ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့နယ်တွင် ရောင်းချလျက်ရှိသော ဒေသထွက်နဂါးမောက်သီး

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကိုအဓိကလုပ်ကိုင်ပြီး လယ်ယာထွက်ကုန်သီးနှံများကို စိုက်ပျိုးကြသကဲ့သို့ ဥယျာဉ်ခြံထွက်သီးနှံများကိုလည်း တစ်နိုင်တစ် ပိုင်စိုက်ပျိုးကြကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ စိုက်ပျိုးလျက်ရှိသော နဂါးမောက်မျိုးများမှာ အပြင်အခွံအနီရောင်နှင့် အတွင်းသားအဖြူရောင်ရှိသောမျိုး၊ အပြင်ခွံအနီရောင်နှင့်အတွင်းသား အနီရောင်ရှိသောမျိုး၊ အပြင်ခွံအဝါ ရောင်နှင့်အတွင်းသားအဖြူရောင်ရှိသောမျိုးတို့ဖြစ်ကြသည်။

     ကန့်ဘလူမြို့နယ် ဆိတ်ဖူးမြောင်ကျေးရွာ၊ အင်ကြင်းစုကျေးရွာနှင့် အခြားကျေးရွာများတွင် နဂါးမောက်သီးများကို မိသားစုတစ်နိုင်တစ်ပိုင်စိုက်ပျိုးကြရာ ယခုအချိန်သည် နဂါးမောက်သီးများ ခူးဆွတ်ရာသီဖြစ်သောကြောင့် ဈေးကွက်အတွင်း စတင်ရောင်းချနေကြကြောင်း၊ နဂါးမောက်သီး သည် မေလမှ အောက်တိုလာလအထိ ၇-၈ကြိမ်ခန့်ခူးဆွတ်ရပြီး တစ်နှစ်လျှင် ၅-၆ လခန့် ဝင်ငွေရရှိ နိုင်သော စီးပွားရေးတွက်ခြေကိုက်သည့် ဥယျာဉ်ခြံထွက် သီးနှံတစ်ခုဖြစ်ကြောင်း၊  ဇူလိုင်လ တတိယ ပတ်အတွင်း ကန့်ဘလူမြို့ သစ်သီးဈေးကွက်တွင် ရောင်းချနေသော နဂါးမောက်သီး ဈေးနှုန်းများမှာ အသေးတစ်လုံးလျှင် ငွေကျပ် (၅၀၀မှ ၁၀၀၀)ကျပ်နှင့် အကြီးတစ်လုံးလျှင် (၁၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့နယ်၌ ဖြစ်ပေါ်လျက်ရှိသော မန်ကျည်းသီးမှည့်ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် နေရာအနှံ့အပြားတွင် မန်ကျည်းပင်များ အလေ့ကျပေါက်ရောက်ပြီး ဒေသခံပြည်သူများက မန်ကျည်းသီးမှည့်ချိန်တွင် ခူးဆွတ်ကာ ရောင်းချကြောင်း၊ မန်ကျည်းသီးမှည့်တွင် အစေ့ပါမန်ကျည်းသီးမှည့်နှင့် အစေ့လွတ်မန်ကျည်းသီး မှည့်ဟူ၍ နှစ်မျိုးရှိပြီး ဈေးကွက်အတွင်း အစေ့လွတ်မန်ကျည်းသီးမှည့်ကို လူကြိုက်များ၍ အရောင်းအဝယ်ပိုဖြစ်ကြောင်း သိရသည်။

     ကန့်ဘလူမြို့နယ်တွင် မန်ကျည်းသီးမှည့်ကို ဝယ်ယူသည့်ပွဲရုံမရှိဘဲ ကန့်ဘလူမြို့မဈေးတွင် ရောင်းချကြသလို မြို့နယ်အတွင်းရှိ အကြော်ဆိုင်များ၊ အကင်ဆိုင်များနှင့် စားသောက်ဆိုင်များမှ မန်ကျည်းမှည့်ဆော့ပြုလုပ်ရန် ဝယ်ယူကြကြောင်း၊ အဖျော်ရည်ဆိုင်များကလည်း အသုံးပြုကြောင်း သိရပြီး ဇူလိုင်လ တတိယပတ်အတွင်း  အစေ့လွတ်မန်ကျည်းသီးမှည့် တစ်ပိဿာလျှင် (၈၀၀၀)ကျပ် ၊(၅၀)ကျပ်သားလျှင် (၄၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၈၀၀)ကျပ်နှင့် အစေ့ပါမန်ကျည်းသီးမှည့်(၁) ပိဿာလျှင် (၃၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း မန်ကျည်းသီးမှည့်ရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

