ပခုက္ကူကုန်စည်ဒိုင်၏ ပဲမျိုးစုံဈေးနှုန်းအခြေအနေ
ပခုက္ကူကုန်စည်ဒိုင်၌ ၂၀၂၃ုခုနှစ်၊ မေလ(ပထမပတ်)တွင် ပဲစင်းငုံတစ်တင်းလျှင် ကျပ်(၇၇၂၀၀)ဖြင့် အိတ်(၁၀၀)ခန့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဒုတိယအပတ်တွင် ပဲစင်းငုံတစ်တင်းလျှင် ကျပ်(၇၉၃၀၀)ဖြစ်၍ ကျပ်(၂၁၀၀)ဈေးမြင့်တက်ခဲ့ပြီး တစ်ရက်ကို အိတ်(၁၃၀)ခန့် ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ခဲ့ပါသည်။
မေလ(ပထမပတ်)တွင် ကုလားပဲဟော်လန်တစ်တင်းလျှင် ကျပ်(၇၁၃၀၀)ရှိပြီး ဒုတိယအပတ်တွင် အနည်းငယ်ဈေးတက်၍ ကျပ်(၇၁၇၀၀)ဖြင့် တစ်ရက်ကို အိတ်(၈၀)ခန့်အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ပထမအပတ်တွင် ကုလားပဲ(V6)တစ်တင်းလျှင် ကျပ်(၇၁၈၀၀)၊ ကုန်လားပဲ(V2)တစ်တင်းလျှင် ကျပ် (၇၁၃၀၀)မှ ဒုတိယအပတ်တွင် ပဲနှစ်မျိုးလုံးလျှင် ကျပ်(၇၂၀၀၀)ဖြင့် တစ်ရက်ကို အိတ်(၁၅၀)ခန့် မြို့တွင်းပဲကြော်လုပ်ငန်းရှင်များနှင့် ရန်ကုန်မြို့သို့တင်ပို့မှုများရှိခဲ့ပါသည်။
မေလ(ပထမပတ်)တွင် ပဲတီစိမ်းတစ်တင်းလျှင် ကျပ်(၆၇၀၀၀)ရှိခဲ့ပြီး ဒုတိယအပတ်တွင် ကျပ် (၆၅၈၀၀)ဖြစ်၍ ကျပ်(၁၂၀၀)ခန့်ဈေးကျခဲ့ပြီး တစ်ပတ်အတွင်း အိတ်(၁၂၀၀)ခန့်အရောင်းအဝယ်ရှိခဲ့ပါသည်။ စွန်တာနီ(ကျွန်း)မှာ ပထမအပတ်တွင် ကျပ်(၄၆၀၀၀)ဖြစ်ပြီး ဒုတိယအပတ်တွင် ကျပ်(၄၅၀၀၀)ဖြစ်၍ ဈေးအနည်းငယ်ကျခဲ့ပါသည်။ ရန်ကုန်နှင့် မန္တလေးမြို့များသို့ အများဆုံးတင်ပို့ပြီး တစ်ရက်လျှင် အိတ်(၁၀၀)ခန့်အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။
ပဲဇီးကွက်မှာ မေလ(ပထမပတ်)တွင် ကျပ်(၄၂၄၀၀)ဈေးရှိပြီး ဒုတိယအပတ်တွင်လည်း ဈေးနှုန်းအတတ်အကျမရှိဘဲ တည်ငြိမ်နေပြီး ကျပ်(၄၂၄၀၀)ဖြင့်ပင် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ဒေသတွင်းစားသုံးမှုပိုများ၍ တစ်ရက်လျှင် အိတ်(၈၀)ခန့် မြို့တွင်းအဝယ်ရှိခဲ့ပါသည်။
ပခုက္ကူကုန်စည်ဒိုင်တွင် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်နေသကဲ့သို့ မန်ကျည်းသီးတောင့်များလည်း အရောင်းအဝယ်ဖြစ်လျက်ရှိရာ မေလ(ပထမပတ်)တွင် တစ်ပိဿာလျှင် ကျပ်(၁၀၃၀)မှ ဒုတိယအပတ်တွင် ကျပ်(၉၃၀)သို့ကျဆင်းခဲ့သော်လည်း တစ်နေ့လျှင် ပိဿာ(၂၀၀၀၀)ခန့်အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စည်ဒိုင်မှ သိရှိရပါသည်။
DOCA(မကွေး)