ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

  ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးတွင် (၁၇-၅-၂၀၂၃) ရက်နေ့မှ (၂၃-၅-၂၀၂၃) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံ ဈေးနှုန်းများမှာ ခရမ်း၊ သီပေါမှ ဖရဲသီး (855) အလုံးကြီးတစ်လုံးလျှင် ကျပ်၈၀၀၀၊ ဝမ်းတွင်းမှ ဖရဲသီး (211) အလုံးကြီးတစ်လုံးလျှင် ကျပ် ၃၅၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၃၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ် ၈၀၀၊ မှော်ဘီ၊ တိုက်ကြီး၊ ပုပ္ပါးမှ မာလကာသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၅၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၄၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၃၀၀၊ ကျိုက်ကော်၊ သီပေါမှ နာနတ်သီးအလုံးကြီးတစ်လုံးလျှင် ကျပ်၁၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၇၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၄၀၀၊ တိုက်ကြီးမှ သရက်သီး(စိန်တလုံး)အလုံးကြီးတစ်လုံးလျှင် ကျပ်၆၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၄၀၀၊ အလုံးသေးတစ်လုံးလျှင်  ကျပ်၂၀၀၊ မအူပင်မှ သရက်သီး(မချစ်စု)အလုံးကြီးတစ်လုံးလျှင် ကျပ်၃၅၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၂၅၀၊ အလုံးသေးတစ်လုံးလျှင်  ကျပ်၁၅၀၊ မအူပင်မှ သရက်သီး(ရင်ကွဲ)အလုံးကြီးတစ်လုံးလျှင် ကျပ်၁၆၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၁၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၆၀၊ ဘီးလင်းမှ ပိန္နဲသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၅၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၃၀၀၀၊ အလုံးသေးတစ်လုံးလျှင်  ကျပ်၂၀၀၀၊ မန္တလေး၊ တိုက်ကြီးမှ သင်္ဘောသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၁၅၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၁၀၀၀၊ အလုံးသေးတစ်လုံးလျှင်  ကျပ်၅၀၀၊ အောင်ပန်း၊ နောင်ချိုမှ ရွှေလိမ္မော်အလုံးကြီးတစ်ပိဿာလျှင် ကျပ်၈၀၀၀၊ အလုံးသေးတစ်ပိဿာလျှင် ကျပ်၆၀၀၀၊ ပြင်ဦးလွင်၊ ကျောက်မဲမှ ထောပတ်သီးအလုံးကြီးတစ်လုံးလျှင် ကျပ်၁၂၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၁၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၅၀၀၊ မော်လမြိုင်မှ ကျွဲကောသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၃၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၂၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၁၅၀၀ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါသည်။

DOCA(ရန်ကုန်)

                         

