ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဈေးကွက်အတွင်း မြေဩဇာဈေးနှုန်း ဈေးငြိမ်နေ

    မိတ္ထီလာခရိုင်တွင် ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများနှင့် စားဖိုဆောင်သီးနှံဖြစ်သည့် ကြက်သွန်၊ ငရုတ်သီးနှံများ အများအပြား စိုက်ပျိုးသော ခရိုင်တစ်ခုဖြစ်ပါသည်။ ယခုအခါ သီးနှံများ ဖြစ်ထွန်းအောင်မြင်ရန် အသုံးပြုသည့် သွင်းအားစု မြေဩဇာဈေးများ ဈေးငြိမ်နေသည်ကို တွေ့ရှိရပါသည်။ ဇန်နဝါရီလ ပထမပတ် GBS (50kg)  တစ်အိတ်လျှင် (၁၂၀၀၀၀) ကျပ်၊ ရွှေတောင်ပုလဲ (50kg)  တစ်အိတ်လျှင် (၇၆၅၀၀) ကျပ်၊ အာမို (50kg)  တစ်အိတ်လျှင် (၁၄၅၀၀၀) ကျပ်၊ GBS ပုလဲ (50kg)  တစ်အိတ်လျှင် (၇၈၀၀၀) ကျပ်၊ ရွှေပွားပုလဲ (50kg)  တစ်အိတ်လျှင် (၇၅၀၀၀) ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ပြီး ယခု ဇန်နဝါရီလ စတုတ္ထပတ်တွင် GBS (50kg)  တစ်အိတ်လျှင် (၁၂၀၀၀၀) ကျပ်၊ ရွှေတောင်ပုလဲ (50kg)  တစ်အိတ်လျှင် (၇၆၅၀၀) ကျပ်၊ အာမို (50kg)  တစ်အိတ်လျှင် (၁၄၅၀၀၀) ကျပ်၊ GBS ပုလဲ (50kg)  တစ်အိတ်လျှင် (၇၈၀၀၀) ကျပ်၊ ရွှေပွားပုလဲ (50kg)  တစ်အိတ်လျှင် (၇၅၀၀၀) ကျပ်ဈေးရှိပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက မြေဩဇာဈေးနှုန်းများ ဈေးငြိမ်လျက်ရှိပါသည်။ စိုက်ပျိုးရာသီချိန်မဟုတ်သည့်အတွက် အရောင်းအဝယ်ပါး၍ ဈေးငြိမ်နေကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း ( ၂၃.၁.၂၀၂၄ )

   ၂၃.၁.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်)

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ရည်ညွှန်းပါစာလမ်းညွှန်ချက်အရ ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်) ၄/၂၀၂၄ အား သိရှိလမ်းညွှန်မှုပြုနိုင်ပါရန် တင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၂၃.၁.၂၀၂၄ )

  ၂၃.၁.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၃.၁.၂၀၂၄ )

     ၂၃.၁.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ပုဇွန်တောင်ဈေးအတွင်းရှိ အသားငါးဈေးနှုန်းများ

    ၂၀၂၄ခုနှစ် ဇန်နဝါရီလ တတိယပတ်၌ ပုဇွန်တောင်ဈေးအတွင်းရှိ အသားငါးဈေးနှုန်းများမှာ ဝက်သား ၁ပိဿာလျှင် (၁၆၀၀၀ ) ကျပ်၊ဘဲသား ၁ပိဿာလျှင် (၁၂၀၀၀ -၁၄၀၀၀) ကျပ်၊ ဆိတ်သား ၁ပိဿာလျှင် (၂၈၀၀၀) ကျပ်၊ အမဲသား ၁ပိဿာလျှင် (၁၈၀၀၀) ကျပ်၊ မွေးမြူရေးကြက် ၁ပိဿာလျှင် (၉၀၀၀၀-၁၀၀၀၀) ကျပ်၊ ဗမာကြက် ၁ပိဿာလျှင် (၂၀၀၀၀-၂၂၀၀၀) ကျပ်၊ ငါးကြင်း ၁ပိဿာလျှင် (၁၃၀၀၀-၁၄၀၀၀) ကျပ်၊ ငါးမြစ်ချင်း ၁ပိဿာလျှင် (၆၀၀၀-၇၀၀၀) ကျပ်နှင့် ပင်လယ်ငါး ၁ပိဿာလျှင် (၆၀၀၀-၇၀၀၀) ကျပ်ထိလည်ကောင်း စသည့်ဈေးနှုန်းအသီးသီးဖြင့် ပုဇွန်တောင်ဈေးအတွင်း အရောင်းဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

     ယခင်အပတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ရာတွင် ဗမာကြက် ၁ပိဿာလျှင် ၁၀၀၀ကျပ်ဈေးနှုန်းမြင့်တက်ခဲ့လာကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

