ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကသာမြို့တွင်း ရောင်းချလျက်ရှိသော ကြက်သွန်နီ၊ ကြက်သွန်ဖြူဈေးနှုန်း

     ကသာမြို့တွင်း စက်တင်ဘာလ(၂၁)ရက်နေ့တွင် ရောင်းချလျက်ရှိသော ကြက်သွန်နီဈေးနှုန်းမှာ လက်ကား တစ်ပိဿာလျှင် အကြီး၊ အလတ်၊ အသေးပေါ်မူတည်၍ ကျပ် ၄၂၀၀ မှ ကျပ် ၃၀၀၀ ခန့်၊ လက်လီ တစ်ပိဿာလျှင် ကြီး/ လတ်/သေး‌ (၄၅၀၀/၄၀၀၀/၃၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။ ကြက်သွန်နီဈေးမှာ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကျပ်(၅၂၀၀)ရှိသည့်အတွက် ဈေးနှုန်းနှိုင်းယှဉ်ကြည့်ပါက လက်ရှိတွင်ဈေးနှုန်းအနည်းငယ်ကျဆင်းသော်လည်း အချိန်နှင့်တပြေးညီ ဈေးနှုန်းပြောင်းလဲနိုင်ကြောင်း ကြက်သွန်နီရောင်းချသူများထံမှ သိရှိရသည်။ အရောင်းအဝယ်အနေဖြင့် ကြက်သွန်နီဈေးနှုန်း မြင့်တက်မှုကြောင့် အရောင်းအဝယ်ဖြစ်မှုနည်းပါးပြီး ကြက်သွန်နီ ဝင်ရောက်မှု မှာလည်း ယခုတစ်ပတ် မြို့နယ်တွင်းသို့ မန္တလေး၊ မုံရွာဘက်မှ (၃၅)ပိဿာပါ အိတ်(၃၀)ခန့်သာ ဝင် ရောက်ကြောင်း သိရသည်။

     ကြက်သွန်ဖြူဈေးနှုန်းမှာ လက်လီတစ်ပိသာလျှင် အကြီး/အသေးပေါ်မူတည်၍ ကျပ်(၆၀၀၀ မှ ၄၀၀၀)ထိ ရောင်းချလျက်ရှိကာ စက်တင်ဘာလဒုတိယပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ကြည့်ပါက ကျပ် (၁၀၀၀မှ ၁၂၀၀)ခန့်ထိ  ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။ အရောင်းအဝယ်ဖြစ်မှုမှာလည်း ဈေးမြင့်တက်မှုကြောင့် ယခင်ကထက် အရောင်းအဝယ်နည်းပါးကြောင်းသိရှိရပြီး ကြက်သွန်ဖြူ ဝင်ရောက်မှုအနေဖြင့် မန္တလေး-မုံရွာဘက်မှ ယခုတစ်ပတ် ပိဿာ(၂၀)ပါအိတ်(၃၀)ခန့်သာ ဝင်ရောက်ကြောင်း သိရှိရသည်။   

DOCA(စစ်ကိုင်း)

                                               

ပွင့်ဖြူမြို့နယ် ကျွန်းပင်စင်ကျေးရွာမှ မိုးစပါးစိုက်ပျိုးထွက်ရှိမှု ကုန်ကျစရိတ်နှင့် အကျိုးအမြတ်ရရှိမှု အခြေအနေအား ကွင်းဆင်းလေ့လာခြင်း