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

      အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ (၁၇-၅-၂၀၂၃) ရက်နေ့မှ (၂၃-၅-၂၀၂၃) ရက်နေ့အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်ရောင်းချနေကြောင်း သိရှိရပါသည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်တစ်ပိဿာလျှင် ကျပ် (၁၀၀၀မှ ၁၅၀၀) အတွင်း၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ် (၁၀၀၀ မှ ၂၀၀၀) အတွင်း၊ ပန်းဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ် (၆၀၀ မှ ၁၅၀၀) အတွင်း၊ အာလူးတစ်ပိဿာလျှင် ကျပ် (၁၄၀၀ မှ ၂၁၀၀) အတွင်း၊ မုန်လာဥနတစ်ပိဿာလျှင် ကျပ် (၈၀၀ မှ ၁၅၀၀) အတွင်း ရွှေဖရုံသီးတစ်လုံးလျှင် ကျပ် (၁၅၀၀ မှ ၃၅၀၀) အတွင်း၊ ဘူးသီးတစ်လုံးလျှင် ကျပ် (၇၀၀ မှ ၁၃၀၀) အတွင်း၊ မုန်ညှင်း(ထုပ်)တစ်ပိဿာလျှင် ကျပ် (၂၀၀၀ မှ ၂၄၀၀) အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)တစ်ပိဿာလျှင် ကျပ် (၁၆၀၀ မှ ၂၁၀၀) အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)တစ်ပိဿာလျှင် ကျပ် (၄၈၀၀ မှ ၆၅၀၀) အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာလျှင် ကျပ် (၆၅၀၀ မှ ၇၂၀၀) အတွင်း၊ ချင်းတစ်ပိဿာလျှင် ကျပ် (၄၅၀၀ မှ ၅၅၀၀) အတွင်း၊ ဆလပ်ရွက်တစ်စည်းလျှင် ကျပ် (၂၀၀ မှ ၂၅၀) အတွင်း၊ ချဉ်ပေါင်ရွက်တစ်စည်းလျှင် ကျပ် (၆၀ မှ ၁၀၀) အတွင်း၊ ခရမ်းသီး(ရှည်)တစ်ပိဿာလျှင် ကျပ် (၁၈၀၀ မှ ၂၄၀၀) အတွင်း၊ သံပရာသီးတစ်လုံးလျှင် ကျပ် (၂၀ မှ ၁၂၀) အတွင်း၊ ငရုတ်သီးစိမ်း(ကျောက်စိမ်း)တစ်ပိဿာလျှင် ကျပ် (၃၅၀၀ မှ ၄၅၀၀) အတွင်း၊ ဖရဲသီး(အကြီး၊ အလတ်၊ အသေး)တစ်လုံးလျှင် ကျပ် (၁၅၀၀ မှ ၈၀၀၀) အတွင်းဖြစ်ကြောင်း သိရှိရပါသည်။ တညင်းကုန်း လက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပရာသီးအလုံးပေါင်း (၂၂၃၆၀၀) ကျော်၊ ခရမ်းသီး(ရှည်)ပိဿာပေါင်း (၁၀၁၁၀) ကျော်၊ ဘူးသီးအလုံးပေါင်း (၄၀၅၀) ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၂၄၃၅) ကျော်၊ ဂေါ်ဖီ ထုပ်ပေါင်း (၃၇၁၀၀) ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၁၉၅၀၀) ကျော်၊ မုန်ညှင်းထုပ်ပိဿာပေါင်း (၁၀၈၂၀) ကျော်၊ ဖရဲသီးလုံးပေါင်း (၃၆၀၀) ကျော်  စသည်ဖြင့် အသီးသီးကုန်အဝင်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အောင်ပန်းဈေးကွက် ဒေသထွက် သီးနှံများ၏ မေလစတုတ္ထပတ်ဈေးနှုန်းများ

