ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်၊သွင်းကုန် တင်ပို့နိုင်မှုအခြေအနေ

            မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးကုန်သွယ်ရေးစခန်း၏ ၂၀၂၂ ခုနှစ်၊ မေလ တတိယပတ်တွင် လယ်ယာထွက်ပစ္စည်းအနေဖြင့် မက်မွန်သီး(၅.၄၀၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာသန်း (၀.၀၀၁)၊ စက်မှုကုန်ချောအနေဖြင့် စီးကရက်(၂၂.၅၁၂)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာသန်း (၀.၀၅၄)၊ အခြား ပစ္စည်းအနေဖြင့် နန့်ဖာလုံကုန်စုံ တန်ဖိုး အမေရိကန်ဒေါ်လာသန်း (၀.၀၃၀)၊ စုစုပေါင်း (၈၄.၀၁၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာသန်း(၀.၄၅၆)တင်ပို့နိုင်ခဲ့ပြီး သွင်းကုန်အနေဖြင့် လုပ်ငန်းသုံး ပစ္စည်းများဖြစ်သည့်ဓာတ်မြေသြဇာ(၄၅.၀၀၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာသန်း(၀.၀၂၃)၊ ဂျုံမှုန့် (၅၂.၄၆၀)တန်၊တန်ဖိုးအမေရိကန်ဒေါ်လာသန်း(၀.၀၂၆)၊ စုစုပေါင်း(၉၇.၄၆၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ သန်း (၀.၀၄၉)တင်သွင်းနိုင်ခဲ့ကြောင်း  သိရှိရသည်။

          ၂၀၂၂ ခုနှစ်၊ မေလ စတုတ္တပတ်တွင် လယ်ယာထွက်ကုန်ပစ္စည်းအနေဖြင့် မက်မွန်သီး (၂.၃၀၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာသန်း(၀.၀၀၁)၊ စက်မှုကုန်ချောအနေဖြင့် စီးကရက် (၈၁.၇၁၂)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာသန်း(၀.၃၄၀)၊ အခြားပစ္စည်းအနေဖြင့် နန့်ဖာလုံကုန်စုံ တန်ဖိုးအမေရိကန် ဒေါ်လာသန်း(၀.၁၁၅)၊ စုစုပေါင်း(၈၄.၁၀၂)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာသန်း (၀.၄၅၆) တင်ပို့နိုင်ခဲ့ကြောင်းသိရှိရသည်။ လုပ်ငန်းသုံးပစ္စည်းဖြစ်သည့် ဂျုံမှုန့် (၄၇.၅၄၀)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာသန်း(၀.၀၂၄) စုစုပေါင်း(၄၇.၅၄၀)တန်၊ တန်ဖိုးအမေရိကန် ဒေါ်လာသန်း (၀.၀၂၄)  တင်သွင်းနိုင်ခဲ့ကြောင်း သိရှိရသည်။ ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ယခုအပတ်တွင် တမူးနယ်စပ် ကုန်သွယ်ရေးစခန်းအနေဖြင့် ပို့ကုန် (၅၆.၁၀၀)တန်၊ အမေရိကန် ဒေါ်လာသန်း(၀.၃၇၁) ပိုမိုတင်ပို့နိုင်ခဲ့ပြီး သွင်းကုန်(၄၉.၉၂၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာသန်း (၀.၀၂၅)လျော့နည်းတင်သွင်းနိုင်ခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာန၊ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

စစ်ကိုင်းခရိုင် သရက်သီးစိုက်ပျိုးထုတ်လုပ် ရောင်းဝယ်မှုအခြေအနေ

            စစ်ကိုင်းမြို့နယ်အနေဖြင့် ၂၀၂၁-၂၀၂၂ သရက်သီးစိုက်ဧက (၂၇၁၂) ဧကရှိပြီး အထွက်နှုန်းမှာ တစ်ဧကလျှင် အလုံး(၄၀၀၀)မှ (၇၀၀၀)ခန့်ထွက်ရှိကြောင်း၊ သရက်ပင်သည် ပုံမှန်အားဖြင့် စတင်စိုက်ပျိုးပြီး (၃)နှစ်သားအရွယ်တွင် အသီးစတင်သီးကြောင်း၊ ဒီဇင်ဘာလကုန်နှင့် ဇန်နဝါရီလအစတွင် အဖူးစတင် ထွက်ရှိကြောင်း၊ ပန်းပွင့်ပြီး (၄၅-၆၀)ရက်အတွင်း အသီးသည် ကြက်ဥလုံး အရွယ်သို့ ရောက်ရှိလာလျှင် အိတ်စွပ်ခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်ပြီး အိတ်စွပ်ပြီး (၁)လ သို့မဟုတ် (၄၅)ရက်အခန့်အကြာတွင် အသီးစတင်ခူးဆွတ်နိုင်ကြောင်း၊ အသီးခူးဆွတ်ခြင်းကို ဧပြီလမှ ဩဂုတ်လကုန်အထိ ခူးဆွတ်ရောင်းချ နိုင်ကြောင်း သိရှိရပါသည်။

           ယခုနှစ် အပွင့်ပွင့်ချိန်တွင် လေပြင်းတိုက်ခတ်၍ အထွက်နှုန်းမှာ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက (၃)ပုံ (၁)ပုံခန့် လျော့နည်းမှု ရှိသည်။သရက်သီးစွပ်အိတ်များကို တရုတ်နိုင်ငံနှင့် စင်္ကာပူအခြေစိုက် မြန်မာရွှေကုမ္ပဏီမှ ဝယ်ယူကြောင်း၊ ပုလိပ်မြို့တွင် ရုံးခွဲနှင့် စက်ရုံရှိကြောင်း၊ သရက်သီးရောင်းချပြီးမှသာ ငွေချေသည့် စနစ်ကျင့်သုံးကြောင်း၊  အသီးစွပ်အိတ်ဈေးနှုန်းမှာ (၁)ထပ်အိတ် (၂၀)ကျပ်မှ (၂၃)ကျပ်၊ (၂)ထပ်အိတ် (၃၀)ကျပ်၊ (၃၅)ကျပ်၊ (၃၈)ကျပ် ဖြစ်ကြောင်း၊ (၁)ထပ်အိတ်ကို အသီးမလှ၊ ပယ်သီးများအတွက်သာ အသုံးပြုပြီး ဈေးကွက်တင်ပို့ရန်အတွက် (၂)ထပ်အိတ်များကို အသုံးပြုကြောင်း၊ (၂)ထပ်အိတ်များအား စနစ်တကျ အသုံးပြုပါက (၃)နှစ်ထိ သုံးစွဲ၍ ရကြောင်း၊ ယခုနှစ် အသီးစွပ်အိတ် (၁)သိန်း ဝယ်ယူ အသုံးပြုမည်ဆိုပါက  စနစ်တကျအသုံးပြုပါက အသီးစွပ်အိတ် (၈)သောင်းခန့်အား နောက်နှစ် ပြန်လည်သုံးစွဲရန်အတွက် သိမ်းဆည်းထားနိုင်ကြောင်း သိရှိရပါသည်။

