ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူမြို့တွင် ကြက်သား၊ ဝက်သားဈေးနှုန်းအနည်းငယ်ကျပြီး ပုစွန်ဈေးနှုန်းအနည်းငယ်တက်

    တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ သားငါးဆိုင်များတွင် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်တွင် ကြက်သား (အိမ်မွေးကြက်)မှာ တစ်ပိဿာလျှင် အကောင်လိုက်ဈေး ၁၈၀၀၀ကျပ်၊ အခြမ်း လိုက်ဈေး ၂၂၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စီပီကြက်မှာ အကောင်လိုက်ဈေးတစ်ပိဿာလျှင် ၇၀၀၀ကျပ်၊ အခြမ်းလိုက်ဈေးတစ်ပိဿာလျှင် ၈၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ပါသည်။

        ဝက်သားရေလွတ်သားမှာ တစ်ပိဿာလျှင် သုံးထပ်သား ၁၄၀၀၀ကျပ်၊ ပေါင်းသား ၁၆၀၀၀ကျပ်နှင့် အသားသီးသန့် ၁၈၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ပါသည်။

       ငါးကြင်းမှာ တစ်ပိဿာလျှင် အကောင်လိုက်ဈေး ၁၀၀၀၀ကျပ်၊ အခြမ်းလိုက်ဈေး ၁၄၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပြီး ငါးကြင်းဖြူမှာ တစ်ပိဿာလျှင် အကောင် လိုက်ဈေး ၁၇၀၀၀ကျပ်၊ အခြမ်းလိုက်ဈေး ၂၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

        ငါးရံ့မှာ တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်မှ ၁၄၀၀၀ကျပ်အထိ၊ ငါးခူမှာ တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

       ပုစွန်ဆိတ်မှာ တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ပုစွန်မှာ တစ်ပိဿာလျှင် ၂၄၀၀၀ကျပ်မှ ၃၅၀၀၀ကျပ်အထိဖြစ်၍ ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ကြောင်း သားငါးအရောင်းဆိုင်များမှသိရပါသည်။

DOCA(ပဲခူး)

ကြို့ပင်ကောက်မြို့ရှိ အိမ်တွင်းမှုလုပ်ငန်းတစ်ခုဖြစ်သော Aster ဆန်မုန့်ဝေဖာ

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊ နွယ်ခွေရပ်ကွက်၊ ပျဉ်ထောင်တွင်းလမ်းတွင် အိမ်တွင်းမှုလုပ်ငန်းတစ်ခုဖြစ်သော Aster အမှတ်တံဆိပ် ဆန်မုန့်လုပ်ငန်း လုပ်ကိုင်သောနေရာသို့ ကြို့ပင်ကောက်မြို့နယ်တာဝန်ခံ ဒေါ်ရီရီရှိန်နှင့်ဝန်ထမ်းများသည် (၂၂-၁၂-၂၀၂၃)ရက်နေ့တွင် မုန့်လုပ်ငန်းရှင် ဦးနေလင်းဦးနှင့်တွေ့ဆုံ၍ လုပ်ငန်းလည်ပတ်ပုံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းလေ့လာခဲ့ကြောင်းသိရှိရပါသည်။

         လုပ်ငန်းရှင် ဦးနေလင်းဦးနှင့်တွေ့ဆုံ၍ မေးမြန်းရာတွင် ယခုလုပ်ငန်းကိုလုပ်ကိုင်ခဲ့သည်မှာ တစ်နှစ်လောက်သာရှိကြောင်း၊ အလုပ်သမား ကျား၊ မ (၈)ဦးဖြင့် လုပ်ငန်းလုပ်ကိုင်လျက်ရှိပါကြောင်းသိရှိရပါသည်။

