ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မကွေးမြို့၊ မြို့မစျေးရှိ စားဖိုဆောင်သုံးကုန် စျေးနှုန်းများ အခြေအနေ

     အောက်တိုဘာလ တတိယအပတ်တွင် မကွေးမြို့၊ မြို့မစျေး၌ ကြက်သွန်နီအမျိုးအစားနှင့် အရည်အသွေးပေါ်မူတည်ပြီး (၁)ပိဿာလျှင် ကျပ်(၃၅၀၀-၃၆၀၀-၃၈၀၀)၊ ကြက်သွန်ဖြူ(ဗမာ)(၁) ပိဿာလျှင် ကျပ်(၄၅၀၀)၊ ငရုပ်သီးခြောက်အရှည်(၁)ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ နနွင်းတက်(၁) ပိဿာလျှင် ကျပ်(၅၃၀၀)၊ ဂျင်းတက် (၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ မကျီးသီးမှည့် (၁)ပိဿာလျှင် ကျပ်(၄၀၀၀)၊ အာလူး (၁)ပိဿာလျှင် ကျပ်(၂၅၀၀)၊ သကြား (၁)ပိဿာလျှင် ကျပ်(၂၇၀၀)၊ ကုလားပဲခြမ်း (၁)ပြည်လျှင်ကျပ်(၅၀၀၀) တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း ဆိုင်ခန်း စျေးသည်များထံမှ မေးမြန်းသိရှိရသည်။

     စားဖိုဆောင်သုံး စားသုံးဆီများအနေဖြင့်လည်း ပဲဆီ (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ နှမ်းဆီ (၁)ပိဿာလျှင် ကျပ်(၁၂၅၀၀)၊ စားအုန်းဆီ (၁)ပိဿာလျှင် ကျပ်(၆၅၀၀)တို့ဖြင့် အရောင်းအဝယ် ဖြစ်လျှက်ရှိကြောင်း လက်လီစျေးသည်တစ်ဦးထံမှ မေးမြန်းသိရှိရပါသည်။

DOCA(မကွေး)

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှု အခြေအနေ

 ‌    အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် (၄၅)ပိဿာဝင် (၁)အိတ်လျှင် နှမ်းပြာမှာ ယခင်အပတ်(၂၀.၁၀.၂၀၂၂)ရက်နေ့တွင် ကျပ်(၂၄၀၀၀၀)မှ ယခုအပတ် (၂၆.၁၀.၂၀၂၂)ရက်နေ့တွင် ကျပ်(၂၃၅၀၀၀)ဖြစ်၍ ကျပ်(၅၀၀၀)ဈေးနိမ့်ပြီး နှမ်းနက် (စမုံ)မှာယခင်အပတ် ကျပ်(၂၇၅၀၀၀) ယခု အပတ် ကျပ်(၂၇၅၀၀၀)၊ နှမ်းဖြူ ယခင်အပတ် ကျပ်(၂၅၅၀၀၀) ယခုအပတ်ကျပ်(၂၅၅၀၀၀)၊ နှမ်းနီ ယခင်အပတ် ကျပ်(၂၄၀၀၀၀) ယခုအပတ်ကျပ်(၂၄၀၀၀၀)အသီးသီးရှိခဲ့၍ ဈေးနှုန်းပြောင်းလဲမှုခြင်း မရှိဘဲ အရောင်းအဝယ်ပမဏအနေဖြင့်  နှမ်းနက် (စမုံ) (၁၇၅၀)အိတ်၊ နှမ်းပြာ(၄၃၀)အိတ်၊ နှမ်းဖြူ(၉၀)အိတ်၊ နှမ်းနီ (၂၃၀)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရပါသည်။

