ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပခုက္ကူမြို့မဈေးကြီးအတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော အာလူးနှင့်ကြက်သွန်ဖြူ ဈေးကွက်အခြေအနေ

    ပခုက္ကူမြို့မဈေး၊ ဈေးကွက်သို့ရှမ်းပြည်(အောင်ပန်း)နှင့် တရုတ်နိုင်ငံ(ပြည်ပ)မှ တင်သွင်းသောအာလူးများ မန္တလေးမြို့မှတစ်ဆင့် ပခုက္ကူမြို့သို့ နေ့စဉ်ဝင်ရောက်လျက်ရှိပါသည်။ ယခု (၁)ပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော အာလူးဈေးနှုန်းများမှာ  (၁)ပိဿာလျှင် လက်လီဈေး (၂၃၀၀/ ၂၂၀၀)ကျပ် ဈေးနှုန်းရှိပြီး ယခင်(၁)ပတ်ဈေးနှုန်းမှာ အာလူး(၁)ပိဿာလျှင် လက်လီဈေး (၂၅၀၀/ ၂၃၀၀/၂၂၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခင်(၁)ပတ်ထက် ဈေးနှုန်း (၂၀၀) ကျပ်ခန့်ကျဆင်းသွားကြောင်း၊ နေ့စဉ်ရှမ်းပြည်(အောင်ပန်း)မှ အာလူးများ(၁)ရက်လျှင် ပိဿာ(၃၀) ဝင်အိတ်(၇၀)၊ ကုန်ချိန်ပိဿာ(၂၀၀၀) ကျော်ခန့် ဈေးကွက်သို့ ဝင်ရောက်ပြီး တရုတ်နိုင်ငံထွက် အာလူးများမှာ(၁)ရက်လျှင် ပိဿာ(၃၀)ဝင် အိတ်(၁၀)၊ ကုန်ချိန်ပိဿာ(၃၀၀)ခန့် ဝင်ရောက် ကြောင်း၊ ဒေသထွက်အာလူးများနှင့်တရုတ်အာလူးများမှာ ဈေးနှုန်းတူရောင်းချရပြီး တရုတ်အာလူး မှာသဲ၊ နုန်းများမပါဘဲ အရည်အသွေးသန့်စင်၍ အရောင်းအဝယ် ပိုမိုသွက်ကြောင်း ဈေးသည်မှ တစ်ဆင့် သိရှိရသည်။ အာလူးများကို မြို့ပေါ်ရှိ အာလူးကြော် လုပ်ငန်းရှင်များနှင့် လက်လီ၊ လက်ကား ရောင်းဝယ်သူများမှ အများဆုံးဝယ်ယူကြောင်း သိရှိရသည်။

    ထို့အပြင် စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသော အခြေခံစားကုန် ယောနယ်ဒေသထွက် ဗမာကြက်သွန်ဖြူနှင့် ရှမ်းပြည်နယ်ထွက် ကြက်သွန်ဖြူ(ကြူကုတ်)များ လည်းဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခု(၁)ပတ်အတွင် ယောဒေသထွက် ဗမာကြက်သွန်ဖြူ ဈေးနှုန်းမှာ အရည်အသွေး၊ အရွယ်အစားလိုက်၍ (၁)ပိဿာလျှင် လက်လီဈေး (၅၅၀၀/၅၀၀၀/ ၄၅၀၀/၃၀၀၀)ကျပ် ဈေးနှုန်းအမျိုးမျိုးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ရှမ်းပြည်နယ်ထွက် ကြက်သွန်ဖြူ (ကြူကုတ်)မျိုးများမှာ (၁)ပိဿာလျှင်(၅၀၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း၊ ယခင်(၁)ပတ်နှင့်ယခု(၁)ပတ် ကြက်သွန်ဖြူဈေးနှုန်းများ နှိုင်းယှဉ်လျှင် အတက်/ အကျ မရှိ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း အခြေခံစားသုံးကုန်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းရှင် တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

