ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပဲတီစိမ်း(ရွှေဝါ) စိုက်ပျိုးထုတ်လုပ်မှုနှင့် ပဲတီစိမ်း(ရွှေဝါ)မျိုးပဲပေါက်ဈေး

     ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ဆောင်း ပဲတီစိမ်း(ရွှေဝါ) စိုက်ဧက (၃၆၁၀၇၈)ဧက စိုက်ပျိုးခဲ့ပြီး အထွက်နှုန်း (၁၄.၉၃)တင်းဖြင့် အထွက်တင်း စုစုပေါင်း (၅၃၉၁၅၄၃)တင်းထွက်ရှိခဲ့ပြီး ညီမျှတန်အားဖြင့် တန် (၁၇၀၀၀၀)ကျော် ထွက်ရှိခဲ့ ပါသည်။ ယခုလာမည့် ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းရာသီတွင် ပဲတီစိမ်း(ရွှေဝါ) (၃၆၁၃၅၇)ဧက စိုက်ပျိုးရန် လျာထားပြီး ခန့်မှန်းအထွက်နှုန်း (၁၄.၄၅)တင်းဖြင့် အထွက်တင်း စုစုပေါင်း (၅၂၂၁၆၀၉)တင်း ညီမျှတန်အားဖြင့် တန် (၁၇၀၀၀၀)ကျော် ထွက်ရှိမည်ဟု လျာထားကြောင်းသိရှိရပါသည်။

       ရန်ကုန်တိုင်းဒေသကြီးအတွင်း ပဲတီစိမ်း(ရွှေဝါ) အများဆုံးစိုက်ပျိုးသော မြို့နယ်များ မှာ သုံးခွမြို့နယ်၊ ခရမ်းမြို့နယ်၊ ကျောက်တန်းမြို့နယ်နှင့် သန်လျင်မြို့နယ်တို့ဖြစ်ကြပြီး ယခင်နှစ် ဆောင်းပဲတီစိမ်း(ရွှေဝါ) ထွက်ရှိချိန် အများဆုံးစိုက်ပျိုးသည့် သုံးခွမြို့နယ်၊ ခရမ်း မြို့နယ်များတွင် (၇၂)ပေါင် ကိုက် ပဲတီစိမ်း(ရွှေဝါ) တစ်တင်းအဖွင့်ဈေးမှာ ကျပ်(၄၅၀၀ဝိ/-) မှ (၄၆၀၀၀/-)ဈေးပေါက်ခဲ့ပြီး နောက်ပိုင်းတွင် ပဲတီစိမ်း(ရွှေဝါ) တစ်တင်းလျှင် ကျပ် (၅၃၀၀၀/-)ထိ အမြင့်ဆုံးဖြစ်ခဲ့ပြီး ဈေးကောင်းရရှိခဲ့ကြောင်း သိရှိရပါသည်။

   ယခုနှစ် ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်း ပဲတီစိမ်း(ရွှေဝါ)များအား ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးစပါးထွက်ပေါ်ပြီးနောက်ပိုင်း စိုက်ပျိုး‌တော့မည်ဖြစ်ရာ ဒေသတွင်း မျိုးပဲတီစိမ်း(ရွှေဝါ) (၇၂)ပေါင်ကိုက် တစ်တင်းပေါက်ဈေးမှာ ကျပ်(၆၅၀၀ဝိ/-)မှ (၇၀၀၀ဝိ/-) ထိ ဖြစ်ပေါ်လျှက်ရှိကြောင်းနှင့် ဆောင်း ပဲတီစိမ်း(ရွှေဝါ)များ ထွက်ပေါ်မည့် ကာလတွင်လည်း ဈေးကောင်းရရှိလိမ့်မည်ဟု နယ်ကုန်သည်နှင့် လယ်သမားအများစုက တွက်ဆလျှက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)                                                    

 