      ထုတ်လုပ်မှုအနေဖြင့် ဆန်မှထွက်ရှိသောဆန်ကွဲကို အဓိကထား၍ပြုလုပ်ရပြီး ဆန်ကွဲအဟောင်း၊ သကြား၊ Food Colour အရောင်သုံးမျိုးကိုအသုံးပြုရပါသည် ။ ဆန်မုန့်ပြုလုပ် ရာတွင် ကော်ဇလုံကြီးထဲသို့ ဆန်ကွဲ/သကြား/အရောင်တို့ကိုရောနယ်ပြီး အရောင်တစ်မျိုးစီကို (၃)ပုံးအသုံးပြု၍ အဆင်သင့် သမအောင်နယ်ထားရပါသည်။ ဆန်မုန့်ဝေဖာမုန့်ပုံစံများထွက်ရှိ လာအောင် အသုံးပြုရသည့်စက်မှာ မုန့်ထွက်ရှိသော ပုံစံအမျိုးမျိုးရှိသည့်ပုံစံခွက် (ဖို)များကို မီးတစ်နာရီကြာမီးဖုတ်ရပြီး ၎င်း(ဖို)ကို အင်ဂျင်စက်ထိပ်တွင်တပ်ဆင်ကာ စက်သုံးဆီကို အသုံးပြုမောင်းနှင်ရကာ နယ်ထားသောဆန်ကွဲမှုန့်တို့ကို စက်အပေါ်ရှိ ဇလားပုံစံခွက်ထဲ့သို့ထည့်၍ လည်ပတ်လျှင် ဆန်မုန့်ဝေဖာများထွက်ရှိလာပါသည်။

     ဆန်ကွဲတစ်အိတ်လျှင် မုန့်(၂၇) ပိဿာထွက်ရှိကြောင်း၊ ဆန်ကွဲတစ်အိတ်ကို တစ်နာရီကြာမောင်းနှင်ရကြောင်းသိရှိရပါသည်။ ဆန်မုန့်ဝေဖာ မုန့်များအား ပလပ်စတစ်ထုပ်အသေး/ အကြီးများဖြင့်ထုပ်ပိုးရပြီး ၅ထုပ်ပါတစ်တွဲလျှင် လက်လီ (၄၀၀) ကျပ်၊ ၂၄ချောင်းပါ အထုတ်ကြီးတစ်ထုပ်လျှင် (၉၅၀) ကျပ်ဖြင့်  ကြို့ပင်ကောက်မြို့အနီးရှိမြို့များနှင့် ရွှေတောင် မြို့အထိ ကိုယ်ပိုင်ကားနှင့်  အရောက်ပို့စနစ်ဖြင့် ဈေးကွက်ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။ အော်ဒါမှာယူခြင်းရှိလျှင် ရှိသည့်အတိုင်း ပြုလုပ်ရောင်းချပေးလျက်ရှိကြောင်းသိရှိရပါသည်။

       လယ်ယာထုတ်ကုန်ဆန်ကွဲဖြင့်အသုံးပြု၍ ထွက်ရှိသောဆန်မုန့်ဝေဖာလုပ်ငန်းဖြစ်သည့်အတွက် လူတို့အတွက် အာဟာရလည်းဖြစ်၊ ဘေးအန္တရာယ်လည်းကင်းပြီး အိမ်တွင်းမှုလုပ်ငန်း သာမက စီးပွားဖြစ်လုပ်ငန်းတစ်ခုဖြစ်အောင် စက်ပစ္စည်းနှင့် နည်းပညာများတိုးချဲ့အသုံးပြု နိုင်အောင် စဉ်းစားထားလျက်ရှိကြောင်းကို  လုပ်ငန်းရှင်က ဆွေးနွေးပြောကြားခဲ့ပြီး ဌာနအနေ ဖြင့်လည်း ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနေသည့်အခြေအနေများကိုသိရှိနိုင်ရန် အသိပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီခရိုင်၊ မြို့နယ်များရှိ မတ်ပဲဈေးနှုန်းနှင့်စီးထွက်မှုအခြေအနေ

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် မတ်ပဲဈေးနှုန်းအခြေအနေမှာ  ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ   နောက်ဆုံးပတ်တွင် ပိဿာ၂၀ဝင်တစ်တင်းလျှင် ၉၂၃၀၀/ကျပ်ခန့်ရှိခဲ့ရာမှ ဒီဇင်ဘာလ ပထမပတ်၌ ပိဿာ၂၀ဝင်တစ်တင်းလျှင် ၉၅၅၀၀/ကျပ်ခန့်ထိမြင့်တက်သွားပြီး ယခုဒီဇင်ဘာလ တတိယပတ်တွင်မူ ပိဿာ၂၀ဝင်တစ်တင်းလျှင် ၉၄၀၀၀/ကျပ်ခန့်ထိ ပြန်လည်ကျဆင်းခဲ့သဖြင့် မတ်ပဲဈေးနှုန်းမှာ အတက်/အကျဖြစ်ပေါ်ပြီး ဈေးနှုန်းအပြောင်းအလဲဖြစ်ပေါ်လျက်ရှိပါ သည်။