ဆိပ်ဖြူ ကြက်သွန်နီ စက်တင်ဘာလ(ဒုတိယ)ပတ်အတွင်း ဈေးနှုန်းဈေးကွက်နှင့်စီးဆင်းမှု အခြေအနေ

     ဆိပ်ဖြူကုန်စည်ဒိုင်သို့ စက်တင်ဘာလ (ဒုတိယ)ပတ်အတွင်း ကြက်သွန်နီပင်စိုက်အသစ်များ ဆိပ်ဖြူမြို့နယ်ဒေသတွင်း နေရာအနှံ့အပြားမှ နေ့စဉ်ဝင်ရောက်လျက်ရှိပါသည်။ တစ်ရက်လျှင် ပျမ်းမျှ ကြက်သွန်နီ ကုန်ချိန်ပိဿာ(၂)သောင်းခန့် (၁)ပတ်အတွင်း စုစုပေါင်းပိဿာ(၁)သိန်းခွဲခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်လျက်ရှိပြီး  မြို့ပေါ်ရှိ ကြက်သွန်ကုန်သည် သိုလှောင်ရုံများတွင် ကြက်သွန်နီပိဿာ ပျမ်းမျှ(၁)ပတ်အတွင်း ကုန်ချိန်(၃) သိန်းခွဲခန့် ဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ စက်တင်ဘာလ(၈)ရက် မှ (၁၄)ရက်ထိ ကုန်စည်ဒိုင်နှင့် သိုလှောင်ရုံများ အရောင်းအဝယ်ဖြစ်မှု စုစုပေါင်းမှာ ကြက်သွန်နီပိဿာ(၅)သိန်း ခန့်ရှိကြောင်း မြို့ပေါ်ရှိ ကုန်စည်ဒိုင်အသင်းဝင် ကုန်သည်ပွဲစား(၁)ဦးထံမှ သိရှိရသည်။

      ဈေးနှုန်းဈေးကွက်အနေဖြင့် စက်တင်ဘာလ(ဒုတိယ)ပတ်အတွင်း ကြက်သွန်နီ(၁)ပိဿာ ထိပ်စ အမြင့်ဆုံးဈေးနှုန်းမှာ (၃၁၅၀)ကျပ် မှ (၂၈၅၀)ကျပ်ထိ ဈေးနှုန်းဖြစ်ခဲ့ပြီး အနိမ့်စ အမြင့်ဆုံး ဈေးနှုန်းမှာ (၂၇၅၀)ကျပ် မှ (၂၃၀၀)ကျပ်ထိ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ သီးနှံ အရည်အသွေးများ မတူညီခြင်းကြောင့် ဈေးနှုန်းများကွာခြားကြောင်း၊ ယခင်(၁)ပတ် ကြက်သွန်နီ အမြင့်ဆုံး ဈေးနှုန်းမှာ (၃၂၅၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခု(၁)ပတ် အမြင့်ဆုံး ဈေးမှာ(၃၁၅၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်၍ ယခင်(၁)ပတ်ထက်(၁၀၀)ကျပ်ခန့်ဈေးနှုန်း ကျဆင်းသွားကြောင်း၊ အနိမ့်စ အမြင့်ဆုံးဈေးနှုန်းမှာ ယခင်(၁)ပတ်က (၂၉၅၀)ကျပ်၊ ယခု(၁)ပတ် (၂၇၅၀)ကျပ် ဈေးနှုန်းဖြစ်၍ ယခင်(၁)ပတ်ထက် (၂၀၀)ကျပ်ခန့် ဈေးနှုန်း ကျဆင်းသွားကြောင်း၊ ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ တင်ပို့မှုနည်းပြီး ပြည်ပဝယ်လက်မြဝတီမြို့သို့ ကုန်ချိန်အများဆုံးတင်ပို့ လျက်ရှိကြောင်း ကုန်စည်ဒိုင်အသင်းဝင် ကုန်သည်ပွဲစားတစ်ဦးထံမှ သိရှိရသည်။

