ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဇူလိုင်လ တတိယပတ်တွင် ရောင်းချနေသော အသား/ငါး ဈေးကွက်

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ချင်းတွင်းရတနာဈေး၊ မန်းကျည်းပင်ဈေး၊ သာစည်ဈေး၊ ပြည်ထောင်စုဈေးနှင့်  ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တို့တွင် ရာသီစာ ဟင်းသီး ဟင်းရွက်များ၊ စားဖိုဆောင်သီးနှံများ၊ အသား၊ ငါးနှင့် ဒေသထွက်ကုန်များ ရောင်းချလျက်ရှိပါသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ရောင်းချနေသော အသား/ ငါးဈေးနှုန်းများအနေဖြင့် ဗမာကြက်သား ( ၁ )ပိဿာလျှင် ( ၃၅၀၀၀)ကျပ်၊  CP ကြက်သားတစ်ပိဿာလျှင် (   ၂၃၀၀၀       )ကျပ်၊ ဆိတ်သား အသားသန့်  ( ၁ ) ပိဿာလျှင် (  ၂၇၀၀၀  ) ကျပ်၊ ဆိတ်သား အသားပါ အရိုး ( ၁) ပိဿာလျှင် (၁၀၀၀၀)၊ အရိုး (၁) ပိဿာလျှင် ( ၈၀၀၀)၊ အမဲသား တစ်ပိဿာလျှင် (   ၃၅၀၀၀ )ကျပ်၊ ငါးကြင်း ခုတ်သား ( ၂၅) ကျပ်သားလျှင် (     ၆၅၀၀)      ကျပ်၊ ဝက်သား ( ၁ )  ပိဿာလျှင်( ၃၈၀၀၀)ကျပ်၊ ပုဇွန်ဆိတ် တစ်ပိဿာလျှင် (၃၉၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ် မြင့်တက်လာကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ဇူလိုင်လအတွင်း ဟင်္သာတကုန်စည်ဒိုင် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

    ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ဟင်္သာတကုန်စည်ဒိုင်တွင် ၂၀၂၄၂၀၂၅ခုနှစ်ထွက်  ပဲမျိုးစုံနှင့် အစေ့ထုတ်ပြောင်းသီးနှံများအနက် မတ်ပဲ ၊ ပဲယင်းနီ ၊ အစေ့ထုတ်ပြောင်းသီးနှံနှင့် ပဲကြီးသီးနှံများသာ အရောင်းအဝယ်ပြုလုပ်ကြပြီး ကျန်သီးနှံများဖြစ်သည့် ပဲလွန်းဖြူ ၊ ပဲလွန်းနီ ၊  ပဲတီစိမ်းဆီပြောင် ၊ ပဲပုတ် ၊ ဘိုကိတ် နှင့် ပဲတီစိမ်းအနီ သီးနှံများမှာ အရောင်းအဝယ်အေးပြီး ပစ္စည်း လက်ကျန်နည်းပါးလာကြောင်းသိရှိရပါသည်။ ယခုတစ်ပတ် မတ်ပဲဈေးမှာ ပိဿာ(၂၀) တစ်တင်းကို ( ၉၆၀၀ဝိ/-)၊ပဲယင်းနီဈေးမှာ ပိဿာ(၂၀)တစ်တင်းကို (၈၄၀၀ဝိ/-)၊ ပဲကြီးပိဿာ (၂၀)တစ်တင်းကို (၉၂၀၀ဝိ/-)နှင့် အစေ့ထုတ်ပြောင်း ပိဿာ(၂၀)တစ်တင်းကို (၃၂၀၀ဝိ/-)ဈေးဖြင့် အရောင်းအဝယ် ပြုလုပ်နေကြောင်းသိရှိရပါသည်။