            ပဲမျိုးစုံဈေးကွက်တွင် ပဲတီစိမ်း(ဆောင်းသစ်)မှာ (၂၀)ပိဿာဝင် (၁)တင်းလျှင် ယခင်အပတ် ကျပ်(၄၈၀၀၀)ယခုအပတ် ကျပ်(၄၉၅၀၀)ဖြစ်၍ ကျပ်(၁၅၀၀)ဈေးမြင့်ကာ (၃၀)ပိဿာဝင် အိတ် (၃၈၀၀)အရောင်းအဝယ်ရှိခဲ့ပြီး ပဲစဉ်းငုံ(နီ)မှာ ယခင်အပတ် ကျပ်(၅၉၅၀၀) ယခု အပတ် ကျပ်(၆၀၀၀၀) ဖြစ်၍ ကျပ်(၅၀၀)ဈေးမြင့်ကာ(၃၀)ပိဿာဝင် အိတ် (၁၆၀)အရောင်းအဝယ်ရှိခဲ့ကြောင်း၊ မတ်ပဲမှာ ယခင်အပတ် ကျပ်(၅၉၀၀၀) ယခုအပတ် ကျပ်(၅၆၀၀၀)ဖြစ်၍ ကျပ်(၃၀၀၀) ဈေးနိမ့်ကာ(၃၀)ပိဿာဝင် အိတ်(၈၀)အရောင်းအဝယ်ရှိခဲ့ကြောင်း၊ ကုလားပဲ(HL)နှင့် ကုလားပဲ(မြကြေး) မှာ ယခင်အပတ် ကျပ် (၆၃၅၀၀)၊ ယခုအပတ်ကျပ် (၆၃၀၀၀)ဖြစ်၍ ကျပ် (၅၀၀) ဈေးနိမ့်ကာ (၃၀)ပိဿာဝင် အိတ် ကုလားပဲ (HL) (၆၆၀)အိတ်၊ ကုလားပဲ(မြကြေး) (၅၂၀)အိတ်တို့ အရောင်းအဝယ်ရှိ ခဲ့ကြောင်း၊ ဘိုကိတ်ပြာ(၂၀) ပိဿာဝင် တစ်တင်းလျှင် ယခင်အပတ်ကျပ် (၃၈၀၀၀)၊ ယခုအပတ် ကျပ်(၃၈၀၀၀) ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ (၃၀)ပိဿာဝင် အိတ်(၉၀) အရောင်းအဝယ်ရှိခဲ့ကြောင်း၊ ပဲကြီးမှာ(၂၀) ပိဿာဝင် တစ်တင်းလျှင် ယခင်အပတ်ကျပ် (၇၅၀၀၀)၊ ယခုအပတ်ကျပ် (၇၈၀၀၀) ဖြစ်၍ ကျပ် (၃၀၀၀) ဈေးမြင့်ကာ (၃၀)ပိဿာဝင်အိတ် (၇၉၀) အရောင်းအဝယ်ရှိခဲ့ကြောင်း၊ မြေပဲလုံးဆံဖြူမှာ တစ်ပိဿာလျှင် ယခင်အပတ်ကျပ်(၅၄၀၀)၊ ယခုအပတ် ကျပ် (၅၄၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ မြေပဲလုံးဆံနီ တစ်ပိဿာလျှင် ကျပ်(၅၆၀၀)၊ ယခုအပတ် ကျပ် (၅၇၀၀)ဖြစ်၍ ကျပ် (၁၀၀)ဈေးမြင့်ပြီး မြေပဲလုံးဆံနီ (၃၀)ပိဿာဝင်အိတ် (၈၀၀)နှင့်၊ မြေပဲလုံးဆံဖြူ အိတ်(၂၁၀၀)တို့ အရောင်းအဝယ်ရှိခဲ့ကြောင်း၊ မြေပဲတောင့်အစို တစ်တင်းလျှင် ယခင်အပတ်ကျပ် (၂၂၅၀၀)၊ ယခုအပတ် ကျပ် (၂၃၀၀၀)ဖြစ်၍ ကျပ်(၅၀၀) ဈေးမြင့်ကာ တင်း(၆၀၀၀) ခန့်အရောင်းအဝယ်ရှိခဲ့ကြောင်း သိရပါသည်။

              ဝါသီးနှံအနေဖြင့်လည်း တစ်ပိဿာလျှင် ကျပ် (၂၃၅၀)ဈေးနှုန်းဖြင့် ယခုတစ်ပတ်အတွင်း ဝါပိဿာချိန် (၁၃၅၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့ မြေပဲတောင့်/ မြေပဲဆံ ဈေးကွက်အခြေအနေ

