ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြို့ကြီး(၄)မြို့၏ အခြေခံစားကုန်၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေ ဈေးနှုန်းများ

    နေပြည်တော်၊ ရန်ကုန်၊ မန္တလေး နှင့် ပုသိမ်မြို့ကြီးများ၏ အခြေခံစားကုန်(လက်လီ)၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယနေ့ ကာလတူ နှိုင်းယှဉ်၍ ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

    တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

    တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၉.၅.၂၀၂၃ )

      ၁၉.၅.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့ရှိ သစ်သားအခြေခံ မီးဖိုချောင်သုံးပစ္စည်းလုပ်ငန်း

       တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့၊ ကျင်းကြီးရပ်ကွက်၊ ငုဝါလမ်းတွင် လုပ်ငန်းရှင် ဦးထွန်းထွန်းနိုင်က သစ်သားအခြေခံ မီးဖိုချောင်သုံးပစ္စည်းများကို တွင်ကျယ်စွာ ထုတ်လုပ် ရောင်းချလျက် ရှိပါသည်။ အဓိကအားဖြင့် ငရုပ်ဆုံ၊ ဇွန်းနှင့် ယောင်းမတို့ကို ထုတ်လုပ်လျက်ရှိပြီး ပန်းအိုး၊ ဆွမ်းအုပ်နှင့် ဆွမ်းတော်တင်ကလပ်တို့ကို အော်ဒါမှာယူပါက ထုတ်လုပ်ပေးပါသည်။ လုပ်သား ၃ ဦးဖြင့် ထုတ်လုပ်လျက်ရှိပါသည်။

    အသုံးပြုသောသစ်သားမှာ ကုက္ကိုသားနှင့် ဘင်္ဂသားဖြစ်ပါသည်။ ကုက္ကိုသားတစ်တန်လျှင် ၆၀၀၀၀၀ ကျပ်ဖြင့် ဒေသတွင်းမှပင် ဝယ်ယူပါသည်။ ၁၀ လက်မ ဆွမ်းအုပ်တစ်လုံးအတွက် ကုန်ကျ စရိတ်ဖြစ်သည့် သစ်သားဖိုး၊ လက်ခနှင့် ဆေးဖိုးမှာ ၃၁၀၀၀ ကျပ်ဖြစ်ပြီး ရောင်းဈေးမှာ တစ်လုံးလျှင် ၃၄၀၀၀ ကျပ် ဖြစ်ပါသည်။ ၈ လက်မ အလတ်စားဆွမ်းအုပ်တစ်လုံးလျှင် ၂၅၀၀၀ ကျပ်၊ ၆ လက်မ အသေးစားဆွမ်းအုပ်တစ်လုံးလျှင် ၁၅၀၀၀ ကျပ်ဖြင့် ရောင်းချပါသည်။ တစ်ရက်လျှင် လုပ်သား တစ်ဦးက ဆွမ်းအုပ် ၂ လုံး ထုတ်လုပ်နိုင်ပါသည်။

    ငရုတ်ဆုံ၊ ဇွန်းနှင့် ယောင်းမတို့ကို ဘင်္ဂသားဖြင့် ပြုလုပ်ရပြီး တစ်တန်လျှင် ၉၀၀၀၀ ကျပ် ပေးဝယ်ရပါသည်။ ပစ္စည်းများကို အရွယ်အစားမျိုးစုံ ထုတ်လုပ်ပါသည်။ ၁၆ လက်မ ယောင်းမ တစ်ချောင်း၏ ကုန်ကျစရိတ်မှာ ၄၆၅ ကျပ်ရှိပြီး ရောင်းဈေးမှ ၅၀၀ ကျပ်ဖြစ်ပါသည်။ တစ်ရက်လျှင် လုပ်သားတစ်ဦးက ယောင်းမ အချောင်း ၁၀၀ ထုတ်လုပ်နိုင်ပါသည်။

     ငရုတ်ဆုံမှာ သင်္ဘောသီးထောင်းသည့်အရွယ် အကြီးဆိုဒ် တစ်ပေပတ်လည်တစ်လုံးလျှင် ကျည်‌ပွေ့ အပါအဝင် ကုန်ကျစရိတ် ၃၆၀၀၀ ခန့်ရှိပြီး တစ်လုံးလျှင် ၄၀၀၀၀ ကျပ်ဖြင့် ပြန်လည် ရောင်းချပါသည်။ ၈ လက်မအရွယ်တစ်လုံးလျှင် ကုန်ကျစရိတ် ၁၀၀၀၀ ကျပ်ရှိပြီး ၁၃၀၀၀ ကျပ်ဖြင့် ပြန်လည်ရောင်းချပါသည်။ ၆ လက်မအရွယ်တစ်လုံးလျှင် ကုန်ကျစရိတ် ၆၀၀၀ ကျပ်ရှိပြီး ၈၀၀၀ ကျပ်ဖြင့် ပြန်လည်ရောင်းချပါသည်။

