ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကလေးမြို့နယ် ဆန်စက်အသင်းဥက္ကဌနှင့် တွေ့ဆုံ

( ၂၇.၁၀.၂၀၂၂ ) ရက်နေ့တွင် ကလေးမြို့နယ် ၊ မြို့သာရပ်ကွက်မှ ဆန်စက်အသင်း ဥက္ကဌဦးဆွေဝင်း ရွှေတော်ဝင်ဆန်စက်သို့ သွားရောက်၍ ကလေးခရိုင်ရုံးမှ ဒေါ်စန္ဒာမွန် (ဒု-ဉီးစီးမှူး) ဒေါ်ဇင်မိုးဝါ(ကြီး/ရေး) တို့တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးရာ ၁၀/၂၀၂၂လ အတွင်းတွင် စပါးကြိတ်ခွဲမှုအနေဖြင့် ဆန်စက်တစ်ချို့ တစ်ဝက်သာ ကြိတ်ခွဲနိုင်ပြီး ဆန်ရောင်းဝယ်မှုများ အနေဖြင့်လည်း အခြားဒေသများသို့ ရောင်းချရမှုများမရှိဘဲ ဒေသတွင်းစားဆန်များသာ ရောင်းချရလျှက်ရှိပါကြောင်း၊ စပါးဈေးဆန်ဈေးနှုန်းများမှာ ယခုလအတွင်းတွင် ဈေးနှုန်းတည်ငြိမ်လျှက်ရှိပါ ကြောင်း၊ ယခင်နှစ် ( ၁၀/၂၀၂၁ ) လတွင် ဧည့်စပါး ( ၁၆ ) ပြည်တစ်တင်းလျှင် ( ၈၉၀၀)ကျပ်၊ ငစိန်စပါး ( ၁၆ ) ပြည်တစ်တင်းလျှင် ( ၇၈၀၀ ) ကျပ်၊ ဧရာမင်းစပါး ( ၁၆ ) ပြည်တစ်တင်းလျှင် (၁၀၀၀၀) ကျပ်၊ ဧည့်ဆန်( ၂၄ ) ပြည်တစ်အိတ်လျှင် ( ၃၀၀၀၀ ) ကျပ်၊ ငစိန်ဆန် ( ၂၄ ) ပြည်တစ်အိတ်လျှင် ( ၂၈၀၀၀ ) ကျပ်၊ ဧရာမင်းဆန် ( ၂၄ ) ပြည်တစ်အိတ်လျှင် ( ၃၉၀၀၀ ) ကျပ် ပေါက်ဈေးနှုန်းသာရှိခဲ့ပြီး ယခုနှစ်တွင် စပါး၊ဆန်ပေါက်ဈေးနှုန်းများအနေဖြင့် ဧည့်စပါး ( ၁၆ ) ပြည်တစ်တင်းလျှင် ( ၁၀၅၀၀ ) ကျပ်၊ ငစိန်စပါး ( ၁၆ ) ပြည်တစ်တင်းလျှင် (၉၅၀၀) ကျပ်၊ ဧရာမင်းစပါး ( ၁၆ ) ပြည်တစ်တင်းလျှင် ( ၁၃၅၀၀ ) ကျပ်၊ ဆန်ဈေးနှုန်းများမှာ ဧည့်ဆန် ( ၂၄ ) ပြည်တစ်အိတ်လျှင် ( ၄၄၀၀၀ ) ကျပ်၊ ငစိန်ဆန် ( ၂၄ ) ပြည်တစ်အိတ်လျှင် (၄၀၀၀၀) ကျပ်၊ ဧရာမင်းဆန် ( ၂၄ ) ပြည်တစ်အိတ်လျှင် (၅၅၀၀၀) ကျပ် ပေါက်ဈေးနှုန်းများရှိပြီး ယခင်နှစ်နှင့် ယခုနှစ်နှိုင်းယှဉ်ပါက စပါးဈေးနှုန်း၊ ဆန်ဈေးနှုန်းများ ဈေးနှုန်းကွာဟမှုများရှိပါကြောင်း ယခင်နှစ်များက ချင်းတောင်ဒေသ၊ မုံရွာ၊ မန္တလေးမြို့များသို့ ဆန်တင်ပို့မှုများရှိခဲ့သော်လည်း ယခုနှစ်လမ်းအခြေအနေများကြောင့် တင်ပို့ရမှုများမရှိပါကြောင်း ဆန်စက်အသင်းဥက္ကဌ ဦးဆွေဝင်းထံမှသိရှိရပါသည်။
DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးတွင် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်း တည်ငြိမ်လျှက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယခင်အပတ်တွင် ဓာတ်မြေသြဇာအမျိုးအစားများဖြစ်သည့် ပုလဲဓာတ်မြေဩဇာ(ရွှေတောင်) (50Kg)တစ်အိတ် (၁၃၀၀၀၀)ကျပ်၊ တီစူပါ၄၆% (သံကွင်း(တရုတ်)) (50Kg)တစ်အိတ် (၉၅၀၀၀)ကျပ်၊ ကျွဲနက် (၁၅း၁၅း၁၅) (50Kg)တစ်အိတ် (၁၅၀၀၀၀)ကျပ်၊ နိုက်ထိုဖောစကာ (သြဘာ) (50Kg)တစ်အိတ် (၁၆၀၀၀၀)၊ ပန်းဖူး(မြန်မာ့သြဘာ) (50Kg)တစ်အိတ် (၁၂၀၀၀၀)ကျပ်၊ MC(ကွန်ပေါင်း) (50Kg)တစ်အိတ် (၁၄၂၀၀၀)ကျပ်၊ ဇာမဏီ(ကွန်ပေါင်း) (50Kg)တစ်အိတ် (၇၇၀၀၀) ကျပ်ဖြင့်အရောင်း အဝယ်ရှိခဲ့ပြီး၊ ပိုးသတ်ဆေးအမျိုးအစားများဖြစ်သည့် ဆိုင်ကလုံး (မြန်မာ့သြဘာ) (500 CC)တစ်ဗူး (၅၅၀၀)ကျပ် ၊ တင်းရှန့် (Aventine) (500 CC)တစ်ဗူး (၅၅၀၀)ကျပ် ၊ မိုရယ်မုန် (သြဘာ) (500 CC)တစ်ဗူး (၂၀၅၀၀)ကျပ်၊ အစီဖိတ်(သြဘာ) (500g) တစ်ဗူး (၂၀၀၀၀)၊ ရွှေတောနစ် (မြင်းကြား) (500 CC)တစ်ဗူး (၁၂၂၀၀) ကျပ်၊ ဖို့စတင်း (သြဘာ) (1 liter) တစ်ဗူး (၃၂၀၀၀) ကျပ်ဖြင့်အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရှိရသည်။
ယခုအပတ်တွင် ဓာတ်မြေသြဇာအမျိုးအစားများဖြစ်သည့် ပုလဲဓာတ်မြေဩဇာ (ရွှေတောင်) (50Kg)တစ်အိတ် (၁၃၀၀၀၀)ကျပ်၊ တီစူပါ၄၆% (သံကွင်း(တရုတ်)) (50Kg)တစ်အိတ် (၉၅၀၀၀)ကျပ်၊ ကျွဲနက် ၁၅း၁၅း၁၅ (50Kg)တစ်အိတ် (၁၅၀၀၀၀)ကျပ်၊ နိုက်ထိုဖောစကာ (သြဘာ) (50Kg)တစ်အိတ်(၁၆၃၀၀၀)၊ ပန်းဖူး (မြန်မာ့သြဘာ) (50Kg)တစ်အိတ် (၁၂၀၀၀၀)ကျပ်၊ MC(ကွန်ပေါင်း) (50Kg)တစ်အိတ်(၁၄၂၀၀၀)ကျပ်၊ ဇာမဏီ( ကွန်ပေါင်း) (50Kg)တစ်အိတ် (၇၇၀၀၀)ကျပ် ဖြင့်အရောင်းအဝယ် ရှိခဲ့ပြီး၊ ပိုးသတ်ဆေး အမျိုးအစားများဖြစ် သည့် ဆိုင်ကလုံး (မြန်မာ့သြဘာ) (500 CC)တစ်ဗူး (၅၅၀၀)ကျပ် ၊ တင်းရှန့် (Aventine) (500 CC)တစ်ဗူး (၅၅၀၀)ကျပ်၊ မိုရယ်မုန် (သြဘာ) (500 CC)တစ်ဗူး (၂၂၅၀၀)ကျပ်၊ အစီဖိတ်(သြဘာ) (500g) တစ်ဗူး(၂၀၀၀၀)ကျပ်၊ ရွှေတောနစ် (မြင်းကြား) (500 CC) တစ်ဗူး (၁၂၀၀၀) ကျပ်၊ ဖို့စတင်း(သြဘာ) (1 liter)တစ်ဗူး (၃၂၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည့်အတွက် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ အတက်၊ အကျ အနည်းငယ်သာရှိပြီး ဈေးနှုန်းတည်ငြိမ်လျှက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)

