ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်တွင် ရောင်းချလျက်ရှိသော အခြေခံစားကုန်အခြေအနေ

   ၂၀၂၅ခုနှစ် ဇူလိုင်လတတိယပတ်တွင်း မြိတ်မြို့တွင် အခြေခံစားကုန်ဈေးနှုန်းမှာ ဖျာပုံဆန် တစ်ပြည်လျှင် (၅၇၀၀)ကျပ်၊ ဧည့်မထ(စူပါ)တစ်ပြည်လျှင် (၃၁၀၀)ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် (၇၂၉၀)ကျပ်၊ ငရုတ်သီးခြောက် တစ်ပိဿာလျှင် (၁၂၅၀၀)ကျပ်၊ ကြက်သွန်နီတစ်ပိဿာလျှင် (၂၂၀၀)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ ကြက်သွန်နီ(ကြူဂုတ်)တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ချင်း တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ မြေပဲဆံတစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ ကုလားပဲခြမ်းတစ် ပိဿာလျှင် (၈၀၀၀)ကျပ်၊ အာလူးတစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ဂေါ်ဖီထုတ်တစ်လုံးလျှင် (၃၅၀၀)ကျပ်၊ ခရမ်းချဥ်သီး တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ကြက်သား(cp)တစ်ပိဿာလျှင် (၂၁၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာ လျှင် (၃၅၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၂၇၀၀၀) ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် (၄၁၀၀၀) ကျပ်ဖြင့် ရောင်းချကြကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

တနင်္သာရီတိုင်း၊မြိတ်မြို့ပေါ်ရှိ ကင်းမွန်ခြောက်ဈေးနှုန်း

    ကင်းမွန်များကို ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သော တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် မီးထွန်းထားသော ကင်းမွန်ဖမ်းလှေများဖြင့် ဖမ်းယူကြလေ့ရှိကြပြီး ကင်းမွန်ကိုရေခဲရိုက်၍ လည်းကောင်း အခြောက်လှန်း၍လည်းကောင်း ပြည်တွင်း/ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိ ကြကြောင်း သိရှိရပါသည်။ ကင်းမွန်ခြောက်ပြုလုပ်ရာတွင် သဘာဝအလျောက်အနေဖြင့် အခြောက် လှန်းခြင်းနှင့် ပြုတ်၍အခြောက်ပြုလုပ်ခြင်းဟူ၍ (၂)မျိူးရှိကြပြီး သဘာဝအနေဖြင့် အခြောက်ပြုလုပ် ထားသော ကင်းမွန်ခြောက်များ ပြုလုပ်ရောင်းချကြကြောင်း သိရှိရပြီး ဝယ်ယူသူများများပြားကြောင်းလည်း သိရှိရပါသည်။ ကင်းမွန်ခြောက်များထဲမှ ကင်းမွန်ခြောက် အငယ်များကို သနပ်နှင့် အကြောက်အလှော်များတွင် ဈေးသက်သာသောကြောင့် သုံးစွဲလျက်ရှိကြောင်း သိရှိရပါသည်။ 

    ၂၀၂၅ခုနှစ်၊ ဇူလိုင်လတတိယပတ်တွင် မြိတ်မြို့ပေါ်ရှိ ကင်းမွန်ခြောက်အငယ်ဈေးနှုန်းများမှာ နို့စည်ဗူး တစ်ဗူးလျှင် (၅၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

 