     ဆီထွက်သီးနှံမြေပဲ(အတောင့်/အဆံ)များ ပခုက္ကူဈေးကွက်သို့ နေ့စဉ်ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ မြေပဲတောင့်များကို ပခုက္ကူမြို့နှင့် နီးစပ်ရာကျေးရွာများနှင့် ညောင်ဦးမြို့ နယ် ဒေသကျေးရွာများမှ ဝင်ရောက်ပြီး မြေပဲဆံများကို ပခုက္ကူဒေသအပြင် ကျောက် ပန်းတောင်း၊ မုံရွာ၊ပြည်၊ မြန်အောင်မြို့များမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကုန်ပစ္စည်းဝင်သလောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ မိုးတွင်းကာလဖြစ်၍ ကုန်ပစ္စည်းအဝင်နည်းကြောင်း၊ ယခု အောက်တို ဘာလ(စတုတ္ထ)ပတ်တွင် မြေပဲဈေးကွက်ငြိမ်ပြီး အတက်အကျမရှိ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

   ယခုတစ်ပတ်အတွင်း နေ့စဉ်ပခုက္ကူဈေးကွက်သို့ မြေပဲတောင့် (၃)တင်း ဝင်အိတ် (၃၀၀) ခန့် (၁)ပတ်အတွင်း အိတ်(၂၁၀၀)ခန့်ဝင်ရောက်ပြီး မြေပဲဆံအဝင်မှာလည်း(၁)ရက်လျှင်(၂၅)ပိဿာဝင်ဆန့် အိတ်(၃၀၀)၊ (၁)ပတ်အတွင်း အိတ်(၂၁၀၀)၊ ပိဿာ(၅၂၅၀၀)ခန့် ဝင်ရောက်အ‌ရောင်း အဝယ်ဖြစ် ကြောင်းသိရှိရသည်။ အောက်တိုဘာလ(စတုတ္ထ)ပတ်တွင် မြေပဲတောင့်(အခြောက်) (၁) ပိဿာလျှင် ကျပ်(၁၇၀၀ မှ ၃၁၀၀)ထိ အရောင်းအဝယ်ဖြစ်ပြီး မြေပဲတောင့်ပဲလေး(အစို) (၁) ပိဿာ ကျပ် (၁၄၀၀မှ ၁၅၀၀)ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ပြီး မြေပဲဆံ (၁)ပိဿာလျှင် လုံးဆံ (ရှယ်) ကျပ်(၆၀၀၀)၊ လုံးဆံ(ရိုးရိုး)ကျပ်(၅၆၅၀)၊ ဆီဆံကျပ်(၄၈၀၀မှ၄၇၀၀)ဈေးဖြင့် အရောင်းအဝယ် ဖြစ်ကြောင်း၊ ယခင်တစ်ပတ်နှင့် ယခုတစ်ပတ်ဈေးနှုန်း နှိုင်းယှဉ်ချက်အရကွာဟမှုမရှိကြောင်း ပခုက္ကူ မြေပဲဈေးကွက်မှ သိရှိရသည်။

    ကုန်စည်စီးဆင်းမှုအနေဖြင့် အောက်တိုဘာ(စတုတ္ထ)ပတ်တွင် မြေပဲတောင့်များကို မြို့ပေါ်ရှိ မြေပဲရောင်းဝယ်ရေးပဲခွဲစက် လုပ်ငန်းရှင်များနှင့် မြေပဲဆုံဆီ၊ စက်ဆီလုပ်ငန်းရှင်များမှ ဝယ်ယူလျက်ရှိပြီး မြေပဲဆံ(လုံးဆံ/ဆီဆံ) များကို ဆီစက်လုပ်ငန်းရှင်များ၊ မြေပဲဆားလှော်၊ မြေပဲကြက်ဥ လုပ်ငန်းရှင်များမှ ဝယ်ယူပြီး ပြည်တွင်းရှိ နေရာဒေသအနှံ့အပြား အမြို့မြို့အနယ်နယ်သို့လည်း တင်ပို့ဖြန့်ဖြူးလျက်ရှိကြောင်း၊ ပြည်တွင်းသာမက ပြည်ပပို့ကုန်အဖြစ် မန္တလေးမြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ဖြန့်ဖြူးလျက်ရှိကြောင်း၊ မြေပဲဈေးကွက် အဝယ်လိုက်သော်လည်း အဝင်နည်းပြီး ဈေးငြိမ်လျက်ရှိကြောင်း သိရှိရသည်။

