ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

       ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် အောက်တိုဘာလ (၁၉) ရက်နေ့မှ အောက်တိုဘာလ (၂၅) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ တောင်ကြီး မှ ထောပတ်သီး အလုံးကြီး သေတ္တာ အလုံး ၃၅ လုံး နှင့် ၄၀ လုံးပါ ကျပ် ၁၂၀၀၀၊ အလုံးလတ် အလုံး ၄၅ လုံး နှင့် ၅၀ လုံးပါ ကျပ် ၁၀၀၀၀၊ အလုံးသေး အလုံး ၆၀ လုံး နှင့် ၆၅ လုံး ပါကျပ် ၈၀၀၀၊ ချောင်းဦး မှ ဖရဲသီး (855) အလုံး ကြီး ကျပ် ၅၅၀၀ ၊ အလုံးလတ် ကျပ် ၄၅၀၀ ၊ အလုံးသေး ကျပ် ၃၅၀၀ ၊ ချောင်းဦး မှ ဖရဲသီး (211) အလုံးကြီး ကျပ် ၃၅၀၀ မှ ၂၅၀၀၊ အလုံးလတ် ကျပ် ၂၀၀၀ မှ ၁၅၀၀ ၊ အလုံးသေး ကျပ် ၁၃၀၀ မှ ၁၀၀၀ ၊ ပြင်ဦးလွင် မှ နဂါးမောက်သီး (အနီ) အလုံးကြီး တစ်ဖာ ၁၈ လုံးပါ ကျပ် ၁၈၀၀၀၊ အလုံးလတ် ၂၀ လုံးပါ ကျပ် ၁၆၀၀၀၊ အလုံးသေး ၂၄ လုံးပါ ကျပ် ၁၄၀၀၀၊ ၃၀ လုံးပါ ကျပ် ၁၂၀၀၀၊ တိုက်ကြီး မှ ကျွဲကောသီး (အဖြူ) အလုံးကြီး ကျပ် ၁၅၀၀၊ အလုံးလတ် ကျပ် ၁၀၀၀၊ အလုံးသေး ကျပ် ၅၀၀၊ အောင်ပန်း မှ လိမ္မော်သီး တစ်ပိဿာ အလုံးကြီး ကျပ် ၃၅၀၀၊ အလုံးလတ် ကျပ် ၂၅၀၀၊ အလုံးသေး ကျပ် ၁၈၀၀ ၊ ဟင်္သာတ မှ ကန်စွန်းဥ တစ်ပိဿာ အလုံးကြီး ကျပ် ၁၄၀၀၊ အလုံးလတ် ကျပ် ၁၁၀၀၊ တိုက်ကြီး မှ  ပီလောပီနံ တစ်ပိဿာ အလုံးကြီး ကျပ် ၈၀၀၊ အလုံးလတ် ကျပ် ၅၀၀၊ အလုံးသေး ကျပ် ၃၀၀ ၊ မှော်ဘီ၊ တိုက်ကြီး မှ မာလကာသီး (ကီလို) အလုံးကြီး ကျပ် ၆၀၀ မှ ၅၀၀၊ အလုံးလတ် ကျပ် ၄၀၀ ၊ အလုံးသေး ၃၀၀ မှ ၂၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်း (MFVP) မှသိရှိရပါသည်။

DOCA(ရန်ကုန်)

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

           စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ရွှေဘိုခရိုင်နှင့်ကလေးခရိုင်၊ ကသာခရိုင်နှင့် ကန့်ဘလူခရိုင်တို့တွင် အောက်တိုဘာလ(နောက်ဆုံး)ပတ်၌ စပါး/ဆန်ဈေးနှုန်းများမှာ ဈေးအေးနေခဲ့ပါသည်။

         စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အောက်တိုဘာလ(နောက်ဆုံး)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်း(စပါး) တင်း၁၀၀လျှင် ကျပ်(၂၃၀၀၀၀၀)၊ ပေါ်ဆန်း (ဆန်) ၂၄  ပြည်ပါ တစ်အိတ်လျှင်ကျပ်  ၈၅၀၀၀၊ ဧရာမင်း(စပါး)တင်း ၁၀၀လျှင် ၁၄၅၀၀၀၀၊ ဧရာမင်း(ဆန်) ၂၄ ပြည်ပါ တစ်အိတ် ကျပ် ၆၅၀၀၀၊ ရေဦးမြို့မှ ပေါ်ဆန်း (စပါး) တင်း ၁၀၀လျှင် ကျပ် ၂၃၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ်လျှင်ကျပ် ၈၀၀၀၀၊  ဧရာမင်း (စပါး) တင်း၁၀၀ လျှင် ၁၃၀၀၀၀၀၊ ဧရာမင်း (ဆန်)၂၄ ပြည် ပါ တစ်အိတ်  ၅၈၀၀၀ ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

          ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း၁၀၀ လျှင် ၁၀၅၀၀၀၀၊ ဧည့်မထ(ဆန်)‌ ၂၄ ပြည်ပါ တစ်အိတ်မှာ ကျပ် ၄၄၀၀၀၊ ငစိန်(စပါး) တင်း ၁၀၀ လျှင် ၉၅၀၀၀၀ ၊ ငစိန်(ဆန်)၂၄ပြည်ပါ တစ် အိတ်မှာ ၄၀၀၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၃၅၀၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ် မှာကျပ် ၅၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

          ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး) တင်း ၁၀၀လျှင် ကျပ်၉၅၀၀၀၀၊ မှော်ဘီ(၂) ဆန် ၂၄ပြည် တစ်အိတ် လျှင် ကျပ် ၄၅၀၀၀၊ ဆင်းဧကရီ(၃)(စပါး) တင်း၁၀၀ လျှင် ကျပ် ၈၈၀၀၀၀၊ ဆင်းဧကရီ-၃ဆန် ၂၄ပြည်တစ်အိတ်မှာကျပ် ၄၀၀၀၀၊ ဧရာမင်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၁၄၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ ပြည်ဆန်တစ်အိတ်လျှင် ကျပ် ၅၉၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

         မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၄၀၀၀၀၀၊  ဧရာမင်း(ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၆၃၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၁၉၀၀၀၀၀၊ ပေါ်ဆန်း(ဆန်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၈၈၀၀၀၊ မနောသုခ (စပါး)တင်း ၁၀၀လျှင် ကျပ် ၁၂၀၀၀၀၀၊ မနောသုခ(ဆန်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ်၄၆၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

           ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၁၈၀၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၅၂၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၂၀၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၆၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

        စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ အောက်တိုဘာလ (တတိယ)ပတ်တွင် စစ်ကိုင်း တိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၅၀၀၀၊ မန္တလေး သို့ အိတ်ရေ ၆၁၁၀၀၊ မကွေး သို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၂၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၉၅၀၀၊ ရှမ်း (မြောက်)သို့အိတ်ရေ ၉၅၀၀၊ စုစုပေါင်းအိတ်ရေ (၁၃၈၁၀၀)အိတ်၊ တန်အားဖြင့် (၆၉၀၅)စီးထွက်ခဲ့ပြီး၊ ယခု အောက်တိုဘာလ(နောက်ဆုံး)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၄၅၀၀၊ မန္တလေး သို့ အိတ်ရေ ၅၀၂၀၀၊ မကွေး သို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၂၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း (မြောက်)သို့အိတ်ရေ ၉၅၀၀၊ စုစုပေါင်းအိတ်ရေ (၁၁၇၂၀၀)အိတ်၊ တန်အားဖြင့် (၅၈၆၀) စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၂၀၉၀၀) တန်အားဖြင့် (၁၀၄၅) လျော့နည်း စီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။      

DOCA(စစ်ကိုင်း)       

 