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူးဒေါ်မွန်မွန်သက်သည် (1၅.9.2022)ရက်နေ့တွင် ပွင့်ဖြူမြို့နယ် ကျွန်းပင်စင်ကျေးရွာ၌ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် မိုးစပါးစိုက်တောင်သူ ဦးယုလွင်၏ စပါးစိုက်ပျိုးထွက်ရှိမှု ကုန်ကျစရိတ်နှင့်အကျိုးအမြတ် ရရှိမှု အခြေအနေကို ကွင်းဆင်း လေ့လာခဲ့ရာ ကျွန်းပင်စင်ကျေးရွာသည် အိမ်ခြေ(၁၅၀)ခန့်ရှိပြီး လူဦးရေမှာ(650) ကျော်ခန့်ရှိကြောင်း၊ နှစ်စဉ် ကိုင်းမြေနှင့်လယ်မြေများတွင် နွေ၊မိုး၊ဆောင်းသုံးသီး စိုက်ပျိုးလျက်ရှိကြောင်း၊ ကိုင်းမြေများတွင် မိုးရာသီ၌ နှမ်းစိုက်ကြောင်း၊ ဆောင်းရာသီတွင် မြေပဲ၊စတော်ပဲ၊ထော်ပတ်ပဲ၊ပြောင်းနှင့်ကြက်သွန်များကို စိုက်ပျိုးကြကြောင်း၊ လယ်မြေများတွင် နွေရာသီ၌ နှမ်းများစိုက်ပျိုးပြီး မိုးရာသီတွင် ဧရာပဒေသာစပါး စိုက်ပျိုးလျက်ရှိကြောင်း၊ တောင်သူ ဦးယုလွင်သည် မိုးစပါး(၁၀)ဧကခန့် စိုက်ပျိုးထားရှိပြီး ကိုင်းမြေ တွင်(7)ဧကခန့် ကြက်သွန်နှင့်ငရုတ်စိုက်ပျိုးထားကြောင်း၊ နှစ်စဉ်လယ်(၁)ဧကမှစပါး 75တင်းမှ80 တင်းခန့် ပျမ်းမျှထွက်ရှိကြောင်း၊ ဆည်ရေသောက် စိုက်ပျိုးသည့်အတွက် ရေလိုအပ်ချိန်တွင် ရေပေး သွင်းနိုင်၍  စပါးအထွက်နှုန်း  ကောင်း မွန်ကြောင်း သိရှိရပါသည်။

     မိုးစပါးစိုက်ပျိုးရန်အတွက် ဆည်ရေရရှိသော ဇူလိုင်လ(၁၅)ရက်ခန့်တွင် ဧရာပဒေသာစပါးမျိုး ကိုပျိုးထောင်ရကြောင်း၊  စပါးမျိုးစေ့ပျိုးသည်မှ ပျိုးပင်ရသည်အထိ ကုန်ကျစရိတ်မှာ (30000)ခန့် ရှိကြောင်း သိရပါသည်။ (45)ရက် သက်တန်းရှိသော စပါးပျိုးပင်ကို ဩဂုတ်လကုန်တွင် စိုက်ခင်းသို့ ပြောင်းရွှေ့စိုက်ပျိုးပြီး၊ (2)လခန့်အကြာတွင် စပါးနှံထွက်ရှိကြောင်း နိုဝင်ဘာလ ကုန်ခန့်တွင် စပါးရင့် မှည့်၍ စတင်ရိတ်သိမ်းကြကြောင်း စိုက်ပျိုးချိန်မှရိတ်သိမ်းချိန်အထိ (၃)လခွဲခန့်ကြာကြောင်း သိရပါသည်။

   (၁)ဧကမိုးစပါးစိုက်ပျိုးမှု ကုန်ကျစရိတ်မှာကျွန်းပင်စင်ကျေးရွာအနေဖြင့် လက်စားလိုက်စနစ်ဖြင့် မြေပြုပြင်ခြင်းကြောင့် မြေပြုပြင်စရိတ်သက်သာခြင်း၊ ကောက်စိုက်ခ၊ပျိုးနှုတ်ခ၊ ရိတ်သိမ်းခ၊ ကောက် လှိုင်းစည်းခအတွက် အလုပ်သမားဦးရေ(40)ဦးခန့် ငှားရမ်းသုံးစွဲရကြောင်း တစ်ဦးလျှင် နေ့တွက် လုပ်အားခ(5000) ကျပ်နှုန်းပေးရသည်အတွက် လုပ်အားခ စုစုပေါင်း(200000)ခန့် ကုန်ကျကြောင်း သိရပါသည်။ကျွန်းပင်စင် ကျေးရွာသည် မိုးစပါး ဆည်ရေသောက် စိုက်ပျိုးရသော်လည်း ယခုနှစ်တွင် စပါးစိုက်ပျိုးချိန်တွင် မကြာခဏ မိုးများစွာရွာသွန်းခြင်းကြောင့် ရေသွင်းမှုအကြိမ်ရေ နည်းပါးသော် လည်း ပိုးသတ်ဆေး၊ အားဆေးအမျိုးမျိုး၊ သွင်းအားစုများ ဈေးနှုန်းများမှာ ယခင်နှစ်ထက် (၂)ဆကျော် ဈေးနှုန်းမြှင့်မား လာပါသဖြင့် ကုန်ကျစရိတ်များလာကြောင်း တစ်ဧက ထွက်နှုန်းမှာ(75)တင်းခန့် ပျမ်းမျှထွက်ရှိပြီး လယ်ကွင်းအတွင်းမှ ကောက်လှိုင်းများကို လက်စားစနစ်ဖြင့် မိမိလှည်းနွားများ ဖြင့် တလင်းအရောက် ပို့ဆောင်ပေးရကြောင်း၊ တစ်ဧကကုန်ကျစရိတ်မှာ (400000)ကျော်ခန့် ရှိပါကြောင်း၊ ယခင်နှစ်များက စပါးပေါ်စတွင် (850000)ခန့် ရှိခဲ့သော်လည်း လက်ရှိဆန်ဈေးနှုန်းအရ စပါးဈေး (၉)သိန်းမှ (၉)သိန်းခွဲခန့်ရရှိမည်ဟုခန့်မှန်း ထားကြောင်း သိရပါသည်။

