ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

         တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

ပြည်တွင်း ကြက်သွန်နီ လက်ကားဈေးနှုန်း၊ မြို့နယ်အလိုက် လက်လီ/လက်ကားဈေးနှုန်း၊ လက်ကျန်အခြေအနေနှင့် သုံးသပ်ချက်များ

       ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ပသို့ ကြက်သွန်နီ တင်ပို့မှုအခြေအနေ၊ ၁-၂-၂၀၂၃ ရက်နေ့မှ ၂၂-၂-၂၀၂၃ ရက်နေ့ထိ ပြည်တွင်း ကြက်သွန်နီ လက်ကားဈေးနှုန်း၊ မြို့နယ်အလိုက် လက်လီ/လက်ကားဈေးနှုန်း၊ လက်ကျန်အခြေအနေနှင့် သုံးသပ်ချက်များအား ပူးတွဲ တင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၃ .၂.၂၀၂၃)

     ၂၃ .၂.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း နွေစပါးနှင့် ပဲတီစိမ်းစိုက်ပျိုးပြီးစီးမှုအခြေအနေ

  ဧရာဝတီတိုင်းဒေသကြီးတွင် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်အရ နိုင်ငံ၏စီးပွားရေးအခြေအနေကောင်းများ ဖန်တီးနိုင်မှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုသော မူဝါဒနှင့်အညီ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် တောင်သူများ၏ စိုက်ပျိုးထုတ်လုပ် မှုဖွံ့ဖြိုးတိုးတက်၍ တစ်ဦးချင်းဝင်ငွေတိုးတက်စေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေထူထောင်ကာ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် နွေစပါးသီးနှံဧက (၄၀၆၀၀၀) ဧက၊ ကျပ်ငွေ (၂)သိန်းနှင့် ညီမျှသော ယူရီးယားဓါတ်မြေဩဇာ(၂)အိတ်အားလည်းကောင်း၊ ဆောင်းပဲတီစိမ်းစိုက်ဧက (၁၅၀၀၀၀) ဧကအား တစ်ဧကလျှင် ငွေကျပ် (၁၂၀၀၀၀)ကျပ်နှင့် ညီမျှသော ရွက်ဖျန်းပိုးသတ်ဆေးများအား ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါသည်။

    ထို့ကြောင့် စီမံကိန်း၌ပါဝင်သော တောင်သူအစုအဖွဲ့အားလုံးအတွက် သွင်းအားစုများကို ထည့်သွင်း အသုံးပြုရန် စီမံပေးခြင်းဖြစ်၍ တစ်ဧကအထွက်နှုန်းများ တိုးတက်လာစေခြင်း၊ ဈေးနှုန်းဈေးကွက်သေချာခြင်း၊ တောင်သူများဝင်ငွေပိုမိုရရှိသဖြင့်  နိုင်ငံစီးပွားတိုးတက်မြင့်မားလာခြင်း၊ တောင်သူများအားလုံး အကျိုးအမြတ်ပိုမိုရရှိခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုကောင်းမွန်လာ၍ ပုဂ္ဂလိကလုပ်ငန်းရှင်များ ပြည်ပဈေးကွက်သို့ ပိုမိုချိတ်ဆက်မှုရရှိစေခြင်းနှင့် ပူးပေါင်းဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများရရှိလာစေခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိခံစားစေမည်လည်းဖြစ်ပါသည်။

   ယခုအခါ ဧရာဝတီတိုင်းတွင် နွေစပါးလျာထားဧက (၄၀၆၀၀၀)ဧကအနက် ယခုအချိန်ထိ (၃၇၀၈၀) ဧကအား (၉၁.၃၃ )ရာခိုင်နှုန်း၊ ပဲတီစိမ်းစိုက်ဧက(၁၅၀၀၀၀)ဧကအား (၁၀၉၂၂၇)ဧက (၇၂.၈၂)ရာခိုင်နှုန်း စိုက်ပျိုးထားပြီး၊ ကျန်ဧကများကိုလည်း လျာထားချက်ပြည့်မီအောင် ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အတိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မှုသာမက စားနပ်ရိက္ခာဖူလုံရေးအတွက်ပါ ဖော်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

