ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

   တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

မြို့ကြီး(၄)မြို့၏ အခြေခံစားကုန်၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေ ဈေးနှုန်းများ

   နေပြည်တော်၊ ရန်ကုန်၊ မန္တလေး နှင့် ပုသိမ်မြို့ကြီးများ၏ အခြေခံစားကုန်(လက်လီ)၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယနေ့ ကာလတူ နှိုင်းယှဉ်၍ ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေ

       တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့်  ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာထားချက်မှာပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(၁၄.၀၀၀)၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(၆.၅၀၀)၊  စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း (၂၀.၅၀၀)ဖြစ်ပါသည်။ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့  ကုန်သွယ်မှုအနေဖြင့် ၂၀၂၃ခုနှစ်၊ ဧပြီလအတွင်း ပို့ကုန်ပမာဏအမေရိကန်ဒေါ်လာသန်း(၀.၄၀၅)၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း (၀.၁၂၀)၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း (၀.၅၂၅) ဆောင်ရွက်နိုင်ခဲ့သဖြင့် (၁)နှစ်စာ လျာထားချက်အပေါ်  (၂.၅၆)% ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း တမူးနယ် စပ်ကုန်သွယ်ရေးစခန်း၏စာရင်းများ အရသိရပါသည်။

          ပို့ကုန်အနေဖြင့် (၆.၅.၂၀၂၃ မှ ၁၂.၅.၂၀၂၃)ရက်နေ့အထိ စီးကရက် အရေအတွက်အားဖြင့် (၂၄)တန် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း (၀.၀၅၁)၊ နန့်ဖာလုံကုန်စုံတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်းပေါင်း(၀.၀၁၂)၊ စုစုပေါင်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း(၀.၀၆၃) တင်ပို့နိုင်ခဲ့ပါကြောင်း၊ (၁၃.၅.၂၀၂၃ မှ ၁၉.၅.၂၀၂၃)ရက်နေ့အထိ စီးကရက်အရေအတွက်အားဖြင့် တန်(၁၆.၀၃၂)တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း (၀.၀၃၅)၊ နန့်ဖာလုံကုန်စုံ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း(၀.0၀၈)၊ စုစုပေါင်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း(၀.၀၄၃) တင်ပို့နိုင်ခဲ့ပါကြောင်း၊ သွင်းကုန်အနေဖြင့် ယခုအပတ်တွင်လည်း တင်သွင်းနိုင်ခဲ့ခြင်းမရှိပါကြောင်းနှင့်ပို့ကုန် အ‌နေဖြင့် ယခင်ပတ်ကထက် အမေရိကန်ဒေါ်လာသန်း (၀.၀၂၀) လျော့နည်းတင်ပို့နိုင်ခဲ့ပါကြောင်း  တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)

         

                  

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၆.၅.၂၀၂၃ )

       ၂၆.၅.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

        စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူနှင့် ရွှေဘိုခရိုင်များအနေဖြင့် ‌ရွှေဘို၊ ရေဦး၊ ကန့်ဘလူနှင့် မုံရွာခရိုင်တို့တွင် ‌ပေါ်ဆန်းဈေးနှုန်း အနည်းငယ်တက်နေပြီး၊ ကျန်ခရိုင်များတွင် ဈေးအေးနေပါကြောင်း သိရပါသည်။

         စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၃ ခုနှစ်မေလ(စတုတ္တ)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်း များမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း(စပါး)  တင်း ၁၀၀လျှင် ကျပ်(၂၈၅၀၀၀၀)၊ ပေါ်ဆန်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင်(၉၀၀၀၀)ကျပ်၊ ဧရာမင်း(စပါး)တင်း ၁၀၀လျှင် ကျပ်(၁၉၅၀၀၀၀)၊  ဧရာမင်း (ဆန်)   ၂၄ ပြည်ပါတစ်အိတ်ကျပ် (၈၀၀၀၀) ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