ဇူလိုင်လ ဒုတိယပတ်တွင် ရောင်းချနေသော ထန်းလျက်၊ ဇီးထန်လျက်နှင့် အုန်းထန်းလျက်

     မုံရွာမြို့ နန္ဒဝန်ရပ်ကွက်ရှိ ဝန်ထမ်းအိမ်ရာဈေးသစ်တွင် အသား/ငါး၊ ဟင်းသီးဟင်းရွက်နှင့် ဒေသထွက်ကုန်များကို ခင်းကျင်းရောင်းချလျက်ရှိရာ အညာဒေသထွက် အစားအစာတစ်ခုဖြစ်သည့် ထန်းလျက်ကို အုန်း၊ ဇီး ပုံစံအမျိုးမျိုးဖြင့် ပြုလုပ်၍ စားသုံးကြသည်။  ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ဒုတိယ ပတ်တွင် ထန်းလျက်ဈေးနှုန်းများအနေဖြင့် ထန်းလျက်(ဖြူသန့်) (၁) ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ဇီးထန်းလျက် ( ၁) ပိဿာလျှင် ( ၁၂၀၀၀)ကျပ်၊ အုန်းထန်းလျက် ( ၁) ပိဿာလျှင် (၁၄၀၀၀) ကျပ် တို့ဖြင့် အရောင်းသွက်၍ ဝယ်လိုအားများနေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

မကွေးမြို့နယ်ဝန်းကျင်ရှိကျေးရွာအချို့၌ တိုင်ထောင်ပဲစိုက်ပျိုး၍ တောင်သူများဝင်ငွေအဆင်ပြေလျက်ရှိ

  မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်ဝန်းကျင်ရှိ ဆားတိုင်ကန်ကျေးရွာ၊ ပုတီးကုန်းကျေးရွာနှင့် ကမ်းရင်ကျေးရွာများမှ တောင်သူများသည် ဟင်းသီးဟင်းရွက်သီးနှံစားပင် မျိုးစုံကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည်။ ယခုနှစ်တွင် စားသုံးသူများပြား၍ ဈေးကွက်အခိုင်အမာရှိသော စားဖိုဆောင်သုံးကာလတိုသီးနှံဖြစ်သည့် တိုင်ထောင်ပဲမှာဈေးကောင်း ရ၍ တောင်သူများပိုမိုတိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