လွိုင်ကော်မြို့၌ ဆန်ဈေးနှုန်းတည်ငြိမ်နေသော်လည်း ပုံမှန်ရောင်းဝယ်လျက်ရှိ

    ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ စတုတ္ထပတ်အတွင်းဖြစ်ပေါ်နေသော ဒေသဆန်ဈေးနှုန်းများမှာ တရုတ်မွှေးဆန် တစ်ပြည်လျှင် (၂၈၀၀)ကျပ်နှင့် (၂၄)ပြည် တစ်အိတ်လျှင်(၆၀၀၀၀)ကျပ်၊ ပုလဲသွယ်ဆန် တစ်ပြည်လျှင် (၂၈၀၀)ကျပ်နှင့် (၂၄)ပြည်တစ်အိတ်လျှင် (၆၅၀၀၀)ကျပ်၊ ရွှေအဆန် တစ် ပြည်လျှင်(၂၈၀၀)ကျပ်နှင့် (၂၄)ပြည် တစ်အိတ်လျှင် (၆၅၀၀၀) ကျပ်၊ ထိုင်းမွှေးဆန် တစ်ပြည်လျှင် (၃၀၀၀)ကျပ်နှင့် (၂၄)ပြည် တစ်အိတ်လျှင်(၇၀၀၀၀)ကျပ်တို့ဖြင့်လည်းကောင်း ဈေးနှုန်းများမှာ တည်ငြိမ်နေသော်လည်း အရောင်းအဝယ်မှာပုံမှန်လည်ပတ်လျက်ရှိကြောင်း၊  အခြားဒေသမှ တင် သွင်းလာသည့် ဆန်ဈေးနှုန်းများမှာ ဇီယာဆန် တစ်ပြည်လျှင် (၂၅၀၀) ကျပ် နှင့် (၂၄) ပြည် တစ်အိတ်လျှင်(၆၀၀၀၀)ကျပ်၊ ပေါ်ဆန်းဆလတ်ဆန် တစ်ပြည်လျှင် (၂၅၀၀)ကျပ်နှင့် (၂၄) ပြည်တစ်အိတ်လျှင် (၆၀၀၀၀)ကျပ်၊ ပေါ်ဆန်းကျော်ဆန်တစ်ပြည်လျှင် (၃၂၀၀)ကျပ်နှင့် (၂၄) ပြည်တစ် အိတ်လျှင်(၇၃၀၀၀)ကျပ်၊ ဧရာမင်းဆန်တစ်ပြည်လျှင်(၃၂၀၀)ကျပ် နှင့် (၂၄) ပြည်တစ်အိတ် လျှင် (၇၃၀၀၀)ကျပ်၊ ပေါ်ဆန်းမွှေး(ဖျာပုံ၊ ရန်ကုန်) တစ်ပြည်လျှင်(၃၇၀၀) ကျပ်နှင့် (၂၄)ပြည် တစ်အိတ်လျှင်(၈၅၀၀၀)ကျပ်၊ ရွှေဘိုပေါ်ဆန်းမွှေး တစ်ပြည်လျှင်(၄၀၀၀)ကျပ်နှင့် (၂၄)ပြည် တစ်အိတ် လျှင်(၉၈၀၀၀)ကျပ်တို့ဖြင့် ယခုပတ်တွင် ဈေးနှုန်းတည်ငြိမ်နေသော်လည်း အရောင်းအဝယ် အေးမသွားဘဲ ပုံမှန်လည်ပတ်အရောင်းအဝယ်ဖြစ်လျက်ရှိနေပါကြောင်း ဆန်ရောင်းဝယ်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)

 

ကယားပြည်နယ်တွင်း ဆက်လက်မြင့်တက်လျက်ရှိသောရွှေဈေးနှုန်း

     ကယားပြည်နယ်သည်   ကုန်စည်ရောင်းဝယ်သောစီးပွားရေးလုပ်ငန်းများသာမက ရွှေထည်ရောင်းဝယ်ရေးလုပ်ငန်းများလည်း ပုံမှန်ရောင်းဝယ်လျက်ရှိရာ ရွှေထည်လက်ဝတ်ရတနာများကို ကိုယ်ပိုင်ပန်းတိမ်လုပ်ငန်းများဖြင့် ပြုလုပ်ရောင်းချသည့်အပြင် မန္တလေး၊ တောင်ကြီးဘက်မှလည်း ရွှေထည်များအား မှာယူရောင်းချလျက်ရှိပါသည်။

