ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

    ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် စက်တင်ဘာလ (၆) ရက်နေ့မှ စက်တင်ဘာလ (၁၂) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ မြင်းခြံ၊ မိတ္ထီလာ မှ ဖရဲသီး (211) အလုံးကြီး ကျပ် ၁၈၀၀ ၊ အလုံးလတ် ကျပ် ၁၃၀၀ ၊ အလုံးသေး ကျပ် ၁၀၀၀ မှ ၈၀၀ ၊ မှော်ဘီ၊ တိုက်ကြီး မှ မာလကာသီး (ကီလို) အလုံးကြီး ကျပ် ၅၀၀၊ အလုံးလတ် ကျပ် ၄၀၀ ၊ အလုံး သေး ၃၀၀ မှ ၂၀၀၊ တိုက်ကြီးမှ  ပီလောပီနံ တစ်ပိဿာ အလုံးကြီး ကျပ် ၈၀၀၊ အလုံးလတ် ကျပ် ၅၀၀၊ အလုံးသေး ကျပ် ၄၀၀ ၊ မော်လမြိုင် မှ ကျွဲကောသီး (ပန်းရောင်) အလုံးကြီး ကျပ် ၂၅၀၀ မှ ၂၂၀၀၊ အလုံးလတ် ကျပ် ၂၀၀၀ မှ ၁၈၀၀၊ အလုံးသေး ကျပ် ၁၅၀၀ မှ ၁၃၀၀၊ ၁၀၀၀ မှ ၇၀၀၊ တိုက်ကြီး  မှ ကျွဲကောသီး (အဖြူ) အလုံးကြီး ကျပ် ၁၀၀၀၊ အလုံးလတ် ကျပ် ၆၀၀၊ အလုံးသေး ကျပ် ၄၀၀ မှ ၂၀၀၊ ရပ်စောက် မှ သရက်သီး (ရင်ကွဲ) အိတ်စွပ် အလုံးကြီး သေတ္တာ အလုံး ၆၅ လုံးပါ ကျပ် ၄၅၀၀၀၊ အလုံးလတ် သေတ္တာ အလုံး ၈၀ ပါကျပ် ၄၀၀၀၀၊ အလုံးသေး သေတ္တာ အလုံး ၉၀ ပါကျပ် ၃၅၀၀၀၊ ရပ်စောက် မှ သရက်သီး (ရင်ကွဲ) ရိုးရိုး အလုံးကြီး သေတ္တာ အလုံး ၅၀ လုံးပါ ကျပ် ၃၃၀၀၀၊ အလုံးလတ် သေတ္တာ အလုံး ၆၅ ပါကျပ် ၂၈၀၀၀၊ အလုံးသေး သေတ္တာ အလုံး ၈၅ ပါကျပ် ၂၅၀၀၀၊ အလုံး ၁၀၀ ပါ ကျပ် ၂၀၀၀၀၊ ပုပ္ပါး မှ နဂါးမောက်သီး(နီ) ၊ (ဖြူ) အလုံးကြီး တစ်ဖာ ၁၈ လုံးပါ ကျပ် ၁၅၀၀၀၊ အလုံးလတ် ၂၄ လုံးပါ ကျပ် ၁၀၀၀၀၊ အလုံးသေး ၃၀ လုံးပါ ကျပ် ၇၀၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း (MFVP) မှသိရှိရပါသည်။

DOCA(ရန်ကုန်)

စားသုံးသူပြည်သူများသို့ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် ဝါးတန်းကုန်စည်ဒိုင်အတွင်း ဆန်ရောင်းချပေးနေ

    မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းတို့နှင့် ဆန်စပါး ကုန်စည်ဒိုင်(ဝါးတန်း/ဘုရင့်နောင်)တို့မှ စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူ စားသုံးနိုင်ရန်အတွက် ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း) အတွင်းတွင် (၃.၈.၂၀၂၂) ရက်နေ့မှ (၁၃.၉.၂၀၂၂)ရက်နေ့ထိ ရွှေဘိုပေါ်ဆန်း(ရှယ်) (၁၀၈)ပေါင် တစ်အိတ်လျှင် ၇၅၀၀၀/- မှ ၇၇၀၀၀/- ကျပ်နှုန်းဖြင့် (၄၃၃၀)အိတ်၊ ကြားပျံ(ရှယ်) (၁၀၈)ပေါင် တစ်အိတ်လျှင် ၅၅၀၀၀/- မှ ၆၀၀၀/- ကျပ်နှုန်းဖြင့် (၃၇၈၈)အိတ်၊ ဧရာဝတီ ပေါ်ဆန်း(ရှယ်) (၁၀၈)ပေါင် တစ်အိတ်လျှင် ၅၂၀၀၀/- မှ ၅၅၀၀၀/- ကျပ်နှုန်းဖြင့် (၂၆၉၇၈)အိတ်၊ ရက်-၉၀ (ရှယ်) (၁၀၈)ပေါင် တစ်အိတ် လျှင် ၃၅၀၀၀/- မှ ၃၇၀၀၀/- ကျပ်နှုန်းဖြင့် (၄၄၂၉)အိတ် ဆန်အမျိုးအစားအလိုက် အိတ်ရေစုစုပေါင်း (၁၅၂၄၄)အိတ် ရောင်းချပေးခဲ့ပြီး ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

ကျောက်တံခါးမြို့နယ် အတွင်း အခြေခံလူတန်းစားများသို့ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချ

      ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် စက်တင်ဘာလ ၈ ရက် မွန်းလွှဲ (၁) နာရီအချိန်ခန့်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ စားသုံးသူ ပြည်သူများအား ဆီ ၁ ပိဿာလျှင် ၅၄၀၀ ကျပ်နှုန်းဖြင့် လိုက်လံရောင်းချပေးလျှက်ရှိကြောင်း သိရှိရပါသည်။

      ထိုသို့ ရောင်းချပေးရာတွင် ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းမြို့ပေါ်ရပ်ကွက်များအား လူတစ်ဦးလျှင် (၅၀) ကျပ်သား တစ်ပိဿာ (၅၄၀၀)ကျပ်ဖြင့် စားအုန်းဆီ ပိဿာချိန် (၃၃၀၀) လူဦးရေ ၆၆၀၀ ဦးအား လည်းကောင်း ၊ (၉.၉.၂၀၂၂) (၁၀.၉.၂၀၂၂) ရက်နေ့များတွင်  ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်း မြို့ပေါ် (၈) ရပ်ကွက်အား လူတစ်ဦးလျှင် ဆီ (၅၀)ကျပ်သားနှုန်းဖြင့် ဆီတစ်ပိဿာကို (၅၆၀၀) ကျပ်ဖြင့် စားအုန်းဆီ ပိဿာချိန် (၈၈၀၀) ကို လူဦးရေ (၁၇၆၀၀)အား ရပ်ကွက်များအတွင်း လှည့်လည်ရောင်းချပေးလျှက်ရှိပြီး ကျန်ရှိနေသော ရပ်ကွက်များသို့လည်း ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ညောင်လေးပင်မြို့နယ်အတွင်းရှိ ပြည်သူ များ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် စားအုန်းဆီများ လိုက်လံရောင်းချပေးခြင်းကို မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ ၊ ဌာနဆိုင်ရာများနှင့် စေတနာ့ ဝန်ထမ်း များက ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ကုန်စည်ဒိုင်၏ ဇူလိုင်လနှင့်ဩဂုတ်အရောင်းအဝယ်ဖြစ်မှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

        ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ပြည်ပတင်ပို့သောပဲဈေးများမှာ အရောင်း အဝယ်များလျှက်ရှိပါသည်။ မြို့တွင်းအရောင်းအဝယ်ရှိသောပဲများမှာ ပုံမှန်အရောင်း အဝယ်ဖြစ်လျှက်ရှိပါသည်။

