ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူခရိုင်၏ ဒီဇင်ဘာလ စတုတ္ထပတ်တွင်ဖြစ်ပေါ်နေသော စပါး၊ ဆန်ဈေးနှုန်းများ

    စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၌ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်ခဲ့သောစပါး၊ ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး(အသစ်) တင်း(၁၀၀)လျှင် ငွေကျပ် ၂၉၀၀၀၀၀၊ ဧရာမင်းစပါး(အသစ်) တင်း (၁၀၀)လျှင် ငွေကျပ်၂၀၀၀၀၀၀နှင့် ရွှေဘိုပေါ်ဆန်း ဆန်(အသစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ငွေကျပ်၁၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန်(အဟောင်း) ၂၄ပြည်ပါတစ်အိတ်လျှင် ငွေကျပ်၁၂၅၀၀၀၊ ဧရာမင်းဆန်(အသစ်) ၂၄ပြည်ပါတစ်အိတ်လျှင် ငွေကျပ်၉၀၀၀၀၊ ဧရာမင်းဆန်(အဟောင်း)၂၄ပြည်ပါတစ်အိတ်လျှင် ငွေကျပ်၁၂၅၀၀၀နှင့် ရွှေဝါထွန်းဆန် ၂၄ပြည်ပါတစ်အိတ်လျှင် ငွေကျပ်၇၀၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ဒေသခံဆန်စက်လုပ်ငန်းရှင်များထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)       

ကန့်ဘလူခရိုင်အတွင်း ဒီဇင်ဘာလ စတုတ္ထပတ်၌ဖြစ်ပေါ်နေသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကအားထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများပိုမိုကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကို စိုက်ပျိုးသူတောင်သူများက ဝယ်ယူအသုံးပြုလျက်ရှိကြောင်းသိရှိရပါသည်။

     ကန့်ဘလူခရိုင်အတွင်းရှိ စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိသော စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ၏ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်ခဲ့သောဈေးနှုန်းများမှာ ပန်းဖူး(50)kg တစ်အိတ်လျှင် (၈၈၀၀၀)ကျပ်၊ မြှားကမ္ဘာ(50)kg တစ်အိတ်လျှင် (၇၇၀၀၀)ကျပ်၊ အာမို(ကွန်ပေါင်း)(10:10:5) (50)kg တစ်အိတ်လျှင် (၇၇၀၀၀)ကျပ်၊ အာမို (ကွန်ပေါင်း) (15:15:15) (50)kg တစ်အိတ်လျှင် (၁၆၅၀၀၀)ကျပ်၊ ပိုတက် (50)kg တစ်အိတ်လျှင် (၁၂၃၀၀၀)ကျပ်နှင့် ရွှေတောနစ် (၅၀၀)စီစီတစ်ဘူးလျှင် (၁၁၅၀၀)ကျပ်၊ မိုရယ်လ်မုန်း (၅၀၀)စီစီတစ်ဘူးလျှင် (၂၅၅၀၀) ကျပ်၊ ဟတ်ကာ(၅၀၀)စီစီတစ်ဘူးလျှင် (၂၄၅၀၀)ကျပ်၊ AP ဇာပြာ (၅၀၀)စီစီတစ်ဘူးလျှင် (၂၁၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း စိုက်ပျိုးရေးသုံးဆေးနှင့် ဆေးပစ္စည်းရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

         

                            

ကန့်ဘလူမြို့ရှိ စက်သုံးဆီအရောင်ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့်ဝန်ထမ်း(၁)ဦးတို့သည် (၂၁-၁၂-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ “သိန်းကမ္ဘာ”စက်သုံးဆီအရောင်းဆိုင်သို့သွားရောက်၍ မြေပြင်လက်ကျန်အခြေအနေနှင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချနေခြင်းရှိ/မရှိတို့ကို ကွင်းဆင်းစိစစ်ကြပ်မတ်ခဲ့ပါသည်။

     စစ်ဆေးရာတွင် စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချနေသည့် လုပ်ငန်းရှင်အနေဖြင့် တရားမဝင် စက်သုံးဆီ၊ ချောဆီများတင်သွင်း/ဖြန့်ဖြူးရောင်းချနေခြင်းများစစ်ဆေးတွေ့ရှိရပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စက်သုံးဆီတင်သွင်း/သိုလှောင်/ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက နေ့စဉ်ထုတ်ပြန်သော စက်သုံးဆီရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းမရှိစေရေး၊ ပြည်သူများအဆင်ပြေစွာဝယ်ယူနိုင်ရန် စက်သုံးဆီအရောင်းဆိုင်များ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေးနှင့် စက်သုံးဆီများကို အချင်အတွယ်မှန်ကန်စွာရောင်းချနိုင်ရေး ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်း အသိပညာပေး၍ စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၌ ဒီဇင်ဘာလ စတုထ္ထအပတ်တွင်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများ

    မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ ရည်ညွှန်းလက်ကားဈေးနှုန်းများအား  နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည် ။

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စက်သုံးဆီဆိုင် (၃)ဆိုင်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၆၆၅)ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၂၇၇၅)ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၂၄၁၀)ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၂၄၆၅)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

     ယခုဒီဇင်ဘာလ စတုထ္ထပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92)တစ်လီတာလျှင်   (၂၆၄၀)ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၂၇၄၅)ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၂၃၈၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၄၄၀)ကျပ်ဖြင့်ရောင်းချသောကြောင့်  ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၅)ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင်(၃၀)ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၂၅)ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၂၅)ကျပ်ဈေးနှုန်းလျော့နည်း၍ ယခင်အပတ်ထက် ဈေးနှုန်းအနည်းငယ်လျော့ကျလျက်ရှိကြောင်း ကျွန်းလှမြို့၊ စက်သုံးဆီဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့၊ ကုန်းဘောင်ဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

    ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ ကုန်းဘောင်ဈေးတွင် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်တွင်ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ တောင်ကြီးမြို့နှင့်  ပြင်ဦးလွင်မြို့မှထွက်ရှိသည့် ထောပတ်သီးတစ်လုံးလျှင် (၅၀၀)ကျပ်မှ (၁၃၀၀)ကျပ်ထိ၊ စတော်ဘယ်ရီသီးတစ်ပိဿာလျှင် (၂၂၀၀၀)ကျပ်၊ ပန်းသီးတစ်လုံးလျှင် (၈၀၀)ကျပ်မှ (၃၀၀၀)ကျပ်ထိ၊ ပန်းသစ်တော်သီး တစ်လုံးလျှင် (၃၀၀၀)ကျပ်၊ မန္တလေးပွဲရုံများမှ မှာယူရောင်းချသည့် ပျားလိမ္မော်တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ရွှေလိမ္မော်တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ကျွဲကောသီးတစ်လုံးလျှင် (၃၀၀၀)ကျပ်၊ ရွှေသခွားသီးတစ်လုံးလျှင် (၁၀၀၀)ကျပ်၊ ဩဇာသီးတစ်လုံးလျှင် (၃၀၀)ကျပ်မှ (၅၀၀)ကျပ်ထိ၊ ဆီးပန်းသီးတစ်လုံးလျှင် (၂၅၀)ကျပ်၊ သခွားမွှေးတစ်လုံးလျှင် (၃၀၀၀)ကျပ်၊ ရမည်းသင်းမြို့မှထွက်ရှိသည့် စပျစ်သီး အချွန်းသီး(အစေ့လွတ်) တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်၊ စပျစ်သီး အဝိုင်းသီးတစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ သလဲသီးတစ်လုံးလျှင် (၇၀၀) ကျပ်မှ (၁၃၀၀)ကျပ်ထိ၊ ပင်မှည့်သီးတစ်လုံးလျှင် (၂၀၀)ကျပ်၊ ကဗ္ဗလာသီးတစ်လုံးလျှင် (၂၅၀)ကျပ်၊ ဆားတောင်မြို့နှင့် ရွှေပန်းကုန်းရွာမှထွက်ရှိသည့် ငှက်ပျောသီး ဖီးကြမ်းတစ်ဖီးလျှင် (၂၀၀၀)ကျပ်၊ ဖရဲသီးတစ်လုံးလျှင် (၁၃၀၀)ကျပ်မှ (၂၀၀၀)ကျပ်ထိ၊ မာလကာသီးတစ်လုံးလျှင် (၃၅၀)ကျပ်၊ ဗန်းမော်မြို့မှ မှာယူရောင်းချသည့် သစ်ကြားသီးတစ်လုံးလျှင် (၁၅၀)ကျပ်ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်နေကြောင်း ကုန်းဘောင်ဈေးအတွင်းရောင်းချသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

                            

