တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း
တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။
တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။
မြန်မာနိုင်ငံ၊ စက်သုံးဆီတင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားစျေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။
မကွေးမြို့ပေါ်တွင် စက်သုံးဆီဆိုင်(၂၁)ဆိုင်ရှိရာ ပုံမှန်ဆိုင်ဖွင့်ရောင်းချလျက်ရှိကြပြီး ၂၀၂၃-ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယအပတ်နှင့် တတိယအပတ်စျေးနှုန်းများမှာ ဒီဇယ်(ရိုးရိုး) (၁)လီတာလျှင် ယခင်အပတ်တွင် (၂၃၁၅)ကျပ်ဖြစ်ခဲ့ပြီး ယခုအပတ်တွင် (၂၃၂၀)ကျပ်ဖြစ်၍ (၅)ကျပ်စျေးမြင့်လာကြောင်း၊ ဒီဇယ်(ပရီမီယမ်) (၁)လီတာလျှင် ယခင်အပတ်တွင် (၂၃၉၅)ကျပ်ဖြစ်ခဲ့ပြီး ယခုအပတ်တွင် (၂၄၀၀)ကျပ်ဖြစ်၍ (၅)ကျပ်စျေးမြင့်လာကြောင်း၊ ဓာတ်ဆီ (92) (၁)လီတာလျှင် ယခင်အပတ်တွင် (၂၁၇၅)ကျပ်ဖြစ်ခဲ့ပြီး ယခုအပတ်တွင် (၂၂၁၅)ကျပ်ဖြစ်၍ (၄၀)ကျပ်စျေးမြင့်ခဲ့ကြောင်း၊ ဓာတ်ဆီ (95)(၁)လီတာလျှင် ယခင်အပတ်တွင် (၂၂၄၀)ကျပ်ခဲ့ဖြစ်ပြီး ယခုအပတ်တွင် (၂၂၇၅)ကျပ်ဖြစ်၍ (၃၅)ကျပ်စသည်ဖြင့် အသီးသီးဈေးနှုန်းများအနည်းငယ်မြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှသိရှိရပါသည်။
DOCA(မကွေး)
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ဂွေးတောက်ကွင်းကျေးရွာနှင့် သိုက်ဝါးချောင်းကျေးရွာရှိ ပိုက်ဆံလျှော်ပင်များစိုက်ပျိုးထားသော စိုက်ဧက(၃၃)ဧကအား လေ့လာရာတွင် သစ်စိမ်းမြေသြဇာအတွက် (၁၈)ဧကနှင့် မျိုးစေ့ထုတ်လုပ်ရန်အတွက် (၁၅)ဧကရှိကြောင်း၊ ပိုက်ဆံလျှော်ပင်ကို နိုဝင်ဘာလတွင် စတင်စိုက်ပျိုးပြီး သစ်စိမ်းမြေသြဇာအတွက် (၄၅)ရက်သားတွင်ခုတ်လှဲကာ ထယ်ထိုးမြေလှန်၍ မြေသြဇာပြုလုပ်ရကြောင်း၊ မျိုးစေ့ထုတ်ရန်အတွက်မူ (၄)လကြာမှ မျိုးအောင်မည်ဖြစ်သည့်အတွက် ဖေဖော်ဝါရီလတွင် အသီးများရင့်မှည့်မှ မျိုးစေ့ထုတ်ယူရကြောင်း၊ မျိုးစေ့တစ်ဧကလျှင် ၄ ပြည်နှုန်းဖြင့် ကြဲပက်စိုက်ပျိုးရကြောင်း၊ အောက်ရေခမ်းသောအချိန်တွင် ယူရီးယားပုလဲမြေဆီကို ရေဖျော်၍ တစ်ဧကလျှင် ဆေးဖျန်းပုံး ၆ ပုံးပက်ဖျန်းပေးရကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး ၁ ပြည်လျှင် ၄၀၀၀ ကျပ်နှင့် ၄ ပြည်လျှင် ၁၆၀၀၀ ကျပ်၊ ယူရီးယားတစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ်ဖြင့် တစ်ဧကအတွက် တစ်ပိဿာလျှင် ၄၀၀၀ ကျပ်၊ စုစုပေါင်း ၂၀၀၀၀ ကျပ်ခန့်ကုန်ကျကြောင်းနှင့် နိုက်ထရိုင်ဂျင်ပမာဏ များများထုတ်ပေးသည့်ပိုက်ဆံလျှော်ပင်သည် သဘာဝသစ်စိမ်းမြေသြဇာအဖြစ် ထင်ရှားပြီး အပင်ပိုင်းနှင့် အမြစ်ပိုင်းဆိုင်ရာကြီးထွားမှုအားကောင်းခြင်း၊ မြေဆီလွှာပျက်ဆီးမှုနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကိုလည်း ကာကွယ်ပေးခြင်းကြောင့် သွင်းအားစုများဈေးမြင့်တက်နေသောအချိန်တွင် သွင်းအားစုအစားထိုးအနေဖြင့် တောင်သူများအကျိုးဖြစ်ထွန်းစေရန် ကုန်ကျစရိတ်သက်သာသောပိုက်ဆံလျှော်ပင်ကို စိုက်ပျိုးသင့်ပါကြောင်း လေ့လာတင်ပြလိုက်ရပါသည်။
DOCA(ပဲခူး)
တောင်အမေရိကတိုက်နှင့် ပီရူးနိုင်ငံတို့သည် ခရမ်းချဉ်သီးကို စတင်စိုက်ပျိုးရာဒေသများဖြစ်ပါကြောင်းနှင့် နုန်းမြေနှင့် နုန်းစနယ်မြေတို့တွင် ကောင်းကောင်းဖြစ်ထွန်းပါကြောင်း၊ ပူလွန်းခြင်း၊ အေးလွန်းခြင်း စသည့်လွန်ကဲသောရာသီဥတုမျိုးတွင် အပင်သေစေနိုင်ပါကြောင်းနှင့် ယခုအခါ ဆောင်းရာသီဖြစ်၍ အေးလွန်းခြင်းကြောင့် ခရမ်းချဉ်သီးများမှာ အထွက်နှုန်းကျဆင်းလာပါကြောင်းတို့ကို သိရှိရပါသည်။
ယခင်က ခရမ်းချဉ်သီးကို စိုက်ပျိုးသူများပြားသကဲ့သို့ ထွက်ရှိသည့်ပမာဏလည်းများပြား၍ ဇန်နဝါရီလ ပထမအပတ်တွင် တစ်ပိဿာလျှင် (၁၅၀၀)ကျပ်နှုန်းရှိခဲ့ရာ ယခုအခါ ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၁၀၀၀)ကျပ်နှုန်းဖြင့် ဈေးနှုန်းများကျဆင်းလာပါကြောင်း၊ ခရမ်းချဉ်သီးပင်ကို တစ်ဧကလျှင် အပင်ရေ (၈၀၀၀ မှ ၁၀၀၀၀)ပင်ကြားစိုက်ပျိုးနိုင်ပြီး တစ်ပင်လျှင် တစ်ပိဿာခန့်ထွက်ရှိပါကြောင်းနှင့် ပြည်ခရိုင်အတွင်း ပေါက်ခေါင်းမြို့နယ်၊ ပေါင်းတလည်မြို့နယ်နှင့် ရွှေတောင်မြို့နယ်များတွင် အများဆုံးထွက်ရှိ၍ တစ်နှစ်လျှင် နှစ်သီးခန့်စိုက်ပျိုးနိုင်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)
ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ယခုအပတ်အခြေခံစားသောက်ကုန်ဈေးနှုန်းများအား လေ့လာရာ၌ ကြက်သွန်နီတစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာလျှင်(၄၅၀၀)ကျပ်၊ ချင်းတစ်ပိဿာလျှင် (၁၅၀၀)ကျပ်၊ မြေပဲဆန်တစ်ပိဿာလျှင် (၅၅၀၀)ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ကုလားပဲခြမ်းတစ်ပိဿာလျှင် (၅၀၀၀)ကျပ်နှင့် ခရမ်းချဉ် သီးတစ်ပိဿာလျှင် (၃၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မွေးမြူရေးထွက်ကုန်များဖြစ်သောကြက်ဥလက်လီဈေးမှာ အကြီးတစ်လုံးလျှင် (၂၅၀)ကျပ်၊ အသေးတစ်လုံးလျှင် (၂၀၀)ကျပ်၊ ဘဲဥအကြီးတစ်လုံးလျှင် (၃၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၂၅၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းနှင့် အသားငါးဈေးနှုန်းများအနေဖြင့် (CP) ကြက်သားတစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ ဗမာကြက်တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် (၂၂၀၀၀-၂၅၀၀၀)ကျပ် ၊ အမဲသားတစ်ပိဿာလျှင် (၁၄၀၀၀-၁၅၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ငါးသလောက်တစ်ပိဿာလျှင် (၂၅၀၀၀)ကျပ်နှင့် ပုစွန်တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသတင်းရရှိပါသည်။
DOCA(ပဲခူး)
ချင်းတက်ကို စားဖိုဆောင်သုံး ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသားဟင်းများချက်ပြုတ်ရာတွင် မပါမဖြစ်အသုံးပြုရပါသည်။ မြန်မာလူမျိုးများသည် ဓားလှီးချင်းကို ချင်းသုပ်သုပ်၍ စားရာ၌ ပို၍အကြိုက်များကြပါသည်။ ချင်းကို ပြည်ခရိုင်တွင် စီးပွားဖြစ်စိုက်ပျိုးခြင်းမရှိဘဲ တစ်နိုင်တစ်ပိုင် မိမိဘာသာစားသုံးရန်နှင့် ဈေးကွက်တင်၍ရောင်းချရန်အတွက်စိုက်ပျိုးကြပါသည်။ ချင်းကို မြေအမျိုးအစားမရွေးစိုက်ပျိုးနိုင်ပြီး နုန်းမြေ၊ မြေနီသဲဝန်းမြေနှင့် ရေသွင်း၊ရေထုတ်ကောင်းသောမြေမျိုးတွင် အောင်မြင်ဖြစ်ထွန်းပါသည်။ ချင်းကိုမေလတွင်စိုက်ပျိုးလျှင် အကောင်းဆုံးအချိန်ဖြစ်ပါသည်။ ချင်းတစ်ဧကစိုက်ပျိုးလျှင် မျိုးမှာ ပိဿာချိန်(၃၀၀)ခန့်ကုန်ကျပါသည်။ စိုက်ပျိုးပြီး (၈)လအကြာတွင် ချင်းတက်များကိုနုတ်ယူရပြီး တစ်ဧကလျှင် အထွက်နှုန်းမှာ ပိဿာ (၂၀၀၀) ခန့်ထွက်ရှိပါသည်။ ချင်းစိုက်တောင်သူအချို့မှာ (၂)နှစ်၊ (၃)နှစ်ကြာမှ ထုတ်ဖော်၍ရောင်းချကြပါသည်။