ယင်းမာပင်ခရိုင်အတွင်း ဆောင်းနှမ်း (နှမ်းကြီး)များ လှိုင်လှိုင်စိုက်ပျိုးလျှက်ရှိ

             ယင်းမာပင်ခရိုင်သည် ဆီထွက်သီးနှံကို အဓိကစိုက်ပျိုးထွက်ရှိသည့် ခရိုင်တစ်ခုဖြစ်ပြီး နှမ်း၊ မြေပဲ၊ နေကြာသီးနှံများကို အဓိကစိုက်ပျိုးထုတ်လုပ်လျှက်ရှိပါသည်။ နှစ်စဉ် ဆီထွက်သီးနှံဧက (၄) သိန်းဝန်းကျင်ပုံမှန်စိုက်ပျိုးလျှက်ရှိသည့်အနက် နှမ်းသီးနှံမှာ စိုက်ဧက အများဆုံးဖြစ်သည်။ နှမ်းစိုက် ဧက (၆၀)% ရှိကြောင်း သက်ဆိုင်ရာဌာနများ၏ စာရင်းဇယားများအရ သိရှိရသည်။

          ယခုနှစ်တွင် မိုးနှမ်းဧက (၁.၉)သိန်းခန့် စိုက်ပျိုးထွက်ရှိပြီး ဆောင်းနှမ်းဧက (၅)သောင်းကျော် စိုက်ပျိုးရန် လျာထားကြောင်း သိရသည်။ ဆောင်းနှမ်း (နှမ်းကြီး)ကို မြို့နယ် (၄)မြို့နယ်တွင် စိုက်ပျိုး သော်လည်း ကနီမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့တွင် စိုက်ဧကအများဆုံးဖြစ်သည်။ အဆိုပါ မြို့နယ်များမှာ ချင်းတွင်းမြစ်ရိုးနှင့် နီးစပ်ပြီး မြေအောက်ရေလွယ်ကူစွာရရှိသည့်အတွက် နှစ်သီးစား စိုက်ပျိုးနိုင်သည့် အခွင့်အလမ်းများစွာရှိကြောင်း သိရသည်။ ဆောင်းနှမ်းကို စက်တင်ဘာလလယ်တွင် ပုံမှန်စိုက်ပျိုးပြီး ဒီဇင်ဘာလဆန်းပိုင်းတွင် ထွက်ရှိသည့် ‌ဆောင်းနှမ်းရိတ်သိမ်းပြီးသည့် ရိုးပြတ်များတွင် ထွန်ယက်ပြုပြင်ကာ ကြက်သွန်နီနှင့်ကုလားပဲသီးနှံကို ရာသီအမီ စိုက်ပျိုးလေ့ရှိကြောင်း ဒေသခံတောင်သူများထံမှသိရှိရသည်။

          ယခုနှစ်တွင်လည်း ဆောင်းနှမ်း( နှမ်းကြီး) စိုက်ပျိုးချိန် စက်တင်ဘာလဆန်းပိုင်းကတည်းက မိုးပုံမှန်ရွာသွန်းခဲ့သည့်အတွက် ဆောင်းနှမ်း (နှမ်းကြီး) စိုက်ပျိုးမည့် တောင်သူများအဖို့ အချိန်အခါ ကောင်းဖြစ်ခဲ့သည်။ ဆောင်းနှမ်း (နှမ်းကြီး) ကို စက်တင်ဘာလမကုန်မီ အပြီးစိုက်ပျိုးနိုင်ရေး ထွန်ရေးပြင်ဆင်စိုက်ပျိုးလျှက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရှိရသည်။ လက်ရှိစိုက်ပျိုး နေသည့်မျိုးများမှာ သက်တမ်းတိုသည့် နှမ်းမျိုးများဖြစ်သည့်အတွက် နှမ်းညိုနှင့် ဆင်းရတနာ-၄နှမ်းဖြူမျိုးများဖြစ်ကြောင်း နှမ်းသီးနှံရိတ်သိမ်းပြီးပါက သီးထပ်အဖြစ် ဆောင်းကြက်သွန်နှင့်ကုလား ပဲသီးနှံများကို မြေအောက်ရေဖြင့် ရေသွင်းကာ ရာသီအမီစိုက်ပျိုးသွားရန် စီစဉ်ထားရှိ ကြောင်း နှမ်းစိုက်တောင်သူ ဦးသိန်းလှိုင်၏ ပြောပြချက်အရသိရှိရပါသည်။