မြိတ်မြို့ပေါ်ရှိ ပအုန်းရည်ဈေးနှုန်း

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့သည် ပင်လယ်ရေပတ်လည်ဝန်းရံလျက်ရှိသော မြို့တစ်မြို့ဖြစ်ပြီး ဓနိပင်များ အများအပြားပေါက်ရောက်သော မြို့ဖြစ်သည်။ အဆိုပါဓနိပင်များသည် ဓနိပျား၊ ဓနိရည်များထွက်ရှိလျက်ရှိပြီး မြိတ်ဒေသအတွက် အစားအသောက်များတွင် အဓိက အသုံးပြုသော ပအုန်းရည် (သို့)သဘာဝရှာလကာရည်များကို ထုတ်ယူကြပါသည်။ ပအုန်းရည်သည် မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသပင်လယ်ကမ်းစပ်အနီးတွင် ပေါက်ရောက်သော ရေငန်ပင်ဖြစ်သည့် ဓနိပင်မှထုတ်ယူရရှိသော ဓနိရည်ကို အချဥ်ဖောက်ထားသော အရည် ဖြစ်သည်။

     ၂၀၂၅ခုနှစ်တွင် ဇူလိုင်လတွင် မြိတ်မြို့ပေါ်ရှိ ပအုန်းရည်တစ်ဘူးလျှင် (၁၅၀၀)ကျပ်ရှိကြောင်း  သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိကွမ်းရွက်ဈေးနှုန်း

     ကွမ်းရွက်သည် ဆေးဖက်ဝင်ပစ္စည်းတစ်မျိုးဖြစ်သည့်အပြင် မြန်မာလူမျိုးများ အများဆုံး စားသုံးကြသည့် ကွမ်းယာတွင်မပါမဖြစ်သော အဓိကပါဝင်ပစ္စည်းတစ်မျိုးဖြစ်သည်။ ကွမ်းရွက်ကို မိုးကာလတွင် အများဆုံးစိုက်ပျိုးကြပြီး မိုးနှင့် ဆောင်းကာလများတွင် ဈေးကောင်းရရှိကြောင်း သိရှိရပါသည်။

    ယခု၂၀၂၅ခုနှစ်ဇူလိုင်လတတိယပတ်တွင် ကွမ်းရွက်အချောတစ်စည်းလျှင် (၁၁၀၀)ကျပ်ရှိ ပြီး ကွမ်းရွက်အကြမ်းတစ်စည်းလျှင် (၈၀၀)ကျပ်ရှိကြောင်း ကွမ်းရွက်ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ထန်းသီးဈေးကွက်

     ထန်းသီးကို မြိတ်မြို့၊ ဘုရားကိုင်လမ်းမတန်းနှင့် ကန်ကြီးရပ်ဘုရားကြီး တန်းလမ်း မတွင် အရောင်းသွက်လျက်ရှိပါသည်။ ကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်စေပါ သည်။ ထန်းသီး၏ ဆိုးကျိုးမှာ ဌက်ပျောသီးနှင့်စားသုံးရန် မသင့်တော်သော အသီးတစ်မျိုး ဖြစ်သည်။ မိတ်ရောဂါပေါ်တွင် ထန်းသီးဆံကို ကပ်ပေးခြင်းဖြင့် မိတ်ရောဂါ ကို သက်သာစေပါ သည်။ တပို့တွဲလနှင့် တပေါင်းလတွင် စတင်သီးချိန်ဖြစ်ပြီး တန်ခူးလ တွင် ကွဲချိန်ဖြစ်သည်ဟု သိရှိရပါသည်။ ထန်သီးတစ်လုံလျှင် ထန်းသီးဆံ သုံးခုမှ လေးခု အထိပါရှိပြီး အရည်ရွှမ်း၍ ချိုမွှေးသော အရသာရှိပါသည်။

    ယခု၂၀၂၅ခုနှစ်၊ ဇူလိုင်လတတိယပတ်တွင် မြိတ်မြို့ပေါ်တွင် ဖြစ်ပေါ်နေသော ထန်းသီးဈေးနှုန်းမှာ တစ်လုံးလျှင် (၂၀၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိဘိလပ်မြေဈေးနှုန်း

