ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

      ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဩဂုတ်လပထမဆုံးပတ်တွင် စပါး /ဆန်ဈေးနှုန်းမှာ အနည်းငယ်မြင့်တက်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇူလိုင်လ နောက်ဆုံးပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၄၁၅၀၀ ၊ မန္တလေးသို့ အိတ်ရေ၄၈၄၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၃၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၁၀၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၁၀၅၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၁၂၄၉၀၀၊ တန်အားဖြင့် ၆၂၄၅တန် စီးထွက်ခဲ့ပါသည်။ ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့အိတ်ရေ ၃၇၀၀၀၊ မန္တလေးသို့အိတ်ရေ ၄၇၄၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(တောင်)သို့အိတ်ရေ ၈၅၀၀၊ ရှမ်း(မြောက်)သို့အိတ်ရေ ၈၅၀၀၊ ပခုက္ကူသို့အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၁၁၂၄၀၀၊ တန်အားဖြင့် ၅၆၂၀တန် စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျင်ပါက ယခုအပတ်အတွင်း အိတ်ရေ ၁၂၅၀၀၊ တန်အားဖြင့် ၆၂၅တန် လျော့၍စီးထွက်ခဲ့ပါသည်။

      ရွှေဘိုမြို့၏ ဩဂုတ်လ ပထမဆုံးပတ်တွင်ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ်၂၁၅၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၇၈၀၀၀၊ ဧရာမင်းစပါး တင်း၁၀၀လျှင် ကျပ်၁၂၅၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ် ၅၃၀၀၀၊ ၂၀၂၁-၂၀၂၂ခုနှစ်ထွက် နွေစပါး ရွှေဝါထွန်းစပါး တင်း၁၀၀လျှင် ကျပ် ၉၀၀၀၀၀၊ ‌ရွှေဝါထွန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် (၃၂၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

      ၂၀၂၂ခုနှစ် ဩဂုတ်လ ပထမပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များ ဖြစ်သော ရွှေဘိုပေါ်ဆန်းဆန် တစ်ပြည်လျှင် ၃၃၀၀ကျပ်၊ ဧရာမင်းဆန် တစ်ပြည်လျှင် ၂၃၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာလျှင် ၂၃၀၀ကျပ်၊ (လတ်)တစ်ပိဿာလျှင် ၂၀၀၀ကျပ်၊ (သေး)တစ်ပိဿာလျှင် ၁၈၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျှင် ၃၅၀၀ကျပ်မှ ၄၀၀၀ကျပ်ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာလျှင် ၃၀၀၀ကျပ်မှ ၃၅၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာလျှင် ၄၀၀၀ကျပ်မှ ၄၅၀၀ကျပ်ထိ၊ ချင်းတစ်ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်ထိ ၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၀၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်ထိ အာလူး တစ်ပိဿာလျှင် ၁၅၀၀ကျပ်မှ ၂၆၀၀ကျပ်ထိ ၊ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၇၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပါသည်။

     ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံးလျှင် ၂၀၀ကျပ်၊ (သေး) တစ်လုံးလျှင် ၁၅၀ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံးလျှင် (၂၅၀)ကျပ်၊ (သေး)တစ်လုံးလျှင် (၂၂၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP)  တစ်ပိဿာလျှင် ၈၀၀၀ကျပ်မှ ၉၀၀၀ကျပ်ထိ၊ကြက်သား (ဗမာ)တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်မှ ၁၃၀၀၀ကျပ်ထိ၊  ဝက်သား တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊  ငါးမြစ်ချင်း တစ်ပိဿာလျှင် ၅၅၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် ၅၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။

    စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ၉၅၀၀ကျပ်မှ ၁၁၅၀၀ကျပ်ထိ၊  စားအုန်းဆီ တစ်ပိဿာလျှင် ၈၅၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၉၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

         