      ဆိပ်ဖြူမြို့တွင် ကြက်သွန်နီအသစ်(၁)ပိဿာလျှင် လက်လီဈေးနှုန်းအနေဖြင့် ထိပ်စ(ရှယ်) ကျပ်(၃၅၀၀/၃၄၀၀)၊ လတ်(ကြီး) ကျပ်(၃၃၀၀/၃၂၀၀)၊ လတ်(သေး) ကျပ်(၃၀၀၀/၂၉၀၀)၊ အသေးစ (၂၇၀၀)ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကုန်စည်စီးဆင်းမှုအနေဖြင့် စက်တင် ဘာလ(ဒုတိယ)ပတ်အတွင်း ဆိပ်ဖြူမြို့မှ ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့(၁၄)စီး၊ ပြည်မြို့(၈)စီး၊ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့(၇)စီး၊ မော်လမြိုင်မြို့(၆)စီး၊ မြဝတီမြို့(၁၈)စီးတွဲကားများ စုစုပေါင်း(၅၃) စီးခန့် (၆/၁၂/၂၄)ဘီး မော်တော်ယာဉ်များဖြင့် ကြက်သွန်နီ ပျှမ်းမျှ(၅)သိန်း၊ တန်ချိန်(၃)သောင်းခန့်  ကုန်စည်စီးဆင်းခဲ့ကြောင်း သိရှိရပါသည်။ ဆိပ်ဖြူမြို့မှ ပြည်ပဝယ်လက် မြဝတီမြို့သို့ ကုန်ချိန် အများဆုံး တင်ပို့ဖြန့်ဖြူးလျက်ရှိကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူကုန်စည်ဒိုင်၌ စက်တင်ဘာလ ဒုတိယပတ်တွင် ပဲတီစိမ်းနှင့် နှမ်းမျိုးစုံ ဈေးနှုန်းဈေးကွက်

    ယခုတစ်ပတ်တွင် ပခုက္ကူကုန်စည်ဒိုင်တွင်အညာဒေသ၏ အဓိကစိုက်ပျိုးသီးနှံများဖြစ်ကြသော ပဲစဉ်းငုံနီ၊ ပဲတီစိမ်းအမျိူးမျိုး၊ ကုလား ပဲမျိုးစုံနှင့်နှမ်းမျိုးစုံတို့ ဥပုသ်နေ့မှလွဲ၍ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စက်တင်ဘာလဒုတိယပတ်တွင် ပခုက္ကူကုန်စည်ဒိုင်၌ အညာဒေသထွက် ပဲတီစိမ်းသေး(ပဲနောက်)မှာ အရည်အသွေးကိုလိုက်၍ တစ်တင်း လျှင်  ၄၆၀၀၀ မှ ၅၂၅၀၀ ကျပ်၊  နှမ်းနက်စမုံရှယ် တစ်တင်းလျှင်  (၉၇၀၀၀ မှ ၉၈၀၀၀) ကျပ်၊ နှမ်းနက်စမုံ(ရိုးရိုး) တစ်တင်းလျှင် (၆၅၀၀၀ မှ ၉၅၀၀၀) ကျပ်၊ နှမ်းဝါ (ယော ) တစ်တင်းလျှင် ၉၃၅၀၀ ကျပ်၊ ယောဒေသထွက် နှမ်းနက်မှာ တစ်တင်းလျှင် (၈၃၀၀၀ မှ ၉၈၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

   အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ပဲတီစိမ်းသေး(ပဲနောက်) အိတ်ရေ (၂၀၀၀)၊ နှမ်းနက်စမုံ အိတ်ရေပေါင်း (၁၀၀၀) ၊ နှမ်းဝါ (ယော) အိတ်ရေ (၂၀၀)၊နှမ်နက် (ယောစမုံ) အိတ်ရေ (၄၀၀၀) အရောင်းအဝယ်ဖြစ်နေပြီး တင်ပို့မှုအနေဖြင့် ပဲစဉ်းငုံနီ၊ ပဲတီစိမ်း၊နှမ်းနှင့် ပြောင်းဖူးစေ့(CP)တို့ကို ရန်ကုန်သို့ တင်ပို့နေကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