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းအခြေအနေ

  ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည်လျှင် ၆၅၀၀ကျပ်၊ ဧရာမင်းဆန်တစ်ပြည်လျှင် ၆၅၀၀ကျပ်၊ ရွှေဘို ပေါ်ဆန်း(သစ်) တစ်ပြည်လျှင် (၅၀၀၀)ကျပ်၊ ဧရာမင်းဆန် (သစ်) တစ်ပြည်လျှင် (၄၆၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီလက်လီဈေးမှာ (ကြီး) တစ်ပိဿာလျှင် ၄၅၀၀ကျပ်၊ (လတ်) တစ်ပိဿာလျှင် ၃၅၀၀ကျပ်၊ (သေး)တစ်ပိဿာလျှင် ၂၅၀၀ကျပ်နှုန်း၊ ကြက်သွန်နီ (သစ်) တစ်ပိဿာလျှင် ၂၈၀၀ကျပ်မှ ၃၂၀၀ကျပ်ထိဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ရှမ်းကြက်သွန်ဖြူတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်မှ ၁၇၀၀၀ကျပ်ထိ၊ (ကြူကုပ်) တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်မှ ၁၅၀၀၀ကျပ်ထိ၊ ချင်းတစ်ပိဿာလျှင် ၅၀၀၀ကျပ်၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် တစ်ပိဿာလျှင် ၁၇၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ အာလူးတစ်ပိဿာလျှင် ၂၈၀၀ကျပ်မှ ၃၆၀၀ကျပ်ထိ၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၁၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

      ကြက်ဥလက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံးလျှင် ၃၀၀ကျပ်၊ (သေး) တစ်လုံးလျှင် ၂၅၀ကျပ်၊ ဘဲဥ (ကြီး) တစ်လုံးလျှင် (၃၅၀)ကျပ်၊ (သေး)တစ်လုံးလျှင် (၃၀၀)ကျပ်ရှိပြီး ရွှေဘိုမြို့၏ အသားငါးဈေးနှုန်းများမှာ ကြက်သား(CP)  တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်ထိ၊ ကြက်သား (ဗမာ)တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်မှ ၁၅၀၀၀ကျပ်ထိ၊  ဝက်သားတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်မှ ၂၂၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊  ငါးမြစ်ချင်းတစ်ပိဿာလျှင် ၇၅၀၀ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် ၇၀၀၀ကျပ်ဖြင့် အရောင်းအဝယ်နေကြောင်းသိရှိရပါသည်။

       စားသုံးဆီဈေးနှုန်းများမှာ ပဲဆီသန့်တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်၊  စားအုန်းဆီတစ်ပိဿာလျှင် ၅၄၀၀ကျပ်နှင့် နှမ်းဆီတစ်ပိဿာလျှင် ၁၃၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

         

ပခုက္ကူမြို့တွင် ဆန်ဈေးနှုန်းများအနည်းငယ်မြင့်တက်နေ

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် စပါးစိုက်ဧကနည်းပြီး ဆန်လိုဒေသ ဖြစ်သောကြောင့် အခြားတိုင်းဒေသများနှင့် မြို့နယ်များမှ ဆန်တင်သွင်းရသောမြို့ဖြစ်ပါသည်။ ဧရာဝတီတိုင်းဒေသများဖြစ်သော ပုသိမ်၊ မြောင်းမြမြို့များမှ ရေလမ်းကြောင်းဖြင့်လည်းကောင်း၊ ရွှေဘိုခရိုင်၊ ဆင်ဖြူကျွန်း၊ စလင်းဒေသများမှ ကုန်းလမ်းကြောင်းဖြင့်လည်းကောင်း နေ့စဉ်ဝင် ရောက်လျက်ရှိပါသည်။