“မိုးနေကြာများ ရိတ်သိမ်းပြီး ဆောင်းနေကြာများ အောင်မြင်စွာ စိုက်ပျိုးပြီးစီး”

   မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်တွင် ဆီထွက်သီးနှံမျိုးစုံစိုက်ပျိုးလျှက်ရှိရာ နေကြာသီးနှံကိုလည်း တောင်သူများမှ သီးထပ်သီးညှပ်စိုက်ပျိုးသည့်အပြင် သီးသန့်ဧကအလိုက် စိုက်ပျိုးလျက်ရှိပါသည်။ခရိုင်အတွင်းတွင် မိုးနေကြာစိုက်ဧက (၅၀၃၁)ဧက စိုက်ပျိုးထားရှိပြီး ယခုအချိန်ထိ ရိတ်သိမ်းဧက(၅၀၀၈)ဧက ရိတ်သိမ်းပြီးစီးကြောင်း၊ အထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် (၂၇-၂၉)တင်းအထိထွက်ရှိကြောင်း၊ ဆောင်းနေကြာစိုက်ပျိုးမှုအနေဖြင့် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ (၂၉၄၂)ဧကစိုက်ပျိုးထားရှိပြီး ကျောက်ဆည်မြို့နယ်တွင် (၁၁၆၅)ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၁၅၁၇) ဧက ၊ မြစ်သားမြို့နယ်တွင် (၂၆၀)ဧက စိုက်ပျိုးထားရှိကြောင်း ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏စာရင်းများအရ သိရှိရပါသည်။ ဆောင်းနေကြာစိုက်ပျိုးမှုတွင် ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင်(၂၅၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊နေကြာစျေးနှုန်း များအနေဖြင့် ယခင်နေကြာ(၁)တင်းလျှင်(၄၅၀၀၀)ကျပ်ဖြစ်ပြီး နေကြာဆီ(၁)ပိဿာလျှင်(၁၆၅၀၀) ကျပ် ၊ ယခုလက်ရှိပေါက်စျေးအနေဖြင့် နေကြာ (၁)တင်းလျှင်(၃၈၀၀၀)ကျပ် ၊ နေကြာဆီ (၁)ပိဿာ လျှင်(၁၃၀၀၀)ကျပ် တို့ဖြင့် ရောင်းဝယ်လျက်ရှိပါသည် ။ နေကြာများ ဖြိုင်ဖြိုင်ပေါ်ချိန်တွင် စျေးနှုန်း အနည်းငယ်ကျဆင်းကြောင်း ၊ စျေးနှုန်းကျဆင်းသော်လည်း အကျိုးအမြတ်များရရှိကြောင်း၊ ဆောင်းနေကြာထွက်ပေါ်ချိန်တွင် စျေးနှုန်းများကောင်းမွန်ပါက အကျိုးအမြတ်များ ပိုမိုရရှိနိုင်မည်ဖြစ်ပါ ကြောင်း နေကြာအများဆုံးစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

 

         

“ကုလားပဲ(ဆောင်း)စိုက်ပျိုးမှုနှင့် စျေးနှုန်းစျေးကွက်အခြေအနေ”

   မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်တွင် ကုလားပဲ(ဆောင်း)များ စိုက်ပျိုးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကုလားပဲ(ဆောင်း) စိုက်ဧကအနေဖြင့် ကျောက်ဆည်မြို့နယ်တွင် (၈၂၀)ဧက၊စဉ့်ကိုင်မြို့နယ်တွင် (၁၉၄၆)ဧက၊မြစ်သားမြို့နယ်တွင် (၁၇၃၆)ဧက ၊ စုစုပေါင်း(၄၅၀၂)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း ၊လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။ ကျောက်ဆည်ခရိုင်အတွင်းရှိ ယာမြေများ၌ အောက်တိုဘာလ တတိယပတ်တွင် ကုလားပဲကို မိုးရေအစိုဓါတ်ဖြင့် စိုက်ပျိုးကြသလို အချို့မှာ မိုးရေအစိုဓါတ်အပြင် ရေစက်များဖြင့် ရေတင်၍ စိုက်ပျိုးကြကြောင်း ၊ ရေဖြင့်ထပ်မံတင်၍ စိုက်ပျိုးသော ယာမြေများသည် မိုးရေဖြင့်စိုက်ပျိုးသော ယာမြေများထက်ပို၍ ကောင်းမွန်ပြီး အထွက်နှုန်း ပိုမိုကောင်းမွန်ကြောင်း တောင်သူများထံမှ သိရှိရပါသည်။ တောင်သူများသည် ကုလားပဲမျိုးကို မိမိ၏အိမ်တွင် သေချာစွာသိမ်းဆည်းထားပြီး မျိုးအဖြစ် အသုံးပြုကြသလို အချို့တောင်သူများသည် ဝယ်ယူ၍ စိုက်ပျိုးကြကြောင်း ၊ ယခုအချိန်တွင် ကုလားပဲအပင်များ အသီးအပွင့် ဝေဝေဆာဆာဖြင့် အောင်မြင်စွာ ဖြစ်ထွန်းနေပြီဖြစ်ကြောင်း ၊ ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် မျိုး၊ သွင်းအားစု ၊လုပ်သားခ၊ စုစုပေါင်း(၂၅၀၀၀၀)ကျပ် ဝန်းကျင် ကုန်ကျကြောင်း ၊ ကုလားပဲသည် ကုန်ကျစရိတ်သက်သာပြီး အချိန်ကုန်သက်သာခြင်းကြောင့် ဝင်ငွေတိုးပြီး နွေရာသီသုံးငွေအဖြစ် ရရှိခြင်းကြောင့် တောင်သူအများစုမှာ အများဆုံးစိုက်ပျိုး ကြကြောင်း ၊ ယာမြေများတွင် ကုလားပဲ()ဧကလျှင် ()တင်းနှုန်း ပတ်ကြဲရပြီး လယ်မြေများတွင် ()ဧကလျှင် ()တင်းခွဲနှုန်း ပိုမို၍စိုက်ပျိုးရကြောင်း ၊ အကြောင်းရင်းမှာ ယာမြေများသည် လယ်မြေ များ ထက်မြေသန်ခြင်းကြောင့် ဖြစ်ပါသည်။ကုလားပဲများ ထွက်ရှိခြင်းမရှိသေးသော်လည်း ယခုအချိန် တွင် ဈေးနှုန်းအနေဖြင့်  ကုလားပဲ(ရိုးရိုး) တစ်တင်း လျှင်(၈၇၀၀၀)ကျပ် ၊ ကုလားပဲ(V2)တစ်တင်း လျှင်(၁၀၀၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

“ပဲယင်းစိုက်ပျိုးဝင်ငွေတိုး”

    မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်အတွင်း ပဲမျိုးစုံသီးနှံဖြစ်သည့် ပဲယင်း၊ ပဲကြီး၊ တိုင်ထောင်ပဲ၊ မတ်ပဲ၊ ကုလားပဲ နှင့် ပဲစဉ်းငုံသီးနှံများကို စိုက်ပျိုးလျက်ရှိရာ ၄င်းသီးနှံများ အနက် ပဲယင်းသီးနှံအား မြစ်သားမြို့နယ်တွင်(၅၁၈)ဧက စိုက်ပျိုးထားရှိပြီး အများဆုံးစိုက်ပျိုးသော ရွာများမှာ နွားကူးလေး၊ ခင်လည်၊ ကျီတိုင်၊ ပခမ်းကျေးရွာများတွင်စိုက်ပျိုးလျက်ရှိပါသည်။ ပဲယဉ်း စိုက်ပျိုးမှုတွင်(၁)ဧက မျိုးအနေဖြင့် ၁ ပြည်နှင့် ၄ ဗူး ကုန်ကျပြီး စပါးရိတ်သိမ်းပြီး ရိုးပြတ်ထဲတွင် ထယ်ထိုးပြီး မျိုးစေ့ပတ် ထယ်ဖုန်းစနစ် နှင့် ပတ်ကြဲစနစ်များဖြင့် စိုက်ပျိုးလျက်ရှိရာ ပတ်ကြဲ စိုက်ပျိုးမှုထက် ထယ်ထိုး၊ထယ်ဖုန်းစနစ်က ပိုမိုအထွက်နှုန်းကောင်းကြောင်း ၊ ပဲယင်းသီးနှံစိုက်ပျိုးမှု (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ စုစုပေါင်း(၈၀၀၀၀-၁၀၀၀၀၀)ကျပ် ဝန်းကျင်ကုန်ကျကြောင်း၊မျိုးအနေဖြင့် ပဲယင်းကြီးမျိုးနှင့် ပဲယင်းသေးမျိုးဟူ၍ (၂)မျိုးရှိရာ ပဲယင်းကြီးမျိုးကို ရှမ်းပြည်နယ်ဘက်တွင်သာ အများဆုံးစိုက်ပျိုးကြပြီး ပဲယင်းသေးမျိုးကို မြို့နယ် အတွင်း အများဆုံးစိုက်ပျိုးကြပါသည်။ပဲယင်းသက်တမ်းမှာ စိုက်ပျိုးပြီး(၄)လအကြာတွင် ရိတ်သိမ်းရကြောင်း ၊ အထွက်နှုန်းအနေဖြင့် (၂၅-၃၀)တင်းအထိ ထွက်ရှိကြောင်း ၊ စျေးနှုန်းအနေဖြင့် ယခင်နှစ် ပဲယင်း (၁)တင်းလျှင် (၄၅၀၀၀)ကျပ် ရောင်းချရကြောင်း၊ စိုက်ပျိုးစရိတ်သက်သာပြီး အထွက်နှုန်း ကောင်းမွန်သောပဲယင်းသီးနှံကို တောင်သူများ အများဆုံးစိုက်ပျိုးသင့်ကြောင်း၊ ပဲယဉ်းကိုပြုတ်၍ ထမင်းဆီဆမ်းဖြင့် စားသုံးကြသလို အညာဒေသ ယခုလိုဆောင်းတွင်း အချိန်အခါတွင် မုန့်ပေါင်းနှင့် အကြော်တွဲဖက်၍ စားသုံးကြပါသည်။မုန့်ပေါင်းထဲတွင် အများဆုံးပဲယင်းကိုသာထည့်၍ အသုံးပြုကြပါသည်။ စီးပွားဖြစ်ဝင်ငွေတိုးပြီး ကုန်ကျစရိတ်သက်သာသော ပဲယင်းသီးနှံကို တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

