ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တနင်္သာရီတိုင်းဒေသကြီး ရော်ဘာစျေးကွက်တည်ငြိမ်လျက်ရှိ

         တနင်္သာရီတိုင်းဒေသကြီးသည် ရော်ဘာကို အဓိကထား စိုက်ပျိုးလျက်ရှိသည့် တိုင်းဒေသကြီး ဖြစ်ပါသည်။ရော်ဘာစိုက်ပျိုးသည့်ဧရိယာမှာ (၃၅၁၇၇၇)ဧက၊ အစေးလှီး ဧရိယာမှာ (၁၉၃၂၇၅)ဧက၊ အထွက်နှုန်းမှာ (၁၀၂.၈၃)ပေါင် ရှိပြီး တစ်နှစ်စာပျှမ်းမျှအထွက်တန်မှာ (၉၀၁၅) မက်ထရစ်တန် ရှိကြောင်း သိရှိရပါသည်။မှိုင်းခံရော်ဘာတွင်  RSS-1၊ RSS-2၊ RSS-3၊ RSS-4၊ RSS-5 ဟူ၍ အဆင့်သတ်မှတ်ချက် (၅ ) မျိုး ရှိပါသည်။ ယခုလက်ရှိ တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် RSS-3 နှင့် RSS-5 ( ၂ )မျိုးသာ အဓိက အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

         ယခင်နှစ်ထက် ယခုနှစ်မှာ ရော်ဘာ ဈေးကောင်း ပိုရလျက် ရှိပြီး ယခုအပတ်တွင် ရော်ဘာစျေးနှုန်းမှာ  RSS-3 တစ်ပေါင်လျှင် (၁၂၄ဝိ/-) ခန့်၊ RSS-5 တစ်ပေါင် လျှင် (၁၁၄ဝိ/-)ခန့် ဈေးနှုန်းရှိပြီး ယခင်နှစ် အလားတူကာလတွင် RSS-3 တစ်ပေါင်လျှင် (၇၃ဝိ/-) ကျပ်နှင့် RSS-5 တစ်ပေါင်လျှင် (၆၃ဝိ/-)ကျပ်ပေါက်စျေးရှိကြောင်းစုံစမ်းသိရှိရပါသည်။

      တနင်္သာရီတိုင်းဒေသကြီးထားဝယ်တွင် ရာဘာစျေးနှုန်းအနေဖြင့်တောင်သူများ တွက်ခြေကိုက်  လျက်ရှိသောကြောင့် ရာဘာအစေးခြစ်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက စျေးနှုန်းတည်ငြိမ်လျက်ရှိ၍ အရောင်းအဝယ်မှာ ပုံမှန်ရှိပြီး ရာဘာကို ထားဝယ်မှ ရန်ကုန်သို့ လည်း ကောင်း၊ ထားဝယ်မှ မုဒုံသို့လည်းကောင်း တင်ပို့လျက်ရှိကြောင်း၊ သယ်ယူပို့ဆောင်ခ(ကားခ) မှာ တစ်ပိဿာလျှင် (၁ဝဝိ/-)ကျပ် ပေးဆောင်ရကြောင်း ကုန်သည်တစ်ဦးထံမှ စုံစမ်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

 

တနင်္သာရီတိုင်းဒေသကြီး ကွမ်းသီး‌‌စျေးကျဆင်း၍ သီဟိုစေ့စျေးတည်ငြိမ်

          ကွမ်းသီးနှင့် သီဟိုစေ့များသည် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီး နှင့် မွန်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ ကွမ်းသီးတွင် ကွမ်းသီးအလုံးစျေးနှင့် ကွမ်းသီးခွဲခြမ်း စျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိပြီး သီဟိုစေ့တွင် အခွံမချွတ်ရသေးသောအပင်မှ ဆွတ်ခူးသော အသီးအကြမ်းစျေးနှင့် အခြောက်လှန်းသန့်စင်ပြီး အချောစျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိ ကြောင်းသိရှိရပြီး နိုဝင်ဘာလ ၂၉ ရက်တွင် ကွမ်းသီးစျေးမှာ ကွမ်းသီး အလုံး(အခွံမပါ) တစ်ပိဿာလျှင် (၅၅၀ဝိ/-)နှုန်း နှင့် ကွမ်းသီးခွဲခြမ်း တစ်ပိဿာလျှင် (၄၀၀ဝိ/-) နှုန်းစျေးပေါက်နေကြောင်းသိရှိရပါသည်။ သီဟိုစေ့စျေးနှုန်းမှာ သီဟိုစေ့အကြမ်း တစ်ပိဿာလျှင် ၄၅၀၀ ကျပ်ရှိပြီး ယခုအပတ်တွင် သီဟိုစေ့အချော တစ်ပိဿာလျှင် ၃၅၀၀၀ ကျပ်ဖြစ်ကြောင်း စုံစမ်းသိရှိ ရပါသည်။