          ယခင်အပတ်နှင့် ကာလတူနှိုင်းယှဉ်ပါက ပဲယင်းသီးနှံဈေးနှင့် ပဲကြီးသီးနှံဈေးသာတစ်တင်း ကို (၅၀ဝိ/မှ၁၀၀ဝိ/) ကျပ်ထိဈေးအနည်းငယ်မြင့်လာပြီး မတ်ပဲနှင့်အစေ့ထုတ်ပြောင်းသီးနှံဈေးမှာ တစ်တင်းကို (၅၀ဝိ/မှ၁၀၀ဝိ/) ကျပ်ထိ ဈေးကျဆင်းလာကြောင်း သိရှိရပါသည်။ မတ်ပဲသီးနှံမှာ တစ်ရက်လျှင် (၁၅၀၀အိတ်မှ၂၀၀၀အိတ်)ထိ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။ အစေ့ ထုတ်ပြောင်းသီးနှံမှာ တစ်ရက်လျှင် (၂၀၀၀အိတ်မှ ၂၅၀၀အိတ်)ထိ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။ ရန်ကုန်သို့ တင်ပို့နေသော မတ်ပဲအိတ်ရေမှာ တစ်ပတ်အတွင်းပျမ်းမျှအိတ်ရေ (၁၂၀၀၀)ခန့် တင်ပို့နိုင်ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ကျွန်းလှမြို့တွင် ရောင်းချနေသော မျှစ်စိမ်း နှင့် မျှစ်ပြုတ် ဈေးနှုန်း

     ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များမှ ရာသီအလိုက် တောတောင် သဘာဝအရ ပေါက်ရောက်သော မျှစ်၊ မှို၊ အင်ဥ ၊ အင်ဖက်နှင့် သပြေပန်း စသည်တို့ကို သွား‌ရောက်ရှာဖွေရောင်းချသည့်အနက် ယခုအချိန်တွင် ဒေသထွက် ပေါ်ဦးပေါ်ဖျား မျှစ်စိမ်းများကို  ရှာဖွေ၍ ဈေးကွက်အတွင်းသို့ ရောင်းချကာ ဈေးကောင်းရရှိကြောင်း သိရှိရပါသည်။

        ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ် နေသော မျှစ်စိမ်း ဈေးနှုန်းမှာ မျှစ်စိမ်း လက္ကား တစ်ပိဿာလျှင်(၇၀၀၀)ကျပ်၊ မျှစ်စိမ်း လက်လီ တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ မျှစ်စိမ်း(၅၀)ကျပ်သားလျှင်(၄၀၀၀)ကျပ်၊ မျှစ်စိမ်း(၂၅)ကျပ်သားလျှင် (၂၀၀၀)ကျပ်နှင့် မျှစ်ပြုတ် လက္ကား တစ်ပိဿာလျှင်(၈၀၀၀)ကျပ်နှင့် မျှစ်ပြုတ် လက်လီ တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ မျှစ်ပြုတ်(၅၀)ကျပ်သားလျှင်(၅၀၀၀)ကျပ် နှင့် မျှစ်ပြုတ်(၂၅)ကျပ်သားလျှင် (၂၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

သစ်ရာမြိုင်ဈေးတွင် ရောင်းချလျက်ရှိသော ဖရဲသီး နှင့် ကြက်မောက်သီး ဈေးနှုန်း

        ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ နှစ်ရှည်သီးနှံ ဖြစ်သည့် သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်၊ မန်ကျည်းသီးပင် နှင့် မာလကာသီးပင်များကိုလည်းစိုက်ပျိုးကြသလို  မိမိတို့ တောင်ယာများ ထဲတွင် တစ်ပိုင်တစ်နိုင် အနေဖြင့် ရာသီပေါ်သီးနှံဖြစ်သည့် ဖရဲသီးများကို မန်ကျည်းအင်းကျေးရွာ၊ သံဘိုကျေးရွာ၊ ရှမ်းစုကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များမှ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

       ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ဖရဲသီး ဈေးနှုန်း များမှာ ဖရဲသီး အကြီး တစ်လုံးလျှင်(၆၅၀၀)ကျပ်၊  ဖရဲသီး အလတ် တစ်လုံးလျှင်(၅၀၀၀)ကျပ်နှင့် ဖရဲသီး လက်လီ အသေး တစ်လုံးလျှင်(၃၅၀၀)ကျပ် နှင့် ဖရဲသီးစိတ် တစ်စိတ်လျှင်(၃၀၀)ကျပ်(၂)စိတ်လျှင် (၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်လည်းကောင်း ကြက်မောက်သီး အကြီး တစ်လုံးလျှင်(၄၀၀)ကျပ်၊ ကြက် မောက်သီး အသေး တစ်လုံးလျှင်(၃၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ သစ်သီးမျိုးစုံ  ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