DOCA(‌မကွေး)

ဆိပ်ဖြူကုန်စည်ဒိုင် အောက်တိုဘာ(တတိယ)ပတ်အတွင်း ကြက်သွန်နီဈေးကွက်အခြေအနေ

    ပခုက္ကူခရိုင်အတွင်းရှိ ဆိပ်ဖြူမြို့နယ်သည် ကြက်သွန်နီ စိုက်ပျိုး၊ ထုတ်လုပ်၊ ထွက်ရှိ၊ ရောင်းဝယ်ကုန်သွယ်မှု အများဆုံးမြို့ဖြစ်သည်။ ဆိပ်ဖြူလက္ကားကုန်စည်ဒိုင်တွင် မြို့နယ်အတွင်းရှိ ဒေသတွင်းနေရာအနှံ့အပြားနှင့် နီးစပ်ရာ ချောက်၊ ဆင်ဖြူကျွန်း၊ စလင်း၊ ယောနယ်ဒေသ ပေါက်မြို့နယ်ထွက် ကြက်သွန်နီများလည်း အရောင်းအဝယ်ဖြစ်ပြီး ကုန်စည်ဒိုင်သို့ နေ့စဉ် ကုန်ချိန် (၂)သောင်းခန့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

    ဆိပ်ဖြူကုန်စည်ဒိုင်ဈေးကွက်တွင် အောက်တိုဘာ(တတိယ)ပတ်အတွင်း ကြက်သွန်နီ(ဂျွန်) အမျိုးအစားများ ကုန်ပစ္စည်းအရည်အသွေးလိုက်၍ ဈေးနှုန်းအမျိုးမျိုးဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိသည်။ ယခုတစ်ပတ်အတွင်း ကုန်စည်ဒိုင်ပြတ်ဈေး ကြက်သွန်နီ (၁)ပိဿာလျှင် ထိပ်စ ကျပ် (၃၂၇၅)၊ အလတ်စ ကျပ်(၃၀၀၀)၊ အနိမ့်စ ကျပ်(၂၈၀၀)၊ အရောင်ပျက်အသေးစ ကျပ်(၂၀၀၀) ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်သည်။ ယခင်အောက်တိုဘာ (ဒုတိယ)ပတ်တွင် ကြက်သွန်နီ (၁)ပိဿာလျှင် ထိပ်စကျပ်(၃၂၀၀)၊ အလတ်စ ကျပ်(၂၉၀၀)၊ အနိမ့်စ ကျပ်(၂၆၀၀)၊ အရောင်ပျက် အသေးစ ကျပ်(၁၉၀၀) ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခင်တစ်ပတ်ထက် ယခုတစ်ပတ် ကြက်သွန်နီ တစ်ပိဿာလျှင် ထိပ်စ ကျပ်(၇၅)၊ အလတ်စကျပ်(၁၀၀)၊ အနိမ့်စ ကျပ်(၂၀၀)၊ အရောင် ပျက်အသေးစကျပ်(၁၀၀) ဈေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်သည်။ ယခုတစ်ပတ်အတွင်း ပြည်ပပို့ကုန် မြဝတီဝယ်လက်များ၊ ဒေသတွင်းသို့ဆင်း၍ အဝယ်လိုက်ရာ အရောင်းအဝယ်သွက်ပြီး မြဝတီမြို့သို့ ကုန်ချိန်အများဆုံးတင်ပို့လျက်ရှိသည်။

    ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်းတွင် ကြက်သွန်နီလက်လီ (၁)ပိဿာ ဈေးနှုန်းမှာ ထိပ်စ (ရှယ်) ကျပ်(၃၆၀၀)၊ အလတ်စကျပ်(၃၄၀၀မှ ၃၃၀၀)၊ အနိမ့်စ(၁)ပိဿာလျှင် ကျပ်(၃၂၀၀မှ ၃၁၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။

