ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြသလ္လာဈေးတွင် ရောင်းချနေသော ဘူးသီးနှင့် ကျောက်ဖရုံသီးဈေးနှုန်း

         ဘူးသီးပင်သည် မြန်မာနိုင်ငံ အပူပိုင်းနှင့်သမပိုင်းရာသီဥတုတွင် ကောင်းစွာဖြစ်ထွန်း သော ဟင်းသီးဟင်းရွက်အပင်မျိုးဖြစ်ပြီး နွယ်ပင်အမျိုးအစာဖြစ်ပါသည်။ ဘူးသီးပင်မှ ဘူးသီး များအပြင် ဘူးရွက်များလည်း စားသုံးနိုင်ကြပါသည်။ ဘူးပင်နှင့် ကျောက်ဖရုံသီးပင်သည်အိမ်တိုင်းနီးပါစိုက်ပျိုးလေ့ရှိရာစိုက်ပျိုးရလွယ်ကူပြီး အာဟာရဓာတ် ကြွယ်ဝသော အသီးအနှံ ဖြစ်သောကြောင့် နေ့စဉ်စားသင့်ကြောင်း သိရှိရသည်။

           ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် မုံရွာမြို့၊ မြသလ္လာဈေးကွက်တွင် ဘူးသီးတစ်လုံးလျှင် (၁၀၀၀-၁၅၀၀-၂၇၀၀) ကျပ် ပေါက်ဈေးများရှိပြီး အသီးလတ်ဆက်မှုနှင့် အရွယ်အစားအကြီး၊အသေးပေါ်တွင်မူ၍ ဈေးနှုန်းများကွာခြားလျက်ရှိပြီး ကျောက်ဖရုံသီး အကြီးတစ်လုံးလျှင် (၄၂၀၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၃၅၀၀) ကျပ်၊ အသေးတစ်လုံးလျှင် (၂၅၀၀)ကျပ်နှင့် ရောင်းချကြောင်း သိရှိရပါသည်။ စားသုံးမှုများ၍ ဈေးကွက်တွင် ရောင်းအား ကောင်းကြောင်း၊ ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

DOCA (စစ်ကိုင်း)   

တောင်ငူမြို့နယ်အတွင်းရှိ ဗုံလုံသီး(ခေါ်)ပဲလင်းမြွေသီးနှင့်ပဲတောင့်ရှည်သီးဈေးနှုန်း

  တောင်ငူမြို့နယ်အတွင်းရှိ ညောင်ပင်လေးဈေးသို့ တောင်ငူဒေသနှင့်အနီးတစ်ဝိုက်ရှိ ကျေးရွာများဖြစ်သည့် ရှမ်းဝတီး၊ ဆိတ်ဖူးတောင်နှင့်ဒိုးသောင်ဘက်မှ ဒေသထွက်ဟင်းသီးဟင်းရွက် သီးနှံများလာရောက် ရောင်းချလျက်ရှိသည်။

                ဗုံးလုံသီးကို ကြော်စားခြင်း သို့မဟုတ် ကြက်ဥနှင့်တွဲဖက်၍ ကြော်စားခြင်း၊ ဗုံလုံသီးထဲသို့ ကြိုက်နှစ်သက်သည့် အသား /ငါးများအစာသွတ်၍ချက်စားခြင်း၊ ငါးပိရည်နှင့်တွဲဖက်၍ အတို့အမြှုပ် အဖြစ် စားသုံးခြင်းဖြင့် အမျိုးမျိုးပြုလုပ် စားသုံးနိုင်ပါသည်။ ယခုအချိန် အောက်တိုဘာလသည် ပေါ်ဦးပေါ်စကာလ ဖြစ်သောကြောင့် ဗုံလုံသီး ၁ တောင့်လျှင် ၆၀၀ ကျပ်၊ ၁၀ တောင့်ပါ ၁ ထုံးလျှင် ၅၀၀၀ ကျပ်ပေးရပြီး၊ ဗုံးလုံသီးများလှိုင်လှိုင်ပေါ်ချိန်ရောက်ပါက ဈေးနှုန်းကျဆင်းလာနိုင်ပြီး ၊ ပဲတောင့်ရှည်သီးမှာတော့ ပဲသီးအရွယ်အစားအလိုက် ဈေးနှုန်းကွာခြားလျက်ရှိရာ ပဲသီး ၇၅ တောင့်ပါ ၁ ထုံးလျှင် ၃၀၀၀ ကျပ် မှ ၄၅၀၀ ကျပ်အထိ ဈေးရှိပြီး အရောင်းသွက်လျက်ရှိကြောင်း ရောင်းချသည့် ဈေးသည်များထံမှ သတင်းရရှိပါသည်။

