ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှုအခြေအနေ

    အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် ယခင်အပတ်(၁၅.၉.၂၀၂၂)နှင့် ယခု အပတ် (၂၁.၉.၂၀၂၂)ရက်နေ့အတွင်း နှမ်းဖြူ (၄၅)ပိဿာတစ်အိတ်လျှင် ယခင်အပတ် (၂၈၀၀၀ဝိ/-)ယခုအပတ်(၂၉၀၀၀ဝိ/-)ဖြစ်၍ (၁၀၀၀ဝိ/-)ဈေးမြင့်၊ နှမ်းနီ ယခင်အပတ် (၂၅၀၀၀ဝိ/-)ယခုအပတ် (၂၆၀၀၀ဝိ/-)ဖြစ်၍ (၁၀၀၀ဝိ/-)ဈေးမြင့်၊နှမ်းနက်(စမုံ) ယခင်အပတ် (၂၉၀၀၀ဝိ/-)ယခုအပတ် (၃၁၅၀၀ဝိ/-)ဖြစ်၍ (၂၅၀၀ဝိ/-)၊ နှမ်းပြာ ယခင်အပတ်(၂၅၀၀၀ဝိ/-)ယခုအပတ်(၂၆၀၀၀ဝိ/-) ဖြစ်၍ (၁၀၀၀ဝိ/-)အသီးသီးဈေးမြင့်ခဲ့ကြောင်း သိရှိရပါသည်။

      ပဲမျိုးစုံစျေးကွက်တွင် ပဲစဉ်းငုံ(နီ)(၂၀)ပိဿာ တစ်တင်းလျှင် ယခင်အပတ်(၆၄၀၀ဝိ/-) ယခုအပတ် (၆၆၇၀ဝိ/-) ဖြစ်၍ (၂၇၀ဝိ/-)ဈေးမြင့်ခဲ့ပါသည်။ ပဲကြီး ယခင်အပတ်(၈၃၀၀ဝိ/-) ယခုအပတ်(၈၀၀၀ဝိ/-) ဖြစ်၍(၃၀၀ဝိ/-) ဈေးလျော့၊ မတ်ပဲ ယခင်အပတ်(၆၅၀၀ဝိ/-) ယခုအပတ် (၆၃၀၀ဝိ/-) ဖြစ်၍ (၂၀၀ဝိ/-) ဈေးလျော့၊ ကုလားပဲ(HL) ယခင်အပတ်(၆၇၀၀ဝိ/-) ယခုအပတ် (၆၅၀၀ဝိ/-) ဖြစ်၍ (၂၀၀ဝိ/-) ဈေးလျော့၊ ကုလားပဲ(မြကြေး) ယခင်အပတ်(၆၆၀၀ဝိ/-) ယခုအပတ် (၆၄၀၀ဝိ/-) ဖြစ်၍ (၂၀၀ဝိ/-) ဈေးလျော့၊ မြေပဲလုံးဆံ(ဖြူ)တစ်ပိဿာလျှင် ယခင်အပတ်(၆၀၀ဝိ/-) ယခုအပတ် (၅၈၀ဝိ/-) ဖြစ်၍ (၂၀ဝိ/-) ဈေးလျော့၊ မြေပဲလုံးဆံ(နီ) ယခင်အပတ်(၆၁၀ဝိ/-) ယခု  အပတ် (၅၉၀ဝိ/-) ဖြစ်၍ (၂၀ဝိ/-) ဈေးလျော့၊ မြေပဲတောင့်(စို) တစ်တင်း ယခင်အပတ်(၂၃၀၀ဝိ/-) ယခုအပတ် (၂၂၀၀ဝိ/-) ဖြစ်၍ (၁၀၀ဝိ/-) အသီးသီးဈေးနှုန်းများလျော့ပြီး အရောင်းအဝယ်ပမာဏ အနေဖြင့် နှမ်းဖြူ(၇၀)အိတ်၊ နှမ်းနီ(၁၁၅)အိတ်၊ နှမ်းပြာ(၁၈၀၀)အိတ်၊ နှမ်းနက်(စမုံ)(၉၇၀၀)အိတ်၊ ပဲစဉ်းငုံနီ (၁၂၅၀)အိတ်၊ မတ်ပဲ(၃၀၀)အိတ်၊ ကုလားပဲ(HL)(၇၅၀)အိတ်၊ ကုလားပဲ(မြကြေး) (၅၀၀)အိတ်၊ ပဲကြီး(၄၈၀)အိတ်၊ မြေပဲလုံးဆံ(ဖြူ)(၃၂၀၀)အိတ်၊ မြေပဲလုံး ဆံ(နီ)(၁၁၀၀)အိတ်နှင့် မြေပဲတောင့်(အစို)(၇၀၀၀)တင်းတို့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

      အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ စက်တင်ဘာလ(၁၆)ရက်နေ့မှ စက်တင်ဘာလ(၂၂)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက် ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ် (ပိဿာ)ကျပ် ၁၃၀၀ မှ ၂၄၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၇၀၀ မှ ၁၅၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၁၀၀၀ မှ ၁၅၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၁၇၀၀ မှ ၂၄၀၀ အတွင်း၊ မုန့်လာဉနီ(ပိဿာ) ကျပ် ၁၃၀၀ မှ ၁၇၀၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် ၂၀၀၀ မှ ၃၀၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် ၁၀၀၀ မှ ၁၅၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၁၃၀၀ မှ ၁၆၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၂၇၀၀ မှ ၃၄၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ) ၃၀၀၀ မှ ၃၅၀၀ အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်)(ပိဿာ) ကျပ် ၄၂၀၀ မှ ၄၅၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၈၀၀ မှ ၁၀၀၀ အတွင်း၊ ဆလပ်ရွက် (စီး) ကျပ် ၁၀၀ မှ ၂၀၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် ၅၀ မှ ၁၀၀ အတွင်း၊ ခရမ်းသီး(ရှည်)(ပိဿာ)ကျပ် ၁၃၀၀ မှ ၁၇၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၂၀ မှ ၁၀၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ) ၁၆၀၀ မှ ၁၈၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၅၀၀ မှ ၂၀၀၀ အတွင်း ဖြစ်ကြောင်း သိရှိရပါတယ်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း(၁၅၂၁၀၀)ကျော်၊ခရမ်းသီး(ရှည်)(ပိဿာ)(၁၁၈၈၅)ကျော်၊ ဗူးသီးအလုံးပေါင်း (၁၇၂၅)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၁၆၂၄၀)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၃၀၄၀၀)ကျော်၊ ပန်းဂေါ်ဖီ ထုပ်ပေါင်း(၉၄၀၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၁၅၁၈၅)ကျော်၊ ဖရဲသီးလုံးပေါင်း (၃၈၄၀၀) ကျော်  အသီးသီးကုန်အဝင်ရှိကြောင်း သိရပါတယ်။

DOCA(ရန်ကုန်)

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

     ၂၀၂၂ခုနှစ် စက်တင်ဘာလ တတိယပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန် တစ်ပြည် ၃၆၀၀ကျပ်၊ ဧရာမင်းဆန် တစ်ပြည် ၂၈၀၀ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိသည်။ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာ ၄၀၀၀ကျပ်၊ (လတ်)တစ်ပိဿာ ၃၇၀၀ကျပ်၊ (သေး)တစ်ပိဿာ ၃၂၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျင် ၄၅၀၀ကျပ်မှ ၅၀၀၀ကျပ်ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ၄၀၀၀ကျပ်မှ ၄၅၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာ ၄၅၀၀ကျပ်မှ ၅၀၀၀ကျပ်ထိ၊ ချင်းတစ်ပိဿာ ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်ထိ ၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၈၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်ထိ အာလူး တစ်ပိဿာ ၁၈၀၀ကျပ်မှ ၂၆၀၀ကျပ်ထိ ၊ခရမ်းချဉ်သီး တစ်ပိဿာ ၂၆၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပါသည်။

   ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံး ၂၅၀ကျပ်၊ (သေး) တစ်လုံး ၂၀၀ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံး (၃၀၀)ကျပ်၊ (သေး)တစ်လုံး (၂၅၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP)  တစ်ပိဿာ ၇၅၀၀ကျပ်မှ ၈၅၀၀ကျပ်ထိ၊ကြက်သား (ဗမာ)တစ်ပိဿာ ၁၀၀၀၀ ကျပ်မှ ၁၃၀၀၀ကျပ်ထိ၊  ဝက်သား တစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊  ငါးမြစ်ချင်း တစ်ပိဿာ ၆၀၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာ ၅၅၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။

     စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ၁၁၀၀၀ကျပ်မှ ၁၃၀၀၀ကျပ်ထိ၊  စားအုန်းဆီ တစ်ပိဿာလျှင် ၈၅၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်ဖြင့် အရောင်း အဝယ် ဖြစ်နေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

         

ရာသက်ပန်ဆန်/ဆီရောင်းဝယ်ရေးမှ စားအုန်းဆီများရောင်းချပေးခဲ့

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းသို့ တင်သွင်းလာသည့်စားအုန်းဆီများ သတ်မှတ်အရည်အသွေးများပြည့်မီရေး၊ ကျန်းမာရေးနှင့်ညီညွှတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီများကိုသုံးစွဲနိုင်‌ရေး၊ ဈေးကွက်အတွင်းဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေးတို့အတွက် လုပ်ငန်းစဉ်များချမှတ်၍ ကြီးကြပ်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီနှင့် “မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း” တို့နှင့် ပူးပေါင်း၍ ၂၁-၉-၂၀၂၂ တွင် အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံး၌ စားသုံးသူပြည်သူများလက်ဝယ်အရောက် ဈေးနှုန်းသက်သာစွာဖြင့် စားအုန်းဆီတစ်ပိဿာလျှင် ၅၈ဝဝိ/- ကျပ်နှင့် တစ်ဦးလျှင် ၁ ပိဿာနှုန်းဖြင့် ရာသက်ပန်ဆန်/ဆီရောင်းဝယ်ရေးမှ လာရောက်ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

    ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ စက်တင်ဘာလ ‌တတိယပတ်တွင် စပါး /ဆန် ဈေးနှုန်းမှာ တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ စက်တင်ဘာလ ဒုတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၄၁၀၀၀ ၊ မန္တလေးသို့ အိတ်ရေ၅၂၄၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၄၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၁၀၀၀၀၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၁၂၈၄၀၀၊ တန်အားဖြင့် ၆၄၂၀တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြား တိုင်းဒေသ ကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၉၉၀၀၊ မန္တလေးသို့ အိတ်ရေ ၄၃၅၀၀၊ နေပြည်တော်သို့ အိတ်ရေ၁၂၀၀၀ ၊ ရှမ်း(တောင်)သို့ အိတ်ရေ၉၅၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၉၅၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀ ၊ စုစုပေါင်းအိတ်ရေ ၁၂၅၄၀၀ ၊ တန်အားဖြင့် ၆၂၇၀တန် စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျင် ယခုအပတ်အတွင်း အိတ်ရေ ၃၀၀၀၊ တန်အားဖြင့် ၁၅၀တန် လျော့၍ စီးထွက်ခဲ့ပါသည်။

   ရွှေဘိုမြို့၏ စက်တင်ဘာလ တတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ်၂၃၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၅၀၀၀၊ ဧရာမင်းစပါး တင်း၁၀၀လျှင် ကျပ်၁၄၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ် ၆၅၀၀၀၊ ၂၀၂၁-၂၀၂၂ခုနှစ်ထွက် နွေစပါး ရွှေဝါထွန်းစပါး တင်း၁၀၀လျှင် ကျပ် ၁၁၀၀၀၀၀၊ ‌ရွှေဝါထွန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၄၃၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

                                                                  