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

       အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ အောက်တိုဘာလ (၂၀)ရက်နေ့မှ အောက်တိုဘာလ(၂၅)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံး ဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီး ထိုင်ဝမ် (ပိဿာ)ကျပ် ၁၈၀၀ မှ ၂၆၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၅၀၀ မှ ၁၈၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၅၀၀ မှ ၁၅၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၂၂၀၀ မှ ၂၃၀၀ အတွင်း၊ မုန့်လာဉနီ(ပိဿာ) ကျပ် ၁၃၀၀ မှ ၂၀၀၀ အတွင်း ရွှေဖရုံသီး (လုံး)ကျပ် ၁၅၀၀ မှ ၃၅၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် ၁၀၀၀ မှ ၂၀၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၁၂၀၀ မှ ၂၅၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၂၇၀၀ မှ ၃၇၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ)ကျပ် ၃၂၀၀ မှ ၃၄၀၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်)(ပိဿာ) ကျပ် ၃၅၀၀ မှ ၄၀၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၁၀၀၀ မှ ၂၀၀၀ အတွင်း၊ ဆလပ်ရွက် (စီး) ကျပ် ၁၅၀ မှ ၃၀၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် ၅၀ မှ ၁၀၀ အတွင်း၊ ခရမ်းသီး (ရှည်)(ပိဿာ)ကျပ် ၁၁၀၀ မှ ၁၈၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၂၀ မှ ၁၀၀ အတွင်း၊ ငရုတ်သီး စိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် ၂၂၀၀ မှ ၃၀၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၁၀၀၀ မှ ၄၅၀၀ အတွင်းဖြစ်ကြောင်း သိရှိရပါတယ်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခု ရက်သတ္တပတ် အတွင်း သံပုရာသီးအလုံးပေါင်း (၁၄၈၂၀၀)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ)(၉၈၅၀) ကျော်၊ ဗူးသီးအလုံးပေါင်း (၆၆၈၀)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း(၄၉၇၀)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၂၈၅၀၀) ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၁၃၂၅၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၈၈၇၀)ကျော်၊ ဖရဲသီးလုံးပေါင်း (၂၁၆၀၀)ကျော်  အသီးသီးကုန်အဝင်ရှိကြောင်း သိရပါတယ်။

DOCA(ရန်ကုန်)

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်း ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ အခြေအနေ

         စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဈေးများတွင် ယခုရက်သတ္တပတ်အတွင်း ရွှေဘိုပေါ်ဆန်း ဆန်(တစ်အိတ်)လျှင် ၈၅၀၀၀ ကျပ် ၊ ဧရာမင်းဆန်(တစ်အိတ်)လျှင်  ၆၃၀၀၀-၆၄၈၀၀ ကျပ်၊ ငစိန်ဆန် (တစ်အိတ်)လျှင် ၃၉၀၀၀-၄၀၀၀၀ ကျပ်၊  ပဲဆီ(တစ်ပိဿာ)လျှင် ၉၉၅၀-၁၀၀၀၀ ကျပ်၊ နှမ်းဆီ (တစ်ပိဿာ)လျှင် ၉၅၀၀ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင်၁၁၀၀၀ကျပ်၊ စားအုန်းဆီ(တစ်ပိဿာ) လျှင် ၆၆၅၀-၆၇၀၀ ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၇၀၀-၈၀၀ ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) ၁၈၀၀၀ မှ ၂၀၀၀၀ ကျပ်၊ ကြက်သွန်နီ (တစ်ပိဿာ) ၃၆၀၀ မှ ၃၈၀၀ ကျပ်၊ ကြက်သွန်ဖြူ(ရှမ်းစ) (တစ်ပိဿာ) ၃၃၀၀ မှ ၃၅၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) (တစ်ပိဿာ) ၅၃၀၀ မှ ၅၅၀၀ ကျပ်၊ အားလူး (တစ်ပိဿာ) ၂၂၀၀ မှ ၂၃၀၀ ကျပ်၊ မန်ကျည်းသီးမှည့်(တစ်ပိဿာ)လျှင် ၃၅၀၀-၄၀၀၀ ကျပ်၊ နနွင်းတက်(တစ်ပိဿာ)လျှင် ၅၀၀၀-၅၂၀၀ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ) ၂၈၀၀ ကျပ်၊ ဂေါ်ဖီထုတ် (တစ်ထုတ်)၂၀၀၀ကျပ်၊ ပဲသီး (ပဲထောင့်ရှည်) (တစ်စီး) ၅၀၀ ကျပ်၊ ကြက်သား(တစ်ပိဿာ)လျှင် ၁၀၀၀၀-၁၂၀၀၀ ကျပ်၊ ဝက်သား(တစ်ပိဿာ)လျှင် ၁၅၀၀၀-၁၆၀၀၀ ကျပ်၊ အမဲသား(တစ်ပိဿာ)လျှင် ၁၆၀၀၀-၁၇၀၀၀ကျပ်၊ ဆိတ်သား(တစ်ပိဿာ)လျှင် ၂၄၀၀၀-၂၆၀၀၀ ကျပ်၊ ငါးမြစ်ချင်း (တစ်ပိဿာ) လျှင် ၇၅၀၀-၈၀၀၀ ကျပ်၊ ကြက်ဥ(၁)လုံးလျှင် ၂၅၀ ကျပ်၊ ဘဲဥ(၁)လုံးလျှင် ၃၀၀ ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၁၂၀၀ မှ ၁၅၀၀ ကျပ် အတွင်း အသီသီး ဈေးရှိကြောင်း သိရသည်။

          ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက သား/ငါးများအနေဖြင့် ကြက်သားနှင့် ငါးများ အနည်းငယ် ဈေးတက်နေပြီး အသီးအနှံဈေးနှုန်းများဖြစ်သော ခရမ်းချဉ်သီး ဈေး အနည်းငယ်တက်နေပြီး၊ ကျန်သီးနှံဈေးနှုန်းများ အနည်းငယ်ဈေးအေးနေပါသည်။ ယခုအချိန်တွင် မိုးမြေပဲများစတင်ထွက်ပေါ်နေပြီဖြစ်သောကြောင့် ဆီဈေးနှုန်းများအနည်းငယ်ကျနေကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီလက်ကား ရောင်းဝယ် ဖောက်ကား ရောင်းချနေသော ကုန်သည်များထံမှ သိရှိရသည်။   

 DOCA(စစ်ကိုင်း)                                                                                                                                                                                                    

“သိမ်ဖြူဈေးတွင်ဖြစ်ပေါ်နေသော ကြက်သွန်ဖြူ/နီလက်ကားဈေး”

       ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ် သိမ်ဖြူဈေးကြီးအတွင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီများအား ကား၊ ရထားတို့ဖြင့် ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ နေ့စဉ် ဝင်ရောက်လျက်ရှိပြီး လက်လီလက်ကား ပြန်လည်ရောင်းချလျက်ရှိရာ ၆.၁၀.၂၀၂၂ မှ ၁၂.၁၀.၂၀၂၂ ရက်အထိ ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၇၁၂၀၀)ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၂၅၃၇၀) ပိဿာ ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကားဈေးမှာ ၁ပိဿာလျှင် ၂၇၀၀ ကျပ်မှ ၃၁၀၀ ကျပ် ထိ ဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ ၁ပိဿာလျှင် ၃၆၀၀ ကျပ်မှ ၄၀၀၀ ကျပ်ထိရှိပြီး ၂၁.၁၀.၂၀၂၂ မှ ၂၇.၁၀.၂၀၂၂ ရက်အထိ ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၇၂၂၅၀) ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၈၁၇၀) ပိဿာ ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ) လက်ကားဈေးမှာ ၁ပိဿာလျှင် ၃၇၀၀ ကျပ်မှ ၄၀၀၀ ကျပ် ထိ ဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ ၁ပိဿာလျှင် ၃၆၀၀ ကျပ်မှ ၃၈၀၀ ကျပ်ထိရှိပြီး ကြက်သွန်အနီဈေး အနည်းငယ်တက်လျက်ရှိကြောင်းနှင့် တနင်္ဂနွေနေ့တွင် ကုန်အဝင်မရှိကြောင်း ဈေးတာဝန်ခံရုံးမှ သိရှိရပါသည်။

DOCA(ရန်ကုန်)

မုံရွာမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း မြင့်တက်လျက်ရှိ

          မုံရွာမြို့နယ်အတွင်း ခရမ်းချဉ်သီးကို မိုးဦးနှင့် မိုးနှောင်းကာလများတွင် ဒေသအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပါသည်။ ခရမ်းချဉ်သီးသည် အပူပိုင်းဒေသနှင့် သမနွေပိုင်းဒေသတို့တွင် ကောင်းမွန်စွာ စိုက်ပျိုးဖြစ်ထွန်းသည်။