မတ်ပဲ

      ပြည်ကုန်စည်ဒိုင်တွင် ဇူလိုင်ပထမပတ်တွင် ပိဿာ(၂၀)ဝင် မတ်ပဲတစ်တင်းကို ၅၆၀၀၀-၅၆၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ဒုတိယပတ်တွင် မတ်ပဲဈေးကျလာပြီး ပဲတစ်တင်းကို ၅၂၀၀၀-၅၂၅၀၀ကျပ်၊ တတိယပတ်တွင်  မတ်ပဲတစ်တင်းကို ၅၃၀၀၀-၅၄၀၀၀ကျပ်ဖြင့် တစ်ရက် လျှင်အိတ် ၁၅၀/၂၀၀ခန့် ရန်ကုန်အဝယ်ရှိပါသည်။ စတုတ္ထပတ်တွင် မတ်ပဲတစ်တင်းကို ၅၄၀၀၀ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၁၀၀/၁၅၀ခန့် ရန်ကုန်သို့တင်ပို့ပါသည်။ ဩဂုတ်လအစတွင် မတ်ပဲ တစ်တင်းကို ၅၄၅၀၀-၅၅၀၀၀ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၁၅၀/၂၀၀ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ဒုတိယပတ်တွင် မတ်ပဲဈေးတက်လာခဲ့ပြီး တစ်တင်းကို ၅၈၅၀၀-၅၉၀၀၀-၅၉၅၀၀ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့သည့်အတွက် တစ်ရက်ကိုအိတ် ၂၀၀/၂၅၀ခန့် ရန်ကုန်အဝယ်ရှိပါသည်။ ဩဂုတ်လ တတိယပတတွင် ပဲတစ်တင်းကို ၆၁၀၀၀-၆၁၅၀၀-၆၂၀၀၀ကျပ်၊ စတုတ္ထပတ်တွင် မတ်ပဲ တစ်တင်းကို ၆၄၀၀၀-၆၅၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

ပဲစင်းငုံ

    ဇူလိုင်လပထမပတ်တွင် ပဲစင်းငုံတစ်တင်းကို ၄၆၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး ဒုတိယပတ်တွင် ပဲတစ်တင်းကို ၄၆၀၀၀ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၂၀၀/၃၀၀ခန့် ရန်ကုန် အဝယ် ရှိပါသည်။ ဇူလိုင်တတိယပတ်တွင် ပဲစင်းငုံဈေးကျပြီး တစ်တင်းကို၄၅၀၀၀ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ပါသည်။ စတုတ္ထပတ်တွင် ပဲစင်းငုံဈေးပြန်တက်လာပြီး ပဲတစ်တင်းကို ၄၆၅၀၀ကျပ်ဖြင့် အဝယ်ရှိခဲ့ပါသည်။ ဩဂုတ်လပထမပတ်တွင် ပဲစင်းငုံဈေးထပ်တက်လာပြီး တစ်တင်းကို ၄၉၅၀၀-၅၀၀၀၀-၅၀၅၀၀ကျပ်ဖြင့် ရန်ကုန်ဝယ်လက်တစ်ရက်ကိုအိတ် ၂၅၀/၃၀၀ခန့် အဝယ်ရှိခဲ့ပါသည်။ ဒုတိယ ပတ်မှာတော့ ပဲစင်းငုံတစ်တင်းကို ၅၈၀၀၀-၅၈၅၀၀-၅၉၀၀၀ကျပ်ဖြစ်လာပြီး တတိယ ပတ်မှာတော့ ပဲစင်းငုံတစ်တင်းကို ၆၁၅၀၀-၆၂၀၀၀ ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၃၀၀ခန့် အဝယ် ရှိခဲ့ပါသည်။ စတုတ္ထပတ်တွင် ပဲစင်းငုံတစ်တင်းကို ၆၁၀၀၀-၆၂၀၀၀-၆၃၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