         ရေဦးခရိုင်ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)တင်း ၁၀၀လျှင် ကျပ် ၂၈၅၀၀၀၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ်လျှင်ကျပ် ၉၀၀၀၀၊  ဧရာမင်း(စပါး) တင်း ၁၀၀ လျှင် ၁၉၅၀၀၀၀ကျပ်၊ ဧရာမင်း (ဆန်)၂၄ ပြည်ပါ တစ်အိတ်  ၈၀၀၀၀ ကျပ်များဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

          ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း၁၀၀ လျှင် ၁၉၀၀၀၀၀၊ ဧည့်မထ (ဆန်) ‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၇၀၀၀၀၊ ငစိန်(စပါး)တင်း၁၀၀လျှင် ၁၈၀၀၀၀၀၊ ငစိန် (ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ၆၈၀၀၀၊ ဧရာမင်း(စပါး) တင်း ၁၀၀ လျှင် ကျပ် ၂၀၀၀၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၇၇၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

         ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး) တင်း ၁၀၀ လျှင် ကျပ်၁၆၅၀၀၀၀၊ မှော်ဘီ(၂) ဆန် ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၆၅၀၀၀၊ ဆင်းဧကရီ(၃)(စပါး)  တင်း၁၀၀ လျှင် ကျပ် ၁၅၀၀၀၀၀၊ ဆင်းဧကရီ-၃ ဆန် ၂၄ပြည်တစ်အိတ်မှာ ကျပ် ၆၃၀၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀လျှင် ကျပ် ၁၇၅၀၀၀၀၊ ဧရာမင်း(ဆန်) ၂၄ပြည် ဆန်တစ်အိတ်လျှင် ကျပ် ၇၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

          မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၂၂၀၀၀၀၀၊  ဧရာမင်း (ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၉၀၀၀၀၊ ပေါ်ဆန်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၂၈၀၀၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၉၅၀၀၀၊ မနောသုခ(စပါး) တင်း ၁၀၀လျှင် ကျပ် ၁၈၀၀၀၀၀၊ မနောသုခ (ဆန်)၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၇၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

         ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၉၀၀၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၈၀၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၂၈၀၀၀၀၀၊ ပေါ်ဆန်း (ဆန်)၂၄ပြည် တစ်အိတ်လျှင် ကျပ် ၉၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

        စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၃ ခုနှစ် မေလ (တတိယ)ပတ်တွင် အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၂၀၀၀၊ မန္တလေးသို့ အိတ်ရေ ၅၀၉၀၀၊ မကွေး သို့ အိတ်ရေ ၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၉၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၈၀၀၀၊ ရှမ်း(မြောက်) သို့အိတ်ရေ ၈၀၀၀၊ ကချင်သို့ အိတ်ရေ ၂၅၀၀၊ စုစုပေါင်းအိတ်ရေ (၁၁၁၀၀၀)အိတ်၊ တန်အားဖြင့် (၅၅၅၀) စီးထွက်ခဲ့ပြီး၊ ယခု မေလ (စတုတ္တ)ပတ်တွင် အခြားတိုင်းဒေသကြီးများသို့ ဆန် စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၆၀၀၀၊ မန္တလေး သို့ အိတ်ရေ ၃၈၄၀၀၊ မကွေး သို့ အိတ်ရေ ၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၉၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၇၅၀၀၊ ရှမ်း(မြောက်)သို့အိတ်ရေ ၇၅၀၀၊ ကချင်သို့ အိတ်ရေ ၁၅၀၀၊ စုစုပေါင်းအိတ်ရေ (၉၀၅၀၀)အိတ်၊ တန်အားဖြင့် (၄၅၂၅) စီးထွက်ခဲ့သည့် အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၂၀၅၀၀) တန်အားဖြင့် (၁၀၂၅) လျော့နည်း စီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)                                                                                                                                 

                                               