မိုးဦးကာလတွင် အရောင်းသွက် ဈေးကောင်းရနေတဲ့ ဟင်္သာတ ဝါးပိုးဝါး

   ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် မိုးဦးရာသီရောက်လျှင် အရောင်းသွက်လာ သည့် ဝါးပိုးဝါး များစွာစိုက်ပျိုးထွက်ရှိသော ကျေးရွာများသို့ ဝါးကုန်သည်များ ဝင်ထွက်သွားလာ၍ ကွင်းဆင်းဝယ်ယူလျက်ရှိပါသည်။ဟင်္သာတမြို့နယ်အတွင်းရှိကျေးရွာများဖြစ်သော ကျောင်းကွင်း၊ နိဗ္ဗာန်၊ ယုံသလင်း၊ သမန်းကုန်း၊ အင်းကြီး၊ လိပ်ခုံး၊ အင်္ဂပို၊ အင်းခဝါ၊ ရွာသစ်၊ အင်းဓဝယ် စသည့် ကျေးရွာများမှ မိရိုးဖလာ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထွက်ရှိသော ဝါးပိုးဝါးများကို တနင်္သာရီတိုင်း ဒေသ ကြီးသို့ တင်ပို့ရန်အတွက် အများဆုံး လာရောက် ဝယ်ယူကြခြင်း ဖြစ်ကြောင်း သိရသည်။

ဟင်္သာတမြို့နယ်မှထွက်ရှိသော ဝါးပိုးဝါးများကို ပင်လယ်ပြင်ငါးဖမ်းရာတွင် အသုံးပြုသော ဝါးဖောင်(ကျားဖောင်)များပြုလုပ်ရန်အတွက် ဝယ်ယူကြခြင်းဖြစ်ပါသည်။ ကျားဖောင်ငါးဖမ်းလုပ် ငန်းသည် လာမည့် စက်တင်ဘာလတွင် စတင်လုပ်ကိုင်ရမည်ဖြစ်ပြီး  ကျားဖောင် တစ်စီးတွင်  ဝါးပိုးဝါး အလုံးရေ အနည်းဆုံး ကိုးဆယ် မှ တစ်ရာခန့်အထိ အသုံးပြုရခြင်းကြောင့်  ယခုနှစ် ဇွန်လဆန်းပိုင်းမှ စ၍ ဟင်္သာတမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရောင်းတန်းဝင် ဝါးပိုးဝါး များ အရောင်းသွက်လျက် ရှိကြောင်း သိရှိရပါသည်။ ဝါးပိုးပင်သည် ရေကြိုက်သော အပင်မျိုး ဖြစ်ပြီး အပင်သက် ၂ နှစ် တွင် ဝါးပင်၏ အချင်း ၆ လက်မမှ ၈ လက်မကြား ရှိပြီး အရှည် ပေ ၄၀ ခန့် ရှိသော ရောင်းတန်းဝင် ဝါးပိုးဝါးများကို ရရှိပါသည်။ ဝါးပိုးဝါးသယ်ယူသည့် ကားတစ်စီးလျှင် ရောင်းတန်းဝင် ဝါးပိုးလုံးရေ ၂၀၀ ခန့်သယ်ဆောင်နိုင်ပြီး ဆယ်ဘီးကား စီး‌‌ရေ ၅၀၀ ခန့် ရောင်းချရလျက်ရှိကြောင်း သိရှိရပါသည်။ ယခင်နှစ် မိုးဦးကာလတွင် ရောင်းတန်းဝင် ဝါးပိုးဝါး တစ်လုံးလျှင် ၈၀၀၀ ကျပ်ဖြင့်သာ ရောင်းချရပြီး ယခုနှစ်တွင် ဝါးပိုးဝါးများကို ကားလမ်းဘေး အ‌ရောက် မြေပုံ တစ်လုံးလျှင် ၁၂၀၀၀ ကျပ်ဖြင့် ဒေသခံဝါးစိုက်တောင်သူများ ‌ရောင်းချ ရလျက်ရှိပါသည်။ ယခင်ကာလတူဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဝါးတစ်လုံးလျှင် ၄၀၀၀ ကျပ် ဈေးပိုမိုရရှိသောကြောင့် ဝါးစိုက်တောင်သူများ အကျိုးဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