          ကွမ်းသီးစျေးနှုန်းမှာ အနည်းငယ်ကျဆင်းလျက်ရှိပြီး သီဟိုစေ့စျေးနှုန်းမှာပြောင်းလဲမှုမရှိ ကြောင်းကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

“ ပြင်ဦးလွင် ပန်းပွဲတော်နှင့်ပန်းစျေးကွက်”

    ပြင်ဦးလွင်မြို့သည် တောင်ပေါ်မြို့လေးဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ကာ ပြည်တွင်း၊ပြည်ပခရီးသွားများ အမြဲမပြတ်လာရောက်လေ့လာလည်ပတ်လျက်ရှိပါသည်။မြို့နယ် အတွင်းရှိတောင်သူများသည် ဟင်းသီးဟင်းရွက် ၊ သစ်သီးဝလံ နှင့် နှစ်ရှည်သီးနှံ ပန်းမာလ်များ စိုက်ပျိုးကြပြီး တစ်နိုင်ငံလုံးအတွက် ပန်းမန်များ အများဆုံး စိုက်ပျိုးတဲ့မြို့လေးဖြစ်ပါသည် ။ ၄င်းသီးနှံများအား မြန်မာနိုင်ငံအနှံ့မြို့ကြီးများသို့ တင်ပို့ရောင်းချသည့်အထဲတွင် ပန်းမန်ကတော့ အဓိကဒေသထွက်ကုန်တစ်မျိုးအနေဖြင့် တင်ပို့နေကြတာတွေ့ရှိရပါသည်။

       မြို့နယ်တွင် ပန်းစိုက်ဧက(၃၃၀၅)ဧကရှိပြီး  မိုးပန်း နှင့် ဆောင်းပန်းဟူ၍(၂)မျိုးခွဲ၍ စိုက်ပျိုး ကြပြီး မိုးပန်းစိုက်ဧက(၁၃၇၈)ဧက နှင့် ဆောင်းပန်းစိုက်ဧက(၁၉၂၇)တို့ဖြစ်ပါသည် ။ စိုက်ပျိုးသည့် ပန်းအမျိုးအစားများမှာ ဂန္ဓမာ(ကီလို)၊ အက်စတာ(မေမြို့ပန်း)၊ သစ္စာပန်း(ဟော်လန်)တို့ကို အဓိက ထားစိုက်ပျိုးပြီး ပန်းတိမ်ငို၊လီလီတို့ကို အနည်းငယ်စိုက်ပျိုးကြပါသည်။ ယခု ဒီဇင်ဘာလအတွင်း ပန်းစျေးကွက်တွင် ပန်းအမျိုးအစားအလိုက် (အနိမ့်ဆုံးနှင့်အမြင့်ဆုံး)စျေးနှုန်းများမှာ ဂန္ဓမာ(ကီလို) လက်ဆုတ်စည်း တစ်စည်းလျှင်(၁၇၀၀-၂၅၀၀)ကျပ် ၊ အက်စတာ(မေမြို့ပန်း) လက်ဆုပ်စည်း တစ်စည်းလျှင်(၈၀၀-၁၂၀၀)ကျပ်၊ သစ္စာပန်း ၅ပင်စည်းတစ်စည်းလျှင်(၄၅၀-၆၅၀)ကျပ်စျေးနှုန်းဖြင့် ရောင်းဝယ်ကြပါသည်။