   တိုင်ထောင်ပဲသည် မြေအမျိုးမျိုးတွင်စိုက်ပျိုး၍ရကြောင်း၊ တိုတောင်းသောရာသီ၌ အချိန်တို အတွင်း စိုက်ပျိုးလိုပါက သဲဆန်မြေတွင် စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် မြေကိုဘောင်ဖော်၍ အတန်းလိုက်စိုက်ပျိုးကြပြီး တစ်ပင်နှင့်တစ်ပင်()ပေခွဲအကွာ၊ တစ်တန်းနှင့်တစ်တန်း()ပေခန့် အကွာ စိုက်ပျိုးရကြောင်း၊ သို့မှသာလေဝင်လေထွက်ကောင်း၍ နေရောင်ခြည်ကောင်းစွာရရှိကာ အပင်ဖြစ်ထွန်းကြောင်း၊ စိုက်ပျိုးပြီးအပင်များ နွယ်တက်လာသောအခါ အပင်ခြေရင်းတွင် ဝါးများဖြင့် တိုင်ထောင်ပေးရကြောင်း၊ အပင်သက်တမ်း()လခန့်အကြာတွင် စတင်ခူးဆွတ်နိုင်ပြီး ()ဧကလျှင် ပိဿာချိန်(၅၀)ခန့်ထွက်ရှိကြောင်း၊နောက်ပိုင်းပဲသီးအထွက်နှုန်းကောင်းချိန်တွင် တစ်ခါခူးဆွတ်လျှင် ပိဿချိန်(၁၅၀)မှ (၂၀၀)ခန့်အထိထွက်ရှိကြောင်း၊ တိုင်ထောင်ပဲသီးနှံကို နေ့စဉ် ခူးဆွတ်ရောင်းချ ကြပြီး နှစ်လကြာအထိခူးဆွတ်ရောင်းချရကြောင်း၊ နေ့စဉ်ခူးဆွတ်ခြင်းမပြုပါက အခွံကြောများရင့်မာ သွားပြီး အသီးများပွကာ ရောင်းချရာတွင် ဝယ်ယူသူများကြိုက်နှစ်သက်မှုနည်းသဖြင့် ဈေးကောင်း မရကြောင်း စိုက်ပျိုးတောင်သူတစ်ဦးထံမှ သိရသည်။ မကွေးမြို့နယ်ဝန်းကျင်ရှိ ကျေးရွာများမှ ထွက်ရှိသော တိုင်ထောင်ပဲသီးနှံကို မကွေးမြို့ပေါ်ရှိဈေးများဖြစ်သော မြို့မဈေး၊ ကန်သာဈေး၊ ရန်ပယ်ဈေး၊ ရန်ကင်းဈေးနှင့် အခွန်လွတ်ဈေးများသို့ တင်ပို့ရောင်းချကြပြီး ပေါ်ဦးပေါ်ဖျားအချိန် ဇွန်လနှောင်းပိုင်းတွင်မူ တိုင်ထောင်ပဲတစ်ပိဿာလျှင် (၃၅၀၀) ကျပ်ခန့်အထိ ဈေးကောင်းရရှိကာ နောက်ပိုင်းပဲသီးလှိုင်လှိုင်ပေါ်ချိန်တွင် တစ်ပိဿာလျှင် (၂၀၀၀)မှ(၂၅၀၀)ကျပ် ခန့် ရရှိကြောင်း သိရှိရသည်။ တိုင်ထောင်ပဲစိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးတောင်သူများအဖို့ ပုံမှန်ဝင်ငွေ ရရှိကာ စားသုံးသူ ဈေးကွက်၌လည်း အရောင်းသွက်လျက်ရှိသောကြောင့် မကွေးမြို့နယ်ဝန်းကျင် ကျေးရွာများရှိ တိုင်ထောင်ပဲစိုက်ပျိုးသူ တောင်သူများအနေဖြင့် ဝင်ငွေအဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဇူလိုင်လ ဒုတိယပတ်တွင် ရောင်းချနေသော ကြက်ဥ၊ ဘဲဥနှင့် ငုံးဥ ဈေးနှုန်း

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ဒုတိယပတ်အတွင်း မုံရွာမြို့ရှိ နန္ဒဝန်  ဝန်ထမ်းအိမ်ရာ ဈေးသစ်တွင် ရာသီစာ ဟင်းသီးဟင်းရွက်များ၊ စားဖိုဆောင်သီးနှံများနှင့် ဒေသထွက်ကုန်များ ရောင်းချလျက်ရှိပါသည်။  ဒေသထွက် ကြက်ဥများ၊ ငုံးဥများ ဘဲဥဈေးနှုန်းများအနေဖြင့် ဗမာကြက်ဥ ( ၁ )လုံးလျှင် ( ၈၀၀)ကျပ်မှ ( ၁၀၀၀) ကျပ် ဖြင့်လည်းကောင်း၊ ကြက်ဥ အလုံးသေး ( ၁ )လုံးလျှင် ( ၃၀၀)ကျပ်၊ အလတ် (၁ )လုံးလျှင် ( ၄၀၀) ကျပ်၊ အကြီး ( ၁) လုံးလျှင် ( ၄၅၀ )ကျပ်ဖြင့်လည်းကောင်း၊ ဘဲဥ တစ်လုံးလျှင် ( ၆၅၀)ကျပ်မှ ( ၇၀၀)ကျပ်၊ ငုံးဥ (၂၇)လုံးပါတစ်ထုပ်လျှင် ( ၁၀၀၀ )ကျပ်ဖြင့်လည်းကောင်း ဈေးနှုန်းအသီးသီးဖြင့် ရောင်းချလျက်ရှိရာ ကြက်ဥ၊ ဘဲဥနှင့်ငုံးဥ ဈေးနှုန်းများ အနည်းငယ် ကျဆင်းသွားကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

