ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“ဆောင်းကြက်သွန်နီများစတင်ရိတ်သိမ်း”

               မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ကြက်သွန်နီစိုက်ပျိုးမှုအနေဖြင့် (မိုး) ကြက်သွန်နှင့်(ဆောင်း)ကြက်သွန်များစိုက်ပျိုးလျက်ရှိပါသည်။ (မိုး)ကြက်သွန်များအား ဇူလိုင်လတွင် စတင်စိုက်ပျိုးပြီး အောက်တိုဘာလတွင် ထွက်ရှိခဲ့ပြီးဖြစ်ပါသည်။ ကြက်သွန်နီ စိုက်ပျိုးမှုအနေဖြင့် ယခင်နှစ်တွင်(၁၅၀)ဧကသာ စိုက်ပျိုးခဲ့သော်လည်း ယခုနှစ်တွင် (၂၁၇၃)ဧကစိုက်ပျိုးခဲ့ပါသည်။(ဆောင်း)ကြက်သွန်များအား စက်တင်ဘာလတွင်စတင်စိုက်ပျိုးခဲ့ပြီး ယခုဒီဇင်ဘာလတွင် စတင်ရိတ်သိမ်းလျက်ရှိပါသည်။စိုက်ပျိုး မှုအနေဖြင့် ကျောက်ဆည်မြို့နယ်တွင်(၄၇၀၂)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၃၅၁၈)ဧက နှင့် မြစ်သား မြို့နယ်တွင်(၁၁၀၅၁)ဧက၊ စုစုပေါင်း(၁၉၂၇၁)ဧက စိုက်ပျိုးထားကြောင်း သက်ဆိုင်ရာဌာန၏စာရင်း များအရသိရှိရပါသည်။ ကြက်သွန်စိုက်ပျိုးမှုအနေဖြင့် တစ်ဧက ကုန်ကျစရိတ်မှာ(၁၈၀၀၀၀၀/-)ကျပ် ခန့်အထိကုန်ကျပြီး တစ်ဧက အထွက်နှုန်းအနေဖြင့် ပျမ်းမျှ(၂၄၀၀)ပိဿာအထိ ထွက်ရှိပါသည် ။ ယခင်နှစ် ပေါ်ဦးပေါ်စတွင် ကြက်သွန်စျေးနှုန်းမှာ တစ်ပိဿာလျှင် အကြီး(၅၀၀/-)ကျပ် ၊ အလတ် (၄၀၀/-)ကျပ်၊ အသေး(၃၀၀/-)ကျပ် စျေးနှုန်းများဖြင့်ရောင်းချရပြီး တောင်သူများအကျိုးအမြတ် နည်းပါးခဲ့ပါသည်။ယခုနှစ် ကြက်သွန်စျေးနှုန်းမှာ တစ်ပိဿာလျှင် အကြီး(၄၀၀၀/-)ကျပ် ၊ အလတ် (၃၇၀၀/-)ကျပ်၊ အသေး(၃၄၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိပါသည် ။ ကြက်သွန်နီ စီးဆင်းမှုအနေဖြင့် ရန်ကုန်၊မန္တလေးနှင့်မြဝတီမြို့များသို့အများဆုံးတင်ပို့လျှက်ရှိပြီး ကြက်သွန်နီများ စျေးကောင်းရရှိသောကြောင့် တောင်သူများအနေဖြင့် အကျိုးအမြတ်များပိုမိုရရှိနိုင်မည်ဟုမျှော်လင့် ရကြောင်း ကြက်သွန်စိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

မြင်းခြံဈေးကွက်သို့ ဝင်ရောက်နေပြီဖြစ်သော မိုးကြက်သွန်နီ အခြေအနေ

          မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်သည် ကြက်သွန်နီ စိုက်ပျိုးထွက်ရှိရာဒေသ၊ တင်ပို့ရောင်းချ ရာဒေသတစ်ခုဖြစ်ပါသည်။မြင်းခြံမြို့နယ်ရှိ ဆင်ချောင်း၊ တလုပ်၊ တောပု၊ မီးလောင်ကျွန်း၊ နွားမော့၊ ကံဆင့် စသည့်ကျေးရွာများသည် ကြက်သွန်နီကို စီးပွားဖြစ်အများဆုံးစိုက်ပျိုးထွက်ရှိရာ ကျေးရွာ များဖြစ်ပါသည်။မိုးကြက်သွန်နီကို ဩဂုတ်လနှင့်စက်တင်ဘာလတို့မှာ စတင်စိုက်ပျိုးကြပြီး၊ နိုဝင် ဘာလနှင့် ဒီဇင်ဘာလတို့တွင်ရိတ်သိမ်းလေ့ရှိရာ ယခုဈေးကွက်သို့ဝင်ရောက်မှုအနေဖြင့် နိုဝင်ဘာလ ပထမပတ်မှစ၍ ဝင်ရောက်လျက်ရှိကြောင်းသိရှိရပါသည်။