 မုံရွာမြို့နယ်အတွင်း ပဲမျိုးစုံဈေးနှုန်းနှင့် ဈေးကွက်အခြေအနေ

       စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မုံရွာကုန်စည်ဒိုင်အဖွဲ့ဝင်များအနေဖြင့် မေလ လဆန်းပိုင်းမှ စတင်၍ ကုန်စည်ဒိုင် စတင်ပြန်လည် လည်ပတ်ခဲ့ကြောင်း သိရပါသည်။ ဩဂုတ်လပထမပတ်တွင်  ဖြစ်ပေါ်နေသောပဲဈေးနှုန်းများမှာ ပဲတီစိမ်း(ကြီး)တစ်တင်းလျှင် ကျပ်၄၄၀၀၀၊ ပဲစဉ်းငုံ တစ်တင်းလျှင် ကျပ် ၄၈၅၀၀၊ မတ်ပဲ တစ်တင်းလျှင် ကျပ် ၅၂၅၀၀၊ ကုလားပဲ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၄၉၅၀၀၊ ကုလားပဲ 929 တစ်တင်းလျှင် ကျပ် ၅၀၅၀၀၊ ကုလားပဲ V2 တစ်တင်းလျှင် ကျပ် ၅၄၅၀၀၊ ကုလားပဲ V3,7 တစ်တင်းလျှင် ကျပ် ၅၅၀၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

       ဂျုံဖြူသန့်တစ်တင်းလျှင် ကျပ် ၄၅၀၀၀-၄၆၀၀၀၊ ဂျုံနီတစ်တင်းလျှင် ကျပ် ၄၄၀၀၀၊ ပဲကြီး(သစ်) တစ်တင်းလျှင် ကျပ် ၆၆၀၀၀-၇၀၅၀၀၊ ပဲနီလုံးရိုးရိုး တစ်တင်းလျှင် ကျပ် ၄၃၅၀၀၊ ပဲနီလုံးကြား တစ်တင်းလျှင် ကျပ် ၄၆၀၀၀၊  ပဲပုတ်စေ့ (ဗမာ) တစ်တင်းလျှင် ကျပ် ၆၃၅၀၀၊ ထောပတ်ပဲ တစ်တင်းလျှင် ကျပ် ၄၄၀၀၀၊  မြေထောက်ပဲ တစ်တင်းလျှင် ကျပ် ၅၈၀၀၀၊ ပုဂံပဲ တစ်တင်းလျှင် ကျပ် ၆၅၀၀၀၊ ပဲလွန်းဖြူ တစ်တင်းလျှင် ကျပ် ၃၄၀၀၀-၃၆၀၀၀၊ ပဲလွန်းပြာ တစ်တင်းလျှင် ကျပ် ၃၂၀၀၀-၃၃၅၀၀၊ အစေ့ထုတ်ပြောင်း(CP) တစ်တင်းလျှင် ကျပ် ၁၃၅၀၀၊ ပြောင်းနီ တစ်တင်းလျှင်ကျပ် ၁၃၅၀၀၊ ပြောင်းဖြူ တစ်တင်းလျှင် ကျပ် ၁၄၀၀၀၊ ဆီထွက်သီးနှံများ ဖြစ်သော နှမ်းသီးနှံပေါက်ဈေး နှုန်းများမှာ နှမ်းညို တစ်တင်းလျှင် ကျပ် ၆၀၀၀၀-၆၃၀၀၀၊ နှမ်းနက် တစ်တင်းလျှင် ကျပ် ၆၀၀၀၀-၇၀၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၆၃၀၀၀-၆၉၀၀၀၊ နှမ်းနီ တစ်တင်းလျှင် ကျပ် ၆၀၀၀၀-၆၃၀၀၀၊ နေကြာ စေ့တစ်တင်းလျှင် ကျပ် ၂၄၃၀၀-၂၇၄၅၀၊ မြေပဲလုံးဆံနီ တစ်ပိဿာလျှင် ကျပ် ၅၉၀၀-၆၀၀၀၊ မြေပဲလုံးဆံဖြူ တစ်ပိဿာလျှင် ကျပ် ၆၀၀၀-၆၁၀၀၊ ပဲဖတ်တစ်ပိဿာလျှင် ကျပ်၂၀၅၀-၂၁၀၀၊ နှမ်းဖတ် တစ်ပိဿာလျှင် ကျပ် ၁၃၅၀-၄၃၀၀၊ နေကြာဖတ် တစ်ပိဿာလျှင် ကျပ် ၁၁၂၀ ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