ဆိပ်ဖြူကြက်သွန်နီ ဇူလှိုင်လ(ဒုတိယပတ်) ဈေးနှုန်းဈေးကွက်

  မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် ကြက်သွန်နီသီးနှံကို အဓိက သီးနှံအဖြစ် နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး မြို့ပေါ်ရှိ ကြက်သွန်နီကုန်စည်ဒိုင်နှင့် ပွဲရုံဈေးကွက်တွင် နေ့စဉ် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်)တွင် ကြက်သွန်နီဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဈေးကွက်သို့ စိုက်ပျိုးမှုများသော တပေါင်၊ ကံတွင်း၊ အုန်းမင်၊ ကဇွဲ၊ ဆင်နီတောင်၊ ဆင်လမ်းချောင်း၊ ကူရှည်ကျေးရွာများမှ အများဆုံးဝင်ရောက်ပြီး တစ်ရက်လျှင် ကြက်သွန်နီပျမ်းမျှ ကုန်ချိန်ပိဿာ(၁)သောင်းခွဲခန့် ဝင်ရောက်ကြောင်း ကုန်စည်ဒိုင် ဈေးကွက်မှ သိရှိရသည်။ ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်)တွင် အရောင်းအဝယ် ဖြစ်သော ကြက်သွန်နီ ဈေးနှုန်းမှာ သီးနှံအရည်အသွေးလိုက်၍ တောဈေး(ဂျွန်) တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၁၀၀၀)၊ အလတ်ဈေး ကျပ်(၉၀၀)၊ အနိမ့်ဈေး ကျပ်(၈၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ (ပထမပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ဈေးကျ၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ ပွဲရုံများမှ ကြက်သွန်နီများကို ပြန်လည်သန့်စင်ပြီး ရောင်းချသော ဈေးနှုန်းမှာ ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေး (ရှယ်)ကျပ်(၁၆၀၀)၊ လတ်ကြီးတစ်ပိဿာလျှင် ကျပ်(၁၅၀၀)၊ လတ်ချောတစ်ပိဿာလျှင် ကျပ်(၁၄၀၀)၊ လတ်သန့် တစ်ပိဿာလျှင် ကျပ်(၁၃၀၀)၊ အသေးစ တစ်ပိဿာလျှင် ကျပ်(၁၂၀၀) ဈေးအသီးသီးဖြင့် ဒေသအနှံ့အပြားသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ဆိပ်ဖြူမြို့ ပတ္တမြားဈေး အတွင်း အရောင်းအဝယ်ဖြစ်သော လက်လီဈေးနှုန်းမှာ အရည် အသွေး၊ အရွယ်အစားလိုက်၍ တစ်ပိဿာလျှင် ကျပ် (၁၅၀၀- ၁၃၀၀- ၁၀၀၀) ဈေးဖြင့် အရောင်း အဝယ်ဖြစ်ကြောင်း သိရှိရသည်။ ပြည်တွင်းဈေးကွက်အနေဖြင့် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများကို ရန်ကုန်ဘုရင့် နောင် ပွဲရုံသို့ ကုန်ချိန် အများဆုံးတင်ပို့ပြီး ပြည်ပဈေးကွက်သို့ တင်ပို့မှုနည်းကြောင်း၊ ဇူလိုင်လ (ဒုတိယပတ်)တွင် ကြက်သွန်နီ ကုန်ချိန်ပိဿာ(၁)သိန်းခန့်၊ တန်ချိန်အားဖြင့် (၁၆၃)တန်ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှ သိရှိရသည်။

DOCA( မကွေး)

ဇူလိုင်လ ဒုတိယပတ်တွင် ရောင်းချနေသော ကွမ်းသီးနှင့် ကွမ်းရွက်ဈေးနှုန်းများ

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တွင် ဇူလိုင်လ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော ကွမ်းသီးနှင့် ကွမ်းရွက်ဈေးနှုန်းများအနေဖြင့် ကွမ်းသီး (ရှယ်) ( ၁ )ပိဿာလျှင်( ၃၂၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ အလတ်စ ( ၁ )ပိဿာလျှင် ( ၂၈၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ အညံ့ ( ၁ ) ပိဿာလျှင် (၁၈၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ကွမ်းရွက် ( ရှယ်)  ( ၁ )ပိဿာလျှင် ( ၆၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ အလတ်စား ( ၁ )ပိဿာလျှင် ( ၄၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ အညံ့စား ( ၁) ပိဿာလျှင် ( ၃၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ပယ်ရွက် ( ၁ ) ပိဿာလျှင် ( ၁၅၀၀)ကျပ်ဖြင့်လည်းကောင်း ဈေးနှုန်းအသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ပခုက္ကူဈေးကွက်တွင်ကြက်သွန်ဖြူဈေးအနည်းငယ်မြင့်တက်နေ

