ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

          ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဖေ‌ဖော်ဝါရီလ ‌တတိယပတ်တွင် စပါးဈေးနှုန်းနှင့်  ဆန်ဈေးနှုန်းမှာ တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြား တိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၄၀၀၀၀ ၊ မန္တလေးသို့ အိတ်ရေ ၅၁၇၄၀၊ နေပြည်တော်သို့ အိတ်ရေ ၁၁၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၁၀၀၀၀၊ ပခုက္ကူသို့ အိတ်ရေ ၆၀၀၊ စုစုပေါင်းအိတ်ရေ ၁၂၃၃၄၀၊ တန်အားဖြင့် ၆၁၆၇တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသ ကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၀၀၀၀၊ မန္တလေးသို့ အိတ်ရေ ၅၁၇၂၀၊ နေပြည်တော်သို့ အိတ်ရေ၁၂၀၀၀ ၊ ရှမ်း(တောင်)သို့ အိတ်ရေ၁၀၀၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၁၀၀၀၀၊ပခုက္ကူသို့ အိတ်ရေ ၆၀၀ ၊ စုစုပေါင်းအိတ်ရေ ၁၂၄၃၂၀၊ တန်အားဖြင့် ၆၂၁၆တန် စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း အိတ်ရေ ၉၈၀၊ တန်အားဖြင့် ၄၉တန် ပို၍ စီးထွက်ခဲ့ပါသည်။

          ရွှေဘိုမြို့၏ ဖေဖော်ဝါရီလ တတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်းများ မှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ်၂၆၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၉၀၀၀၀၊ ဧရာမင်းစပါး တင်း၁၀၀လျှင် ကျပ်၁၄၅၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၆၅၀၀၀၊ ရွှေဘိုပေါ်ဆန်းစပါး(သစ်) တင်း၁၀၀လျှင် ကျပ် ၂၁၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန်(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၇၀၀၀၀ ၊ ဧရာမင်း စပါး (သစ်) တင်း၁၀၀လျှင် ကျပ် ၁၅၀၀၀၀၀၊ ဧရာမင်းဆန် (သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၆၀၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

       တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

     တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

ကလေးမြို့ပေါ်၏ အခြေခံစားသောက်ကုန်ဈေးနှုန်းများ

                   ကလေးမြို့ပေါ်တွင် ဖေဖော်ဝါရီလ၊ တတိယအပတ်အတွင်း  ဖြစ်ပေါ်နေသည့် ဈေးနှုန်းများမှာ ဧည့်မထစပါးအသစ် ( ၁ ) တင်းလျှင် ( ၁၄၀၀၀ ) ကျပ်၊ ငစိန်စပါးအသစ် ( ၁ ) တင်းလျှင် ( ၁၃၀၀၀ ) ကျပ်၊ ဧရာမင်းစပါးအသစ် ( ၁ ) တင်းလျှင် ( ၁၆၀၀၀ ) ကျပ်၊ ဧည့်မထဆန်အသစ် ( ၂၄ ) ပြည် ( ၁ ) အိတ်လျှင် ( ၅၀၀၀၀ ) ကျပ်၊ ငစိန်ဆန်အသစ် ( ၂၄ ) ပြည် ( ၁ ) အိတ်လျှင် ( ၄၅၀၀၀ ) ကျပ်၊ ဧရာမင်းဆန်အသစ် ( ၂၄ ) ပြည် ( ၁ ) အိတ်လျှင် ( ၆၀၀၀၀ ) ကျပ်၊ ပဲဆီ ( ၁ ) ပိဿာလျှင် ( ၁၂၀၀၀ ) ကျပ်၊ နှမ်းဆီ ( ၁ ) ပိဿာလျှင် ( ၁၀၀၀၀ ) ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် ( ၇၄၀၀ ) ကျပ်၊ ကြက်သွန်နီ ( ဒေသထွက် ) တစ်ပိဿာလျှင် ( ၁၈၀၀ ) ကျပ်၊ ကြက်သွန်နီ ( မုံရွာ ) တစ်ပိဿာလျှင် ( ၁၈၀၀ ) ကျပ်၊ ကြက်သွန်ဖြူ ( ရှမ်း ) တစ်ပိဿာလျှင် ( ၄၀၀၀ ) ကျပ်၊ ကြက်သွန်ဖြူ ( ကြူကုတ် ) တစ်ပိဿာလျှင် ( ၅၀၀၀ ) ကျပ်၊ ဂျင်းတက် တစ်ပိဿာလျှင် ( ၁၅၀၀ ) ကျပ်၊ ဆားတစ်ပိဿာလျှင် ( ၇၀၀ ) ကျပ်၊ ကုလားပဲ တစ်ပိဿာလျှင် ( ၄၇၀၀ ) ကျပ်၊ ငရုတ်ခြောက်ရှည် တစ်ပိဿာလျှင် ( ၂၂၀၀၀ ) ကျပ်၊ ငရုတ်ခြောက်ပု တစ်ပိဿာလျှင် ( ၃၂၀၀၀ ) ကျပ်၊ အာလူး တစ်ပိဿာလျှင် ( ၃၀၀၀ ) ကျပ်၊ မန်ကျည်းသီး ( အစေ့လွတ် ) တစ်ပိဿာလျှင် ( ၅၀၀၀ ) ကျပ်၊ ကြက်သား တစ်ပိဿာလျှင် ( ၁၂၀၀၀ ) ကျပ်၊ ဝက်သား တစ်ပိဿာလျှင် ( ၁၈၀၀၀ ) ကျပ်၊ အမဲသား တစ်ပိဿာလျှင် ( ၁၆၀၀၀ ) ကျပ်၊ ဆိတ်သား တစ်ပိဿာလျှင် ( ၂၄၀၀၀ ) ကျပ် ပေါက်ဈေးနှုန်းများဖြင့် ဈေးကွက်အတွင်း ရောင်းချလျက် ရှိပါသည်။