ကသာမြို့နယ်ထွက် လိုင်ချီးသီးများ မြို့နယ်အသီးသီးသို့ တင်ပို့လျက်ရှိ

          ကသာခရိုင်အတွင်း မြို့နယ်များရှိ ဈေးကွက်များတွင် လိုင်ချီးသီးများ အများအပြား ရောင်းချလျက်ရှိရာ အဝေးပြေးကားဂိတ်များမှတစ်ဆင့်အနယ်နယ်အရပ်ရပ်သို့ တင်ပို့လျက်ရှိပြီး ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ရွှေဘို၊ ရေဦး၊ ခင်ဦးမြို့များသို့ တင်ပို့မှုများပြားကြောင်း ကားဂိတ်များမှ သိရှိရသည်။

       လိုင်ချီးသီးများသည် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင်ဖူးပွင့်ကြပြီး မေလနှင့် ဇွန်လတွင် ရင့်မှည့်ကြသည်။ ကသာခရိုင်တွင် လိုင်ချီးသီးများကို တစ်ပိုင်တစ်နိုင်အဖြစ် အိမ်ဝင်းခြံဝင်းစည်းရိုးများတွင် စိုက်ပျိုးမှုရှိသလို ဥယျာဉ်ခြံများဖြင့်စိုက်ပျိုးမှု အနည်းငယ်ရှိကြောင်းလည်းသိရသည်။ ရာသီပေါ် လိုင်ချီးသီးများကို ရိုးတံအညှာပါအောင် ခူးဆွတ်ပြီး အလုံးအကြီး/အသေး (၂၅ မှ ၃၀)လုံးခန့်ပါ အတွဲများအဖြစ် စုစည်းချည်နှောင်ကာ တစ်စည်း ၅၀၀ ကျပ်ဖြင့် ဈေးကွက်တွင်း ရောင်းချကြသည်။ အရွယ်တော် လိုင်ချီးပင်တစ်ပင်သည် အတွဲပေါင်း (၁၈၀)ခန့် ရရှိပြီး လက်ရှိဈေးနှုန်းနှင့်တွက်ကြည့်ပါက ကျပ် (၉၀၀၀၀)ခန့် ဝင်ငွေရရှိသည်။

           ကသာမြို့နယ်ထွက် လိုင်ချီးသီးများကို ကုန်သည်များမှ အဝယ်ဒိုင်ဖွင့်လှစ်ဝယ်ယူလျက်ရှိပြီး အတွဲ(၁၀၀)ပါ ခြင်းများဖြင့် မြို့နယ်အသီးသီးသို့ တင်ပို့ရောင်းချလျက်ရှိပြီး၂၀၂၃ ခုနှစ် မေလ တတိယပတ်မှစ၍ နေ့စဉ်လိုင်ချီးသီးခြင်းပေါင်း (၈၀) မှ (၁၀၀)ကြား တင်ပို့မှုရှိကြောင်း လိုင်ချီးသီးကုန်သည်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

                  

ပန်းတောင်းမြို့ရှိ ပဲမျိုးစုံဈေးနှုန်းဈေးကွက်

(၁၈.၅.၂၀၂၃)ရက်နေ့၊ နံနက်ပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့ရှိ ပွဲရုံလုပ်ငန်းလုပ်ကိုင်သူထံသို့ သွားရောက်၍ ပွဲရုံရှိ သီးနှံများ၏ ဈေးနှုန်းဈေးကွက် အခြေအနေများအား သိရှိနိုင်ပါရန် ကွင်းဆင်းလေ့လာခဲ့ပါသည်။

ပွဲရုံလုပ်ငန်းလုပ်ကိုင်သူ ဦးကျော်သူစိုး(လမင်းပွဲရုံ)က ယခုကာလတွင် အရောင်းအဝယ်များ အေးလျက်ရှိပြီး ပွဲရုံတွင် အရောင်းအဝယ်ဖြစ်သော ပဲဈေးနှုန်းများမှာ ပဲနောက်(ဝါးခယ်မမျိုး) တစ်တင်းလျှင် (၅၀၀၀၀)ကျပ်၊ ပဲတီစိမ်းတစ်တင်းလျှင် (၆၀၀၀၀)ကျပ်၊ မတ်ပဲ တစ်တင်းလျှင် (၆၇၅၀၀)ကျပ်၊ ပဲယင်းနီတစ်တင်းလျှင်(၆၇၀၀၀)ကျပ်၊ ပဲဖတ်တစ်ပိဿာလျှင် (၂၉၀၀)ကျပ်၊ နှမ်းဖတ်တစ်ပိဿာလျှင် (၂၂၀၀)ကျပ်၊ နေကြာဖတ်တစ်ပိဿာလျှင်(၁၈၀၀)ကျပ်နှင့် ဆီကြိတ်မြေပဲဆံ တစ်ပိဿာလျှင်(၆၂၀၀)ကျပ်ဖြင့် ရောင်းချလျက် ရှိကြောင်းသိရပါသည်။

