ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့တွင် ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

      ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလ တတိယပတ်အတွင်း မုံရွာမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် (၃၆၀၀)ကျပ်၊ ဧရာမင်းဆန်တစ်ပြည်အဟောင်း (၃၁၀၀) ကျပ်နှင့် ဧရာမင်းဆန်တစ်ပြည်အသစ်(၂၈၀၀)ကျပ်ဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိဿာလျှင်(၇၁၀၀)ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင်(၁၂၀၀၀) ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၁၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီ တစ်ပိဿာလျှင် (၂၂၀၀)ကျပ်မှ (၂၅၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူလက်လီ (ဗမာ) တစ်ပိဿာလျှင် (၇၀၀၀)ကျပ်မှ (၈၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်း)တစ်ပိဿာလျှင် (၅၀၀၀)ကျပ်မှ (၅၅၀၀)ကျပ်ထိ၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် (၅၀၀၀)ကျပ်မှ(၅၅၀၀)ကျပ်ထိ၊ ချင်းတက်တစ်ပိဿာ လျှင် (၁၄၀၀)ကျပ်မှ (၁၅၀၀)ကျပ်ထိ၊ ငရုတ်ခြောက်အမျိုးအစားအလိုက်  (၁၈၀၀၀) ကျပ် မှ (၁၉၀၀၀)ကျပ်ထိ၊ အာလူး (၂၄၀၀)ကျပ်မှ (၂၅၀၀) ကျပ်ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၁၀၀၀)ကျပ်မှ (၁၂၀၀)ကျပ်တို့ ဖြင့်အရောင်းအဝယ်ဖြစ်လျက်ပါသည်။

   ကြက်ဥလက်လီဈေးနှုန်းမှာ အကြီး တစ်လုံး(၂၅၀)ကျပ်၊ အသေးတစ်လုံး(၂၀၀)ကျပ်၊ ဘဲဥ(ကြီး) တစ်လုံး (၃၅၀)ကျပ်၊ သေးတစ်လုံး(၃၀၀)ကျပ်ရှိသည်။ မုံရွာမြို့၏ သား/ ငါးဈေးနှုန်းမှ ကြက်သား (CP) တစ်ပိဿာ( ၉၅၀၀)ကျပ်မှ  (၁၀၀၀)ကျပ်ထိ ၊ ကြက်သား(ဗမာ) တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာ(၁၆၀၀၀)ကျပ်မှ (၁၇၀၀၀) ကျပ်ထိ၊ အမဲသားတစ်ပိဿာ (၁၆၀၀၀) ကျပ်မှ (၁၇၀၀၀)ကျပ်ထိ၊ ငါးမြစ်ချင်းတစ်ပိဿာလျှင်(၇၀၀၀)ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၈၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

    ဖေဖော်ဝါရီလ တတိယပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းမျာနှင့် ယခင်အပတ်ဈေးနှုန်းများနှိုင်းယှဉ်လျှင် ဈေးနှုန်းများကွာဟမှုမရှိကြောင်း မုံရွာမြို့ဈေးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

ရွှေဘိုဈေးကွက်အတွင်း စတင်ဝင်ရောက်လာသည့် ကုလားပဲ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိပါသည်။ ဖေဖော်ဝါရီလ တတိယပတ်အတွင်း ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်သို့ ပဲစဉ်းငုံအပြင် ကုလားပဲများ စတင်ဝင်ရောက်လျက်ရှိကြောင်း တာဝန်ရှိသူများနှင့် ဆက်သွယ် မေးမြန်းမှုအရ သိရှိရပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အနေဖြင့် ၂၀၂၂-၂၀၂၃ခုနှစ်တွင် ကုလားပဲ(ဆောင်း) (၆၄၃၀၄) ဧကစိုက်ပျိုးပြီး ရွှေဘိုမြို့နယ်တွင်(၄၉၆၉)ဧက၊ ဝက်လက်မြို့နယ်တွင်(၅၆၈၈၈)ဧကနှင့် ခင်ဦးမြို့နယ်တွင် (၂၄၄၇)ဧကစိုက်ပျိုးကြောင်း၊ ဝက်လက်မြို့နယ်တွင် အများဆုံးစိုက်ပျိုးပြီး တစ်ခရိုင်လုံး စိုက်ဧက၏(၈၈)%ကျော် စိုက်ပျိုးကြောင်း၊ ယခုအချိန်တွင် စိုက်ပျိုးထားသည့် ကုလားပဲများမှာ စတင်ရိတ်သိမ်းလျက်ရှိပြီး (၁၀.၂.၂၀၂၃)ရက်နေ့အထိ ရိတ်သိမ်းပြီးစီးမှုမှာ (၆၀၉၀၇)ဧကဖြစ်၍ တစ်ဧကအထွက်နှုန်းမှာ (၂၄)တင်းကျော်ဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။