ကသာမြို့တွင်း ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

၂၀၂၂-ခုနှစ် အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ကသာမြို့နယ်၊ သီရိခေမာဈေးအတွင်း ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်ပစ္စည်းများမှာ ဧရာမင်းဆန်တစ်ပြည်(၂၆၀၀)ကျပ်၊ မှော်ဘီဆန်တစ်ပြည် (၂၀၀၀)ကျပ်နှင့် ချင်း-၃ဆန်တစ်ပြည် (၁၈၀၀)ကျပ်၊ စားသုံးဆီဈေးနှုန်းမှာ မြေပဲ ဆီတစ်ပိဿာ (၁၃၀၀၀)ကျပ်နှင့် စားအုန်းဆီတစ်ပိဿာ(၉၀၀၀)ကျပ် ရှိကြောင်း သိရသည်။
စားဖိုဆောင်သီးနှံ လက်လီဈေးနှုန်းများမှာ ကြက်သွန်နီ(ကြီး) တစ်ပိဿာ (၄၂၀၀)ကျပ်၊ (လတ်) (၄၀၀၀)ကျပ်နှင့် (သေး)တစ်ပိဿာ(၃၇၀၀)ကျပ်၊ ကြက်သွန်ဖြူ(ကြီး) တစ်ပိဿာ(၅၀၀၀)ကျပ်၊ (သေး) တစ်ပိဿာ(၃၈၀၀)ကျပ်၊ အာလူးတစ်ပိဿာ(၂၈၀၀)ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာ(၄၀၀၀)ကျပ်၊ ကုလားပဲတစ်ပိဿာ(၅၂၀၀)ကျပ်၊ ပဲနီလေးတစ်ပိဿာ(၇၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။ အသား /ငါး ဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာ (၁၀၀၀၀)ကျပ်၊ ဝက်သားတစ်ပိသာ (၁၆၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာ(၁၅၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာ (၂၄၀၀၀)ကျပ်နှင့် ငါးကြင်းတစ်ပိဿာ (၇၀၀၀)ကျပ်ရှိပြီး ကသာမြို့ဈေးအတွင်း ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ မှာ အောက်တိုဘာလတတိယပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ကြည့်ပါက နောက်ဆုံးပတ်၌ ဈေးနှုန်းအတက်/ အကျဘဲ တည်ငြိမ်လျက်ရှိကြောင်း သိရှိရသည်။
DOCA(စစ်ကိုင်း)

တမူးမြို့တွင် ဆန်စက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ မြို့မ ( ၂ ) ရပ်ကွက်ရှိ ဆန်စက်လုပ်ငန်းရှင် ဦးဇော်မျိုးထိုက်နှင့် တမူးမြို့နယ်တာဝန်ခံ ဦးစွမ်းရည်မှ ဦးဆောင်၍ ( ၂၈.၁၀.၂၀၂၂ ) ရက်နေ့တွင် သွားရောက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ယခုအခါတွင် ချင်းသုခ၊ ချင်း - ၃ စပါးများ အသစ်ပေါ် နေပြီဖြစ်ပြီး ချင်းသုခစပါး တစ်တင်းလျှင် ( ၆၀၀၀ ) ကျပ်၊ ချင်း - ၃ စပါး တစ်တင်းလျှင် ( ၇၀၀၀ ) ကျပ် ပေါက်ဈေးနှုန်းများရှိပြီး၊ ဆန်ဟောင်းဈေးနှုန်းများအနေဖြင့် ဧရာမင်းဆန် ( ၂၄ ) ပြည် တစ်အိတ်လျှင် ( ၅၅၀၀၀ ) ကျပ်၊ ချင်း - ၃ဆန် ( ၂၄ ) ပြည် တစ်အိတ်လျှင် ( ၃၈၀၀၀ ) ကျပ်၊ ချင်းသုခ ( ၂၄ ) ပြည် တစ်အိတ်လျှင် ( ၄၀၀၀၀ ) ကျပ် ပေါက်ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း မေးမြန်းသိရှိရပါသည်။
DOCA(စစ်ကိုင်း)