                   ဖေဖော်ဝါရီလ၊ ပထမအပတ်နှင့် တတိယအပတ်နှိုင်းယှဉ်ရာတွင် ဧည့်စပါးအသစ်တစ်တင်းလျှင် ( ၁၀၀၀ ) ကျပ်၊ ငစိန်စပါးတစ်တင်းလျှင် ( ၃၀၀၀ ) ကျပ်၊ ဧရာမင်းစပါးတစ်တင်းလျှင် ( ၁၀၀၀ ) ကျပ်၊ ဧည့်မထဆန်အသစ် ( ၂၄  ) ပြည်တစ်အိတ်လျှင် ( ၅၀၀၀ ) ကျပ်၊ ငစိန်ဆန်အသစ် ( ၂၄ ) ပြည်တစ်အိတ်လျှင် ( ၅၀၀၀ ) ကျပ်၊ ဧရာမင်း ဆန်အသစ် ( ၂၄  ) ပြည်တစ်အိတ်လျှင် ( ၅၀၀၀ ) ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် ( ၄၀၀ ) ကျပ် အသီးသီး ဈေးနှုန်းများ မြှင့်တက်ခဲ့ပြီး ကြက်သွန်နီ(ဒေသ) တစ်ပိဿာလျှင် ( ၁၀၀၀ ) ကျပ်နှင့် ကြက်သွန်နီ (မုံရွာ ) တစ်ပိဿာလျှင် ( ၁၀၀၀ ) ကျပ် ဈေးနှုန်းကျဆင်းခဲ့ပါကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပခုက္ကူမြို့နယ်အတွင်း အရောင်းအဝယ်ဖြစ်နေသော ဓာတ်မြေဩဇာဈေးနှုန်းများ