DOCA(ပဲခူး)

သာစည်ဈေးရှိ ဗုံလုံသီး (ခေါ်) ပဲလင်းမြွှေသီးနှင့် ပဲတောင့်ရှည် ဈေးနှုန်း

        မုံရွာမြို့ ပတ်ဝန်းကျင်ရှိ ကျေးရွာများမှာ သာစည်ဈေးအတွင်းသို့ ရာသီစာ အသီး အရွက်များအပြင် ဗုံလုံးသီးနှင့် ပဲတောင့်ရှည်များလည်း လာရောက်ရောင်းချကြပါသည်။ ဗုံလုံသီး(ခေါ်)ပဲလင်းမြွှေသီးများကို ပုစွန်ဖြင့်အစာသွပ်၍လည်းကောင်း၊ ကြက်ဥဖြင့်ရောမွှေ၍ ကြောက်ချက်၍သော်လည်းကောင်း၊ ဝက်သားဖြင့် ရောက်ချက်၍လည်းကောင်း စားသုံးနိုင် ကြပါသည်။ ပဲတောင့်ရှည်သည် လူတိုင်းကြိုက်ကြသည့် အသီးတစ်မျိူးလည်းဖြစ်ပြီး အကြော်၊ အတို့၊ အမြုပ်၊ သီးစုံပဲဟင်း စသည်တို့ဖြင့် အမျိုးမျိုး စားသုံးကြသည်။

          မုံရွာမြို့၊ သာစည်ဈေးတွင်  ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် ဖြစ်ပေါ်နေသော  ဗုံလုံသီး (ခေါ်) ပဲလင်းမြွှေသီး ဈေးနှုန်းများမှာ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အကြီး တစ်တောင့်လျှင် (၁၄၀၀)ကျပ်၊ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အလတ်တစ်တောင့်လျှင် (၁၀၀၀) ကျပ် နှင့် ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အသေးတစ်တောင့်လျှင်(၇၀၀)ကျပ်ဖြစ်ပြီး ပဲတောင့်ရှည် စျေးနှုန်းမှာ တစ်ပိဿာလျှင် ၂၈၀၀- ၃၂၀၀ ကျပ်ထိ ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းသူများထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)   

တောင်ငူမြို့ဈေးများရှိ ရှမ်းပြည်ဒေသထွက် ပန်းဂေါ်ဖီထုပ်ခေါ်ပန်းပွင့်ဈေးကွက်

  ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်းရှိ ဈေးများတွင် အထက်ရှမ်းပြည်နယ်ဘက်မှ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်များစွာ သယ်ယူရောင်းချလျက်ရှိရာ ယခုအခါပန်းဂေါ်ဖီထုပ်များ အရောင်းသွက်လျက်ရှိနေပါသည်။ ရှမ်းပြည်ဒေသထွက်ပန်းပွင့်မှာ တောင်ငူဒေသထွက် ပန်းပွင့်များ ထက်နူးညံ့ပြီး ပိုမို၍စားကောင်းပါသည်။