          ဈေးနှုန်းဈေးကွက်အနေဖြင့် ယခုလက်ရှိ ပြည်တွင်းဈေးနှုန်းမှာ တစ်လုံးလျှင် (၃၀၀)ကျပ်မှ (၅၀၀) ကျပ်၊ ပြည်ပဈေးနှုန်းမှာ စိန်တစ်လုံးသရက် (၃၅-၄၀)လုံးပါ ၁၆ ကီလို တစ်ခြင်းလျှင် (၁၆၅)ယွမ်၊ ပယ်သီး (၁၂၀)ယွမ် ဈေးရှိကြောင်း သိရှိရပါသည်။

         ထွက်ရှိလာသော သရက်သီးများအား ဖြန့်ဖြူးရောင်းချရာတွင် မူဆယ်၊ ရန်ကုန်၊ မန္တလေး၊ ရွှေဘို၊ စစ်ကိုင်း၊ မြင်းမူနှင့် မုံရွာ အစရှိသည့် မြို့အသီးသီးမှာ အဝယ်ဒိုင်များနှင့် မြန်မာရွှေကုမ္ပဏီတို့မှ ကိုယ်စားလှယ် ပွဲစားများမှ တဆင့်လည်းကောင်း၊ ခြံပြတ်စာချုပ်ချုပ်ဆို၍ သရက်ခြံသို့ လာရောက်ဝယ်ယူခြင်း(သို့မဟုတ်)ကားများဖြင့် ရွာသို့ တိုက်ရိုက်လာရောက်ဝယ်ယူနိုင်ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

                 စစ်ကိုင်းတိုင်းဒေသကြီးသည်မေလ(နောက်ဆုံး)ပတ်၌ စပါး/ဆန်ဈေးနှုန်းများမှာ ဆန်ပိုဒေသများ ဖြစ်သော ကလေးခရိုင်၊ ကသာခရိုင်၊ စစ်ကိုင်းခရိုင်၊ မုံရွာခရိုင်နှင့် ရွှေဘိုခရိုင်တို့တွင် ဈေးအေးနေပါသည်။

              စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မေလ(နောက်ဆုံးပတ်)တွင်ဖြစ်ပေါ်နေသော အခြေခံစားကုန်ဈေးနှုန်းများမှာ ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်း(စပါး) တင်း၁၀၀လျှင် ကျပ်(၁၅၅၀၀၀၀)၊ ပေါ်ဆန်း (ဆန်)၂၄ ပြည်ပါ တစ်အိတ်လျှင်ကျပ်  ၅၅၀၀၀၊ ဧရာမင်း(စပါး)တင်း ၁၀၀လျှင် ၁၀၅၀၀၀၀၊ ဧရာမင်း(ဆန်) ၂၄ ပြည်ပါ တစ်အိတ် ကျပ် ၄၄၀၀၀၊ ရေဦးမြို့မှ ပေါ်ဆန်း (စပါး) တင်း ၁၀၀လျှင် ကျပ် ၁၃၅၀၀၀၀၊ ပေါ်ဆန်း(ဆန်) တစ်အိတ်လျှင်ကျပ် ၅၂၀၀၀၊  ဧရာမင်း (စပါး) တင်း၁၀၀ လျှင် ၉၀၀၀၀၀၊ ဧရာမင်း (ဆန်)၂၄ ပြည်ပါ တစ်အိတ်  ၄၀၀၀၀ ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

         ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း၁၀၀ လျှင် ၈၅၀၀၀၀၊ ဧည့်မထ(ဆန်)‌ ၂၄ ပြည်ပါ တစ်အိတ်မှာ ကျပ် ၂၇၀၀၀၊ ငစိန်(စပါး) တင်း ၁၀၀ လျှင် ၈၀၀၀၀၀ ၊ ငစိန်(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ၂၆၅၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာကျပ် ၃၇၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

            ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး) တင်း ၁၀၀လျှင် ကျပ်၈၅၀၀၀၀၊ မှော်ဘီ(၂) ဆန် ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၃၅၀၀၀၊ ဆင်းဧကရီ(၃)(စပါး) တင်း၁၀၀လျှင် ကျပ် ၇၅၀၀၀၀၊ ဆင်းဧကရီ-၃ဆန် ၂၄ပြည် တစ်အိတ်မှာကျပ် ၃၀၀၀၀၊ ဧရာမင်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၉၅၀၀၀၀၊ ဧရာမင်းဆန် ၂၄ ပြည်ဆန်တစ်အိတ်လျှင် ကျပ် ၃၉၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

            မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊  ဧရာမင်း(ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၄၁၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

           စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ မေလ(စတုတ္တ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၂၀၀၀၊ မန္တလေးသို့ အိတ်ရေ ၄၆၃၀၀၊ မကွေးသို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၆၅၀၀၊ ရှမ်း(မြောက်) သို့အိတ်ရေ ၆၅၀၀၊ စုစုပေါင်းအိတ်ရေ (၁၀၂၃၀၀) အိတ်၊ တန်အားဖြင့် (၅၁၁၅) စီးထွက်ခဲ့ပြီး၊ ယခု မေလ(နောက်ဆုံး)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြား တိုင်း ဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၈၀၀၀၊ မန္တလေးသို့ အိတ်ရေ ၄၁၇၀၀၊ မကွေး သို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၆၀၀၀၊ ရှမ်း (မြောက်)သို့အိတ်ရေ ၆၀၀၀၊ စုစုပေါင်းအိတ်ရေ (၉၂၇၀၀) အိတ်၊ တန်အားဖြင့် (၄၆၃၅) စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၉၆၀၀)တန်အားဖြင့် (၄၈၀)လျော့နည်းစီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

                                       

စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းများ

ထိုင်း အစားအစာ ပြည်ပတင်ပို့မှု ၅ % တိုးတက်မည်ခန့်မှန်း

          ရုရှား ယူကရိန်းပဋိပက္ခနှင့် နိုင်ငံအများအပြားတို့တွင် အစားအစာ မလုံလောက်မှုအ‌ပေါ် စိုးရိမ်မှုများ‌ကြောင့် ယခုနှစ်အတွက် ထိုင်းအစားအစာပြည်ပတင်ပို့မှုအနေဖြင့် ပထမသုံးလပတ်တွင် ၂၆ % တိုးတက်ခဲ့ပြီးနောက် ယခုနှစ်တစ်နှစ်လုံးအတွက် ၅% တိုးတက်မည်ဟု ထိုင်းအစားအစာ ပြည်ပတင်ပို့သူများကမျှော်မှန်းထားကြကြောင်း၊ ထိုင်းအစားအစာထုတ်လုပ်သူများအသင်းဂုဏ်ထူး ဆောင်ဥက္ကဋ္ဌက ရုရှား ယူကရိန်းပဋိပက္ခကြောင့် နိုင်ငံအများအပြားတို့အနေဖြင့်အစားအစာဖူလုံရေး နှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများတိုးပွားလာကာ အစားအစာတင်သွင်းသူများအနေဖြင့်လည်း အစား အစာပြတ်လပ်မှုမရှိစေရေးအတွက် အရှိန်မြှင့်တင်ဆောင်ရွက်လျှက်ရှိကြကြောင်း၊ ထိုင်းနိုင်ငံသည် ရုရှား ယူကရိန်းပဋိပက္ခမှ အကျိုးအမြတ်ရရှိခဲ့ပြီး ပထမသုံးလပတ်တွင်ထိုင်းဘတ်ငွေ(၃၂၄) ဘီလီယံ အထိတင်ပို့နိုင်ခဲ့ပြီး ထိုင်းဘတ်ငွေအားနည်းခြင်းကလည်းအဓိကမောင်းနှင်အားတစ်ရပ်ဖြစ်ခဲ့ကြောင်း‌၊ အများဆုံးတင်ပို့နိုင်ခဲ့သည့် ထုတ်ကုန်(၁၀)မျိုးတွင်  အပင်နှင့်တိရစ္ဆာန်များမှ အဆီနှင့်စားသုံးနိုင်သောဆီ များ၊ သကြား၊ တင်လဲရည်၊ အစေ့အဆံများ၊ ပြောင်း၊ အသားများနှင့် အခြားစားသုံးနိုင်သောတိရစ္ဆာန် အစိတ်အပိုင်းများ၊ရေဘဝဲ၊အိမ်မွေးတိရစ္ဆာန်၊အစားအစာများ၊ ဆန်၊ငါးနှင့်ဟင်းခတ်အမွှေးအကြိုင်များ ပါဝင်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် Zero Covid Policy  အရ  အဓိကနယ်စပ်စစ်ဆေးရေးဂိတ်များကို ပိတ်လိုက်ခြင်းကြောင့် လတ်ဆတ်၊ အေးခဲနှင့် အခြောက်ခံထားသော သစ်သီးဝလံများမှလွဲ၍ အစား အစာထုတ်ကုန်အများစုမှာ ပထမသုံးလပတ်တွင် တိုးတက်တင်ပို့နိုင်ခဲ့ကြောင်းသိရှိရပါသည်။

(ရင်းမြစ်- ဘန်ကောက်မြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

စီးပွားရေးစင်္ကြန်သစ်များအတွက် အခွင့်အရေးများပေးရန်ပြင်ဆင်လျှက်ရှိ

          ထိုင်းအစိုးရအနေဖြင့် စီးပွားရေးစင်္ကြန်(၄)ခုတို့တွင် ထုတ်ကုန်များ၏တန်ဖိုးကို မြှင့်တင်သွား ရန်နှင့်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် BCG စီးပွားရေးဟုခေါ်သည့်Bio၊ Circular နှင့် Green Economy လုပ်ငန်းများ၊ တီထွင်ဆန်းသစ်မှုနှင့် အဆင့်မြင့်နည်းပညာများ၊ R & D စသည့် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံသူများအား အမြင့်ဆုံးမက်လုံးများပေး၍ကမ်းလှမ်းသွားရန် စီစဉ်ထား ရာ အဆိုပါမက်လုံးအသစ်များကို ဝန်ကြီးချုပ် ပရာယွတ် ဉီး‌ဆောင်သည့် ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ အစည်းအဝေးတွင်မကြာမီဆုံးဖြတ်လိမ့်မည်ဖြစ်ကြောင်း၊ဝန်ကြီးချုပ်ဦးဆောင်သည့်အထူးစီးပွားရေး ဇုန်မူဝါဒကော်မတီက မေလ(၅)ရက်နေ့တွင် အထူးစီးပွားရေးဇုန်(၄)ခုကိုအတည်ပြုပေးခဲ့ပြီး အဓိက အားဖြင့် အရှေ့ပိုင်းစီးပွားရေးစင်္ကြန်နှင့်ဆင်တူဖြစ်စေရန်ရည်ရွယ်ကြောင်း၊ ဒေသတွင်းစီးပွားရေးကို မြှင့်တင်ရန်နှင့် တိုင်းဒေသကြီးများသို့ ဝင်ငွေနှင့်ပတ်သက်၍ ဗဟိုချုပ်ကိုင်မှုကိုဖြန့်ဝေပေးရန်ဖြစ် ကြောင်း၊ အဆိုပါဇုန်အသစ်(၄)ခုဖြစ်သည့် မြောက်ပိုင်းစီးပွားရေးစင်္ကြန်တွင် Digital ဗဟိုအချက် အခြာအဖြစ်မြှင့်တင်ရန် သတင်းဆက်သွယ်ရေး ကွန်ယက်ချိတ်ဆက်မှု၊ Smart City စီမံကိန်းနှင့် အော်ဂဲနစ်အစားအစာတို့အတွက် အခြေခံအဆောက်အဉီများကို ထောက်ပံ့ပေးရန်တို့အား အထူး အာရုံစိုက်သွားမည်ဖြစ်ကြောင်း‌၊ အရှေ့မြောက်ပိုင်းစီးပွားရေးစင်္ကြန်တွင် ဇီဝစီးပွားရေးနှင့် ၎င်း၏ ထောက်ပံ့ရေးကွင်းဆက်အတွက် ထုတ်လုပ်မှုအခြေစိုက်စခန်းဖြစ်လာရန် မျှော်မှန်းထားကြောင်း၊ အနောက်ပိုင်း ဗဟိုစီးပွားရေးစင်္ကြန်တွင် အော်ဂဲနစ်အစားအစာထုတ်လုပ်ရေး အခြေစိုက်စခန်း ဖြစ် လာစေရန်နှင့် Smart လယ်ယာစိုက်ပျိုးရေးမျှော်မှန်းထားပြီး အရှေ့ပိုင်းစီးပွားရေးစင်္ကြန်၊ မြန်မာ စသည်တို့နှင့် ကွန်ယက်ချိတ်ဆက်ဆောင်ရွက်သွားကာ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ထား ကြောင်း၊ တောင်ပိုင်းစီးပွားရေးစင်္ကြန်တွင် မြေယာ၊ ရေကြောင်း၊ စွမ်းအင်၊ဒီဂျစ်တယ်နှင့်လူ့စွမ်းအား စသည့်နယ်ပယ်(၅)ခုတွင် ချိတ်ဆက်မြှင့်တင်သွားရန်ရည်ရွယ်ပြီး လယ်ယာကဏ္ဍ၊ ဇီဝ-ဓါတုနှင့်ဇီဝ စီးပွားရေးနှင့် ကျန်းမာရေးခရီးသွားလုပ်ငန်းတို့တွင် နည်းပညာနှင့် R & D တို့အတွက် အခြေခံ အဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးကိုထောက်ပံ့ကူညီရန် ဒီဇိုင်းထုတ်ထားကြောင်းသိရှိရပါသည်။