ထိုပဲမျိုးများထဲတွင် ပဲယင်းနီပဲမျိုးမှာ ယခုနှစ်အစောပိုင်းတွင် မကျီးထုံးအုပ်စု၊ ဆင်လူးကျေးရွာနှင့် ကွေ့မကျေးရွာတို့တွင် အနည်းငယ်သာစိုက်ပျိုးပြီး သက်တမ်းမှာ စတင်စိုက်ပျိုးချိန်မှစ၍ (၄)လအကြာတွင် ခူးဆွတ်ရကြောင်းသိရပါသည်။ ပဲယင်းနီစိုက်ပျိုးသော တောင်သူများအနေဖြင့် ကုန်ကျစရိတ် သက်သာပြီး၊ လွယ်ကူစွာစိုက်ပျိုးရသော ပဲတစ်မျိုးဖြစ်ပြီး ပြည်ပပို့ကုန် အဖြစ်တင်ပို့လျက်ရှိသော သီးနှံဖြစ်သဖြင့် သေချာစွာဖြစ်ထွန်းအောင်မြင်အောင် စိုက်ပျိုးမည်ဆိုပါက အကျိုးအမြတ်များ ပိုမိုရရှိလာနိုင်မည်ဖြစ်ပါကြောင်း သိရှိရပါသည်။

DOCA (ပဲခူး)

ရာသီ(၃)မျိုးစလုံး ရောင်းချနိုင်သည့် ပျဉ်းတော်သိမ်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် ဒေသအနီးတဝိုက်တွင် ဒေသအခေါ် ပျဉ်းတော်သိမ်ရွက်ကို ဝယ်ယူသူများအ‌နေဖြင့် ကိုယ်တိုင်အိမ်အရောက် ခူးဆွတ်ဝယ်ယူလျက်‌ရှိပါသည်။ ဝယ်ယူရောင်းချသူ ကုန်သည်များအနေဖြင့် ၂ တင်းခွဲဝင် တစ်အိတ် လျှင် ခပ်ဖွဖွထည့်၍ (၅၀၀၀) ကျပ်ပေး၍ ဝယ်ယူပြီး၊ (၄-၅) ခက်လျှင် တစ်စည်ပါ အစည်းရေ (၁၀၀၀) ခန့်ဝင်သော အိတ်ကျဲများဖြင့် ထည့်ကာ တစ်အိတ်ကားတင်ခ (၂၀၀၀)ကျပ်နှုန်းဖြင့် ရန်ကုန်သီရိမင်္ဂလာဈေးသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

ပျဉ်းတော်သိမ်ရွက်ပင်သည် နှစ်ရှည်ပင်အမျိုးအစားဖြစ်ပြီး (နွေ၊ မိုး၊ ဆောင်း) ရာသီ(၃)မျိုးစလုံး ရောင်းချနိုင်ပါသည်။ ပျဉ်းတော်သိမ်ရွက်များကို ဟင်းရွက်အမွှေးအကြိုင်၊ ဟင်းမွှေးမဆလာ၊ တိုင်းရင်းဆေးဝါး ပြုလုပ်ရာတွင် အသုံးပြုကြပါသည်။ ပျဉ်းတော်သိမ်ရွက်တွင် ဗီတာမင်အေ၊ ဗီတာမင်စီ၊ B1 ၊ B2၊ ထုံးဓာတ်၊ ကစီဓာတ်၊ အသားဓာတ်နှင့် (အမိုင်နိုအက်စစ်) များစွာပါဝင်ပြီး ထိုအက်စစ်များကြောင့်ပင် အစားအသောက်များအား မွှေးကြိုင်သောရနံ့ဖြစ်စေပြီး၊ ရောဂါများကို ကာကွယ်ပေးနိုင်စွမ်း ရှိကြောင်းလည်း သိရှိရပါသည်။

