စစ်ကိုင်းတိုင်းဒေသကြီးရှိ ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူနှင့် ရွှေဘို ခရိုင်များအနေဖြင့် ရွှေဘိုခရိုင်၊ ကသာခရိုင်နှင့် မုံရွာခရိုင်တို့တွင် စပါး/ဆန်ဈေး အနည်းငယ်တက်နေပြီး၊ ကျန်ခရိုင်များတွင် ဈေးအေးနေကြောင်း သိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖေဖော်ဝါရီလ(စတုတ္တ)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း(စပါး) (သစ်) တင်း ၁၀၀လျှင် ကျပ်(၂၁၀၀၀၀၀)၊ ပေါ်ဆန်း(ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင်(၆၅၀၀၀)ကျပ်၊ ဧရာမင်း(စပါး)(သစ်)တင်း ၁၀၀လျှင် ကျပ်(၁၅၀၀၀၀၀)၊ ဧရာမင်း (ဆန်) (သစ်) ၂၄ ပြည်ပါ တစ် အိတ် ကျပ် ၆၀၀၀၀၊ ရေဦးမြို့မှ ပေါ်ဆန်း (စပါး)(သစ်) တင်း ၁၀၀လျှင် ကျပ် ၁၈၅၀၀၀၀၊ ပေါ်ဆန်း (ဆန်) (သစ်) တစ်အိတ် လျှင်ကျပ် ၆၃၀၀၀၊ ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ၁၄၀၀၀၀၀၊ ဧရာမင်း (ဆန်)(သစ်)၂၄ ပြည် ပါ တစ်အိတ် ၅၆၀၀၀ ကျပ်များဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါသည်။
ကလေးခရိုင်၊ ကလေးမြို့နယ်တွင် ဧည့်မထ(စပါး)(သစ်) တင်း၁၀၀ လျှင် ၁၃၀၀၀၀၀၊ ဧည့်မထ (ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၄၅၀၀၀၊ ငစိန်(စပါး)(သစ်)တင်း၁၀၀လျှင် ၁၀၀၀၀၀၀၊ ငစိန် (ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ်မှာ ၄၀၀၀၀၊ ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၁၅၀၀၀၀၀၊ ဧရာမင်း(ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၅၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရ ပါသည်။
ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် မှော်ဘီ(၂)(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ်၁၁၀၀၀၀၀၊ မှော်ဘီ(၂)(သစ်) ဆန် ၂၄ပြည် တစ်အိတ် လျှင် ကျပ် ၆၀၀၀၀၊ ဆင်းဧကရီ(၃)(စပါး) (သစ်) တင်း၁၀၀ လျှင် ကျပ် ၁၁၀၀၀၀၀၊ ဆင်းဧကရီ-၃(သစ်) ဆန် ၂၄ပြည်တစ်အိတ်မှာကျပ် ၅၅၀၀၀၊ ဧရာမင်း (စပါး) (သစ်)တင်း ၁၀၀ လျှင် ကျပ် ၁၄၅၀၀၀၀၊ ဧရာမင်း(ဆန်)(သစ်) ၂၄ ပြည်ဆန်တစ်အိတ်လျှင် ကျပ် ၇၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။
မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၁၈၀၀၀၀၀၊ ဧရာမင်း (ဆန်) (သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၇၀၀၀၀၊ ပေါ်ဆန်း (စပါး) (သစ်) တင်း ၁၀၀ လျှင် ကျပ် ၂၁၀၀၀၀၀၊ ဧရာမင်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၇၅၀၀၀၊ မနောသုခ(စပါး)(သစ်) တင်း ၁၀၀လျှင် ကျပ် ၁၃၀၀၀၀၀၊ မနောသုခ (ဆန်)(သစ်)၂၄ ပြည် တစ်အိတ်လျှင် ကျပ်၅၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ် နေကြောင်း သိရပါ သည်။
ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဧရာမင်း(စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၁၅၀၀၀၀၀၊ ဧရာ မင်း(ဆန်)(သစ်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၆၅၀၀၀၊ ပေါ်ဆန်း(စပါး)(သစ်) တင်း ၁၀၀လျှင် ကျပ် ၂၀၀၀၀၀၀၊ ပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၇၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေ ကြောင်း သိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဖေဖော်ဝါရီလ(တတိယ)ပတ်တွင်စစ်ကိုင်း တိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၀၀၀၀၊ မန္တလေး သို့ အိတ်ရေ ၈၄၄၀၀၊ မကွေး သို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၁၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(မြောက်)သို့အိတ်ရေ ၁၀၀၀၀၊ ကချင်သို့ အိတ်ရေ ၁၂၀၀၀၊ စုစုပေါင်းအိတ်ရေ (၁၆၈၄၀၀)အိတ်၊ တန်အားဖြင့် (၈၄၂၀)စီးထွက်ခဲ့ပြီး၊ ယခု ဖေဖော်ဝါရီလ (စတုတ္တ)ပတ်တွင် စစ်ကိုင်း တိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၇၀၀၀၊ မန္တလေး သို့ အိတ်ရေ ၉၄၇၄၀၊ မကွေး သို့ အိတ်ရေ ၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၁၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(မြောက်)သို့အိတ်ရေ ၁၀၀၀၀၊ ကချင်သို့ အိတ်ရေ ၁၂၀၀၀၊ စုစုပေါင်းအိတ်ရေ (၁၈၅၃၄၀)အိတ်၊ တန်အားဖြင့် (၉၂၆၇)တန် စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ် လျှင် ယခုပတ်တွင် အိတ်ရေ (၁၆၉၄၀) တန်အားဖြင့် (၈၄၇)တန် ပိုမိုစီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)