              ပန်းပွင့်ကိုကြော်စားခြင်း၊ ရေနွေးဖျောပြီးသုတ်စားခြင်း၊ အချဉ်စိမ်ခြင်းနှင့် ထမင်းဆိုင်များ နှင့် စားသောက်ဆိုင်များတွင် အစိမ်းကြော်ကြော်ရာ၌ အသုံးပြုကြပြီး ဈေးနှုန်းမှာလည်း တောင်ငူ ဒေသထွက်ထက် ဈေးနှုန်းပိုမိုမြင့်မားပြီး အရောင်းသွက်လျက်ကြောင်း သိရပါသည်။ ရှမ်းပြည်ထွက် ပန်းပွင့် များမှာ အပွင့် အသေး၊ အလတ်၊ အကြီးဟူ၍ရှိပြီး အပွင့်အသေး ၁ ပွင့်လျှင် ၂၀၀၀ ကျပ်၊ အပွင့်အလတ် ၁ ပွင့်လျှင် ၃၅၀၀ ကျပ်၊ အပွင့်အကြီး ၁ ပွင့်လျှင် ၅၀၀၀ မှ ၆၀၀၀ ကျပ်ထိဈေးပေးရပြီး တောင်ငူဒေသထွက်ပန်းပွင့်များသည် နိုဝင်ဘာလနောက်ဆုံးအပါတ်လောက်တွင် ပေါ်နိုင်သည့်ဟု သိရပြီး ဒေသထွက်ပန်းပွင့်များပေါ်ပါက ရှမ်းပြည်ထွက်ပန်းပွင့်များမှာ ဈေးနှုန်းကျဆင်းလာ နိုင်ကြောင်း ရောင်းချသည့်ဈေးသည်များထံမှ သတင်းရရှိပါသည်။

DOCA(ပဲခူး)

မန်ကျည်းပင်ဈေးရှိ ပဲစောင်းလျားသီးနှင့် ဟင်းနုနွယ်ရွက်ဈေးနှုန်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ပဲစောင်းလျားသီးနှင့် ဟင်းနုနွယ်ရွက်များကို မိမိတို့နေအိမ် ခြံဝင်းများတွင် လည်းကောင်း၊ မိမိပိုင်လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ မုံရွာမြို့ပေါ်ရှိ မန်ကျည်းပင်ဈေးနှင့် ရပ်ကွက်ဈေးများတွင် လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။  အိမ်ရှင်မများမှ ပဲစောင်းလျားသီးနှင့် ဟင်းနုနွယ်ရွက်ကို ပြုတ်၍ မြေပဲဆံ၊ ပဲမှုန့်တို့ဖြင့် သုပ်စားကြသလို ငပိရည်နှင့်တွဲဖက်၍ အတို့အမြုပ်အဖြင့်လည်း စားသုံးကြပါသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် မုံရွာမြို့၊ သာစည်ဈေးတွင် ပဲစောင်း လျားသီး(၂၅)ကျပ်သားလျှင် (၇၀၀/-)ကျပ်၊ ၁ ပိသာလျှင် (၂၈၀၀)ကျပ်နှင့် ဟင်းနုနွယ်ရွက် ဈေးနှုန်းမှာ အစီးသေးတစ်စီးလျှင် (၃၀၀/၄၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူမျးထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)   

မုံရွာမြို့၊ နန္ဒဝန်ဈေးသစ်ရှိ ပူစီနံနှင့် နံနံပင်ဈေးနှုန်း

         မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိက လုပ်ကိုင် လျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သည့် နံနံပင်၊ ပူစီနံပင်၊ ချဉ်ပေါင်ရွက်၊ ဆူးပုတ်ရွက်၊ ကန်ဇွန်းရွက်၊ ပဲတောင့်ရှည်သီး၊ ရုံးပတီသီး၊ ခရမ်းသီးနှင့်  ခဝဲသီးများကို စိုက်ပျိုးလျက်ရှိပါသည်။  စိုက်ပျိုးထွက်ရှိသော သီးနှံများမှ ပူစီနံပင်များနှင့် နံနံပင်များကို  မုံရွာမြို့၊ နန္ဒဝန်ဈေးသစ်တွင် လာရောက်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ နံနံပင်နှင့်ပူစီနံသည် မြန်မာဟင်းများတွင်သာမကမုန့်ဟင်းခါးအသုပ်စုံတို့တွင်လည်း တွဲဖက်စားသုံးကြပါသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် နန္ဒဝန်ဈေးသစ်တွင်  ရောင်းချနေသော နံနံပင်ဈေးနှုန်းမှာ တစ်စည်းလျှင်(၁၅၀)ကျပ်၊ (၄)စည်းလျှင်(၅၀၀)ကျပ်ဖြစ်ပြီး ပူစီနံ ဈေးနှုန်း မှာ တစ်စည်းလျှင် (၂၀၀)ကျပ်မှ (၃၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)   