ချင်းဈေးနှုန်းဈေးကွက်အနေဖြင့် ပြည်ဈေးကွက်သို့ အောင်ပန်းဘက်မှ ချင်းများဝင်ရောက်လျက်ရှိပြီး တစ်ပတ်လျှင် ပိဿာချိန်(၁၀၀)ခန့်ဝင်ဆံ့သော ပို(၃၀၀/၄၀၀)ခန့်ဝင်ရောက်လျက်ရှိ ပါသည်။ ဝင်ရောက်လာသောချင်းများကို ဒေသတွင်းရှိ လက်လီ/လက်ကားအရောင်းအဝယ်သမားများဖြင့် အရောင်းအဝယ်ဖြစ်နေသော်လည်း အနည်းငယ်သာအရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ချင်းဈေးနှုန်းများအနေဖြင့် ချင်းပွဲရုံလက်ကားဈေးတစ်ပိဿာလျှင် (၁၅၀၀-၁၈၀၀) ကျပ်ဈေးရှိပြီး လက်လီတစ်ပိဿာလျှင် (၁၈၀၀-၂၀၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်းသတင်းရရှိပါသည်။
DOCA(ပဲခူး)
ပြည်ကုန်စည်ဒိုင်၏ ပဲမျိုးစုံဈေးကွက်အခြေအနေနှင့် အရောင်းပမာဏကို အောက်ပါအတိုင်း နှိုင်းယှဉ်ဖော်ပြလိုက်ရပါသည်။
မတ်ပဲ
ပြည်ကုန်စည်ဒိုင်အနေဖြင့် ဒီဇင်ဘာလ ပထမအပတ်တွင် မတ်ပဲတစ်တင်းကို (၅၆၀၀၀)ကျပ်ဖြင့် တစ်ရက်လျှင် အိတ်(၂၀၀/၃၀၀)ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ဒုတိယအပတ်တွင် မတ်ပဲဈေးတက်လာပြီး ပဲတစ်တင်းလျှင် (၅၇၅၀၀)ကျပ်ဖြင့် ရန်ကုန်အဝယ်ရှိခဲ့ကြောင်း၊ ဒီဇင်ဘာလ တတိယအပတ်တွင် (၅၇၀၀၀)ကျပ်ဖြစ်ပြီး စတုတ္ထအပတ်တွင် တစ်တင်းလျှင် (၅၆၀၀၀)ကျပ်ဖြင့် ပဲသစ်များအဝင်ရှိခဲ့ပြီး တစ်ရက်လျှင် အိတ်(၂၀၀/၃၀၀)ခန့် ပန်းတောင်း၊ ကံမဘက်မှ အဝင်ရှိခဲ့ကြောင်း၊ ဇန်နဝါရီလ ပထမအပတ်တွင် မတ်ပဲတစ်တင်းလျှင် (၅၅၀၀၀)ကျပ်၊ ဒုတိယပတ်တွင် မတ်ပဲအဝင်လှိုင်လာပြီး တစ်ရက်လျှင် အိတ်(၄၀၀)ခန့်အဝင်ရှိပြီး တစ်တင်းကို (၅၃၅၀၀)ကျပ်ဖြင့် အဝယ်ရှိခဲ့ကြောင်း၊ တတိယအပတ်တွင် မတ်ပဲဈေးကျလာပြီး တစ်တင်းကို (၅၀၀၀၀-၅၅၅၀၀)ကျပ်တို့ဖြင့် တစ်ရက်လျှင် အိတ်(၃၀၀/၄၀၀)ခန့် လှောင်သမားနှင့် ရန်ကုန်အဝယ်ရှိခဲ့ကြောင်း၊ စတုတ္ထအပတ်တွင် မတ်ပဲတစ်တင်းကို (၅၄၈၀၀)ကျပ်ဖြင့် တစ်ရက်လျှင် အိတ်(၂၀၀/၃၀၀)ခန့်အရောင်းအဝယ်ရှိခဲ့ကြောင်းနှင့် ယခင်လဈေးနှုန်းနှင့်နှိုင်းယှဉ်လျှင် ယခုလ၌ မတ်ပဲဈေးကျနေကြောင်းသိရှိရပါသည်။
ပဲတီစိမ်း
ဒီဇင်ဘာလ ပထမအပတ်တွင် ပဲတီစိမ်းတစ်တင်းဈေးမှာ (၄၆၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်တစ်ရက်လျှင် အိတ်(၃၀၀/၄၀၀)ခန့် မန္တလေး၊ ရန်ကုန်ဝယ်လက်အဝယ်ရှိခဲ့ကြောင်း၊ ဒီဇင်ဘာလ ဒုတိယအပတ်တွင် ပဲတီစိမ်းတစ်တင်းလျှင် (၄၇၀၀၀-၄၇၅၀၀)ကျပ်၊ တတိယအပတ်တွင် ပဲတစ်တင်းလျှင် (၄၆၀၀၀-၄၆၃၀၀)ကျပ်ဖြင့် ဈေးကျခဲ့ပြီး စတုတ္ထအပတ်တွင် ပဲတီစိမ်းတစ်တင်းလျှင် (၄၅၀၀၀)ကျပ်ဖြင့် တစ်ရက်လျှင် အိတ်(၃၀၀)ခန့်အဝယ်ရှိခဲ့ကြောင်း၊ ဇန်နဝါရီလပထမပတ်တွင် ပဲတီစိမ်းတစ်တင်းလျှင် (၄၅၀၀၀)ကျပ်၊ ဒုတိယပတ်တွင် ပဲတီစိမ်းတစ်တင်းလျှင် (၄၅၀၀၀-၄၆၀၀၀)ကျပ်တို့ဖြင့် မန္တလေးအဝယ်တစ်ရက်လျှင် အိတ်(၂၀၀/၃၀၀)ခန့်အဝယ်ရှိခဲ့ကြောင်းနှင့် ဇန်နဝါရီလ တတိယအပတ်တွင် ပဲတီစိမ်းတစ်တင်းကို (၄၇၀၀၀-၄၈၀၀၀)ကျပ်တို့ဖြင့် မန္တလေးအဝယ်တစ်ရက်လျှင် အိတ်(၂၀၀/၃၀၀)ခန့်အဝယ်ရှိပြီး စတုတ္ထအပတ်တွင် ပဲတီစိမ်းတစ်တင်းလျှင် (၄၈၀၀၀-၅၀၀၀၀)ကျပ်တို့ဖြင့် ဈေးတက်ပြီး အဝယ်ရှိခဲ့ကြောင်းသိရှိရပါသည်။
ပဲစင်းငုံ
ဒီဇင်ဘာလ ပထမအပတ်တွင် ပဲစင်းငုံတစ်တင်းဈေးမှာ (၅၉၀၀၀)ကျပ်ဖြင့် တစ်ရက်လျှင် အိတ်(၃၀၀)ခန့် ရန်ကုန်အဝယ်ရှိကြောင်း၊ ဒုတိယအပတ်တွင် ပဲစင်းငုံတစ်တင်းကို (၆၀၀၀၀)ကျပ်ဖြင့် တစ်ရက်လျှင် အိတ်(၂၀၀/၃၀၀)ခန့်အရောင်းအဝယ်ဖြစ်ပြီး၊ တတိယအပတ်တွင် (၅၅၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး ပဲသစ်များလည်း ဝင်နေပြီဖြစ်ကြောင်း၊ ဒီဇင်ဘာလ စတုတ္ထအပတ်တွင် ပဲစင်းငုံတစ်တင်းလျှင် (၅၅၀၀၀)ကျပ်ဖြင့် ရန်ကုန်အဝယ်ရှိခဲ့ကြောင်း၊ ဇန်နဝါရီလ ပထမအပတ်တွင် ပဲစင်းငုံတစ်တင်းလျှင် (၅၅၀၀၀-၅၅၂၀၀) ကျပ်တို့ဖြင့် လှောင်သမားနှင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ်(၂၀၀)ခန့်အဝယ်ရှိခဲ့ကြောင်း၊ ဇန်နဝါရီလ ဒုတိယအပတ်တွင် ပဲစင်းငုံတစ်တင်းကို (၅၆၀၀၀) ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် (၃၀၀)ခန့်တင်ပို့ခဲ့ကြောင်း၊ တတိယအပတ်တွင် ပဲစင်းငုံတစ်တင်းကို (၅၇၅၀၀-၅၈၀၀၀)ကျပ်ဖြင့် တစ်ရက်လျှင် အိတ်(၂၀၀/၃၀၀)ခန့်အဝယ်ရှိခဲ့ကြောင်းနှင့် စတုတ္ထအပတ်တွင် ပဲစင်းငုံတစ်တင်းလျှင် (၅၇၂၀၀-၅၈၀၀၀)ကျပ်တို့ဖြင့် ဈေးအေးနေခဲ့ကြောင်းသိရှိရပါသည်။
ကုလားပဲ
ဒီဇင်ဘာလ ပထမအပတ်တွင် ကုလားပဲ (HL) တစ်တင်းလျှင် (၆၁၀၀၀)ကျပ်၊ ကုလားပဲ (မြကြေးမှုံ) တစ်တင်းလျှင် (၆၁၅၀၀)ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများနှင့် ရန်ကုန်အဝယ်ရှိခဲ့ကြောင်း၊ ဒီဇင်ဘာလ ဒုတိယအပတ်တွင် ကုလားပဲ (HL) တစ်တင်းလျှင် (၆၁၅၀၀-၆၂၀၀၀)ကျပ်၊ ကုလားပဲ (မြကြေးမှုံ)တစ်တင်းလျှင် (၆၁၅၀၀-၆၂၀၀၀)ကျပ်တို့ဖြင့် အဝယ်ရှိခဲ့ကြောင်း၊ ဒီဇင်ဘာလ တတိယအပတ်တွင် ကုလားပဲ (HL) တစ်တင်းလျှင် (၆၂၀၀၀-၆၃၀၀၀)ကျပ်၊ ကုလားပဲ(မြကြေးမှုံ)တစ်တင်းလျှင် (၆၂၀၀၀-၆၃၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ရှိပြီး