 

 

 

ပုဇွန်တောင်ဈေးအတွင်းရှိ ဆန်ဈေးနှုန်းများ

    ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်၌ ပုဇွန်တောင်ဈေးအတွင်းရောင်းချနေသော ဆန်ကြမ်း/ချောအမျိုးအစားအလိုက် ဈေးနှုန်းများမှာ (ထိပ်စ/လတ်စ/နိမ့်စ) များတွင်  ဧည်မထ ၁အိတ်လျှင် (၉၀၀၀၀ - ၈၇၅၀၀ - ၈၂၅၀၀)ကျပ်၊ မနောသုခ ၁အိတ်လျှင် (၉၉၀၀၀ - ၉၄၅၀၀ - ၉၀၀၀၀)ကျပ်ထိလည်းကောင်း၊ ရွှေဘိုပေါ်ဆန်းမွှေး ၁အိတ်လျှင် (၁၇၈၅၀၀ - ၁၇၁၀၀၀ - ၁၆၆၅၀၀)ကျပ်ထိ၊  ပေါ်ဆန်းမွှေး(ပုသိမ်) ၁အိတ်လျှင်  ၁၄၂၅၀၀ကျပ်ဖြင့်လည်ကောင်း၊  ပေါ်ဆန်းမွှေး(ဖျာပုံ) ၁အိတ်လျှင် ၁၃၈၀၀၀ကျပ်ဖြင့်လည်းကောင်း၊  ပေါ်ဆန်းမွှေး(မြောင်းမြ) ၁အိတ်လျှင်  ၁၃၃၀၀၀ကျပ်တို့ဖြင့် ဆန်ဟောင်းဈေးနှုန်းအတိုင်း အရောင်းအဝယ်ရှိနေကြောင်း ဆန်သစ်များဖြစ်သော ဆန်ကြမ်း/ချောအမျိုးအစားအလိုက် (လတ်စ) ဈေးနှုန်းများမှာ  ဧည့်မထ ၁အိတ်လျှင် ၇၈၀၀၀ကျပ်၊ မနောသုခ ၁အိတ်လျှင် ၈၇၅၀၀ကျပ်လည်းကောင်း၊ ပေါ်ဆန်းမွှေး(ပုသိမ်) ၁အိတ်လျှင်  ၁၃၃၀၀၀ကျပ်ဖြင့်လည်းကောင်း၊  ပေါ်ဆန်းမွှေး(ဖျာပုံ) ၁အိတ်လျှင် ၁၂၈၀၀၀ကျပ်ဖြင့်လည်းကောင်း၊  ပေါ်ဆန်းမွှေး(မြောင်းမြ) ၁အိတ်လျှင်  ၁၁၈၅၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်းမွှေး(ထိပ်စ) ၁အိတ်လျှင်  ၁၅၄၅၀၀ကျပ်ဖြင့်လည်းကောင်း အရောင်းအဝယ်ရှိနေကြောင်း ယခင်အပတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ချက်အရ ဆန်အသစ်ပေါ်ချိန်ဖြစ်သောကြောင့် ဆန်ဟောင်းဈေးနှုန်းများမှာ ဈေးနှုန်းအနည်းငယ်မြင့်တက်နေခြင်းဖြစ်ကြောင်း ဆန်လက်လီ/ လက်ကားရောင်းချသော ဆန်ဆိုင်ရှင်များမှသိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း