     လက်ရှိဒေသတွင်းဈေးကွက်၌ နှမ်းညိုတစ်တင်း (၈၅၀၀၀)ကျပ်၊ နှမ်းဖြူတစ်တင်း (၉၅၀၀၀)မှ (၁၀၀၀၀၀)၊ နှမ်းနက်တစ်တင်း (၈၅၀၀၀)မှ (၁၀၀၀၀၀)အသီးသီးပေါက်‌ဈေးရှိပြီး ပြည်တွင်းလုပ်ငန်းသုံးအဝယ်ရှိသလို ပြည်ပဝယ်လိုအားလည်း ရှိနေသည့်အတွက် အရောင်းအဝယ် ဖြစ်လျှက်ရှိ ကြောင်း သိရသည်။ ဆောင်းနှမ်း(နှမ်းကြီး)သီးနှံမှာ မိုးရေဖြင့် စိုက်ပျိုးဖြစ်ထွန်းရပြီး အပင်ဖြစ်ထွန်းချိန် ရာသီဥတုကောင်းမွန်ခြင်း၊ ရိတ်သိမ်းချိန်မှာလည်း ရာသီဥတု (မိုး၊ လေ)လွတ်ကင်းသည့်အတွက် အရည်အသွေးကောင်းမွန်ပြီး အလေအလွင့်နည်းပါးခြင်း၊ စိုက်ပျိုးရ လွယ်ကူပြီး ကုန်ကျစရိတ် သက်သာခြင်းနှင့် ပြည်ပဈေးကွက်ဝယ်လိုအားရှိနေခြင်းများကြောင့် တောင်သူများ ဆောင်းနှမ်း (နှမ်းကြီး) စိုက်ပျိုးရန် စိတ်အားထက်သန်လျှက်ရှိကြောင်း သိရှိရသည်။

          ဆောင်းနှမ်း (နှမ်းကြီး)ရိတ်သိမ်းပြီးပါက သီးထပ်အဖြစ်စိုက်ပျိုးမည့် (ကြက်သွန်နီ၊ ကုလားပဲ)သီးနှံများ၏ လက်ငုတ်ဈေးများမှာလည်း ဈေးကောင်းရရှိနေသည့်အတွက် သီးထပ်စိုက်ပျိုးမည့် တောင်သူပိုမိုများပြားလာကြောင်း၊ သွင်းအားစုဈေးနှုန်းများ မြင့်တက်နေသော်လည်း သီးနှံများ၏ လက်ငုတ်ဈေးကောင်းမွန်နေသည့်အတွက် နှစ်သီးစားစိုက်ပျိုးမည့်အစီအစဉ်ဖြင့် ဆောင်းနှမ်း (နှမ်းကြီး)ကို လှိုင်လှိုင်စိုက်ပျိုးလျှက်ရှိပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)

 “သိမ်ဖြူဈေးတွင်ဖြစ်ပေါ်နေသော ကြက်သွန်ဖြူ/နီလက်ကားဈေး”

     ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ် သိမ်ဖြူဈေးကြီးအတွင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီများအား ကား၊ ရထားတို့ဖြင့် ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ နေ့စဉ် ဝင်ရောက်လျက်ရှိပြီး လက်လီလက်ကား ပြန်လည်ရောင်းချလျက်ရှိရာ ၁၅.၉.၂၀၂၂ မှ ၂၁.၉.၂၀၂၂ ရက်အထိ ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၃၀၉၆၀)ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်)(၅၁၁၀)ပိဿာ ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကားဈေးမှာ ၁ပိဿာလျှင် ၂၈၀၀ ကျပ်မှ ၃၀၀၀ကျပ် ထိ ဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ ၁ပိဿာလျှင် ၄၀၀၀ ကျပ်မှ ၄၂၀၀ ကျပ်ထိရှိပြီး တနင်္ဂနွေနေ့တွင် ကုန်အဝင်မရှိကြောင်း ဈေးတာဝန်ခံရုံးမှ သိရှိရပါသည်။