     မြင်းခြံခရိုင်အနေဖြင့် ယခင်နှစ်မိုးကြက်သွန်စိုက်ပျိုးမှုမှာ(၁၄၃၆)ဧက စိုက်ပျိုးခဲ့ရာ၊ စိုက်ဧက အားလုံးရိတ်သိမ်းနိုင်ခဲ့ပြီး တစ်ဧကပျှမ်းမျှအထွက်နှုန်းမှာ(၂၀၁၀)ပိဿာခန့်ဖြင့် ပိဿာချိန်စုစု  ပေါင်း(၂၈၈၇၃၂၄)ပိဿာ ထွက်ရှိခဲ့ကြောင်းသိရှိရပါသည်။ယခုနှစ်မိုးကြက်သွန်နီအား (၁၆၃၃) ဧက စိုက်ပျိုးခဲ့ရာ ယခင်နှစ်ထက်(၁၉၇)ဧကခန့် ပိုမိုစိုက်ပျိုးနိုင်ခဲ့ပြီး ရာသီဥတုကောင်းမွန်မှုအရ စိုက်ဧက အားလုံးရိတ်သိမ်းနိုင်မည်ဖြစ်ကြောင်းသိရပါသည်။ယခုနှစ် တစ်ဧကပျှမ်းမျှအထွက်နှုန်းမှာ (၂၁၀၀) ပိဿာနှုန်းထွက်ရှိကြောင်း၊ ဈေးကွက်အတွင်းနေ့စဉ်ဝင်ရောက်မှုပိဿာ(၂၀၀၀၀) ကျော် ဝင်ရောက်မှုရှိကြောင်း  သိရှိရပါသည်။

         ကြက်သွန်နီများ မြင်းခြံဈေးကွက်သို့ နိုဝင်ဘာလ ပထမပတ်မှစ၍ ဝင်ရောက်လျက်ရှိရာ ဈေး နှုန်းအနေဖြင့် တစ်ပိဿာလျှင်(၁၀၀၀-၂၅၀၀)ကျပ်ခန့်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်အပတ် အတွင်းတစ်ပိဿာလျှင်(၁၅၀၀)ကျပ်မှ (၃၂၀၀)ကျပ်ထိ အရွယ်အစားအလိုက်ဈေးများအသီးသီးရှိခဲ့ ကြောင်း၊ ကြက်သွန်နီဝင်ရောက်မှုကုန်ချိန်အနေဖြင့် ယခင်အပတ်အတွင်းတစ်ရက်ကို ပိဿာချိန် ပေါင်း(၃၀၀၀၀)ခန့် နေ့စဉ်ဝင်ရောက်ခဲ့ကြောင်း၊ ယခုတစ်ပတ်တွင် တစ်ပိဿာလျှင်(၁၅၀၀)ကျပ်မှ (၃၃၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိပြီး ကုန်ချိန်ဝင်ရောက်မှုအနေဖြင့် တစ်ရက်လျှင် ပိဿာချိန် (၅၀၀၀၀)ခန့် နေ့စဉ်ဝင်ရောက်မှုရှိကြောင်း သိရပါသည်။တင်ပို့မှုများအနေဖြင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မော်လမြိုင်နှင့် မြဝတီမြို့ကြီးများသို့ အများဆုံးတင်ပို့ရောင်းချလျက်ရှိပါ သည်။သယ်ယူပို့ဆောင်ခ ဈေးနှုန်းများအနေဖြင့် မြင်းခြံ-ရန်ကုန် (၁၂ ဘီးကား) ၁၁၀ ကျပ်၊ (တွဲကား)၁၀၀ ကျပ်၊မြင်းခြံ -မော်လမြိုင်(၁၁၀၊၁၂၀)ကျပ်၊ မြင်းခြံ-မြဝတီ(၁၃၀၊၁၄၀)ကျပ်၊ မြင်းခြံ-နေပြည်တော်(၉၀၊၁၀၀)ကျပ်များရှိကြောင်း မြင်းခြံကုန်စည်ဒိုင်အသင်းမှ ကြက်သွန်နီကုန်သည်တစ် ဦး၏ပြောကြားမှုအရ သိရှိရပါသည်။

DOCA(မန္တလေး)

“ကျောက်ဆည်ခရိုင်အတွင်းရောင်းချနေသောအခြေခံစားကုန်များ၏ဈေးနှုန်းအခြေအနေ”

           မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်း မြို့နယ်များရှိ စည်ပင်သာယာဈေး များတွင် ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ၊ ဒုတိယပတ်အတွင်းရောင်းချလျက်ရှိသော အခြေခံစားကုန်များ ဖြစ်သော ဧရာပဒေသာ ဆန်(ဟောင်း)တစ်ပြည်(၂၈၀ဝိ/-)ကျပ် ၊(၂၄)ပြည်တစ်အိတ်လျှင်(၆၇၀၀ဝိ/-) ကျပ် ၊  ဧရာပဒေသာဆန်(သစ်) တစ်ပြည်(၂၀၀ဝိ/-)ကျပ်၊ (၂၄)ပြည်တစ်အိတ်လျှင်(၄၈၀၀ဝိ/-)ကျပ် ၊  မနောသုခဆန်(ဟောင်း) တစ်ပြည် (၁၉၀ဝိ/-)ကျပ် ၊ (၂၄)ပြည် တစ်အိတ်လျှင်(၄၅၀၀ဝိ/)ကျပ် ၊ မနောသုခဆန်(သစ်) တစ်ပြည် (၁၆၀ဝိ/-)ကျပ် ၊ (၂၄)ပြည် တစ်အိတ်လျှင် (၃၇၀၀ဝိ/)ကျပ် ၊ ခရမ်းချဉ်သီး လက်လီဈေးနှုန်းမှာ တစ်ပိဿာလျှင်(၁၂၀ဝိ/-)ကျပ် ၊ ကြက်သွန်နီ လက်လီဈေးနှုန်းမှာ (ကြီး)တစ်ပိဿာလျှင်(၄၀၀ဝိ/-) ကျပ် ၊ (လတ်) တစ်ပိဿာလျှင် (၃၅၀ဝိ/-)ကျပ် ၊ (အသေး) တစ်ပိဿာလျှင် (၂၇၀ဝိ/-)ကျပ်၊ ကြက်သွန်ဖြူလက်လီ (ဗမာ) တစ်ပိဿာလျှင်(၄၅၀ဝိ/-)ကျပ် ၊ (ရှမ်း)တစ်ပိဿာလျှင်(၃၇၀ဝိ/-)ကျပ် ၊ အာလူးတစ်ပိဿာလျှင် (၂၅၀ဝိ/-)ကျပ် ၊ မန်ကျည်းသီး တစ်ပိဿာလျှင် (၃၅၀ဝိ/-)ကျပ် ၊ ဂျင်း တစ်ပိဿာလျှင်(၂၀၀ဝိ/-)ကျပ် ၊ ဆားတစ်ပိဿာလျှင် (၆၀ဝိ/-)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည် ။ သား ၊  ငါးဈေးနှုန်းများမှာ ကြက်သား (ဗမာ) တစ်ပိဿာလျှင် (၁၅၀၀ဝိ/-)ကျပ် ၊ ကြက်သား(CP) တစ်ပိဿာလျှင် (၁၀၀၀ဝိ/-) ကျပ် ၊ ဝက်သား တစ်ပိဿာလျှင်(၁၄၀၀ဝိ/-)ကျပ် ၊ အမဲသား တစ်ပိဿာလျှင်(၁၃၀၀ဝိ/-)ကျပ်၊ ဆိတ်သားတစ်ပိဿာ လျှင်(၂၄၀၀ဝိ/-)ကျပ် နှင့် ငါးမြစ်ချင်းတစ်ပိဿာလျှင်(၈၅၀၀)ကျပ် ၊ ငါးကြင်း တစ်ပိဿာလျှင်(၇၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး စားဆီဈေးနှုန်းများ အနေဖြင့် ပဲဆီတစ်ပိဿာလျှင် (၉၀၀ဝိ/-)ကျပ် ၊ နှမ်းဆီတစ်ပိဿာလျှင်(၈၀၀ဝိ/-)ကျပ် ၊ နေကြာဆီ တစ်ပိဿာလျှင်(၉၀၀၀)ကျပ် နှင့် စားဆီတစ်ပိဿာလျှင်(၅၅၀ဝိ/-)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည် ။

          အခြေခံစားသောက်ကုန်များ၏ စျေးနှုန်းများအား ယခင် အောက်တိုဘာလ ဒုတိယပတ်နှင့်နှိုင်းယှဉ်ပါက ကြက်သွန်နီ ၊ ကြက်သွန်ဖြူ(ဗမာ) ၊ ဂျင်း နှင့် ငါး စျေးနှုန်းများအနည်းငယ်မြင့်တက်ခဲ့ပြီး ဆီစျေးနှုန်းများမှာ အနည်းငယ်ကျဆင်း၍ ကျန်အခြေခံ စားသောက်ကုန် စျေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 “ကျောက်ဆည်ခရိုင်တွင်ငရုတ်(ဆောင်း)များစတင်စိုက်ပျိုး”

          မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် စိုက်ပျိုးရေးကိုအခြေခံ၍ စပါး၊ပဲ၊ပြောင်း၊ နှမ်း၊ကုလားပဲ၊ပဲတီစိမ်း၊ငရုတ်စသည့် သီးနှံမျိုးစုံစိုက်ပျိုးသည့်ဒေသဖြစ်ပါသည်။ ၄င်းသီးနှံများအနက် ငရုတ်သီးနှံကိုလည်းစိုက်ပျိုးကြပါသည်။ ငရုတ်သီးနှံ(မိုး)ကို ဧပြီလနှင့်မေလများတွင်စတင်စိုက်ပျိုးခဲ့ ပြီး ကျောက်ဆည်မြို့နယ်တွင်(၁၄၈၉)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၁၆၅၉)ဧက ၊ မြစ်သားမြို့နယ်တွင် (၉၅၆၄)ဧက၊ စုစုပေါင်း(၁၂၇၁၂)ဧက စိုက်ပျိုးခဲ့ရာ စိုက်ဧကများအားလုံး ရိတ်သိမ်းပြီးဖြစ်ရာ  တစ်ဧက အထွက်နှုန်းအနေဖြင့် ငရုတ်အခြောက်(၅၀၈)ပိဿာထွက်ရှိကြောင်း၊ အထွက်စုစုပေါင်း(၆၄၅၇၆၉၆)ပိဿာ ထွက်ရှိကြောင်းသိရှိရပါသည်။

ယခုအချိန် ကျောက်ဆည်ခရိုင်တွင် ငရုတ်(ဆောင်း)များအား နိုဝင်ဘာလမှစ၍ စတင်စိုက်ပျိုးနေပြီး ဒီဇင်ဘာလဆန်းပိုင်းအထိ ကျောက်ဆည်မြို့နယ်တွင် (၅၀၂၁)ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၆၀၆)ဧက၊ မြစ်သားမြို့နယ်တွင်(၁၅၀၆)ဧက စုစုပေါင်း(၇၁၃၃)ဧက စိုက်ပျိုး ပြီးဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည် ။ ငရုတ်မျိုးအနေဖြင့် သာမို၊ ဒီမွန်၊ အာစတာ၊ ၆၉၂ မျိုးများကိုစိုက်ပျိုးကြပြီး တောင်သူများအနေဖြင့် ရာသီဥတုဒဏ် နှင့် ပိုးမွှားဒဏ်ခံနိုင်ပြီး အသီးများလှ၍ အထွက်နှုန်းကောင်းမွန်သော ၆၉၂ မျိုးများကို ပိုမိုစိုက်ပျိုးကြ ကြောင်း ငရုတ်သီးခြောက် စျေးနှုန်းအနေဖြင့် ငရုတ်(မိုး) ထွက်ရှိသည့်အချိန်တွင် တစ်ပိဿာလျှင် (၄၀၀၀/-)ကျပ်ဝန်းကျင်ရှိခဲ့ပြီး ယခုအချိန် ကာလပေါက်စျေးမှာ တစ်ပိဿာလျှင် (၃၈၀၀-၃၉၀၀)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

“ပြင်ဦးလွင်မြို့ရဲ့ဆွယ်တာစျေးကွက်”

          ၂၀၂၃နှစ်သစ်ကိုရောက်ရှိတော့မည်ဖြစ်ပြီး ၂၀၂၂ရဲ့နောက်ဆုံးလဖြစ်သည့် ဒီဇင်ဘာလသည် ယခင်နှစ်များထက် ပြင်ဦးလွင်၌ အအေးဓါတ်ပိုမိုသည့်နှစ်ဖြစ်သောကြောင့် ပြင်ဦးလွင်မြို့ရှိဆွယ်တာ ဆိုင်တွေမှာ ပြည်တွင်း၊ပြည်ပခရီးသွားဧည့်သည်များဖြင့်စည်ကားပြီး ဆွယ်တာအထည်များရောင်း ဝယ်အားမှာ ယခင်နှစ်တွေထက်များပြားကြောင်းလေ့လာတွေ့ရှိရပါသည်။

          ပြင်ဦးလွင်မြို့သည် တောင်ပေါ်မြို့လေးတစ်ခုဖြစ်ပြီး အေးမြတဲ့ရာသီဥတုကိုပိုင်ဆိုင်ပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ကာ လည်ပတ်အပန်းဖြေစရာနေရာစုံရှိပြီး ဆွယ်တာအနွေးထည် ကဲ့သို့ ဒေသထွက်အမှတ်တရပစ္စည်းများစွာ ထွက်ရှိသည့်မြို့ဖြစ်ပါသည်။ ဝန်ကြီးဌာန၏SMSလုပ်ငန်း များဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ၂၀၁၉ခုနှစ်မှစတင်ကာ မြို့နယ်အတွင်းရှိ ဆွယ်တာလုပ်ငန်း ရှင်များအားစုဖွဲ့ကာ ဆွယ်တာထုတ်လုပ်သူများအသင်းအစုအဖွဲ့ စတင်ဖွဲ့စည်းနိုင်ခဲ့ပြီး ယခုအခါတွင် ပန်းချယ်ရီဆွယ်တာသမအသင်းအမည်ဖြင့်လုပ်ငန်းများဆောင်ရွက်လုပ်ကိုင်နေကြပြီဖြစ်ပါသည်။