      ၎င်းသစ်သားအခြေခံ မီးဖိုချောင်သုံးပစ္စည်းမားကို ဖြူးမြို့၊ တောင်ငူမြို့နှင့် ပဲခူးမြို့များသို့ တင်ပို့ရောင်းချပြီး ဒေသတွင်းမှာယူပါက အိမ်အရောက်စနစ်ဖြင့် ပို့ဆောင်ပေးကြောင်း လုပ်ငန်းရှင် ပြောပြချက်အရ သိရပါသည်။

DOCA(ပဲခူး)

 

 

တောင်ငူခရိုင် ဖြူးမြို့မှ ရွှေပြည်စိုးပဲမုန့်

       တောင်ငူခရိုင်၊ ဖြူးမြို့၊ ဘူတာမြောက်ရပ်ကွက်၊ ၂၄ လမ်းတွင်ရှိသော ရွှေပြည်စိုး ပဲမုန့် လုပ်ငန်းသည် မိသားစုတပိုင်တနိုင်နှင့်လုပ်ကိုင်သည့် လုပ်ငန်းဖြစ်ပြီး အောင်မြင်လျက်ရှိပါသည်။ ဂျုံနှင့်ကုလားပဲကို အခြေခံ၍ ပြုလုပ်ရပါသည်။

       တစ်ရက်လျှင် ဂျုံနှစ်အိတ် အသုံးပြုရပြီး မုန့်အခု ၂၀၀၀ ပြုလုပ်နိုင်ပါသည်။ မုန့် ၅ ခုကို အထုပ်တစ်ထုပ် ထုပ်သဖြင့် တစ်နေ့လျှင် မုန့်ထုပ် ၄၀၀ ရပါသည်။ မုန့်တစ်ထုပ်လျှင် ၉၅၀ ကျပ်နှုန်း ဖြင့် ဖြူးမြို့နှင့် အနီးတဝိုက်ရှိ မုန့်ဆိုင်များသို့ လက်လီ ဖြန့်ဖြူးရောင်းချ‌ကြောင်း၊ လက်ကားဈေးမှာ တစ်ထုပ်လျှင် ၁၀၀၀ ကျပ်ဖြစ်ကြောင်း သိရပါသည်။

        ၎င်းပဲမုန့် အမျိုးအစားသည် မှိုတက်လွယ်သဖြင့် ၅ ရက်ခန့်သာ အထားခံကြောင်း၊ ရက်လွန်လျှင် စားသုံးသူများကြားတွင် အမည်ပျက်မခံနိုင်ကြောင်း၊ သို့ဖြစ်၍ တစ်ရက် ရောင်းချနိုင်အား ပေါ်တွင်သာ မူတည်၍ ထုတ်လုပ်ကြောင်း မုန့်လုပ်ငန်းပိုင်ရှင်၏ ပြောပြချက်အရ သိရပါသည်။

DOCA(ပဲခူး)

တောင်ငူခရိုင် ဖြူးမြို့တွင် ကျောက်ကြီးဒေသထွက် မင်းကွတ်သီးများအရောင်းသွက်

    မင်းကွတ်သီးသည် အပူပိုင်းဒေသထွက်သီးနှံတစ်မျိုးဖြစ်ပြီး ဖြူးမြို့ရှိသစ်သီးဆိုင်များတွင် ကျောက်ကြီးဒေသထွက် မင်းကွတ်သီးများ အရောင်းသွက်လျက်ရှိပါသည်။ မင်းကွတ်သီး တစ်လုံးလျှင် (၄၀၀)ကျပ်မှ (၇၀၀)ကျပ်အထိ အလုံးအကြီးအသေးပေါ်မူတည်၍ ဈေးနှုန်းမှာအနည်းငယ် အပြောင်းအလဲရှိပါသည်။ မင်းကွတ်သီးသည် ချိုချိုချဉ်ချဉ်အရသာရှိသောကြောင့် လူအများက အအီပြေစေသည့် အသီးအဖြစ် စားသုံးကြပါသည်။