       ပန်းအမျိုးအစားအလိုက် တစ်ဧကအထွက်နှုန်းများမှာ ဂန္ဓမာ(ကီလို) လက်ဆုပ်စည်း အစည်းရေ(၄၀၀၀)စည်း၊အက်စတာ(မေမြို့ပန်း)လက်ဆုပ်စည်းအစည်းရေ(၅၀၀၀)စည်း၊သစ္စာပန်း ၅ပင်စည်းအစည်းရေ(၁၂၀၀၀)စည်းထွက်ရှိပြီး တစ်ဧကကုန်ကျစရိတ်မှာ ဂန္ဓမာ (ကီလို) (၃၇၀၀၀၀၀- ၄၂၀၀၀၀၀)ကျပ်၊ အက်စတာ(မေမြို့ပန်း)(၂၀၀၀၀၀၀-၂၅၀၀၀၀၀)ကျပ်၊ သစ္စာပန်း (ဟော်လန်) (၂၃၀၀၀၀၀-၂၉၀၀၀၀၀)ကျပ်အထိ ကုန်ကျစရိတ် ရှိပါသည်။

     ပန်းစျေးကွက်အနေဖြင့် ရန်ကုန်သီရိမင်္ဂလာပန်းစျေး နှင့် မန္တလေးသီရိမန္တလာ ပန်းစျေးသို့ အဓိကတင်ပို့ပြီး အခြားပြည်တွင်းရှိ မြို့ကြီးများသို့လည်းတင်ပို့ရောင်းချကြပါသည် ။ နေ့စဉ်(၁၂)ဘီး ကားကြီးများဖြင့် တစ်လလျှင် ပန်းမန်တန်ချိန်(၁၉၈၀)တင်ပို့လျက်ရှိပြီး ပန်းထွက်ကာလ(၇)လ ဖြင့်တွက်လျှင် ပန်းမန်တန်ချိန်(၁၃၈၆၀)တန်အား နှစ်စဉ်တင်ပို့ရောင်းချလျက်ရှိပါသည်။

  ပြင်ဦးလွင်မြို့တွင် နှစ်စဉ်ဒီဇင်ဘာလသို့ရောက်လျှင် ကန်တော်ကြီးရုက္ခဗေဒဥယျာဉ်တွင် ပန်းပွဲတော်ကြီးကို စည်ကားသိုက်မြိုက်စွာကျင်းပလာသည့် အစဉ်အလာရှိပါသည်။ယခုနှစ်တွင်လည်း ပန်းပွဲတော်ကြီးကို ဒီဇင်ဘာလ(၁၅)ရက်နေ့မှ စတင်ကာ ဇန်နဝါရီလ(၁၅)ရက်နေ့အထိ ဒေသထွက် ပန်းမျိုးများအပြင် ပြည်ပနိုင်ငံများမှ ပန်းမန်မျိုးစိတ်ပေါင်းများစွာဖြင့် ခင်းကျင်းပြသသွားမည်ဖြစ် ကြောင်းသိရှိရ၍ ပြင်ဦးလွင်မြို့သည် ပြည်တွင်း၊ပြည်ပခရီးသွားဧည့်သည်များဖြင့်စည်ကားနေပြီး ဒေသထွက်ပန်းမန်များ၊ဒေသထွက်ဝိုင်နှင့် ယိုစုံလုပ်ငန်းများ၊ဒေသထွက်ဆွယ်တာလုပ်ငန်းများရောင်းဝယ်မှုအားကောင်းတော့မည်ဖြစ်ကြောင်းကို ပြင်ဦးလွင်မြို့၏ ပန်းပွဲတော်ကြီးနှင့်အတူ လက်ရှိ ဖြစ်ပေါ်နေသောဒေသထွက်ပန်းစျေးကွက်အခြေအနေကို ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

နိုင်ငံ့ဝန်ထမ်းများအား သက်သာသော ဈေးနှုန်းဖြင့် စားဆီများရောင်းချပေးခြင်း

          မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မွန်ပြည်နယ်ဆီလုပ်ငန်းရှင်အသင်းတို့ ပူးပေါင်း၍ နိုင်ငံဝန်ထမ်းများအား သက်သာသော ဈေးနှုန်းဖြင့် စားဆီများရောင်းချပေးခြင်းကို (၂၈.၁၁.၂၀၂၂)မှ (၇.၁၂.၂၀၂၂)ထိ ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။