DOCA(ရန်ကုန်)

ဒိုက်ဦးမြို့နယ်တွင် ကောက်စောစပါးများစတင်ရိတ်သိမ်းထွက်ရှိမှု

      ဒိုက်ဦးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ၊ မိုးစပါး စိုက်ပျိုးဧကမှာ (၁၆၇၀၃၈) ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ယခုအခါ ကောက်စောစပါးများ စတင်ရိတ်သိမ်းနေပြီဖြစ်ပါသည်။

    ရိတ်သိမ်းထွက်ရှိမှုအား ကွင်းဆင်းလေ့လာရာတွင် ကလိကျေးရွာအုပ်စု ၊ ကွင်းအမှတ် (၃၇၇)တွင် တောင်သူ ဦးဝင်းနိုင်မှ မိုးစပါးအနေဖြင့်  အယ်လ်ဖာစပါးမျိုး (၈)ဧကခန့်စိုက်ပျိုးရာ ကောက်စောစပါး (၁)ဧကလျှင် စပါးတင်း (၈၀)ခန့်ထွက်ရှိပြီး စပါး တစ်တင်းလျှင် ပေါင် (၅၀)ဖြင့် စပါးတင်း (၁၀၀)လျှင် (၁၀,၃၅၀၀၀)ကျပ်ဈေးဖြင့် ရောင်းချရပြီး စိုက်ပျိုးမှု ကုန်ကျစရိတ်မှာ ကြဲခင်းဖြစ်၍ တစ်ဧကလျှင် (၃၀၀၀၀၀)ကျပ်ခန့် ကုန်ကျပြီး အကျိုးအမြတ်အနေဖြင့်  (၅၀၀၀၀၀) းကျပ်ခန့်ရရှိကြောင်း  သိရှိရ ပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်တွင် နနွင်းတက်များ အရောင်းအဝယ်ဖြစ်လျှက်ရှိ

   ပြည်ခရိုင်၊ ပြည်ဈေးကွက်ရှိ နနွင်းတက်ပွဲရုံများသို့ ကျောက်ဆည်၊ ဟင်္သာတနှင့် မင်းတုန်းဘက်မှ နနွင်းတက်များဝင်ရောက်လျှက်ရှိပါသည်။ ယခင်က ရှမ်းပြည် အောင်ပန်း၊ ကလောနှင့် ပင်လောင်းဘက်မှ ဝင်ရောက်မှုရှိပေမယ့် ယခုအချိန်တွင် ဝင်ရောက်မှုမရှိဘဲ ဒေသတွင်းထွက်ရှိသော နနွင်းတက်များနှင့် ကျောက်ဆည်ဘက်မှလာသော နနွင်းတက်များဖြင့်သာ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

   ပြည်ဈေးကွက်တွင်ဖြစ်ပေါ်လျှက်ရှိသော နနွင်းတက်ဈေးများမှာ အတက်ချော တစ်ပိဿာ လျှင် ၄၀၀၀-၅၀၀၀ကျပ်ဈေးရှိပြီး အတက်အသေးအညှပ်တစ်ပိဿာလျှင် ၃၅၀၀ကျပ်ဖြင့် ရောင်းချ လျှက်ရှိပါသည်။ နနွင်းတက် အသေးအညှက်များကို ခြင်ဆေးခွေပြုလုပ်သူများက အဝယ်ရှိသလို နနွင်းတက်အချောများကို နနွင်းမှုန့်များပြုလုပ်၍ရောင်းချသူများမှ အဝယ်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