ဈေးလည်းတက်လာခဲ့ကြောင်း၊ ဒီဇင်ဘာလ စတုတ္ထအပတ်တွင် ကုလားပဲ (HL) တစ်တင်းလျှင် (၆၅၅၀၀)ကျပ်၊ ကုလားပဲ(မြကြေးမှုံ)တစ်တင်းလျှင် (၆၆၀၀၀- ၆၆၅၀၀)ကျပ်တို့ဖြင့် ခွဲစက်သမားများသည် မြို့တွင်းအဝယ်တစ်ရက်လျှင် အိတ်(၃၀၀/၄၀၀)ခန့်အဝယ်ရှိခဲ့ကြောင်း၊ ဇန်နဝါရီလ ပထမအပတ်တွင် ကုလားပဲ (HL) တစ်တင်းလျှင် (၆၆၀၀၀-၆၆၅၀၀-၆၇၀၀၀)ကျပ်နှင့် ကုလားပဲ(မြကြေးမှုံ)တစ်တင်းလျှင် (၆၅၀၀၀-၆၆၀၀၀-၆၇၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဇန်နဝါရီလ ဒုတိယအပတ်တွင် ကုလားပဲ (HL) တစ်တင်းလျှင် (၆၆၀၀၀-၆၆၅၀၀)ကျပ်၊ ခွဲစက်သမားများသည် ကုလားပဲ(မြကြေးမှုံ)တစ်တင်းလျှင် (၆၅၀၀၀-၆၆၀၀၀)ကျပ်တို့ဖြင့် တစ်ရက်လျှင် အိတ်(၃၀၀)ခန့်အဝယ်ရှိခဲ့ကြောင်း၊ ဇန်နဝါရီလ တတိယအပတ်တွင် ကုလားပဲ (HL) တစ်တင်းလျှင် (၆၂၀၀၀-၆၂၅၀၀)ကျပ်၊ ကုလားပဲ(မြကြေးမှုံ)တစ်တင်းလျှင် (၆၀၀၀၀)ကျပ်၊ စတုတ္ထအပတ်တွင် ကုလားပဲ (HL) တစ်တင်းလျှင် (၆၀၀၀၀-၆၂၀၀၀)ကျပ်၊ ကုလားပဲ(မြကြေးမှုံ)တစ်တင်းလျှင် (၆၀၀၀၀-၆၂၀၀၀)ကျပ်တို့ဖြင့် ခွဲစက်သမားနှင့် တစ်ခါတရံ၌ ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် (၃၀၀/၄၀၀)ခန့်အဝယ်ရှိခဲ့ကြောင်းသိရှိရပါသည်။
ဘိုကိတ်
ဒီဇင်ဘာလ ပထမအပတ်တွင် ဘိုကိတ်ပဲတစ်တင်းလျှင် (၄၀၀၀၀)ကျပ်၊ ဒုတိယအပတ်တွင် ဘိုကိတ်ဈေးကျပြီး တစ်တင်းကို (၃၉၀၀၀-၃၉၅၀၀)ကျပ်တို့ဖြင့် မြို့တွင်းအဝယ်တစ်ရက်လျှင် အိတ်(၁၀၀)ခန့်အဝယ်ရှိခဲ့ကြောင်း၊ ဒီဇင်ဘာလ တတိယအပတ်တွင် ဘိုကိတ်ပဲမှာ ဈေးအေးနေပါကြောင်း၊ စတုတ္ထအပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို (၄၀၀၀၀)ကျပ်ဖြင့် တစ်ရက်လျှင် အိတ်(၁၀၀)ခန့်အဝယ်ရှိခဲ့ကြောင်း၊ ဇန်နဝါရီလ ပထမအပတ်တွင် ဘိုကိတ်ပဲတစ်တင်းလျှင် (၃၉၀၀၀-၃၉၅၀၀)ကျပ်၊ ဒုတိယပတ်တွင် ဘိုကိတ်ပဲတစ်တင်းလျှင် (၃၉၅၀၀-၄၀၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ရှိခဲ့ကြောင်း၊ ဇန်နဝါရီလ တတိယအပတ်တွင် ဘိုကိတ်တစ်တင်းလျှင် (၄၀၅၀၀-၄၀၀၀၀)ကျပ်တို့ဖြင့် မြို့တွင်းအဝယ်တစ်ရက်လျှင် အိတ် (၅၀/၁၀၀)ခန့်အဝယ်ရှိခဲ့ကြောင်းနှင့် ဇန်နဝါရီလ စတုတ္ထအပတ်တွင် ဘိုကိတ်တစ်တင်းလျှင် (၄၀၀၀၀-၄၁၀၀၀)ကျပ်ဖြင့် မြို့တွင်းနှင့်ရန်ကုန်အဝယ်ရှိခဲ့ကြောင်းသိရှိရပါသည်။