          ထိုသို့ ရောင်းချပေးရာတွင် လူပျို/အပျို (၀.၅)ပိဿာ အိမ်ထောင်သည် (ကလေးမရှိ) (၁) ပိဿာ၊ အိမ်ထောင်သည် (ကလေး ၂ယောက်) (၁.၅)ပိဿာ၊ အိမ်ထောင်သည် (ကလေး ၂ယောက်အထက်) (၂) ပိဿာနှုန်းဖြင့် ရောင်းချပေးခဲ့ရာ မွန်ပြည်နယ်အတွင်းရှိ ဌာန (၁၀၃) ဌာနအတွက် ဆီပိဿာပေါင်း (၂၆၆၇၅.၅)ပိဿာအား တစ်ပိဿာလျှင် (၅၃၀၀) ကျပ်နှုန်းဖြင့် ရောင်းချ ပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

ကရင်ပြည်နယ် ပဲပုပ်များ ရန်ကုန်မြို့သို့တင်ပို့ ဈေးကောင်းရလျက်ရှိ

    ကရင်ပြည်နယ်တွင် ၂၀၂၂ ခုနှစ်အတွင်း စိုက်ပျိုးသည့် ပဲပုပ်များထွက်ရှိကာ ပြည်တွင်းသို့ သယ်ယူပို့ဆောင်ရောင်းချလျက်ရှိပြီး ယမန်နှစ်ထက် ဈေးကောင်းရရှိလျက်ရှိကြောင်း ပဲ၊ ပြောင်း၊ နှမ်း ရောင်းဝယ်ရေး လုပ်ကိုင်နေသူ ကုန်သည်များထံမှ သိရသည်။

    ပဲပုပ်ကုန်သည်များအနေဖြင့် ဒေသတွင်း ပဲပုပ်ဝယ်ယူရာတွင် တစ်ပိဿာလျှင် ပွဲရုံအထိုင်ဈေး ၂၂၅၀ ကျပ်ဖြင့် ဝယ်ယူလျက်ရှိပြီ အလုပ်သမားခ၊ ကားခ၊ အိတ်ခွံဖိုးနှင့် အထွေထွေကုန်ကျစရိတ် တစ်ပိဿာလျှင်၆၀ကျပ်နှုန်းရှိသောကြောင့် တစ်ပိဿာအရင်း ၂၃၁၀ကျပ်ဖြစ်ပြီး  ရန်ကုန်အထိုင်ဈေး တစ်ပိဿာလျှင် ၂၃၈၀ ကျပ်ဖြင့်ရောင်းချရသောကြောင့် တစ်ပိဿာအမြတ် ၇၀ ကျပ်ရှိကာ အကျိုးအမြတ်ရလျက်ရှိကြောင်း သိရပါသည်။

    ယမန်နှစ်က ကရင်ပြည်နယ်ဒေသထွက် ပဲပုပ်ဈေးမှာ တစ်ပိဿာလျှင် ၁၉၀၀ ကျပ်ဖြင့် ဈေးနှုန်းပိတ်ခဲ့ပြီး ယခုနှစ် အဖွင့်ဈေးနှုန်းမှာ တစ်ပိဿာလျှင် ၂၃၈၀ ကျပ် ( ရန်ကုန်အထိုင်ဈေး) ဖြစ်ပေါ်ခဲ့ကြောင်းနှင့် စာရင်းဇယားများအရ ကရင်ပြည်နယ်တွင် ပဲပုပ် စိုက်ဧက ၁၁၄၀၃ ဧက ရှိ၍  ၁ ဧကအထွက်နှုန်း  ၁၆ တင်းရှိကာ စုစုပေါင်းအထွက်နှုန်း ၁၈၆၄၄၄ တင်းရှိကြောင်း သိရပါသည်။

DOCA(ကရင်)