    ရိတ်သိမ်းပြီးသော ကုလားပဲများမှာ ဖေဖော်ဝါရီလ တတိယပတ်အတွင်း ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်လာကြောင်း၊ ရွှေဘိုဈေးကွက်သို့ ဝက်လက်မြို့နယ်အတွင်းရှိ ကျောက်တိုင်ကျေးရွာနှင့် မင်းကျီကျေးရွာများမှ အများဆုံးဝင်ရောက်လျှက်ရှိပြီး  အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းများမှာ တစ်တင်းလျှင်(၆၃၀၀ဝိ/-)ဖြစ်၍ အရောင်းအဝယ်ဖြစ်မှုမှာ (၁၃၅၀)တင်း/(၄၂)တန်ဖြစ်ကြောင်း၊ ရွှေဘိုမြို့တွင် ကုလားပဲ အခွံချွတ်သည့်စက် မရှိသေးသဖြင့် မန္တလေးသို့ တင်ပို့ရောင်းချမှုများသော်လည်း ယခုအချိန်တွင် ကုန်သည်အများစုအနေဖြင့် ဝယ်ယူရရှိသည့် ကုလားပဲများကို အခြားဒေသများသို့ ပြန်လည်ရောင်းချခြင်းမပြုသေးဘဲ လက်ဝယ်ထားရှိကြကြောင်း ရွှေဘိုမြို့ ပဲ၊ နှမ်း ကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

ရွှေဘိုမြို့တွင် ကြက်သွန်နီ ဈေးနှုန်း ဆက်လက်ကျဆင်း

     စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ်တင်ပြလျက်ရှိပါသည်။

     ရွှေဘိုမြို့သို့ ကြက်သွန်နီများ  နေ့စဉ် ပိဿာ ၂၀၀၀၀မှ ၃၅၀၀၀ကြားခန့် ဝင်ရောက် လျက်ရှိပြီး ဖေဖော်ဝါရီလ တတိယပတ်တွင် လက်လီ အကြီး တစ်ပိဿာလျှင် ၁၂၀၀ ကျပ်၊ အလတ်တစ်ပိဿာ ၁၀၀၀ကျပ်၊ အသေးတစ်ပိဿာ၈၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။

    ကြက်သွန်နီ ဈေးနှုန်းများမှာ ဖေဖော်ဝါရီလ ဒုတိယပတ်တွင် လက်လီ အကြီး တစ်ပိဿာလျှင် ၁၈၀၀ကျပ်၊ အလတ်တစ်ပိဿာလျှင် ၁၅၀၀ကျပ်၊ အသေး တစ်ပိဿာလျှင် ၁၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် ယခုအပတ်နှင့်နှိုင်းယှဉ်ပါက၊ကြက်သွန်နီ အကြီး တစ်ပိဿာလျှင် (၆၀၀)ကျပ်၊ အလတ် တစ်ပိဿာလျှင် (၅၀၀)ကျပ်၊ အသေး တစ်ပိဿာလျှင် (၂၀၀)ကျပ်  ဈေးနှုန်းကျဆင်းလျက်ရှိပြီး၊ ကြက်သွန်နီဈေးနှုန်းကျဆင်းရခြင်းမှာ ဒေသတွင်းမှ ကြက်သွန်နီများ လှိုင်လှိုင်ဝင်ရောက်လာ‌ခြင်းကြောင့်ဖြစ်ကြောင်း၊ ရွှေဘိုမြို့ စည်ပင်သာယာဈေးအတွင်းရှိ ကြက်သွန်နီ ပွဲရုံများမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

      ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဖေ‌ဖော်ဝါရီလ ‌ဒုတိယပတ်တွင် စပါးဈေးမှာ အနည်းငယ်မြင့်တက်၍ ဆန်ဈေးနှုန်းမှာ တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြား တိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဖေဖော်ဝါရီလ ပထမပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၃၅၀၀၀ ၊ မန္တလေးသို့ အိတ်ရေ၄၇၄၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၁၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၁၀၀၀၀၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၁၁၄၄၀၀၊ တန်အားဖြင့် ၅၇၂၀တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၀၀၀၀၊ မန္တလေးသို့ အိတ်ရေ ၅၁၇၄၀၊ နေပြည်တော်သို့ အိတ်ရေ၁၁၀၀၀ ၊ ရှမ်း(တောင်)သို့ အိတ်ရေ၁၀၀၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၁၀၀၀၀၊ပခုက္ကူသို့ အိတ်ရေ ၆၀၀ ၊ စုစုပေါင်းအိတ်ရေ ၁၂၃၃၄၀၊ တန်အားဖြင့် ၆၁၆၇တန် စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း အိတ်ရေ ၈၉၄၀၊ တန်အားဖြင့် ၄၄၇တန် ပို၍ စီးထွက်ခဲ့ပါသည်။

       ရွှေဘိုမြို့၏ ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ်၂၆၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၉၀၀၀၀၊ ဧရာမင်းစပါး တင်း၁၀၀လျှင် ကျပ်၁၄၅၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၆၅၀၀၀၊ ရွှေဘိုပေါ်ဆန်းစပါး(သစ်) တင်း၁၀၀လျှင် ကျပ် ၂၁၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန်(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၇၀၀၀၀ ၊ ဧရာမင်း စပါး (သစ်) တင်း၁၀၀လျှင် ကျပ် ၁၅၀၀၀၀၀၊ ဧရာမင်းဆန် (သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၆၀၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၂ .၂.၂၀၂၃)

   ၂၂ .၂.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

မကွေးမြို့ပေါ်ရှိ အိမ်သုံးဆေးဝါးများ၏ စျေးနှုန်းအခြေအနေ

       ဆောင်းရာသီမှ နွေရာသီသို့ ရာသီအကူးအပြောင်းကာလဖြစ်၍ ကလေး၊ လူကြီးမရွေး လည်ချောင်းနာခြင်း၊ နှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ ဖျားနာမှုများဖြစ်ပေါ်လျက်ရှိရာ မကွေးမြို့ပေါ်ရှိ ဆေးဆိုင်များတွင် ဖျားနာမှုအတွက် အဓိကဝယ်ယူလျက်ရှိသည့်အိမ်သုံးဆေးဝါးများမှာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလပထမအပတ်နှင့် ဒုတိယအပတ်တွင် ဆေးဝါးစျေးနှုန်းများအတက်အကျရှိကြောင်းသိရှိရပါသည်။