အချုပ်အားဖြင့် ပြည်ကုန်စည်ဒိုင်၏ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလနှင့် ဇန်နဝါရီလဈေးနှုန်းကို ကြည့်လျှင် ဇန်နဝါရီ လဈေးနှုန်းက ဒီဇင်ဘာလဈေးနှုန်းထက် အနည်းငယ်ကျခဲ့ကြောင်းသိရှိရပါ သည်။
DOCA(ပဲခူး)
ပြည်ခရိုင်၊ ပန်တောင်းမြို့နယ်တွင် နွေစပါးများကိုစတင်စိုက်ပျိုးနေပြီဖြစ်သဖြင့် တစ်ဧက ကုန်ကျစရိတ်များအားသိရှိနိုင်ပါရန် ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတောင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပန်းတောင်းမြို့နယ်၊ နတ်မောက်အုပ်စု၊ ညောင်ကုန်းကျေးရွာသို့ (၈-၂-၂၀၂၃)ရက်နေ့ နံနက်(၁၀:၀၀)နာရီခန့်အချိန်တွင်သွားရောက်၍ နွေစပါးစိုက်ပျိုးသူတောင်သူ ဦးမောင်ညိုအား တွေ့ဆုံမေးမြန်းခဲ့ရာ စိုက်ကွင်းအမှတ်(၉၇)တွင် နွေစပါး(၁)ဧကစိုက်ပျိုးပြီး စိုက်ပျိုးသည့်မျိုးမှာ ထိုင်းနှံကောက်အမျိုးအစားဖြစ်ကြောင်း၊ တစ်ဧကစိုက်ပျိုးလျှင် စပါးတစ်တင်းခွဲကို ကြဲပက်၍စိုက်ပျိုးရကြောင်း၊ မျိုးစပါးတစ်တင်းလျှင် (၁၄၀၀၀)ကျပ်ဖြင့်ဝယ်ယူရပြီး တစ်တင်းခွဲလျှင် (၂၁၀၀၀)ကျပ်ခန့်ကုန်ကျပါကြောင်း၊ စပါးထွန်ယက်ရာတွင် (၂)စပ်ထွန်ယက်ရပြီး ကုန်ကျငွေမှာ (၁၂၆၅၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊ သွင်းအားစုအနေဖြင့် (၁၄၂၅၀၀)ကျပ်နှင့် လုပ်သားငါးဦး၏တစ်ကြိမ်ပေါင်းရှင်းခမှာ တစ်ဦးလျှင် (၃၀၀၀)ကျပ်နှုန်းဖြင့် (၆)ကြိမ်ပေါင်းရှင်းရပြီး ကုန်ကျငွေမှာ (၉၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊ စုစုပေါင်းနွေစပါးတစ်ဧကစိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်မှာ (၃၈၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊ ယခင်နှစ်တွင် နွေစပါးတစ်ဧကစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်မှာ (၃၆၀၀၀၀)ကျပ်ခန့်ကုန်ကျခဲ့၍ ယခုနှစ်တွင် သွင်းအားစုဈေးများကြီးမြင့်လာခြင်းနှင့် လုပ်အားခများကြီးမြင့်လာခြင်းတို့ကြောင့် ကုန်ကျစရိတ်များမြင့်တက်လာကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ရည်ညွှန်းပါစာလမ်းညွှန်ချက်အရ ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်) ၈/၂၀၂၃ အား သိရှိလမ်းညွှန်မှုပြုနိုင်ပါရန် တင်ပြအပ်ပါသည်။
တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။