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

     ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် စက်တင်ဘာလ (၁၃) ရက်နေ့မှ စက်တင်ဘာလ (၁၉) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ မြင်းခြံ၊ မိတ္ထီလာ မှ ဖရဲသီး (211) အလုံးကြီး ကျပ် ၂၅၀၀ ၊ အလုံးလတ် ကျပ် ၁၈၀၀ ၊ အလုံးသေး ကျပ် ၁၀၀၀ မှ ၈၀၀ ၊ မှော်ဘီ၊ တိုက်ကြီး မှ မာလကာသီး (ကီလို) အလုံးကြီး ကျပ် ၄၀၀၊ အလုံးလတ် ကျပ် ၃၀၀ ၊ အလုံး သေး ၂၀၀ မှ ၁၀၀၊ တိုက်ကြီးမှ  ပီလောပီနံ တစ်ပိဿာ အလုံးကြီး ကျပ် ၈၀၀၊ အလုံးလတ် ကျပ် ၆၀၀၊ အလုံးသေး ကျပ် ၄၀၀ ၊ မော်လမြိုင်မှ ကျွဲကောသီး (ပန်းရောင်) အလုံးကြီး ကျပ် ၂၅၀၀ မှ ၂၂၀၀၊ အလုံးလတ် ကျပ် ၂၀၀၀ မှ ၁၈၀၀ ၊ အလုံးသေး ကျပ် ၁၅၀၀ မှ ၁၃၀၀၊ ကျပ် ၁၀၀၀ မှ ၇၀၀၊ ၅၀၀၊  တိုက်ကြီးမှ ကျွဲကောသီး (အဖြူ) အလုံးကြီး ကျပ် ၁၀၀၀ အလုံးလတ် ကျပ် ၆၀၀၊ အလုံးသေး               ကျပ် ၄၀၀ မှ ၂၀၀၊ ရပ်စောက် မှ သရက်သီး (ရင်ကွဲ) အိတ်စွပ် အလုံးကြီး သေတ္တာ အလုံး ၆၅ လုံးပါ                   ကျပ် ၄၅၀၀၀၊ အလုံးလတ် သေတ္တာ အလုံး ၈၀ ပါကျပ် ၄၀၀၀၀၊ အလုံးသေး သေတ္တာ အလုံး ၉၀ ပါကျပ် ၃၅၀၀၀၊ ရပ်စောက် မှ သရက်သီး (ရင်ကွဲ) ရိုးရိုး အလုံးကြီး သေတ္တာ အလုံး ၅၀ လုံးပါ ကျပ် ၃၃၀၀၀၊ အလုံးလတ် သေတ္တာ အလုံး ၆၅ ပါကျပ် ၂၈၀၀၀၊ အလုံးသေး သေတ္တာ အလုံး ၈၅ ပါကျပ် ၂၅၀၀၀၊ အလုံး ၁၀၀ ပါ ကျပ် ၂၀၀၀၀၊ ပြင်ဦးလွင်မှ နဂါးမောက်သီး(နီ) အလုံးကြီး ဂျပ်ဖာ ၁၈ လုံးပါ ကျပ် ၁၃၀၀၀၊ အလုံးလတ် ၂၄ လုံးပါ ကျပ် ၉၀၀၀၊ အလုံးသေး ၃၀ လုံးပါ ကျပ် ၆၀၀၀ ဈေးတို့ ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) မှသိရှိရပါသည်။

DOCA(ရန်ကုန်)

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပဲတီစိမ်း(ရွှေဝါ) စိုက်ပျိုးထုတ်လုပ်မှုနှင့် ပဲတီစိမ်း(ရွှေဝါ)မျိုးပဲပေါက်ဈေး

     ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ဆောင်း ပဲတီစိမ်း(ရွှေဝါ) စိုက်ဧက (၃၆၁၀၇၈)ဧက စိုက်ပျိုးခဲ့ပြီး အထွက်နှုန်း (၁၄.၉၃)တင်းဖြင့် အထွက်တင်း စုစုပေါင်း (၅၃၉၁၅၄၃)တင်းထွက်ရှိခဲ့ပြီး ညီမျှတန်အားဖြင့် တန် (၁၇၀၀၀၀)ကျော် ထွက်ရှိခဲ့ ပါသည်။ ယခုလာမည့် ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းရာသီတွင် ပဲတီစိမ်း(ရွှေဝါ) (၃၆၁၃၅၇)ဧက စိုက်ပျိုးရန် လျာထားပြီး ခန့်မှန်းအထွက်နှုန်း (၁၄.၄၅)တင်းဖြင့် အထွက်တင်း စုစုပေါင်း (၅၂၂၁၆၀၉)တင်း ညီမျှတန်အားဖြင့် တန် (၁၇၀၀၀၀)ကျော် ထွက်ရှိမည်ဟု လျာထားကြောင်းသိရှိရပါသည်။