   ယခုလက်ရှိ ဖေဖော်ဝါရီလ စတုတ္ထအပတ်အတွင်း ဈေးကွက်တွင်ဖြစ်ပေါ်နေသောရွှေဈေးနှုန်းမှာ ၁၆ ပဲရည်တစ်ကျပ်သားလျှင် (၂၈၆၀၀၀၀)ကျပ်၊ ၁၅ ပဲရည်တစ်ကျပ်သားလျှင် (၂၆၈၁၂၅၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်ဇန်နဝါရီလ စတုတ္ထအပတ်အတွင်း ဈေးကွက်တွင်ဖြစ်ပေါ်ခဲ့သောရွှေဈေးနှုန်းမှာ ၁၆ ပဲရည်တစ်ကျပ်သားလျှင် (၂၈၂၀၀၀၀)ကျပ်၊ ၁၅ ပဲရည်တစ်ကျပ်သားလျှင် (၂၆၄၃၇၅၀)ကျပ်ရှိခဲ့ပြီး ယခင်ဇန်နဝါရီလ စတုတ္ထအပတ်နှင့် ယခုဖေဖော်ဝါရီလ စတုတ္ထအပတ်တို့ကိုနှိုင်းယှဉ်လျှင် ၁၆ ပဲရည်တစ်ကျပ်သားလျှင် (၄၀၀၀၀)ကျပ်၊ ၁၅ ပဲရည်တစ်ကျပ်သားလျှင် (၃၇၅၀၀)ကျပ်ခန့် စသည်ဖြင့် ဈေးနှုန်းများဆက်လက်မြင့်တက်လာကြောင်း ရွှေဆိုင်လုပ်ငန်းရှင်တစ်ဦးထံမှသိရှိရပါသည်။

DOCA(ကယား)

သရက်မြို့နယ်ပတ်ဝန်းကျင်ကျေးရွာများမှ ထွက်ရှိသည့်ပဲကြီးနှင့် ကုလားပဲဈေးနှုန်းဈေးကွက်အခြေအနေ

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော မကျီးတော၊ မြစ်ကိုင်း၊ ညောင်ပင်သာ၊ ဆင်တဲ၊ ဘော်၊ အင်းလယ်၊ မိုးနတ်ကုန်း၊ တဇီးကောက်စသည့်ကျေးရွာများမှထွက်ရှိသည့် ပဲမျိုးစုံသီးနှံများအနက် ဖေဖော်ဝါရီလ(တတိယ)ပတ်တွင် ပဲကြီးနှင့် ကုလားပဲများ စတင်ထွက်ပေါ်လျက်ရှိကြောင်းသိရှိရပါသည်။

    သို့ရာတွင် ဖေဖော်ဝါရီလ တတိယအပတ်တွင် ပဲကြီးမှာ ပိဿာ(၃၀)ဝင် (၁)အိတ်လျှင် ကျပ်(၁၁၇၀၀၀)မှ ကျပ်(၁၂၀၀၀၀)အထိဈေးနှုန်းဖြင့် (၁)နေ့လျှင် အိတ်ရေ (၁၀)အိတ်မှ (၃၀)အိတ်နှင့် ကုလားပဲမှာ ပိဿာ(၃၀)ဝင်(၁)အိတ်လျှင် ကျပ်(၉၂၂၅၀)ဖြစ်ပြီး (၁)နေ့လျှင် အိတ်ရေ (၁၀)မှ (၂၀)အိတ်အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဝယ်ယူရရှိပြီးသောကုလားပဲနှင့်ပဲကြီးသီးနှံများကို အောင်လံမြို့၊ ပဲခူးတိုင်းဒေသကြီးနှင့် ပြည်မြို့များသို့ တင်ပို့ရောင်းချရပါကြောင်း သရက်မြို့ပေါ်ရှိ ကုန်သည်ဦးမြင့်လွင်ထံမှသိရှိရပါသည်။

DOCA(မကွေး)

             

         