       စီးထွက်မှုအနေဖြင့်  ရန်ကုန်ဘုရင့်နောင်ပွဲရုံများသို့ ဒီဇင်ဘာလ တတိယပတ်ထိ တင်ပို့မှုမှာ အိတ်လုံးရေပေါင်း (၈၅၂၀၀) ခန့်ထိတင်ပို့နိုင်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

“ ကော့မှူးမြို့နယ်၌ ဈေးကွက်တွင် ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ ကွင်းဆင်းစစ်ဆေးခြင်း ”

    ဒီဇင်ဘာလ စတုတ္ထပတ်တွင် ကော့မှူးမြို့နယ်၌ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်ကြမ်း၊ ဆန်ချောအမျိုးအစားလိုက် (လိတ်စ၊ လတ်စ၊ နှိပ်ခ) များတွင် ဧည့်မထ တစ်ပြည်လျှင် (၃၄၀၀-၃၆၀၀) ကျပ်ထိ၊ မီးဒုံးဆန်(ရိုးရိုး) တစ်ပြည်လျှင် (၄၀၀၀-၄၂၀၀) ကျပ်ထိ၊ တောင်ပျံ(ရိုးရိုး) တစ်ပြည်လျှင် (၄၄၀၀-၄၅၀၀) ကျပ်ထိ၊ ဧရာဝတီပေါ်ဆန်း တစ်ပြည်လျှင် (၅၂၀၀-၅၄၀၀) ကျပ်ဖြင့်  ယခုအပတ်တွင် (၅၀၀၀) ကျပ်ဈေးကျသွားပြီး ပဲဆီ တစ်ပိဿာလျှင် ယခင်အပတ်တွင် (၁၇၀၀၀) ကျပ်၊ ယခုအပတ်တွင် (၁၆၅၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်နီဆိုဒ်စုံ တစ်ပိဿာလျှင်(၄၀၀၀-၄၅၀၀-၅၀၀၀) ကျပ်ဖြင့် လည်းကောင်း၊ ကြက်သွန်ဖြူ(အမွှာ) တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်၊ အာလူး တစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ နနွင်းမှုန့် တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ရိုးရိုးဆား  တစ်ပိဿာလျှင် (၅၀၀) ကျပ်၊ ငရုတ်တောင်(အဖု) တစ်ပိဿာလျှင် (၂၈၀၀၀) ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာလျှင် (၆၃၀၀) ကျပ်၊ မန်ကျီးသီးမှည့် တစ်ပိဿာလျှင် (၃၀၀၀-၃၅၀၀) ကျပ်၊ ငါးပိ တစ်ပိဿာလျှင် (၅၅၀၀) ကျပ်၊ ငါးနီတူခြောက် တစ်ပိဿာလျှင် (၂၅၀၀၀) ကျပ်၊ ငံပြာရည် တစ်ပိဿာလျှင် (၁၀၀၀) ကျပ်၊ ငါးရံခြောက် တစ်ပိဿာလျှင် (၆၀၀၀၀) ကျပ်၊  ခေါက်ဆွဲခြောက်  တစ်ထုပ်လျှင် (၅၀၀) ကျပ်၊ ကြက်ဥ တစ်လုံး (၂၅၀) ကျပ်၊ ဘဲဥ တစ်လုံး (၃၀၀-၃၅၀) ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

   အလားတူ ဗမာကြက် တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်၊ CP ကြက် တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ဝက်သား တစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ အမဲသား တစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်၊ ဆိတ်သား တစ်ပိဿာလျှင် (၂၅၀၀၀) ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၇၀၀၀) ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၈၀၀၀) ကျပ်စီလည်းကောင်း ဈေးနှုန်းအသီးသီးတို့ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်းတွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA(ရန်ကုန်)  

 