    ဝါးပိုးဝါးသည် များစွာအသုံးဝင်ပြီး အိမ်တိုင်အဖြစ်အသုံးပြုနိုင်ခြင်း၊ ဝါးကြမ်းခင်း ခင်းခြင်းနှင့် အမိုးရေတံလျှောက်အဖြစ် အသုံးပြုခြင်း၊ ဝါးထရံ ယက်၍ အမိုးအကာအဖြစ်လည်း အသုံးပြုနိုင်ခြင်း တို့အပြင် ယခုကဲ့သို့ ကျားဖောင်ငါးဖမ်းလုပ်ငန်းတွင်လည်း အသုံးဝင်သည့် ဝါးပိုးဝါးများကို တစ်နိုင် တစ်ပိုင် စိုက်ပျိုးခြင်းမှ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်သင့်ပါကြောင်း လေ့လာ တင်ပြအပ်ပါသည်။

DOCA (ဧရာဝတီ)

မြန်အောင်မြို့နယ် မှ ဈေးကွက်ဝင် နှစ်ရှည်ပင်မင်းဂွတ်သီး စိုက်ပျိုးထုတ်လုပ်ခြင်း

 ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ၊ အင်ပင်မြို့၊ ထူအင်း တွင် သဘာဝသစ်ဆွေးမြေ ဧရိယာ ဟက်တာ ၅၀၀ ကျော်တည်ရှိပြီး အဆိုပါ သစ်ဆွေးမြေ၏ ပတ်ဝန်း ကျင်ရှိ ဥယျဉ်ခြံမြေများတွင် စိမ့်စမ်းများရှိသည့်အတွက် နှစ်ရှည်သီးနှံများဖြစ်သည့် ကွမ်းသီး၊ မင်းဂွတ်၊ ကြက်မောက်၊ အုန်းပင် များ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပါသည်။

          မိုးဦးကျ ရာသီ မေလ၊ ဇွန် လနှင့် ဇူလိုင်လများတွင် မင်းဂွတ်သီးများထွက်ရှိပြီး မြန်အောင် မြို့နယ် အင်ပင် မြို့မှထွက်ရှိသည့် မင်းဂွတ်သီးသည် အရည်အသွေးကောင်းသည့်အတွက် စားသုံးသူ များကြိုက်နှစ်သက်သော ဒေသထွက်သီးနှံလည်းဖြစ်ပါသည်။မြန်အောင်မြို့နယ် အင်ပင်မြို့တွင် မင်းဂွတ်သီးစိုက်ဧက ၁၅ ဧက စိုက်ပျိုးထားရှိပြိး တချို့မင်းဂွတ်ပင်များသည် နှစ် ၈၀ ကျော်သက် တမ်းရှိပါသည်။ အင်ပင်မြို့ တောင်နီလေးကျေးရွာမှ မင်းဂွတ်ပင် (၃) ဧကစိုက်ပျိုးသူ တောင်သူ ဦးကျော်စွာဝင်းနှင့် တွေ့ဆုံ၍ မင်းဂွတ်သီး စိုက်ပျိုးမှု ၊ ထွက်ရှိမှု၊ ဈေးနှုန်းဈေးကွက် အခြေအနေ များကို စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်တာဝန်ခံမှ ကွင်းဆင်းတွေ့ဆုံမေးမြန်းခဲ့ရာ မင်းဂွတ်ပင် ကို မိဘများလက်ထက်မှ စတင်စိုက်ပျိုးခဲ့ပြီးနှစ်စဉ် တနိုင်တိုးချဲ့စိုက်ပျိုးခြင်း၊ အစားထိုး စိုက်ပျိုးခြင်းကို ပြုလုပ်လျက်ရှိပြီး မင်းဂွတ်ပင်ကို ပင်ခြားတန်းခြား ၁၅ ပေ မှ ၂၀ ပေကြားစီ ခြား၍ မြောင်းဘောင်ဖော်စိုက်ပျိုးရကြောင်း၊ အပင်သက် ၈ နှစ်မှ ၁၃ နှစ်အတွင်း အသီးစသီးပြီး အပင်သက် ၂၀ နှင့် ၅၀ ကြားတွင် သီးအားအကောင်းဆုံးဖြစ်ကြောင်းပြောကြားပါသည်။