စက်သုံးဆီဈေးနှုန်းများ ဆက်လက်မြင့်တက်လျက်ရှိ

           ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် စက်သုံးဆီအရောင်းဆိုင်(၁၄)ဆိုင် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး စက်သုံးဆီပြတ်လပ်မှုမရှိသော်လည်း ဈေးနှုန်း ပိုမိုမြှင့်တက်လာသည်ကိုတွေ့ရပါသည်။ စက်သုံးဆီ လက်လီဈေးနှုန်းများမှာ ယခု စက်တင်ဘာလ တတိယပတ်အတွင်း ဒီဇယ်ရိုးရိုး တစ်လီတာကို (၃၀၇၀)ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာကို (၃၁၅၆) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာ ကို (၂၄၅၀)ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၂၅၅၅)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင် စက်တင်ဘာလ ဒုတိယပတ်တွင် ဒီဇယ်ရိုးရိုး တစ်လီတာကို (၂၈၃၀) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာကို(၂၉၁၅) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာကို (၂၃၇၅)ကျပ် နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၂၄၅၅) ကျပ်သာရှိခဲ့ပြီး ယခင်စက်တင်ဘာလ ဒုတိယအပတ်နှင့် ယခုစက်တင်ဘာလ တတိယ ပတ်အတွင်း ဖြစ်ပေါ်နေသော ဈေးနှုန်းများကို နှိုင်းယှဉ် ကြည့်လျှင် ဒီဇယ်ရိုးရိုး တစ်လီတာကို (၂၄၀ ) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာကို (၂၄၁) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာ ကို(၇၅) ကျပ် နှင့်ဓါတ်ဆီ (95) တစ်လီတာ ကို(၁၀၀)ကျပ် ထိ ဈေးနှုန်း များမြင့်တက်လာကြောင်း၊ ဈေးနှုန်းမြှင့် တက်လာရခြင်းမှာ ကမ္ဘာ့ရေနံဈေးနှုန်းမြှင့်တက်လာမှုနှင့် ပြင်ပ ဈေးကွက်ရှိ နိုင်ငံခြားငွေလဲနှုန်းများ ဆက်လက်မြင့်တက်နေခြင်းကြောင့်ဖြစ်သည် ဟုသိရှိရပါသည်။

DOCA(ကယား)

တနင်္သာရီတိုင်းဒေသကြီးအတွင်း ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် ဘိလပ်မြေစျေးတည်ငြိမ်

          တနင်္သာရီတိုင်းဒေသကြီးအတွင်း စက်တင်ဘာလတွင် ဓါတ်မြေသြဇာ စျေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိပြီး စျေးကွက်တွင် လူသုံးများသည့် တံဆိပ်များနှင့် စျေးနှုန်းများမှာ သံကွင်း (Yuntianhua)မှာ ၅၀ကီလိုဂရမ် တစ်အိတ်လျှင် ကျပ် ၁၁၈၅ဝဝ/၊ သရဖူ(ထိုင်းနိုင်ငံ) တစ်အိတ်လျှင်  ကျပ် ၁၂၅၀ဝဝ/-၊ Vedagro (ဗီယက်နမ်) တစ်အိတ်လျှင် ကျပ် ၈၆၅ဝဝ/-၊ ၁၈:၄:၅ (သရဖူ)တစ်အိတ်လျှင် ကျပ် ၁၀ဝဝဝဝ/-၊ ၁၅ပတ်လည်(အာမို)တစ်အိတ်လျှင် ကျပ် ၁၅၀၀၀၀/-၊  တနင်္သာရီတိုင်းဒေသကြီးတွင် ပိုးသတ်ဆေးစျေးနှုန်းများမှာ ဒါနာဒင် ၁၀၀စီစီ တစ်ဘူးလျှင် ကျပ် ၆၂၀၀၊ မာလာမြိုင်ဖန့်ဆို ၁၀၀စီစီ တစ်ဘူးလျှင် ကျပ် ၄၀၀၀၊ သန်ဒါး(မြန်မာသြဘာ) ၁၀စီစီ တစ်ဘူးလျှင် ကျပ် ၁၉၀၀၊ ဒိုဇာ(မြန်မာသြဘာ) ၁၀စီစီ တစ်ဘူးလျှင် ကျပ် ၁၅၀၀/-ဖြင့် အရောင်း အဝယ်ဖြစ် နေကြောင်းစုံစမ်းသိရှိရပါသည်။