      ရှမ်းပြည်နယ်(တောင်ပိုင်း) အောင်ပန်းဈေးကွက် ဒေသထွက်သီးနှံများ၏ ၂၀၂၃ ခုနှစ်၊ မေလ စတုတ္ထပတ် (၂၄.၅.၂၀၂၃) အတွင်းတွင် ဒေသထွက်သီးနှံများဖြစ်သော အာလူးဈေးနှုန်းမှာ S2 တစ်ပိဿာလျှင် (၂၁၀ဝိ/-)ကျပ်မှ (၁၉၅ဝိ/-) ကျပ်ထိ၊ ကြက်သွန်ဖြူ ထူး-၅ (၆၃၀ဝိ/-)ကျပ်၊ ထူး-၄ (၅၀၀ဝိ/-)ကျပ်၊ ထူး-၃ (၄၂၀ဝိ/-)ကျပ်၊ ထူး-၂ (၃၆၀ဝိ/-)ကျပ်၊ ထူး-၁ (၃၂၀ဝိ/-)ကျပ်၊ ချင်း အဆင့်(၁)  (၂၃၀ဝိ/-)ကျပ် အဆင့် (၂)  (၁၃၀ဝိ/-)ကျပ် ရှယ် (၄၈၀ဝိ/-)ကျပ်၊ ချင်းခြောက် အဆင့်(၁) (၂၇၀ဝိ/-)ကျပ် အဆင့်(၂) (၂၅၀ဝိ/-)ကျပ်၊ နနွင်း (ဆင်တောင်) (၃၈၀ဝိ/-)ကျပ်၊ မုန်ညှင်း(သေး) (၁၁၀ဝိ/-)ကျပ်၊ မုန်ညှင်း(ကြီး) (၁၃၀ဝိ/-)ကျပ်၊  ခရမ်းချဉ်သီး(မှည့်) (၇၀ဝိ/-ကျပ်) အစိမ်း(၉၀ဝိ/-)ကျပ်၊ ဂေါ်ဖီထုပ် (၈၀ဝိ/-)ကျပ်၊ ဂေါ်ဖီပန်း (ပန်းမုံလာ) (၉၀ဝိ/-)ကျပ်၊ ရွှေပဲသီး (၅၀၀ဝိ/-)ကျပ် မှ (၆၀၀ဝိ/-)ကျပ်၊ ဖရုံသီး (၁၀၀ဝိ/-)ကျပ်မှ (၁၄၀ဝိ/-)ကျပ်၊ငရုတ်ပွ (၁၄၀ဝိ/-)ကျပ်မှ (၁၆၀ဝိ/-)ကျပ်၊  မုံလာဖြူ (၃၀၀ဝိ/-)ကျပ်မှ (၃၅၀ဝိ/-)ကျပ်၊ ခရမ်းသီး (၉၀ဝိ/-)ကျပ်၊ ဂျူးမြစ် (၃၀၀ဝိ/-)ကျပ်၊ လက်ဖက်ခြောက် (၈၀၀ဝိ/-)ကျပ်မှ (၁၂၀၀ဝိ/-)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

      အာလူး၊ ဂျင်း၊ နနွင်း၊ ခရမ်းချဉ်သီး၊ မုန်ညှင်း၊ ဂေါ်ဖီပန်း(ပန်းမုံလာ)၊ လက်ဖက်ခြောက်၊ ကြက်သွန်ဖြူ၊ မုံလာဥဖြူ၊ ငရုတ်ပွ ၊ ဂေါ်ဖီထုပ်သီးနှံများမှာ ယခင်အပတ်အတိုင်း ဈေးတည်ငြိမ်နေခဲ့ပြီး  ခရမ်းသီး၊  ရွှေပဲသီး သီးနှံများမှာ ယခင်အပတ်ကထက် ဈေးနှုန်းအနည်းငယ်မြှင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

 

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ၃၉၆၀ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

          ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊မေလ ၂၉ ရက်နေ့ မှ ဇွန်လ ၄ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၃၉၆၀ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

         ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

         အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

တောင်ငူမြို့တွင် ကြက်သွန်ဖြူနှင့်အာလူး ဈေးအနည်းငယ်တက်

              တောင်ငူမြို့တွင် ၂၀၂၃ ခုနှစ်၊ မေလ (စတုတ္ထပတ်)အတွင်း၌ အခြေခံစားသောက်ကုန်များဖြစ်သော မြေပဲဆီမှာ  တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်၊ စားအုန်းဆီမှာ တစ်ပိဿာလျှင် ၆၄၀၀ ကျပ်ဖြင့် ယခင် အပတ်ကအတိုင်း ဈေးနှုန်း တည်ငြိမ်နေပါသည်။

              ကြက်သွန်နီမှာ တစ်ပိဿာလျှင် အသေးမှာ ၂၅၀၀ ကျပ်၊ အလတ် ၂၇၀၀ ကျပ်နှင့် အကြီး ၃၀၀၀ ကျပ်ဖြင့် ယခင်အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်နေပြီး တရုတ်ကြက်သွန်နီမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၃၂၀၀ ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၃၀၀၀ ကျပ်ဖြင့်  ဈေးနှုန်းအနည်းငယ် ကျဆင်းပါသည်။