တောင်တွင်းကြီးကုန်စည်ဒိုင်၌ မတ်ပဲစျေးနှုန်းမြင့်တက်လာ

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးကုန်စည်ဒိုင်နှင့် ပွဲရုံများသို့ ကျီးပင်၊ ကန်ဦး စသည့်ကျေးရွာများမှ မတ်ပဲများဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိရာ ဖေဖော်ဝါရီလ ပထမအပတ်တွင် မတ်ပဲစျေးနှုန်းမှာ မြင့်တက်လာခဲ့ကြောင်းနှင့် ဇန်နဝါရီလ နောက်ဆုံးအပတ်တွင် မတ်ပဲ(၁)ပိဿာလျှင် ကျပ်(၂၆၇၅)ဖြစ်ခဲ့ပြီး ဖေဖော်ဝါရီလ(ပထမ)ပတ်တွင် မတ်ပဲ(၁)ပိဿာလျှင် ကျပ်(၃၀၀၀)အထိ စျေးနှုန်းပြန်လည်မြင့်တက်လာခဲ့ကြောင်း ကုန်စည်ဒိုင်မှသိရှိရပါသည်။

    သို့ဖြစ်၍ ဇန်နဝါရီလနောက်ဆုံးအပတ်နှင့်နှိုင်းယှဉ်ပါက မတ်ပဲ(၁)ပိဿာလျှင် ကျပ်(၃၂၅)စျေးနှုန်းမြင့်တက်လျက်ရှိကြောင်းနှင့် ဈေးကွက်အနေဖြင့် (၁)ပတ်လျှင် အိတ်ရေ(၂၀၀၀)ခန့် ရန်ကုန်သို့တင်ပို့ရကြောင်း ကုန်သည် ဦးမောင်ချို၏ပြောကြားချက်အရသိရှိရပါသည်။

DOCA(မကွေး)

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

     ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဖေဖေါ်ဝါရီလ( ၈ )ရက်နေ့မှ ဖေဖေါ်ဝါရီလ( ၁၄ )ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ မြစ်သားမှ ပဲမြစ် အလုံးကြီးတစ်ပိဿာလျှင် ကျပ် ၂၅၀၀၊ အလုံးလတ်တစ်ပိဿာလျှင် ကျပ် ၂၀၀၀၊ အလုံးသေးတစ်ပိဿာလျှင် ကျပ် ၁၅၀၀၊ ပဲခူး (ဘုရားကြီး) မှ စိမ်းစားဥအလုံးကြီး ၁ တွဲလျှင် ကျပ် ၇၀၀၊ အလုံးလတ် ၁ တွဲလျှင် ကျပ် ၆၀၀၊ သီပေါမှ နာနတ်သီးအလုံးကြီးတစ်လုံးလျှင် ကျပ် ၁၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ် ၈၀၀၊ အလုံးသေးတစ်လုံးလျှင်  ကျပ် ၅၀၀ မှ ကျပ် ၇၀၀ အထိ၊ ဆင်ဖြူကျွန်းမှ  ဆီးသီး (စလေ) အလုံးကြီး ၈ ပြည်ပါတစ်ခြင်းလျှင် ကျပ်  ၁၁၀၀၀၊ မော်လမြိုင်မှ ကျွဲကောသီးအလုံးကြီးတစ်လုံးလျှင် ကျပ် ၁၅၀၀ မှ ကျပ် ၂၀၀၀ အထိ၊ အလုံးလတ်တစ်လုံးလျှင် ကျပ် ၁၀၀၀ မှ ကျပ် ၁၂၀၀အထိ၊ အလုံးသေးတစ်လုံးလျှင် ကျပ် ၅၀၀ မှ ကျပ် ၈၀၀ အထိ၊ ပြင်ဦးလွင်မှ စတော်ဘယ်ရီအလုံးကြီး ၅ ပိဿာပါတစ်ခြင်းလျှင် ၂၆၀၀၀ ကျပ်၊ ပြင်ဦးလွင်မှ စတော်ဘယ်ရီအလုံးကြီး ၁၈ ကျပ်သားပါတစ်ဘူးလျှင် ကျပ် ၁၀၀၀၊ အလုံးသေး ၁၀ ကျပ်သားပါတစ်ဘူးလျှင် ကျပ် ၅၀၀၊ မှော်ဘီ၊ တိုက်ကြီးမှ မာလကာသီးအလုံးကြီးတစ်လုံးလျှင် ကျပ် ၆၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ် ၄၀၀ မှ ကျပ် ၅၀၀ အထိ၊ အလုံးသေးတစ်လုံးလျှင် ကျပ် ၃၀၀၊ မင်းလှ၊ ခရမ်းမှ ဖရဲသီး (855) အလုံးကြီးတစ်လုံးလျှင် ကျပ် ၁၃၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ် ၁၀၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ် ၇၀၀၀ မှ ၉၀၀၀ အထိ၊ ခရမ်း၊ သာယာဝတီမှ ဖရဲသီး (211) အလုံးကြီးတစ်လုံးလျှင် ကျပ် ၄၅၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ် ၃၅၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ် ၁၅၀၀ မှ ကျပ် ၂၅၀၀ အထိဈေးနှုန်းတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) ထံမှသိရှိရပါသည်။