ကုလားပဲ

     ဇူလိုင်ပတမပတ်တွင် ကုလားပဲ(HL) တစ်တင်းကို ၅၀၅၀၀-၅၁၀၀၀ကျပ်၊ ကုလားပဲ (မြကြေးမှုံ)တစ်တင်းကို ၅၁၅၀၀ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၂၀၀/၃၀၀ခန့် အဝယ်ရှိပါသည်။ ဒုတိယပတ်တွင် ကုလားပဲ(HL) တစ်တင်းကို ၅၁၀၀၀ကျပ်၊ ကုလားပဲ(မြကြေးမှုံ)တစ်တင်းကို ၅၁၅၀၀-၅၂၀၀၀ ကျပ်ဖြင့်အရောင်းအဝယ်ရှိခဲ့ပါသည်။ တတိယပတ်တွင် ကုလားပဲ(HL) တစ်တင်းကို ၅၁၀၀၀-၅၁၇၀၀ကျပ်၊ ကုလားပဲ(မြကြေးမှုံ)တစ်တင်းကို ၅၂၀၀၀ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားနှင့် ရန်ကုန် အဝယ်ရှိပြီး တစ်ရက်လျှင် အိတ် ၃၀၀/၄၀၀ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ဇူလိုင်လ စတုတ္ထ ပတ်တွင် ကုလားပဲ(HL) တစ်တင်းကို ၅၂၀၀၀ကျပ်၊ ကုလားပဲ(မြကြေးမှုံ)တစ်တင်းကို ၅၂၅၀၀ကျပ်ဖြင့် အဝယ်ရှိခဲ့ပါသည်။ ဩဂုတ်လပထမပတ်တွင် ကုလားပဲ(HL) တစ်တင်းကို ၅၃၀၀၀ကျပ်၊ ကုလားပဲ(မြကြေးမှုံ)တစ်တင်းကို ၅၃၀၀၀ကျပ်၊ ဒုတိယပတ်တွင်လည်း ကုလားပဲ(HL) တစ်တင်းကို ၅၅၀၀၀-၅၅၅၀၀-၅၇၀၀၀ကျပ်ဖြင့် တစ်ရက်အိတ် ၃၀၀/၄၀၀ခန့် ခွဲစက်သမားနှင့် ရန်ကုန် အဝယ်ရှိခဲ့ပါသည်။ ဩဂုတ်လတတိယပတ်တွင် ကုလားပဲ(HL) တစ်တင်းကို ၆၄၀၀၀-၆၅၀၀၀ကျပ် ၊ကုလားပဲ(မြကြေးမှုံ)တစ်တင်းကို ၆၄၀၀၀-၆၅၀၀၀ကျပ်၊ စတုတ္ထပတ်တွင် ကုလားပဲ(HL) တစ်တင်းကို ၆၅၀၀၀ကျပ်၊ ကုလားပဲ(မြကြေးမှုံ)တစ်တင်းကို ၆၄၅၀၀-၆၅၀၀၀ ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားနှင့် ရန်ကုန် အဝယ်တစ်ရက်ကိုအိတ် ၃၀၀/၄၀၀ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

ဘိုကိတ်ပဲ

     ပြည်ကုန်စည်ဒိုင်၏ ဇူလိုင်လအစတွင် ဘိုကိတ်ပဲတစ်တင်းကို ၃၅၀၀၀ကျပ်ဖြင့် မြို့တွင်း အဝယ်နှင့် ရန်ကုန်အဝယ်ရှိပြီး တစ်ရက်ကိုအိတ် ၅၀/၁၀၀ခန့် အရောင်းအဝယ်ဖြစ်ပါသည်။ ဇူလိုင် ဒုတိယပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၃၅၀၀၀ကျပ်ဖြင့် ဈေးအေးနေခဲ့ပါသည်။ တတိယပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၃၅၀၀၀ကျပ်၊ စတုတ္ထပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၃၆၅၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်ရှိခဲ့ပါသည်။ ဩဂုတ်လအစတွင် ဘိုကိတ်ပဲတစ်တင်းကို ၃၆၅၀၀ကျပ်ဖြင့် အဝယ်ရှိခဲ့ ပါသည်။ ဒုတိယပတ်တွင် ဘိုကိတ်ပဲဈေးတက်လာပြီး ပဲတစ်တင်းကို ၃၇၀၀၀-၃၈၀၀၀ကျပ်ဖြင့် အဝယ်ရှိခဲ့ပါသည်။ ဩဂုတ်လတတိယပတ်တွင် ဘိုကိတ်ပဲဈေးပိုမြင့်လာပြီး ပဲတစ်တင်းကို ၄၀၀၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ စတုတ္ထပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၄၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