     ပခုက္ကူမြို့၌ ဖေဖေါ်ဝါရီလ တတိယပတ်အတွင်း ဓာတ်မြေဩဇာဈေးကွက်မှာ ပုံမှန်အရောင်းအဝယ်ရှိနေပြီး ပထမပတ်ဈေးနှင့်နှိုင်းယှဉ်လျှင် ဈေးနှုန်းအနည်းငယ်ကျဆင်းလာကြောင်းသိရှိရပါသည်။ ပထမပတ်တွင် ဖြစ်ပေါ်ခဲ့သောဈေးနှုန်းများမှာ အာမိုကုမ္ပဏီမှထုတ်လုပ်သော ယူရီးယား(မိုးသီး) ၅၀ ကီလိုဂရမ်ပါ တစ်အိတ်လျှင် ကျပ်(၁၀၁၅၀၀)၊ ဩဘာကုမ္ပဏီမှထုတ်လုပ်သော ယူရီးယားတစ်အိတ်လျှင် ကျပ်(၁၀၃၀၀၀)၊ ရွှေနဂါးမှထုတ်လုပ်သော ယူရီးယား(ပုလဲသာ) ၅၀ ကီလိုဂရမ်ပါ တစ်အိတ်လျှင် ကျပ်(၉၅၀၀၀)၊ တီစူပါ (သံကွင်း) ၄၆ % ၅၀ ကီလိုဂရမ်ပါ တစ်အိတ်လျှင် ကျပ်(၁၁၅၀၀၀)၊ ပုလဲရွှေတောင် (သစ်) ၅၀ ကီလိုဂရမ်ပါ တစ်အိတ်လျှင် ကျပ်(၈၂၅၀၀)၊ ရွှေကောမတ် ၅၀ ကီလိုဂရမ်ပါ တစ်အိတ်လျှင် ကျပ်(၁၃၄၀၀၀)၊ ကွန်ပေါင်းအပြာကြား ၅၀ ကီလိုဂရမ်ပါ တစ်အိတ်လျှင်  ကျပ်(၁၅၀၀၀၀)၊ ကွန်ပေါင်း (၁၅:၁၅:၁၅) ၅၀ ကီလိုဂရမ်ပါ တစ်အိတ်လျှင် ကျပ်(၁၅၇၀၀၀)၊ အာမို(၁၆:၁၆:၁၆) ၅၀ ကီလိုဂရမ်ပါ တစ်အိတ်လျှင် ကျပ်(၁၄၀၀၀၀)အထိရှိခဲ့ပါသည်။

     ယခုတတိယပတ်တွင် အာမိုကုမ္ပဏီမှထုတ်လုပ်သော ယူရီးယား(မိုးသီး) ၅၀ ကီလိုဂရမ်ပါ တစ်အိတ်လျှင် ကျပ်(၉၇၀၀၀) ရှိသဖြင့် ကျပ်(၄၅၀၀)ခန့်၊ တီစူပါသံကွင်း(၄၅ %) ၅၀ ကီလိုဂရမ်ပါ တစ်အိတ်လျှင် ကျပ်(၁၁၄၀၀၀)ကျပ်ရှိ၍ ကျပ်(၁၀၀၀)ခန့်၊ ပုလဲရွှေတောင်(သစ်) ၅၀ ကီလိုဂရမ်ပါ တစ်အိတ်လျှင် ကျပ်(၈၀၀၀၀)ရှိ၍ ကျပ်(၂၅၀၀)ခန့်၊ ကွန်ပေါင်းအပြာကြား ၅၀ ကီလိုဂရမ်ပါ တစ်အိတ်လျှင် ကျပ်(၁၅၀၀၀၀)ရှိ၍ ကျပ်(၂၀၀၀)ခန့်၊ အာမို(၁၆:၁၆:၁၆) ၅၀ ကီလိုဂရမ်ပါ တစ်အိတ်လျှင် ကျပ်(၁၃၆၀၀၀)ရှိ၍ ကျပ်(၄၀၀၀)ခန့် အသီးသီးဈေးနှုန်းကျသွားခဲ့သည်။ ကျန်ဓာတ်မြေဩဇာများမှာ ယခင်အပတ်ဈေးနှုန်းနှင့်ပင် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

      အရောင်းအဝယ်ဖြစ်မှုအနေဖြင့် သီးနှံများစိုက်ပျိုးချိန်တွင် အများဆုံးရောင်းရလေ့ရှိပြီး ခြောက်လအတွင်း အိတ်(၇၀၀)ခန့်ရောင်းရကြောင်း ရိတ်သိမ်းချိန်တွင် အရောင်းအဝယ်ပါးကြောင်း စိုက်ပျိုးရေးဆေးဆိုင်များမှ သိရှိရပါသည်။

DOCA(မကွေး)