 မင်းကွတ်သီးတွင် ဗီတာမင်စီ၊ ပိုတတ်ဆီယမ်၊ ကယ်ဆီယမ်၊ မဂ္ဂနီစီယမ်၊ ဖော့စ်ဖရပ်၊ သွပ်ဓါတ်၊ သံဓါတ်နှင့် ဆိုဒီယမ်ဓါတ်တို့လည်း အနည်းငယ်စီပါဝင်ပါသည်။ မင်းကွတ်သီး စားသုံး ခြင်းကြောင့် ကယ်လိုရီနည်းခြင်း၊ ဗီတာမင်စီပါဝင်ခြင်း၊ သွေးလည်ပတ်မှု ကောင်းမွန်စေခြင်း၊ ကင်ဆာဖြစ်ပွားမှုကိုလျှော့ချပေးခြင်း၊ ကိုယ်ခံစွမ်းအားကို တိုးမြှင့်ပေးခြင်း၊ သွားဖုံးနှင့်ပတ်သတ် သောရောဂါများကို သက်သာစေခြင်း၊ သွေးတွင်းသကြားဓါတ်ကိုလျှော့ချပေးခြင်းနှင့် နှလုံး သွေးကြောဆိုင်ရာ ရောဂါများကို ကာကွယ်ပေးခြင်းစသည့် အကျိုးကျေးဇူးများရရှိပါသည်။

     မင်းကွတ်သီးသည် အခြားသီးနှံများနှင့်မတူဘဲ အကျိုးကျေးဇူးများစွာရှိသည့် အသီးဖြစ်သောကြောင့် ယခုလိုပူအိုက်သောရာသီတွင် အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့နယ်အတွင်း ရောင်းချနေသောအခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

       ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်း မြို့နယ်များရှိ စည်ပင်သာယာဈေးများတွင် ၂၀၂၃ ခုနှစ် မေလ ပထမပတ်အတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များမှာ ဧည့်မထဆန် တစ်ပြည်လျှင်ကျပ် (၂၄၀၀)၊ ဧည့်မထဆန်(၂၄)ပြည်ဝင်အိတ် တစ်အိတ်လျှင် ကျပ်(၅၆၀၀၀)၊ ကြက်သွန်နီ(သစ်) လက်လီဈေးနှုန်းမှာ (အကြီး)တစ်ပိဿာလျှင် ကျပ် (၂၅၀၀)၊ (အသေး) တစ်ပိဿာလျှင် ကျပ်(၂၃၀၀)၊ ကြက်သွန်ဖြူ(ရှမ်း) လက်လီတစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ ပဲနီလေး တစ်ပိဿာလျှင် ကျပ်(၄၀၀၀)၊ နနွင်းတက်တစ်ပိဿာလျှင် ကျပ်(၄၅၀၀)၊ ချင်းတစ်ပိဿာလျှင် ကျပ်(၁၇၀၀)၊ ဆားတစ်ပိဿာလျှင် ကျပ်(၄၀၀)၊ မြေပဲဆံ တစ်ပိဿာလျှင် ကျပ်(၆၀၀၀)၊ ကုလားပဲခြမ်း တစ်ပိဿာလျှင် ကျပ်(၅၀၀၀)၊ အာလူးတစ်ပိဿာလျှင်ကျပ်(၂၈၀၀)၊ သကြား တစ်ပိဿာလျှင် ကျပ်(၃၀၀၀)၊ မန်ကျည်းမှည့်(အစေ့လွတ်) တစ်ပိဿာလျှင် ကျပ်(၄၀၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     သား/ငါး ဈေးနှုန်းများအနေဖြင့် ကြက်သား(cp) တစ်ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ ဝက်သား တစ်ပိဿာလျှင်ကျပ် (၂၀၀၀၀)၊ အမဲသားတစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ဆိတ်သား တစ်ပိဿာ လျှင် (၂၅၀၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ငါးခူတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၂၇၀)ကျပ်၊ ဘဲဥတစ်လုံးလျှင် (၃၅၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ စားသုံးဆီဈေးများအနေဖြင့် မြေပဲဆီသန့် တစ်ပိဿာလျှင်(၁၃၅၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် (၆၆၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျှက်ရှိပါသည်။ ဈေးနှုန်းများအနေဖြင့် ဧပြီလပထမပတ်နှင့် နှိုင်းယှဉ်လျှင် ဧည့်မထဆန်၊ ကြက်သွန်နီနှင့် ဝက်သားဈေးနှုန်းများ အနည်းငယ်မြင့်တက်နေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့ ညောင်ပင်ဈေးနှင့်ဆေးဆိုင်များတွင်ဈေးကွက်စောင့်ကြည့်စစ်ဆေး

