ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

စိုက်သာစိုက်ရ ရင်မောရသောရွှေဖရုံ

     မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြသည့်နိုင်ငံဖြစ်သောကြောင့် မိုးသီးနှံကို စိုက်ပျိုးရိတ်သိမ်းပြီးပါက ဆောင်းသီးနှံများကိုလည်း သီးထပ်သီးညှပ်အဖြစ် စိုက်ပျိုးကြပြန်သည်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်အတွင်းရှိ မိုင်းယောင်းမြို့နယ်နှင့် မိုင်းယုမြို့တို့တွင် ဆောင်းသီးနှံဖြစ် သောရွှေဖရုံသီးများကို လွန်ခဲ့သော(၈)နှစ်မှစ၍  နှစ်စဉ်စိုက်ပျိုးခဲ့ကြသည်။

     ဆောင်းသီးနှံဖြစ်သော ရွှေဖရုံသီးပင်များကို မိုးအကုန်နိုဝင်ဘာလနှင့် အောက်တိုဘာလများတွင် မြေပြုပြင်၍ စတင်စိုက်ပျိုးကြပြီး မတ်လနှင့်ဧပြီလများတွင် ရိတ်သိမ်းဆွတ်ခူးကြရသည်။ ရွှေဖရုံသည် မြေဆီဩဇာထက်သန်သောမြေကိုကြိုက်နှစ်သက်၍ နုန်းဆန်သောမြေ၊ မြေနီသဲဝန်နှင့် နုန်းစနယ်မြေများတွင် ဖြစ်ထွန်းကြသည်။ မိုင်းယောင်းမြို့နယ် ဝမ်ကောင်း၊ ကော့ခွယ်၊ လော့ငိုး၊ နမ့်ကစ်၊ ဝမ်တုန်၊ ဝိန်းကျိုင်းကျေးရွာများနှင့် မိုင်းယုမြို့  ဒွန်းနွဲ့၊ တာကြန့်၊ မိုင်းလွေကျေးရွာတို့တွင် ဆောင်းသီးနှံဖြစ်သောရွှေဖရုံများကို စီးပွားဖြစ်အများအပြားစိုက်ပျိုးကြပြီး ယခုနှစ်တွင် ဆောင်းသီးနှံဖြစ်သော ရွှေဖရုံပင်များသည် အောင်မြင်စွာဖြစ်ထွန်းလျက်ရှိကာ အသီးအကင်းများထွက်ပေါ်နေသည်ကို တွေ့ရပါသည်။

      မိုင်းယောင်းနှင့် မိုင်းယုဒေသတွင် ဆောင်းသီးနှံများဖြစ်သောရွှေဖရုံကို ယခင်နှစ်က ဧက(၅၀၀)ခန့် စိုက်ပျိုးခဲ့ကြပြီး တစ်ဧကစိုက်ပျိုးကုန်ကျစရိတ်မှာ ကျပ်(၇၅၀၀၀၀)ခန့်ကုန်ကျခဲ့ပါသည်။ ယခုနှစ်တွင် ဧက(၄၀၀)ကျော်စိုက်ပျိုးထားကာ တစ်ဧကစိုက်ပျိုးကုန်ကျစရိတ်မှာ ကျပ်(၁၀)သိန်းမှ (၁၂)သိန်းခန့်ကုန်ကျကြောင်းသိရပါသည်။ ယခုနှစ်အတွင်း စက်သုံးဆီဈေးနှုန်း၊ ဓာတ်မြေဩဇာဈေးနှုန်းများနှင့် လုပ်သားခများမြင့်တက်လာသောကြောင့် စိုက်ပျိုးမှုကုန်ကျစရိတ်များမှာ ပိုမိုကုန်ကျလာကြောင်း ရွှေဖရုံစိုက်တောင်သူများထံမှ သိရပါသည်။