              ကြက်သွန်ဖြူ အသေးမှာ တစ်ပိဿာလျှင် ယခင်အပတ်က ၅၀၀၀ ကျပ်မှ ယခုအပတ်တွင် ၅၂၀၀ ကျပ်၊ အလတ်မှာ တစ်ပိဿာလျှင် ယခင်အပတ်က ၅၄၀၀ ကျပ်မှ ယခုအပတ်တွင် ၅၆၀၀ ကျပ်၊ အကြီးမှာ တစ်ပိဿာလျှင် ယခင်အပတ်က ၅၈၀၀ ကျပ်မှ ယခုအပတ်တွင် ၆၀၀၀ ကျပ်၊ တရုတ် ကြက်သွန်ဖြူမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၆၀၀၀ ကျပ်မှ ယခုအပတ်တွင် ၆၅၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ်မြင့်တက်ပါသည်။

           အာလူးမှာ ယခင်အပတ်က တစ်ပိဿာလျှင် အသေး ၁၈၀၀ ကျပ်၊ အလတ် ၂၀၀၀ ကျပ်၊ အကြီး ၂၆၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် အသေး ၂၅၀၀ ကျပ်၊ အလတ် ၂၇၀၀ ကျပ်၊ အကြီး ၂၈၀၀ ကျပ်ဖြင့် ဈေးအနည်းငယ်မြင့်တက်ပြီး တရုတ်အာလူးမှာ တစ်ပိဿာလျှင် ၃၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

           ငရုတ်သီးခြောက် အပုမှာ တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်၊ ငရုတ်သီးခြောက် အရှည်မှာ တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်နှင့် ငရုတ်သီးခြောက် အပွမှာ ၂၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

           မြေပဲဆံ အဖြူမှာ တစ်ပိဿာလျှင် ၇၄၀၀ ကျပ်၊ မြေပဲဆံအနီမှာ ယခင်အပတ်က တစ် ပိဿာလျှင် ၈၀၀၀ ကျပ်၊ ကုလားပဲခြမ်းမှာ တစ်ပိဿာလျှင် ၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေ ကြောင်းနှင့် အခြေခံစားသောက်ကုန်များမှာ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

DOCA(ပဲခူး)

“သိမ်ဖြူဈေးတွင်ဖြစ်ပေါ်နေသော ကြက်သွန်ဖြူ/နီလက်ကားဈေး”

    ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူဈေးကြီးအတွင်း ကြက်သွန်ဖြူ/နီများအား ရှမ်းပြည်နယ်မှ ကား၊ ရထားတို့ဖြင့် နေ့စဉ် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဝင်ရောက်လျက်ရှိ၍ လက်လီလက်ကား ပြန်လည်ရောင်းချလျက်ရှိရာ (၂၀-၄-၂၀၂၃) ရက်နေ့မှ (၂၆-၄-၂၀၂၃) ရက်နေ့အထိ ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၃၅၉၀၀) ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၁၁၃၀၀) ပိဿာဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကားဈေးမှာ ၁ပိဿာလျှင် ၁၂၀၀ကျပ်မှ ၁၇၀၀ကျပ်အထိဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်)လက်ကားဈေးမှာ ၁ပိဿာလျှင် ၅၀၀၀ကျပ်မှ ၅၂၀၀ကျပ်အထိ လည်းကောင်း၊ (၂၇-၄-၂၀၂၃) ရက်နေ့မှ (၃-၅-၂၀၂၃) ရက်နေ့အထိ ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၂၃၀၀၀) ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၇၆၀၀) ပိဿာဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကားဈေးမှာ ၁ပိဿာလျှင် ၁၇၀၀ကျပ်မှ ၂၁၀၀ ကျပ်အထိဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ ၁ပိဿာလျှင် ၅၂၀၀ကျပ်မှ ၆၀၀၀ကျပ်အထိရှိခဲ့ပြီး (၄-၅-၂၀၂၃) ရက်နေ့မှ (၁၀-၅-၂၀၂၃) ရက်နေ့အထိ ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၃၃၂၅၀) ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၈၆၅၀) ပိဿာဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကားဈေးမှာ ၁ပိဿာလျှင် ၂၀၀၀ကျပ်မှ ၂၅၀၀ ကျပ်အထိဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်)လက်ကားဈေးမှာ ၁ပိဿာလျှင် ၅၅၀၀ကျပ်မှ ၇၀၀၀ကျပ်အထိဖြစ်ပြီး (၁၁-၅-၂၀၂၃) ရက်နေ့မှ (၁၇-၅-၂၀၂၃) ရက်နေ့အထိ ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၃၀၀၀၀) ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၇၅၀၀) ပိဿာဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ) လက်ကားဈေးမှာ ၁ပိဿာလျှင် ၂၂၀၀ကျပ်မှ ၂၉၀၀ကျပ်အထိဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်)လက်ကားဈေးမှာ ၁ပိဿာလျှင် ၆၅၀၀ကျပ်မှ ၈၅၀၀ကျပ်အထိ၊ မတ်လ(နောက်ဆုံးပတ်)မှစ၍ ယနေ့ထိ ကြက်သွန်နီဈေးနှုန်းမှာ အနည်းငယ်မြင့်တက်လျက်ရှိပြီး ကြက်သွန်ဖြူဈေးနှုန်းမှာလည်း သိသိသာသာမြင့်တက်လျက်ရှိကြောင်း ဈေးတာဝန်ခံရုံးမှ သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