       ရန်ကုန်တိုင်းဒေသကြီးအတွင်း ပဲတီစိမ်း(ရွှေဝါ) အများဆုံးစိုက်ပျိုးသော မြို့နယ်များ မှာ သုံးခွမြို့နယ်၊ ခရမ်းမြို့နယ်၊ ကျောက်တန်းမြို့နယ်နှင့် သန်လျင်မြို့နယ်တို့ဖြစ်ကြပြီး ယခင်နှစ် ဆောင်းပဲတီစိမ်း(ရွှေဝါ) ထွက်ရှိချိန် အများဆုံးစိုက်ပျိုးသည့် သုံးခွမြို့နယ်၊ ခရမ်း မြို့နယ်များတွင် (၇၂)ပေါင် ကိုက် ပဲတီစိမ်း(ရွှေဝါ) တစ်တင်းအဖွင့်ဈေးမှာ ကျပ်(၄၅၀၀ဝိ/-) မှ (၄၆၀၀၀/-)ဈေးပေါက်ခဲ့ပြီး နောက်ပိုင်းတွင် ပဲတီစိမ်း(ရွှေဝါ) တစ်တင်းလျှင် ကျပ် (၅၃၀၀၀/-)ထိ အမြင့်ဆုံးဖြစ်ခဲ့ပြီး ဈေးကောင်းရရှိခဲ့ကြောင်း သိရှိရပါသည်။

   ယခုနှစ် ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်း ပဲတီစိမ်း(ရွှေဝါ)များအား ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးစပါးထွက်ပေါ်ပြီးနောက်ပိုင်း စိုက်ပျိုး‌တော့မည်ဖြစ်ရာ ဒေသတွင်း မျိုးပဲတီစိမ်း(ရွှေဝါ) (၇၂)ပေါင်ကိုက် တစ်တင်းပေါက်ဈေးမှာ ကျပ်(၆၅၀၀ဝိ/-)မှ (၇၀၀၀ဝိ/-) ထိ ဖြစ်ပေါ်လျှက်ရှိကြောင်းနှင့် ဆောင်း ပဲတီစိမ်း(ရွှေဝါ)များ ထွက်ပေါ်မည့် ကာလတွင်လည်း ဈေးကောင်းရရှိလိမ့်မည်ဟု နယ်ကုန်သည်နှင့် လယ်သမားအများစုက တွက်ဆလျှက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)                                                    

 

ယင်းမာပင်ခရိုင်အတွင်း ဆောင်းနှမ်း (နှမ်းကြီး)များ လှိုင်လှိုင်စိုက်ပျိုးလျှက်ရှိ

             ယင်းမာပင်ခရိုင်သည် ဆီထွက်သီးနှံကို အဓိကစိုက်ပျိုးထွက်ရှိသည့် ခရိုင်တစ်ခုဖြစ်ပြီး နှမ်း၊ မြေပဲ၊ နေကြာသီးနှံများကို အဓိကစိုက်ပျိုးထုတ်လုပ်လျှက်ရှိပါသည်။ နှစ်စဉ် ဆီထွက်သီးနှံဧက (၄) သိန်းဝန်းကျင်ပုံမှန်စိုက်ပျိုးလျှက်ရှိသည့်အနက် နှမ်းသီးနှံမှာ စိုက်ဧက အများဆုံးဖြစ်သည်။ နှမ်းစိုက် ဧက (၆၀)% ရှိကြောင်း သက်ဆိုင်ရာဌာနများ၏ စာရင်းဇယားများအရ သိရှိရသည်။