      ယခုအပတ်ဈေးနှုန်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် မတ်ပဲ၊ ပဲစဉ်းငုံဈေးနှုန်းများ အနည်း ငယ်ကျနေပြီး ကျန်ပဲဈေးနှုန်းများ အနည်းငယ်တက်နေပါသည်၊၊ ဂျုံသီးနှံဈေးနှုန်းများ အနည်းငယ် ဈေး တက်နေပြီး ပြောင်းသီးနှံဈေးနှုန်းများ အနည်ငယ်ကျနေပါသည်။  ဆီထွက်သီးနှံ ဈေးနှုန်းများဖြစ်သော မြေပဲဆံဈေးနှုန်းများ အနည်းငယ်ဈေးတက်နေပြီး၊  နှမ်းသီးနှံ ဈေးနှုန်းများအနည်းငယ်‌ဈေးကျနေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်၏ ဇူလိုင်လအတွင်း အရောင်းအဝယ်ဖြစ်မှုနှင့် သီးနှံဈေးနှုန်းများ

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/ တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိပါသည်။

          ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်အနေဖြင့် ဇူလိုင်လအတွင်း ပဲတီစိမ်းနှင့် နှမ်းနက်များ အရောင်းအဝယ် ဖြစ်ခဲ့ပြီး ပဲတီစိမ်းတစ်တင်းလျှင် အနိမ့်ဈေး(၄၀၀၀ဝိ/-)ရှိပြီး အမြင့်ဈေး(၄၃၀၀ဝိ/-)ရှိသဖြင့် တစ်တန်လျှင် အနိမ့်ဈေး(၁၂၂၄၄၀ဝိ/-)နှင့် အမြင့်ဈေး(၁၃၁၆၂၃ဝိ/-) ပေါက်ဈေးရှိခဲ့ကြောင်း၊ နှမ်းနက်တစ်တင်းလျှင် အနိမ့်ဈေး(၇၀၀၀ဝိ/-)ရှိပြီး အမြင့်ဈေး(၇၅၀၀ဝိ/-)ရှိသဖြင့် တစ်တန်လျှင်အနိမ့်ဈေး (၂၈၅၆၇၀ဝိ/-)နှင့် အမြင့်ဈေး(၃၀၆၀၇၅ဝိ/-) ပေါက်ဈေးရှိခဲ့ကြောင်း၊ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ပဲတီစိမ်း(၁၃၀၀၀) တင်း/ (၄၂၅)တန်နှင့် နှမ်းနက်(၁၇၅၀)တင်း/(၄၃)တန်ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်လ အရောင်းအဝယ်ဖြစ်မှုနှင့်နှိုင်းယှဉ်ပါက ဇွန်လတွင်လည်း ပဲတီစိမ်းနှင့် နှမ်းနက်များသာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ပဲတီစိမ်း (၁၁၅၅၀၀)တင်း/ (၃၇၇၃)တန်၊ နှမ်းနက်(၁၁၂၀၀)တင်း/ (၂၇၄)တန် အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် ဇူလိုင်လ အတွင်းအရောင်းအဝယ်ဖြစ်မှုမှာ ဇွန်လနှင့် နှိုင်းယှဉ်ပါက ပဲတီစိမ်း(၁၀၂၅၀၀)တင်း/ (၃၃၄၈)တန်နှင့် နှမ်းနက် (၉၄၅၀)တင်း/(၂၃၁)တန် လျော့နည်းခဲ့ကြောင်း၊ လျော့နည်းရခြင်းမှာ နွေပဲတီစိမ်းနှင့် နွေနှမ်းများ ရာသီကုန်၍ တောင်သူများထံတွင် လက်ကျန်နည်းပါးခြင်းကြောင့်ဖြစ်နိုင်ကြောင်း ပဲ၊ နှမ်းကုန်စည်ဒိုင်၏ စာရင်းများအရ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဟုမ္မလင်းမြို့နယ်မှ တစ်နိုင်တစ်ပိုင် ဇီးဖျော်ရည်လုပ်ငန်း

            စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်၊ ဟုမ္မလင်းမြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းဝင်း (ဒု-ကြီးကြပ်ရေးမှူး) သည် (၃.၈.၂၀၂၂)ရက်နေ့တွင် ဇီးဖျော်ရည်အစုအဖွဲ့မှ လုပ်ငန်းရှင်ဦးမိုးလှိုင်နှင့် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ယခုလအတွင်း ရာသီဥတု ပူပြင်းလာသည့်အတွက် တစ်ရက်လျှင် ဇီးဖျော်ရည် ရေသန့်ဗူး ( ၅၀ ) ခန့် ရောင်းချရကြောင်း ၊ယခင်ကာလများက တစ်ဗူးလျှင် (၂၅၀၀)ကျပ်ဖြင့် ရောင်းချခဲ့သော်လည်း ယခုအခါတွင် ကုန်ကြမ်းပစ္စည်းများ ဈေးနှုန်းမြင့်မားနေသည့်အတွက် တစ်ဗူးလျှင် (၃၀၀၀) ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျှက်ရှိကြောင်း သိရသည်။ ဟုမ္မလင်းမြို့ပေါ်တွင် ဇီးဖျော်ရည်ရောင်းချသည့် ဆိုင်အရေ အတွက် (၃) ဆိုင်ခန့်ရှိပါသည်။ နွေရာသီကာလတွင် အရောင်းသွက်ပြီး ကျန်ကာလများ တွင် အနည်းငယ်သာ ရောင်းချရပြီး ဆောင်းရာသီတွင် တစ်ရက် ( ၁၀ ) ဗူးခန့်သာရောင်းချရ ကြောင်း၊ ကုန်ကြမ်းပစ္စည်း များဖြစ်သည့် ဇီးသီးမှုန့်နှင့် သကြားများကို မုံရွာမြို့မှ မှာယူတင်သွင်းရကြောင်း၊ သကြားတစ်ပိဿာ လျှင် ( ၂၂၀၀ ) ကျပ်၊ ဇီးသီးမှုန့် တစ်ပြည်လျှင် ( ၅၀၀၀ ) ကျပ်၊ ဈေးနှုန်းဖြင့် ဝယ်ယူ၍ ဇီးဖျော်ရည်များ ပြုလုပ်ရောင်းချလျှက်ရှိကြောင်း၊  မိမိတို့ပြုလုပ်သည့် ဇီးဖျော်ရည်ကို နီနီမြင့်အမှတ်တံဆိပ်ဖြင့် ရောင်းချလျှက်ရှိပြီး ဇီးဖျော်ရည်ပုလင်းများကို ဒေသတွင်းသာ အဓိက ရောင်းချရကြောင်း သိရပါသည်။ ရံဖန်ရံခါတွင် ခရီးသွားပြည်သူများမှ လက်ဆောင်ပေးရန်အတွက် ဝယ်ယူသူများလည်းရှိပါသည်။ မိသားစုအင်အားဖြင့်သာ တစ်ပိုင်တစ်နိုင် လုပ်ကိုင်ဆောင်ရွက်လျှက် ရှိပြီး စားဝတ်နေရေး ဖူလုံရုံသာရောင်းချ လျှက်ရှိပါကြောင်း မိမိတို့ပြုလုပ်သည့် ဇီးဖျော်ရည်သည် ဓါတုဆေးဝါးများ ပါဝင်အသုံးပြုထုတ်လုပ်ခြင်းမျိုးမဟုတ်ဘဲ သဘာဝအရသာဖြင့် သန့်ရှင်း သပ်ရပ်စွာ ထုတ်လုပ်ရောင်းချလျှက်ရှိပါကြောင်း ဇီးဖျော်ရည်အစုအဖွဲ့  ဦးမိုးလှိုင်ထံမှ  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် စွန်တာနီ/ ပြာများ ဈေးကောင်းရ၍ တောင်သူများတွက်ချေကိုက်