   တောင်ငူခရိုင်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ဆေးဆိုင်နှင့် ဈေးများသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ပါရန် ညှိနှိုင်းချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးစီးမှူး ဦးမင်းဇော်နှင့် ဒုတိယဦးစီးမှူး ဦးနေစိုးထက်တို့သည် ယနေ့နံနက်ပိုင်းတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့နှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

  ရှေးဦးစွာ ပူးပေါင်းအဖွဲ့သည် တောင်ငူမြို့ ညောင်ပင်ဈေး(ကုန်စိမ်းဈေး)အတွင်း ရောင်းချနေသော စားသောက်ကုန်များ၌ ခွင့်မပြုဓါတုဆိုးဆေးပါဝင်မှုရှိ/မရှိ၊ ရက်လွန်အစားအသောက်များ ရောင်းချမှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး စားသောက်ကုန်အချို့ကို နမူနာကောက်ယူခဲ့ပါသည်။ ထို့နောက် ပူးပေါင်းအဖွဲ့သည် တောင်ငူမြို့ မြို့မဈေးကြီးပတ်ဝန်းကျင်ရှိ ဆေးဆိုင်များသို့ သွားရောက်၍ တရားမဝင်ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိကို ကွင်းဆင်း စစ်ဆေး ခဲ့ပါသည်။

    စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ ဦးမင်းဇော်က တရားမဝင်ကုန်စည်များ ရောင်းချခြင်းသည် နိုင်ငံတော်က ရသင့်ရထိုက်သည့် အခွန်ငွေများမရသဖြင့် နိုင်ငံတော်အတွက် များစွာနစ်နာမှုရှိပါသဖြင့် တရားမဝင်ကုန်စည်များအား ရောင်းချခြင်းမပြုရန်၊ စားသုံးသူကို အန္တရာယ် ဖြစ်စေနိုင်သည့် အစားအသောက်များနှင့် ရက်လွန်အစားအသောက်များရောင်းချခြင်း သည် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ငြိစွန်းပါသဖြင့် ရောင်းချခြင်းမပြုရန် သက်ဆိုင်ရာဆိုင်ပိုင်ရှင်များနှင့် အရောင်းကိုယ်စားလှယ်များအား အသိပေးဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့တွင် ကြက်သားဈေးအနည်းငယ်ကျပြီး ငါးခူဈေးအနည်းငယ်မြင့်တက်

      တောင်ငူမြို့ ညောင်ပင်ဈေး၌ ၂၀၂၃ခုနှစ်၊မေလ(တတိယအပတ်)တွင် အိမ်ကြက်သားမှာ တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်ရှိပါ သည်။ စီပီကြက်သားမှာ ရင်အုပ်သီးသန့် ၁၀၀၀၀ ကျပ်၊ အခြမ်းလိုက်ဈေး ၈၀၀၀ ကျပ်ဖြင့် ဧပြီလ ကုန်ပိုင်းကထက် ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ပါသည်။ ဝက်သား(ရေလွတ်သား) သုံးထပ်သား တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်၊ ပေါင်သား ၁၈၀၀၀ ကျပ်နှင့် အသားသီးသန့် ၂၀၀၀၀ ကျပ်ဖြင့် ယခင် အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။

       ငါးကြင်းမှာ အကောင်လိုက်ဈေး တစ်ပိဿာလျှင် ၈၀၀၀ ကျပ်၊ အသားသီးသန့် ၁၂၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။ ငါးကြင်းဖြူမှာ အကောင်လိုက်ဈေး တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်၊ အသားသီးသန့်မှာ တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်ဖြင့် ဈေးနှုန်ုး အနည်းငယ် မြင့်တက်ခဲ့ ပါသည်။

        ငါးရံ့မှာ တစ်ပိဿာလျှင် အသေး ၁၅၀၀၀ ကျပ်၊ အလတ် ၁၈၀၀၀ ကျပ်နှင့် အကြီး ၂၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ငါးခူမှာ တစ်ပိဿာလျှင် အသေး၂၀၀၀၀ ကျပ်၊ အလတ် ၂၂၀၀၀ ကျပ်နှင့် အကြီး ၂၄၀၀၀ ကျပ်ဖြင့် ‌ဈေးနှုန်းအနည်းငယ် မြင့်တက်ခဲ့ပါသည်။

      ပုဇွန်ဆိတ်မှာ တစ်ပိဿာလျှင် ၈၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ပြီး ပုဇွန် အသေးမှာ တစ်ပိဿာလျှင် ၂၃၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။ ပုဇွန်အလတ်မှာ တစ်ပိဿာလျှင် ၂၆၀၀၀ ကျပ်နှင့် အကြီးမှာ တစ်ပိဿာလျှင် ၃၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ် ကျဆင်းကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း