          ယခုနှစ်တွင် မိုးနှမ်းဧက (၁.၉)သိန်းခန့် စိုက်ပျိုးထွက်ရှိပြီး ဆောင်းနှမ်းဧက (၅)သောင်းကျော် စိုက်ပျိုးရန် လျာထားကြောင်း သိရသည်။ ဆောင်းနှမ်း (နှမ်းကြီး)ကို မြို့နယ် (၄)မြို့နယ်တွင် စိုက်ပျိုး သော်လည်း ကနီမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့တွင် စိုက်ဧကအများဆုံးဖြစ်သည်။ အဆိုပါ မြို့နယ်များမှာ ချင်းတွင်းမြစ်ရိုးနှင့် နီးစပ်ပြီး မြေအောက်ရေလွယ်ကူစွာရရှိသည့်အတွက် နှစ်သီးစား စိုက်ပျိုးနိုင်သည့် အခွင့်အလမ်းများစွာရှိကြောင်း သိရသည်။ ဆောင်းနှမ်းကို စက်တင်ဘာလလယ်တွင် ပုံမှန်စိုက်ပျိုးပြီး ဒီဇင်ဘာလဆန်းပိုင်းတွင် ထွက်ရှိသည့် ‌ဆောင်းနှမ်းရိတ်သိမ်းပြီးသည့် ရိုးပြတ်များတွင် ထွန်ယက်ပြုပြင်ကာ ကြက်သွန်နီနှင့်ကုလားပဲသီးနှံကို ရာသီအမီ စိုက်ပျိုးလေ့ရှိကြောင်း ဒေသခံတောင်သူများထံမှသိရှိရသည်။

          ယခုနှစ်တွင်လည်း ဆောင်းနှမ်း( နှမ်းကြီး) စိုက်ပျိုးချိန် စက်တင်ဘာလဆန်းပိုင်းကတည်းက မိုးပုံမှန်ရွာသွန်းခဲ့သည့်အတွက် ဆောင်းနှမ်း (နှမ်းကြီး) စိုက်ပျိုးမည့် တောင်သူများအဖို့ အချိန်အခါ ကောင်းဖြစ်ခဲ့သည်။ ဆောင်းနှမ်း (နှမ်းကြီး) ကို စက်တင်ဘာလမကုန်မီ အပြီးစိုက်ပျိုးနိုင်ရေး ထွန်ရေးပြင်ဆင်စိုက်ပျိုးလျှက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရှိရသည်။ လက်ရှိစိုက်ပျိုး နေသည့်မျိုးများမှာ သက်တမ်းတိုသည့် နှမ်းမျိုးများဖြစ်သည့်အတွက် နှမ်းညိုနှင့် ဆင်းရတနာ-၄နှမ်းဖြူမျိုးများဖြစ်ကြောင်း နှမ်းသီးနှံရိတ်သိမ်းပြီးပါက သီးထပ်အဖြစ် ဆောင်းကြက်သွန်နှင့်ကုလား ပဲသီးနှံများကို မြေအောက်ရေဖြင့် ရေသွင်းကာ ရာသီအမီစိုက်ပျိုးသွားရန် စီစဉ်ထားရှိ ကြောင်း နှမ်းစိုက်တောင်သူ ဦးသိန်းလှိုင်၏ ပြောပြချက်အရသိရှိရပါသည်။

     လက်ရှိဒေသတွင်းဈေးကွက်၌ နှမ်းညိုတစ်တင်း (၈၅၀၀၀)ကျပ်၊ နှမ်းဖြူတစ်တင်း (၉၅၀၀၀)မှ (၁၀၀၀၀၀)၊ နှမ်းနက်တစ်တင်း (၈၅၀၀၀)မှ (၁၀၀၀၀၀)အသီးသီးပေါက်‌ဈေးရှိပြီး ပြည်တွင်းလုပ်ငန်းသုံးအဝယ်ရှိသလို ပြည်ပဝယ်လိုအားလည်း ရှိနေသည့်အတွက် အရောင်းအဝယ် ဖြစ်လျှက်ရှိ ကြောင်း သိရသည်။ ဆောင်းနှမ်း(နှမ်းကြီး)သီးနှံမှာ မိုးရေဖြင့် စိုက်ပျိုးဖြစ်ထွန်းရပြီး အပင်ဖြစ်ထွန်းချိန် ရာသီဥတုကောင်းမွန်ခြင်း၊ ရိတ်သိမ်းချိန်မှာလည်း ရာသီဥတု (မိုး၊ လေ)လွတ်ကင်းသည့်အတွက် အရည်အသွေးကောင်းမွန်ပြီး အလေအလွင့်နည်းပါးခြင်း၊ စိုက်ပျိုးရ လွယ်ကူပြီး ကုန်ကျစရိတ် သက်သာခြင်းနှင့် ပြည်ပဈေးကွက်ဝယ်လိုအားရှိနေခြင်းများကြောင့် တောင်သူများ ဆောင်းနှမ်း (နှမ်းကြီး) စိုက်ပျိုးရန် စိတ်အားထက်သန်လျှက်ရှိကြောင်း သိရှိရသည်။