      စစ်ကိုင်းတိုင်းဒေသကြီးတွင် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းအရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် စွန်တာနီ/ပြာစိုက်ဧက (၂၃၁၈၈၀)ဧက စိုက်ပျိုးခဲ့ပြီး ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်တွင် စွန်တာနီ (ဆောင်း)စိုက်ဧက(၉၃၂၁)၊ စွန်တာပြာ(မိုး)စိုက်ဧက(၈၁၅၉၆)နှင့် စွန်တာပြာ(ဆောင်း)စိုက်ဧက (၁၄၁၄၉၃)၊ စုစုပေါင်းစိုက်ဧက(၂၃၂၄၁၀) ဧက စိုက်ပျိုးကြောင်း၊ ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် စိုက်ဧက (၅၃၀)ဧက ပိုမို စိုက်ပျိုးပါကြောင်း၊ တစ်ဧက စိုက်ပျိုး ထုတ်လုပ်မှုကုန်ကျစရိတ်မှာ (၁၄၂၅၀၀)ခန့် ကုန်ကျပါကြောင်း၊ ပေါက်ဈေးအနေဖြင့် တစ်တင်းလျှင် (၄၆၀၀၀) ကျပ်ရရှိကြောင်း၊ တစ်ဧကပျှမ်းမျှ အထွက်နှုန်းအနေဖြင့် (၁၅)တင်းခန့်ထွက်ရှိသဖြင့် တစ်ဧက ဝင်ငွေအနေဖြင့် (၆၉၀၀၀၀)ကျပ် ရရှိရာ တစ်ဧက အကျိုး အမြတ်အနေဖြင့် (၅)သိန်းကျော်ရရှိသဖြင့် တောင်သူများအတွက် တွက်ချေကိုက်သည့်သီးနှံ ဖြစ်ကြောင်း ဆူးလေကုန်း၊ ကျွန်းသာယာ၊ ဘုမ္မနိုး၊ ရှားပင်ကျွန်း၊ ကျက်သွန်ဈေးကျေးရွာများရှိ တောင်သူများထံမှ သိရှိ ရပါသည်။ တောင်သူများအတွက် အကျိုးရှိသည့် သီးနှံဖြစ်သည့်အပြင် စားသုံးသူပြည်သူများအတွက်လည်း မရှိမဖြစ်လိုအပ်သည့် သီးနှံတစ်ခုလည်း ဖြစ်ပါသည်။

      မြန်မာလူမျိုးအများစုသည် ပဲကို နေ့စဉ် ဟင်းလျာအဖြစ် စားသုံးကြပါသည်။ ပဲကို ပြုတ်၍ လည်းကောင်း၊ ပဲကို အညှောင့်ဖောက်ပြီး ပဲဟင်းချို ပြုလုပ်၍လည်း စားသုံးကြသည့်အပြင် ပဲကို ပျိုးပြီး အပင်ပေါက် ပြုလုပ်ပြီး ပဲပင်ပေါက်ဟင်းအဖြစ်လည်းကောင်း၊ သုတ်၍လည်း စားသုံးကြပါသည်။ ပဲကို ရေစိမ်ပြီး ပဲကြော်အဖြစ်လည်း ကြော်၍ စားသုံးကြသည့်အပြင် ပဲခြမ်းကြော်၍ စီးပွားဖြစ် ရောင်းဝယ်သူများလည်း ရှိပါသည်။ ပဲပြုတ်သည် အဆုတ်ကိုအားကောင်းစေသည့်အတွက် အဆုတ်ရောဂါသမားများ အတွက်လည်း အထူးစားသုံးသင့်သည့် အစားအစာတစ်မျိုးလည်း ဖြစ်ပါသည်။

DOCA(စစ်ကိုင်း)

 