          အသင်းစုတွင် လုပ်ငန်းရှင်(၆၅)ဦးနှင့်လုပ်သားဦးရေ(၂၃၀)ဦးရှိပြီး ဆွယ်တာစက်အလုံး ရေ(၂၀၀)ဖြင့် လက်ခစားနဝလီအနေဖြင့် ထုတ်လုပ်လည်ပတ်လျက်ရှိပါသည်။ပြင်ဦးလွင်မြို့ပေါ်ရှိ ဆွယ်တာဆိုင်ကြီးများနှင့်မန္တလေးကုန်သည်များသည် တရုတ်နှင့်ထိုင်းနိုင်ငံတို့မှ ကုန်ကြမ်းချည်ခင်များအား ဝယ်ယူ၍ ဆွယ်တာထုတ်လုပ်သူလုပ်ငန်းရှင်များထံသို့ မိမိကြိုက်နှစ်သက်သည့်ဒီဇိုင်းများအား လက်ခစျေးနှုန်းညှိနှိုင်းအပ်နှံကြခြင်းဖြစ်ပါသည်။ လက်ခစျေးနှုန်းအနေဖြင့် အနိမ့်ဆုံးတစ်ထည်လျှင် (၉၀၀/-)ကျပ်နှင့်အမြင့်ဆုံး(၂၁၀၀/-)ကျပ်အထိ စျေးနှုန်းရှိပါသည်။ကုန်ကြမ်းချည်စျေးမှာ ယခု လက်ရှိ (၁)ပေါင်လျှင်(၆၇၀၀/-)ကျပ်စျေးပေါက်နေပါသည်။

          လုပ်ငန်းရှင်များ၏ အကျိုးအမြတ်မှာ အနိမ့်ဆုံး ဆွယ်တာတစ်ထည်လက်ခ(၉၀၀/-)ကျပ်တွင် လုပ်သားခ(၄၅၀/-)ကျပ်ပေးရ၍အသားတင်အမြတ် (၄၅၀/-) ကျပ်ကျန်ပြီးအမြင့်ဆုံးလက်ခ  (၂၁၀၀/-) ကျပ်တွင် လုပ်သားခ(၁၆၀၀/-)ကျပ်ပေးရ၍ အသားတင်အမြတ်(၅၀၀/-)ကျပ်ကျန်ရှိကြောင်း တွေ့ ရှိရပြီး တစ်ရက်လျှင် ဆွယ်တာအထည် ကလေးအထည် (၁၅၀၀ )နှင့် လူကြီးအထည် (၆၅၀)ထည် ယက်လုပ်နိုင်သောကြောင့်တစ်လလျှင် ကလေးအထည်(၄၅၀၀၀) နှင့် လူကြီးအထည်(၁၉၅၀)ထည် လုပ်နိုင်မှုအင်အားရှိပါသည်။

          ဆွယ်တာလုပ်ငန်းရှင်များ၏ အကျိုးအမြတ်အနေဖြင့် ယခုလက်ရှိဆွယ်တာ ကုန်ကြမ်းချည် (၁)ပေါင်လျှင်(၆၇၀၀/-)ကျပ်ရှိပြီး ကလေးအထည်(၄)ထည်ဆိုဒ်ယက်လုပ်နိုင်ပြီး ချည်းဖိုးနှင့် လက်ခ စုစုပေါင်း(၁၀၃၀၀/-)ကျပ်ကျသင့်ပြီး ပြန်လည်ရောင်းချရာတွင် တစ်ထည်လျှင် (၄၀၀၀/-)ကျပ်စျေး ရရှိ၍ချည်(၁)ပေါင်လျှင် အသားတင်အမြတ်ငွေ(၅၇၀၀/-)ကျပ်ရရှိကြောင်း ဆွယ်တာဆိုင် များ၏ လက်ရှိရောင်းဝယ်မှုစျေးကွက်အရသိရှိရပါသည်။

          လက်ရှိဆွယ်တာစျေးကွက်အနေဖြင့် ပြင်ဦးလွင်မြို့ရှိဆိုင်ကြီးများနှင့် ကန်တော်ကြီး၊ဘီအီး ရေတံခွန်၊ပိတ်ချင်းမြောင်လှိုင်ဂူတော်၊တရုတ်ဘုံကျောင်းစသည့် အထင်ကရနေရာများတွင်ရောင်းချ

နေပြီး မန္တလေးကုန်သည်အများစုအနေဖြင့်(၁၀)ရက်တစ်ခါလာရောက်၍ ၄င်းတို့အပ်ထည်များကို သယ်ယူပြီး မန္တလေးစျေးချိုတော်ဆိုင်များမှ တစ်ဆင့်နယ်မြို့များသို့ပြန်လည်ဖြန့်ဖြူးရောင်းချလျှက် ရှိကြောင်းသိရှိရပါသည်။