      ပြည်ကုန်စည်ဒိုင်တွင် ပဲအရောင်းအဝယ်ဖြစ်မှုမှာ ဇူလိုင်လအရောင်းအဝယ်ဖြစ်မှုထက် ဩဂုတ်လ အရောင်းအဝယ်ဖြစ်မှုက ပိုကောင်းခဲ့ပြီး ပဲဈေးမှာလည်း တက်နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

ပေါက်ခေါင်းမြို့နယ်ရှိ ထန်းလျက်လုပ်ငန်းအား ကွင်းဆင်းတွေ့ဆုံမေးမြန်း

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ထန်းလျက်ချက်၍ ထုတ်လုပ် ရောင်းချလျှက်ရှိသော လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ထန်းလျက်ထုတ်လုပ်ပုံနှင့် ထွက်ရှိလာသော ထန်းလျက် များအား ရောင်းချသော ဈေးနှုန်းဈေးကွက် အခြေအနေနှင့် အကျိုးအမြတ်များအား တွေ့ဆုံ ဆွေးနွေးမေးမြန်းခဲ့ပါသည်။

    စားသုံးသူရေးရာဦးစီးဌာန၊ ပေါက်ခေါင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၉.၉.၂၀၂၂) ရက်နေ့ နံနက် (၁၀:၃၀) အချိန်တွင် ပေါက်ခေါင်းမြို့နယ် သပြေတောင်အုပ်စု၊ ကုန်းတန်းကျေးရွာရှိ ထန်းလျက်ချက်လုပ်ငန်းလုပ်ကိုင်သူ ဦးသန်းထွန်းနှင့်တွေ့ဆုံပြီး မေးမြန်းရာ ထိုလုပ်ငန်းရှင်မှ နှစ်စဉ် ထန်းလျက်လုပ်ငန်းစတင်လုပ်ကိုင်ချိန်မှာ ထန်းရည်များထွက်ပေါ်ချိန် ဆောင်းတွင်းကာလဖြစ်သော ဖေဖော်ဝါရီလတွင် လုပ်ကိုင်ပြီး၊ မိုးတွင်းကာကလဖြစ်သော ဇွန်လဆန်းကို ထန်းလျက် လုပ်ငန်းများ သိမ်းချိန်ဖြစ်ပါသည်။ ထန်းလျက်ချက်ရာတွင် လိုအပ်သောထန်းရည်မှာ ထန်းလျက် (၁)ပိဿာ အတွက် (၁၀)ဂါလံလိုအပ်သည်ဟု သိရှိရပါသည်။ တစ်ရက်လျှင် ထန်းရည် (၁၀၀)ဂါလံ ကျိုချက်နိုင်သဖြင့် ထန်းလျက် (၁၀)ပိဿာထွက်ရှိပါသည်။ ထန်းလျက်ကျိုချက်ရာတွင်လောင်စာအဖြစ် စပါးခွံ နှင့် ထင်း များဖြင့် ကျိုချက်ရပြီး လုပ်ငန်းအတွက် အလုပ်သမား(၂)ဦးဖြင့် ပြုလုပ်ရပါသည်။ ထန်းလျက်ရာသီ တစ်ရာသီအတွက် လိုအပ်သောကုန်ကျစရိတ်မှာ (၁၀)သိန်းနီးပါးခန့် ကုန်ကျသည်ဟု သိရှိရပါသည်။ ထန်းလျက်ဖိုမှထွက်ရှိလာသော ထန်းလျက်များကို ပေါက်ခေါင်းမြို့ပေါ်အပြင် အခြားနယ်မြို့များသို့ လည်း တင်ပို့ရောင်းချလျှက်ရှိပါသည်။ ပေါက်ခေါင်းမြို့နယ်မှ ထွက်ရှိသော ထန်းလျက်ကို တစ်ပိဿာ လျှင် ၃၀၀၀-၄၀၀၀ကျပ်ဖြင့် ရောင်းချသည်ဟု သိရပါသည်။