မိတ္ထီလာခရိုင်အတွင်း မိုးနှမ်းများလှိုင်လှိုင် ရိတ်သိမ်းနေ

          မေလအတွင်း စိုက်ပျိုးခဲ့သော မိုးနှမ်းများမှာ ယခုအခါ လှိုင်လှိုင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း သိ ရသည်။ နှမ်းသီးနှံကို မိုး/ဆောင်း/နွေဟူ၍ (၃)သီးစိုက်ပျိုးနိုင်သော်လည်း မိတ္ထီလာခရိုင်အနေနှင့် ဒေသရာသီဥတုနှင့် ကိုက်ညီသည့် မိုးနှမ်းကိုသာ အစိုက်များကြသည်။ ဒေသတွင်းစိုက်ပျိုးရာ၌လည်း  သဘာဝဓာတ်မြေဩဇာဖြစ်သည့် နွားချေးကိုသာ အသုံးပြုကြပါသည်။ ထယ်/ထွန်ခြင်းနှင့် ပေါင်း လိုက်ရာတွင် လုပ်သားကုန်ကျစရိတ်များရှိသော်လည်း မိရိုးဖလာဖြစ်၍ မိသားစုလုပ်အားများပါ ပူးပေါင်းစိုက်ပျိုးခြင်းကြောင့် စိုက်ပျိုးကုန်ကျစရိတ်ကိုလည်း အ‌သေးစိတ်တွက်ချက်လေ့မရှိကြောင်း သိရသည်။ ယခုအခါ နှမ်းသီးနှံများလှိုင်လှိုင်ထွက်ရှိလာရာ နှမ်းချွေလှေ့ခြင်းအတွက် လုပ်သား တစ်ဦး လျှင် ၅၀၀၀ ကျပ်နှုန်းရှိပြီး နှမ်းသီးနှံမှာလည်း တစ်တင်းလျှင် (၆၂၀၀၀)ဖြင့် ဈေးကောင်းရရှိကြ ပါသည်။ တောင်သူများမှာလည်း လုပ်သားခပေးချေနိုင်ရေးအတွက် ပေါ်ထွက်လာသော သီးနှံကို ဈေး ကွက်သို့ရောင်းချရာ ဈေးကွက်အတွင်း စားသုံးဆီဝယ်လိုအားကြောင့် တက်ဈေးဖြင့် ဈေးငြိမ်နေ ကြောင်းသိရသည်။

DOCA(မန္တလေး)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီးသည် ဩဂုတ်လ(ပထမ)ပတ်၌ စပါး/ဆန်ဈေးနှုန်းများမှာ ဆန်ပိုဒေသ များဖြစ်သော ရွှေဘိုခရိုင်၊ ကသာခရိုင်၊ ကန့်ဘလူခရိုင်နှင့် မုံရွာခရိုင်တို့တွင် စပါး/ဆန်ဈေး အနည်းငယ် ဈေးတတ်နေပြီး၊ ကလေးခရိုင်တွင် ဈေးအေးနေပါသည်။

          စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဩဂုတ်လ(ပထမပတ်)တွင် ဖြစ်ပေါ်နေသော အခြေခံစားကုန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်း(စပါး) တင်း၁၀၀လျှင် ကျပ်(၂၁၅၀၀၀၀)၊ ပေါ်ဆန်း (ဆန်)၂၄ ပြည်ပါ တစ်အိတ်လျှင်ကျပ်  ၇၈၀၀၀၊ ဧရာမင်း(စပါး)တင်း ၁၀၀လျှင် ၁၂၅၀၀၀၀၊ ဧရာမင်း(ဆန်) ၂၄ ပြည် ပါ တစ်အိတ် ကျပ် ၅၃၀၀၀၊ ရေဦးမြို့မှ ပေါ်ဆန်း (စပါး) တင်း ၁၀၀လျှင် ကျပ် ၂၁၅၀၀၀၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ်လျှင်ကျပ် ၇၈၀၀၀၊  ဧရာမင်း (စပါး) တင်း၁၀၀ လျှင် ၁၂၅၀၀၀၀၊ ဧရာမင်း (ဆန်)၂၄ ပြည် ပါ တစ်အိတ်  ၅၃၀၀၀ ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

       ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း၁၀၀ လျှင် ၈၅၀၀၀၀၊ ဧည့်မထ(ဆန်)‌ ၂၄ ပြည်ပါ တစ်အိတ်မှာ ကျပ် ၂၉၀၀၀၊ ငစိန်(စပါး) တင်း ၁၀၀ လျှင် ၈၀၀၀၀၀ ၊ ငစိန်(ဆန်)၂၄ပြည်ပါ တစ် အိတ်မှာ ၂၇၀၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ် မှာကျပ် ၃၈၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

         ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး) တင်း ၁၀၀လျှင် ကျပ်၈၅၀၀၀၀၊ မှော်ဘီ(၂) ဆန် ၂၄ပြည် တစ်အိတ် လျှင် ကျပ် ၃၅၀၀၀၊ ဆင်းဧကရီ(၃)(စပါး) တင်း၁၀၀ လျှင် ကျပ် ၇၅၀၀၀၀၊ ဆင်းဧကရီ-၃ဆန် ၂၄ပြည်တစ်အိတ်မှာကျပ် ၃၂၀၀၀၊ ဧရာမင်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ ပြည်ဆန်တစ်အိတ်လျှင် ကျပ် ၄၇၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

       မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၃၅၀၀၀၀၊  ဧရာမင်း(ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၅၀၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၂၁၀၀၀၀၀၊ ပေါ်ဆန်း(ဆန်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၇၅၀၀၀၊ မနောသုခ (စပါး)တင်း ၁၀၀လျှင် ကျပ် ၉၀၀၀၀၀၊ မနောသုခ(ဆန်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ်၃၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

        ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၂၀၀၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၄၇၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၂၁၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၆၅၀၀၀ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

       စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇူလိုင်လ(နောက်ဆုံး) ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၅၀၀၀၊ မန္တလေးသို့ အိတ်ရေ ၅၇၄၀၀၊ မကွေး သို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၅၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း (မြောက်)သို့အိတ်ရေ ၉၅၀၀၊ စုစုပေါင်းအိတ်ရေ (၁၃၃၄၀၀) အိတ်၊ တန်အားဖြင့် (၆၆၇၀) စီးထွက်ခဲ့ပြီး၊ ယခု ဩဂုတ်လ(ပထမ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၁၅၀၀၊ မန္တလေးသို့ အိတ်ရေ ၅၅၈၀၀၊ မကွေး သို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၃၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၁၀၅၀၀၊ ရှမ်း (မြောက်)သို့အိတ်ရေ ၁၀၅၀၀၊ စုစုပေါင်းအိတ်ရေ (၁၃၂၃၀၀) အိတ်၊ တန်အားဖြင့် (၆၆၁၅) စီးထွက်ခဲ့သည့် အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၁၁၀၀) တန်အားဖြင့် (၅၅) လျော့နည်း စီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)                

 

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၃၅၂၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

နေပြည်တော် ဩဂုတ် ၇

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိက ထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်း တွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

        ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများ၌ ဈေးနှုန်း တည်ငြိမ်နေသဖြင့် ၂၀၂၂ ခုနှစ်၊ဩဂုတ်လ ၈ ရက်နေ့မှ ဩဂုတ်လ ၁၄ ရက်နေ့အထိ ရန်ကုန် အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ ယခင်ရက်သတ္တပတ် ဈေးနှုန်းအတိုင်း ပြောင်းလဲမှုမရှိဘဲ စားအုန်းဆီ တစ်ပိဿာလျှင် ၃၅၂၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ထားသည်။

       ထို့အပြင် ပြည်တွင်း ဈေးကွက်အတွင်းဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

       အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm ၊ Facebook Page နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီ လုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

                                                                            

ကြက်သွန်နီဈေးငြိမ်နေပြီး နယ်ဝေးတင်ပို့မှုနည်း

          မိတ္ထီလာခရိုင်အတွင်း ကြက်သွန်နီဈေးငြိမ်နေပြီး နယ်ဝေးတင်ပို့ရာ၌လည်း ရန်ကုန်ဈေး အေး သောကြောင့် နည်းသွားကြောင်း သိရသည်။ ဇူလိုင်လနောက်ဆုံးပတ်အတွင်း ရန်ကုန်သို့(၁၂)ဘီး ကား (၃)စီး ကုန်ချိန်(၅၁)တန်ကို ကုန်တင်ခ တစ်ပိဿာလျှင် (၁၀၀)ဖြင့် ပဲခူးသို့(၆)ဘီးကား (၁၂)စီး၊ ကုန်ချိန်(၁၀၂)တန်ကို ကုန်တင်ခ တစ်ပိဿာ(၉၀)ဖြင့် တင်ပို့ခဲ့ကြောင်းသိရသည်။ ကြက်သွန်နီဈေး မှာ လက္ကားဈေး တစ်ပိဿာလျှင် ၁၅၀၀ ကျပ်ဖြင့် ဈေးငြိမ်နေကြောင်း သိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း