မုံရွာမြို့မန်ကျည်းမှည့် ဈေးနှုန်း/ဈေးကွက်

    မုံရွာမြို့၏ မန်ကျည်းမှည့်ဈေးကွက်မှာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် မန်ကျည်းအဟောင်းများ ကုန်သွားသလောက်ရှိနေကြောင်း၊ ပခုက္ကူမြို့နှင့် မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသထွက် မန်ကျည်းမှည့်အသစ်များ စတင်ဝင်ရောက်နေကြောင်း၊ မန်ကျည်းမှည့် အစေ့ပါတစ်ပိဿာလျှင် ကျပ် ၃၀၀၀ မှ ၄၀၀၀ ထိရှိကြောင်း၊ မန်ကျည်းမှည့်အစေ့မပါ တစ်ပိဿာလျှင်  ကျပ် ၅၀၀၀ မှ ၆၀၀၀ ထိရှိကြောင်း၊  တစ်ပတ်လျှင် ပိဿာ ၂၀၀ ခန့် ဝင်ရောက်လျက်ရှိပြီး မန်ကျည်းဖျော်ရည်လုပ်ငန်းရှင်များနှင့် မန်ကျည်း တော်ဖီလုပ်ငန်းရှင်များမှ ဝယ်ယူမှုများပြားကြောင်း မန်ကျည်းမှည့် ရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)                                                                      

မုံရွာမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

    ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလ စတုတ္ထပတ်အတွင်း မုံရွာမြို့နယ်တွက် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် (၃၆၀၀)ကျပ်၊ ဧရာမင်းဆန်တစ်ပြည်အဟောင်း (၃၄၀၀) ကျပ်နှင့် ဧရာမင်းဆန်တစ်ပြည်အသစ်(၃၂၀၀)ကျပ်ဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိဿာလျှင်(၇၅၀၀)ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင်(၁၂၀၀၀) ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၁၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီ တစ်ပိဿာလျှင် (၁၈၀၀)ကျပ်မှ (၂၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူလက်လီ (ဗမာ) တစ်ပိဿာလျှင် (၇၀၀၀)ကျပ်မှ (၈၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်း)တစ်ပိဿာလျှင် (၅၀၀၀)ကျပ်မှ (၅၅၀၀)ကျပ်ထိ၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် (၅၀၀၀)ကျပ်မှ(၅၅၀၀)ကျပ်ထိ၊ ချင်း တက်တစ်ပိဿာလျှင် (၁၄၀၀)ကျပ်မှ (၁၅၀၀)ကျပ်ထိ၊ ငရုတ်ခြောက်အမျိုးအစားအလိုက်  (၁၈၀၀၀)  ကျပ် မှ (၁၉၀၀၀)ကျပ်ထိ၊ အာလူး (၂၄၀၀)ကျပ်မှ (၂၅၀၀) ကျပ်ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၁၃၀၀)ကျပ်မှ (၁၅၀၀)ကျပ်တို့ ဖြင့်အရောင်းအဝယ်ဖြစ်လျက်ပါသည်။

  ကြက်ဥလက်လီဈေးနှုန်းမှကြီး တစ်လုံး(၂၅၀)ကျပ်၊ သေးတစ်လုံး(၂၀၀)ကျပ်၊ ဘဲဥ(ကြီး) တစ်လုံး (၃၅၀)ကျပ်၊ သေးတစ်လုံး(၃၀၀)ကျပ်ရှိသည်။ မုံရွာမြို့၏ သား/ ငါးဈေးနှုန်းမှ ကြက်သား (CP) တစ်ပိဿာ( ၁၀၀၀)ကျပ်မှ  (၁၁၀၀)ကျပ်ထိ ၊ ကြက်သား(ဗမာ) တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာ(၁၆၀၀၀)ကျပ်မှ (၁၇၀၀၀) ကျပ်ထိ၊ အမဲသားတစ်ပိဿာ (၁၆၀၀၀) ကျပ်မှ (၁၇၀၀၀)ကျပ်ထိ၊ ငါးမြစ်ချင်းတစ်ပိဿာလျှင်(၇၀၀၀)ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၈၀၀၀) ကျပ် တို့ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

  ဖေဖော်ဝါရီလ စတုတ္ထပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းများနှင့် ယခင်အပတ်ဈေးနှုန်းများနှိုင်းယှဉ်လျှင် ကြက်သွန်နီတစ်ပိဿာဈေးနှုန်းမှာ (၄၀၀)ကျပ် ဈေးတက်လျက်ရှိပြီး ကျန်အခြေခံ စားများ၏ ဈေးနှုန်းများမှာ ကွာဟမှုမရှိကြောင်း မုံရွာမြို့ဈေးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)                                                                      