     ရွှေဖရုံတစ်ဧကအထွက်နှုန်းမှာ (၆)တန်ခန့်ထွက်ရှိပြီး ၂၀၂၁ ခုနှစ်တွင် တစ်ကီလိုလျှင် ကျပ်(၈၀၀)ဖြင့်ရောင်းချရ၍ တောင်သူများအတွက် အကျိုးအမြတ်များစွာရရှိပါသည်။ ကိုဗစ်-၁၉ရောဂါရိုက်ခတ်မှုကြောင့် ယခင်နှစ်တွင် တစ်ကီလိုလျှင် ကျပ်(၂၅၀)ဖြင့်သာရောင်းချရသောကြောင့် တောင်သူအချို့မှာ အရှုံးပေါ်ခဲ့ရပါသည်။ ယခင်နှစ်၌ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများကိုပိတ်ထားခဲ့သဖြင့် လာအိုနိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံသို့တင်ပို့ရသောကြောင့် လမ်းခရီးတွင်ကြန့်ကြာခြင်း၊ သယ်ယူစရိတ်များကြီးမြင့်ခြင်းနှင့် ကုန်ပစ္စည်းများ အပျက်အဆီးများခြင်းတို့ကြောင့် ဝယ်လက်ကုန်သည်များသည် ရွှေဖရုံသီးများကို ဈေးနှုန်းနှိမ်၍ဝယ်ယူခဲ့ကြသည်။

         ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဒေသထွက်ရွှေဖရုံသီးများကို နိုင်ငံတော်သို့အခွန်အခများပေးဆောင်၍ တင်ပို့မှုအနေဖြင့်ကုန်သွယ်မှုသတင်းများအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တန်ချိန် (၁၁၂၉) တန်နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တန်ချိန်(၂၃၆၆) တန်အထိ  မိုင်းယောင်း-မိုင်းယု-အထူးဒေသ(၄)မိုင်းလားကုန်သွယ်မှုလမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကျိုင်းဟုန်မြို့သို့ အများဆုံးတင်ပို့ခဲ့ကြကြောင်းသိရပါသည်။ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ကိုဗစ်-(၁၉) ရောဂါအခြေအနေများကြောင့် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းများကိုပိတ်ထားခဲ့သဖြင့် မိုင်းယောင်း၊ မိုင်းယုဒေသထွက်ရွှေဖရုံသီးများကို တာလေ-ကျိုင်းလပ်-လာအိုနိုင်ငံ ကုန်သွယ်မှုလမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ တန်ချိန်(၈၀၀)တန်ခန့်သာ တင်ပို့နိုင်ခဲ့ကြောင်းသိရပါသည်။

        ဆောင်းသီးနှံဖြစ်သောရွှေဖရုံသီးများကို ဒေသအတွင်း အောင်မြင်စွာစိုက်ပျိုးထုတ်လုပ်နိုင်သော်လည်း ပြည်တွင်း၌တစ်ဆင့်မြင့်ကုန်ချောများကို ပြန်လည်မထုတ်လုပ်နိုင်သောကြောင့် တရုတ်နိုင်ငံ၏ဝယ်လက်များကိုသာ အဓိကအားထားနေရပါသည်။ တရုတ်နိုင်ငံ၏ဝယ်လိုအားအပေါ်မူတည်၍ ဈေးနှုန်းအတက်အကျများအလိုက် တောင်သူများအနေနှင့်အကျိုးအမြတ်ကို ရရှိပါသည်။

    သို့ဖြစ်ပါ၍ ဆောင်းသီးနှံဖြစ်သာရွှေဖရုံစိုက်တောင်သူများအနေဖြင့် ယခုနှစ်တွင်ရွှေဖရုံကို စိုက်သာစိုက်ပျိုးရသော်လည်း မိုင်းယောင်း-မိုင်းယု-အထူးဒေသ(၄)မိုင်းလားမှ တရုတ်နယ်စပ်ကုန်သွယ်လမ်းကြောင်းကို ပုံမှန်ပြန်လည်ဖွင့်လှစ်၍ ဈေးကောင်းရရှိမှာသာ အကျိုးအမြတ်ရရှိမည်ဖြစ်သောကြောင့် ဆွတ်ခူးရောင်းချချိန်ရောက်မည့်ဧပြီလတွင် မည်ကဲ့သို့အခြေအနေဖြစ်ပေါ်မည်ကို မသိရှိနိုင်သည့်အတွက် ရင်မောစွာစိုက်ပျိုးထားရကြောင်း တောင်သူများထံမှသိရှိရပါသည်။