ပခုက္ကူမြို့ပေါ် ဒီဇင်ဘာလ(တတိယပတ်) စားသုံးဆီ ဈေးကွက်အခြေအနေ

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်၌ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(တတိယပတ်) တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော စားသုံးဆီဈေးနှုန်းများမှာ မြေပဲဆုံဆီ တစ်ပိဿာလျှင် ကျပ် (၁၃၅၀၀) မှ ကျပ် (၁၄၀၀၀)၊ စက်ပဲဆီသန့်  တစ်ပိဿာလျှင် ကျပ်(၁၀၀၀၀-၁၂၀၀၀)ဖြစ်ပြီး၊ ပဲရောဆီ တစ်ပိဿာကျပ်(၉၀၀၀)၊ နှမ်းဆီ တစ်ပိဿာကျပ်(၁၃၀၀၀)၊ စားအုန်းဆီ တစ်ပိဿာကျပ် (၅၃၀၀)၊ နေကြာဆီတစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

ယခင် ဒီဇင်ဘာလ(ဒုတိယပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ရမည်ဆိုလျှင် ယခု ဒီဇင်ဘာလ (တတိယပတ်)တွင် မြေပဲ၊ နှမ်း ဈေးနှုန်းအနည်းငယ်မြင့်တက်လာ၍ ပဲဆီ၊ နှမ်းဆီဈေးများမှာ အနည်းငယ်ဈေးမြင့်တက်ခဲ့ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

ပခုက္ကူမြို့ရှိ စားသုံးသူများသည် မြေပဲဆီကိုသာ အဓိကစားသုံးမှုများပြီး လုပ်ငန်းရှင်များမှ လည်း မြေပဲဆံ၊ မြေပဲဆီများ ထုတ်လုပ်ရောင်းဝယ်ဖောက်ကားလျက်ရှိပြီး မြန်မာနိုင်ငံနေရာဒေသ အနှံ့အပြားသို့ မြေပဲဆီများ ထုတ်လုပ်တင်ပို့ ရောင်းချဖြန့်ဖြူးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မိုးညိုမြို့နယ်၊ ပဒေသာကျွန်းကျေးရွာ၌ CP ပြောင်း(ခေါ်)အစေ့ထုတ်ပြောင်းများစိုက်ပျိုးလျက်ရှိ

          ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ကျွန်းညိုအုပ်စုရှိ ပဒေ သာကျွန်း၊ ကြံခင်းစု၊ ဘိုးဘိုးကုန်း၊ ကျွန်းညို၊ ကန်သာယာ စသည့်ကျေးရွာများသည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြပါသည်။ ပဒေသာကျွန်းကျေးရွာ၌ ပြောင်း၊ ငရုတ်၊ ခရမ်းချဉ်သီးနှင့် အခြား စားပင်သီးပင်များကို ရာသီအလိုက်စီးပွားဖြစ်စိုက်ပျိုးလျက်ရှိပြီး ယခုနှစ်တွင် ပဲငပိနှင့် CP ပြောင်းကို အများဆုံးစိုက်ပျိုးကြကြောင်း သိရှိရပါသည်။