          ဆောင်းနှမ်း (နှမ်းကြီး)ရိတ်သိမ်းပြီးပါက သီးထပ်အဖြစ်စိုက်ပျိုးမည့် (ကြက်သွန်နီ၊ ကုလားပဲ)သီးနှံများ၏ လက်ငုတ်ဈေးများမှာလည်း ဈေးကောင်းရရှိနေသည့်အတွက် သီးထပ်စိုက်ပျိုးမည့် တောင်သူပိုမိုများပြားလာကြောင်း၊ သွင်းအားစုဈေးနှုန်းများ မြင့်တက်နေသော်လည်း သီးနှံများ၏ လက်ငုတ်ဈေးကောင်းမွန်နေသည့်အတွက် နှစ်သီးစားစိုက်ပျိုးမည့်အစီအစဉ်ဖြင့် ဆောင်းနှမ်း (နှမ်းကြီး)ကို လှိုင်လှိုင်စိုက်ပျိုးလျှက်ရှိပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)

 “သိမ်ဖြူဈေးတွင်ဖြစ်ပေါ်နေသော ကြက်သွန်ဖြူ/နီလက်ကားဈေး”

     ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ် သိမ်ဖြူဈေးကြီးအတွင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီများအား ကား၊ ရထားတို့ဖြင့် ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ နေ့စဉ် ဝင်ရောက်လျက်ရှိပြီး လက်လီလက်ကား ပြန်လည်ရောင်းချလျက်ရှိရာ ၁၅.၉.၂၀၂၂ မှ ၂၁.၉.၂၀၂၂ ရက်အထိ ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၃၀၉၆၀)ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်)(၅၁၁၀)ပိဿာ ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကားဈေးမှာ ၁ပိဿာလျှင် ၂၈၀၀ ကျပ်မှ ၃၀၀၀ကျပ် ထိ ဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ ၁ပိဿာလျှင် ၄၀၀၀ ကျပ်မှ ၄၂၀၀ ကျပ်ထိရှိပြီး တနင်္ဂနွေနေ့တွင် ကုန်အဝင်မရှိကြောင်း ဈေးတာဝန်ခံရုံးမှ သိရှိရပါသည်။

DOCA(ရန်ကုန်)

ဒိုက်ဦးမြို့နယ်တွင် ကောက်စောစပါးများစတင်ရိတ်သိမ်းထွက်ရှိမှု

      ဒိုက်ဦးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ၊ မိုးစပါး စိုက်ပျိုးဧကမှာ (၁၆၇၀၃၈) ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ယခုအခါ ကောက်စောစပါးများ စတင်ရိတ်သိမ်းနေပြီဖြစ်ပါသည်။

    ရိတ်သိမ်းထွက်ရှိမှုအား ကွင်းဆင်းလေ့လာရာတွင် ကလိကျေးရွာအုပ်စု ၊ ကွင်းအမှတ် (၃၇၇)တွင် တောင်သူ ဦးဝင်းနိုင်မှ မိုးစပါးအနေဖြင့်  အယ်လ်ဖာစပါးမျိုး (၈)ဧကခန့်စိုက်ပျိုးရာ ကောက်စောစပါး (၁)ဧကလျှင် စပါးတင်း (၈၀)ခန့်ထွက်ရှိပြီး စပါး တစ်တင်းလျှင် ပေါင် (၅၀)ဖြင့် စပါးတင်း (၁၀၀)လျှင် (၁၀,၃၅၀၀၀)ကျပ်ဈေးဖြင့် ရောင်းချရပြီး စိုက်ပျိုးမှု ကုန်ကျစရိတ်မှာ ကြဲခင်းဖြစ်၍ တစ်ဧကလျှင် (၃၀၀၀၀၀)ကျပ်ခန့် ကုန်ကျပြီး အကျိုးအမြတ်အနေဖြင့်  (၅၀၀၀၀၀) းကျပ်ခန့်ရရှိကြောင်း  သိရှိရ ပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း