   ကျွန်းပင်စင်ကျေးရွာသည် လယ်မြေ၊ ကိုင်းမြေများပေါ်တွင် အမှီပြု၍ နေထိုင်ပြီး စပါးစိုက်ဧကလည်းများကြောင်း ဆန်ထွက်ရှိမှုမှာလည်း များပြားသောကြောင့် စားသုံးပြီးပိုလျှံသော စပါး၊ဆန်များကို မင်းဘူး၊မကွေးမြို့နှင့် ချောက်မြို့များသို့ ဖြန့်ဖြူးလျက်ရှိပါကြောင်း သိရှိရပါသည်။ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ရာတွင် လက်စားလိုက် စနစ်ဖြင့်ဆောင်ရွက်သောကြောင့် လုပ်အားခ ကုန်ကျမှုသက်သာပြီး ဝင်ငွေများသောကြောင့် အခြား ကျေးရွာများလည်း ကျွန်းပင်စင်ကျေးရွာကဲ့သို့ လုပ်ကိုင်ပါကအလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပြီး ဒေသဖွံဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း အကြံပြုရေးသားလိုက်ရပါသည်။

DOCA(မကွေး)

 

         

စလင်းမြို့နယ်အင်ကျင်းပင်လှကျေးရွာမှ ဝါစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် အကျိုးအမြတ်ရရှိမှုအခြေအနေ

    စလင်းမြို့နယ်သည် ဧရာဝတီမြစ်အနောက်ဘက်ကမ်းတွင် တည်ရှိပြီး သီးနှံစုံစိုက်ပျိုး ဖြစ်ထွန်းသောမြို့ဖြစ်ပါသည်။ စလင်းမြို့တွင်ဝါကို စလင်းမြို့အနောက်ဘက်ကုန်းမြင့်ဒေသနှင့် ယာမြေတို့တွင် အများဆုံးစိုက်ပျိုးကြပြီး ၂၀၂၂ ခုနှစ်တွင် (၁၅၀၀၀)ဧကခန့် စိုက်ပျိုးထား ရှိပါသည်။ ဝါအဓိကစိုက်ပျိုးကြသော စလင်းမြို့နယ် အင်ကျင်းပင်လှကျေးရွာရှိ တောင်သူ ဦးတင်ဆန်းနှင့် တွေ့ဆုံပြီးဝါစိုက်ပျိုးထွက်ရှိမှု အခြေအနေအားကွင်းဆင်းမေးမြန်းမှုအရ အင်ကျင်းပင်လှကျေးရွာ တွင် တောင်သူ(၁၂၀)ဦးခန့်စိုက်ပျိုးထားရှိပြီး ကျေးရွာအနေဖြင့် ဝါဧက(၇၅၀)ဧကစိုက်ပျိုး ကြောင်းဝါစိုက်တောင်သူများအနေဖြင့် ငွေခြည်(၆)၊ ငွေခြည်(၈)၊ ငွေခြည်(၁၀)၊ ရွှေတောင်(၈)၊ ရွှေတောင်(၁၀)၊ RAKA(၆၆၆) ဝါအမျိုးအစားများစိုက်ပျိုး ကြပါသည်။ ဖော်ပြပါအမျိုးအစားများအနက် RAKA (၆၆၆) ဝါမှာ အထွက်နှုန်းအောင်မြင်ပြီး ဈေးနှုန်းရရှိကြောင်း ဝါစိုက်တောင်သူထံမှ သိရှိရပါသည်။