          ပဒေသာကျွန်းကျေးရွာ၌  CPပြောင်း(ခေါ်)အစေ့ထုတ်ပြောင်း စိုက်တောင်သူဦးရေ(၅၀)ဦးခန့် ရှိပြီး စိုက်ဧကမှာ(၄၀၀)ဧကကျော်ရှိကြောင်း၊ မိမိအနေဖြင့် (၅)ဧကစိုက်ပျိုးထားကြောင်း၊ CPပြောင်း မျိုးများဖြစ်သည့်(၆၁၂)၊ (၈၀၈)၊ (၁၃၅)၊ (၇၂၂)မျိုးများအနက်မှ (၈၀၈)မျိုးကိုစိုက်ပျိုးကြောင်း၊ ပြောင်းမျိုးကို ရွာရှိသီးနှံပွဲစားများထံမှဝယ်ယူရပြီး (၈၀၈)၊ (၁၃၅)၊ (၇၂၂)မျိုးများမှာ(၁)တစ်ထုပ်လျှင် ကျပ်(၈၅၀၀၀)နှင့် ပြောင်း(၆၁၂)မျိုးမှာ ကျပ်(၁၀၅၀၀၀)ရှိကြောင်း၊ (၁)ဧကစိုက်ပျိုးရာတွင် မျိုး(၂) ထုပ်ကုန်ကျကြောင်း၊ သီတင်းကျွတ်နှင့် တန်ဆောင်းမုန်းလများတွင် စတင်စိုက်ပျိုးပါကြောင်း၊ စတင်စိုက်ပျိုးချိန်မှ ခူးစွတ်ချိန်အထိ မြေအောက်ရေဖြင့်ရေတင်၍ တစ်လတစ်ကြိမ်ရေသွင်းရကြောင်း၊ စိုက်ပျိုးပြီး(၄)လအကြာတွင် စတင်ခူးစွတ်ရပါကြောင်း၊ ယခင်နှစ်ကကုန်ကျစရိတ်မှာ (၁)ဧကလျှင် ကျပ်(၆၀၀၀၀၀)နီးပါး ကုန်ကျကြောင်း၊ ယခုနှစ်တွင် ထွန်ယက်ခ၊ လုပ်အားခ၊ စက်မောင်းခနှင့် အခြားသွင်းအားစုစရိတ်အပါအဝင် စုစုပေါင်းကုန်ကျစရိတ်မှာ (၁)ဧကလျှင် ကျပ်(၈၀၀၀၀၀)ဝန်း ကျင်ကုန်ကျပါကြောင်း၊ အထွက်နှုန်းအနေဖြင့် ရာသီဥတုကောင်းမွန်ပါက ပြောင်းစိုက်(၁)ဧကလျှင် တင်း (၁၀၀)ထွက်ရှိပြီး မိုးမကြိုက်သောသီးနှံဖြစ်၍ ရုတ်တရတ်ရာသီဥတုဖောက်ပြန်ပြီး မိုးရွာသွန်းမှု များလျှင် ပြောင်းအထွက်နှုန်းမှာ လျော့နည်းသွားတက်ကြောင်း၊ ယခင်နှစ်က (၁)ဧကအထွက်နှုန်းမှာ တင်း(၁၀၀)ခန့်ထွက်ရှိကြောင်း၊ ထွက်ရှိသောပြောင်းများကို ရွာရှိပြောင်းဖူးချွေလှေ့စက်ဖြင့် (၁)တင်း လျှင် ကျပ်(၃၀၀)ဖြင့်ပေး၍ အစေ့ထုတ်ရကြောင်း၊ ထွက်ရှိသောပြောင်းစေ့များကို ရွာရှိသီးနှံပွဲစား များထံသို့ ရောင်းချကြောင်း၊ ယခုနှစ်တွင်လည်း ယခင်နှစ်ကအတိုင်းထွက်ရှိမည်ဟု မျှော်လင့်ပါ ကြောင်း၊ ယခင်နှစ်ကပြောင်း(၁)တင်းလျှင် ကျပ်(၂၂၀၀၀)ဈေးရရှိခဲ့သော်လည်း ယခုနှစ်တွင်ပြောင်း စိုက်ပျိုး ရသည့်ကုန်ကျစရိတ်မှာ ယခင်နှစ်ကထက်များသောကြောင့် ပြောင်း(၁)တင်းလျှင် အနိမ့်ဆုံး ဈေးနှုန်းအနေဖြင့် ကျပ်(၂၅၀၀၀)ရမည်ဆိုပါက ပြောင်းစိုက်တောင်သူများအတွက် အဆင်ပြေနိုင် မည်ဖြစ်ကြောင်း ပဒေသာကျွန်းကျေးရွာနေ အစေ့ထုတ်ပြောင်းစိုက်တောင်သူ ဒေါ်ရင်ကြည်ထံမှ သိရှိရပါသည်။ 

DOCA(မကွေး)