          ပြင်ဦးလွင်မြို့နှင့်ဆွယ်တာအထည်ဟာခွဲခြားမရသလို ပြင်ဦးလွင်မြို့သို့ အပန်းဖြေဘို့ဘဲ လာလာ၊အလုပ်ကိစ္စဖြင့်လာလာ အိမ်အပြန်လက်ဆောင်ဆိုလျှင် ပြင်ဦးလွင်ဆွယ်တာလေးကတော့ မဖြစ်မနေဝယ်ယူသွားကြတာမို့ မရိုးနိုင်တဲ့ဓလေ့အဆင့်အလာလေးတစ်ခုဖြစ်ပါကြောင်း ရေးသား တင်ပြအပ်ပါသည်။

DOCA(မန္တလေး)

ပုသိမ်မြို့ ဆန်/စပါးစျေးကွက်နှင့် အခြားဒေသစီးထွက်မှု အခြေအနေ

          ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ဆန်/စပါးစျေးကွက်တွင် ဒီဇင်ဘာလ ဒုတိယပတ် မိုးပေါ်ဆန်းစပါးသစ် တင်း ၁၀၀ လျှင် ကျပ် ၁၆ သိန်းခွဲ၀န်းကျင်၊ ဆန် (၁)အိတ် ကျပ် ၅၄၀၀၀/၅၅၀၀၀ စျေး၊ မိုးမနောသုခစပါးသစ် တင်း ၁၀၀ လျှင် ကျပ် ၁၂ သိန်းခွဲ၀န်းကျင် ဆန် (၁)အိတ်ကိုကျပ် ၄၁၀၀၀/၄၂၀၀၀ စျေးနှင့် ရောင်း၀ယ်လျှက်ရှိပြီး စပါးသစ်ပေါ်ချိန် အောက်တိုဘာလကုန်နှင့် နို၀င်ဘာလတွင် အင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့လျှက်ရှိသော ပုသိမ် စက်မှုမြို့တော် မြို့တွင်းစျေးကွက်၀ယ်လိုအားရှိပြီး စျေးကွက်မှာ အရောင်းအ၀ယ်သွက်လျှက် ရှိသော်လည်း ယခုဒီဇင်ဘာလတွင် ဆန်သစ် အရောင်းအ၀ယ်ပုံမှန်သာရှိကြောင်း စျေးကွက်မှ သိရသည်။

          လက်ရှိ စျေးကွက်တွင် ဆန်သစ်စားသုံးမှု အနည်းငယ်သာရှိပြီး စားသုံးသူများ ကြိုက်နှစ်သက်မှုရှိသော ဆန်အဟောင်းများ စျေးကောင်းရလျှက် ယခင်နှစ် လက်ကျန် ဆန်ဟောင်းပေါ်ဆန်း (၁)အိတ် ကျပ် ၆၈၀၀၀၊ သီးထပ်ရင် ဆန် (၁)အိတ် ကျပ် ၄၇၀၀၀ နှင့် ဆင်းသုခဆန် (၁)အိတ် ကျပ် ၄၈၀၀၀/၄၉၀၀၀ ဖြင့် အရောင်းအ၀ယ်ဖြစ်နေကြောင်း စျေးကွက် မှ သိရသည်။

          ဧရာ၀တီတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ အောက်တိုဘာလတွင် ရန်ကုန်မြို့သို့ အိတ်ရေ ၇၉၄၂၃၅၊ မကွေးမြို့သို့အိတ်ရေ ၂၆၀၀၀၊ တနင်္သာရီတိုင်းသို့ အိတ်ရေ ၈၀၀၀ စုစုပေါင်းအိတ်ရေ ၈၂၈၂၃၅ တင်ပို့နိုင်ခဲ့သော်လည်း နို၀င်ဘာလတွင် ရန်ကုန်မြို့သို့ အိတ်ရေ ၉၉၉၄၇၁ နှင့် တနင်္သာရီတိုင်းသို့အိတ်ရေ ၁၇၀၀၀ စုစုပေါင်းအိတ်ရေ ၁၀၁၆၄၇၁ တင်ပို့ခဲ့ပြီး နို၀င်ဘာလတွင်အိတ်ရေ ၁၈၈၂၃၆ ပိုမိုတင်ပို့ နိုင်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