         မကွေးမြို့ပေါ်ရှိ စျေးကွက်အတွင်းဖြစ်ပေါ်လျက်ရှိသော အိမ်သုံးဆေးဝါးနှင့်အိမ်သုံးအားဆေးများမှာ ဖေဖော်ဝါရီလ ပထမအပတ်နှင့် ဒုတိယအပတ်တို့တွင် စျေးနှုန်းပြောင်းလဲလျက်ရှိပြီး အိမ်သုံးဆေးဝါးများ၏စျေးနှုန်းများမှာ Cetrine (၁၀)လုံးပါတစ်ကဒ်လျှင် ကျပ်(၁၅၀)၊ ဓာတ်ဆား MPF တစ်ထုပ်လျှင် ကျပ်(၃၀၀)၊ Sara (၁၀)လုံးပါတစ်ကဒ်လျှင် ကျပ်(၉၀၀)၊ Flemex (၁၀)လုံးပါတစ်ကဒ်လျှင် ကျပ်(၃၂၅၀)၊ Mixagrip (၄)လုံးပါတစ်ကဒ်လျှင် ကျပ်(၇၅၀)၊ Solmux (၄)လုံးပါတစ်ကဒ်လျှင် ကျပ်(၁၄၅၀)၊ Burmeton အလုံး(၁၀၀)ပါတစ်ဘူးလျှင် ကျပ်(၁၆၀၀)၊ Amoxicilline အလုံး(၁၀၀)ပါတစ်ဘူးလျှင် ကျပ်(၅၀၅၀)၊ Decolgen (၁၀)လုံးပါတစ်ကဒ်လျှင် ကျပ်(၁၄၀၀)၊ Cevit အလုံး(၁၀၀)ပါတစ်ဘူးလျှင် ကျပ်(၂၀၀၀)တို့ဖြင့် အသီးသီးစျေးနှုန်းများတည်ငြိမ်လျက်ရှိပြီး paracetamol (၁၀)လုံးပါတစ်ကဒ်လျှင် ယခင်အပတ်တွင် ကျပ်(၃၅၀)ဖြစ်ခဲ့ပြီး၊ ယခုအပတ်တွင် ကျပ်(၃၀၀)ဖြစ်၍ ကျပ်(၅၀)စျေးလျော့လာကြောင်း၊ Biogesic (၁၀)လုံးပါတစ်ကဒ်လျှင် ယခင်အပတ်တွင် ကျပ်(၁၃၀၀)ဖြစ်ခဲံပြီး၊ ယခုအပတ်တွင် ကျပ်(၉၅၀)ဖြစ်၍ ကျပ်(၂၅၀)စျေးလျော့လာကြောင်း၊ Alexa (၁၀)လုံးပါတစ်ကဒ်လျှင် ယခင်အပတ်တွင်ကျပ်(၂၅၀၀)ဖြစ်ခဲ့ပြီး၊ ယခုအပတ်တွင် ကျပ်(၂၁၀၀)ဖြစ်၍ ကျပ်(၄၀၀)စျေးလျော့လာကြောင်း၊ Woods (၁၅)လုံးပါတစ်ဘူးလျှင် ယခင်အပတ်တွင် ကျပ်(၇၉၀၀)ဖြစ်ခဲ့ပြီး၊ ယခုအပတ်တွင် ကျပ်(၇၆၀၀) ဖြစ်၍ ကျပ်(၃၀၀)ဖြင့် စျေးနှုန်းများလျော့ကျလာကြောင်း ဆေးဆိုင်များထံမှလေ့လာသိရှိရပါသည်။

DOCA(မကွေး)

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

        တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

     တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

မကွေးမြို့၏ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယအပတ်နှင့် တတိယအပတ် စက်သုံးဆီစျေးနှုန်းအခြေအနေ

     မြန်မာနိုင်ငံ၊ စက်သုံးဆီတင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားစျေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

      မကွေးမြို့ပေါ်တွင် စက်သုံးဆီဆိုင်(၂၁)ဆိုင်ရှိရာ ပုံမှန်ဆိုင်ဖွင့်ရောင်းချလျက်ရှိကြပြီး ၂၀၂၃-ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယအပတ်နှင့် တတိယအပတ်စျေးနှုန်းများမှာ ဒီဇယ်(ရိုးရိုး) (၁)လီတာလျှင် ယခင်အပတ်တွင် (၂၃၁၅)ကျပ်ဖြစ်ခဲ့ပြီး ယခုအပတ်တွင် (၂၃၂၀)ကျပ်ဖြစ်၍ (၅)ကျပ်စျေးမြင့်လာကြောင်း၊ ဒီဇယ်(ပရီမီယမ်) (၁)လီတာလျှင် ယခင်အပတ်တွင် (၂၃၉၅)ကျပ်ဖြစ်ခဲ့ပြီး ယခုအပတ်တွင် (၂၄၀၀)ကျပ်ဖြစ်၍ (၅)ကျပ်စျေးမြင့်လာကြောင်း၊ ဓာတ်ဆီ (92) (၁)လီတာလျှင် ယခင်အပတ်တွင် (၂၁၇၅)ကျပ်ဖြစ်ခဲ့ပြီး ယခုအပတ်တွင် (၂၂၁၅)ကျပ်ဖြစ်၍ (၄၀)ကျပ်စျေးမြင့်ခဲ့ကြောင်း၊ ဓာတ်ဆီ (95)(၁)လီတာလျှင် ယခင်အပတ်တွင် (၂၂၄၀)ကျပ်ခဲ့ဖြစ်ပြီး ယခုအပတ်တွင် (၂၂၇၅)ကျပ်ဖြစ်၍ (၃၅)ကျပ်စသည်ဖြင့် အသီးသီးဈေးနှုန်းများအနည်းငယ်မြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှသိရှိရပါသည်။