DOCA(ရှမ်း)

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

      ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ တတိယပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်(ဟောင်း)တစ်ပြည်လျှင် ၃၈၀၀ ကျပ်၊ ဧရာမင်းဆန်(ဟောင်း)တစ်ပြည်လျှင် ၂၈၀၀ ကျပ်၊ရွှေဘိုပေါ်ဆန်းဆန်(သစ်)တစ်ပြည်လျှင် ၃၀၀၀ ကျပ်၊ ဧရာမင်းဆန်(သစ်) တစ်ပြည်လျှင် ၂၅၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ(အသစ်) လက်လီဈေးမှာ အကြီးတစ်ပိဿာလျှင် ၁၈၀၀ ကျပ်၊ အလတ်တစ်ပိဿာလျှင် ၁၅၀၀ ကျပ်၊ အသေးတစ်ပိဿာလျှင် ၁၀၀၀ ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ ဗမာတစ်ပိဿာလျှင် ၄၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိ၊ ရှမ်းတစ်ပိဿာလျှင် ၅၀၀၀ ကျပ်မှ ၅၅၀၀ ကျပ်အထိ၊ ကြူကုပ်တစ်ပိဿာလျှင် ၅၀၀၀ ကျပ်မှ ၆၀၀၀ ကျပ်အထိ၊ ချင်းတစ်ပိဿာလျှင် ၁၃၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိ၊ ငရုတ်သီးခြောက်အမျိုးအစားအလိုက် ၁၆၀၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်အထိ၊ အာလူးတစ်ပိဿာလျှင် ၁၈၀၀ ကျပ်မှ ၂၆၀၀ ကျပ်အထိ၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၁၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။

       ကြက်ဥလက်လီဈေးနှုန်းမှာ အကြီးတစ်လုံးလျှင် ၂၅၀ ကျပ်၊ အသေးတစ်လုံးလျှင် ၂၀၀ ကျပ်၊ ဘဲဥအကြီးတစ်လုံးလျှင် (၃၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၂၅၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါးဈေးနှုန်းများမှာ ကြက်သား (CP)  တစ်ပိဿာလျှင် ၉၀၀၀ ကျပ်မှ ၁၁၀၀၀ ကျပ်အထိ၊ ကြက်သား(ဗမာ)တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်မှ ၁၃၀၀၀ ကျပ်အထိ၊  ဝက်သားတစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်မှ ၂၂၀၀၀ ကျပ်အထိ၊ အမဲသားတစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်မှ ၁၆၀၀၀ ကျပ်အထိ၊  ငါးမြစ်ချင်းတစ်ပိဿာလျှင် ၇၀၀၀ ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် ၆၀၀၀ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရသည်။

       စားသုံးဆီဈေးနှုန်းများမှာ ပဲဆီသန့်တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်မှ ၁၃၅၀၀ ကျပ်အထိ၊  စားအုန်းဆီတစ်ပိဿာလျှင် ၇၀၀၀ ကျပ်နှင့် နှမ်းဆီတစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်းသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

         

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄၄၇၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ နှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

    ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မှ ဖေဖော်ဝါရီလ ၂၆ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၄၄၇၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

    ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

    အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီ လုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

 