(ရင်းမြစ်- ဘန်ကောက်မြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ကမ္ဘာ့နိုင်ငံအသီးသီး၏ပို့ကုန်ကန့်သတ်ချက်များမြင့်တက်လာ

          ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းများ စံချိန်တင်မြင့်တက်လာခြင်း၊ စွမ်းအင်နှင့်ဓါတ်မြေဩဇာ ကုန် ကျစရိတ်များမြင့်တက်လာခြင်းနှင့်ရုရှားနှင့်ယူကရိန်းပဋိပက္ခတို့ကြောင့် နိုင်ငံအချို့သည်အစားအစာ တင်ပို့မှုကန့်သတ်ချက်များကို စတင်စေခဲ့ကြောင်း၊ မေလလယ်အထိ နိုင်ငံတကာ စားနပ်ရိက္ခာမူဝါဒ သုတေသနအဖွဲ့အစည်း(IFPRI)သည် အစားအစာနှင့်ဓါတ်မြေဩဇာထုတ်ကုန်များပေါ် တင်ပို့မှု ကန့် သတ်ပြုလုပ်ထားသည့်နိုင်ငံပေါင်း ၂၃ နိုင်ငံကိုမှတ်တမ်းတင်ခဲ့ကြောင်း၊ ပို့ကုန်ကန့်သတ်ချက်များ သည် ပို့ကုန်များကို ရပ်တန့်ရန်(သို့)ရပ်တန့်ရန်ရည်ရွယ်သောမူဝါဒများဖြစ်ကြောင်း၊ စားနပ်ရိက္ခာ တင်ပို့မှုကန့်သတ်ချက်များသည် ပြည်တွင်း စားနပ်ရိက္ခာဈေးနှုန်းများကို လျှော့ချရန်နှင့် ပြည်တွင်း စားနပ်ရိက္ခာ ဖူလုံမှုကို မြှင့်တင်ရန်ရည်ရွယ်ကြောင်း၊ ပို့ကုန်ကန့်သတ်ရေးမူဝါဒများတွင် ပို့ကုန်ခွန် ကောက်ခံခြင်း၊ ပို့ကုန်လိုင်စင်ခွင့်ပြုချက်လိုအပ်ခြင်းနှင့် ပို့ကုန်တားမြစ်ခြင်းတို့ပါဝင်ကြောင်း၊ ပို့ကုန် ကန့်သတ်ခြင်းကို တစ်နိုင်ငံတည်း‌ဆောင်ရွက်ပါက အချို့‌သောအခြေအနေများတွင် ပြည်တွင်း ဈေးနှုန်းများကိုလျှော့ချရန် အလားအလာရှိသော်လည်း နိုင်ငံအများအပြားက ကန့်သတ်ချက်ကို ကျင့်သုံးလာသည်နှင့်အမျှဈေးနှုန်းမတည်ငြိမ်မှု၊ထိတ်လန့်တကြားဝယ်ယူမှု၊ရှားပါးမှုနှင့်သိုလှောင်မှုတို့ ဖြစ်နိုင်ချေပိုများလာနိုင်ကြောင်း၊ ယနေ့အထိ ကမ္ဘာ့ဈေးကွက်အပေါ် သက်ရောက်မှုအကြီးဆုံး အစားအစာတင်ပို့မှုကန့်သတ်ချက်များမှာ အင်ဒိုနီးရှားက စားအုန်းဆီတင်ပို့မှုကို တားမြစ်ထားခြင်း၊ အိန္ဒိယနိုင်ငံက ဂျုံတင်ပို့မှုထိန်းချုပ်ထားခြင်းနှင့် ရုရှားက အစေ့အဆံ၊ဆီထွက်သီးနှံများနှင့် သကြား တင်ပို့မှုကိုကန့်သတ်ထားခြင်းနှင့် ကာဇက်စတန် က ဂျုံနှင့်ဂျုံမှုန့်ကိုခွဲတမ်းဖြင့် တင်ပို့စေခြင်းတို့ဖြစ် ကြောင်း၊ ဩစတြေးလျ သည်  ၂၀၂၂-၂၀၂၃ ခုနှစ် သီးနှံစိုက်ပျိုးရာသီအတွက် အပြုသဘောဆောင် သော အလားအလာကောင်းများရှိနေရာ ဩစတြေးလျ ပို့ကုန်လုပ်ငန်းရှင်များသည် ပို့ကုန်ကန့်သတ် ချက်များကြောင့် ဖန်တီးထားသောထောက်ပံ့မှုဆိုင်ရာကွာဟချက်အချို့ကို ဖြည့်ဆည်းပေးနိုင်မည့် အနေအထားသို့ရောက်ရှိနေကြောင်း၊ ကမ္ဘာ့ဈေးကွက်တွင် မသေချာမရေရာမှုများ တိုးတက်လာနေ ချိန်တွင် ဩစတြေးလျ၏အရည်အသွေးမြင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ယုံကြည်စိတ်ချရ သောကုန်ပစ္စည်းများထောက်ပံ့သူဖြစ်ရေး ဂုဏ်သတင်းက အထူးအရေးကြီးကြောင်းသိရှိရပါသည်။