    ဆိပ်ဖြူမြို့မှ ကြက်သွန်နီများကို ရန်ကုန်၊ ပြည်၊ ပုသိမ်၊ မော်လမြိုင်မြို့များသို့ နေ့စဉ်တင်ပို့ အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ အောက်တိုဘာလ(တတိယ)ပတ်တွင် ကုန်စည်ဖြန့်ဖြူးမှုအနေ ဖြင့် ရန်ကုန်မြို့သို့ ပိဿာ(၃၀)ဝင် (၅၁၄၅)အိတ်၊ ပြည်မြို့ (၁၆၈၀)အိတ်၊ ပုသိမ်မြို့ (၁၆၈၀) အိတ်၊ မော်လမြိုင်မြို့(၁၇၁၅)အိတ်၊ မြဝတီမြို့ (၁၀၁၂၈) အိတ် တစ်ပတ်အတွင်း စုစုပေါင်း(၂၀၃၄၈) အိတ်၊ ပျမ်းမျှပိဿာ(၆)သိန်း၊ တန်ချိန်(၃)သောင်းခွဲခန့် နေ့စဉ် (၆/၁၂/၂၄) ဘီး မော်တော်ယာဉ်များ ဖြင့် ကုန်စည်စီးဆင်းခဲ့ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)

စလင်းမြို့နယ်၊ ပန်းတောကျေးရွာ၌ ပန်းမုန်လာစိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှ ဝန်ထမ်းများသည် (၂၆.၁၀.၂၀၂၂)ရက်နေ့၊ နံနက်(၁၁:၀၀)အချိန်တွင် ပန်းတောကျေးရွာ၌ တောင်သူ ဦးကျော်ကျော်အောင်နှင့်တွေ့ဆုံ၍ ပန်းမုန်လာစိုက်ပျိုးထွက်ရှိမှု ရောင်းဝယ်မှုအခြေအနေများအား ကွင်းဆင်းလေ့လာခဲ့ပါသည်။

    တောင်သူအနေဖြင့် နှစ်စဉ်ပန်းမုန်လာ (၃)ဧကခန့်စိုက်ပျိုးပြီး အောက်တိုဘာလဆန်းတွင် ပျိုးထောင်၍ (၃၅)ရက်သားတွင် စိုက်ပျိုးကာ ရက်ပေါင်း(၁၀၀-၁၁၀)ခန့်တွင် ခူးဆွတ်ရကြောင်း စိုက်ပျိုးရာတွင် ပင်ကြား၊ တန်းကြား စိုက်ပျိုး၍ တစ်ပင်နှင့် တစ်ပင်(၁၈)လက်မအကွာ စိုက်ပျိုးရကြောင်း၊ တစ်ပတ်လျှင် တစ်ကြိမ်ရေသွင်းကာ အနည်းဆုံး(၇)ကြိမ်ခန့် ရေသွင်းရ ပါကြောင်း၊ ကွန်ပေါင်းဓါတ်မြေဩဇာ၊ အပင်အားဆေး၊ ယူရီးယား၊ ပုလဲနှင့် ပျိုးသတ်ဆေးများ ဖျန်းရကြောင်း၊ မြေပြုပြင်ခြင်း၊ မျိုး၊ စိုက်ပျိုးခြင်း၊ သွင်းအားစုနှင့် လုပ်သားခများအပါအဝင် (၁)ဧကစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ် ကျပ်(၉)သိန်းကုန်ကျပြီး ကျပ်(၁၇)သိန်းခန့်ပြန်လည် ရရှိ၍ အကျိုးအမြတ်အနေဖြင့် ကျပ်(၈)သိန်းခန့် ရရှိကြောင်းသိရှိရပါသည်။

      ခူးဆွတ်ပြီး ပန်းမုန်လာထုပ်များမှာ အရွယ်အစားအလိုက် (၁)ထုပ်လျှင် ပျမ်းမျှ(၁)ပိဿာ ခန့်ရှိပြီး (၁)ထုပ်လျှင် ကျပ်(၃၀၀-၅၀၀)ခန့် ရောင်းချရကာ ပွဲစားမှ ကျေးရွာသို့အရောက်လာပြီး ဝယ်ယူကြသလို မြို့ပေါ်ပွဲရုံများနှင့် ကျောက်ပန်းတောင်း၊ ချောက်၊ မကွေး၊ မင်းဘူး၊ ပွင့်ဖြူမြို့များသို့ လည်း တင်ပို့ရောင်းချကြောင်း တောင်သူ ဦးကျော်ကျော်အောင်ထံမှ သိရှိရပါသည်။