ရွှေဘိုမြို့၏ မန်ကျည်းသီးမှည့် ဈေးနှုန်းဈေးကွက်

      ဖေဖော်ဝါရီလ လဆန်းပိုင်းမှစ၍  ရွှေဘိုမြို့တွင် မန်ကျည်းသီးမှည့်အသစ်များ ဈေးကွက်အတွင်း စတင်ဝင်ရောက်လာကာ ယခု ဖေဖော်ဝါရီလ တတိယပတ်တွင် မန်ကျဉ်းသီးမှည့်အသစ် တစ်ပိဿာလျှင် (၄၀၀၀)ကျပ်မှ (၄၅၀၀)ကျပ်အထိပေါက်ဈေးရှိပြီး၊ ယခင်နှစ်က လက်ကျန်မန်ကျည်းသီးမှည့်တစ်ပိဿာလျှင် (၂၈၀၀)ကျပ်ဖြင့်သာ  အရောင်းအဝယ်ဖြစ်နေကြောင်း မန်ကျည်းသီးမှည့်လက်ကား‌ရောင်းချသူတစ်ဦးထံမှသိရပါသည်။

        ရွှေဘိုမြို့တွင် မန်ကျည်းသီးမှည့်အသစ်များ နေ့စဉ် ပိဿာ ၅၀ ခန့်ဝင်ရောက်လျက်ရှိပြီး  တိုင်းရင်းဆေးဖော်မည့်လုပ်ငန်းရှင်များ၊ မန်ကျည်းဖျော်ရည်ရောင်းချသူများနှင့် စားသောက်ကုန် ပြုလုပ်ရောင်းချသည့်လုပ်ငန်းရှင်များက ဝယ်ယူလျက်ရှိကြောင်းသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၉ .၂.၂၀၂၃)

    ၁၉ .၂.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၈ .၂.၂၀၂၃)

      ၁၈ .၂.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၇ .၂.၂၀၂၃)

      ၁၇ .၂.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှု အခြေအနေ

     အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းနက်(စမုံ)  (၄၅)ပိဿာဝင် (၁)အိတ်လျှင် ယခင်အပတ်(၈.၂.၂၀၂၃)ရက်နေ့တွင် ကျပ်(၂၈၀၀၀၀)ဖြစ်ပြီး ယခုအပတ် (၁၄.၂.၂၀၂၃) ရက်နေ့တွင် ကျပ် (၂၇၀၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀၀)ဈေးလျော့ခဲ့ကြောင်း၊ နှမ်းနီ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ် (၂၅၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၅၀၀၀၀)၊ နှမ်းပြာ (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၄၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၄၀၀၀၀)၊ နှမ်းဖြူ(၁)အိတ်လျှင် ယခင် အပတ်တွင် ကျပ်(၂၆၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၆၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှု မရှိဘဲ အရောင်းအဝယ်ပမဏအနေဖြင့် (၄၅)ပိဿာဝင်အိတ်ဖြင့် နှမ်းနက်(စမုံ) (၇၅၀)အိတ်၊ နှမ်းပြာ (၁၅၀)အိတ်၊ နှမ်းဖြူ (၉၀)အိတ်၊ နှမ်းနီ (၁၂၅) အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

