ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကြို့ပင်ကောက်မြို့ ငွေဒါးရကျေးရွာတွင် စီးပွားဖြစ်စံပယ်ပန်းများ စိုက်ပျိုး

            ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ သပြေရုံအုပ်စု၊ ငွေဒါးရကျေးရွာတွင် အိမ်ခြေစုစုပေါင်း (၅၀)ကျော်ခန့်ရှိပါသည်။ အိမ်ခြေ ၃ ပုံ ၂ ပုံလောက်သည် စံပယ်ပန်းကို စိုက်ပျိုးကြပြီး တစ်ချို့က ခြံသီးသန့်စိုက်ပျိုးကြပြီး တစ်ချို့က အိမ်ခြံဝန်းအလွတ်များတွင် စိုက်ပျိုးလျက်ရှိကြောင်းသိရှိရပါသည်။

       ဒေသခံတောင်သူတစ်ဦးမှာ ၁၂ ရာသီပွင့်သော ရန်ကုန်စံပယ်ပန်းမျိုးကို ဧက၏တစ်ဝက်(၂)ကျိုးစိုက်ပျိုးထားကြောင်း၊ မှော်ဘီမြို့မှ ထိုစံပယ်ပန်းမျိုးပင်ကိုင်းတက်များကိုဝယ်ယူ၍ စိုက်ပျိုးထားကြောင်းနှင့် လွန်ခဲ့သော ၁၀ နှစ်ခန့်က တစ်ပင်လျှင် ၂၅ ကျပ် ၊ ၃၀ ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးခဲ့ရသော်လည်း ယခုနှစ်တွင် ကိုင်းတက်တစ်ပင်လျှင် (၁၀၀၀ မှ ၁၅၀၀) ကျပ်တို့ဖြင့် ဝယ်ယူရကြောင်းသိရှိရပါသည်။

      စံပယ်ပန်းပင်ကိုစိုက်ပျိုးရာတွင် မြောင်းဖော်၍ တစ်မြောင်းလျှင် အပင် ၂၀၀ နှုန်းဖြင့် မြောင်း ၁၃ မြောင်းဖော်၍စိုက်ပျိုးရကြောင်း၊ ယခင်က ရေထမ်းလောင်း၍စိုက်ပျိုးပြီး ရေတစ်ခါလောင်းလျှင် ရေထမ်းပေါင်း (၂၀၀) ထမ်းလောင်းရကြောင်းနှင့် ယခုအခါ စက်ဖြင့်အလွယ်တကူမောင်းတင်ရသဖြင့် ရေထမ်းဖိုးငွေကုန်ကျစရိတ်သက်သာသွားကြောင်းသိရှိရပါသည်။

       မြေသြဇာအနေဖြင့် (အာမို) ဓာတ်ဆားကို ၁၅ ရက်တစ်ပတ်လျှင် ၅ ပိဿာထည့်သွင်းရကြောင်း၊ တစ်ပိဿာလျှင် ၃၀၀၀ ကျပ် ၊ ပန်းပွင့်အားဆေးကို ၁၅ ရက်တစ်ပတ်လျှင် အထပ် ၂၀ ပွင့်ဆေးတစ်ဘူးလျှင် ၆၀၀၀ ကျပ်ဖြင့် ဝယ်ယူသုံးစွဲရကြောင်းနှင့် စံပယ်ပန်းသည် ရာသီမရွေးပွင့်၍ နွေရာသီနှင့်မိုးရာသီတို့တွင် အပွင့်ရေအများဆုံးပွင့်ပြီး ဆောင်းရာသီတွင် အပွင့်ရေနည်းပါးစွာပွင့်ကြောင်းသိရှိရပါသည်။