စလင်းမြို့နယ်၊ ရွာသစ်ကျေးရွာ၌ ပဲယင်းစိုက်ပျိုးခြင်းဖြင့် ဝင်ငွေတိုးပွားရရှိ

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှ ဝန်ထမ်း များသည် (၂၁.၁၀.၂၀၂၂)ရက်နေ့၊နံနက် (၁၀:၀၀)နာရီ အချိန်တွင် သနပ်ကုန်းကျေးရွာအုပ်စု ရွာသစ်ကျေးရွာ၌ ဆောင်းသီးနှံပဲယင်းစိုက်ပျိုးထုတ်လုပ်သော တောင်သူဦးဆက်နိုင်နှင့် တွေ့ဆုံ၍ စိုက်ပျိုးထုတ်လုပ် ၊ရောင်းဝယ်မှုအခြေအနေများအား ကွင်းဆင်းလေ့လာခဲ့ပါသည်။

   ဆောင်းသီးနှံပဲယင်း(၂၀)ဧက စိုက်ပျိုးထားပါကြောင်း၊ ယခင်နှစ်က (၁၅)ဧကစိုက်ပျိုးခဲ့၍  အထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်းရရှိခဲ့ပါကြောင်း၊ ပဲယင်းသည် နှစ်စဉ် စက်တင်ဘာလတွင် စိုက်ပျိုးပြီး ဇန်နဝါရီလတွင် အပြီးရိတ်သိမ်းခူးဆွတ်ကြပါကြောင်း၊ သက်တမ်းမှာ(၁၂၅)ရက်ရှိပြီး အတန်း လိုက်နှင့် ပက်ကျဲစနစ်ဟူ၍ စိုက်ပျိုးကြပါကြောင်း၊ ယခင်နှစ်ကာလ ပဲယင်း(၁)ဧကလျှင် (၂၂)တင်းခန့် ထွက်ရှိ၍ မြေပြုပြင်စိုက်ပျိုးခြင်း၊ မျိုး၊ သွင်းအားစု၊ လုပ်အားခအပါအဝင် (၁)ဧက ကျပ်(၈)သိန်းခန့် ကုန်ကျပြီး သီးနှံပေါ်ချိန်တွင် (၁)တင်းကို ကျပ်(၅၀၀၀၀)ဖြင့် ရောင်းချရ၍ အကျိုး အမြတ်အနေဖြင့် (၁)ဧကလျှင်ကျပ်(၃)သိန်း ရရှိကြောင်း သိရှိရပါသည်။

    ထွက်ရှိလာသောပဲယင်းများကို မန္တလေးပွဲရုံသို့ သွားရောက်ရောင်းချပြီး သယ်ယူစရိတ် ပွဲခအပါအဝင် ပဲယင်း(၁)တင်းလျှင် ကျပ်(၁၅၀၀)ခန့်ကုန်ကျကြောင်း၊ ယခင်နှစ်ကပဲယင်းဈေးနှုန်းမှာ အနိမ့်ဈေးကျပ်(၅၀၀၀၀)နှင့်   အမြင့်ဈေးကျပ်(၇၀၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း တောင်သူ ဦးဆက်နိုင်ထံမှ သိရှိရပါသည်။

DOCA(မကွေး)

ကံမမြို့နယ်ကျေးရွာများမှ ထွက်ရှိသည့် ဆောင်းပဲတီစိမ်း၊ မတ်ပဲနှင့်ပဲကြီးဈေးနှုန်း‌ဈေးကွက် အခြေအနေ