လှိုင်မြို့နယ်၊ ရွှေပိတောက်ငါးဈေးအတွင်းရှိ ငါးဈေးနှုန်းများ

     ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်အတွင်းရှိ ရွှေပိတောက်ငါးဈေးတွင် (၁၁.၁၂.၂၀၂၃) မှ (၁၈.၁၂.၂၀၂၃) ထိဝင်ရောက်ခဲ့သော ရေချိုငါးများမှာ ငါးမြစ်ချင်း တစ်ပိဿာ အနိမ့်ဆုံး ၅၅၀၀ မှ အမြင့်ဆုံး ၇၅၀၀ ကျပ်၊ ငါးကြင်း တစ်ပိဿာ ၇၅၀၀ မှ ၁၃၀၀၀ ကျပ်၊ ငါးသလောက် တစ်ပိဿာ ၂၃၀၀၀ မှ ၄၅၀၀၀ ကျပ်၊ ငါးခေါင်းပွ တစ်ပိဿာ ၅၅၀၀ မှ ၉၀၀၀ ကျပ်၊ ငါးဘတ် တစ်ပိဿာ ၁၇၀၀၀ မှ ၂၅၀၀၀ ကျပ်၊ ကကတစ် တစ်ပိဿာ ၁၄၀၀၀ မှ ၂၀၀၀၀ ကျပ်၊ ငါးနုသန်း တစ်ပိဿာ ၁၃၀၀၀ မှ ၁၈၀၀၀ ကျပ်၊ ငါးခူ တစ်ပိဿာ ၄၅၀၀ မှ ၁၇၀၀၀ ကျပ်၊ ငါးဖီးမ တစ်ပိဿာ ၄၅၀၀ မှ ၇၀၀၀ ကျပ်၊ ငါးတန်(မြစ်) တစ်ပိဿာ ၆၀၀၀ မှ ၈၀၀၀ ကျပ်၊ ငါးတန်(မွေး) တစ်ပိဿာ ၃၈၀၀ မှ ၆၅၀၀ ကျပ်၊ ငါးခုံးမ တစ်ပိဿာ ၂၅၀၀ မှ ၃၀၀၀ ကျပ်၊ ငါးရံ့ တစ်ပိဿာ ၁၂၀၀၀ မှ ၁၇၀၀၀ ကျပ်၊ ပုဇွန်(ကျော့) တစ်ပိဿာ ၁၂၀၀၀ မှ ၄၀၀၀၀ ကျပ်၊ ပုဇွန် တစ်ပိဿာ ၂၅၀၀၀ မှ ၄၀၀၀၀ ကျပ်၊ ငါးမျက်ကြယ် တစ်ပိဿာ ၂၅၀၀ မှ ၅၀၀၀ ကျပ်၊ ပီဇာ တစ်ပိဿာ ၃၅၀၀ မှ ၅၅၀၀ ကျပ်၊ ငါးနှပ်(အာပြဲခြောက်) တစ်ပိဿာ ၂၀၀၀ မှ ၃၀၀၀ ကျပ်၊ ကင်းမွန် တစ်ပိဿာ ၁၅၀၀၀ မှ ၂၅၀၀၀ ကျပ်၊ ပလာတူး တစ်ပိဿာ ၃၅၀၀ မှ ၆၀၀၀ ကျပ်၊ ရွှေငါး တစ်ပိသာ ၃၅၀၀ မှ ၅၀၀၀ ကျပ်၊ ပြည်ကြီးငါး တစ်ပိဿာ ၂၈၀၀၀ မှ ၃၅၀၀၀ ကျပ်တို့ရှိကြောင်း ရွှေပိတောက်ငါးဈေးထံမှ စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)  

(၁၂.၁၂.၂၀၂၃) ရက်နေ့မှ (၁၈.၁၂.၂၀၂၃) ရက်နေ့ထိ မြောက်ဥက္ကလာပမြို့နယ် (၂) ဈေးအတွင်းရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများ

     မီးဖိုချောင်သုံးပစ္စည်းများဖြစ်သော ကြက်သွန်နီ တစ်ပိဿာ ၄၅၀၀ ကျပ် မှ ၄၀၀၀ ကျပ်၊ ငရုတ်သီးခြောက်(အပု) တစ်ဆယ်သား ၂၆ ၀၀ ကျပ် မှ ၂၇၀၀ ကျပ်၊ မန်ကျည်းသီး တစ်ဆယ်သား ၃၀၀ ကျပ် မှ ၃၅၀ ကျပ်၊ ကုလားပဲ တစ်ဆယ်သား ၇၀၀ ကျပ် မှ ၈၀၀ ကျပ်၊ ပဲဝါလေး တစ်ဆယ်သား ၉၀၀ ကျပ် မှ ၁၀၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာ ၂၀၀၀၀ ကျပ် ၂၂၀၀၀ ကျပ်၊  ဆားကြမ်း တစ်ပိဿာ ၅၀၀  ကျပ်၊ ကန်စွန်းရွက် တစ်စည်း ၅၀၀ ကျပ် မှ ၆၀၀ ကျပ်၊ ချဉ်ပေါင်ရွက်တစ်စည်း ၂၀၀ ကျပ် မှ ၃၀၀ ကျပ်၊ မုန့်ညှင်း တစ်စည်း ၂၀၀ ကျပ် မှ ၃၀၀ ကျပ်၊ ကိုက်လန် တစ်စည်း ၅၀၀ ကျပ် မှ ၆၀၀ ကျပ်၊ ပန်းဂေါ်ဖီ တစ်ပွင့် ၈၀၀ ကျပ် မှ ၁၀၀၀ ကျပ်၊ ခရမ်းသီး တစ်လုံး ၁၅၀ ကျပ် မှ ၂၀၀ ကျပ်၊ သခွားသီး တစ်လုံး ၁၀၀ ကျပ် မှ ၂၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၂၅၀၀ ကျပ် မှ ၃၀၀၀ ကျပ်၊ ဘူးသီး တစ်လုံး ၂၀၀၀ ကျပ် မှ ၂၅၀၀ ကျပ်၊ ဂေါ်ဖီ တစ်ထုပ် ၈၀၀ ကျပ် မှ ၁၀၀၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း စုံစမ်းသိရှိခဲ့ရပါသည်။