 

စားအုန်းဆီရောင်းချနေမှုများ စိစစ်ကြပ်မတ်

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကိုဖွဲ့စည်းကာ ပြည်ပမှတင်သွင်းလာသည့်စားသုံးဆီများ သတ်မှတ်အရည်အသွေးစံချိန်စံညွှန်းများနှင့်ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွှတ် သောစားသုံးဆီများကိုသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးတို့အတွက် ကြီးကြပ်ထိန်းကျောင်းဆောင်ရွက်လျက်ရှိရာ စားသုံးသူ ရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၁-၅-၂၀၂၃) ရက်နေ့တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင် များအသင်း၏ စီစဉ်ကြီးကြပ်မှုဖြင့် Zabu Kan Tun Trading Co.,Ltd က စားအုန်းဆီများရောင်းချပေးနေမှုအခြေအနေများကို သွားရောက် ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါသည်။

  အဆိုပါရောင်းချရာတွင် Zabu Kan Tun Trading Co.,Ltd က ရည်ညွှန်းဈေးဖြင့် ဖြန့်ဖြူးရောင်းချပေးသောစားအုန်းဆီများ၏ ရည်ညွှန်း လက်ကားဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များထပ်ပေါင်း၍ ၂% အမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည် ဖြန့်ဖြူးရောင်းချပေးခဲ့ရာ လူတစ်ဦးလျှင် စားအုန်းဆီ ၁ပိဿာ (၄၇၀၀) ကျပ်ဖြင့် အမှတ်(၂၉)ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နေ စားသုံးသူပြည်သူများအား ရက်သတ္တပတ်တိုင်းရောင်းချပေးလျက်ရှိပြီး ရပ်ကွက်နေပြည်သူများအနေဖြင့် စားအုန်းဆီဈေးနှုန်းမှန်ကန်မှုရှိခြင်း၊ ဈေးနှုန်းသက်သာမှုရှိခြင်း၊      အလေးချိန်မှန်ကန်မှုရှိခြင်းတို့ကြောင့် စိတ်ချမ်းမြေ့စွာဖြင့် ဝယ်ယူလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်း ပြောင်းလဲမှု အခြေအနေ

         မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့်နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိပါကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းသတင်းများအရသိရသည်။