          ယခုအချိန်တွင် ဒေသတွင်းခရမ်းချဉ်သီးပေါ်သည့် ရာသီချိန်မဟုတ်သည့်အတွက် ဒေသတွင်း ထွက်ကုန်မရှိသောကြောင့် ရှမ်းပြည်နယ်၊ အင်းလေး၊ အောင်ပန်းတို့ဘက်မှ ခရမ်းချဉ်သီးများကို ဝယ်ယူရောင်းချလျှက် ရှိကြောင်းသိရသည်။ ဈေးကွက်အတွင်း ခရမ်းချဉ်သီးများ လှိုင်လှိုင်ဝင်ရောက် လျက်ရှိပြီး မုံရွာမြို့နယ်အတွင်းဖြစ်ပေါ်နေသော ခရမ်းချဉ်သီးဈေးနှုန်းများမှာ အောက်တိုဘာလ တတိယအပတ်တွင် ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် ၂၀၀၀-၂၅၀၀ မှ အောက်တိုဘာလ စတုတ္ထ အပတ်တွင် ကျပ် ၃၀၀၀-၃၂၀၀ အထိ ဈေးနှုန်းမြှင့်တက် လျက်ရှိကြောင်းနှင့် ဈေနှုန်း မြှင့်တက်ရခြင်းမှာ ဒေသတွင်းထွက်ကုန်မရှိသေးခြင်း၊ ဈေးကွက်အတွင်းသို့ အခြားဒေသများမှ ခရမ်းချဉ်သီးများဝယ်ယူရောင်းချရာတွင် စက်သုံးဆီဈေးနှုန်းများကြီးမြင့်မှုကြောင့် သယ်ယူစရိတ် မြှင့်မားလာခြင်းကြောင့်ဖြစ်ကြောင်း ခရမ်းချဉ်သီးပွဲရုံများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

                                                                  

မုံရွာကြက်သွန်နီဈေးနှုန်းများ ဆက်လက်မြင့်တက်

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း အခြေခံစားကုန်စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီများ ယခုတစ်ပတ်အတွင်း သိသိသာသာဈေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်းသိရသည်။ ယခုလက်ရှိအချိန်တွင် ကြက်သွန်နီ ပွဲရုံလက်ကားဈေး တစ်ပိဿာ လျှင်(ကြီး/လတ်/သေး)ကျပ် ၃၂၀၀-၃၅၀၀-၃၈၀၀ နှုန်းတို့ရှိပြီး လက်လီဈေးမှာ ကြီး/လတ်/သေး တစ်ပိဿာလျှင် ကျပ် ၃၅၀၀-၃၈၀၀-၄၀၀၀ နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ကြက်သွန်နီကို မုံရွာမြို့နယ်အတွင်းရှိ ကျွဲရဲ၊ မြေနဲ၊ ရွာတုံ၊ တောင်ပလူ ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပြီး မုံရွာမြို့နယ်အနေဖြင့် တစ်နှစ်လျှင် ပျမ်းမျှဧက (၁၂၀၀၀) ခန့် စိုက်ပျိုးလျက်ရှိပြီး ထွက်ရှိသော ကြက်သွန်နီများကို မန္တလေး၊ ရန်ကုန်မြို့ များနှင့် မြို့တွင်းပွဲရုံများသို့ တင်ပို့ရောင်းချကြကြောင်း သိရသည်။ ယခင်အပတ်အတွင်းဖြစ်ပေါ်ကြက်သွန်နီဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက လက်လီနှင့် လက်ကားဈေးတို့တွင် ၁၀၀ကျပ်မှ ၂၀၀ကျပ်အထိ မြင့်တက်လာကြောင်း သတင်းရရှိပါသည်။    

DOCA(စစ်ကိုင်း)

 