သရက်မြို့နယ် ပဲတီစိမ်းနှင့် နှမ်း ဈေးနှုန်းဈေးကွက်အခြေအနေ

    သရက်မြို့နယ် ပတ်ဝန်းကျင်ကျေးရွာများမှ ထွက်ရှိသည့် ပဲတီစိမ်းနှင့် နှမ်းများ ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိရာ စက်တင်ဘာလ ပထမပတ်တွင် ပဲတီစိမ်း(၁)တင်းလျှင် (၅၀၀၀ဝိ/-)နှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုစက်တင်ဘာလ ဒုတိယပတ်တွင်လည်း ဈေးနှုန်းအတက်အကျမရှိဘဲ အရောင်းအဝယ်အေးလျက်ရှိကြောင်း၊ နှမ်းသီးနှံများမှာလည်း စက်တင်ဘာလ ပထမပတ်တွင် နှမ်းနက်(၁)တင်းလျှင် (၈၈၀၀ဝိ/-)မှ(၉၀၀၀ဝိ/-)၊ နှမ်းနီ(၁)တင်းလျှင် (၇၈၀၀ဝိ/-) မှ (၈၀၀၀ဝိ/-)နှုန်းဖြစ်ပြီး ယခုစက်တင်ဘာလ ဒုတိယပတ်တွင် နှမ်းနက်(၁)တင်းလျှင် (၉၀၀၀ဝိ/-)၊  နှမ်းနီ(၁)တင်းလျှင်(၈၅၀၀ဝိ/-) ထိ ဈေးမြင့်တက်လာကြောင်း သိရှိရပါသည်။

     သရက်မြို့နယ် ပွဲစားများမှ ဝယ်ယူရရှိသည့် သီးနှံများကို အောင်လံကုန်သည်များသို့ တင်ပို့လျက်ရှိပြီး နေ့စဉ်တစ်နေ့လျှင် နှမ်းအိတ်ရေ (၄၀-၅၀)ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ရွှေဘိုမြို့နယ်အတွင်း ဓါတ်မြေဩဇာဈေးနှုန်းများဆက်လက်မြင့်တက်

          ရွှေဘိုမြို့နယ်ရှိ တောင်သူအများစုမှာ ယခုအချိန်တွင် မိုးစပါးစိုက်ပျိုးပြီး၍ ပထမအကြိမ် ဓါတ်မြေဩဇာကြဲပက်ချိန်ဖြစ်သဖြင့်  ဈေးကွက်အတွင်းတွင် သွင်းအားစုများဖြစ်သည့် ဓါတ်မြေဩဇာ ဈေးနှုန်းများဆက်လက် မြင့်တက်နေသော်လည်း  ပုံမှန်ထက်ပို၍ အရောင်းအဝယ်လိုက်နေသည်ဟု စိုက်ပျိုးရေးသုံး ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေး အရောင်းဆိုင်များမှ သိရပါသည်။