          ယခုစိုက်ပျိုးထားသော အပင်များမှာ မိဘလက်ထက်မှ စတင်စိုက်ပျိုးခဲ့ပြီး အပင် သက် ၃၅ နှစ်မှ ၄၀ ဝန်းကျင်ရှိ၍ ရာသီချိန်တွင် တပင်လျှင် အသီးလုံးရေ ၅၀၀ မှ ၁၀၀၀ ကြားထိ ခူးဆွတ် ရရှိကာ အသီးပုံမှန်ခူးနေသော အပင်မှာ ၁၅ဝ ပင်ခန့်ရှိပါသည်။ ယခု ၂၀၂၅ ခုနှစ် မင်းဂွတ်သီး ပေါ်ချိန် မေလဆန်းတွင် ရောင်းတန်းဝင် အချင်း ၂ လက်မခွဲခန့်ရှိ မင်းဂွတ်သီး တစ်လုံး လျှင် ၇၀၀ ကျပ်ဖြင့် ရောင်းချရပြီး ခြံထိလာရောက်ဝယ်ယူကြကြောင်းပြောကြားပါသည်။ အသီး အရွယ် အစား အလိုက် ၇၀၀ ကျပ်၊ ၆၀၀ ကျပ်၊ ၅၀၀ ကျပ်ဖြင့် ရောင်းချရလျက်ရှိပါသည်။ မင်းဂွတ်ပင် သည် ရေကြိုက်သော်လည်း ရေဝပ်ခြင်းကို နှစ်သက်ခြင်းမရှိပါ။ အင်ပင်ဒေသတွင် ထူအင်းရှိသည့် အတွက် ရေတင်ရခြင်း မရှိပဲ နွေအခါတွင်ပင် ရေဝပ်ခြင်း မရှိစေရေးအတွက် သဘာဝစမ်းမြောင်း များကို ရေပိတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးရပါသည်။ အသီးအားကောင်းစေရေးအတွက် ၁၅ ပတ် လည် ကွန်ပေါင်းမြေဩဇာကို အပင်ခြေ ၂ တောင်ပတ်လည်ကို မြေဆွ၍ ကျွေးရပြီး တဧကလျှင် တစ်အိတ်ခန့် နှစ်စဉ်‌ ကျွေးရပါသည်။ သဘာဝမြေဩဇာအဖြစ် နှမ်းဖတ်ကို ရေစိမ်ပြီး အပုပ်ခံထားသည့်  အရည်ကို အပင်ခြေလောင်းပေးခြင်း ၊နွားချေး နှင့် မြေဆွေးထည့်ပင်းခြင်း တို့ကိုလည်းဆောင် ရွက်ပေးရပြီး မင်းဂွတ်ပင် ကို တစ်နှစ်လျှင် သဘာဝမြေဩဇာတစ်ကြိမ် ၊ ဓာတ်မြေဩဇာ တစ်ကြိမ် ကျွေးရပါသည်။