          စက်တင်ဘာလ တတိယအပတ်တွင် ဘိလပ်မြေစျေးနှုန်းမှာ တည်ငြိမ်လျက်ရှိပြီး ဆင်နီ (ထိုင်း) တစ်အိတ်လျှင် ကျပ် ၁၅၈၀၀၊ ကြံ့(၂)ကောင်တံဆိပ် ကျပ် ၁၀၇၀၀၊ apache တံဆိပ် ကျပ် ၁၁၂၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များမှ စုံစမ်းသိရှိရပါ သည်။

          ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် ဘိလပ်မြေစျေးနှုန်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် စျေးနှုန်းများတည်ငြိမ်နေပြီး အရောင်းအဝယ်မှာအနည်းငယ်အေးနေကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး ကွမ်းသီး‌‌စျေးနှင့် သီဟိုစေ့စျေးအနည်းငယ်ကျလျက်ရှိ

          ကွမ်းသီးနှင့် သီဟိုစေ့များသည် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီး နှင့် မွန်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ ကွမ်းသီးတွင် ကွမ်းသီးအလုံးစျေးနှင့် ကွမ်းသီးခွဲခြမ်း စျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိပြီး သီဟိုစေ့တွင် အခွံမချွတ်ရသေးသောအပင်မှ ဆွတ်ခူးသော အသီးအကြမ်းစျေးနှင့် အခြောက်လှန်းသန့်စင်ပြီး အချောစျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိ ကြောင်းသိရှိရပြီး ယခု စက်တင်ဘာ ၂၂ ရက်တွင် ဖြစ်ပေါ်လျက်ရှိသော ကွမ်းသီးစျေးမှာ ကွမ်းသီး အလုံး(အခွံမပါ) တစ်ပိဿာလျှင် (၈၀၀ဝိ/-)နှုန်း နှင့် ကွမ်းသီးခွဲခြမ်း တစ်ပိဿာလျှင် (၈၀၀ဝိ/-) နှုန်းစျေးပေါက် နေကြောင်းသိရှိရပါသည်။ သီဟိုစေ့စျေးနှုန်းမှာ သီဟိုစေ့အကြမ်း တစ်ပိဿာလျှင် ၄၅၀၀ ကျပ်ရှိပြီး  သီဟိုစေ့အချော တစ်ပိဿာလျှင် ၃၈၀၀၀ ကျပ် ရှိကြောင်းစုံစမ်းသိရှိရပါသည်။

          ကွမ်းသီးစျေးနှင့် သီဟိုစေ့စျေး (၂)မျိုးလုံးမှာ  စျေးနှုန်းများအနည်းငယ်ကျဆင်းလျက်ရှိ၍  အရောင်းအဝယ် မှာ အနည်းငယ်အေးလျက်ရှိနေကြောင်း သိရှိရပါသည်။

 DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီးတွင် ရော်ဘာ ဈေးအနည်းငယ်ကျဆင်း

          တနင်္သာရီတိုင်းဒေသကြီးသည် ရော်ဘာ၊  ကွမ်းသီးများကို အဓိကထား စိုက်ပျိုးလျက်ရှိသည့် တိုင်းဒေသကြီးဖြစ်ပါသည်။ မှိုင်းခံရော်ဘာကို  အဆင့်သတ်မှတ်ချက် ( ၅ ) မျိုးဖြင့် သတ်မှတ်ထား ရှိပြီး ယခုလက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း RSS-3 နှင့် RSS-5 ( ၂ )မျိုးသာ အဓိက အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။ ရော်ဘာဈေးနှုန်းမှာ စက်တင်ဘာ တတိယအပတ်တွင် ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိပြီး ယခုအပတ် (၁၉. ၉. ၂၀၂၂) မှ (၂၃. ၉ .၂၀၂၂)အထိ ရော်ဘာစျေးနှုန်းမှာ RSS-3 တစ်ပေါင်လျှင် ကျပ် ၁၆၀၀ နှုန်း၊ RSS-5 တစ်ပေါင်လျှင် ကျပ် ၁၅၀၀ နှုန်း ပေါက်ဈေးရှိပြီး RSS-3 သည် RSS-5 ထက်အပြစ်အနာဆာကင်းသောကြောင့် ဈေးကောင်းပိုရလျက် ရှိကြောင်း သိရှိရပါသည်။