          ဓါတ်မြေဩဇာဈေးနှုန်းများအနေဖြင့် စက်တင်ဘာလ လဆန်းပိုင်းတွင် အာမို၊ ကျွဲနက် (၁၅:၁၅:၁၅) (၅၀)ကီလိုဂရမ် တစ်အိတ်လျှင် ၁၆၅၀၀၀ကျပ်၊ MC (၁၅:၁၅:၁၅) (၅၀) ကီလိုဂရမ် တစ်အိတ်လျှင် ၁၃၈၀၀၀ကျပ်၊ဇာမဏီ  (၁၃:၅:၁၇)(၅၀)ကီလိုဂရမ် တစ်အိတ်လျှင် ၇၈၀၀၀ကျပ်၊ အာမို၊ပုလဲ (၅၀)ကီလိုဂရမ် တစ်အိတ်လျှင် ၁၂၀၀၀၀ကျပ်၊ ပန်းဖူး (၅၀) ကီလိုဂရမ် တစ်အိတ်လျှင် ၁၁၅၀၀၀ကျပ်ဖြစ်ပြီး၊ စက်တင်ဘာလ ဒုတိယပတ်တွင် အာမို၊ကျွဲနက် (၁၅:၁၅:၁၅) (၅၀)ကီလိုဂရမ် တစ်အိတ်လျှင် ၁၆၈၀၀၀ကျပ်၊ MC (၁၅:၁၅:၁၅) (၅၀)ကီလိုဂရမ် တစ်အိတ်လျှင် ၁၄၅၀၀၀ကျပ်၊ ဇာမဏီ  (၁၃:၅:၁၇)(၅၀) ကီလိုဂရမ် တစ်အိတ်လျှင် ၈၀၀၀၀ကျပ်၊ အာမို၊ပုလဲ (၅၀)ကီလိုဂရမ် တစ်အိတ်လျှင် ၁၂၅၀၀၀ကျပ်၊ ပန်းဖူး (၅၀)ကီလိုဂရမ် တစ်အိတ်လျှင် ၁၁၀၀၀၀ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေသဖြင့် စက်တင်ဘာလ လဆန်းပိုင်းနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းများ အနည်းငယ် မြင့်တက်နေသော်လည်း အရောင်းအဝယ်များ ပုံမှန်ထက်ပို၍ ကောင်းမွန်နေကြောင်း သိရသည်။   

DOCA(စစ်ကိုင်း)

ဈေးကွက်အတွင်း၌  ခရမ်းချဉ်သီးဈေးနှုန်း ဆက်လက်မြှင့်တက်လာ

      စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးကို မိုင်းလုံးရပ်ကွက်၊  မှုံပြာ၊ လင်ဖုံလေး ကျေးရွာများမှ အများဆုံးစိုက်ပျိုးကြသော်လည်း ယခုနှစ်တွင် စိုက်ပျိုးနိုင်မှုလျော့နည်းလာသဖြင့် ဈေးကွက် လိုအပ်ချက်အရ  ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသဘက်မှ တင်သွင်းရောင်းချလျက်ရှိကြောင်း၊ ယခင် ဩဂုတ်လ ဈေးကွက်အတွင်း ခရမ်းချဉ်သီး ဈေးနှုန်းမှာ တစ်ပိ ဿာလျှင် (၁၂၀၀၊ ၁၅၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ယခုလက်ရှိ  စက်တင်ဘာလပတ်တွင် တစ်ပိဿာလျှင် (၂၂၀၀) ကျပ် ဈေးရှိခဲ့ပြီး ယခင် ဩဂုတ်လနှင့် ယခု စက်တင်ဘာလ နှိုင်းယှဉ်လျှင် တစ်ပိဿာ (၇၀၀) ကျပ်ခန့် ဈေးနှုန်းမြှင့်တက်လာကြောင်း၊ ဈေးနှုန်း မြှင့်တက်လာရခြင်းမှာ ဒေသတွင်းစိုက်ပျိုးမှုလျော့နည်းခြင်း၊ စက်သုံးဆီ‌ဈေးနှုန်းများမြှင့်တက်လာ၍ သယ်ယူစရိတ်မြင့်မားလာခြင်းကြောင့်ဖြစ်သည်ဟု ခရမ်းချဉ်သီး ရောင်းချသူတစ်ဦးတစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)

 