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့  ကုန်စိမ်းသီးနှံဈေးကွက်တွင် စားသုံးသူများ ဝယ်ယူသုံးစွဲလျက်ရှိသည့် ကြက်သွန်ဖြူသီးနှံများ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်) တွင် ဈေး အနည်းငယ်မြင့်တက်၍ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ စိုက်ပျိုးမှုအနေဖြင့် မကွေးတိုင်း ဒေသကြီး အအေးပိုင်းဒေသများဖြစ်သည့် ဆော၊ ကျောက်ထု၊ ပေါက်ဒေသများတွင် အများဆုံး စိုက်ပျိုးကြောင်း၊ ယခုအချိန်တွင် ပခုက္ကူဈေးကွက်သို့  ယောဒေသထွက် ကြက်သွန်ဖြူများ ဝင်ရောက်ပြီး ဈေးမြင့်၍ အရောင်းအဝယ် ဖြစ်ကြောင်း  သိရှိရသည်။

       ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်)တွင် ဗမာကြက်သွန်ဖြူ အလုံးအကြီး အသေးနှင့် အရည်အသွေးလိုက်၍ တစ်ပိဿာလျှင် ကျပ်(၁၈၀၀၀-၉၀၀၀)ဈေးဖြင့် အရောင်းအဝယ် ဖြစ်ကြောင်း၊ ရှမ်းကြက်သွန်ဖြူ(ဥကြီး)မျိုး တစ်ပိဿာလျှင် ကျပ်(၁၇၀၀၀-၈၀၀၀)ဈေးရှိပြီး ယခင် ဇွန်လ(ဒုတိယပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ကျပ်(၂၀၀၀)ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း ကုန်စိမ်းသီးနှံရောင်းဝယ်ရေးဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့၌ အာလူးဈေးအနည်းငယ်ကျဆင်း

  မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ ကုန်စိမ်းသီးနှံဈေးကွက်သို့ ရှမ်းပြည်နယ် အောင်ပန်းနှင့် ပေါက်ဒေသထွက် အာလူးများ ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ အာလူးသီးနှံသည် ပြည်သူအများ စားသုံးမှုမြင့်မားလျက်ရှိပြီး စားဖိုဆောင်သီးနှံအဖြစ် စားသုံးမှု အပြင် ဒေသတွင်း ကုန်ကြမ်းအာလူးသီးနှံမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် အာလူးကြော် ထုတ်လုပ်မှု လုပ်ငန်းများလည်း တွင်ကျယ်စွာ ဆောင်ရွက်လျက်ရှိ၍ အာလူးသီးနှံမှာ ဒေသတွင်း သုံးစွဲမှုများ၍ အရောင်းအဝယ်သွက်လျက်ရှိကြောင်း ဈေးကွက်မှသိရသည်။
   ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်)တွင် အာလူးအလုံးအရွယ်အစားနှင့် အရည်အသွေး လိုက်၍ အာလူး(အလုံးကြီး)ရှယ် တစ်ပိဿာလျှင် ကျပ်(၅၀၀၀)၊ အာလူး(အလုံးလတ်) တစ်ပိဿာ လျှင် ကျပ်(၄၀၀၀)၊ အာလူး(အလုံးသေး) တစ်ပိဿာလျှင် ကျပ်(၃၀၀၀)ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ယခင် ဇွန်လ(ဒုတိယပတ်)တွင် အာလူး(အလုံးကြီး)ရှယ် တစ်ပိဿာလျှင် ကျပ် (၆၀၀၀)၊ အာလူး(အလုံးလတ်) တစ်ပိဿာလျှင် ကျပ်(၅၀၀၀)၊ အာလူး(အလုံးသေး) တစ်ပိဿာ လျှင် ကျပ်(၃၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်၍ ဈေးနှုန်းနှိုင်းယှဉ်ပါက အာလူး တစ်ပိဿာလျှင် ကျပ်(၅၀၀)ခန့် ဈေးကျပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ရှမ်းပြည်ဒေသထွက် အာလူး သီးနှံများ ဈေးကွက်သို့  ဝင်ရောက်လျက်ရှိ၍ ဈေးအနည်းငယ် ကျဆင်းကြောင်း သိရှိရပါသည်။