       တစ်နေ့လျှင် ပန်းပွင့်အရေအတွက် (၂၀၀၀၀)ပွင့်ကို အပ်ချည်ဖြင့် သီကုံးရာတွင်လည်း အလုပ်သမား(၄)ယောက်ဖြင့် အပ်ချည်လုံးတစ်လုံးလျှင် ၂၀၀ ကျပ်ဖြင့် သီခနှင့်ခူးဆွတ်ခများပေးရကာ နာရီပိုင်းအတွင်း ပြီးဆုံးကြောင်း၊ သီကုံးခူးဆွတ်ခအနေဖြင့် အလုပ်သမားများအား ၁၀၀၀၀ ကျပ်ပေးချေရကြောင်းနှင့် တစ်နေ့လျှင် ဝင်ငွေအားဖြင့် ၃၀၀၀၀ ကျပ်မှ ၄၀၀၀၀ ကျပ်အထိရရှိကာ တရားပွဲ၊ အလှူပွဲ၊ မင်္ဂလာဆောင်များရှိလျှင် ပို၍အရောင်းသွက်လျက်ရှိကြောင်းသိရှိရပါသည်။

         ဈေးကွက်အနေဖြင့် လက်ပံတန်းမြို့သို့ နံနက်ပိုင်းဆိုင်ကယ်ဖြင့်သွား‌ရောက်၍ ဖောက်သည်သွင်း၍ပေးရကြောင်း၊ ဖောက်သည်ကို ပန်း ၁၀ ပွင့်ပါ အကုံးရေ ၁၀၀ လျှင် (၁၅၀၀)ကျပ်ဖြင့်သွင်း၍ တစ်နေ့လျှင် အကုံးရေ  ၂၀၀၀ ကုံးခန့် ရောင်းချရကြောင်း၊ စံပယ်ပန်းစိုက်ပျိုးခြင်းဖြင့် နေ့စဉ် စားဝတ်နေရေးအဆင်ပြေနိုင်ပါကြောင်းနှင့် စီးပွားဖြစ်ပန်းအနေဖြင့် တိုးချဲ့စိုက်ပျိုးမည်ဖြစ်ပါကြောင်း ဒေသခံစံပယ်စိုက်တောင်သူတစ်ဦး၏ အတွေ့အကြုံနှင့်အခြေအနေများကို ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၆ .၂.၂၀၂၃)

   ၂၆ .၂.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၅ .၂.၂၀၂၃)

  ၂၅ .၂.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၄ .၂.၂၀၂၃)

       ၂၄ .၂.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

      ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ၂၀၂၃ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၅) ရက်နေ့မှ ဖေဖေါ်ဝါရီလ (၂၁) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ပြင်ဦးလွင်ထွက် စတော်ဘယ်ရီ အလုံးကြီးတစ်ခြင်း ၅ ပိဿာပါ ကျပ် ၂၈၀၀၀ ၊ စတော်ဘယ်ရီ အလုံးကြီး တစ်ဗူး ၁၈ ကျပ်သားပါ ကျပ် ၁၂၀၀၊ တွံတေး၊ ပန်းတိုင် (လှိုင်သာယာ)မှ သခမသီး အလုံးကြီးတစ်ခြင်း အလုံး ၂၅ မှ ၃၅ ပါကျပ် ၁၈၀၀၀၊ အလုံးလတ်  အလုံး ၄၀ မှ ၄၅ ပါကျပ် ၁၇၀၀၀၊ အလုံးသေး အလုံး ၆၀ မှ ၉၀ ပါကျပ် ၁၅၀၀၀၊ သီပေါထွက် နာနတ်သီး အလုံးကြီး ကျပ် ၁၂၀၀ ၊ အလုံးလတ် ကျပ် ၁၀၀၀ ၊ အလုံးသေး  ကျပ် ၈၀၀ ၊ မှော်ဘီ၊ တိုက်ကြီးထွက် မာလကာသီး အလုံးကြီး ကျပ် ၆၀၀၊ အလုံးလတ် ကျပ် ၅၀၀ မှ ၄၀၀၊ အလုံးသေး ကျပ် ၃၀၀၊ မြစ်သားထွက်ပဲမြစ် တစ်ပိဿာ အလုံးကြီး ကျပ် ၂၅၀၀၊ အလုံးလတ် ကျပ် ၂၀၀၀ ၊ အလုံးသေး ကျပ် ၁၅၀၀၊ ပဲခူး (ဘုရားကြီး) မှ စိမ်းစားဥ အလုံးကြီး ၁ တွဲ ကျပ် ၇၀၀၊ အလုံးလတ် ကျပ် ၆၀၀ ၊ မော်လမြိုင်ထွက်ကျွဲကောသီး အလုံးကြီး ကျပ် ၂၅၀၀ မှ ၁၅၀၀၊ အလုံးလတ် ကျပ် ၁၂၀၀ မှ ၁၀၀၀ ၊ အလုံးသေး ကျပ် ၈၀၀ မှ ၅၀၀ ၊ အင်းမ၊ ခရမ်းထွက် ဖရဲသီး (855) အလုံးကြီး ကျပ် ၁၃၅၀၀ ၊ အလုံးလတ် ကျပ် ၁၀၀၀၀ ၊ အလုံး သေး ကျပ် ၉၀၀၀ မှ ၇၀၀၀ ၊ ခရမ်း၊ ရေကြည်ထွက် ဖရဲသီး (211) အလုံးကြီး ကျပ် ၄၈၀၀၊ အလုံးလတ် ကျပ် ၃၅၀၀ ၊ အလုံးသေး ကျပ် ၂၅၀၀ မှ ၁၅၀၀၊ ဆင်ဖြူကျွန်းထွက် ဇီးသီး (စလေ) အလုံးကြီးတစ်ခြင်း ၈ ပြည်ပါကျပ်  ၁၁၀၀၀၊ ၊ ပြည်ထွက်  ဇီးသီး (အချဉ်) အလုံးကြီးတစ်ခြင်း ၁၃ ပြည်ပါကျပ်  ၁၃၀၀၀   ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP)  မှ သိရှိရပါသည်။