ကလေးမြို့ပေါ်၏ အခြေခံစားသောက်ကုန်ဈေးနှုန်းများ

ကလေးမြို့ပေါ်တွင် အောက်တိုဘာလအတွင်း၌ ဈေးနှုန်းများမှာ ဧည့်မထစပါး ( ၁ ) တင်းလျှင် ( ၁၀၅၀၀ ) ကျပ်၊ ငစိန်စပါး ( ၁ ) တင်းလျှင် ( ၉၅၀၀ ) ကျပ်၊ ဧရာမင်းစပါး ( ၁ ) တင်းလျှင် ( ၁၃၅၀၀ ) ကျပ်၊ ဧည့်မထဆန် ( ၂၄ ) ပြည် ( ၁ ) အိတ်လျှင် ( ၄၄၀၀၀ ) ကျပ်၊ ငစိန်ဆန် ( ၂၄ ) ပြည် ( ၁ ) အိတ်လျှင် ( ၄၀၀၀၀ ) ကျပ်၊ ဧရာမင်းဆန် ( ၂၄ ) ပြည် ( ၁ ) အိတ်လျှင် ( ၅၅၀၀၀ ) ကျပ်၊ ပဲဆီ ( ၁ ) ပိဿာလျှင် ( ၁၂၀၀၀ ) ကျပ်၊ နှမ်းဆီ ( ၁ ) ပိဿာလျှင် ( ၁၀၀၀၀ ) ကျပ်၊ နေကြာဆီ ( ၁ ) ပိဿာလျှင် ( ၁၁၀၀၀ ) ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် ( ၈၅၀၀ ) ကျပ်၊ ကြက်သွန်နီ ( ဒေသထွက် ) တစ်ပိဿာလျှင် ( ၄၂၀၀ ) ကျပ်၊ ကြက်သွန်နီ ( မုံရွာ ) တစ်ပိဿာလျှင် ( ၄၂၀၀ ) ကျပ်၊ ကြက်သွန်ဖြူ ( ရှမ်း ) တစ်ပိဿာလျှင် ( ၄၀၀၀ ) ကျပ်၊ ကြက်သွန်ဖြူ ( ကြူကုတ် ) တစ်ပိဿာလျှင် ( ၆၀၀၀ ) ကျပ်၊ ဂျင်းတက် တစ်ပိဿာလျှင် ( ၁၈၀၀ ) ကျပ်၊ ဆားတစ်ပိဿာလျှင် ( ၇၀၀ ) ကျပ်၊ ကုလားပဲ တစ်ပိဿာလျှင် ( ၅၅၀၀ ) ကျပ်၊ ငရုတ်ခြောက်ရှည် တစ်ပိဿာလျှင် ( ၂၂၀၀၀ ) ကျပ်၊ ငရုတ်ခြောက်ပု တစ်ပိဿာလျှင် ( ၂၅၀၀၀ ) ကျပ်၊ အာလူး တစ်ပိဿာလျှင် ( ၃၀၀၀ ) ကျပ်၊ မန်ကျည်းသီး ( အစေ့လွတ် ) တစ်ပိဿာလျှင် ( ၆၀၀၀ ) ကျပ်၊ ကြက်သား တစ်ပိဿာလျှင် ( ၁၁၀၀၀ ) ကျပ်၊ ဝက်သား တစ်ပိဿာလျှင် ( ၁၄၀၀၀ ) ကျပ်၊ အမဲသား တစ်ပိဿာလျှင် ( ၁၅၀၀၀ ) ကျပ်၊ ဆိတ်သား တစ်ပိဿာလျှင် ( ၂၄၀၀၀ ) ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် ( ၁၂၀၀၀ ) ကျပ် ပေါက်ဈေးနှုန်းများဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိပါသည်။
ယခုလအတွင်းတွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ထူးခြားမြှင့်တက်မှုများ မရှိဘဲ ဈေးနှုန်းတည်ငြိမ်လျက်ရှိပါကြောင်းနှင့် ယခင်လနှင့် ယခုလ နှိုင်းယှဉ်မည်ဆိုပါက နှမ်းဆီ တစ်ပိဿာလျှင် ( ၁၀၀၀ ) ကျပ်၊ ငရုတ်ခြောက်(ရှည်) တစ်ပိဿာလျှင် ( ၆၀၀၀ ) ကျပ်၊ ငရုတ်ခြောက်(ပု) တစ်ပိဿာလျှင် ( ၃၀၀၀ ) ကျပ် ဈေးနှုန်းများဖြင့် အနည်းငယ်ဈေးနှုန်း မြှင့်တက်ခဲ့ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါသည်။
DOCA(စစ်ကိုင်း)