ရွှေဘိုခရိုင်တွင် ၂၀၂၂-၂၀၂၃ခုနှစ် မိုးစပါးများ စိုက်ပျိုးပြီးစီး

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ ရွှေဘိုခရိုင်အနေဖြင့်  ပြည်တွင်း၊ ပြည်ပကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆန်၊ စပါးထွက်ကုန် များပြည်တွင်းစားသုံးမှုဖူလုံရေးအပြင် ပြည်ပပို့ကုန်မြှင့်တင်ခြင်းဖြင့် နိုင်ငံခြားဝင်ငွေ တိုးတက်ရှာဖွေ နိုင်ရေးတို့အတွက် နှစ်စဉ်စိုက်ပျိုးပြီးစီးမှု၊ ထွက်ရှိမှု၊ စားသုံးမှု၊ ပိုလျှံမှု၊ ဈေးနှုန်းဈေးကွက်၊ စီးဝင်စီးထွက် အခြေအနေ၊ တစ်ဧကကုန်ကျစရိတ်နှင့် အကျိုးအမြတ်အခြေအနေ တောင်သူ၊ ကုန်သည်နှင့် စက်ပိုင် လက်ကျန် အခြေအနေများကို တင်ပြလျက်ရှိပါသည်။

          ၂၀၂၂-၂၀၂၃ခုနှစ် မိုးစပါးရာသီတွင် ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်(၆)မြို့နယ်တွင် စုစုပေါင်း (၆၄၈၃၅၉)ဧက စိုက်ပျိုးရန်လျာထားကြောင်းနှင့် လျာထားဧကအားလုံးစိုက်ပျိုးပြီးကြောင်း သက်ဆိုင်ရာ ဌာန၏ စာရင်းများအရသိရှိရပါသည်။ တောင်သူဦးကြီးများအနေဖြင့် နှစ်စဉ်မိုးစပါးစိုက်ပျိုးရန်အတွက် ဇူလိုင်လတွင်ပျိုးထောင်ကြ၍ ဩဂုတ်လမှ စက်တင်ဘာလထိစိုက်ပျိုးကြပြီး ဒီဇင်ဘာလဝက်ခန့်မှ စတင်၍ရိတ်သိမ်းပြီး ဇန်နဝါရီလထဲတွင် လှိုင်လှိုင်ရိတ်သိမ်းကြကြောင်း၊  ရွှေဘိုခရိုင်အနေဖြင့် မိုးစပါး ရာသီတွင် အခြားသောစပါးမျိုးများထက် နှစ်စဉ်ဈေးနှုန်းနှင့် ဈေးကွက်ကောင်းသည့် ရွှေဘိုပေါ်ဆန်းစပါး စိုက်ပျိုးမှုများသည့်အပြင် ရွှေဘိုပေါ်ဆန်းစပါးပင်သည် အပင်နူပြီးအနံ့မွှေးသည့်အတွက် ပိုးမွှားကြိုက်သည့် စပါးပင်ဖြစ်၍ ပိုးမွှားမကျရောက်အောင် အထူးဂရုစိုက်ကာကွယ်ရကြောင်း၊ ယခုနှစ်မိုးစပါးရာသီတွင် စက်သုံးဆီဈေးနှုန်းမြှင့်တက်ခြင်း၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ မြှင့်တက်ခြင်းနှင့် လုပ်အားခများမှာလည်း ဈေးနှုန်းပိုပေးရခြင်း စသည့်ဈေးနှုန်းမြှင့်တက်မှုအပေါ် မူတည်၍ တစ်ဧက ကုန်ကျစရိတ်မှာလည်း ယခင်နှစ်ထက် ပိုများနိုင်ကြောင်း၊ ယခုနှစ်တွင် ၂၀၂၁-၂၀၂၂ခုနှစ်ထွက်မိုးစပါး ရွှေဘိုပေါ်ဆန်းစပါးသည် ပေါ်ချိန်၌ စပါးတင်း(၁၀၀)လျှင် (၁၀၅၀၀၀ဝိ/-)နှင့် (၁၁၀၀၀၀ဝိ/-)သာ ပေါက်ဈေးရှိခဲ့ကြောင်း၊ တောင်သူများအနေဖြင့် စပါးပေါ်ချိန်တွင် စပါးရိတ်သိမ်းခ၊ အလုပ်သမားခများ အပါအဝင် သွင်းအားစုများကို စပါးပေါ်ချိန်မှသာငွေပေးချေရသည့်စနစ်ဖြင့် ရောင်းချသည်များလည်း ရှိသဖြင့် စပါးမပေါ်ခင်ကြိုတင်ယူထားသော သွင်းအားစုဘိုးများ ပေးချေရန်အတွက် စပါးများကိုရောင်းချ၍ ပေးချေရသဖြင့် ရောင်းချ၍ကျန်ရှိသော စပါးများကိုသာ သိုလှောင်ရကြောင်း၊ ယခုအချိန်တွင် ရွှေဘိုပေါ်ဆန်းစပါးတင်း(၁၀၀)လျှင် (၂၃၀၀၀၀ဝိ/-)ပေါက်ဈေးရှိခဲ့ပြီး (၁၀)စုနှစ်အတွင်း အမြင့်ဆုံး ဈေးနှုန်းသို့ရောက်ရှိခဲ့သော်လည်း ဈေးနှုန်းမြှင့်ချိန်၌ စိုက်ပျိုးသည့် တောင်သူများလက်ဝယ်တွင် လက်ကျန် မရှိသလောက်ဖြစ်နေသည့်အတွက် လာမည့်မိုးစပါး ရိတ်သိမ်းချိန်တွင် ဈေးကောင်းရနိုင်ရေး မျှော်လင့် လျက်ရှိကြောင်း ရွှေဘိုမြို့နယ်ရှိ တောင်သူဦးကြီးများနှင့် ချိတ်ဆက်မေးမြန်းမှုအရ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဈေးကွက်အတွင်းဖြစ်ပေါ်နေသော နဂါးမောက်သီးဈေးနှုန်း