          မင်းဂွတ်ပင်သည် ပြာသိုလလယ်ခန့်(ဒီဇင်ဘာလ)တွင် သီးကင်းစသီးပြီး   အသီးကင်းသည် အစိမ်းရောင်ရှိ၍ ဧပြီလကုန်ခန့်တွင် ရင့်မှည့်ကာ အညိုရောင်သို့ ပြောင်းလဲလာချိန်တွင် အသီးခူး ခြင်းကို ဆောင်ရွက်ပါသည်။ မေ၊ဇွန်၊ဇူလိုင် (၃)လခန့် အသီးခူးခြင်းကိုဆောင်ရွက်ပြီး ဇူလိုင်နှောင်း ပိုင်းထွက်ရှိသည့်အသီးများတွင် မိုးများ၍ရေဝင်ခြင်းကြောင့် အသီများပိုးထိုး၍ အသီးမာ သွားခြင်း များဖြစ်နိုင်ပါသည်။ မင်းဂွတ်သီးသည်  အမျှင် ဓာတ်ကြွယ်ဝခြင်း၊ သွေးတွင်း အချိုဓာတ်ကို ကျစေ ခြင်း၊ ရောင်ရမ်းခြင်းကိုလျော့ကျစေခြင်း၊ ရေတိမ် ဖြစ်ပွာမှုကိုကာကွယ်ပေးခြင်း၊ ဓာတ်တိုး ဆန့်ကျင် ပစ္စည်းများ ကြွယ်ဝခြင်းစသည့် အချက်များ ကြောင့် ကျန်းမာရေးအတွက်ကောင်းမွန်ပြီး ရာသီချိန် တွင် အသီးထွက်သလောက် ရောင်းမလောက်ပဲ ဈေးကောင်းရသော အသီးလည်း ဖြစ်ပါသည်။ မေလဆန်းစပေါ်ချိန်မှ ခြံအထိုင်ဈေး တစ်လုံး ဈေးနှုန်း ၇၀၀ ကျပ် သည် ယခု ဇွန်လလယ်ထိ ကျဆင်းခြင်းမရှိဘဲ ဈေးတည်ငြိမ်လျက်ရှိပါသည်။

          မင်းဂွတ်အပင်ပေါက်တစ်ပင်လျှင် ၃၀၀၀ ကျပ်ရှိပြီး၊ တစ်ဧကလျှင် အပင် ၅၀ မှ ၆၀ ကြား စိုက်ပျိုးကြပါသည်။မြက်ရှင်းခြင်း၊မြောင်းဘောင်ဖော်ခြင်း၊ စိုက်ပျိုးခြင်းတို့အတွက် တစ်ပင်လျှင် ၃၀၀၀ ကျပ် ကုန်ကျပြီး တစ်ဧက အပင် ၆၀ စိုက်ပျိုးခြင်းအတွက် အပင်ပေါက် နှင့် စိုက်ခ အပါ သုံးသိန်း ခြောက်သောင်းခန့် ကုန်ကျနိုင်ပြီး မိသားစုလုပ်အားဖြင့် စိုက်ပျိုးကြပါသည်။ တစ်နှစ် လျှင်  ကွန်ပေါင်းမြေဩဇာ တစ်ကြိမ်နှင့် သဘာဝမြေဩဇာ တစ်ကြိမ်ကျွေးခြင်း၊ ကိုင်းလှီကိုင်း ခြောက်များ ရှင်းလင်းခြင်းတို့သာပြုလုပ်ရပြီး အပင်သက် ၁၀နှစ်ကျော်ပါက အသီးစတင်ခူးဆွတ် ပြီး ဝင်ငွေစတင် ရရှိပါသည်။

          အင်ပင်မြို့မှ ထွက်ရှိသော မင်းဂွတ်သီးသည် အရသာနှင့် အရည်အသွေးကောင်းမွန်သည့် အတွက် စားဖူးသူတိုင်း ရာသီချိန်တွင် မှာယူစားသုံးကြသော ဒေသထွက်ကုန်လည်းဖြစ်ပါသည်။ ဟင်္သာတ နှင့် ပုသိမ်မြို့များမှ အဓိကမှာယူရောင်းချကြပြီး အခြားဒေသများသို့လည်းတင်ပို့ရပါ သည်။ ၂၀၂၄ ခုနှစ် အသီးပေါ်ချိန်တွင် ရောင်းတန်းဝင်အသီးတလုံးလျှင် ၅၀၀ ကျပ်ရရှိပြီး ယခု ၂၀၂၅ ခုနှစ် မင်းဂွတ်သီးပေါ်ချိန်တွင် ၇၀၀ ကျပ်ရရှိပါသည်။ မင်းဂွတ်ပင်သည် ရာသီဥတုနှင့် ရောဂါ ဒဏ်ခံနိုင်ရည်ရှိသည့် အပင်မျိုးဖြစ်သည့်အတွက် ပြုပြင်ထိန်းသိမ်းစရိတ်နည်းပါးပါသည်။ တစ်ဧက တွင် ထွက်ရှိသည့် အပင် အရေအတွက် နှင့် အသီးအရွယ်အစားပေါ်လိုက်၍ အပင်သက် ၃၅ နှစ်ဝန်းကျင် ရှိသည့် မင်းဂွတ်တစ်ဧကတွင် တစ်နှစ်လျှင် ပျမ်းမျှ ကျပ်သိန်း၈၀မှ၁၀၀ကြား ဝင်ငွေရလျက်ရှိ ကြောင်း လေ့လာသိရှိရပါသည်။