DOCA(မကွေး)

နှစ်ရှည်သီးနှံဩဇာပင် စိုက်ပျိုးခြင်းဖြင့် တောင်သူအကျိုးအမြတ်ရရှိ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ မြစ်ခြေ၊ ကမ္မနှင့် မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ နှစ်ရှည်သီးနှံဩဇာပင်ကို ဥယာဉ်ခြံမြေများ၊ စိုက်ခင်း များ နေအိမ်ခြံစည်းရိုးများတွင် အများဆုံး စီးပွားဖြစ် စိုက်ပျိုးကြသည်။ မြိုင်မြို့နယ်တွင် စီးပွားဖြစ် အများဆုံးစိုက်ပျိုးပြီး သနပ်ခါးစိုက်ခင်းများ စည်းရိုးတန်းတွင် စိုက်ပျိုးမှု များကြောင်း သိရှိရသည်။ 

ဩဇာပင်ကို မိုးဦးကျကာလများဖြစ်သည့် ဇွန်လနှင့်ဇူလိုင်လများတွင် စိုက်ပျိုးပြီး (၅)နှစ် သက်တမ်းအကြာတွင် အသီးများ စတင်ဆွတ်ခူးရကြောင်း၊ မျိုးအနေဖြင့် ဩဇာသီး အညိုရောင်နှင့် အစိမ်းရောင်နှစ်မျိုးရှိပြီး အစိမ်းရောင်မျိုးကို အများဆုံးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် ဩဇာ စေ့ကို ပျိုးထောင်၍ (၆)လသားအရွယ်တွင် ကျင်းဖွဲ့ပြီး မြေဆွေးများထည့်၍ ရေလောင်းနှပ်ထားပြီး စိုက်ပျိုးကြောင်း၊ စိုက်ပျိုးရာတွင် ပင်ကြားတန်းကြား(၈)ပေအကွာစိုက်ပျိုးကြောင်း၊ တစ်ဧကလျှင် ဩဇာပင်(၂၅၀)ခန့် စိုက်ပျိုးနိုင်ကြောင်း၊ ဩဇာပင်သည်နှစ်ရှည်သီးနှံဖြစ်သောကြောင့် နှစ်စဉ်ပြုစု ပျိုးထောင်ရပြီး အသီးဆွတ်ခူးရသည်အထိ တစ်ဧက သိန်း(၄၀)ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်း အနေဖြင့် ဩဇာတစ်ပင်လျှင် အလုံးရေ(၃၀) မှ (၅၀) ထိ ထွက်ရှိပြီး တစ်ဧကဩဇာသီးအလုံးရေ (၁၅၀၀၀ မှ ၂၀၀၀၀) ဝန်းကျင် ထွက်ရှိကြောင်း၊ တောင်သူတစ်ဦးချင်းအနေဖြင့် စိုက်ပင်ပြုစုပျိုး ထောင်မှုအပေါ်မူတည်ပြီး သီးနှံဖြစ်ထွန်းအောင်မြင်မှု ကွာခြား၍ အထွက်နှုန်းမှာလည်း မတူညီ ကြောင်း၊ ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဇူလိုင်(ဒုတိယပတ်)တွင် ဩဇာသီးအလုံးအကြီးအသေးပေါ် မူတည်၍ တစ်လုံးလျှင် ကျပ်(၁၅၀၀-၁၀၀၀)၊ တစ်ပိဿာလျှင် ကျပ်(၆၀၀၀-၅၀၀၀)ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပခုက္ကူမြို့၊ မြို့မဈေးကြီးနှင့် မြို့ပေါ်ရှိ သစ်သီးအရောင်းဆိုင်များသို့ တင်ပို့ရောင်းချပြီး တစ်ဧကလျှင် ကျပ်သိန်း(၃၀)ခန့် အကျိုးအမြတ် ရရှိကြောင်း၊ ယခုနှစ်တွင် ရာသီဥတုကောင်းမွန်ခြင်းကြောင့် ဩဇာသီးအထွက်နှုန်းကောင်းပြီး ဈေးကွက်ကောင်းမွန် သည့်အတွက် ထိုက်သင့်သည့် အကျိုးအမြတ်ရရှိ၍ တောင်သူအဆင်ပြေ ကြောင်း သိရှိရသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း