ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျန်းမာရေးအတွက် အရေးပါသော နနွင်းတက်နှင့် နနွင်းမှုန့်အစစ် ဈေးနှုန်း

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာ ဝန်ခံရုံးအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုး တိုးတက် ရေးလုပ်ငန်းများကိုပါဆောင်ရွက်လျက်ရှိရာ ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် တစ်ပိုင်တစ်နိုင်အနေဖြင့် မိသားစုအပိုဝင်ငွေရရှိစေရန်အတွက် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံများဖြစ်သော ကြက်သွန်၊ ငရုတ်အပြင် နနွင်းပင်များကိုလည်း စိုက်ပျိုးကြပါသည်။

    နနွင်းပင်များကို  တောင်ယာမြေများတွင် သီးသန့်စိုက်ပျိုးကြ၍ နှစ်ရှည်ပင်များဖြစ်သည့် သရက်ပင်၊ ဇီးချိုပင်နှင့် လျှော်ဖြူပင်များအကြားတွင်လည် သီးညှပ်စိုက်ပျိုးပါကြောင်း နနွင်းသည် ဈေးကွက်ဝင် အပင် တစ်မျိုးဖြစ်သည့်အပြင် နနွင်းတက်အပေါ်မီ နနွင်းဖူးများကိုလည်း ခူးဆွတ်ရောင်းချလျက်ရှိပါကြောင်း ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ် ကျွန်းလှမြို့တွင် ဖြစ်ပေါ်နေသော နနွင်းတက်ဈေးနှုန်း တစ်ပိဿာလျှင်(၁၇၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၈၅၀၀)ကျပ်နှင့် နနွင်းတက် (၂၅)ကျပ်သားလျှင် (၄၅၀၀)ကျပ်၊ နနွင်းမှုန့်အစစ်ဈေးနှုန်း တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၁၀၀၀၀) ကျပ်နှင့် နနွင်းမှုန့်အစစ် (၂၅)ကျပ်သားလျှင်(၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အ‌‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဇူလိုင်လ တတိယပတ်တွင် မြင့်တက်လျက်ရှိသော စက်သုံးဆီဈေးနှုန်း

        မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေ ဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်သတ်မှတ် ထုတ်ပြန် ပေးလျက်ရှိပါသည်။

          စစ်ကိုင်းတိုင်းဒသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စက်သုံးဆီဆိုင်()ဆိုင် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိကာ စက်သုံးဆီ ပြတ်လတ်မှုမရှိစေရေ (PPRD) စက်သုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ  နေ့စဉ်သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချရန် အချိန်အတွယ်နှင့် အလေးချိန်မှန်ကန်စွာရောင်းချလျက်ရှိကြောင်း ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ဒုတိယအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင် (၃၁၄၀)ကျပ်၊ ဓါတ်ဆီ Octane(95)တစ်လီတာလျှင်(၃၁၉၄)ကျပ် ဒီဇယ်(ရိုးရိုး)HSD တစ်လီတာလျှင် (၂၈၁၃)ကျပ်နှင့် ဒီဇယ်(ပရီမီယမ်)PHSD တစ်လီတာလျှင်(၃၄၄၆)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိခဲ့ပြီး  ဇူလိုင်လ တတိယအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင် (၃၁၅၄)ကျပ်၊ ဓါတ်ဆီ Octane(95)တစ်လီတာလျှင်(၃၂၀၁)ကျပ် ဒီဇယ်(ရိုးရိုး)HSD တစ်လီတာလျှင် (၂၈၆၄)ကျပ်နှင့် ဒီဇယ်(ပရီမီယမ်)PHSD တစ်လီတာလျှင်(၃၅၀၈)ကျပ်တို့ဖြင့် ရောင်းချ လျက်ရှိသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ကြည့်ပါက စက်သုံးဆီဈေးနှုန်း အနည်းငယ် မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင်ရောင်းချလျက်ရှိသော ခရမ်းသီးခြောက် ဈေးနှုန်း

     ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြရာတွင် နှစ်ရှည်သီးနှံပင်များ၊ ဆီထွက်သီးနှံများနှင့် စားဖိုဆောင်သီးနှံပင် များကို မိမိတို့ နေအိမ်ခြံဝင်များတွင်လည်းကောင်း တောင်ယာများတွင်လည်းကောင်း စိုက်ပျိုးကြသည့်အပြင် ခရမ်းသီးပင်ကိုလည်း စိုက်ပျိုးပါကြောင်း စိုက်ပျိုးပြီး ရရှိလားအသီးများကို ရှားပါးသော ရာသီတွင် ရောင်းချရန်အတွက်အသီးမျိုးစုံကို  အခြောက်လှမ်းထားပြီး  ဈေးများရှိရာသို့ လာရောက် ရောင်းချကြောင်း သိရသည်။

     ခရမ်းသီးခြောက်ကို မြို့ပေါ်ရပ်ကွက်များနှင့် အနီးနားရှိကျေးရွာများဖြစ်သည့် ရှမ်းစုကျေးရွာ ပေးကုန်ကျေးရွာတို့မှ လာရောက်ရောင်းချပါကြောင်း၊ ခရမ်းသီးခြောက်အပြင် ရာသီအလိုက် သီးနှံများဖြစ်သည့် ဇီးဖြူသီးခြောက်၊ ဘူးသီးခြောက်၊ ကြောင်လျှာသီးခြောက်တို့ကိုပါ အခြောက် လှမ်းထားပြီး ရောင်းချလျက်ရှိပါကြောင်း၊  ခရမ်းသီးခြောက်ကို ပိန္နဲသီးပြုတ်၊ ဆူပုတ်ရွက် တို့ဖြင့် ရောနှောချက်စားခြင်း၊ မျှစ်သို့၊ မျှစ်ခြောက်တို့ဖြင့် ရောနှောချက်စားခြင်း၊ အသီးခြောက် အမျိုးမျိုးတို့ဖြင့်   ချက်ပြုတ်စားသောက်ကြပါသည်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ခရမ်းသီးခြောက် လက္ကား()ပိဿာလျှင်(၃၅၀၀)ကျပ်၊ ခရမ်းသီးခြောက် လက်လီ တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ခရမ်း သီးခြောက်(၅၀)ကျပ်သားလျှင်(၂၀၀၀)ကျပ်၊ ခရမ်းသီးခြောက် (၂၅)ကျပ်သား လျှင် (၁၀၀၀)ကျပ်နှင့် ခရမ်းသီးခြောက် (၁၀)ကျပ်သားခန့် တစ်ပုံလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဈေးနှုန်းကျဆင်းလျက်ရှိသော ခရမ်းချဉ်သီး

    ကျွန်းလှမြို့နယ်ရှိ သံဘိုကျေးရွာ၊ ရှမ်းစုကျေးရွာ တို့မှထွက်ရှိသည့် ဒေသထွက် ခရမ်းချဉ်သီးများ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှု နည်းပါးလာသည့်အတွက် မန္တလေးမြို့နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရပါသည်။

      ဇူလိုင်လ ဒုတိယပတ်တွင် ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၊ သစ်ရာမြိုင်ဈေးတို့တွင် ‌ရောင်းချလျက် ရှိသည့် ခရမ်းချဉ်သီး ဈေးနှုန်းအနေဖြင့် ခရမ်းချဉ်သီး(အင်းသီး) အလုံး အကြီး/ အသေးပေါ် မူတည်၍ လက္ကားဈေး တစ်ပိဿာလျှင်(၅၈၀၀)ကျပ်၊ လက်လီဈေးတစ်ပိဿာလျှင်(၆၀၀၀)ကျပ် (၅၀)ကျပ်သားလျှင် (၃၀၀၀)ကျပ်နှင့်(၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိခဲ့ပြီး ယခု ဇူလိုင်လ တတိယပတ်တွင် ခရမ်းချဉ်သီး ဈေးနှုန်းအနေဖြင့် ခရမ်းချဉ်သီး(အင်းသီး) အလုံး အကြီး/ အသေးပေါ် မူတည်၍ လက္ကားဈေး တစ်ပိဿာလျှင်(၄၈၀၀)ကျပ်၊ လက်လီဈေးတစ်ပိဿာလျှင်(၅၀၀၀)ကျပ် (၅၀)ကျပ်သားလျှင် (၂၅၀၀)ကျပ် နှင့်(၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိသောကြောင့် ယခင်အပတ်ထက်  ခရမ်းချဉ်သီး တစ်ပိဿာလျှင်(၁၀၀၀)ကျပ် ကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင်ရောင်းချလျက်ရှိ ခရမ်းကြွပ်သီး ဈေးနှုန်း

     ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို အဓိကထား လုပ်ကိုင်ကြရာတွင် နှစ်ရှည်သီးနှံများ၊ ဆီထွက်သီးနှံနှင့် စားဖိုဆောင် သီးနှံပင်များကို မိမိတို့နေအိမ်ခြံဝင်များတွင်လည်းကောင်း တောင်ယာများတွင် လည်းကောင်း စိုက်ပျိုးကြသည့်အပြင် ခရမ်းကြွပ်သီးပင်ကိုလည်း စိုက်ပျိုးကြပြီး ကျွန်းလှမြို့နယ်ဈေးများတွင် ရောင်းချလျက်ရှိပါကြောင်း သိရသည်။

    ခရမ်းကြွပ်သီးများကို မြို့ပေါ်ရပ်ကွက်များနှင့် အနီးနားရှိကျေးရွာများဖြစ်သည့် ရှမ်းစုကျေးရွာ ပေးကုန်ကျေးရွာတို့မှ လာရောက်ရောင်းချလျက်ရှိပါကြောင်း ခရမ်းကြွပ်သီးကို ချက်ပီးလည်း စားကြသလို ငပိရည်နှင့် တို့စရာအဖြစ်စားသောက်ပါကြောင်း၊ ထမင်းဆိုင်များတွင် အသုံးများသည့် အတွက် ရောင်းအားကောင်းလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ခရမ်း ကြွပ်သီး လက္ကား()ပိဿာလျှင်(၃၅၀၀)ကျပ်၊ ခရမ်းကြွပ်သီး လက်လီ တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ ခရမ်းကြွပ်သီး(၅၀)ကျပ်သားလျှင်(၂၀၀၀)ကျပ်နှင့် ခရမ်းကြွပ်သီး(၂၅)ကျပ်သားလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်းကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ထမင်းမြိန်စေသော ချဉ်ပေါင်ရွက် နှင့် ကင်ပလင်းရွက် ဈေးနှုန်း

    ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ စားဖို ဆောင်သီးနှံဖြစ်သည့် ပဲတောင့်ရှည်သီး၊ ချဉ်ပေါင်ရွက်၊ ရုံးပတီသီး၊ ခရမ်းသီးနှင့်ကန်ဇွန်းရွက်များကို စိုက်ပျိုးလျက်ရှိသည့်အနက် ချဥ်ပေါင်ရွက်နှင့် ကင်ပလင်းရွက်ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရရှိသည်။

     ချဉ်ပေါင်ရွက်သည် ရာသီမရွေး ပေါများသော အရွက်တစ်မျိုးဖြစ်သော်လည်း ကင်ပလင်းရွက်သည် မိုးရာသီတွင်သာ ပေါများလှပါကြောင်း ချဉ်ပေါင်ရွက်နှင့် ကင်ပလင်းရွက်တို့ကို အိမ်ရှင်မများအနေဖြင့် နေ့စဉ် အရန်ဟင်းအရည်သောက်အဖြစ်  ချက်ပြုတ်စားသောက်ပါကြောင်း၊ ချဥ်ပေါင်ရွက်ကဲ့သို့ ကြော်စားရလိုရပါကြောင်းနှင့် အချဉ်ကြော်တာအပြင် ပြုတ်၍လည်းသုပ်စားနိုင်ပါကြောင်း သိရပါသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးနှင့်ပိတောက်မြိုင်ဈေးများတွင် ဖြစ်ပေါ်နေသော ချဉ်ပေါင်ရွက် ဈေးနှုန်းများမှာ ချဉ်ပေါင်ရွက် လက္ကားဈေး တစ်ပိဿာလျှင်(၁၅၀၀)ကျပ်၊ ချဉ်ပေါင်ရွက် လက်လီဈေး တစ်ပိဿာလျှင်(၂၀၀၀)ကျပ်၊ ချဉ်ပေါင်ရွက်(၅၀)ကျပ်သားလျှင်(၁၀၀၀)ကျပ်နှင့် ချဉ်ပေါင်ရွက်(၂၅)ကျပ်သားလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း  ကင်ပလင်းရွက် တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ ကင်ပလင်းရွက်()ပုံလျှင်(၃၀၀)ကျပ်၊ ကင်ပလင်းရွက် ()ပုံလျှင်(၅၀၀)ကျပ်၊ ကင်ပလင်းရွက်()ပုံလျှင်(၁၀၀၀)ကျပ် ‌အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရ သည်။