 

 

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၇ .၂.၂၀၂၃)

   ၂၇ .၂.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

စလင်းမြို့နယ်၊ ရှားတောကျေးရွာ၌ စားတော်ပဲစိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တာဝန်ခံ ဦးဆန်းလင်းမောင်(ဦးစီးမှူး)နှင့် အဖွဲ့သည် (၂၂-၂-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရှားတောကျေးရွာရှိ စားတော်ပဲစိုက်ပျိုးသော တောင်သူ ဦးကျော်ဇင်လတ်နှင့်တွေ့ဆုံ၍ စိုက်ပျိုးထုတ်လုပ်မှုနှင့် ရောင်းဝယ်မှုအခြေအနေများ ကွင်းဆင်းလေ့လာခဲ့ပါသည်။

     တောင်သူအနေဖြင့် ယခင်နှစ်က စားတော်ပဲ(၃)ဧကစိုက်ပျိုးခဲ့သော်လည်း အထွက်နှုန်းလျော့နည်းခဲ့ပြီး အကျိုးအမြတ်ရရှိမှုနည်းခဲ့ပါကြောင်း၊ ယခုနှစ်တွင် စားတော်ပဲ(၂)ဧကစိုက်ပျိုးထားပါကြောင်း၊ စိုက်ပျိုးရာတွင် ဒေသမျိုးများကိုစိုက်ပျိုးပြီး ကြဲပက်စနစ်ကို စိုက်ပျိုးပါကြောင်း၊ စားတော်ပဲကို နှစ်စဉ် နိုဝင်ဘာလ(တတိယ)ပတ်တွင် စိုက်ပျိုးကြရာ (၁)ဧကစိုက်ပျိုးရန် မျိူး(၁)တင်းခန့်ကြဲပက်ရပြီး မြေပြုပြင်ချိန်မှစ၍ စိုက်ပျိုးပြီးသည်အထိ ကျပ်(၁၅၀၀၀၀)ကုန်ကျပါကြောင်း၊ ရေသွင်းခြင်း၊ စိုက်ပျိုးရေးဆေးပက်ဖြန်းခြင်း၊ လုပ်သားခနှင့် သွင်းအားစုအပါအဝင် (၁)ဧကလျှင် ကျပ်(၅)သိန်းကုန်ကျပါကြောင်း၊ စိုက်ပျိုးပြီး (၃)လခန့်အကြာတွင် ရိတ်သိမ်းကြပြီး သီးနှံပေါ်ချိန်စားတော်ပဲ(၁)တင်းလျှင် ကျပ်(၁၁၀၀၀၀)ခန့်ရရှိ၍ အထွက်နှုန်းာ း(၁၀)တင်းထွက်ရှိကာ (၁)ဧကဝင်ငွေမှာ ကျပ်(၁၁၀၀၀၀၀)ရရှိပြီး အကျိုးအမြတ်အားဖြင့် (၁) ဧကလျှင် ပျမ်းမျှအားဖြင့် ကျပ်(၆)သိန်းခန့်ရရှိပါကြောင်း၊ ထွက်ရှိလာသောစားတော်ပဲများကို မြို့ပေါ်ရှိပွဲရုံများသို့ ရောင်းချကြပြီး ယခင်နှစ် စားတော်ပဲမှာ ကျပ်(၈၀၀၀၀)ဈေးနှုန်းသို့ရရှိခဲ့သော်လည်း ယခုနှစ်တွင် စားတော်ပဲစိုက်ရာသီအနေဖြင့် အအေးဓာတ်ပိုမိုရရှိခြင်း၊ ရာသီဥတုကောင်းမွန်ခြင်းတို့အပြင် ပိုးမွှားကျရောက်မှုနည်းပါးခြင်း၊ မှိုရောဂါနည်းပါးခြင်းတို့ကြောင့် အပင်အသေအပျောက်နည်းပါးကာ အထွက်နှုန်းကောင်းမွန်၍ ယခုနှစ်တွင် သီးနှံပေါ်ချိန်၌ စားတော်ပဲဈေး(၁)တင်းလျှင် ကျပ်(၁၁၀၀၀၀)ရရှိကြ၍ ယခင်နှစ်ထက်ဈေးနှုန်းပိုမိုရရှိကာ စားတော်ပဲစိုက်တောင်သူများ အကျိုးအမြတ်ရရှိပါကြောင်း တောင်သူဦးကျော်ဇင်လတ်ထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