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် ယခုဇူလိုင် အိမ်ဆောက်ပစ္စည်းများ အရောင်း အဝယ်ကောင်းလျက်ရှိပါသည်။ အိမ်ဆောက်ပစ္စည်းများထဲမှ ဘိလပ်မြေသည်မရှိမဖြစ်သော အရာ ဖြစ်သည်။ ဘိလပ်မြေများကို ပြည်တွင်းဘိလပ်မြေစက်ရုံများမှ ဝယ်ယူသုံးစွဲကြသည့်အပြင် ပြည်ပ ဘိလပ်မြေများကိုလည်း ဝယ်ယူသုံးစွဲကြောင်းသိရှိရပါသည်။ ယခုမြိတ်မြို့ပေါ်တွင် ဘိလပ်မြေ ဈေးနှုန်းများ အရောင်းနည်းနေကြောင်း သိရှိရပါသည်။

     မြိတ်ခရိုင် မြိတ်မြို့နယ်တွင် ရောင်းချနေသောဘိလပ်မြေများဖြစ်သည့်  ဆင်နီ တစ်အိတ်လျှင်  (၃၂၀၀)ကျပ်၊ ကြံ့တစ်အိတ်လျှင် (၂၉၀၀၀)ကျပ်၊ Apacheတစ်အိတ်လျှင် (၂၉၀၀၀)ကျပ်ရှိကြောင်း သိရပါသည်။

DOCA(တနင်္သာရီ)

 

ခဝဲ စိုက်ပျိုးဝင်ငွေတိုး

 ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင် လျက်ရှိရာ စားဖိုဆောင်သီးနှံ ဖြစ်သည့် ပဲတောင့်ရှည်သီး၊ ခဝဲသီး၊ ချဉ်ပေါင်ရွက်၊ ရုံးပတီသီး၊ ခရမ်းသီးနှင့် ကန်ဇွန်းရွက်များကို စိုက်ပျိုးလျက်ရှိသည့်အနက် ခဝဲသီးကိုလည်း တစ်ပိုင်တစ်နိုင် စိုက် ပျိုးကြကြောင်းသိရသည်။ တောင်သူများသည် ခဝဲသီးကို မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးကြပြီး အစေ့တိုက်ရိုက်ချ မြေမြုပ်စိုက်ပျိုးကြကြောင်း၊ ခဝဲသည် နွယ်ပင်အမျိုးအစား ဖြစ်သည့်အတွက် စင်တင်စိုက်ပျိုးပြီး စင်များပြုလုပ်ပေးရကြောင်းသိရသည်။

 ခဝဲသီးများသည် ကျွန်းလှမြို့ပေါ်ရပ်ကွက်နှင့် ကျွန်းလှမြို့နယ် ရှမ်းစုကျေးရွာ၊ မန်ကျည်းအင်း ကျေးရွာနှင့် အခြားသောကျေးရွာများမှ ထွက်ရှိကြောင်း ယခု ဇူလိုင်လစတုထ္ထပတ်အတွင်း ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသည့် ခဝဲသီးဈေးနှုန်းများမှာ လက္ကား(၁)ပိဿာလျှင်(၂၇၀၀) ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၃၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၁၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိသောကြောင့်  ခဝဲသီးကို ထမင်းဆိုင်များ၊ စားသောက်ဆိုင်များမှ အများဆုံး အသုံး ပြုကြသည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များ ထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော ခရမ်းသီးဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ စားဖိုဆောင် သီးနှံ ဖြစ်သည့် ခရမ်းသီးများကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