   နှစ်စဉ်ဇူလိုင်လလယ်တွင် စိုက်ပျိုးကြပြီး စိုက်ပျိုးပြီးရက်ပေါင်း (၁၀၀-၁၂၀) ခန့်တွင် အပြီးခူးဆွတ်ရပါသည်။ ယခင်နှစ်က ဝါ(၁)ဧကစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်မှာ ကျပ် (၂၅၀၀၀၀)ကုန်ကျပြီး အကျိုးအမြတ်အနေဖြင့် ကျပ်(၂၀၀၀၀၀)ခန့်ရရှိကြောင်း၊ မြေအနေ အထား၊ ရာသီဥတုနှင့်သွင်းအားစုပေါ်မှုတည်၍ ဝါ(၁)ဧက(၇-၁၀)ကြိမ်ထိခူးဆွတ်ရပြီး (၁)ကြိမ် လျှင် (၄၀-၅၀)ပိဿာရရှိကာ ဝါ(၁)ဧကလျှင်ပျမ်းမျှ(၃၅၀)ပိဿာထွက်ရှိ၍ ယခင်နှစ်က ဝါသီးနှံ အနိမ့်ဆုံး (၁၅၀ဝိ/-)ရခဲ့ကြောင်း ထွက်ရှိလာသော ဝါများကို မြို့ပေါ်ရှိပွဲရုံများနှင့် စလင်း၊ ပွင့်ဖြူ၊ မိတ္ထိလာ၊ မန္တလေးစသည့်မြို့များရှိ ဝယ်လက်များမှ လာရောက်ဝယ်ယူကြောင်း ယခုနှစ် ဝါစိုက်ပျိုးကာလတွင် ရာသီဥတုကောင်းမွန်ခြင်း၊ မိုးရွာသွန်းမှုအကြိမ်ရေများခြင်း၊ မှိုရောဂါနှင့် ပြရောဂါများ ကျရောက်မှုနည်းပါးခြင်းတို့ကြောင့် အထွက်နှုန်းကောင်းနိုင်ပြီး ယခင်နှစ်ကထက် အထွက်နှုန်းပို၍ရရှိနိုင်သည့်အပြင် လက်ရှိဝါ(၁)ပိဿာ (၂၀၀ဝိ/-)ကျော်ဖြစ်၍ အကျိုးအမြတ်ပိုမို ရရှိနိုင်မည်ဖြစ်ကြောင်း ဝါစိုက်တောင်သူ  ဦးတင်ဆန်းထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

မင်းဘူးမြို့တွင် ဖြစ်ပေါ်လျက်ရှိသော ရေထွက်ကုန်ပစ္စည်းများ၏ ဈေးနှုန်း

   မင်းဘူးမြို့မဈေးကြီးအတွင်း ရောင်းချလျက်ရှိသော ရေထွက်ကုန်ပစ္စည်းဖြစ်သည့်  ငါးသေတ္တာခြောက် (၁)ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ငါးတံခွန်ခြောက်(၁)ပိဿာလျှင် (၈၀၀၀မှ ၁၂၀၀၀)ကျပ်၊ အာဗြဲခြောက်(၁)ပိဿာလျှင်(၁၀၀၀၀မှ ၂၂၀၀၀)ကျပ်၊ ငါးကြင်းဖြူခြောက် ၁ပိဿာ လျှင်(၁၆၀၀၀) ကျပ်၊ ပုဇွန်ခြောက် (၁)ပိဿာလျှင် (၃၅၀၀၀မှ၆၀၀၀၀)ကျပ်ရှိကြောင်း ဆားအပေါ့၊ အငန်ပေါ် မှုတည်၍ ဈေးနှုန်းကွာခြားကြောင်း ငါးခြောက်များကို  ရခိုင်ပြည်နယ်နှင့်ဧရာဝတီတိုင်းတို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မင်းဘူးမြို့မဈေးအတွင်းရှိ စားဖိုဆောင်သီးနှံများ၏ ဈေးနှုန်းဈေးကွက်အခြေအနေ

