ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သစ်ရာမြိုင်ဈေးတွင် တည်ငြိမ်လျက်ရှိသော ငါးမျိုးစုံဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် အသားအမျိုးမျိုး ဖြစ်သော ဝက်သား၊ ကြက်သား နှင့် အမဲသား တို့ကို ရောင်းချနေကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ(နောက်ဆုံးပတ်)တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်နေသော ငါးအမျိုးမျိုး၏ ဈေးနှုန်းအနေဖြင့် ငါးပတ် ရှယ်ဆိုက်ဝင်(အကြီး) တစ်ပိဿာလျှင်(၂၂၀၀၀)ကျပ် နှင့် ငါးပတ် အကောင်သေး တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ် ဈေးနှုန်းဖြစ်ပြီး ငါးပေါက်စဈေးနှုန်းများ အနေဖြင့် ငါးပေါက်စ(ခေါင်းဖြတ် ချေးဖောက်ပြီး) လက်လီ တစ်ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၈၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင် (၄၀၀၀)ကျပ် ဈေးနှုန်းဖြင့်လည်းကောင်း ငါးရံ့ ဈေးနှုန်း များအနေဖြင့် ငါးရံ့ (အကြီး)လက္ကားဈေး တစ်ပိဿာလျှင်(၂၈၀၀၀)ကျပ်၊ ငါးရံ့ အကြီး လက်လီဈေး တစ်ပိဿာလျှင်(၃၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင် (၈၀၀၀)ကျပ်၊ ငါးရံ့(အ‌သေး)လက္ကား တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ ငါးရံ့(အသေး)လက်လီ တစ်ပိဿာ လျှင် (၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ် (၂၅)ကျပ်သားလျှင်(၅၀၀၀)ကျပ်၊ ဈေးနှုန်းဖြင့် လည်းကောင်း၊ ငါးချောင်း ဈေးနှုန်းများ အနေဖြင့် ငါးချောင်း (အကြီး) ရှယ်ဆိုက်ဝင် တစ်ကောင် ကို(၇၀)ကျပ်သားအထက် လက္ကား တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ငါးချောင်း(အကြီး)ရှယ်ဆိုက်ဝင် တစ်ကောင်ကို(၇၀)ကျပ်သားအထက် လက်လီ တစ်ပိဿာလျှင်(၂၂၀၀၀)ကျပ်၊ ငါးချောင်း (အလတ်) နှင့်(အသေး)လက္ကားတစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ငါးချောင်း(အလတ်)နှင့် (အသေး)လက်လီ တစ်ပိဿာ လျှင်(၁၂၀၀၀)ကျပ် နှင့် (၅၀)ကျပ်သားလျှင်(၆၀၀၀)ကျပ်၊ ဈေးနှုန်း အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။ DOCA(စစ်ကိုင်း)

သစ်ရာမြိုင်ဈေးတွင် ရောင်းချလျက်ရှိသော ပန်းဈေးကွက်

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဘုရားပန်း အမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ နှင်းဆီ၊ မေမြို့ပန်း(အက်စတာ)၊ မြေမြို့ပန်း(ကြက်လည်ဆံ) သပြေပန်း(အောင်သပြေ)အငုတ်၊ အောင်သပြေ အခက်များ၊ ခရေပန်း၊ စံပါယ်ပန်း၊ စကားဖြူပန်း၊ စကားဝါပန်းနှင့် အာစီယံသပြေ တို့ကို ရောင်းချနေကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ(နောက်ဆုံးပတ်)တွင် သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်နေသော ဘုရားပန်းအမျိုးမျိုး၏ ဈေးနှုန်းဖြင့် ခရေပန်း တစ်ကုံးလျှင်(၂၅၀)ကျပ်၊ ဇွန်ပန်း တစ်ကုံးလျှင်(၃၀၀)ကျပ် (၂)ကုံးလျှင်(၅၀၀)ကျပ်၊ စကားဖြူပန်း (၃)ပွင့်ပါ တစ်ကုံးလျှင်(၃၅၀)ကျပ်၊ စကားဖြူပန်း (၃)ကုံးလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း၊ စကားဝါပန်း(၃)ပွင့်ပါ တစ်ကုံးလျှင်(၂၀၀)ကျပ်၊ (၃)ကုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် လည်းကောင်း၊ နှင်းပန်း တစ်စီးလျှင်(၁၀၀၀)ကျပ်၊ ဂန္ဓမာပန်း ဈေးနှုန်းအနေဖြင့် ဂန္ဓမာ (အပွင့်ကြီး)တစ်စီးလျှင်(၃၅၀၀)ကျပ်၊ ပန်တိမ်ငို(ခေါ်)ပန်တိမ်မနိုင်ပန်း (၃)ခက်လျှင် (၁၀၀၀)ကျပ် ဂန္ဓာမာ ပန်း(အပွင့်သေး)တစ်စီးလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းဖြင့် လည်းကောင်း၊ သပြေပန်းဈေးနှုန်း အနေဖြင့် သပြေပန်းအငုတ်(အသေး၊အကြီး) အရွယ်အစားအလိုက် (၂၅၀၀/၃၀၀၀/၄၀၀၀/၅၀၀၀)ကျပ်၊ နှင်းဆီပန်း ဈေးနှုန်းအနေဖြင့် နှင်းဆီပန်း အပွင့်ကြီး တစ်ပွင့်လျှင် (၇၀၀)ကျပ်၊ နှင်းဆီပန်း အပွင့်(အလတ်) တစ်ပွင့်လျှင်(၅၀၀)ကျပ် နှင်းဆီပန်း အပွင့် (အသေး) တစ်ပွင့် လျှင်(၄၀၀)ကျပ်၊ အောင်သပြေ အခက် တစ်စီးလျှင်(၁၅၀၀)ကျပ် နှင့် အာစီယံသပြေ အခက် တစ်စီးလျှင် (၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါသည်။ DOCA(စစ်ကိုင်း)