နေပြည်တော်ကောင်စီနယ်မြေအတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

     ၂၀၂၂ခုနှစ်၊ အောက်တိုဘာ စတုတ္ထပတ်အတွင်း နေပြည်‌တော်ကောင်စီနယ်မြေတွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် ၃၈၅၀ကျပ်၊ ဧည့်မထ တစ်ပြည် ၂၃၂၀ကျပ်၊ မနောသုခ တစ်ပြည် ၁၉၂၀ကျပ်နှုန်းဖြင့် အ‌ရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာ ၃၆၀၀ကျပ်၊ (လတ်)တစ်ပိဿာ ၃၂၀၀ကျပ်၊ (သေး)တစ်ပိဿာ ၂၈၀၀ကျပ်နှုန်းဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်ဖြူ လက်လီဈေးမှာ (ကြူကုတ်) တစ်ပိဿာ ၄၀၀၀ကျပ်မှ ၅၀၀၀ကျပ်ထိ၊ (ရှမ်း)တစ်ပိဿာ ၃၅၀၀ကျပ်မှ ၄၀၀၀ကျပ်ထိ၊ ငရုတ်သီး ခြောက်လက်လီဈေးမှာ (အရှည်) တစ်ပိဿာ ၁၂၅၀၀ကျပ်မှ ၁၆၅၀၀ကျပ်ထိ၊ (အပု)တစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ အာလူးလက်လီဈေးမှာ ၂၂၅၀ကျပ်မှ ၂၈၀၀ကျပ်ထိ၊ ခရမ်းချဥ်သီး တစ်ပိဿာ ၁၅၀၀ကျပ်မှ ၂၄၀၀ကျပ်ထိ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

    ကြက်ဥ လက်လီဈေးမှာ  တစ်လုံး ၁၈၅ကျပ်မှ ၂၂၀ကျပ်ထိ ဖြစ်ပါသည်။ နေပြည်တော် ကောင်စီနယ်မြေ၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာ ၉၀၀၀ကျပ်မှ ၁၂၀၀၀ ကျပ်ထိ၊ ကြက်သား(ဗမာ) တစ်ပိဿာ ၁၁၀၀၀ကျပ်မှ ၁၄၀၀၀ကျပ်ထိ၊ ဝက်သား တစ်ပိဿာ ၁၁၅၀၀ကျပ်မှ ၁၄၀၀၀ကျပ်ထိ၊ အမဲသား တစ်ပိဿာ ၁၂၀၀၀ကျပ်မှ ၁၃၀၀၀ကျပ်ထိ၊ ငါးမြစ်ချင်း တစ်ပိဿာ ၅၁၀၀ကျပ်မှ ၈၂၀၀ထိ၊ ငါးကြင်း တစ်ပိဿာ ၉၀၀၀ကျပ်မှ ၁၄၀၀၀ကျပ်ထိ ရောင်းဝယ် နေကြောင်း သိရသည်။

     စားသုံးဆီ ဈေးနှုန်များမှာ ပဲဆီတစ်ပိဿာလျှင် ၁၁၀၀၀ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် ၆၄၀၀ကျပ်နှင့် နှမ်းဆီတစ်ပိဿာလျှင် ၁၁၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။  

DOCA(ပြည်ထောင်စုနယ်မြေ)

 

ကြက်ဥဈေးနှုန်း မြင့်တက်လျက်ရှိ

     လွိုင်ကော်မြို့ဈေးကွက်အတွင်းတွင် အခြေခံစားကုန်များ အခြားဒေသမှ အများအပြား ဝင်ရောက်လျက်ရှိရာ ကျန်းမာရေးနှင့်ညီညွတ်ပြီး အာဟာရဖြစ်သည့် ကြက်ဥကို တောင်ကြီး၊ မိုးဗြဲ ဘက်မှ  အများဆုံးဝင်ရောက်လျက်ရှိရာ ယခုအောက်တိုဘာလ စတုတ္ထပတ်တွင် တောင်ကြီးမှ ကြက်ဥ (၅၅၄၀) ကဒ် ဝင်ရောက်ကြောင်း မြို့ဦးဂိတ်စာရင်းအရ သိရပါသည်။ ယခု ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ကြက်ဥဈေးနှုန်းမှာ အလုံးကြီးတစ်လုံးလျှင် (၂၅၀) ကျပ်၊ အလုံးသေးတစ်လုံးလျှင် (၂၂၀) ကျပ် ဈေးဖြင့် ရောင်းချလျက်ရှိပြီး ယခင်စက်တင်ဘာလ စတုတ္ထပတ် ကြက်ဥဈေးနှုန်းမှာ အလုံးကြီးတစ်လုံးလျှင် (၂၀၀) ကျပ်၊ အလုံးသေး တစ်လုံးလျင် (၁၈၀) ကျပ် ခန့်ရှိခဲ့ပြီး ယခင် စက်တင်ဘာလ စတုတ္ထပတ် နှင့် ယခုအောက်တိုဘာလ စတုတ္ထပတ် နှိုင်းယှဉ်လျှင် အလုံးကြီး တစ်လုံးလျှင် (၅၀) ကျပ်၊ အလုံးသေးတစ်လုံးလျှင် (၄၀) ကျပ်ခန့်၊ ဈေးနှုန်း မြှင့်တက်လာကြောင်း ၊ ဈေးနှုန်းမြှင့်တက်လာရခြင်းမှာ ဒေသထွက် ကြက်ဥထွက်ရှိမှုမှာ အနည်းငယ်မျှသာရှိခြင်း၊ ကြက်စာဈေးနှုန်းများမြှင့်တက်လာခြင်း၊ ဈေးကွက်လိုအပ်သော ကြက်ဥများကို အခြားဒေသများမှ မှာယူရ၍ သယ်ယူစရိတ်များရှိခြင်းကြောင့်ဖြစ်သည်ဟု နောင်ယားဈေး ကြက်ဥရောင်းချသည့် လုပ်ငန်းရှင်တစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)