    ပဲမျိုးစုံဈေးကွက်တွင် (၂၀)ပိဿာ(၁)အိတ်နှုန်းဖြင့် ပဲတီစိမ်းမှာ (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ် (၅၇၀၀၀) ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၅၇၀၀၀)၊ မတ်ပဲ (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ် (၅၉၀၀၀) ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၅၉၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ကုလားပဲ(HL) (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၆၄၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၆၅၅၀၀) ဖြစ်၍ ကျပ်(၁၅၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ကုလားပဲ(မြကြေး) (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ် (၆၁၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၆၃၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀) ဈေးမြင့်ခဲ့ကြောင်း၊ ပဲကြီး  (၁)အိတ် လျှင် ယခင်အပတ်တွင် ကျပ်(၈၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ် (၈၄၀၀၀) ဖြစ်၍ ကျပ်(၄၀၀၀) ဈေးမြင့်ခဲ့ကြောင်း၊ ပဲစဉ်းငုံ(နီ) (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၆၀၈၀၀) ဖြစ်ပြီး ယခု အပတ်တွင် ကျပ်(၆၆၅၀၀) ဖြစ်၍ ကျပ်(၅၇၀၀)စသည့်ဖြင့် အသီးသီးဈေးမြင့်ခဲ့ပါသည်။ ဘိုကိတ်ပြာ (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၄၈၀၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၄၆၅၀၀)ဖြစ်၍ ကျပ်(၁၅၀၀) ဈေးလျော့ခဲ့ကာ အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင်အိတ်ဖြင့် ပဲတီစိမ်း(၈၀၀) အိတ်၊ ပဲစဉ်းငုံ(နီ) (၁၂၀၀) အိတ်၊ မတ်ပဲ(၁၁၀) အိတ်၊ ကုလားပဲ(HL) (၂၂၅)အိတ်၊ ကုလားပဲ(မြကြေး) (၁၂၀)အိတ်၊ ပဲကြီး (၂၈၀)အိတ် နှင့် ဘိုကိတ်ပြာ(၁၀၀) အိတ်တို့အရောင်းအဝယ်ရှိခဲ့ကြောင်း သိရှိရပါသည်။

    မြေပဲလုံးဆံ(ဖြူ)မှာ တစ်ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၆၃၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၆၄၀၀)ဖြစ်၍ ကျပ်(၁၀၀)ဈေးမြင့်ခဲ့ကြောင်း၊ မြေပဲလုံးဆံ(နီ)  ယခင်အပတ်တွင် ကျပ်(၇၀၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၁၀၀)ဖြစ်၍ ကျပ်(၁၀၀)ဈေးမြင့်ခဲ့ကြောင်း၊ မြေပဲတောင့်အစိုမှာ တစ်တင်း လျှင် ယခင်အပတ်တွင် ကျပ်(၂၂၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၂၅၀၀)ဖြစ်၍ ကျပ်(၅၀၀) ဈေးမြင့်ခဲ့ပြီး အရောင်းအဝယ်ပမာဏအနေဖြင့် မြေပဲလုံးဆံ(နီ) (၃၀)ပိဿာဝင် (၁၁၀)အိတ်၊ မြေပဲလုံးဆံ (ဖြူ) (၂၇၀)အိတ်နှင့် မြေပဲတောင့်အစို တင်း(၁၇၅၀)ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရှိခဲ့ရပါသည်။

      ဝါသီးနှံဈေးကွက်မှာလည်း (၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၃၁၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၃၁၅၀)ဖြစ်၍ ကျပ်(၅၀)ဈေးမြင့်ကာ ဝါပိဿာချိန်(၂၅၀၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)

 

ရေစကြိုမြို့နယ်ကုလားပဲစိုက်တောင်သူများ ဈေးကောင်းရရန် မျှော်လင့်လျက်ရှိ

     မကွေးတိုင်းဒေသကြီး၊ပခုက္ကူခရိုင်၊ရေစကြိုမြို့နယ်တွင် မြောက်မှတောင်သို့ဖြတ်သန်းစီးဆင်းလျက်ရှိသည့် ချင်းတွင်းမြစ်၏ မြစ်ရေကြီးချိန် ရေဝင်ရောက်ရာ ကျေးရွာများ၌ မြစ်ရေကျချိန်တွင် ဆောင်းသီးနှံများဖြစ်သည့် မြေပဲ၊ ကုလားပဲ၊ ထောပတ်ပဲ စသည့် အခြားပဲမျိုးစုံသီးနှံများကို စိုက်ပျိုး ကြပါသည်။