          ပခုက္ကူဒေသတွင် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(တတိယပတ်)တွင် အရောင်းအဝယ်ဖြစ်နေသော ဆန်ဈေးနှုန်းများမှာ ယခင် နိုဝင်ဘာလ(တတိယပတ်)ထက် ဈေးနှုန်းအနည်းငယ်တက်လာသည်ကို တွေ့ရှိရပါသည်။ အများသုံးဆန်ဖြစ်သော မြောင်းမြ ဧရာပဒေသာဆန်ဈေးနှုန်းမှာ တစ်အိတ်လျှင် ကျပ်(၁၂၅၀၀၀မှ ၁၃၅၀၀၀) ၊ စလင်းမြို့နယ်၊ ရှောက်တောမှလာသော ဧရာပဒေသာတစ်အိတ်လျှင် ကျပ်(၁၅၀၀၀၀) ရှိပါသည်။ ဧည့်မထ ဆန်မျိုးဖြစ်သော ချန်ဧရာ တစ်အိတ်လျှင် ကျပ်(၉၃၅၀၀)၊ အောင်သုခဆန်  တစ်အိတ်လျှင် ကျပ်(၉၃၅၀၀)၊ လိပ်မလေးဆန် တစ်အိတ်လျှင် ကျပ်(၉၅၀၀၀)၊ ဝန်ကြီးပဒေသာ ဆန်တစ်အိတ်လျှင် ကျပ်(၁၄၀၀၀၀)၊ ဧရာမင်းဆန် တစ်အိတ်လျှင် ကျပ်(၈၉၀၀၀)၊ မနောသုခတစ်အိတ်လျှင် ကျပ်(၈၆၀၀၀)၊ ရက်(၉၀)ဆန် တတိယတန်းစား တစ်အိတ်လျှင် ကျပ် (၇၈၀၀၀)၊ ရက်(၉၀)ဆန် ဒုတိယတန်းစားတစ်အိတ်လျှင် ကျပ်(၉၀၀၀၀)၊ နေလ ဧရာပဒေသာ ဆန်(ရှယ်) တစ်အိတ်လျှင် ကျပ်(၁၄၅၀၀၀)ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

          ပေါ်ဆန်းမွှေးမှာ ဒုတိယအများဆုံးစားသုံးသော ဆန်ဖြစ်ပြီး မြောင်းမြဒေသမှ ဝင်ရောက်သလို ရွှေဘိုဒေသမှလည်း အများဆုံးဝင်ရောက်ပါသည်။ ရွှေဘို ပေါ်ဆန်းမွှေးမှာ ပိုမိုအရည်အသွေးကောင်း မွန်ပြီး ဒီဇင်ဘာလ(တတိယပတ်)တွင် တစ်အိတ်လျှင် ကျပ် (၁၆၀၀၀၀)၊ မြောင်းမြပေါ်ဆန်းမှာ တစ်အိတ်လျှင် ကျပ်(၁၄၅၀၀၀)နှင့် အရောင်းအဝယ်ဖြစ်နေကြောင်း ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(မကွေး)

ရွှေဘိုမြို့၌ စားသုံးဆီဈေးနှုန်းများတည်ငြိမ်

    စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားသောက်ကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်းတင်ပြလျက်ရှိရာ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်တွင် ရွှေဘိုမြို့၌ စားသုံးဆီဈေးနှုန်းများတည်ငြိမ်လျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှသိရှိရပါသည်။

    ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကားရောင်းချသောဆိုင် (၁၂)ဆိုင်ရှိပြီး ဒီဇင်ဘာလ ဒုတိယပတ်တွင် စားအုန်းဆီတစ်ပိဿာလျှင် (၅၄၀၀)ကျပ်၊ ပဲဆီသန့်တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုဒီဇင်ဘာလ တတိယပတ်တွင်လည်း စားအုန်းဆီတစ်ပိဿာလျှင် (၅၄၀၀) ကျပ်၊ ပဲဆီသန့် တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေသဖြင့် စားသုံးဆီဈေးနှုန်းများမှာ ယခင်အပတ်နည်းတူ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း စားသုံးဆီလက်ကားအရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

                            

ပခုက္ကူမြို့တွင် ဘိလပ်‌မြေ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး ဈေးနှုန်းများတည်ငြိမ်နေ

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၌ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(တတိယပတ်)တွင် ဘိလပ်မြေဈေးကွက်မှာ ပုံမှန်အရောင်းအဝယ်ရှိနေပြီး ဈေးနှုန်းမှာ ဒီဇင်ဘာလ(ပထမပတ်)က ဈေး အတိုင်း၊ ကြံနှစ်ကောင် ဘိလပ်မြေ တစ်အိတ်လျှင် ကျပ်(၈၆၀၀)၊ အယ်လဖာဘိလပ်မြေ တစ် အိတ်လျှင် ကျပ်(၈၇၀၀)ဈေးနှင့်ပင် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

            ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းမှာလည်း အရောင်းအဝယ်ပုံမှန်ရှိနေပြီး အသုံးများ သောဓာတ်မြေဩဇာလောက်သာ ဈေးအနည်းငယ်တက်ပြီး ကျန်အမျိုးအစားများမှာ ဈေးနှုန်း တည်ငြိမ်နေကြောင်း သိရှိရသည်။

၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(တတိယပတ်)တွင် အရောင်းအဝယ်ဖြစ်နေသော ဓာတ်မြေဩဇာ ဈေးနှုန်းများမှာ အာမိုယူရီးယား (50)kgပါ တစ်အိတ်လျှင် ကျပ်(၉၇၀၀၀)၊ ဩဘာယူရီးယား (50)kgပါ တစ်အိတ်လျှင် ကျပ်(၉၀၀၀၀)၊ ရွှေနဂါး ယူရီးယား တစ်အိတ်လျှင် ကျပ်(၈၀၀၀၀)၊ တရုတ်တီစူပါသံကွင်း (50)kgပါ တစ်အိတ်လျှင် ကျပ်(၁၁၀၀၀၀)၊ တရုတ်ပုလဲရွှေတောင် (50)kgပါ  တစ်အိတ်လျှင် ကျပ်(၉၅၀၀၀)၊ မြန်မာဩဘာ ရွှေကောမက် (50)kg ပါ တစ်အိတ်လျှင် ကျပ် (၁၂၅၀၀၀)၊ အာမို ကွန်ပေါင်း (50)kg ပါ တစ်အိတ်လျှင် ကျပ်(၁၅၈၀၀၀)၊ ဩဘာကွန်ပေါင်း (50)kg ပါ တစ်အိတ်လျှင် ကျပ်(၁၅၇၀၀၀)၊ ကောမက်ကွန်ပေါင်း ၁၅း၁၅း၁၅ (50kg)ပါ တစ်အိတ်လျှင် ကျပ်(၁၅၇၀၀၀)၊ တရုတ်အာမို ၁၆း၁၆း၁၆ (50kg)ပါ တစ်အိတ် လျှင် ကျပ်(၁၃၂၀၀၀)အသီးသီးဖြင့် ပုံမှန်အရောင်းအဝယ်ရှိနေပါသည်။

         ပိုးသတ်ဆေး ဈေးနှုန်းများအနေဖြင့် ယခုရာသီတွင် ဈေးနှုန်းအတက်အကျမရှိ တည်ငြိမ်နေ သည်ကို တွေ့ရ သည်။ အာမိုမက်နီဖော့(500)cc တစ်ဘူးလျှင် ကျပ်(၂၈၅၀၀)၊ အာမိုစတား (၁)လီတာ တစ်ဘူးလျှင် ကျပ်(၄၁၀၀၀)၊ အာမိုအီမာ(၁)လီတာဘူး တစ်ဘူးလျှင် ကျပ်(၃၃၅၀၀)၊ အာမို မင်းမဟော်(၁၀၀)cc တစ်ဘူးလျှင် ကျပ်(၁၀၀၀၀)၊ ဩဘာပို့စ်(၂၅၀)cc ဘူးတစ်ဘူးလျှင် ကျပ်(၁၁၀၀၀)၊ ဩဘာအဆီဖိတ် (500)gပါ တစ်ထုပ်လျှင် ကျပ်(၂၁၀၀၀)၊ ဩဘာငှက်ကြီးတောင် (၁၀၀)cc တစ်ဘူးလျှင် ကျပ်(၁၆၈၀၀)၊ ဩဘာငှက်ကြီးတောင်(၂၅၀)cc တစ်ဘူးလျှင် ကျပ် (၄၀၀၀၀)၊ မင်းမဟော်ဖော်ယူဘိုး (500)cc တစ်ဘူးလျှင် ကျပ်(၂၉၀၀၀)၊ မင်းမဟော်ဖော်ယူဘိုး (250)cc တစ်ဘူးလျှင် ကျပ်(၁၆၀၀၀) အသီးသီးရှိပြီး ပိုးသတ်ဆေးများမှာ ရောင်းအားအနေဖြင့် ပုံမှန် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ရွှေဘိုမြို့တွင် ဒီဇင်ဘာလ တတိယပတ်၌ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများ

     မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင်/ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

       ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင် (၁၉)ဆိုင်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယပတ်တွင်ဖြစ်ပေါ်ခဲ့သော စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၅၀၀)ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၂၆၀၅)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၂၅၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၃၁၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

         ယခု ဒီဇင်ဘာလ တတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၆၂၅)ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၂၇၂၅)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၄၈၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၅၄၀)ကျပ်ဖြင့်ရောင်းချနေသောကြောင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် (၁၂၅)ကျပ်၊ ဓာတ်ဆီ(95) တစ်လီတာ လျှင် (၁၂၀)ကျပ် ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၂၅)ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၂၃၀)ကျပ်ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း စက်သုံးဆီဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း