          တနင်္သာရီတိုင်းဒေသကြီး ထားဝယ်တွင် ရာဘာစျေးနှုန်းအနေဖြင့် အကျိုးအမြတ်များရရှိနေ‌ သော်လည်း မိုးများရွာသွန်းမှုကြောင့် ရာဘာအစေးခြစ်လုပ်ငန်းများ ရပ်နားထားရပြီး ထိုင်းဘတ်ငွေ စျေးနှုန်းများ အနည်းငယ်ကျဆင်းနေပြီး အရောင်းအဝယ်မှာ အေးလျက်ရှိကြောင်း စုံစမ်းသိရှိရပါ သည်။

DOCA(တနင်္သာရီ)

မော်လမြိုင် ဘိလပ်မြေ၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးကွက်

   မော်လမြိုင်မြို့၌ ယခုလ စတုတ္ထအပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရသည်။ ဈေးကွက်ထဲအရောင်းအဝယ်ပုံမှန်ဖြစ်နေသောဈေးမှာ ယခုအပတ်တွင် ကြံ့နှစ်ကောင် (အနီ) ကျပ် ၉၆၀၀၊ ဆင် (ထိုင်း) ကျပ် ၁၄၅၀၀၊ ကြံ့တံဆိပ် (အပြာ) ကျပ် ၉၃၀၀ ဖြင့်အရောင်းအဝယ်ဖြစ်နေပြီး၊ မော်လမြိုင်မြို့၌ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးမှာ ဈေးနှုန်း အနည်းငယ်တက်လာပြီး အရောင်းအဝယ်ပုံမှန်ရှိနေကြောင်း သိရှိရသည်။

   အရောင်းအဝယ်ဖြစ်နေသောဈေးမှာ ယခင်အပတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာရွှေကောမက်) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၁၆၃၀၀၀၊ ကွန်ပေါင်း ၂၀:၁၂:၁၂ 50kg ပါတစ်အိတ်မှာ ကျပ် ၁၆၃၀၀၀၊ ကွန်ပေါင်း (Thai Grow How) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၁၅၃၀၀၀၊ ပုလဲ (အသေး) ၄၆% မြန်မာ (MPE) 50kg ပါတစ်အိတ်မှာ ကျပ် ၈၀၀၀၀၊ ပုလဲ (အကြီး) ၄၆% ထိုင်း (မြင်းပျံ) 50kg ပါတစ်အိတ်မှာ ကျပ် ၁၂၃၀၀၀၊ ပိုးသတ်ဆေး အမျိုးအစားဖြစ်သည့် မာလာမြိုင်ဆိုက်ပါ ၁၀%  (သီးရွက်စုံ) 100cc ပါ ၁ ပုလင်းမှာ ကျပ် ၃၁၀၀၊ မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) 500cc ပါ ၁ ပုလင်းမှာ ကျပ် ၁၂၅၀၀ ရှိခဲ့ပြီး ယခုအပတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာရွှေကောမက်) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၁၆၈၀၀၀၊ ကွန်ပေါင်း ၂၀:၁၂:၁၂ 50kg ပါတစ်အိတ်မှာ ကျပ် ၁၈၀၀၀၀၊ ကွန်ပေါင်း (Thai Grow How) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၁၆၅၀၀၀၊ ပုလဲ (အသေး) ၄၆% မြန်မာ (MPE) 50kg ပါတစ်အိတ်မှာ ကျပ် ၇၈၀၀၀၊ ပုလဲ (အကြီး) ၄၆% ထိုင်း (မြင်းပျံ) 50kg ပါတစ်အိတ်မှာ ကျပ် ၁၃၀၀၀၀၊ ပိုးသတ်ဆေး အမျိုးအစားဖြစ်သည့် မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) 100cc ပါ ၁ ပုလင်းမှာ ကျပ် ၃၁၀၀၊ မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) 500cc ပါ ၁ ပုလင်းမှာ ကျပ် ၁၃၀၀၀ အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။

DOCA(မွန်)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း