မြန်အောင်မြို့နယ် အင်ပင်မြို့သည် သဘာဝသစ်ဆွေးမြေ ထူအင်းရှိပြီး စိမ့်စမ်းများလည်း ရှိသည့် အတွက်ရေကြိုက်သည့် မင်းဂွတ်ကဲ့သို့ နှစ်ရှည်ပင်များ စိုက်ပျိုးရန် အထူးသင့်လျော်ပါ သည်။ စိမ့်စမ်းများ ရှိသည့်အတွက် ရေတင်စရိတ်သက်သာပြီး အပင်များဖြစ်ထွန်းခြင်း နှစ်ရှည်ပင် ဖြစ်သည့် အတွက် ရေရှည်အကျိုးရှိခြင်းတို့ကြောင့် မိသားစုစီးပွားရေးအတွက် ရင်းနှီးမြှုပ်နှံသင့် သောစိုက်ပျိုး ရေး လုပ်ငန်းလည်းဖြစ်ကြောင်းလေ့လာတင်ပြအပ်ပါသည်။

DOCA(ဧရာဝတီ)

 

ကျွန်းလှမြို့နယ်အတွင်း ရောင်းချလျက်ရှိသော ပုဇွန်ထုတ် ဈေးနှုန်း

     ကျွန်းလှမြို့နယ်တွင်း ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသား/ငါး ဈေးနှုန်းများထဲမှ ပုဇွန်ထုတ် ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

    ပုဇွန်ထုတ်များကို  ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ  ဝယ်ယူရောင်းချကာ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။ ပုဇွန်ထုတ်များသည် ဈေးကောင်းသော်လည်း ထမင်းဆိုင်များ ၊ စားသောက်ဆိုင်များနှင့် စားဖွယ်စုံ ရောင်းချသည့်ဆိုင်များမှ ဝယ်ယူအသုံးပြုလျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယအပတ်တွင် ကျွန်းလှမြို့၏ ပုဇွန်ထုတ် ဈေးနှုန်းများအနေဖြင့် ပုဇွန်ထုတ် လက္ကားဈေး(၁)ပိဿာလျှင်(၅၈၀၀၀)ကျပ်၊ ပုဇွန်ထုတ် လက်လီဈေး (၁)ပိဿာလျှင်(၆၀၀၀၀) ကျပ်၊ ပုဇွန်ထုတ်(၅၀)ကျပ်သားလျှင်(၃၀၀၀၀)ကျပ်၊ ပုဇွန်ထုတ်(၂၅)ကျပ်သားလျှင် (၁၅၀၀၀)ကျပ် ဈေးနှုန်းဖြင့်ရောင်းချကြောင်း ငါးအရောင်းအဝယ် လုပ်ကိုင်သူထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော နေကြာစေ့ ဈေးနှုန်း

    ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် နေကြာစေ့များကို ရွှေဘိုမြို့နှင့်မန္တလေးမြို့ တို့မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

    ၂၀၂ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ် ပေါ်နေ‌သော နေကြာစေ့ ဈေးနှုန်းအနေဖြင့် နေကြာစေ့ လက္ကား တစ်ပြည်လျှင်(၇၈၀၀)ကျပ်၊ နေကြာစေ့ လက်လီ တစ်ပြည်လျှင်(၈၀၀၀)ကျပ်၊ နေကြာစေ့ နို့ဆီဘူး(၄)ဘူးလျှင်(၀၀၀)ကျပ်နှင့် နေကြာစေ့ နို့ဆီဘူး(၁)ဘူးလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချနေသာ လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော နာနတ်သီးနှင့် ဒညင်းသီး ဈေးနှုန်း