 ခရမ်းသီးမှာဆိုရင် ဗီတာမင်တွေ အဟာရဓါတ်တွေနဲ့အမျှင်ဓါတ်တို့ အပြည့်အဝပါဝင်ပြီး ခရမ်းသီး က နှလုံး၊ ဦးနှောက်၊ အရေပြားနှင့်အရိုးကို အကျိုးပြုတဲ့အပြင် အစာချေစနစ်ကိုကောင်းမွန်စေပြီး ဆီးချို ရောဂါကိုပါ ထိန်းနိုင်တဲ့အစွမ်းရှိတယ်လို့ သိရသည်။ သူ့ရဲ့ကောင်းကျိုးကတော့ အဆီဓါတ် မပါရှိတာပဲ ဖြစ်ပါသည်။ မီးဖုတ်စာတာပဲဖြစ်ဖြစ်၊ ဟင်းချက်စားတာပဲဖြစ်ဖြစ် မျိုးစုံသုံးလို့ရသလို ခရမ်းသီးဟာ အဆီချ အသားကျစ်လျစ်ဖို့အတွက်လည်း အသုံးဝင်တာဖြစ်သည့်အတွက် စားသင့်သော အသီးတစ်မျိုး ဖြစ်ကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုထ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ခရမ်းသီးဈေးနှုန်း အနေဖြင့် ခရမ်းသီး လက္ကား တစ်ပိဿာလျှင်(၂၀၀၀)ကျပ်၊ ခရမ်းသီး လက်လီ တစ်ပိဿာလျှင် (၂၄၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၂၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင်(၆၀၀) ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ကုန်စိမ်းသီးနှံမျိုးစုံ  ရောင်းချနေသော ဈေးသည် တစ်ဦး ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော ကွမ်းသီးစိတ်ဈေးနှုန်း

   ကျွန်းလှမြို့ရှိ  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ကွမ်းသီးများကို  ရန်ကုန်မြို့နှင့်မန္တလေးမြို့တို့ မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

     ၂၀၂ ခုနှစ်၊ ဇူလိုင်စတုထ္ထပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ကွမ်းသီးစိတ် ဈေးနှုန်းအနေဖြင့် ကွမ်းသီးစိတ်(ရှယ်စ)တစ်ပိဿာလျှင်(၃၈၀၀၀)ကျပ်၊ ကွမ်းသီးစိတ်(လတ်စ)တစ်ပိဿာလျှင်(၃၅၀၀၀)ကျပ်၊ ကွမ်းသီးစိတ်(ညံ့)တစ်ပိဿာလျှင်(၂၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကွမ်းသီးစိတ်များကို ကွမ်းယာဆိုင်များမှ အများဆုံး အသုံးပြု သည့်အတွက်   အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  ကုန်မျိုးစုံရောင်းချနေသာ လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိနေသော ကြောင်လျှာသီး

 စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ နှစ်ရှည်ပင် ဖြစ်သည့် ကြောင်လျှာသီးပင်ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။ 

  ခါးသက်သက်အရသာရှိတဲ့ကြောင်လျှာသီးမှာဆိုရင် ဘက်တီးတီးယားတွေကို တိုက်ဖျက်ပေးခြင်း၊ ဓါတ်တိုးဆန့်ကျင်အာနိသင်ရှိခြင်း၊ ရောင်ရမ်းမှုကို သက်သာစေခြင်း၊ ကျောက်ကပ်နှင့်အသည်း ကျန်းမာ စေခြင်း၊ ဆီးချို သက်သာစေခြင်း နှင့် ကိုယ်ခံအားကောင်းစေခြင်း စသည့်  ကြောင်လျှာသီးမှာလည်း ဆေးဘက်ဝင်မှုတွေရှိကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုထ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့ သစ်ရာမြိုင်ဈေး၏ ကြောင်လျှာသီး ဈေးနှုန်းအနေဖြင့် ကြောင်လျှာသီး လက္ကားဈေး အကြီး တစ်တောင့်လျှင်(၁၅၀၀)ကျပ်၊ ကြောင်လျှာသီး လက်လီဈေး အကြီး တစ်တောင့်လျှင်(၁၈၀၀)ကျပ်၊ ကြောင်လျှာသီး လက္ကားဈေး အသေး တစ်တောင့်လျှင်(၁၀၀၀)ကျပ်၊ ကြောင်လျှာသီး လက်လီဈေး အသေး တစ်တောင့်လျှင်(၁၃၀၀)ကျပ်၊ ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ယခင်အပတ်များထက် ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ကုန်စိမ်းသီးနှံမျိုးစုံရောင်းချ နေသော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း