ထို့ကြောင့် ပျဉ်းတော်သိမ်ရွက်သည် စျေးကွက်ရှိပြီး ကျန်းမာရေးအတွက် ကောင်းမွန်သောကြောင့် စိုက်ပျိုးသင့်သောသီးနှံဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA (ပဲခူး)

ရုံးပတီသီးပင် စိုက်ကြပါစို့

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်အတွင်းရှိ မြို့နယ်များတွင် ရုံးပတီသီးပင်များ စိုက်ပျိုးအောင်မြင်လျက်ရှိပါသည်။ မြေအမျိုးအစားမရွေး စိုက်ပျိုးနိုင်ပြီး ရေမဝပ်နိုင်သောမြေမျိုးတွင် ပို၍အောင်မြင်ဖြစ်ထွန်းပါသည်။ စိုက်ပျိုးရေအလုံအလောက်ရရှိပါက တစ်သုတ်ပြီးတစ်သုတ် စဉ်ဆက်မပြတ် စိုက်ပျိုးနိုင်ပါသည်။ မျိုးစေ့အနေဖြင့် ဒေသမျိုးများနှင့် ထိုင်ဝမ်မျိုးများကိုစိုက်ပျိုးကြပါသည်။ တိုက်ရိုက် မျိုးစေ့ချစိုက်ပျိုးပြီး အကျယ် (၃-၄)ပေအမြင့် ၆လက်မဘောင်များတွင် (၆)လက်မစီ ခွာပြီး သုံးပွင့်ဆိုင် ကျင်းများတူးပြီး တစ်ကျင်းလျှင် မျိုးစေ့(၃-၄) စေ့ခန့်ထည့်၍စိုက်ပျိူးနိုင်ပါသည်။

တစ်ဘောင်နှင့်တစ်ဘောင် (၁)ပေခန့်အကျယ် ထားပေးရပါသည်။ အသန်မာဆုံးတစ်ပင်အား ချန်၍ အကျန်ပင်များအား နှုတ်ပေးပါက ပိုမိုအောင်မြင်ဖြစ်ထွန်းစေပါသည်။ အပင်ပေါက်ပြီး (၁၅)ရက်သား တစ်ကြိမ် (၂၅)ရက်သား တစ်ကြိမ်ပေါင်းလိုက်ပေးရပါသည်။ မြေသြဇာကို နွားချေးမြေဆွေးနှင့် ပုလဲမြေသြဇာတို့ကို ကျွေးပေးရန် လိုအပ်ပါသည်။ ပန်းပွင့်ချိန်နှင့်အသီးသီးချိန်တို့တွင် ရေဝရန်လိုအပ်ကာ ပန်းပွင့်ပြီးတစ်ပတ်အကြာတွင် အသီးများစတင်ခူးဆွတ်နိုင်ပါသည်။ပုံမှန်အားဖြင့် (၂)ရက်လျှင် တစ်ကြိမ်ခူးဆွတ်ရပြီး ပူပြင်းသောရာသီတွင် အသီးများအရင့်မြန်သဖြင့် နေ့တိုင်းခူးဆွတ်ပေးရပါသည်။ ထို့ကြောင့် ရုံးပတီသီးပင်သည် စဉ်ဆက်မပြတ် စိုက်ပျိုးနိုင်ပြီး နေ့စဉ်ခူးဆွတ်ရောင်းချရသော သီးနှံပင်ဖြစ်၍ စီးပွားအရ စိုက်ပျိုးသင့်သော သီးနှံပင် ဖြစ်ပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း