ဟုမ္မလင်းမြို့နယ်သို့ ကုန်သွယ်စီးဝင်မှုအခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်မှာ အထက်ချင်းတွင်းမှာတည်ရှိပြီး ဆက်သွယ်ရေးလမ်းကြောင်းမှာ ချင်းတွင်းတစ်လျောက် မုံရွာ-မင်းကင်း-ကလေးဝ-ဟုမ္မလင်း - ခန္တီး ထိ ရေလမ်းခရီးသာ အသုံးပြုခဲ့ရပါတယ်။ ကုန်လမ်းအနေဖြင့် ပွင့်လင်းရာသီဖြစ်သော အချိန်မှသာ ပေါက်ရောက်ပြီး မုံရွာ - ဘုတလင် - ရေဦး မှတဆင့် တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာမှ မဟာမြိုင်လမ်းမှသာ သွားလာခဲ့ရပါတယ်။ ယခုအခါတွင် လေကြောင်းလိုင်းများဖြင့် ဟုမ္မလင်းမြို့မှ မုံရွာမြို့နှင့် မန္တလေးမြို့များသို့ တိုက်ရိုက်ပျံသန်းကာ ခရီးသွားလာမှုများအနေဖြင့် ပိုမိုကောင်းမွန်လာခဲ့ပါသည်။ ဟုမ္မလင်းမြို့အနေဖြင့် စပါးစိုက်ပျိုးမှုမှာ ဒေသတွင်း ဖူလုံမှုရှိသော်လည်း ခန္တီး၊ လေရှီး၊ လဟယ်ဒေသအထိ စားသုံးရန် ဖြန့်ဖြူးနိုင်မှုမရှိပါ။ အဆိုပါဒေသ များသို့ စားသုံးဆန်များကို ပွင့်လင်းရာသီတွင် တင်ပို့ခဲ့ကြရပြီး ကုန်လမ်း/ရေလမ်း ( ၂ ) မျိုး အသုံးပြု ၍ ဆောင်ရွက်ကြရပါသည်။
အောက်တိုဘာလ နောက်ဆုံးပတ်တွင် ဟုမ္မလင်းမြို့နယ် ဆန်စျေးကွက်အခြေအနေဖြင့် ပေါ်ဆန်းမွှေးဆန် ( ၂၄ ) ပြည် တစ်အိတ်လျှင် ( ၁၀၀၀၀၀ ) ကျပ်၊ လုံးသွယ်မွှေး ( ၂၄ ) ပြည်တစ်အိတ်လျှင် ( ၈၃၀၀၀ ) ကျပ်၊ ဧရာမင်းဆန် ( ၂၄ ) ပြည်တစ်အိတ်လျှင် ( ၈၅၀၀၀ ) ကျပ်၊ မန်းဧရာ ( ၂၄ ) ပြည်တစ်အိတ်လျှင် ( ၆၀၀၀၀ ) ကျပ်၊ ရွှေသွယ်( ၂၄ ) ပြည်တစ်အိတ်လျှင် ( ၅၉၀၀၀ ) ကျပ် ပေါက်ဈေးနှုန်းများဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း လေ့လာသိရှိရပါသည်။
DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ အောက်တိုဘာလ ‌နောက်ဆုံးပတ်တွင် စပါး /ဆန် ဈေးနှုန်းမှာ တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ အောက်တိုဘာလ တတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၃၄၅၀၀ ၊ မန္တလေးသို့ အိတ်ရေ၄၆၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၂၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၉၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၁၁၃၀၀၀၊ တန်အားဖြင့် ၅၆၅၀တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြား တိုင်းဒေသ ကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၇၀၀၀၊ မန္တလေးသို့ အိတ်ရေ ၄၇၆၀၀၊ နေပြည်တော်သို့ အိတ်ရေ၁၂၀၀၀ ၊ ရှမ်း(တောင်)သို့ အိတ်ရေ၉၅၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၉၅၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀ ၊ စုစုပေါင်းအိတ်ရေ ၁၁၆၆၀၀ ၊ တန်အားဖြင့် ၅၈၃၀တန် စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျင် ယခုအပတ်အတွင်း အိတ်ရေ ၃၆၀၀၊ တန်အားဖြင့် ၁၈၀တန် ပို၍ စီးထွက်ခဲ့ပါသည်။
ရွှေဘိုမြို့၏ အောက်တိုဘာလ နောက်ဆုံးပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ်၂၃၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၅၀၀၀၊ ဧရာမင်းစပါး တင်း၁၀၀လျင် ကျပ်၁၄၅၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ် ၆၅၀၀၀၊ ၂၀၂၁-၂၀၂၂ခုနှစ်ထွက် နွေစပါး ရွှေဝါထွန်းစပါး တင်း၁၀၀လျှင် ကျပ် ၁၁၀၀၀၀၀၊ ‌ရွှေဝါထွန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၄၃၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)