    မင်းဘူးမြို့မဈေးအတွင်း စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီမှာ (၁၅.၉.၂၀၂၂) နေ့တွင် လက်လီ(၁)ပိဿာ(၃၈၀၀)ကျပ် အချိန်(၁၀)အိတ်ဆွဲဈေးမှ (၃၇၀၀)ကျပ် (၃.၉.၂၀၂၂) လဆန်း ပိုင်းမှာ(၃၅၀၀)ကျပ်ဖြစ်၍ (၂၀၀)ကျပ်ဈေးနှုန်းမြှင့်တက်လာကြောင်း ကြက်သွန်နီကို မင်းဘူး၊ စလင်း၊ ဆင်ဖြူကျွန်း ပတ်ဝန်းကျင်ကျေးရွာများမှ တောင်သူများ လှောင်ထားသည့် ကြက်သွန်နီများကို မင်းဘူးမြို့မဈေးအတွင်း လာရောက်ရောင်းချခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

   စလင်း၊ ဆင်ဖြူကျွန်းမှ ထွက်သည့် ငရုတ်ခြောက်အရှည် ဈေးနှုန်းမှာ ၁ပိဿာလျှင် (၁၈၀၀၀)ကျပ်ဖြစ်ပြီး၊ မိထ္ထီလာမှထွက်သည့် ပင်နှံငရုတ်သီးခြောက် ဈေးနှုန်းမှာ(၁၆၀၀၀)ကျပ် ဖြစ်ကြောင်း ၊မန်းကျည်းသီးမှည့် ၁ပိဿာလျှင် (၃၈၀၀)ကျပ် ဖြစ်ပြီး  ရှမ်းပြည်နယ် အောင်ပန်းမြို့မှ ထွက်ရှိသည့်အာလူးမှာ ၁ပိဿာလျှင်(၂၄၀၀/၂၅၀၀)ကျပ် ဖြစ်ကြောင်း ငရုတ်ခြောက်နှင့် မန်းကျည်းသီးမှည့်တို့မှာ ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း သိရပါသည်။

DOCA(မကွေး)

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄၆၆၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

နေပြည်တော် စက်တင်ဘာလ ၂၅

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ နှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံ လက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

   ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့မှ အောက်တိုဘာလ ၂ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၄၆၆၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

 ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

  အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။                                                                               

မင်းဘူးမြို့မဈေးရှိ စားသုံးဆီနှင့်ဆန်ဈေးနှုန်းဈေးကွက်အခြေအနေ

          (၁၅.၉.၂၀၂၂)ရက်နေ့တွင် မင်းဘူးမြို့မဈေး၌ နှမ်းဆီ၁ပိဿာလျှင်(၁၁၀၀၀)ကျပ်၊ ပဲဆီ(၁) ပိဿာလျှင် (၁၃၀၀၀)ကျပ်ဖြစ်ပြီး စားအုန်းဈေးမှာ(၁)ပိဿာ(၇၈၀၀)ကျပ် ဖြစ်ကြောင်း၊ (၃.၉.၂၀၂၂) ရက်နေ့တွင် နှမ်းဆီ၁ပိဿာလျှင်(၁၀၅၀၀)ကျပ်၊ ပဲဆီ၁ပိဿာ လျှင် (၁၂၅၀၀)ကျပ် ဖြစ်ပြီးစားအုန်းဆီဈေးမှာ(၁)ပိဿာ(၁၀၀၀၀)ကျပ်ဖြစ်ကြောင်း ၊ စားအုန်းဆီကို ရန်ကုန် MEC မှ  (၇၆၀၀)ကျပ် ဖြင့်တိုက်ရိုက်ဝယ်ယူရရှိခဲ့သည့်အတွက် စားအုန်းဆီဈေးကျသွားခြင်းဖြစ်ကြောင်း စူပါမင်း ရောင်းဝယ်ရေး ဦးသန်းထိုက်ထံမှ သိရှိရပါသည်။ စားအုန်းဆီများကို ဒေသတွင်းပဲကြော်၊ အာလူးကြော် လုပ်ငန်းရှင်များသို့လည်းဖြန့်ဖြူးရောင်းချပေးရကြောင်း သိရှိရပါသည်။