ဈေးကွက်အတွင်း လိမ္မော်သီးဈေးနှုန်းကျဆင်း

      လိမ္မော်သီးကို ကယားပြည်နယ်အတွင်းရှိ ဘောလခဲမြို့နယ် လွိုင်ဝိန်ကျေးရွာ၊ ဝမ်မလန်ကျေးရွာတို့တွင် လည်းကောင်း၊ ဖရူဆိုမြို့နယ် မူဆိုကျေးရွာတွင်လည်းကောင်း၊ ဒီးမော့ဆိုမြို့နယ် လွိုင်နန်းဖကျေးရွာတို့တွင် မိသားစုအပိုဝင်ငွေရရန်အတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး ဆောင်းဝင်စအချိန်တွင် ရောင်းချနိုင်သော ရာသီပေါ်သီးနှံတစ်မျိုးဖြစ်ပါသည်။ ဈေးကွက်အတွင်းရောင်းချသောလိမ္မော်သီးမှာ ရှမ်းပြည်နယ်အတွင်းရှိ ပင်လောင်း၊ အောင်ပန်းနှင့် ကလော အစရှိသည့်ဒေသများမှ မှာယူတင်သွင်းကြပြီး ယခုဒီဇင်ဘာလတတိယပတ် ဈေးကွက်အတွင်း၌ လိမ္မော်သီးအလုံး သေးတစ်ပိဿာ (၁၅၀၀)ကျပ်၊ လိမ္မော်သီးအလုံးလတ်တစ်ပိဿာ (၂၀၀၀)ကျပ် ၊ အလုံးကြီးတစ် ပိဿာ (၂၅၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။ ယခင် နိုဝင်ဘာလတတိယပတ်တွင် လိမ္မော်သီး အလုံးသေးတစ်ပိဿာ(၂၅၀၀)ကျပ်၊ လိမ္မော်သီးအလုံးလတ်တစ်ပိဿာ (၃၄၀၀)ကျပ်၊ လိမ္မော်သီး အလုံးကြီးတစ်ပိဿာ (၃၈၀၀)ကျပ်ဖြင့် ရောင်းချခဲ့ပြီး ယခင်နိုဝင်ဘာလတတိယပတ်နှင့် ယခုဒီဇင်ဘာ လတတိယပတ် နှိုင်းယှဉ်လျှင် လိမ္မော်သီးအလုံးသေး တစ်ပိဿာလျှင်(၁၀၀၀)ကျပ်၊ အလုံးလတ် တစ်ပိဿာလျှင် (၁၄၀၀)ကျပ် ၊ အလုံးကြီးတစ်ပိဿာလျှင် (၁၃၀၀)ကျပ် ဈေးနှုန်းကျဆင်းလာကြောင်း၊ ဈေးနှုန်းကျဆင်းရခြင်းမှာ ဈေးကွက်အတွင်း လိမ္မော်သီးများ အများအပြားဝင်ရောက်လာသောကြောင့်ဖြစ်သည်ဟု နောင်ယားဈေးတွင် လိမ္မော်သီးရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)

ဈေးကွက်အတွင်းဒေသထွက် ဂျင်းဈေးနှုန်းထပ်မံကျဆင်းလျှက် ရှိ

      ကယားပြည်နယ်ဒေသထွက်ဂျင်းကို လွိုင်ကော်မြို့နယ် လင်ဖုံလေးကျေးရွာ၊ ကုန်းသာကျေးရွာနှင့် ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာ၊ သေးဆူလဲကျေးရွာတို့တွင် အဓိကစိုက်ပျိုးကြပါသည်။ ဒေသထွက်ဂျင်းတွင် ဂျင်းကြီးနှင့် ဂျင်းသေးဟူ၍ (၂)မျိုးရှိရာ ပြည်နယ်အတွင်းလူသုံးများသောကြောင့် အရောင်းသွက်သော ဟင်းခတ်အမွေးအကြိုင်တစ်မျိုးဖြစ်ပါသည်။ ယခု ဒီဇင်ဘာလတတိယပတ်တွင် ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ဂျင်းကြီးတစ်ပိဿာဈေးနှုန်း မှာ(၁၅၀၀) ကျပ်၊ ဂျင်းသေးတစ်ပိဿာဈေးနှုန်းမှာ(၂၈၀၀)ကျပ်နှုန်းသာရှိပြီး ယခင်နိုဝင်ဘာလ တတိယပတ်တွင် ဂျင်းကြီးတစ်ပိဿာဈေးနှုန်းမှာ (၁၈၀၀)ကျပ်၊ ဂျင်းသေးတစ်ပိဿာဈေးနှုန်းမှာ (၃၀၀၀)ကျပ်ဖြစ်ပြီး ယခု ဒီဇင်ဘာလတတိယပတ်နှင့် ယခင်နိုဝင်ဘာလတတိယအပတ်နှိုင်း ယှဉ်ကြည့်လျှင် ဂျင်းကြီးတစ်ပိဿာမှာ(၃၀၀) ကျပ်၊ ဂျင်းသေးတစ်ပိဿာမှာ (၂၀၀)ကျပ်ခန့်ကျဆင်းသွားကြောင်း ဂျင်းဈေးနှုန်းကျဆင်းသွားရခြင်းမှာ ဈေးကွက်အတွင်းသို့ အခြားဒေသမှ ဂျင်းများလှိုင်လှိုင်ရောက်ရှိလာခြင်းကြောင့်ဖြစ်သည်ဟု နောင်ယားဈေးအတွင်းရှိ ဂျင်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)