နေပြည်တော်ကောင်စီနယ်မြေအတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

            ၂၀၂၂ခုနှစ်၊ အောက်တိုဘာ စတုတ္ထပတ်အတွင်း နေပြည်‌တော်ကောင်စီနယ်မြေတွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် ၃၈၅၀ကျပ်၊ ဧည့်မထ တစ်ပြည် ၂၃၂၀ကျပ်၊ မနောသုခတစ်ပြည် ၁၉၂၀ကျပ်နှုန်းဖြင့် အ‌ရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာ ၃၆၀၀ကျပ်၊ (လတ်)တစ်ပိဿာ ၃၂၀၀ကျပ်၊ (သေး)တစ်ပိဿာ ၂၈၀၀ကျပ်နှုန်းဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်ဖြူ လက်လီဈေးမှာ (ကြူကုတ်) တစ်ပိဿာ ၄၀၀၀ကျပ်မှ ၅၀၀၀ကျပ်ထိ၊ (ရှမ်း)တစ်ပိဿာ ၃၅၀၀ကျပ်မှ ၄၀၀၀ကျပ်ထိ၊ ငရုတ်သီး ခြောက်လက်လီဈေးမှာ (အရှည်) တစ်ပိဿာ ၁၂၅၀၀ကျပ်မှ ၁၆၅၀၀ကျပ်ထိ၊ (အပု)တစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ အာလူးလက်လီဈေးမှာ ၂၂၅၀ကျပ်မှ ၂၈၀၀ကျပ်ထိ၊ ခရမ်းချဥ်သီး တစ်ပိဿာ ၁၅၀၀ကျပ်မှ ၂၄၀၀ကျပ်ထိ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

          ကြက်ဥ လက်လီဈေးမှာ  တစ်လုံး ၁၈၅ကျပ်မှ ၂၂၀ကျပ်ထိ ဖြစ်ပါသည်။ နေပြည်တော် ကောင်စီနယ်မြေ၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာ ၉၀၀၀ကျပ်မှ ၁၂၀၀၀ ကျပ်ထိ၊ ကြက်သား(ဗမာ) တစ်ပိဿာ ၁၁၀၀၀ကျပ်မှ ၁၄၀၀၀ကျပ်ထိ၊ ဝက်သား တစ်ပိဿာ ၁၁၅၀၀ကျပ်မှ ၁၄၀၀၀ကျပ်ထိ၊ အမဲသား တစ်ပိဿာ ၁၂၀၀၀ကျပ်မှ ၁၃၀၀၀ကျပ်ထိ၊ ငါးမြစ်ချင်း တစ်ပိဿာ ၅၁၀၀ကျပ်မှ ၈၂၀၀ထိ၊ ငါးကြင်း တစ်ပိဿာ ၉၀၀၀ကျပ်မှ ၁၄၀၀၀ကျပ်ထိ ရောင်းဝယ် နေကြောင်း သိရသည်။

          စားသုံးဆီ ဈေးနှုန်များမှာ ပဲဆီ တစ်ပိဿာလျှင် ၁၁၀၀၀ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် ၆၄၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၁၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။  

DOCA(ပြည်ထောင်စုနယ်မြေ)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း