DOCA(ရန်ကုန်)

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

      အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဖေဖေါ်ဝါရီလ(၈)ရက်နေ့မှ ဖေဖေါ်ဝါရီလ(၁၄)ရက်နေ့အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်ရောင်းချနေကြောင်းသိရှိရပါသည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်တစ်ပိဿာလျှင် ကျပ် ၁၆၀၀ မှ ကျပ် ၂၂၀၀ အတွင်း၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ် ၅၀၀ မှ ကျပ် ၁၀၀၀ အတွင်း၊ ပန်းဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ် ၂၅၀ မှ ကျပ် ၈၀၀ အတွင်း၊ အာလူးတစ်ပိဿာလျှင် ကျပ် ၂၄၀၀ မှ ကျပ် ၂၅၀၀ အတွင်း၊ မုန့်လာဥနီတစ်ပိဿာလျှင် ကျပ် ၁၀၀၀ မှ ကျပ် ၁၅၀၀ အတွင်း ရွှေဖရုံသီးတစ်လုံးလျှင် ကျပ် ၁၅၀၀ မှ ကျပ် ၄၅၀၀ အတွင်း၊ ဘူးသီးတစ်လုံးလျှင် ကျပ် ၇၀၀ မှ ကျပ် ၁၂၀၀ အတွင်း၊ မုန်ညှင်းထုပ်တစ်ပိဿာလျှင် ကျပ် ၁၈၀၀ မှ ကျပ် ၂၂၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)တစ်ပိဿာလျှင် ကျပ် ၁၂၀၀ မှ ကျပ် ၂၀၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)တစ်ပိဿာလျှင် ကျပ် ၅၀၀၀ မှ ကျပ် ၆၀၀၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် ၃၆၀၀ မှ ကျပ် ၃၈၀၀ အတွင်း၊ ချင်းတစ်ပိဿာလျှင် ကျပ် ၁၅၀၀ မှ ကျပ် ၁၈၀၀ အတွင်း၊ ဆလပ်ရွက်တစ်စီးလျှင် ကျပ် ၂၀၀ မှ ကျပ်၂၅၀ အတွင်း၊ ချဉ်ပေါင်ရွက်တစ်စီးလျှင် ကျပ် ၆၅ မှ ကျပ် ၁၂၀ အတွင်း၊ ခရမ်းသီး  (ရှည်)တစ်ပိဿာလျှင် ကျပ် ၈၀၀ မှ ကျပ် ၁၂၀၀ အတွင်း၊ သံပရာသီးတစ်လုံးလျှင် ကျပ် ၈၀ မှ ကျပ် ၁၅၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) တစ်ပိဿာလျှင် ကျပ် ၁၆၀၀ မှ ကျပ် ၂၀၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)တစ်လုံးလျှင် ကျပ် ၁၂၀၀ မှ ကျပ် ၄၀၀၀ အတွင်းဖြစ်ကြောင်းသိရှိရပါသည်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပရာသီးအလုံးပေါင်း (၉၇၂၀၀)ကျော်၊ ခရမ်းသီး(ရှည်)ပိဿာပေါင်း (၄၃၀၁၀)ကျော်၊ ဘူးသီးအလုံးပေါင်း (၆၆၂၀)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း း(၁၀၀)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၃၁၅၀၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၁၉၀၀၀)ကျော်၊ မုန်ညှင်းထုပ်ပိဿာပေါင်း (၉၄၂၀)ကျော်နှင့် ဖရဲသီးအလုံးပေါင်း (၁၄၄၀၀)ကျော်  စသည်ဖြင့် အသီးသီးကုန်အဝင်ရှိကြောင်းသတင်းရရှိပါသည်။

DOCA(ရန်ကုန်)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း