အခြေခံစားသောက်ကုန်များ၏ဈေးနှုန်းအခြေအနေ

      စားသုံးသူရေးရာဦးစီးဌာန၊ အ‌ရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် ခရိုင်အတွင်းရှိဈေးများတွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ နေ့စဉ်ပုံမှန်ကောက်ယူလျက်ရှိရာ ၉.၁၂.၂၀၂၂ ရက်နေ့ရှိကောက်ယူရရှိသော ဈေးနှုန်းများမှာ အမဲသား ၁ ပိဿာလျှင် ၁၅၀၀၀ ၊ ဝက်သား ၁ ပိဿာလျှင် ၁၄၀၀၀ ၊ ဆိတ်သား ၁ ပိဿာလျှင် ၂၇၀၀၀ ၊ ကြက်သား ၁ ပိဿာလျှင် ၁၇၀၀၀-၁၈၀၀၀ ၊ ငါးကြင်း ၁ ပိဿာ လျှင် ၉၀၀၀-၁၀၀၀၀ ၊ ငါးမြစ်ချင်း ၁ ပိဿာလျှင် ၆၀၀၀-၇၀၀၀ ၊ ရေချိုငါးခူ ၁ ပိဿာလျှင် ၁၂၀၀၀ ၊ ငါးတန် ၁ ပိဿာလျှင်၁၀၀၀၀ ၊ ‌ရေချိုငါးသလောက် ၁ ပိဿာလျှင် ၂၄၀၀၀ ၊ ပုဇွန်ခြောက် (ကြီး) ၁ ပိဿာ ၆၀၀၀ဝိ/- ၊ ပုဇွန်ခြောက်(လတ်) ၁ ပိဿာ ၅၀၀၀ဝိ/- ၊ ပုဇွန်ခြောက်(သေး) ၁ ပိဿာ ၃၅၀၀ဝိ/- ၊ ငရံ့ခြောက် ၁ ပိဿာ (၄၀၀၀ဝ- ၄၅၀၀ဝ) ၊ ငါးကျည်းခြောက် (၆၀၀၀ဝ-၇၀၀၀ဝ)၊ ငါးဖန်း မငါးပိကောင် ၁ ပိဿာလျှင် ၁၅၀၀ဝ-၁၈၀၀၀ကျပ်တို့ဖြင့် ဈေးနှုန်းအသီးသီးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
 

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

         ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဒီဇင်ဘာလ(၇)ရက်နေ့မှ ဒီဇင်ဘာလ(၁၃)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်(ပိဿာ)ကျပ် ၉၀၀ မှ ၁၈၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၅၀၀ မှ ၁၀၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၄၀၀ မှ ၁၂၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၁၇၀၀ မှ ၂၃၀၀ အတွင်း၊ မုန့်လာဉနီ(ပိဿာ) ကျပ် ၁၂၀၀ မှ ၂၀၀၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် ၁၀၀၀ မှ ၆၀၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် ၅၀၀ မှ ၁၂၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၁၀၀၀ မှ ၁၅၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၃၀၀၀ မှ ၄၃၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ)ကျပ် ၃၀၀၀ မှ ၄၄၀၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် ၃၄၀၀ မှ ၃၇၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၁၂၀၀ မှ ၂၂၀၀ အတွင်း၊ ဆလပ်ရွက် (စီး) ကျပ် ၁၀၀ မှ ၂၅၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် ၆၅ မှ ၁၅၀ အတွင်း၊ ခရမ်းသီး (ရှည်)(ပိဿာ)ကျပ် ၇၀၀ မှ ၁၆၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၅၀ မှ ၁၇၀ အတွင်း၊ ငရုတ်သီး စိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် ၁၅၀၀ မှ ၂၅၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၁၀၀၀မှ ၇၅၀၀ အတွင်းဖြစ်ကြောင်း သိရှိရပါတယ်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း(၈၅၄၀၀)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ)(၈၁၂၀) ကျော်၊ ဗူးသီးအလုံးပေါင်း (၃၇၆၀)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း(၇၇၀)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၃၉၅၀၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၁၈၉၀၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၁၀၁၇၀) ကျော်၊ ဖရဲသီးလုံးပေါင်း (၃၄၈၀၀)ကျော်  အသီးသီးကုန်အဝင်ရှိကြောင်း သိရပါတယ်။

DOCA(ရန်ကုန်)

 