          ဧရာပဒေသာဆန် ၁အိတ်လျှင်(၆၀၀၀၀ မှ၇၀၀၀၀)ကျပ်ရှိပြီး မနောသုခဆန်(၁)အိတ်လျှင် (၄၈၀၀၀ မှ ၅၅၀၀၀)ကျပ်ရှိကြောင်း ဧရာပဒေသာဆန်ကို ပွင့်ဖြူ၊ စလင်း၊ ဆင်ဖြူကျွန်းမြို့များမှ ဝယ်ယူရောင်းချပြီး မနောသုခဆန်ကိုဒေသတွင်းနှင့် ဧရာဝတီတိုင်း မြောင်းမြ၊ ဖျာပုံမြို့များမှ ဝယ်ယူရောင်းချကြောင်းသိရှိရပါသည်။ ဧရာပဒေသာဆန်မှာ နိုဝင်ဘာလဆန်းတွင် အသစ်ပေါ် တော့မည်ဖြစ်ရာဆန်ဈေးမှာ တစ်ဖြည်းဖြည်းကျလာမည်ဖြစ်ကြောင်း ဆန်ပွဲရုံများမှ သုံးသပ်ထားကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မကွေးကုန်စည်ဒိုင်၏ ကုလားပဲစျေးကွက်အခြေအနေ

            မကွေးတိုင်းဒေသကြီးအတွင်း ကုန်စည်ဒိုင်များနှင့် ပွဲရုံများတွင် ပဲမျိုးစုံတို့ အရောင်းအဝယ်ဖြစ် လျက်ရှိသည်။ မကွေးကုန်စည်ဒိုင်တွင် စက်တင်ဘာလ (၁၃)ရက်တွင် ကုလားပဲ(929) (၁၉)ပိဿာ (၁)တင်းလျှင် (၆၅၀၀၀)ကျပ်၊ ကုလားပဲ(HL)(၁၉)ပိဿာ(၁)တင်းလျှင် (၆၄၅၀၀)ကျပ်၊ စျေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

            ယခင်အပတ် စက်တင်ဘာလ (၆)ရက်တွင် ကုလားပဲ(929) (၁၉)ပိဿာ (၁)တင်းလျှင် (၆၂၅၀၀) ကျပ်၊ ကုလားပဲ (HL)(၁၉)ပိဿာ(၁)တင်းလျှင် (၆၁၅၀၀)ကျပ် နှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ ကာလတူနှိုင်းယှဉ်ပါက အရည်အသွေးနှင့် ဝယ်လိုအားကြောင့် ကုလားပဲ (929) (၁၉)ပိဿာ (၁)တင်း လျှင် (၂၅၀၀) နှင့် ကုလားပဲ (HL)(၁၉)ပိဿာ (၁)တင်းလျှင်(၃၀၀၀)ကျပ်စီ စျေးတက်သွားကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့၊ မြို့မစျေးအတွင်း ရောင်းချလျက်ရှိသော စားဖိုဆောင်သုံး ကုန်စျေးနှုန်းအခြေအနေ

          စက်တင်ဘာလ ဒုတိယအပတ်တွင် မကွေးမြို့၊ မြို့မစျေး၌ ကြက်သွန်နီစျေးနှုန်းများ မြင့်တက်လာကြောင်း စျေးဆိုင်များ ကွင်းဆင်းမေးမြန်းမှုအရ သိရပါသည်။ စက်တင်ဘာလ ပထမအပတ်တွင် ကြက်သွန်နီ (၁)ပိဿာလျှင် (၃၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ရာမှ စက်တင်ဘာလ ဒုတိယအပတ် တွင် ကြက်သွန်နီ အမျိုးအစားနှင့် အရည်အသွေးပေါ်မူတည်ပြီး (၁)ပိဿာလျှင် (၃၆၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်ကာ စျေးနှုန်းများ မြင့်တက်လာကြောင်း ဆိုင်ခန်းစျေးသည်များနှင့် ပွဲရုံစျေးသည်တစ်ဦးထံမှ သိရှိရပါသည်။