    ပေါက်ခေါင်းမြို့နယ်တွင် ထန်းရည်ကို ဒီအတိုင်းမရောင်းချဘဲ ထန်းလျက်ချက်၍ တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်ရောင်းချနိုင်ခြင်းကြောင့် စားသုံးသူများအနေဖြင့် ထန်းလျက်မှာ ကျန်းမာရေးအတွက် သင့်တော်သည့်အပြင် မြန်မာ့ရိုးရာ မုန့်ပဲသားရေစာများပြုလုပ်၍ စားသောက် ခြင်းဖြင့် ပြည်တွင်းဖြစ်ကိုဦးစားပေး၍ စားသုံးလာကြလျှင် ထန်းလျက်ချက်၍ရောင်းချသူများ အနေဖြင့် ကုသိုလ်လည်းရဝမ်းလည်းဝမည်ဖြစ်ကြောင်း လေ့လာသုံးသပ်တင်ပြအပ်ပါသည်။

DOCA(ပဲခူး)

ပြည်ကုန်စည်ဒိုင် ပဲဈေးနှုန်းဈေးကွက်အခြေအနေ

      ပြည်ကုန်စည်ဒိုင်တွင် ပဲဈေးနှုန်းများ မြင့်တက်လျှက်ရှိပြီး မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ၊ ဘိုကိတ်ပဲများ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

     စက်တင်ဘာပထမပတ်တွင် မတ်ပဲဈေးပိုတက်လာပြီး ပဲတစ်တင်းကို ၆၇၀၀၀-၆၇၅၀၀-၆၈၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ တစ်ရက်ကိုအိတ် ၁၀၀/၂၀၀ခန့်သာ အရောင်း အဝယ်ဖြစ်ပြီး အရောင်းအဝယ်အနည်းငယ်အေးနေကြောင်း သိရှိရပါသည်။ ပဲတစ်တင်းဈေးမှာ ယခင် နှစ် စက်တင်ဘာလဈေးနှင့် နှိုင်းယှဉ်လျှင် ပိုမြင့်နေကြောင်း သိရှိရပါသည်။

       ပြည်ကုန်စည်ဒိုင်တွင် ဩဂုတ်လနောက်ဆုံးပတ်မှ စ၍ ပဲစင်းငုံဈေးတက်လာပြီး စက်တင်ဘာ လပထမပတ်မှာ ပဲတစ်တင်းကို ၆၆၀၀၀-၆၆၅၀၀ကျပ်ဖြင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ် ၃၀၀/၄၀၀ခန့် အရောင်းအဝယ်ဖြစ်ပါသည်။

      စက်တင်ဘာလ ပထမပတ်မှာ ကုလားပဲ(HL)တစ်တင်းကို ၆၆၀၀၀-၆၆၅၀၀ ကျပ်၊ ကုလားပဲ (မြကြေးမှုံ)တစ်တင်းကို ၆၅၅၀၀-၆၆၀၀၀ကျပ်ဖြင့် မြို့တွင်းခွဲစက်နှင့် ရန်ကုန်အဝယ် တစ်ရက်ကိုအိတ် ၃၀၀/၃၅၀ခန့် အဝယ်ရှိပါသည်။ တခါတရံ နယ်စုံအဝယ်ရှိပြီး တစ်ရက်ကို အိတ် ၂၀၀/၃၀၀ခန့် တင်ပို့မှုရှိပါသည်။

      စက်တင်ဘာလ ပထမပတ်မှာ ပဲကြီး(ရွှေကျွန်း) တစ်တင်းကို ၈၀၀၀၀ကျပ် ပဲကြီး(ကမ်းနား) တစ်တင်းကို ၇၃၀၀၀-၇၅၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပြီး မြို့တွင်း ပဲကြော်သမား များ အဝယ်ရှိ၍ တစ်ရက်ကိုအိတ် ၂၅၀/၃၀၀ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ တခါတရံ ရန်ကုန် အဝယ် ရှိပြီး တစ်ရက်ကိုအိတ် ၂၀၀ခန့် တင်ပို့မှုရှိပါသည်။

