးလာကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ပုဇွန်တောင်ဈေးအတွင်းရှိ ဆန်ဈေးနှုန်းများ

    ၂၀၂၄ ခုနှစ် ဇန်နဝါရီလ၊ ဒုတိယပတ်အတွင်း ပုဇွန်တောင်ဈေးအတွင်း ရောင်းနေသော ဆန်ကြမ်း/ချော အမျိုးအစားအလိုက် ဈေးနှုန်းများမှာ (ထိပ်စ/လတ်စ/နိမ့်စ)များတွင်  ဧည်မထ ၁အိတ်လျှင် (၈၇၅၀၀ - ၈၅၅၀၀ - ၈၀၀၀၀)ကျပ်၊ မနောသုခ ၁အိတ်လျှင် (၉၉၀၀၀ - ၉၄၅၀၀ - ၉၀၀၀၀ကျပ်)ထိ လည်းကောင်း၊ ရွှေဘိုပေါ်ဆန်းမွှေး ၁အိတ်လျှင် (၁၇၈၅၀၀ – ၁၇၁၀၀၀ - ၁၆၆၅၀၀ကျပ်)ထိ၊  ပေါ်ဆန်းမွှေး(ပုသိမ်) ၁အိတ်လျှင်  ၁၄၂၅၀၀ကျပ်) ဖြင့်လည်ကောင်း၊  ပေါ်ဆန်းမွှေး(ဖျာပုံ) ၁အိတ်လျှင် ၁၃၈၀၀၀ ကျပ်ဖြင့် လည်းကောင်း၊  ပေါ်ဆန်းမွှေး(မြောင်းမြ) ၁အိတ်လျှင်  ၁၃၀၅၀၀ ကျပ် ဖြင့်လည်းကောင်း အရောင်းအဝယ်ရှိခဲ့ပါသည်။ ပထမပတ်နှင့် ဒုတိယပတ် ဈေးနှုန်းနှိုင်းယှဉ်ချက်အရ ဆန်အသစ်ပေါ်ချိန် ဖြစ်သော်လည်း ဈေးနှုန်းပြောင်းလဲခြင်းမရှိ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း