မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ်၏ကာလတူဈေးထက် ယခုနှစ်၌ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိပါကြောင်း မုံရွာကုန်စည်ဒိုင်၏ဈေးနှုန်းသတင်းများအရ သိရပါသည်။
မတ်ပဲ
ယခင်နှစ် မတ်လ (စတုတ္ထပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၄၇၂၀၀ ဖြစ်ခဲ့ပြီး ယခုနှစ်၏ မတ်လ (စတုတ္ထပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၆၅၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းခန့်ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၂၅ အိတ်မှ ၃၀ အိတ်ခန့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။
ပဲစင်းငုံ
ယခင်နှစ်၏ မတ်လ (စတုတ္ထပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၄၄၃၀၀ ဖြစ်ခဲ့ပြီး ယခုနှစ်၏ မတ်လ (စတုတ္ထပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၇၄၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးသောင်းကျော်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၅ အိတ်မှ ၃၀ အိတ်ခန့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။
ပဲတီစိမ်း
ယခင်နှစ်၏ မတ်လ (စတုတ္ထပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၃၆၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ်၏ မတ်လ (စတုတ္ထပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၆၆၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးသောင်းပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၅အိတ်မှ ၃၀အိတ်ခန့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။
ကုလားပဲ
ယခင်နှစ်၏ မတ်လ (စတုတ္ထပတ်) တွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ်၄၃၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ်၏ မတ်လ (စတုတ္ထပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၆၉၀၀၀၊ 929 တစ်တင်းလျှင် ကျပ်၄၁၈၀၀ ဖြစ်ခဲ့ပြီး ယခုနှစ်၏ မတ်လ (စတုတ္ထပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၆၈၅၀၀၊ ထိုင်ဝမ်တစ်တင်းလျှင် ကျပ်၄၁၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ်၏ မတ်လ (စတုတ္ထပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၆၈၃၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းခွဲကျော်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၄၀အိတ်မှ ၅၀အိတ်ခန့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။
စွန်တာနီ/ပြာ
ယခင်နှစ်၏ မတ်လ (စတုတ္ထပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၄၁၆၀၀ ဖြစ်ခဲ့ပြီး ယခုနှစ်၏ မတ်လ (စတုတ္ထပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၄၅၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်လေးထောင်ခန့်ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၂၅အိတ်မှ ၃၀အိတ်ခန့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။
ထောပတ်ပဲ
ယခင်နှစ်၏ မတ်လ (စတုတ္ထပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၃၉၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ်၏ မတ်လ (စတုတ္ထပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၇၉၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် လေးသောင်းခန့်ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၂၀အိတ်မှ ၂၅အိတ်ခန့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။
အစေ့ထုတ်ပြောင်း
ယခင်နှစ်၏ မတ်လ (စတုတ္ထပတ်) တွင် ပြောင်းတစ်တင်းလျှင် ကျပ်၁၇၄၀၀ ဖြစ်ခဲ့ပြီး ယခုနှစ်၏ မတ်လ (စတုတ္ထပတ်) တွင် ပြောင်းတစ်တင်းလျှင် ကျပ်၁၉၉၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်ထောင့်ငါးရာပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၂၀အိတ်မှ ၃၀အိတ်ခန့် အရောင်အဝယ်ဖြစ်နေကြောင်း သိရပါသည်။
မြေပဲဆံသီးနှံ
ယခင်နှစ်၏ မတ်လ (စတုတ္ထပတ်) တွင် မြေပဲဆံနီတစ်ပိဿာလျှင် ကျပ်၃၄၀၀ ဖြစ်ခဲ့ပြီး ယခုနှစ်၏ မတ်လ (စတုတ္ထပတ်)တွင် တစ်ပိဿာလျှင် ကျပ်၇၀၅၀၊ မြေပဲဆံဖြူတစ်ပိဿာလျှင် ကျပ် ၃၇၀၀ ဖြစ်ခဲ့ပြီး ယခုနှစ်၏ မတ်လ (စတုတ္ထပတ်) တွင် တစ်ပိဿာလျှင် ကျပ်၆၄၀၀ဖြစ်၍ တစ်ပိဿာလျှင် ကျပ်နှစ်ထောင်ကျော်မှ သုံးထောင်ကျော်အထိပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀အိတ်မှ ၃၀အိတ်ခန့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။
နှမ်းမျိုးစုံသီးနှံ
ယခင်နှစ်၏ မတ်လ (စတုတ္ထပတ်) တွင် နှမ်းနက်တစ်တင်းလျှင် ကျပ်၇၆၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ်၏ မတ်လ (စတုတ္ထပတ်) တွင် တစ်တင်းလျှင် ကျပ်၉၆၀၀၀၊ နှမ်းဖြူတစ်တင်းလျှင် ကျပ်၅၈၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ်၏ မတ်လ (စတုတ္ထပတ်) တွင် တစ်တင်းလျှင် ကျပ်၁၀၆၀၀၀၊ နှမ်းညိုတစ်တင်းလျှင် ကျပ် ၅၂၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ်၏ မတ်လ (စတုတ္ထပတ်) တွင် တစ်တင်းလျှင် ကျပ်၈၃၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းမှ ငါးသောင်းခန့်အထိပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃၀အိတ်မှ ၄၀အိတ်ခန့် အရောင်းအဝယ်ဖြစ်နေကြောင်း မုံရွာကုန်စည်ဒိုင်၏ဈေးနှုန်များစာရင်း အရ သိရှိရပါသည်။
DOCA(စစ်ကိုင်း)