သစ်ရာမြိုင်ဈေးတွင် မြင့်တက်လျက်ရှိသော ရုံးပတီသီး နှင့် သံပုရာသီးဈေးနှုန်း

ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ကျွန်းလှမြို့ ပေါ်ရပ်ကွက်များတွင် မိမိတို့နေအိမ်ခြံဝင်း အတွင်းနှင့် လယ်ယာမြေများပေါ်တွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ရုံးပတီသီးများကိုလည်း တစ်ပိုင် တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးကွက်အတွင်းသို့ လာရောက် ပို့ဆောင်ကာ ရောင်းချ လျက်ရှိကြောင်းသိရသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၊ သစ်ရာမြိုင် ဈေး၏ ရုံးပတီသီး ဈေးနှုန်းများမှာ ရုံးပတီသီး လက္ကား တစ်ပိဿာလျှင်(၅၅၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ် ဈေး နှုန်းတို့ဖြင့်လည်းကောင်း သံပုရာသီး ဈေးနှုန်းအနေဖြင့် သံပုရာသီး အလုံးအကြီး/အသေး ပေါ်မူတည်၍ သံပုရာသီး အကြီး(၁)လုံးလျှင်(၂၅၀)ကျပ်၊ (၅၀၀)ဖိုး(၂)လုံး၊ အလတ်(၁)လုံးလျှင် (၂၀၀)ကျပ် (၅၀၀)ဖိုး(၃)လုံး နှင့် အသေးတစ်လုံးလျှင်(၁၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်း သစ်ရာမြိုင်ဈေး၌ ကုန်စိမ်းသီးနှံ မျိုးစုံ ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရသည်။ DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်အတွင်း ရောင်းချနေသော မြေပဲလုံးဆံဈေးနှုန်း

ကျွန်းလှမြို့ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် မြေပဲလုံးဆံများကို ဒေသတွင်း ထွက်ရှိသည် များနှင့် မန္တလေးမြို့မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော မြေပဲလုံးဆံ ဈေးနှုန်း အနေဖြင့် မြေပဲလုံးဆံ တစ်ပြည့်လျှင်(၁၁၀၀၀)ကျပ်၊ မြေပဲလုံးဆံ နို့ဆီဘူး(၄)ဘူးလျှင်(၅၅၀၀)ကျပ်နှင့် ကုလားပဲဆံ နို့ဆီ(၁)ဘူးလျှင်(၁၄၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချ လျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချနေသာ လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။ DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော မြေပဲယိုဈေးနှုန်း