      စက်တင်ဘာလ ပထမပတ်မှာ စားတော်ပဲ(ကျွန်း) တစ်တင်းကို ၁၂၈၀၀၀-၁၂၉၀၀၀-၁၃၀၀၀၀ ကျပ်ဖြင့် မြို့တွင်းအဝယ်ရှိပါသည်။ တစ်ရက်ကိုအိတ် ၁၀၀/၂၀၀ခန့် အဝယ်ရှိပြီး ယခင်နှစ် ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ယခုနှစ်ဈေးက ပိုကောင်းကြောင်း သိရှိရပါသည်။

       ပြည်ကုန်စည်ဒိုင်တွင် စက်တင်ဘာပထမပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၄၃၀၀၀ကျပ်ဖြင့် မြို့တွင်းရောင်းဝယ်မှုရှိပြီး တစ်ရက်ကိုအိတ် ၅၀/၁၀၀ခန့် အဝယ်ရှိပါသည်။ တခါတရံ ရန်ကုန် အဝယ်ရှိ ပါသည်။

       ပြည်ကုန်စည်ဒိုင်တွင် နိုင်ငံခြားသို့တင်ပို့သော မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲမှာအရောင်းအဝယ် ပုံမှန်သာရှိပါသည်။ မြို့တွင်းရောင်းဝယ်မှုရှိသော ပဲကြီး၊ စားတော်ပဲ၊ ဘိုကိတ်ပဲများသာ အရောင်း သွက်နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပေါက်ခေါင်းဒေသထွက် ထန်းလျှက်

       ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ထန်းရည်မှ ထန်းလျှက်ချက်၍ ထုတ်လုပ် ရောင်းချလျှက် ရှိပါသည်။ ပေါက်ခေါင်းမြို့နယ်၊ သပြေတောင်အုပ်စု၊ ကုန်းတန်းရွာတွင် ထန်းလျှက်ချက်သော လုပ်ငန်းများ လုပ်ကိုင်လျှက်ရှိရာ နှစ်စဉ်လုပ်ငန်းများစတင်လုပ်ကိုင်ချိန်မှာ ဆောင်းရာသီဖြစ်သော ဖေဖော်ဝါရီလဖြစ်ပြီး လုပ်ငန်းသိမ်းချိန်မှာ မိုးတွင်းကာလဖြစ်သော ဇွန်လဆန်းပိုင်းဖြစ်ပါသည်။ ထိုထန်းလျှက်ချက်လုပ်ငန်းမှ ထွက်ရှိလာသော ထန်းလျှက်များကို ပေါက်ခေါင်းမြို့ပေါ်နှင့် အခြား နယ်မြို့များသို့လည်း တင်ပို့ရောင်းချလျှက်ရှိပါသည်။ ထန်းလျှက်ဈေးနှုန်းများအနေဖြင့် တစ်ပိဿာ လျှင် ၃၀၀၀ကျပ် မှ ၄၀၀၀ကျပ် အထိ ရောင်းချလျှက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့၏ ရောင်းအားသွက်လျှက်ရှိသော ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေး

   ပြည်မြို့ရှိဓါတ်မြေဩဇာဈေးကွက်တွင် ပုံမှန်အရောင်းအဝယ်ဖြစ်လျှက်ရှိသော ယခုတစ်ပတ် ဓါတ်မြေဩဇာ ဈေးနှုန်းများမှာ မြင်းပျံဓါတ်မြေဩဇာ ICP ကုမ္ပဏီ (ပုလဲ) တစ်အိတ်လျှင် ၁၄၀၀၀၀ကျပ်၊ ရွှေနင်္ဂါး(ပုလဲ) တစ်အိတ်လျှင် ၁၅၃၀၀၀ကျပ်၊ ရွှေနင်္ဂါး(ပုလဲသာ)တစ်အိတ်လျှင် ၁၇၀၀၀၀ကျပ်၊ ဂျက်ဆင်ကျောက်မှုန့် (25 kg) တစ်အိတ်လျှင်၇၀၀၀ကျပ်၊ ရွှေပွားဆာဖာပုလဲ တစ်အိတ်လျှင် ၇၅၀၀၀ကျပ်၊ အောင်နှံဝေ (50kg) တစ်အိတ်လျှင် ၇၈၀၀၀ကျပ်၊ MC 15 ပတ်လည် တစ်အိတ်လျှင် ၁၅၀၀၀၀ကျပ် တို့ဖြစ်ကြောင်း သိရှိရပါသည်။ ပိုးသတ်ဆေးဈေးနှုန်းများမှာ အစက် ၁၀၀ ccကို ၆၀၀၀ကျပ်၊ သန်းဒါ ၁၀၀cc ကို ၅၀၀၀ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

ပေါ်ဦးပေါ်ဖျား ပိန်းဥဈေးကွက်

   ပြည်ခရိုင်၊ ပြည်မြို့တွင် စက်တင်ဘာလပထမပတ်မှစ၍ ပိန်းဥများဈေးကွက်ထဲသို့ အများ အပြားဝင်ရောက်လျှက်ရှိပါသည်။ ဈေးကွက်ထဲတွင်ရောင်းချနေသော ပိန်းဥအမျိုးအစား(၂) မျိုးရှိပါ သည်။ ပြည်မြို့အနီး နတ်တလင်းမြို့နယ်မှ ဝင်ရောက်လာသည့် နတ်တလင်းပိန်းဥနှင့် ရှမ်းပြည်နယ် ဘက်မှ ဝင်ရောက်လာသော ရှမ်းပိန်းဥများဖြစ်ပါသည်။ နတ်လင်းမြို့နယ်ဘက်မှ ထွက်ရှိသော ပိန်းဥ ဈေးမှာ တစ်ပိဿာလျှင် ၂၂၀၀ကျပ် နှင့် ရှမ်းပြည်နယ် ဘက်မှ ဝင်ရောက်လာသော ရှမ်းပိန်းဥဈေးမှာ တစ်ပိဿာလျှင် ၁၈၀၀ကျပ် တို့ဖြင့်ရောင်းချသဖြင့် ပိန်းဥမှာ ပေါ်ဦးပေါ်ဖျားတွင် ဈေးကောင်းရပြီး  အရောင်းအဝယ်မှာလည်းမြင့်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့၏ ကန်စွန်းဥဈေးကွက်

      ပြည်ခရိုင်၊ ပြည်မြို့ရှိ စည်ပင်သာယာဈေးကြီးများနှင့် ရပ်ကွက်ဈေးများတွင် ကန်စွန်းဥ များရောင်းချလျှက်ရှိပါသည်။ ဈေးကွက်တွင်ရောင်းချနေသော ကန်စွန်းဥအမျိုးအစားမှာ မြန်မာ ကန်စွန်းဥ နှင့် ကိုရီးယား ကန်းစွန်းဥဟူ၍ အမျိုးအစား(၂)မျိုးရှိပါသည်။ ရောင်းချသော ကန်စွန်းဥ ဈေးများမှာ မြန်မာကန်စွန်းဥ တစ်ပိဿာလျှင် ၁၅၀၀ကျပ်၊ ကိုရီးယားကန်စွန်းဥ တစ်ပိဿာလျှင် ၁၈၀၀ကျပ်ဖြင့် ရောင်းချလျှက်ရှိပါသည်။ ကိုရီးယားကန်စွန်းဥမှာ မြန်မာ ကန်စွန်းဥ ထက်စာလျှင် အရသာ အနည်းငယ်ပိုရှိသည့်အတွက် ကိုရီးယားကန်စွန်းဥက မြန်မာကန်စွန်းဥထက်စာလျှင် အရောင်းအဝယ်ပိုဖြစ်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း