၂၀၂၃ခုနှစ်၊ မတ်လ (တတိယပတ်) အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်(သစ်)တစ်ပြည်လျှင် ၃၅၀၀ကျပ်၊ ဧရာမင်းဆန်(သစ်)တစ်ပြည်လျှင် ၂၇၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ(သစ်)လက်လီဈေးမှာ (ကြီး)တစ်ပိဿာလျှင် ၁၅၀၀ကျပ်၊ (လတ်)တစ်ပိဿာလျှင် ၁၂၀၀ကျပ်၊ (သေး)တစ်ပိဿာလျှင် ၈၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျှင် ၄၀၀၀ကျပ်မှ ၅၀၀၀ကျပ်ထိ၊ ရှမ်းကြက်သွန်ဖြူတစ်ပိဿာလျှင် ၅၀၀၀ကျပ်မှ ၅၅၀၀ကျပ်ထိ၊ (ကြူကုပ်)တစ်ပိဿာလျှင် ၅၀၀၀ကျပ်မှ ၆၀၀၀ကျပ်ထိ၊ ချင်းတစ်ပိဿာလျှင် ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်ထိ၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် အမျိုးအစားအလိုက် ၁၆၅၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ အာလူးတစ်ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၆၀၀ကျပ်ထိ၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၁၂၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။
ကြက်ဥလက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံးလျှင် ၂၅၀ကျပ်၊ (သေး)တစ်လုံးလျှင် ၂၃၀ကျပ်၊ ဘဲဥ(ကြီး)တစ်လုံးလျှင် (၃၀၀)ကျပ်၊ (သေး)တစ်လုံးလျှင် (၂၅၀)ကျပ်ရှိပါသည်။ ရွှေဘိုမြို့၏ အသားငါးဈေးနှုန်းများမှာ ကြက်သား (CP) တစ်ပိဿာလျှင် ၈၀၀၀ကျပ်မှ ၁၁၀၀၀ကျပ်ထိ၊ ကြက်သား(ဗမာ)တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်မှ ၁၃၀၀၀ကျပ်ထိ၊ ဝက်သားတစ်ပိဿာလျှင် ၁၈၀၀၀ကျပ်မှ ၂၂၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၇၀၀၀ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် ၆၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရပါသည်။
စားသုံးဆီဈေးနှုန်းများမှာ ပဲဆီသန့်တစ်ပိဿာလျှင် ၁၂၅၀၀ကျပ်မှ ၁၃၀၀၀ကျပ်ထိ၊ စားအုန်းဆီတစ်ပိဿာလျှင် ၇၀၀၀ကျပ်နှင့် နှမ်းဆီတစ်ပိဿာလျှင် ၁၃၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။
DOCA(စစ်ကိုင်း)