              အခြားစားဖိုဆောင်သီးနှံများအနေဖြင့် ငရုပ်သီးခြောက် (၁)ပိဿာလျှင် (၁၉၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(ဗမာ)(၁)ပိဿာလျှင်(၄၈၀၀-၅၂၀၀) ကျပ်၊ ကြက်သွန်ဖြူ (ရှမ်း)(၁)ပိဿာလျှင်(၆၀၀၀)ကျပ်၊ နနွင်းတက်(၁)ပိဿာလျှင်(၄၈၀၀)ကျပ်၊ ချင်းတက်(၁)ပိဿာလျှင် (၁၅၀၀)ကျပ်၊ မန်ကျီးသီးမှည့် (၁)ပိဿာ လျှင်(၄၀၀၀)ကျပ်၊ ကုလားပဲခြမ်း(၁) ပိဿာလျှင်(၅၅၀၀)ကျပ်၊ အာလူး(၁)ပိဿာလျှင်(၂၅၀၀)ကျပ်၊ သကြား(၁)ပိဿာလျှင်(၂၇၀၀)ကျပ်၊ ဆား(အချော) (၁) ပိဿာလျှင်(၉၅၀)ကျပ်၊ ဆား(ကြမ်း)(၁)ပိဿာလျှင် (၅၀၀)ကျပ်၊ ကြက်(CP)(၁) ပိဿာလျှင် (၈၀၀၀-၉၀၀၀)ကျပ်၊ ကြက်(ဗမာ) (၁)ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ အမဲသား (၁)ပိဿာ လျှင်(၁၄၀၀၀)ကျပ်၊ ငါးကြင်း(၁)ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ ဝက်သား(၁)ပိဿာလျှင် (၁၄၀၀၀-၁၆၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း ဆိုင်ခန်းစျေးသည်များနှင့် ပွဲရုံစျေးသည် တစ်ဦးထံမှ သိရှိရပါသည်။ စားသုံးဆီများအနေဖြင့်လည်း ပဲဆီ(၁)ပိဿာလျှင်(၁၃၅၀၀-၁၄၀၀၀)ကျပ်၊ နှမ်းဆီ(၁) ပိဿာလျှင် (၁၀၅၀၀-၁၂၀၀၀)ကျပ်၊ စားအုန်းဆီ(၁)ပိဿာလျှင်(၉၀၀၀-၉၂၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဆီလက်ကားစျေးဆိုင်များထံမှ သိရပါသည်။

DOCA(မကွေး)

ပခုက္ကူခရိုင်အတွင်းဖြစ်ပေါ်နေသော ကြက်သွန်နီ ဈေးနှုန်းဈေးကွက်

    ပခုက္ကူခရိုင်၊ ကြက်သွန်နီစိုက်ပျိုးရာဒေသများဖြစ်ကြသော ပခုက္ကူ၊ ပေါက်၊ ရေစကြို၊ ကမ္မ၊ ယောနယ်ဒေသနှင့် ဆိပ်ဖြူဒေသတို့မှ ဆောင်းစိုက်(ပင်စိုက်)များ အရောင်းအဝယ် ဖြစ်နေပြီး ပခုက္ကူကြက်သွန်နီအဝယ်ဒိုင်သို့ အခြားနယ်များဖြစ်ကြသော မြင်းခြံ၊ တောင်သာ၊ ညောင်ဦးနယ် များမှလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်နေပါသည်။ စက်တင်ဘာလ ဒုတိယပတ်၏ ကြက်သွန်နီ လက်ကားဒိုင်ပြတ်ဈေးမှာ ထိပ်စတစ်ပိဿာလျှင် (၃၂၅၀)ကျပ်၊ အလတ်စတစ်ပိဿာလျှင်(၂၈၀၀) ကျပ်၊အနိမ့်စ တစ်ပိဿာလျှင် (၂၂၀၀)ကျပ်ဖြင့် နေ့စဉ်ကုန်ချိန် (၁၅၀၀၀)ကျော် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

    ပခုက္ကူမြို့မစည်ပင်ဈေးနှင့် ပန်းခြံဈေးတို့၏ ကြက်သွန်နီ လက်လီရောင်းချသည့် ဈေးနှုန်းမှာ အရည်အသွေးကိုလိုက်၍ ထိပ်စတစ်ပိဿာလျှင်(၃၆၀၀/၃၅၀၀)ကျပ်၊ အလတ်စ တစ်ပိဿာလျှင် (၃၀၀၀/ ၂၈၀၀)ကျပ်၊ အနိမ့်စ တစ်ပိဿာလျှင် (၂၆၀၀/၂၄၀၀)ကျပ်ဖြစ်ကြောင်း မြို့မဈေးသည်များထံမှ သိရှိရပြီး တင်ပို့မှုအနေဖြင့် မြဝတီနှင့် ရန်ကုန်တိုင်းဒေသကြီးသို့ တင်ပို့နေကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း