DOCA(စစ်ကိုင်း)

မန်ကျည်းသီးများစတင်ထွက်ရှိမှုအခြေအနေ

          မိုးရာသီကာလများတွင် မန်ကျည်းသီးအကင်းများ စတင်ထွက်ရှိလာနေပြီး ဖြစ်ပါသည်။ မန်ကျည်းပင်သည် မုန်သုတ်ရာသီတွင်ပေါက်မြောက်သောအပင်ဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် အလွန်ပေါများသည့်အတွက် လူတိုင်းမြင်ဖူးကြပါသည်။ မန်ကျည်းပင်သည် အမြဲစိမ်းလန်းသောအပင်ဖြစ်၍ မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးကြသလို အထက်အညာဒေသတွင် မန်ကျည်းပင်ကို အကြီးအကျယ် စိုက်ပျိုး ကြသည်။ လယ်ကွင်းများ၊ ခြံများ၊ ဥယျာဉ်များ၊ ကျွဲနွားစားကျက်များ၌ စိုက်ပျိုးကြပါသည်။

             အလွန်းကြီးခဲသော အပင်မျိုးဖြစ်ပြီး အစေ့မှအလွယ်တကူပေါက်ရောက်နိုင်သော အပင်မျိုးလည်း ဖြစ်ပါသည်။ မန်ကျည်းပင်သည် တစ်ပင်လုံးအသုံးဝင်သောအပင်ဟုဆိုနိုင်သလို၊ အသီးသည်လည်း ဟင်းချက်ရာတွင် အလွန်အသုံးဝင်ပြီး၊ ဆေးဖော်စပ်ရာတွင်လည်းကောင်း၊ အလှကုန်များ ဖော်စပ်ရာတွင်လည်း အသုံးဝင်သောပါသည်။

            ယခုအချိန် ဈေးကွက်အနေဖြင့် ပုသိမ်မြို့အနီးအနားမှ ထွက်ရှိသော မန်ကျည်းသီးအကင်းများကို ရောင်းချနေပြီး ဈေးနှုန်းအနေဖြင့် လက်ကားဈေးနှုန်းမှာ တစ်ပိဿာကို (၁၇၀ဝိ/-)နှုန်း ရောင်းချကြပြီး၊ လက်လီဈေးနှုန်းအနေဖြင့် တစ်ဆယ်သားကို (၂ဝ၀ဝိ/-)နှုန်းဖြင့် ရောင်းချနေကြပါသည်။

DOCA(ဧရာဝတီ)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ကုလားပဲဆံ နှင့် ပဲတီဆံဈေးနှုန်း

    ကျွန်းလှမြို့ရှိ  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ကုလားပဲဆံနှင့် ပဲတီဆံများကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ကုလားပဲဆံဈေးနှုန်းအနေဖြင့် ကုလားပဲဆံ တစ်ပြည့်လျှင်(၈၈၀၀)ကျပ်၊ ကုလားပဲဆံ နို့ဆီဘူး(၄)ဘူးလျှင်(၄၄၀၀)ကျပ်နှင့် ကုလားပဲဆံ နို့ဆီ(၁)ဘူးလျှင်(၁၁၀၀)ကျပ်နှင့် ပဲတီဆံ တစ်ပြည်လျှင် (၈၈၀၀)ကျပ်၊ ပဲတီဆံ နို့ဆီဘူး(၄)ဘူးလျှင်(၄၄၀၀)ကျပ်နှင့် ပဲတီဆံ နို့ဆီဘူး(၁)ဘူးလျှင်(၁၁၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့ကုန်မျိုးစုံရောင်းချသူထံမှ သိရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၏ ကြက်သား ဈေးနှုန်း

    ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးနှင့် သစ်ရာမြိုင်ဈေးများတွင် အသား/ငါးနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို ရောင်းချလျက်ရှိရာ အသား/ငါး ဈေးနှုန်းများထဲမှ ကြက်သား ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

    ကြက်သားများသည် မွေးမြူးရေးကြက်နှင့် ဗမာကြက်ဟူ၍ နှစ်မျိုးရောင်းချရာ  မွေးမြူရေးကြက် အကောင်များကိုဒေသတွင်းနှင့် ရွှေဘိုမြို့တို့မှ ဖောက်သည်ဝယ်ယူရောင်းချလျက်ရှိရာ ကြက်သား ဈေးနှုန်းများမှာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ် မွေးမြူရေးကြက်သားဈေးနှုန်း လက်လီဈေး (၂၅၀၀၀)ကျပ်၊ လက္ကားဈေး(၂၃၀၀၀)ကျပ်၊ ဗမာကြက်သား ဈေးနှုန်း လက်လီဈေး (၃၃၀၀၀)ကျပ်၊ ကြက်မြစ် ကြက်သဲ တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်နှင့် ကြက်အရိုးအစုံဖြစ်သည့် လည်ပင်းရိုး၊ တောင်ပံရိုး၊ ခြေထောက်ရိုးတို့၏ ဈေးနှုန်းအနေဖြင့်  တစ်ပိဿာလျှင် လက်လီဈေး (၁၈၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကြက်သားကို ထမင်းဆိုင်များ၊ စားသောက်ဆိုင်များနှင် အကင်ဆိုင်များမှ အများဆုံးအသုံးပြုကြသည့်အတွက် ရောင်းအားကောင်းလျက်ရှိပါကြောင်း  ကြက်သားရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၏ ကြံသကာနှင့် သကြားခွေ ဈေးနှုန်း

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တာဝန် ခံရုံးအနေဖြင့် တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှု  ခရိုင်းစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံအထွက်နှုန်းများ၊ သီးနှံဈေးနှုန်းများ၊ တစ်ဧကုန်ကျစရိတ်များ နှင့် ရာသီ ပေါ်အစားအစာများ၏ ဈေးနှုန်း/ဈေးကွက်အခြေအနေတို့အား ရေးသားတင်ပြလျက်ရှိကြောင်း သိရသည်။

     ကျွန်းလှမြို့ပေါ်ရပ်ကွက်များရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ရောင်းချလျက်ရှိသည့် ကြံသကာများကို မန္တလေးမြို့နှင့် ရွှေဘိုမြို့တို့မှ ဝယ်ယူရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ် ဇူလိုင်လ တတိယပတ်တွင် ရောင်းချနေသော ကြံသကာလက္ကားဈေးနှုန်းမှာ တစ်ပိဿာလျှင် (၆၅၀၀) ကျပ် ကြံသကာ လက်လီ ဈေးနှုန်းမှာ တစ်ပိဿာလျှင်(၇၀၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင် ၃၅၀၀ ကျပ်နှင့် (၂၅)ကျပ်သားလျှင် ၁၈၀၀ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း သကြားခွေ ဈေးနှုန်း အနေဖြင့် သကြားခွေ လက်က္ကား တစ်ပိဿာလျှင်(၇၀၀၀)ကျပ်၊ သကြားခွေ လက်လီ တစ်ပိဿာ လျှင် (၇၅၀၀)ကျပ်၊ သကြားခွေ(၅၀)ကျပ်သားလျှင်(၄၀၀၀)ကျပ်နှင့် သကြားခွေ(၂၅)ကျပ်သား လျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချကြောင်း ကြံသကာသည် ယခုကာလတွင် အနည်းငယ် ရှားပါးသည့်အတွက် ဈေးအနည်းငယ်တက်လာကြောင်း ကုန်မျိုးစုံရောင်းချသူထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း