DOCA(ရန်ကုန်)  

ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ နေ့စဉ်ဆန်ဝင်ရောက်မှုစာရင်း

    ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ (၁၂.၁၂.၂၀၂၃) မှ (၁၈.၁၂.၂၀၂၃) နေ့ထိ ဆန်ဝင်ရောက်မှု စာရင်းများမှာ ဧရာဝတီတိုင်းမှ ပေါ်ဆန်းမွှေး (၅၀၉၇၀) အိတ်၊ ပေါ်ကျွဲ (၅၈၉၀) အိတ်၊ ဧည့်မထ (၁၁၃၉၄၈) အိတ်၊ ဆန်ကွဲ (၅၇၂၀) အိတ်ဝင်ရောက်ခဲ့ပြီး ပဲခူး(အရှေ့) မှ ဧည့်မထ (၈၁၃၀) အိတ်နှင့် ပဲခူး(အနောက်) မှ ဧည့်မထ (၂၅၉၀၅) အိတ်၊ ငစိန် (၁၅၃၅) အိတ်ဝင်ရောက်ခဲ့ပါသည်။ ရန်ကုန်တိုင်းပြင်ပမြို့နယ်များမှ ဧည့်မထ (၁၇၁၁၀) အိတ် ဝင်ရောက်မှုရှိကြောင်း ဝါးတန်းဆန်စပါး ကုန်စည်ဒိုင်၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)  

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီဝင်ရောက်ရာဒေသများနှင့် ဈေးနှုန်းများ

     ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့  နေ့စဉ်မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏  ကြက်သွန်နီလက်ကျန်  အခြေအနေများအား  အမှန်ကန်ဆုံး သိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ  ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ နေ့စဉ်ဝင်ရောက်မှု စာရင်းများအရလည်းကောင်း၊ ကြက်သွန်နီလက်ကျန် အခြေအနေအား နေ့စဉ်စုံစမ်းလျက်ရှိပါသည်။ ဒီဇင်ဘာလ ( ၉ ) ရက်မှ ဒီဇင်ဘာလ ( ၁၅ ) ရက်နေ့အထိ ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်ရာဒေသများဖြစ်သည့် ဆိတ်ဖြူ၊ မြင်းခြံ၊ မြစ်သားဒေသတို့မှ ကြက်သွန်နီ (၆၆၆၀၀၀) ပိဿာဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၂၆၆၄၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရ သိရှိရသည်။ ဆိတ်ဖြူ ကြက်သွန်နီ (အဟောင်း) အချော တစ်ပိဿာ ကျပ် ၂၆၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၄၀၀၀ ၊ အကြီးမှာ ကျပ် ၄၄၀၀၊ ရှယ်မှာ ကျပ် ၅၀၀၀၊ မြင်းခြံ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၂၂၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၃၁၀၀ ၊ အကြီးမှာ ကျပ် ၃၂၀၀၊ ရှယ်မှာ ကျပ် ၃၆၀၀၊ မြစ်သား ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၂၃၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၃၂၀၀ ၊ အကြီးမှာ ကျပ် ၃၅၀၀၊ ရှယ်မှာ ကျပ် ၃၈၀၀ ဈေးတို့အသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)  

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း