DOCA(မကွေး)

 

တောင်သူအကျိုးဖြစ်ထွန်းဖို့ ပိုက်ဆံလျှော်ပင်စိုက်ကြစို့

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ဂွေးတောက်ကွင်းကျေးရွာနှင့် သိုက်ဝါးချောင်းကျေးရွာရှိ ပိုက်ဆံလျှော်ပင်များစိုက်ပျိုးထားသော စိုက်ဧက(၃၃)ဧကအား လေ့လာရာတွင်  သစ်စိမ်းမြေသြဇာအတွက် (၁၈)ဧကနှင့် မျိုးစေ့ထုတ်လုပ်ရန်အတွက် (၁၅)ဧကရှိကြောင်း၊ ပိုက်ဆံလျှော်ပင်ကို နိုဝင်ဘာလတွင် စတင်စိုက်ပျိုးပြီး သစ်စိမ်းမြေသြဇာအတွက် (၄၅)ရက်သားတွင်ခုတ်လှဲကာ ထယ်ထိုးမြေလှန်၍ မြေသြဇာပြုလုပ်ရကြောင်း၊ မျိုးစေ့ထုတ်ရန်အတွက်မူ (၄)လကြာမှ မျိုးအောင်မည်ဖြစ်သည့်အတွက် ဖေဖော်ဝါရီလတွင် အသီးများရင့်မှည့်မှ မျိုးစေ့ထုတ်ယူရကြောင်း၊ မျိုးစေ့တစ်ဧကလျှင် ၄ ပြည်နှုန်းဖြင့် ကြဲပက်စိုက်ပျိုးရကြောင်း၊ အောက်ရေခမ်းသောအချိန်တွင် ယူရီးယားပုလဲမြေဆီကို ရေဖျော်၍ တစ်ဧကလျှင် ဆေးဖျန်းပုံး ၆ ပုံးပက်ဖျန်းပေးရကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး ၁ ပြည်လျှင် ၄၀၀၀ ကျပ်နှင့် ၄ ပြည်လျှင် ၁၆၀၀၀ ကျပ်၊ ယူရီးယားတစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ်ဖြင့် တစ်ဧကအတွက် တစ်ပိဿာလျှင် ၄၀၀၀ ကျပ်၊ စုစုပေါင်း ၂၀၀၀၀ ကျပ်ခန့်ကုန်ကျကြောင်းနှင့် နိုက်ထရိုင်ဂျင်ပမာဏ များများထုတ်ပေးသည့်ပိုက်ဆံလျှော်ပင်သည် သဘာဝသစ်စိမ်းမြေသြဇာအဖြစ် ထင်ရှားပြီး အပင်ပိုင်းနှင့် အမြစ်ပိုင်းဆိုင်ရာကြီးထွားမှုအားကောင်းခြင်း၊ မြေဆီလွှာပျက်ဆီးမှုနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကိုလည်း ကာကွယ်ပေးခြင်းကြောင့် သွင်းအားစုများ‌ဈေးမြင့်တက်နေသောအချိန်တွင် သွင်းအားစုအစားထိုးအနေဖြင့် တောင်သူများအကျိုးဖြစ်ထွန်းစေရန် ကုန်ကျစရိတ်သက်သာသောပိုက်ဆံလျှော်ပင်ကို စိုက်ပျိုးသင့်ပါကြောင်း လေ့လာတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း