မကွေးမြို့၊မြို့မဈေး၌ ‌ရောင်းချနေသော ကုန်စျေးနှုန်းအခြေအနေ

     အောက်တိုဘာလ စတုတ္ထပတ်အတွင်း မကွေးမြို့၊ မြို့မစျေးတွင် ရောင်းချနေသော ကြက်သွန်နီ လက်လီစျေးမှာ (ကြီး)(၁)ပိဿာလျှင် ကျပ်(၄၂၀၀)၊ (လတ်)(၁)ပိဿာလျှင် ကျပ်(၃၈၀၀)၊ (သေး) (၁)ပိဿာလျှင် ကျပ်(၃၆၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ကြက်သွန်ဖြူလက်လီစျေးမှာ (ဗမာ) (၁)ပိဿာလျှင် ကျပ်(၄၀၀၀မှ၅၀၀၀)နှင့် (ရှမ်း)ကြက်သွန်ဖြူ (ကြူကုတ်) (၁)ပိဿာလျှင် ကျပ်(၄၈၀၀) ဖြင့် ရောင်းချကြကြောင်း သိရပါသည်။

    ဂျင်း(၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ ငရုတ်သီးခြောက် (၁)ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ အာလူး (၁)ပိဿာလျှင်ကျပ်(၂၅၀၀မှ၃၀၀၀)၊ ဆား(ချော) (၁)ပိဿာလျှင် ကျပ်(၁၂၀၀)၊ ဆား(ကြမ်း) (၁)ပိဿာလျှင် ကျပ်(၅၀၀)၊ နနွင်းမှုန့် (၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ ငါးပိ (၁)ပိဿာလျှင် ကျပ်(၃၀၀၀မှ ၈၀၀၀)အထိ၊ ခရမ်းချဉ်သီး (၁)ပိဿာလျှင် ကျပ်(၂၅၀၀မှ ၂၈၀၀)၊ ဂေါ်တခါးသီး (၁)လုံး ကျပ်(၂၀၀မှ ၃၀၀)နှင့် သံပုရာသီး(၁)လုံး ကျပ်(၁၀၀မှ ၁၅၀)ဖြင့် အသီးသီးရောင်းချလျှက်ရှိပြီး ပဲဆီစျေးနှုန်းမှာ (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ နှမ်းဆီ (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ စားအုန်းဆီ (၁)ပိဿာလျှင် ကျပ်(၈၅၀၀)ရှိပြီး ပုံမှန်အရောင်းအဝယ်ဖြစ်လျှက် ရှိပါသည်။