     ကျွန်းလှမြို့ ရပ်ကွက်ဈေးများတွင် သစ်သီးဝလံမျိုးစုံဖြစ်သည့် ပန်းသီး၊ စပျစ်သီး၊ ပန်းသစ်တော်သီး၊ ဖရဲသီး၊ နာနတ်သီး၊ ဒညင်းသီး၊ ငှက်ပျောသီး နှင့်သခွားမွှေးသီးတို့ ရောင်းချလျက်ရှိရာမှ နာနတ်သီး နှင့် ဒညှင်းသီး ကိုလည်း မန္တလေးမြို့၊ အင်းတော်မြို့၊ ကသာမြို့နှင့်မဲဇာမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း နာနတ်သီးချင်းတူပေမဲ့ မဲဇာနာနတ်သီးသည် အရမ်းချိုသည့်အတွက် ဈေးပိုကောင်းပြီး ရောင်းပန်းလှကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

   ၂၀၂ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ဖြစ်ပေါ်နေ‌သော နာနတ်သီး ဈေးနှုန်း အနေဖြင့် မဲဇာ နာနတ်သီး အကြီး တစ်လုံးလျှင်(၃၅၀၀/၄၀၀၀)ကျပ်၊ မဲဇာ နာနတ်သီး အသေး တစ်လုံးလျှင် (၂၅၀၀)ကျပ် နှင့် မန္တလေး နာနတ်သီး အကြီး တစ်လုံးလျှင်(၃၀၀၀)ကျပ်၊ မန္တလေး နာနတ်သီး အသေး တစ်လုံးလျှင် (၂၀၀၀)ကျပ် ဈေးနှုန်းအသီးသီးတို့ဖြင့် လည်းကောင်း ဒညင်းသီး ဈေးနှုန်း အနေဖြင့် ဒညင်းသီး အကြီး တစ်လုံးလျှင်(၂၀၀)ကျပ်၊ ဒညင်းသီး အလတ် တစ်လုံးလျှင်(၁၅၀)ကျပ် နှင့် ဒညင်းသီး အသေး တစ်လုံး လျှင်(၁၀၀)ကျပ် ဈေးနှုန်းအသီးသီးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့တွင် သစ်သီးဝလံမျိုးစုံ ရောင်းချသည့် ဈေးသည်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော နွားနို့ ဈေးနှုန်း

  ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ကျွန်းလှမြို့ ပေါ်ရပ်ကွက်များတွင် မွေးမြူရေးနှင့်  စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှ ရိုးရိုး ဗမာနွားများနှင့် မေထုံခေါ် နို့စားနွား မွေးမြူရေးလုပ်ငန်းကိုလည်း တစ်ပိုင် တစ်နိုင် မွေးမြူလျက်ရှိပြီး နွားနို့များကို ကျွန်းလှမြို့ ဈေးကွက် အတွင်းသို့ လာရောက် ပို့ဆောင်ကာ ရောင်းချလျက်ရှိကြောင်း သိရသည်။

     ဗမာနွားများသည် သဘာဝအစားအစာဖြစ်သော မြက်၊ ကောက်ရိုး၊ ပဲမှော်များကို သာကျွေးရပေမဲ့ နို့စားနွားများကိုဖြင့် အသင့်စား အစာမှုန့် ၊ ပဲပတ်၊ ကုလာပဲဆံမှုန့် ၊ ဆန်ကွဲ နှင့် မြက်နုများကိုသာ ကျွေးမွေးရခြင်းဖြင့် နွားနို့အထွက်နှုန်းကောင်းပြီး စီးပွားရေးအရ တွက်ခြေကိုက်သည့်အတွက် မွေးမြူသင့်ကြောင်း မွေးမြူရေးလုပ်ကိုင်သူထံမှ သိရသည်။

          ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ နွားနို့ ဈေးနှုန်း များမှာ နွားနို့(၁)လီတာ တစ်ဘူးလျှင်(၂၀၀၀)ကျပ်၊ နွားနို့ခဲ (၁၀)ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် ဒိန်ချဉ် (၁)လီတာ တစ်ဘူးလျှင်(၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်  တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မွေးမြူရေး လုပ်ငန်းလုပ်ပြီး နွားနို့ ရောင်းချနေသူထံမှ သိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း