(ရင်းမြစ်-ကင်ဘာရာမြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

အင်ဒိုနီးရှားစားအုန်းဆီမူဝါဒပြောင်းလဲပြန်

          အင်ဒိုနီးရှားနိုင်ငံစက်မှုဝန်ကြီးဌာနက ဟင်းချက်ဆီလက်ကားရောင်းဈေးအတွက်  အစိုးရက ထောက်ပံ့ကြေးပေးသည့်အစီအစဉ် ရုပ်သိမ်းခြင်းကို ဇွန်လ (၇)ရက်နေ့မှစ၍သက်ရောက်သည်ဟု ကြေညာခဲ့ကြောင်း၊စားအုန်းဆီထုတ်လုပ်သူများက အဓိကကျသည့် စားသောက်ကုန်ဖြစ်သော ဟင်း ချက်ဆီကို ဈေးကွက်ပေါက်ဈေးထက်လျော့နည်းနေသော အစိုးရပြဌာန်းသည့်ဈေးနှုန်းဖြင့် ရောင်းချ ပေးရသည့်အတွက် စားအုန်းဆီထုတ်လုပ်သူများကို အစိုးရက ထောက်ပံ့ကြေးပေးအပ်နေသော အစီ အစဉ်ကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း‌၊ ကမ္ဘာ့စားအုန်းဆီကြမ်း Crude Palm Oil (CPO) ဈေးနှုန်း များ မြင့်တက်နေသည့်အလျောက် အင်ဒိုနီးရှား ပြည်တွင်း စားအုန်းဆီသန့်ဈေးနှုန်းက  တစ်လီတာ လျှင် ရူပီးယား ၂၀၀၀၀ ပေါက်ဈေး ဖြစ်နေချိန်တွင်  အစိုးရသတ်မှတ်သည့်ဈေးနှုန်း တစ်လီတာ လျှင် ရူပီးယား ၁၄၀၀၀ (၀.၉၆ ဒေါ်လာ)ဖြင့် စားအုန်းဆီထုတ်လုပ်သူများက ဈေးကွက်ကို ‌ပေးသွင်း ကြရကြောင်း၊ နစ်နာသည့်ဈေးနှုန်းကွာဟချက်ကို အစိုးရထံတွင်လျှောက်ထားပြီး ထောက်ပံ့ကြေး ရယူသည့်အစီအစဉ်ကိုရုပ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း၊ ထောက်ပံ့ကြေးကို စားအုန်းဆီထောက်ပံ့ရေး ရန်ပုံငွေဌာန (Palm Oil Support Fund Agency)က ထုတ်ပေးနေရာ အဆိုပါထောက်ပံ့ကြေး ပေး သည့်အစီအစဉ်ကို ၂၀၂၂ ခုနှစ်၊မေလ(၃၁)ရက်တွင် ရပ်ဆိုင်းခဲ့ကြောင်း၊ထောက်ပံ့ကြေးအစီအစဉ်ကို လက်ကား ဟင်းချက်ဆီ ပြည်သူ့အစီအစဉ် Bulk cooking oil public program အစီအစဉ်ဖြင့် အစားထိုးလိုက်ကြောင်း‌၊ ၎င်းအစီအစဉ်က အများဆုံးဈေးနှုန်းများနှင့် ပြည်တွင်းဈေးကွက်အတွက်  ဟင်းချက်ဆီထုတ်လုပ်ရန် စားအုန်းဆီကြမ်းခွဲတမ်းများကိုလည်း ချမှတ်ကြောင်း၊ ကုန်သွယ်ရေး ဝန်ကြီးဌာန၊စိုက်ပျိုးစက်မှုဌာန ညွှန်ကြားရေးမှူးချုပ်က အစိုးရသတ်မှတ်ဈေးနှုန်းဖြင့် မပျက်မကွက် ရောင်းချရသည့်အတွက် နစ်နာရခြင်းများကို ငွေကြေးအစား ပြည်ပပို့ကုန် ခွဲတမ်းယူမည်လားဟု ကုမ္ပဏီ(၆၁)ခုအားမေးမြန်းခဲ့ရာ (၃၅) ခုက ပြည်ပတင်ပို့ရန် ခွဲတမ်းရယူလိုသည်ဟု ဖြေကြားခဲ့ကြ ကြောင်း၊ ကုမ္ပဏီ( ၆၁ )ခုတွင် ( ၅) ခုသာထောက်ပံ့ကြေးထုတ်ယူခဲ့သော်လည်း ကျန်ကုမ္ပဏီများက လိုအပ်သောစာရွက်စာတမ်းများတင်ပြရန် ပျက်ကွက်နေကြကြောင်း၊ မူဝါဒအသစ်အကြိုကာလ၌ အစိုးရက ဟင်းချက်ဆီလက်ကားဈေးနှုန်းကို အများဆုံးဈေးနှုန်း တစ်ကီလိုလျှင် ရူပီးယား ၁၅၅၀၀ သတ်မှတ်ထားပြီး ဈေးကွက်ပေါက်ဈေးက တစ်ကီလိုလျှင် ၁၆၆၂၀ ဖြစ်ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-Myanmar Food Guide မှရရှိသည့်သတင်း)

သစ်သီးတင်ကားများအား ဇွန်လ(၁ )ရက်နေ့မှ စတင်၍ စစ်ဆေးမှုများဖြေလျှော့ပေး

          မြန်မာတရုတ်နယ်စပ်ဝမ်တိန်ဘက်မှ တရုတ်ပြည်မထဲသို့ထွက်ခွာမည့် သစ်သီးတင်ကားများ အား၂၀၂၂ ခုနှစ်၊ဇွန်လ(၁)ရက်နေ့မှစ၍ တရုတ်နိုင်ငံဘက်မှ စစ်ဆေးမှုများ ဖြေလျှော့ပေးခဲ့သည်ဟု မူဆယ်ကုန်စည်ဒိုင်အသင်းဥက္ကဋ္ဌက ဆင်ဟွာသတင်းသို့ပြောကြားခဲ့ကြောင်း၊ ယခင်က သစ်သီးကား များကို  နေရာ ၅ ခုခန့်၌ဆေးဖြန်းပြီး ယခု နေရာ ၂ ခု ခန့်၌သာဆေးဖြန်းရပြီး ဆေးဖြန်းဂိတ်များ လျှော့ပေးသော်လည်း လက်ရှိတွင် ယာဉ်မောင်းများကို အစားထိုးဖြင့်သာသွားရကြောင်း၊ကိုဗစ် ၁၉ ရောဂါနှင့်ပတ်သက်၍ ယခင်ကစာရွက်စာတမ်း ၄ မျိုးခန့်လိုသော်လည်းယခု ၂ မျိုးခန့်သာယူရ သဖြင့်သစ်သီးတင်ကားများနှင့်ပတ်သက်၍ဖြေလျှော့မှုများစွာဆောင်ရွက်ခဲ့ကြောင်း၊ ဆေးဖြန်းသည့် ဖြေလျှော့မှုများပေးသဖြင့်သစ်သီးများညှိုးနွမ်းမှုနည်းပါးသွားပြီးအသီးကားများအဆင်ပြေလာသကဲ့သို့ သစ်သီးကားများအချိန်ကြာရှည်စောင့်ဆိုင်းရခြင်းမလိုအပ်တော့သဖြင့် ကုန်သည်များအနေဖြင့် ဇွန်လ(၁)ရက်နေ့မတိုင်ခင်နှင့်နှိုင်းယှဉ်ပါကပိုမိုအကျိုးရှိလာကာမြန်မာတရုတ်နယ်စပ်ဂိတ်ဖြစ်သောကျင်စန်းကျော့ဂိတ်၌ နေ့စဉ်ကုန်တင်ယာဉ် အစီး(၄၀)ခန့်အဝင်အထွက်ရှိပြီးလက်ရှိတွင် မြန်မာ့ သရက်သီးများ တင်ပို့မှုများနေသည်ဟု အသင်းဥက္ကဋ္ဌက ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-Myanmar Food Guide မှရရှိသည့်သတင်း)