မိုးအကုန် ဆောင်းဦးအစတွင်ပေါ်လေ့ရှိသော ကြာစိလေးများဈေးကောင်းရ

   တောင်ငူမြို့နယ်အနီးတစ်ဝိုက်ကျေးရွာများရှိ ချောင်းငယ်လေးများ၊ မြောင်းငယ် လေးများနှင့် လယ်ကွင်းအတွင်းရှိ ချောင်းငယ်လေးများတွင် ပေါက်လေ့ရှိသော ကြာဖြူပင်နှင့် ကြာပြာပင်များ၏ အမြစ် အောက်ခြေတွင်တည်ရှိသော ကြာစိလေးများသည် တစ်နှစ်မှာတစ်ခါသာ ကြာစိနှိုက်လို့ရပြီး မြေအောက်မှ ရရှိသည့်အတွက် အရသာမှာခါးသက်သက်ရှိပြီး စားသည့်အခါ အနည်းငယ်တက်ခြင်း ဖြစ်တတ်ပါသည်။

               ကြာစိကိုစားသုံးခြင်းဖြင့် အစာကြေခြင်းနှင့်လေအတွက် ကောင်းမွန်စေပြီး နေပူလှန်း၍ ပြုတ်ပြီး စားသုံးလေ့ရှိကြသည်။ ကြာစိကို နို့ဆီဗူး ၁ ဗူးလျှင် ၄၀၀ ကျပ်၊ ၁ ပြည်လျှင် ၃၀၀၀ ကျပ် ပေးရကြောင်းနှင့် ကြာခေါင်းမှာတော့ နို့ဆီဗူး ၁ ဗူးလျှင် ၅၀၀ ကျပ် ၊၁ ပြည်လျှင် ၄၀၀၀ ကျပ်ပေးရပြီး ကြာစိ ၂ ပြည်လောက်မှ ကြာခေါင်းမှာ နို့ဆီဗူး ၃ ဗူးလောက်သာရကြောင်းနှင့် ပေါ်ကာစတွင် ဈေးကောင်းသော်လည်း ကြာစိများ လှိုင်လှိုင်ပေါ်လာချိန်ဖြစ်ပါက ဈေးနှုန်းကျဆင်းလေ့ရှိကြောင်း၊ ကြာစိ ကိုယ်တိုင်လာရောင်းချသည့် ဈေးသည်များထံမှ သတင်းရရှိပါသည်။

DOCA(ပဲခူး)

မုံရွာမြို့၊ မြသလ္လာဈေးနှင့် ချင်းတွင်းရနာဈေးတွင်ရောင်းချနေသော ပိန်းဥနှင့် ပီလောပီနံဥ ဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ တွင်  စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ မိမိပိုင် အိမ်ခြံဝင်းများနှင့် ယာကွက်များတွင်  ပိန်းဥနှင့် ပီလောပီနံဥကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်းသိရှိရပါသည်။ ပိန်းဥနှင့်ပီလောပီနံဥကို ပြုတ်၍သော်လည်းကောင်း၊ ပေါင်း၍သော်လည်းကောင်း သရေစာအဖြစ် ပြုလုပ်စားသုံးကြပါသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် မုံရွာမြို့၊ မြသလ္လာဈေးနှင့် ချင်းတွင်း ရတနာဈေးတို့တွင် ရောင်းချနေသော  ပိန်းဥဈေးနှုန်းမှာ လက္ကားဈေး (၁)ပိဿာလျှင် (၂၅၀၀) ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၂၇၀၀)ကျပ်နှင့် ပီလောပီနံဥဈေးနှုန်းမှာ လက္ကားဈေး (၁)ပိဿာ လျှင်(၂၇၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင် (၃၂၀၀)ကျပ်နှင့်ဖြင့် ရောင်းဝယ်လျက်ကြောင်း  သိရှိရပါသည်။