    ကယားပြည်နယ်တွင် ဒေသထွက်သီးနှံတစ်မျိုးဖြစ်သည့်  နဂါးမောက်သီးကို လွိုင်ကော်မြို့ ၊ မှုံပြာကျေးရွာ၊ ဘုရားဖြူကျေးရွာ၊ လောပိတကျေးရွာတို့တွင်မိသားစုအပိုဝင်ငွေရရှိစေရေး အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး ရှမ်းပြည်နယ်ကလောစသည်ဒေသများတွင်လည်း တင်ပို့ရောင်းချကြ ပါသည်။ ယခုစက်တင်ဘာလအတွင်း ဖြစ်ပေါ်နေသော နဂါးမောက်သီးဈေးနှုန်းမှာ နဂါးမောက်သီး အလုံးသေးတစ်လုံးလျှင်(၆၀၀)ကျပ်ခန့်ရှိပြီး နဂါးမောက်သီးအလုံးကြီးတစ်လုံးလျှင်(၁၀၀၀)ခန့် ဈေးနှုန်းမြှင့်တက်နေကြောင့် ယခင်ဩဂုတ်လအတွင်း ဈေးနှုန်းမှာနဂါးမောက်သီးအလုံးသေးတစ်လုံးလျှင်(၅၀၀)ကျပ် နဂါးမောက်သီးအလုံးကြီး တစ်လုံးလျှင်(၇၀၀)ကျပ်ခန့်သာရှိခဲ့ပြီး ယခင်ဩဂုတ်လနှင့် ယခုစက်တင်ဘာလနှိုင်းယှဉ်လျှင် နဂါးမောက်သီးအလုံးသေးတစ်လုံးလျှင်(၁၀၀)ကျပ်ခန့် နဂါးမောက်သီးအလုံးကြီးတစ်လုံးလျှင်(၃၀၀)ကျပ်ခန့်မြှင့်တက်လာရခြင်းမှာ သယ်ယူစရိတ်မြှင့် တက်လာခြင်းကြောင့်ဖြစ်သည်ဟု နဂါးမောက်သီးရောင်းချသူတစ်ဦးက ဆိုပါသည်။

DOCA(ကယား)

 

ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော နှမ်းဆီဈေးနှုန်း

    ကယားပြည်နယ်တွင် အခြားဆီထွက်သီးနှံများအပြင် နှမ်းကိုလည်း အဓိကစိုက်ပျိုးလျှက်ရှိပြီး နှမ်းကို လွိုင်ကော်မြို့၊ဘောလခဲမြို့၊ဖားဆောင်မြို့နှင့် ရွာသစ်မြို့တို့တွင် အဓိကစီးပွားဖြစ်စိုက်ပျိုးကြပါသည်။ ယခုလက်ရှိစက်တင်ဘာလတွင်ဈေးကွက်အတွင်းဖြစ်ပေါ်နေသောနှမ်းဆီဈေးနှုန်းမှာ တစ် ပိဿာလျှင်(၁၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ယခင်ဩဂုတ်လအတွင်းနှမ်းဆီဈေးနှုန်းမှာ တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်သာရှိပြီး ယခင်လနှင့် ယခုလနှိုင်းယှဉ်လျှင် နှမ်းဆီ တစ်ပိဿာလျှင်(၁၀၀၀)ကျပ်ခန့် ဈေးနှုန်းမြှင့်တက်လာရခြင်းမှာ နှမ်းရိတ်သိမ်းရာတွင် ဌားရမ်းရသည့် လုပ်သားခဈေးနှုန်းမြှင့်မားလာခြင်း၊ သယ်ယူစရိတ်မြှင့်မာလာခြင်းကြောင့်ဖြစ်သည်ဟု ဆီစက်လုပ်ငန်းရှင်တစ်ဦးက ဆိုပါသည်။

DOCA(ကယား)

ဈေးကွက်အတွင်းဖြစ်ပေါ်နေသော အုန်းသီးဈေးနှုန်း

     ကယားပြည်နယ်တွင်အုန်းသီးကို လွိုင်ကော်မြို့၊မှုံပြာကျေးရွာ၊ဘောလခဲခရိုင်ရွာသစ်မြို့တို့တွင် မိသားစုအပိုဝင်ငွေရရှိစေရေးအတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီးဒေသအတွင်း ထွက်ရှိသောအုန်းသီးကိုမြန်မာရိုးရာမုန့်များပြုလုပ်ရာတွင် အသုံးပြုရန်အတွက်လည်းကောင်း၊ အုန်းသီးကို အုန်းဆီအဖြစ် ထုတ်လုပ်၍ ရောင်းချကြပါသည်။ ယခုနှစ်စက်တင်ဘာလအတွင်း ဖြစ်ပေါ်နေသောအုန်းသီးဈေးနှုန်းမှာ အုန်းသီးအလုံးသေးတစ်လုံးလျှင်(၈၀၀)ကျပ်အုန်းသီးအလုံးကြီးတစ်လုံးလျှင် (၁၀၀၀)ကျပ်အထိရှိပြီး ယခင်နှစ်စက်တင်ဘာလအုန်းသီးဈေးနှုန်းမှာ အုန်းသီးအလုံး သေးတစ်လုံးလျှင်(၅၀၀)ကျပ် အုန်းသီးအလုံးကြီး တစ်လုံးလျှင်(၈၀၀)ကျပ်အထိသာရှိခဲ့ပြီး ယခင် နှစ်နှင့်ယခုနှစ်ဈေးကွက်အတွင်းဖြစ်ပေါ်နေသော အုန်းသီးဈေးနှုန်းများကိုနှိုင်းယှဉ်လျှင် အုန်းသီး အလုံးသေးတစ်လုံးလျှင်(၃၀၀)ကျပ် အုန်းသီးအလုံးကြီးတစ်လုံးလျှင်(၂၀၀)ကျပ်အထိ ဈေးနှုန်း မြှင့်တက်လာခဲ့ကြောင်း အုန်းသီးဈေးနှုန်းမြှင့်တက်လာရခြင်းမှာ အုန်းသီးခူးရာတွင်ဌားရမ်းရသည့် လုပ်သားခဈေးနှုန်းမြှင့်မားလာခြင်းကြောင့်ဖြစ်သည်ဟု အုန်းသီးရောင်းချသူတစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း