DOCA(ရန်ကုန်)

 

                         

 

 

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

    အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဖေဖေါ်ဝါရီလ(၁၅)ရက်နေ့မှ ဖေဖေါ်ဝါရီလ(၂၁)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်နေကြရာ ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်(ပိဿာ)ကျပ် ၁၂၀၀ မှ ၁၆၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၅၀၀ မှ ၁၃၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၃၀၀ မှ ၁၀၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၂၃၀၀ မှ ၂၅၀၀ အတွင်း၊ မုန့်လာဉနီ(ပိဿာ) ကျပ် ၁၀၀၀ မှ ၂၀၀၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် ၁၀၀၀ မှ ၅၀၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် ၇၀၀ မှ ၁၅၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၁၂၀၀ မှ ၂၂၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၁၂၀၀ မှ ၁၆၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ)ကျပ် ၅၀၀၀ မှ ၆၀၀၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် ၃၆၀၀ မှ ၃၈၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၁၅၀၀ မှ ၁၈၀၀ အတွင်း၊ ဆလပ်ရွက် (စည်း) ကျပ် ၁၀၀ မှ ၂၀၀ အတွင်း၊ ချဉ်ပေါင်ရွက်(စည်း) ကျပ် ၆၅ မှ ၁၀၀ အတွင်း၊ ခရမ်းသီး  (ရှည်)(ပိဿာ)ကျပ် ၈၀၀ မှ ၁၈၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၈၅ မှ ၂၀၀ အတွင်း၊ ငရုတ်သီး စိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် ၁၆၀၀ မှ ၂၀၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၁၅၀၀ မှ ၁၀၀၀၀ အတွင်းဖြစ်ကြောင်း သိရှိရပါတယ်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း(၁၈၃၃၀၀)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) (၃၃၇၈၀) ကျော်၊ ဗူးသီးအလုံးပေါင်း (၅၄၆၀)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း(၆၀၀)ကျော်၊ ဂေါ်ဖီထုပ် ပေါင်း (၃၀၈၀၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၁၇၅၀၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၇၅၀၀) ကျော်၊ ဖရဲသီးလုံးပေါင်း (၁၃၂၀၀)ကျော်  အသီးသီးကုန်အဝင်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

 

ဧရာဝတီတိုင်ဒေသကြီး၏ပြည်ပပို့ကုန် သီဟိုဠ်ဈေးကွက် ယခုနှစ်အမြင့်ဈေးရရှိပြီး တောင်သူများတွက်ခြေကိုက်လျက်ရှိ

         ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသထွက်ကုန်တစ်မျိုးဖြစ်ပြီးရာသီသီးနှံတစ်ဖြစ်လဲ  ပြည်ပပို့ကုန်သီဟိုဠ်ဈေးကွက်သည် ဖေဖော်ဝါရီလ၊ တတိယအပတ်မှစတင်၍ ဈေးကွက်အတွင်းသို့ဝင်ရောက်လျက်ရှိပြီး  မတ်လပိုင်းဆိုလျှင် သီဟိုဠ်လှိုင်လှိုင်ပေါ်သည့်ရာသီဖြစ်ကြောင်း၊ သီဟိုဠ်ရာသီမှာမိုးမရွာခင်အချိန်အထိ ဈေးကွက်အတွင်းအရောင်းအဝယ်ဖြစ်၍ မေလ၊ ဇွန်လများတွင် မိုးရွာသွန်းပါက သီဟိုဠ်စေ့မှာမိုးမိပါက  ရေဝင်ပြီးအသီးမှာမဲသွားသည့်အတွက် ဈေးကွက်တွင်အရောင်းအဝယ်မဖြစ်တော့ဘဲ သီဟိုဠ်ရာသီကုန်ဆုံးသွားကြောင်း ဈေးကွက်မှသိရှိရသည်။

          တိုင်းဒေသကြီးအတွင်း သီဟိုဠ်စိုက်ဧက (၆၅၀၀၀) ခန့်ရှိပြီးမြောင်းမြခရိုင်၊ ဟင်္သာတခရိုင်နှင့်လပွတ္တာခရိုင်အပါအဝင်ပုသိမ်ခရိုင်၊ပုသိမ်မြို့နယ်၊ သာပေါင်းမြို့နယ် ၊ ငပုတောမြို့နယ်နှင့် ပင်လယ်ကမ်းခြေ၊ချောင်းသာ၊ ငွေဆောင်ဒေသများတွင်လည်း စိုက်ပျိုးလျက်ရှိပါကြောင်း၊ ပုသိမ်မြို့ပေါ်တွင် သီဟိုဠ်စေ့ကုန်ကြမ်းဝယ်ယူသည့်ဒိုင်များမှ ရန်ကုန်သို့တင်ပို့၍ ရန်ကုန်မှတဆင့် ကုန်ချောများပြုလုပ်ကာ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း အဝယ်ဒိုင်များမှသိရှိရသည်။

          ယခင်နှစ် သီဟိုဠ်ပေါ်ချိန် ၁ပိဿာ (၃၂၀ဝိ/- ၃၃၀ဝိ/-)ကျပ် ဈေးနှုန်းသာရှိသော်လည်း ယခုနှစ်တွင် သီဟိုဠ် ၁ပိဿာ (၁၀၀၀ိ/-) ကျပ် ကျော် ဈေးနှုန်းမြင့်တက်၍ ယခုနှစ်သီဟိုဠ် ၁ပိဿာကျပ် (၄၂၀ဝိ/-၄၃၀ဝိ/-)အတွင်း အရောင်းအဝယ်ဖြစ်လျက် တောင်သူများယခင်နှစ်ထက် ဈေးပိုရရှိ၍ တွက်ချေကိုက်လျက်ရှိပါကြောင်းနှင့်အချို့မြို့နယ်များတွင် သီဟိုဠ်အရည်အသွေးကွာခြားမှုပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုရှိနိုင်ကြောင်း မြို့ပေါ်ရှိ သီဟိုဠ်အဝယ်ဒိုင်များမှ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

         တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

ပြည်တွင်း ကြက်သွန်နီ လက်ကားဈေးနှုန်း၊ မြို့နယ်အလိုက် လက်လီ/လက်ကားဈေးနှုန်း၊ လက်ကျန်အခြေအနေနှင့် သုံးသပ်ချက်များ

       ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ပသို့ ကြက်သွန်နီ တင်ပို့မှုအခြေအနေ၊ ၁-၂-၂၀၂၃ ရက်နေ့မှ ၂၂-၂-၂၀၂၃ ရက်နေ့ထိ ပြည်တွင်း ကြက်သွန်နီ လက်ကားဈေးနှုန်း၊ မြို့နယ်အလိုက် လက်လီ/လက်ကားဈေးနှုန်း၊ လက်ကျန်အခြေအနေနှင့် သုံးသပ်ချက်များအား ပူးတွဲ တင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၃ .၂.၂၀၂၃)

     ၂၃ .၂.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း