      ရေစကြိုမြို့နယ်ရှိ ချင်းတွင်းမြစ်၏ အနောက်ဘက်ခြမ်း ရှစ်အိမ်တန်းအုပ်စု၊ ကူတုတ်ကျေးရွာ နေ ကုလားပဲစိုက်တောင်သူ ဦးကျော်အောင်က ချင်းတွင်းမြစ်ရေကျချိန် အောက်တိုဘာ၊ နိုဝင်ဘာလ များတွင် ကုလားပဲကို စိုက်ပျိုးကြပြီး အဓိကစိုက်ပျိုးသည့် ကုလားပဲမှာ ဟော်လန်(ကုလားပဲဝါ)၊ V2 (ကုလားပဲဖြူ)နှင့် 929(ကုလားပဲဝါကြီး)များကို အများဆုံးစိုက်ပျိုးကြကြောင်းမိမိအနေဖြင့် ကုလားပဲ သီးနှံ (၁)ဧက စိုက်ပျိုးလျှင် ကုန်ကျမှုစရိတ်များမှာ မျိုး၊ သွင်းအားစု၊ မြေပြင်ခြင်း၊ ရိတ်သိမ်းခြင်းများ စုစုပေါင်း ကျပ်(၃)သိန်းခန့် ယခင်နှစ်က ကုန်ကျခဲ့ပါကြောင်း၊အထွက်အနေဖြင့် ပိုးမွှားအန္တရာယ် ကင်းရှင်းပြီး အပင်အသေပျောက်နည်းလျှင် (၁)ဧက (၂၀)တင်းထွက် ရှိခဲ့ပါကြောင်း၊ ပိုးမွှားအန္တရာယ် ကျရောက်ပြီး အသေအပျောက်များလျှင် (၁)ဧက (၁၀/၁၅)တင်းခန့်သာ ထွက်ရှိခဲ့ကြောင်း စိုက်ပျိုး တောင်သူ၏ ပြောပြချက်အရသိရှိရပါသည်။

     ယခုနှစ်တွင် ရှစ်အိမ်တန်းကျေးရွာတစ်အုပ်စုလုံးမှာ ဧက(၁၀၀) ခန့် စိုက်ပျိုးကြကြောင်း မိမိ အနေဖြင့်လည်း ကုလားပဲသီးနှံအား (929) နှင့် (V2) ကို (၅) ဧက စိုက်ပျိုးထားပါကြောင်း၊ လက်ရှိ ကုလားပဲစိုက်ခင်းများ အနေဖြင့် လတ်တလောအခြေအနေအရ အထွက်နှုန်းကောင်းနိုင်ကြောင်း ဖေဖော်ဝါရီလကုန်ခန့်တွင် ရိတ်သိမ်းရမည်ဖြစ်ပါကြောင်း၊ ပိုးမွှားအန္တရာယ်ကျရောက်ခြင်း၊ အပင် အသေအပျောက်မရှိခြင်း၊ ရာသီဥတုကောင်းမွန်ခြင်းတို့ကြောင့် ယခုနှစ်တွင် အထွက်ကောင်းနိုင်ကြောင်း အထွက်အနေဖြင့် (၂၅/၃၀) တင်းခန့် ထွက်ရှိနိုင်ကြောင်းခန့်မှန်းမိပါသည်။ ယခုနှစ် ကုန်ကျ စရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ မြေပြင်ခြင်း၊ ရိတ်သိမ်းခြင်းမှာ ဈေးနှုန်းများအားလုံး ကြီးမြင့်နေ သဖြင့် (၁) ဧက ကုန်ကျစရိတ်မှာ ကျပ်(၆) သိန်းခန့် ကုန်ကျပါကြောင်း၊ ဈေးနှုန်းအနေဖြင့် (၁) တင်းလျှင် ကျပ်(၆၀၀၀၀မှ ၆၂၀၀၀) ခန့် လက်ရှိအရောင်းအဝယ်ဖြစ်နေကြောင်း၊ ကုလားပဲစိုက် တောင်သူ များအနေဖြင့် မကြာမီအချိန်တွင် ရိတ်သိမ်းတော့မည် ဖြစ်သည့်အတွက် ဈေးကောင်းရရှိနိုင်ရေး မျှော်လင့်လျက်ရှိကြောင်း တောင်သူဦးအောင်ကျော်၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မကွေး)

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

          တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း