      ကံမမြို့နယ်မြောက်ချောင်းဘက်ရှိ ရေနံသာကျေးရွာ၊ ဆုံကုန်းခြောက်ပင်၊ သံပရာ၊ ဥသျှစ်ကုန်း၊ မင်းတည်းစသည့်ကျေးရွာများမှ ထွက်ရှိသည့် ပဲမျိုးစုံသီးနှံများအနက် ဆောင်းသီးနှံ ပဲတီစိမ်းများ စတင်ပေါ်ထွက်လျက်ရှိပါသည်။ ပဲတီစိမ်း (၃၀)ပိဿာဝင် တစ်အိတ်လျှင် အောက်တိုဘာလ(တတိယ)ပတ်တွင် ကျပ်(၇၀၀၀၀) ရှိခဲ့ရာ ယခု(စတုတ္ထ)ပတ်တွင် (၃၀)ပိဿာဝင် တစ်အိတ်လျှင် ကျပ်(၆၇၀၀၀ မှ ၇၃၀၀၀)ထိဖြစ်ပြီး ပဲအရည်အသွေးပေါ်မူတည်၍ ဈေးနှုန်း အတက်ဖြင့် တစ်ပတ်လျှင် အိတ်(၅၀)ခန့်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရပါသည်။

     မတ်ပဲ(၃၀)ပိဿာဝင် တစ်အိတ်လျှင် ယခင်အပတ် ကျပ်(၉၀၀၀၀)၊ ယခုအပတ်တွင်လည်း ကျပ်(၉၀၀၀၀)ဖြင့် ဈေးငြိမ်နေပြီး ပဲကြီးမှာ(၃၀)ပိဿာဝင် တစ်အိတ်လျှင် ယခင်အပတ် ကျပ် (၁၀၅၀၀၀)၊ ယခုအပတ် ကျပ်(၁၂၀၀၀၀) ဖြစ်၍ ယခင်အပတ်ထက် ဈေးကျပ်(၅၀၀၀) ဈေးမြင့်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်သာကျေးရွာ ကုန်သည်တစ်ဦးထံမှ သိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့မဈေးကြီးအတွင်းရှိ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူနှင့် ဂျင်းတက်များ၏ ဈေးကွက်အခြေအနေ

    ပခုက္ကူမြို့မဈေး ဈေးကွက်သို့ စားဖိုဆောင်သီးနှံများဖြစ်သော ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူနှင့် ဂျင်းတက်များ ဝင်ရောက်လျက်အရောင်းအဝယ်ဖြစ်ကြောင်း၊ အောက်တိုဘာလ(တတိယ)ပတ်တွင် ခရမ်းချဉ်သီးများမှာ ကျောက်ပန်းတောင်းနှင့် ရှမ်းပြည်နယ်အောင်ပန်းမှ ကုန်ချိန်(၆၀၀၀)ခန့်ဝင်ရောက် လျက်ရှိပြီး ဈေးနှုန်းများအနေဖြင့် အရည်အသွေး၊ အရွယ်အစားကိုလိုက်၍ ကျပ်(၂၈၀၀/၂၇၀၀/၂၆၀၀) ဖြင့်အရောင်းအဝယ်ဖြစ်ပြီး ယခင်(ဒုတိယ)ပတ်တွင် ကျပ်(၂၆၀၀/၂၅၀၀/၂၄၀၀)ဈေးနှုန်းဖြစ်၍ ယခင်(၁) ပတ်ထက် ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

    အောက်တိုဘာလ (တတိယ)ပတ်အတွင်း ရှမ်းပြည်နယ်ထွက် ကြက်သွန်ဖြူ(ကြူကုတ်)များသာ ဝင်ရောက်အရောင်း အဝယ်ဖြစ်ပြီး ယောနယ်ဒေသထွက် ဗမာကြက်သွန်ဖြူများမှာ ဝင်ရောက်မှုမရှိဘဲ လက်ကျန် ကြက်သွန်ဖြူများသာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးနှုန်းများအနေဖြင့် ဗမာ ကြက်သွန်ဖြူများမှာ (၁)ပိဿာလျှင် ကျပ်(၄၅၀၀ မှ ၂၅၀၀)ထိ ဈေးနှုန်းအမျိုးမျိုးဖြင့် ရောင်းချ လျက်ရှိပြီး ကြက်သွန်ဖြူ (ကြူကုတ်)မျိုးများမှာ  ကျပ်(၃၇၀၀)ဈေးများဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သိရှိရပါသည်။