DOCA(မကွေး)

မကွေးမြို့မစျေးအတွင်းရှိ ပုဇွန်ခြောက်၊ ငါးခြောက် စျေးကွက် အခြေအနေ

    မကွေးမြို့၊ မြို့မစျေး၌  ရောင်းချနေသော ပုဇွန်ခြောက်၊ ငါးခြောက်များမှာ ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်ကြောင်းသိရပါသည်။ ပုဇွန်၊ ငါးခြောက်စျေးနှုန်းများမှာ ဝင်ရောက်သည့် ဒေသအ‌ပေါ်မူတည်၍လည်းကောင်း၊ အရည်အသွေးကိုလိုက်၍လည်းကောင်း ကွာခြားလျက်ရှိပါသည်။

      ပုဇွန်ခြောက် (၁)ပိဿာလျှင် ကျပ်(၇၀၀၀၀)မှ ကျပ်(၈၀၀၀၀)အတွင်း၊ ငါးရံ့ခြောက် (၁)ပိဿာ လျှင် ကျပ်(၅၅၀၀၀မှ ၆၀၀၀၀)အတွင်း ၊ ငါးပုတ်လုံးခြောက်(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀မှ ၁၆၀၀၀ိ) အတွင်း ၊ ရွှေဒင်္ဂါးခြောက် (၁)ပိဿာလျှင် ကျပ်(၁၄၀၀၀မှ ၁၆၀၀၀)အတွင်း အာပြဲခြောက်(၁)ပိဿာလျှင် ကျပ်(၂၂၀၀၀မှ ၂၄၀၀၀)အတွင်း၊ ငါးကျည်းခြောက်(၁)ပိဿာလျှင် ကျပ်(၃၀၀၀၀မှ ၃၂၀၀၀)အတွင်း၊ ငါးဖန့်ဝိုင်း(ငါးပိကောင်) (၁)ပိဿာလျှင် ကျပ်(၁၄၀၀၀မှ ၁၆၀၀၀)အတွင်းရှိကြောင်း စျေးကွက်အတွင်း ကွင်းဆင်းစုံစမ်းမေးမြန်းမှုအရ သိရပါသည်။

DOCA(မကွေး)

မကွေးကုန်စည်ဒိုင်ရှိ ပဲမျိုးစုံစျေးကွက်အခြေအနေ

     အောက်တိုဘာလ တတိယအပတ်တွင် မကွေးကုန်စည်ဒိုင်၌ ကုလားပဲကြီး (929)(၁၉)ပိဿာ (၁) တင်းလျှင် ကျပ်(၆၀၇၀၀)၊ ကုလားပဲ (HL)(၁၉)ပိဿာ (၁)တင်းလျှင် ကျပ်(၆၀၀၀၀)၊ ကုလားပဲလုံးသေး (၁၉)ပိဿာ (၁)တင်းလျှင် ကျပ်(၅၉၀၀၀)၊ ပဲကြီးဖြူ (၁၉)ပိဿာ (၁)တင်းလျှင် ကျပ်(၇၇၀၀၀)၊ ပဲလွန်းဝါ (၁၉)ပိဿာ (၁)တင်းလျှင် ကျပ်(၄၅၅၀၀)တို့ဖြင့် စျေးနှုန်းမြင့်တက်လာပြီး ကျန်ပဲများဖြစ်သော ပဲတီစိမ်း၊ ပဲထောပတ်၊ ပဲကြီးမဲ၊ စားတော်ပဲ၊ မတ်ပဲနှင့် ပဲစဉ်းငုံတို့သည် စျေးနှုန်းတည်ငြိမ်လျှက်ရှိကြောင်း သိရသည်။

     အောက်တိုဘာလ တတိယအပတ်တွင် ကုလားပဲသည်  (၃၂၂၅)တင်းခန့် ၊ ပဲတီစိမ်းသည် (၁၆၁၀၀)တင်းခန့်၊ ပဲကြီးဖြူသည် (၆၂၄၅)တင်းခန့်၊ မတ်ပဲသည် (၆၃)တင်းခန့်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း