မြင်းခြံမြို့နယ်တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းများ

           မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ် အေးမြသီတာဈေးအတွင်း ၂၀၂၃ ခုနှစ်၊ဖေဖော်ဝါရီလ တတိယပတ် အတွင်းဖြစ်ပေါ်ခဲ့သောအခြေခံစားကုန်များ၏ လက်လီဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း(ဟောင်း) တစ်ပြည်လျှင်(၃၈၀၀)ကျပ်၊ (အသစ်)တစ်ပြည်လျှင်(၃၂၀၀)ကျပ်၊ မဂျမ်းတော(ဟောင်း)တစ်ပြည် လျှင်(၃၆၀၀)ကျပ်၊ (အသစ်)တစ်ပြည်လျှင်(၃၁၀၀)ကျပ်၊ ပုသိမ်ပေါ်ဆန်း(ဟောင်း)တစ်ပြည်လျှင် (၃၃၀၀)ကျပ်၊ မနောသုခတစ်ပြည်လျှင်(၂၄၀၀)ကျပ်၊ ကုလားပဲခြမ်းတစ်ပြည်လျှင်(၅၂၀၀)ကျပ်၊ ပဲနီပြားတစ်ပြည်လျှင်(၄၀၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင်(၂၀၀/၂၅၀)ကျပ်၊ ဘဲဥတစ်လုံးလျှင်(၃၀၀/ ၃၅၀)ကျပ်၊ သားငါးဈေးများအနေဖြင့် ငါးကြင်းရွှေဝါတစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင်(၇၀၀၀)ကျပ်၊ ငါးခူတစ်ပိဿာလျှင်(၆၀၀၀/၉၀၀၀)ကျပ်၊ ငါးမြင်းတစ်ပိဿာလျှင်(၆၀၀၀) ကျပ်၊ ရေချိုပုစွန်တစ်ပိဿာလျှင်(၂၂၀၀၀)ကျပ်၊ ကြက်သား(CP)အကောင်လိုက်တစ်ပိဿာလျှင် (၈၅၀၀)ကျပ်၊ ရင်ပုံသားတစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ ပေါင်သားတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ဗမာကြက်တစ်ပိဿာလျှင်(၁၃၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင်(၁၃၀၀၀/ ၁၅၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင်(၁၂၀၀၀/၁၅၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် (၂၅၀၀၀)ကျပ်များဖြင့် အရောင်းအဝယ်နေကြကြောင်းသိရှိရပါသည်။

          မိုးကြက်သွန်နီလက်လီဈေးနှုန်းများအနေဖြင့် အကြီးတစ်ပိဿာလျှင်(၁၅၀၀)ကျပ်၊ အလတ်တစ်ပိဿာလျှင်(၁၃၀၀)ကျပ်၊ အသေးတစ်ပိဿာလျှင်(၈၀၀/၁၀၀၀)ကျပ်၊ ကြက်သွန်ဖြူလက်လီတစ်ပိဿာဈေးနှုန်းများမှာ(ဗမာ)တစ်ပိဿာလျှင်(၄၀၀၀/၄၅၀၀)ကျပ်၊ ကြူကုတ်တစ်ပိဿာလျှင် (၅၀၀၀/၅၅၀၀)ကျပ်၊ ရှမ်းကြက်သွန်ဖြူတစ်ပိဿာလျှင်(၄၅၀၀/၅၀၀၀)ကျပ်၊ ချင်းတစ်ပိဿာလျှင် (၁၂၀၀/၁၅၀၀)ကျပ်၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင်(၁၆၀၀၀/ ၁၈၀၀၀)ကျပ်၊ အာလူးတစ်ပိဿာ လျှင်(၂၅၀၀/၃၀၀၀)ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင်(၁၀၀၀/၁၈၀၀)ကျပ်၊ စားသုံးဆီဈေးနှုန်းများအနေဖြင့် ပဲဆီသန့်တစ်ပိဿာလျှင်(၁၁၀၀၀/၁၂၀၀၀)ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင်(၁၁၀၀၀) ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင်(၆၈၀၀)ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း