    ရှမ်းပြည်နယ်အောင်ပန်းမှ ဂျင်းတက်များလည်း ယခု(၁)ပတ်အတွင်း (၁)အိတ်လျှင် ပိဿာ (၃၀)ဝင်ဆန့် အိတ်(၄၀မှ၅၀)ခန့် ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးနှုန်းများအနေဖြင့် ယခု(၁)ပတ်အတွင်း ဂျင်းတက် (၁)ပိဿာလျှင်ကျပ်(၁၁၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခင် (၁)ပတ်တွင်မှု ကျပ်(၉၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်၍ ယခင်(၁)ပတ်ထက် ကျပ်(၂၀၀)ခန့် ဈေးနှုန်းမြင့်တက်နေကြောင်း မြို့မဈေးကြီး ဈေးကွက်အတွင်းမှ သိရှိရပါသည်။

DOCA(မကွေး)

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄၂၂၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ နှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံ လက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

         ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့မှ နိုဝင်ဘာလ ၇ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၄၂၂၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

        ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

                                                                             

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်းပြောင်းလဲမှု အခြေအနေ

         မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခု နှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိသည်။

မတ်ပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် အောက်တိုဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၅၆၀၀ ဖြစ်ခဲ့ပြီး ယခု နှစ်အောက်တိုဘာလ နောက်ဆုံးပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၈၅၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် တစ်သောင်းကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀၀မှ ၁၅၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။

ပဲစဉ်းငုံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် အောက်တိုဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၃၆၀၀၀ ဖြစ်ခဲ့ပြီး ယခု နှစ်အောက်တိုဘာလ နောက်ဆုံးပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၁၅၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် နှစ်သောင်းခွဲကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀၀မှ ၃၀၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ပဲတီစိမ်း

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် အောက်တိုဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၀၀၀၀ ဖြစ်ခဲ့ပြီး ယခု နှစ်အောက်တိုဘာလ နောက်ဆုံးပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ငါးထောင် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀၀မှ ၂၀၀ ခန့် အရောင်း အဝယ် ဖြစ်ကြောင်း သိရသည်။

ကုလားပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် အောက်တိုဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၁၆၀၀ ဖြစ်ခဲ့ပြီး ယခု နှစ်အောက်တိုဘာလ နောက်ဆုံးပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၄၅၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃၀၀မှ ၅၀၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။

စွန်တာနီ/ပြာ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် အောက်တိုဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၅၀၀၀ ဖြစ်ခဲ့ပြီး ယခု နှစ်အောက်တိုဘာလ နောက်ဆုံးပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၆၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်တစ်ထောင် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀၀မှ ၁၅၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။

ထောပတ်ပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် အောက်တိုဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၃၃၀၀ ဖြစ်ခဲ့ပြီး ယခု နှစ်အောက်တိုဘာလ နောက်ဆုံးပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၈၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ငါးထောင်ခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၇၀မှ ၁၀၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

အစေ့ထုတ်ပြောင်း

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် အောက်တိုဘာလတွင် ပြောင်းတစ်တင်းလျှင် ကျပ် ၁၁၃၀၀ ဖြစ်ခဲ့ပြီး ယခု နှစ်အောက်တိုဘာလ နောက်ဆုံးပတ်တွင် ပြောင်း တစ်တင်းလျှင် ကျပ် ၁၇၈၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ခြောက်ထောင်ငါးရာ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၈၀မှ ၁၅၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။

နှမ်းမျိုးစုံသီးနှံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် အောက်တိုဘာလတွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၆၀၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ်အောက်တိုဘာလ နောက်ဆုံးပတ်တွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၈၅၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၄၉၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ်အောက်တိုဘာလ နောက်ဆုံးပတ်တွင် နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၉၀၀၀၀၊ နှမ်းညို တစ်တင်းလျှင် ကျပ် ၄၁၆၀၀ ဖြစ်ခဲ့ပြီး ယခုနှစ်အောက်တိုဘာလ နောက်ဆုံးပတ်တွင် နှမ်းညို တစ်တင်းလျှင် ကျပ် ၇၆၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းမှ လေးသောင်းကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀၀မှ ၁၅၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း