မတ်ပဲ

          မုံရွာကုန်စည်ဒိုင်၌ ၂၀၂၃ ခုနှစ် မေလ၊ စတုတ္တပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၆၀၀၀ ဖြစ်ခဲ့ပြီး ၂၀၂၃ ခုနှစ် မေလ၊ စတုတ္တပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၇၄၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် သုံးသောင်းခန့်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၅ မှ ၂၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ပဲစဉ်းငုံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မေလ၊ စတုတ္တပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၂၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ စတုတ္တပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၈၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် လေးသောင်းကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၂၅ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။

ပဲတီစိမ်း

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်မေလ၊ စတုတ္တပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၈၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ စတုတ္တပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် တစ်သောင်းခွဲကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃၀ မှ ၃၅ ခန့် အရောင်း အဝယ် ဖြစ်ကြောင်း သိရသည်။

ကုလားပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မေလ၊ စတုတ္တပတ်တွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ် ၄၈၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ စတုတ္တပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၇၉၅၀၀၊ 929  တစ်တင်းလျှင် ကျပ် ၄၅၃၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ စတုတ္တပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၇၈၅၀၀၊ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၄၄၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ စတုတ္တပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၇၄၆၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးသောင်းကျော်မှ သုံးသောင်းခွဲခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃၀ မှ ၅၀ ခန့် အရောင်း အဝယ် ဖြစ်ကြောင်း သိရသည်။

စွန်တာနီ/ပြာ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မေလ၊ စတုတ္တပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၃၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ စတုတ္တပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၄၅၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်တစ်ထောင် ပိုမိုခဲ့ပါသည်၊ တစ်ရက်လျှင် အိတ်ရေ ၁၅ မှ ၂၀ ခန့် အရောင်း အဝယ် ဖြစ်ကြောင်း သိရသည်

ထောပတ်ပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မေလ၊ စတုတ္တပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၀၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ စတုတ္တပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၇၈၃၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် လေးသောင်းခန့် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၂၅ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

အစေ့ထုတ်ပြောင်း

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မေလ၊ စတုတ္တပတ်တွင် ပြောင်းတစ်တင်းလျှင် ကျပ် ၁၇၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ စတုတ္တပတ်တွင် ပြောင်း တစ်တင်းလျှင် ကျပ် ၂၀၃၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် သုံးထောင်ခန့် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၂၅ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။

မြေပဲဆံသီးနှံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မေလ၊ စတုတ္တပတ်တွင် မြေပဲဆံနီ တစ်ပိဿာလျှင် ကျပ် ၃၈၅၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ စတုတ္တပတ်တွင် တစ်ပိဿာလျှင် ကျပ် ၈၀၀၀၊ ယခင်နှစ် မေလ၊ စတုတ္တပတ်တွင် မြေပဲဆံဖြူ တစ်ပိဿာလျှင် ကျပ် ၄၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ စတုတ္တပတ်တွင် တစ်ပိဿာလျှင် ကျပ် ၇၀၀၀၊ တစ်ပိဿာလျှင် ကျပ်သုံးထောင်ကျော် မှ လေးထောင်ကျော်အထိ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၅ မှ ၃၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

နှမ်းမျိုးစုံသီးနှံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မေလ၊ စတုတ္တပတ်တွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၇၀၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ စတုတ္တပတ်တွင် တစ်တင်းလျှင် ကျပ် ၁၁၁၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၅၅၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ စတုတ္တပတ်တွင် တစ်တင်းလျှင် ကျပ် ၁၀၉၀၀၀၊ နှမ်းညို တစ်တင်းလျှင် ကျပ် ၅၂၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ စတုတ္တပတ်တွင် တစ်တင်းလျှင် ကျပ် ၉၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်လေးသောင်းခန့်မှ ငါးသောင်းခွဲခန့်အထိ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃၀ မှ ၄၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း မုံရွာကုန်စည်ဒိုင်ဈေးနှုန်းများစာရင်းအရ သိရပါသည်။

DOCA(စစ်ကိုင်း)

 

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၈.၅.၂၀၂၃ )

    ၂၈.၅.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၇.၅.၂၀၂၃ )

      ၂၇.၅.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း