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

        ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဒီဇင်ဘာလ ( ၇ ) ရက်နေ့မှ ဒီဇင်ဘာလ ( ၁၃ ) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ကျောက်မည်း၊ ရေတာရှည်မှ ဖရဲသီး (855) အလုံးကြီး ကျပ် ၆၀၀၀ ၊ အလုံးလတ် ကျပ် ၅၀၀၀ ၊ အလုံးသေး ကျပ် ၄၀၀၀ မှ ၃၀၀၀ ၊ တောင်ငူ၊ ဘီးလင်းမှ ဖရဲသီး (211) အလုံးကြီး ကျပ် ၃၅၀၀၊ အလုံးလတ် ကျပ် ၂၅၀၀ ၊ အလုံးသေး ကျပ် ၂၀၀၀ မှ ၁၅၀၀ ၊ မော်လမြိုင် မှ ကျွဲကောသီး (ပန်းရောင်) အလုံးကြီးကျပ် ၂၅၀၀၊ အလုံးလတ် ကျပ် ၂၀၀၀ ၊ အလုံးသေး ကျပ် ၁၀၀၀၊ တိုက်ကြီး မှ ကျွဲကောသီး (အဖြူ) အလုံးကြီး ကျပ် ၁၅၀၀၊ အလုံးလတ် ကျပ် ၁၀၀၀၊ အလုံးသေး ကျပ် ၇၀၀၊ မှော်ဘီ၊ တိုက်ကြီး မှ မာလကာသီး အလုံးကြီး ကျပ် ၅၀၀၊ အလုံးလတ် ကျပ် ၄၀၀ ၊ အလုံးသေး ကျပ် ၃၀၀ ၊ သီပေါ မှ နာနတ်သီး အလုံး ကြီး ကျပ် ၁၅၀၀ မှ ၁၃၀၀၊  အလုံးလတ် ကျပ် ၁၀၀၀  ၊ အလုံးသေး  ကျပ် ၈၀၀ မှ ၅၀၀၊ တိုက်ကြီး မှ  ပီလောပီနံ တစ်ပိဿာ အလုံးကြီး ကျပ် ၁၀၀၀၊ အလုံးလတ် ကျပ် ၈၀၀၊ ပုပ္ပါး မှ ဩဇာသီး အလုံးကြီး တစ်ဖာ ၃၀ လုံးပါ ကျပ် ၁၃၀၀၀၊ အလုံးလတ် ၆၀ လုံးပါ ကျပ် ၁၀၀၀၀၊ အောင်ပန်း၊ မော်လမြိုင် မှ လိမ္မော်သီး တစ်ပိဿာ အလုံးကြီး ကျပ် ၂၅၀၀၊ အလုံးလတ် ကျပ် ၁၉၀၀၊ အလုံးသေး ကျပ် ၁၃၀၀ ၊ ရေနံချောင်း မှ ဇီးသီး(အချဉ်သီး) အလုံးကြီး၈ ပြည်ပါ တစ်ခြင်း ကျပ် ၁၂၀၀၀၊ ဆင်ဖြူကျွန်း မှ ဇီးသီး (အစေ့လွတ်)အလုံးကြီး၈ ပြည်ပါ တစ်ခြင်း ကျပ် ၁၄၅၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ် လုပ်တင်ပို့ရောင်းချသူများ အသင်း (MFVP) မှသိရှိရပါသည်။

DOCA(ရန်ကုန်)

                         

 

မင်္ဂလာတောင်ညွှန့်ကြက်/ဘဲဈေးဒိုင် ဈေးကွက်ဈေးနှုန်း

           ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကြက်/ဘဲဈေးတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် နေ့စဉ်စားသုံးသူပြည်သူများထံသို့ ကြက်/ဘဲများ လက်လီလက်ကားဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၁၄.၁၂.၂၀၂၂ ရက်နေ့ ၁၁:၃၀ နာရီအချိန်တွင် မင်္ဂလာတောင်ညွှန့်မြို့နယ်ကြက်/ဘဲဈေးသို့ ဈေးတာဝန်ခံများနှင့်အတူ ရောင်းချလျက်ရှိသော ကြက်/ဘဲဈေးနှုန်းများအား ဈေးကွက်ဈေးနှုန်း စုံစမ်းခဲ့ရာ ဈေးကွက်အတွက်လိုအပ်လျက်ရှိသော ကြက်/ဘဲများကို ပြည်နယ်/တိုင်းများမှ ဈေးသို့အရောက်ပို့စနစ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမြို့နယ်များရှိ ကြက်/ဘဲ မွေးမြူရေးခြံများသို့သွားရောက်၍ ခြံဖမ်းစနစ် ဖြင့်လည်းကောင်း၊ အသီးသီးရောင်းဝယ် ဖြန့်ဖြူးလျက်ရှိပြီး ပိုလျှံသော ကြက်/ဘဲများကိုလည်း လိုအပ်လျက်ရှိသော ပြည်နယ်/တိုင်းများသို့ ပြန်လည်တင်ပို့ရောင်းချလျက်ရှိပါသည်။

          ထိုသို့ပြန်လည်ရောင်းချလျက်ရှိသော ကြက်/ဘဲဈေးနှုန်းများမှ အိမ်မွေးကြက် ၁ ပိဿာလျှင် (၁၂၀၀၀/၁၃၀၀၀) ကျပ်၊ အသားတိုးကြက် ၁ ပိဿာလျှင် (၅၄၀၀/၅၅၀၀) ကျပ်၊ မွေးမြူရေးထီး/မ ၁ ပိဿာလျှင် (၆၅၀၀/၈၅၀၀) ကျပ်၊ တောဘဲ/ဓါတ်ဘဲ ၁ ပိဿာလျှင် (၈၅၀၀/၉၅၀၀) ကျပ်၊ ချယ်ရီ ဘယ်ရီ ၁ ပိဿာလျှင် (၈၅၀၀/၉၀၀၀) ကျပ်ဖြင့် အသီးသီးလက်လီ/လက်ကားရောင်းချလျက်ရှိပြီး၊ တစ်နေ့လျှင် ကုန်ချိန်ပျမ်းမျှစုစုပေါင်း (၆၈၆၀၀) ပိဿာခန့်ရောင်းချလျက်ရှိ‌ကြောင်း  သိရှိရပါသည်။

DOCA(ရန်ကုန်)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း