 

နေပြည်တော်ကောင်စီနယ်မြေအတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

         ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာ ဒုတိယပတ်အတွင်း နေပြည်‌တော်ကောင်စီနယ်မြေတွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည်လျှင် ၃၆၅၀ကျပ်၊ ဧည့်မထ တစ်ပြည်လျှင် ၂၂၈၀ကျပ်၊ မနောသုခ တစ်ပြည်လျှင် ၁၇၀၀ကျပ်နှုန်းဖြင့် အ‌ရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာလျှင် ၄၀၀၀ကျပ်၊ (လတ်)တစ်ပိဿာလျှင် ၃၈၀၀ကျပ်၊ (သေး)တစ်ပိဿာလျှင် ၃၆၀၀ ကျပ်နှုန်းဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်ဖြူ (ကြူကုတ်) လက်လီဈေးမှာ တစ်ပိဿာလျှင် ၄၀၀၀ကျပ်မှ ၅၂၀၀ကျပ်ထိ၊ (ရှမ်း)တစ်ပိဿာလျှင် ၃၈၀၀ကျပ်မှ ၄၂၀၀ကျပ်ထိ၊ ငရုတ်သီး ခြောက်လက်လီဈေးမှာ (အရှည်) တစ်ပိဿာလျှင် ၁၂၅၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊ (အပု)တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်မှ ၂၂၀၀၀ကျပ်ထိ၊ အာလူးလက်လီဈေးမှာ ၂၄၀၀ကျပ်မှ ၂၆၀၀ကျပ်ထိ၊ ခရမ်းချဥ်သီး တစ်ပိဿာလျှင် ၉၀၀ကျပ်မှ ၁၈၀၀ကျပ်ထိ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

        ကြက်ဥ လက်လီဈေးမှာ  တစ်လုံးလျှင် ၁၉၀ကျပ်မှ ၂၂၀ကျပ်ထိ ဖြစ်ပါသည်။ နေပြည်တော် ကောင်စီနယ်မြေ၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာလျှင် ၈၀၀၀ကျပ်မှ ၁၁၀၀၀ ကျပ်ထိ၊ ကြက်သား(ဗမာ) တစ်ပိဿာလျှင် ၁၁၀၀၀ကျပ်မှ ၁၄၀၀၀ကျပ်ထိ၊ ဝက်သား တစ်ပိဿာလျှင် ၁၁၅၀၀ကျပ်မှ ၁၄၀၀၀ကျပ်ထိ၊ အမဲသား တစ်ပိဿာလျှင် ၁၁၀၀၀ကျပ်မှ ၁၄၀၀၀ကျပ်ထိ၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ၅၁၀၀ကျပ်မှ ၈၅၀၀ထိ၊ ငါးကြင်း တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်မှ၁၂၅၀၀၀ကျပ်ထိ ရောင်းဝယ်နေကြောင်း သိရသည်။

        စားသုံးဆီ ဈေးနှုန်များမှာ ပဲဆီ တစ်ပိဿာလျှင် ၁၂၅၀၀ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် ၅၇၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၁၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။  

DOCA(ပြည်ထောင်စုနယ်မြေ)

 

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄၄၁၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

              ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ဒီဇင်ဘာလ ၂၅ ရက်နေ့ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၄၄၁၅ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

             ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

             အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

DOCA(Domestic)                                                                       

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်း ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ အခြေအနေ

       စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဈေးများတွင် ယခုရက်သတ္တပတ်အတွင်း ရွှေဘိုပေါ်ဆန်း ဆန်(တစ်အိတ်)လျှင် ၈၈၀၀၀ကျပ်၊ ဧရာမင်းဆန်(တစ်အိတ်)လျှင် ၆၅၀၀၀ကျပ်၊ ငစိန်ဆန် (တစ်အိတ်) လျှင် ၄၀၀၀၀ ကျပ်၊  ပဲဆီ(တစ်ပိဿာ)လျှင် ၉၄၅၀-၉၅၀၀ ကျပ်၊ နှမ်းဆီ (တစ်ပိဿာ)လျှင် ၉၅၀၀ ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင်၁၂၀၀၀ကျပ်၊ စားအုန်းဆီ(တစ်ပိဿာ) လျှင် ၅၄၅၀-၅၅၀၀ ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၇၀၀-၈၀၀ ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) ၁၈၀၀၀ မှ ၂၀၀၀၀ ကျပ်၊ ကြက်သွန်နီ(အဟောင်း) (တစ်ပိဿာ) ၄၃၀၀ မှ ၄၄၀၀ ကျပ်၊ ကြက်သွန်နီ(အသစ်) (တစ်ပိဿာ) ၂၈၀၀ မှ ၃၅၀၀ ကျပ်၊ ကြက်သွန်ဖြူ(ရှမ်းစ) (တစ်ပိဿာ) ၃၅၀၀ မှ ၃၆၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ) ၅၈၀၀ မှ ၆၀၀၀ ကျပ်၊ အားလူး (တစ်ပိဿာ) ၂၃၀၀ မှ ၂၄၀၀ ကျပ်၊ မန်ကျည်းသီးမှည့်(တစ်ပိဿာ)လျှင် ၄၀၀၀-၄၃၀၀ ကျပ်၊ နနွင်းတက်(တစ်ပိဿာ)လျှင် ၅၀၀၀-၅၂၀၀ ကျပ်၊ ခရမ်းချဉ်သီး(တစ်ပိဿာ) ၁၅၀၀ကျပ်၊ ဂေါ်ဖီ(တစ်ထုပ်)၈၀၀ကျပ်၊ ပဲသီး (ပဲထောင့်ရှည်) (တစ်စီး) ၅၀၀ ကျပ်၊ ကြက်သား(တစ်ပိဿာ)လျှင် ၁၀၀၀၀-၁၂၀၀၀ ကျပ်၊ ဝက်သား (တစ်ပိဿာ)လျှင် ၁၅၀၀၀-၁၆၀၀၀ကျပ်၊ အမဲသား(တစ်ပိဿာ)လျှင် ၁၆၀၀၀-၁၇၀၀၀ကျပ်၊ ဆိတ်သား (တစ်ပိဿာ)လျှင် ၂၄၀၀၀-၂၆၀၀၀ ကျပ်၊ ငါးမြစ်ချင်း (တစ်ပိဿာ)လျှင် ၇၅၀၀-၈၀၀၀ကျပ်၊ ကြက်ဥ (၁)လုံးလျှင် ၂၅၀ ကျပ်၊ ဘဲဥ(၁)လုံးလျှင် ၃၀၀ ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၁၂၀၀ မှ ၁၅၀၀ ကျပ်အတွင်း အသီသီး ဈေးရှိကြောင်း သိရသည်။

          ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက ကြက်သွန်နီ(အသစ်)များ မုံရွာဈေးကွက်သို့ စတင်ဝင်ရောက်နေပါ သဖြင့် ကြက်သွန်နီ(သစ်)ဈေးနှုန်းများ အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းပြောင်းလဲမှုရှိပါသည်။ ဒေသထွက် ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်သီးနှံများ စတင်ထွက်ပေါ်နေပြီ ဖြစ်သည့်အတွက် ခရမ်းချဉ်သီးနှင့် ဂေါ်ဖီထုပ်ဈေးနှုန်းများ ကျဆင်းနေပါသည်။ ကြက်သွန်ဖြူဈေးနှုန်းများ အနည်းငယ်တက်နေပြီး ကျန်သီးနှံဈေးနှုန်းများ ဈေးအေးနေပါသည်။ ယခုအချိန်တွင် စားအုန်းဆီ ရည်ညွှန်းဈေးပေါ် မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိပါကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီလက်ကား ရောင်းဝယ်ဖောက်ကား ရောင်းချနေသော ကုန်သည်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)       

         

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း