စားအုန်းဆီ လက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၅၆၄၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

နေပြည်တော် ဇွန် 5

               စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး   စားအုန်းဆီ အဓိက ထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်း တွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

               ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများ၌ စားအုန်းဆီ ဈေးနှုန်းများ ယခင် အပတ်ထက် အနည်းငယ် ကျဆင်းလာခဲ့ပြီး တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့ သည့် FOB ဈေးနှုန်းများအပေါ် အခြေခံ၍ တွက်ချက်မှုအရ ၂၀၂၂ ခုနှစ်၊ ဇွန်လ 6 ရက်နေ့မှ ဇွန်လ 12 ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၅64၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

               ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

               အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm ၊ Facebook Page နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

သတင်းစဉ်

မုံရွာမြို့နယ်ထွက် မန်ကျည်းဈေးကောင်းရ

             ယခင်နှစ်မေလတွင် မုံရွာမြို့နယ်၌ မန်ကျည်းအသားထိပ်စ တစ်ပိဿာလျှင် ကျပ် ၅၀၀၀၊ အသား အလတ်စ တစ်ပိဿာကျပ် ၄၀၀၀ နှင့် အသားအောက်စ တစ်ပိဿာကျပ် ၃၀၀၀ တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး မန်းကျည်းအကြောမပါ အလုံးတစ်ပိဿာ ၆၀၀၀ကျပ်ဖြင့် အရာင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

          ယခုနှစ်ဈေးနှုန်းအနေဖြင့် မေလတွင် မန်ကျည်းအသားထိပ်စ တစ်ပိဿာကျပ် ၆၀၀၀၊ အလတ်စတစ်ပိဿာ ကျပ် ၅၀၀၀၊ အောက်စတစ်ပိဿာလျှင် ကျပ်၄၀၀၀ နှင့် မန်ကျည်း အကြောမပါတစ်ပိဿာ ကျပ်၇၀၀၀ တို့ဖြင့် အရာင်းအဝယ်ဖြစ်နေသဖြင့် ကာလတူဈေးနှုန်း နှိုင်းယှဉ်ပါက ဈေးနှုန်းမြင့်တက်နေကြောင်း တွေ့ရှိရပါသည်။

          မုံရွာမြို့နယ်ထွက် မန်ကျည်းများကို မန္တလေးပွဲရုံများသို့ တစ်ပတ်လျှင် ကုန်ချိန်တစ်သောင်းခန့် တင်ပို့ရောင်းချရကြောင်း၊ ယခင်နှစ်က မန်ကျည်းဈေးနှုန်းလျှော့နည်းခဲ့သောကြောင့် အရောင်းသွက်ခဲ့ပြီး ယခုနှစ်တွင် ဈေးနှုန်းမြင့်သော်လည်း အရောင်းအဝယ်အေးခဲ့ကြောင်း သိရပါသည်။ ယခုနှစ် မုံရွာမြို့နယ်အတွင်း မန်းကျည်းအသားလက်ကျန် ငါးသိန်းခွဲခန့်ရှိပြီး အကြောမပါမန်ကျည်းသီး အလုံးလက်ကျန် တစ်သိန်းခွဲခန့် ရှိနိုင်ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

“ နွားမွေးမြူရေးနှင့် နွားစျေးကွက်အား ကွင်းဆင်းလေ့လာ”

                မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည်တွင် ကျောက်ဆည်မြို့နယ်၊ လက်ပန်ကျေးရွာ   နွားပွဲစျေးရှိ နွားစျေးကွက်အခြေအနေနှင့် ကျေးရွာအတွင်းရှိ နွားမွေးမြူရေးခြံများအား သွားရောက်လေ့လာသိရှိခဲ့ရပါသည် ။ နွားပွဲစျေးရှိ ကျောက်ဆည်မြို့နယ် ၊ တံတားဦးလေးကျေးရွာမှ နွားခြံပိုင်ရှင် ဦးမြင့်အောင်နှင့်တွေ့ဆုံ၍ နွားထီး/ နွားမများ၏စျေးနှုန်းများနှင့် သိရှိလိုသည်များကို တွေ့ဆုံမေးမြန်းရာနွားခြံပိုင်ရှင်မှ ယခုလက်ရှိအချိန်တွင်နွားထီးအကြီးစျေးမှာ စျေးကွက်အခြေအနေမကောင်းဖြစ်နေ၍ အရောင်းအဝယ်အေးနေကြောင်း နှင့်ယခုလက်ရှိ နွားထီးသွား(၄)ချောင်းစိုက် နွားသိုးများသာ အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။ နွားသိုးများ အရောင်းအဝယ်စျေးကောင်းရနေခြင်းမှာ နွားသိုးများကို အမဲသားစျေးကွက်နှင့် တွက်ချက်ဝယ်ယူပြီး အမဲသားထွက်ရှိမှုမှာ နွားကြီးများထက် အမဲသားပိဿာချိန် ပိုမိုထွက်ရှိခြင်းကြောင့်ဖြစ်ကြောင်း၊နွားကြီးစျေးကွက် အရောင်းအဝယ်စျေးအေးနေရခြင်းမှာ ယခုလက်ရှိအချိန်တွင် တရုတ်ကုန်သွယ်မှုလမ်းကြောင်းပိတ်ထား၍တရုတ်ပြည်မှ နွားများအဝယ်ရပ်ထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။ယခုလက်ရှိအချိန်တွင် နွားသိုးများသာပြည်တွင်းရောင်းဝယ်မှုအတွက် ကြိုက်ရောင်း ကြိုက်ဝယ်ဖြစ်၍ စျေးနှုန်းများမြင့်တက်နေရပြီး ယခုလတ်တလော နွားထီးစျေးနှုန်းမှာ နွားထီးသွား (၄)ချောင်းစိုက်တစ်ကောင်လျှင်(၇၅၀၀၀၀-၈၀၀၀၀၀)ကျပ်စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေပြီး နွားထီးသွား(၆)ချောင်းစိုက်တစ်ကောင်လျှင်(၈၀၀၀၀၀-၉၀၀၀၀၀)ကျပ်စျေးနှုန်းများဖြင့်အရောင်း အဝယ်ဖြစ်နေကြောင်း ၊နွားကြီးစျေးနှုန်းများအနေဖြင့် ယခင်စျေး နွားကြီးသွားစုံ တစ်ကောင်လျှင်(၁၅၀၀၀၀၀-၁၈၀၀၀၀၀)ကျပ်ရှိခဲ့ရာ ယခုကာလပေါက်စျေးအနေဖြင့် (၁၂၀၀၀၀၀-၁၃၀၀၀၀၀)ကျပ် ဝန်းကျင်စျေးနှုန်းများရှိပြီး အရောင်းအဝယ်အေးလျက်ရှိကြောင်း သိရှိရပါသည် ။ လက်ပန်နွားပွဲစျေးမှာ(၇)ရက်လျှင်(၁)ကြိမ် ရောင်းဝယ်လျက်ရှိပြီး  နွားကြီးများမှာ တစ်ကောင်စ ၊ နှစ်ကောင်စ တောင်သူများခိုင်းရန်အတွက် လာရောက်ဝယ်ယူနေသည်ကိုသာတွေ့ရှိရပြီး ဝယ်လက်နည်းကြောင်း၊နွားကြီးများသည် တရုတ်ဝယ်လက်အကြိုက်ဆုံးနွားများဖြစ်ပြီး တရုတ်ဝယ်လက်များ အား အဓိကထားရောင်းချနေရသောကြောင့် ယခုလက်ရှိအချိန်တွင် တရုတ်ဝယ်လက် ရပ်နားထားသောကြောင့် နွားကြီးစျေးကွက်အေးလာရခြင်းဖြစ်ကြောင်း နွားခြံပိုင်ရှင်၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

“ပဲတီစိမ်း(မိုးကြို/မိုး)စိုက်ပျိုးမှုနှင့် စျေးကွက်အခြေအနေ”

             မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်တွင် ပဲတီစိမ်း (မိုးကြို/မိုး)ကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်တွင် (၁၅၀၁၁)ဧက စိုက်ပျိုးခဲ့ပြီး ယခုနှစ် ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် (၉၈၈၁)ဧက ၊ စဉ့်ကိုင်မြို့နယ်တွင်(၆၆၇၄)ဧက ၊ မြစ်သားမြို့နယ်တွင် (၃၁၂၃)ဧက ၊ တံတားဦးမြို့နယ်တွင် (၂၂၄)ဧက၊စုစုပေါင်း(၁၉၉၀၂)ဧက စိုက်ပျိုးလျှက်ရှိပြီး ယခင်နှစ်ထက် (၄၈၉၁) ဧက ပိုမိုစိုက်ပျိုးကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည် ။  ပဲတီစိမ်းမျိုးအနေဖြင့် ကျောက်စိမ်းမျိုး ၊ ရေဆင်း(၁၁)မျိုးများကိုသာ အများဆုံးစိုက်ပျိုးကျပြီး တစ်ဧကလျှင် မျိုးစေ့(၅-၆) ပြည်ခန့်ကုန်ကျကြောင်း၊ မျိုးစျေးနှုန်းအနေဖြင့် တစ်ပြည်လျှင်(၅၀၀၀/-)ကျပ်နှုန်းဖြင့်ဝယ်ယူစိုက်ပျိုးရပြီး တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ စုစုပေါင်း(၂၇၀၀၀၀/-)ကျပ်ဝန်းကျင် ကုန်ကျကြောင်းသိရှိရပါသည်။ ပဲတီစိမ်း(မိုးကြို/မိုး)ကို မတ်လတွင်စိုက်ပျိုးကြပြီး ယခုအချိန်တွင် ပဲတီစိမ်းများ စတင်ထွက်ရှိနေပြီ ဖြစ်ပါသည် ။ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင်(၁၀-၁၂)တင်းခန့် ထွက်ရှိကြောင်း ၊ ပဲတီစိမ်းစျေးနှုန်းအနေဖြင့် ကျောက်ဆည်ပွဲရုံများ၌ ပဲတီစိမ်းတစ်တင်းလျှင် (၄၈၀၀၀/-)ကျပ်စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေပြီး တစ်ဧကအကျိုးအမြတ်အနေဖြင့် (၂၁၀၀၀၀/-)ကျပ်ဝန်းကျင်ခန့်ရရှိကြောင်း ၊ ကျောက်ဆည်မြို့နယ်၊ သံချပ်ကုန်းကျေးရွာရှိ တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

 

 “ကျောက်ဆည်ဒေသထွက် စိန်တလုံးသရက်သီး စျေးနှုန်းစျေးကွက်အခြေအနေ”  

              မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် စပါးကိုအဓိကထား စိုက်ပျိုးကြသော်လည်း ကျေးလက်နေတောင်သူများသည် နှစ်ရှည်သီးနှံဖြစ်သော သရက်သီးနှံကို ယာမြေနှင့်ဥယျာဉ်ခြံမြေများတွင် အများအပြား စိုက်ပျိုးလျက်ရှိပါသည်။သရက်စိုက်တောင်သူများသည် သရက်စိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီပြီး အရည်အသွေးကောင်းမွန်သော မျိုးများကိုသာ ရွေးချယ်စိုက်ပျိုးလျှက်ရှိပြီး ထင်ရှားသောသရက်မျိုးများမှ ာစိန်တလုံး၊ရွှေဟင်္သာ၊ပတ္တမြားငမောက်နှင့်ရင်ကွဲမျိုးများ ဖြစ်ပါသည်။တောင်သူအများစုသည် စိန်တလုံးသရက်ကိုသာ အဓိကထားပြီး ကျယ်ကျယ်ပြန့်ပြန့် အများဆုံး စိုက်ပျိုးလာကြကြောင်း၊စိုက်ပျိုးရာတွင် ယခင်က ပင်ခြား၊ တန်းခြားစနစ်ဖြင့် (၃၀×၃၀)ပေခြားစိုက်ပြီး ယခုခေတ်သစ် စိုက်ပျိုးနည်းဖြင့်(၅၀×၅၀)ပေခြား အများဆုံးစိုက်ပျိုးကြကြောင်း၊သရက်စိုက်ပျိုးရာတွင်သက်တမ်း(၁-၂)နှစ်သားရှိသောအစေ့ပျိုးပင်နှင့် ကိုင်ကူးထားသော ပျိုးပင်များကိုသာ အများ ဆုံးစိုက်ပျိုးကြပြီး စျေးနှုန်းအနေဖြင့် အစေ့ပျိုးပင်(၁-၂)နှစ်သား ပျိုးပင်တစ်ပင်လျှင်(၁၅၀၀-၂၀၀၀) ကျပ်စျေးနှုန်း နှင့် ကိုင်းကူးပျိုးပင် တစ်ပင်လျှင်(၂၀၀၀-၃၀၀၀)ကျပ် စျေးနှုန်းဖြင့်ဝယ်ယူရကြောင်း ၊ ၄င်းမျိုးများစိုက်ပျိုးခြင်းဖြင့် အသေအပျောက် နည်းပါးပြီး စရိတ်စခကုန်ကျမှုသက်သာသောကြောင့် သရက်စိုက်တောင်သူများအများအပြား စိုက်ပျိုးလာကြကြောင်း သိရှိရပါသည်။အထွက်နှုန်းအနေဖြင့် စိုက်ပျိုးပြီးအပင်သက်တမ်းပေါ် မူတည်၍ အပင်သက်တမ်း(၅-၁၀)နှစ်သားတစ်ပင်လျှင် သရက်သီး အရေအတွက်(၁၀၀-၅၀၀)လုံးခန့် ၊ အပင်သက်တမ်း(၁၀-၂၀)နှစ်သား တစ်ပင်လျှင်သရက်သီး အရေအတွက်(၅၀၀-၁၅၀၀)လုံးခန့်ထွက်ရှိကြောင်း ၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် သရက်သီး ရာသီအချိန် (၁)နှစ်လုံးတွင် ဆေးဖြန်းခြင်း၊ မြေသြဇာကျွေးခြင်းနှင့် အိတ်စွပ်ခ စုစုပေါင်း(၃၀၀၀၀၀) ကျပ်ဝန်းကျင်ခန့်ကုန်ကျကြောင်း ၊ သရက်သီးကိုအိတ်စွပ်ခြင်းဖြင့်အရောင်အသွေးကောင်းမွန်ခြင်း၊ ရာသီဥတုဒဏ်ခံနိုင်ခြင်းနှင့် စျေးကွက်ကောင်းများရရှိကြောင်း၊ စိန်တလုံးသရက်စျေးကွက်အနေဖြင့် ယခင်ကအထွက်နှုန်းကောင်းသော်လည်း စျေးနှုန်းရရှိမှုနည်းပါးပြီး ယခုနှစ်တွင်အထွက်နှုန်းနည်းသော်လည်း စျေးကောင်းရရှိသောကြောင့် ပြည်ပစျေးကွက်အနေဖြင့် တရုတ်နိုင်ငံသို့တင်ပို့ရာတွင် ယွမ်ငွေစျေးနှုန်းမြင့်တက်နေသောကြောင့် တရုတ်စျေးကွက်တွင် စိန်တလုံးသရက် (16 kg)တစ်ခြင်း လျှင်ယွမ်(၁၃၀-၁၄၀)ဝန်းကျင် ခန့်ရရှိကြောင်း၊ တရုတ်ငွေ တစ်ယွမ်ကို မြန်မာငွေ(၃၀၀)ကျပ် စျေးရှိပြီး (16kg)တစ်ခြင်းလျှင်မြန်မာငွေ(၃၉၀၀၀-၄၂၀၀၀)ကျပ်ခန့်ပေါက်စျေးရှိပြီး တောင်သူများ စျေးကောင်းရရှိလာခြင်းဖြစ်သည်။ ပြည်တွင်းစျေးကွက်တွင်လည်း စိန်တလုံးသရက်သီး တစ်လုံး လျှင်(၃၀၀-၅၀၀) ကျပ်စျေးအထိ ရောင်းချရပြီး အိတ်စွပ်သီးတစ်လုံးလျှင်(၆၀၀-၇၀၀)ကျပ်စျေးနှုန်း ရရှိကြောင်း သရက်စိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

 

ဓါတ်မြေဩဇာဈေးနှုန်းများ ဈေးပြန်မြင့်တက်လာ

           ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၌ မေလအတွင်း ဓါတ်မြေဩဇာဈေးကွက်မှာ ယခင်နှစ်ထက် ဈေးနှုန်းနှစ်ဆခန့် မြင့်တက်လာပြီး အရောင်းအဝယ်ပုံမှန်ရှိနေကြောင်း သိရှိရပါ သည်။

          ၂၀၂၂ ခုနှစ် မေလဒုတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်နေသော ဈေးနှုန်းများမှာ သံကွင်း (P2O5 46% 50Kg)  တစ်အိတ်လျှင် ကျပ် ၈၉၀၀၀၊ Urea (ကော်မတ်) 50Kg တစ်အိတ်လျှင် ကျပ် ၉၁၅၀၀၊ Urea (ရွှေတောင်) 50Kg တစ်အိတ်လျှင် ကျပ် ၉၂၀၀၀၊ ဈေးကွက်ဖြစ်ပေါ်ခဲ့ပြီး မေလနောက်ဆုံးပတ်တွင် (P2O5 46% 50Kg)  တစ်အိတ်လျှင် ကျပ် ၉၄၀၀၀၊ Urea (ကော်မတ်၊ ရွှေတောင်) 50Kg တစ်အိတ်လျှင် ကျပ် ၉၅၀၀၀ ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ပေါ်နေပြီး ဓါတ်မြေဩဇာ အရောင်းအဝယ်ပြုလုပ်နေသော ကုန်သည်များလက်ဝယ်တွင် လက်ကျန်နည်းပါး နေပါသဖြင့် စိုက်ပျိုးရာသီဖြစ်သော ဇွန်လတွင် သံကွင်း (P2O5 46% 50Kg)  တစ်အိတ်လျှင် ကျပ်  ၁၀၀၀၀၀၊ Urea (ကောမတ်၊ ရွှေတောင်) 50Kg တစ်အိတ်လျှင် ကျပ် ၁၀၀၀၀၀ အထိ ဈေးနှုန်းမြင့်တက်နိုင်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရခိုင်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း