DOCA (စစ်ကိုင်း)   

မုံရွာမြို့တွင် ရောင်းချနေသော ပန်းသီးနှင့် နဂါးမောက်သီးဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ သစ်သီးဆိုင်များတွင် ပန်းသီးနှင့် နဂါးမောက်သီးများ အများအပြား ရောင်းချလျက်ရှိကြပါသည်။  ပန်းသီးနှင့် နဂါးမောက်သီးများကို သစ်သီးပွဲရုံများ မှ မှာယူရောင်းချလျက်ရှိကြောင် သိရှိရပါသည်။  နဂါးမောက်သီးပင်များသည် အပူပိုင်းဒေသ ရာသီဥတုရှိရာ နေရာအနှံ့အပြားတွင် စိုက်ပျိုးဖြစ်ထွန်းပြီး ရေငတ်ခံနိုင်သော ရှားစောင်း နွယ်ဝင် အပင်တစ်မျိုးဖြစ်သည်။နဂါးမောက်သီးတွင်အဖြူ၊အနီ၊အဝါ သုံးမျိုးရှိပါသည်။ ပန်းသီးနှင့် နဂါးမောက်သီးသည် ကျန်းမာရေးအတွက် အထောက်အကူများစွာပေးပြီး၊ ပန်းသီး ဖျော်ရည်၊ နဂါးမောက်သီးဖျော်ရည်များ ပြုလုပ်စာသောက်ရသည့်အတွက် လူကြိုက်များ ကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ပထမပတ်အတွင်း မုံရွာမြို့ရှိ သစ်သီးဆိုင်များတွင် ပန်းသီးအလုံးကြီး(၁)လုံးလျှင် (၃၉၀၀)ကျပ်၊ (၃)လုံးလျှင်(၁၁၅၀၀)ကျပ်နှင့် ပန်းသီးအလုံးသေး (၅)လုံးလျှင် (၇၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး၊ နဂါးမောက်သီး အလုံးသေးတစ်လုံးလျှင် (၅၀၀)ကျပ်၊ အလုံးလတ်တစ်လုံးလျှင် (၇၀၀)ကျပ်နှင့် အလုံးကြီးတစ်လုံးလျှင်(၉၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)   

မြိတ်ဒေသ၏ သကြားစျေးကွက်စျေးနှုန်း

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်း ကြံများကို ကျေးရွာများတွင် စီးပွားဖြစ်စိုက်ပျိုး ကြသလို မြို့ပေါ်များတွင်လည်းတစ်နိုင်တစ်ပိုင်စိုက်ပျိုးကြလျက်ရှိပါသည်။ စိုက်ပျိုးကြသောကြံများ ကို ကြံရည်အဖြစ်ထုတ်လုပ်ရောင်းချရန် အဓိကထားပြီး သကြားအဖြစ် ကုန်ချောထုတ်လုပ်ရန် ကုန်ကြမ်းလုံလောက်မှုမရှိသဖြင့် ဒေသအတွက်လိုအပ်သော သကြားများကို ရန်ကုန်မြို့မှ တစ်ဆင့် ရေလမ်းကုန်လမ်းများဖြင့် သယ်ယူရောင်းချကြပါသည်။ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလတွင် သကြား စျေးနှုန်းမှာ တစ်ပိဿာလျှင် ၆၀၀၀ ကျပ် ဖြစ်၍ ယခုနိုဝင်ဘာလ၊ ပထမပတ်တွင် ၅၅၀၀ ကျပ် စျေးကျဆင်းလာကြောင်း ကုန်စုံဆိုင်‌ရောင်းချနေသူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း