ကျွန်းလှမြို့တွင် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ နှင့် မြို့တွင်းရပ်ကွက်ဈေးများတွင်နှမ်းပျစ်ယို များကို ရွှေဘိုမြို့နှင့်မန္တလေးမြို့တို့မှ မှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများအတွင်း ကုန်မျိုးစုံ ရောင်းချသည့်ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော မြေပဲယို ဈေးနှုန်းအနေဖြင့် မြေပဲယို တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၇၀၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင်(၃၅၀၀)ကျပ် (၁၅)ကျပ်သားလျှင် (၂၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံ ရောင်းချ နေသည့် လုပ်ငန်းရှင်များထံမှ သတင်း ရရှိပါသည်။ DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ဖားသွယ်ဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း လမ်းပန်း ဆက်သွယ်ရေး အခက်အခဲများ၊ ဒေသတွင်း ညပိုင်းမထွက်ရ အမိန့်များကြောင့် လက်လုပ်လက်စား လုပ်ကိုင်သူများသည် ယခင်နှစ်များကဲ့သို့ မိုးဦးကျအချိန်အခါရောက်၍ ဖားများ ပေါများစွာထွက်ရှိသော်လည်း ညပိုင်းမထွက်ရ အမိန့်များကြောင့် ထွက်မရှာရဲသည့်အတွက် ဖားဈေးနှုန်းမှာလည်း အသား/ငါး ဈေးနှုန်း ကဲ့သို့ မြင့်တက် လျက်ရှိပါသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ နောက်ဆုံးအပတ်တွင် ကျွန်းလှမြို့၏ ဖားသွယ် ဈေးနှုန်းများ အနေဖြင့် ဖားသွယ် လက္ကားဈေး တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ ဖားသွယ် လက်လီဈေး တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ် နှင့် (၂၅) ကျပ်သားလျှင် (၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဖားရောင်းချသူထံမှ သိရပါသည်။ DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော ပုရစ်ကြော်ဈေးနှုန်း

ကျွန်းလှမြို့နယ်အတွင်း ပုရစ်ကြော်များကို ဒေသထွက်အနည်းငယ်နှင့် မန္တလေးမြို့တို့မှ မှာယူရောင်းချလျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် ယခုလိုရာသီတွင် ပုရစ်ကြော်များ အရမ်းပေါများသော အချိန်ဖြစ်ပြီး ပုရစ်ကြော် မှာ (၁၀၀)ဂရမ်မှာ ပါဝင်သည့်အသားဓါတ်စာဆိုရင် ကြက်သား၊ အမဲသားတို့မှာ ပါဝင်တဲ့ အသားဓါတ်တွေထက် ပိုပြီးကြွယ်ဝသည်ကိုလည်းတွေ့ရှိရပါသည်။ ပုရစ်ကြော် စားသုံးရခြင်း၏ အကျိုးကျေးဇူးများ မှာ ပုရစ်ကြော်မှာပါဝင်တဲ့ ပိုတက်စီယမ်ဓါတ် ဟာသွေးပေါင်ကျစေခြင်းနှင့် လေပွခြင်းကို ကာကွယ် ပေးခြင်း၊ ပုရစ်မှာ အမျှဉ်ဓါတ်ပေါများစွာပါဝင်လို ဝမ်းချုပ်ခြင်းကို သက်သာစေခြင်း၊ ပုရစ်မှာ ဗီတာမင် နှင့်သံဓါတ်များစွာပါဝင်သည့်အတွက် ဦးနှောက်နှင့်အာရုံကြော အားကောင်းစေခြင်း ၊ ပုရစ်မှာ ပရိုတင်း နှင့် ကယ်လစီယမ်ဓါတ်တို့ပါဝင်တာကြောင့် အရိုးနှင့်သွားကျန်းမာရေးအတွက်ကောင်းမွန်စေခြင်း စသည့် ကျန်းမာရေးအကျိုးကျေးဇူးများရှိသည့်အတွက် စားသုံးကြခြင်းဖြစ်ပါသည်။ ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ နောက်ဆုံးအပတ်တွင် ကျွန်းလှမြို့၏ ပုရစ်ကြော် ဈေးနှုန်းများ အနေဖြင့် ပုရစ်ကြော် အကောင်(၁၀၀)လျှင်(၃၀၀၀၀)ကျပ်၊ ပုရစ်ကြော် အကောင်(၅၀)လျှင်(၁၅၀၀၀)ကျပ် နှင့် ပုရစ်ကြော် အကောင်(၂၅)ကောင်လျှင်(၈၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင် အပတ် ထက် အနည်းငယ် ဈေးမြင့်တက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပုရစ်ကြော်ရောင်းချသူထံမှ သိရပါသည်။ DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် လယ်ပုဇွန်လုံး(ခေါ်)ဂဏန်းဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း မိုးရာသီကာလ၏ ပုဇွန်လုံး (ခေါ်)ဂဏန်းကောင်းလေးများ ပေါများသည့်ရာသီဖြစ်ပါသည်။ ပုဇွန်လုံး (ခေါ်)ဂဏန်းများကို မိမိတို့ ဒေသတွင်း လယ်ယာများအတွင်းမှ ကောက်ယူပြီး ရောင်းချလျက်ရှိပါသည်။ ပုဇွန်လုံး (ခေါ်) ဂဏန်း ကလေးများ၏ အခွံထဲမှ ထုတ်ယူရသော ပုဇွန်ဆီ၊ ပုဇွန်ရင်ဘတ်များ နှင့် ပုဇွန်လုံး(ခေါ်)ဂဏန်းများကို ရာသီအစားအစာအဖြစ် ရောင်းချလျက်ရှီကြောင်း သိရပါသည်။ လယ်ပုဇွန်လုံးကို ပုဇွန်ဆီထုတ်ပြီး အချဉ်ချက်ခြင်း၊ ပုဇွန် လုံးကျောကုံးခွာ၍ အကောင်လိုက် ကြော်ခြင်းနှင့် ပုဇွန်လုံးအလိုက် ချဉ်ရည်ချက်ခြင်း စသည့် ပုံစံအမျိုးမျိုးဖြင့် စားသုံးကြပါသည်။ ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ နောက်ဆုံးအပတ်တွင် ကျွန်းလှမြို့၏ ပုဇွန်လုံး(ခေါ်)ဂဏန်း ဈေးနှုန်းများ အနေဖြင့် ပုဇွန်လုံး(ခေါ်)ဂဏန်း တစ်ကောင်လျှင်(၁၀၀)ကျပ်၊ ပုဇွန်လုံး(ခေါ်)ဂဏန်း(၅၀၀)ကျပ်ဖိုးလျှင် (၆)ကောင် နှင့် ပုဇွန်လုံး(ခေါ်)ဂဏန်း(၁၀၀၀)ကျပ်ဖိုးလျှင်(၁၃)ကောင်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း ပုဇွန်လုံး (ခေါ်)ဂဏန်း ရောင်းချသူထံမှ သိရ ပါသည်။ DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ပိန္နဲသီးမှည့်ဈေးနှုန်း

ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ နှစ်ရှည်သီးနှံ ဖြစ်သည့် သရက်သီးပင်၊ ပိန္နဲသီးပင်၊ မန်ကျည်းသီးပင် နှင့် မာလကာသီးပင်များကိုလည်း မိမိတို့ နေအိမ် ခြံစည်းရိုးများနှင့် တောင်ယာများထဲ တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး ပိန္နဲသီးများကို ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။ ယခင် ၂၀၂၅ ခုနှစ်၊ ဇွန်လ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ပိန္နဲသီးမှည့် ဈေးနှုန်း များမှာ ပိန္နဲသီးမှည့် အကျွတ်သီး(အကြီး) တစ်လုံးလျှင်(၁၀၀၀၀)ကျပ်၊ ပိန္နဲသီးမှည့် အကျွတ်သီး (အလတ်)တစ်လုံးလျှင်(၇၀၀၀)ကျပ်၊ ပိန္နဲသီးမှည့် အကျွတ်သီး(အသေး)တစ်လုံးလျှင်(၅၀၀၀)ကျပ်၊ နှင့် ပိန္နဲသီးမှည့် အိမ်ပျော့သီး(အကြီး) တစ်လုံးလျှင်(၃၅၀၀/၃၀၀၀)ကျပ်၊ ပိန္နဲသီးမှည့် အိမ်ပျော့(အသေး) တစ်လုံးလျှင်(၂၅၀၀/၂၀၀၀)ကျပ်နှင့် ပိန္နဲသီးအမှည့် အဆံ လဖက်ရည်သောက်ပန်ကန် တစ်လုံးလျှင် (၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။ DOCA(စစ်ကိုင်း)

ပိတောက်မြိုင်ဈေးအတွင်း ရောင်းချနေသော ကန်ဇွန်းဥဈေးနှုန်း

ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာမှ စားဖို ဆောင်သီးနှံဖြစ်သည့် ကန်ဇွန်းဥကို တစ်ပိုင်တစ်နိုင် မိသားစု အိမ်ခြံမြေများနှင့် မိမိပိုင်ယာမြေများတွင် သာ စိုက်ပျိုးကြပြီး စားသုံးသူပြည်သူများနှင့် စည်ကားလျက်ရှိသည့် ကျွန်းလှမြို့၊ ပိတောက်မြိုင် ဈေးကွက် အတွင်းသို့ လာရောက် ပို့ဆောင်ရောင်းချကြပါသည်။ ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ နောက်ဆုံးပတ်တွင် ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးအတွင်း ရောင်းချ နေသော ကန်ဇွန်းဥ ဈေးနှုန်းမှာ ကန်ဇွန်းဥ လက္ကားဈေး တစ်ပိဿာလျှင်(၂၅၀၀)ကျပ်၊ ကန်ဇွန်းဥ လက်လီ တစ်ပိဿာလျှင်(၂၈၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် ၂၅ကျပ်သားလျှင်(၈၀၀)ကျပ် ဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးသူများပြီး အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူ များ ထံမှ သိရပါသည်။ DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း