ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကယားပြည်နယ် အစေ့ထုတ်ပြောင်း စိုက်ပျိုးထွက်ရှိမှုအခြေအနေ

             ကယားပြည်နယ်သည် အစေ့ထုတ်ပြောင်းကို စီးပွားဖြစ်အဓိကစိုက်ပျိုးသောဒေသ ဖြစ်ပါသည်။ အစေ့ထုတ်ပြောင်းကို လွိုင်ကော်ခရိုင်တွင် အများဆုံးစိုက်ပျိုးကြပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အစေ့ထုတ်ပြောင်း(မိုး) စိုက်ပျိုးထွက်ရှိမှုအခြေအနေမှာ စိုက်ဧက (၅၁,၇၃၈)ဧက၊ ရိတ်ဧက(၅၁,၇၃၈)ဧက၊ တစ်ဧက အထွက်နှုန်းမှာ(၆၄.၇၅)တင်း၊ စုစုပေါင်းထွက်ရှိမှုမှာ(၃,၃၅၀,၀၇၂)တင်းထွက်ရှိပါကြောင်းနှင့် အစေ့ထုတ်ပြောင်း (ဆောင်း)စိုက်ပျိုးမှုမရှိကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အစေ့ထုတ်ပြောင်း(မိုး) စိုက်ပျိုးထွက်ရှိမှုအခြေအနေမှာ စိုက်ဧက(၅၉,၉၆၄)ဧက၊ ရိတ်ဧက(၅၉,၉၃၈)ဧက၊ တစ်ဧက အထွက်နှုန်းမှာ(၆၄.၈၇)တင်း၊ စုစုပေါင်းထွက်ရှိမှုမှာ (၃၈၈၈၁၂၀) တင်းထွက်ရှိကြောင်း၊ အစေ့ထုတ်ပြောင်း(ဆောင်း)စိုက်ပျိုးထွက်ရှိမှုအခြေအနေမှာ စိုက်ဧက (၂၅) ဧက၊ ရိတ်ဧက (၂၅)ဧက၊ တစ်ဧကအထွက်နှုန်းမှာ(၆၃.၁၂)တင်း၊ စုစုပေါင်းထွက်ရှိမှုမှာ (၁,၅၇၈) တင်း ထွက်ရှိပါသည်။

         သို့ဖြစ်ပါ၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း အစေ့ထုတ်ပြောင်း (မိုး/ဆောင်း) စုစုပေါင်းစိုက်ပျိုးထွက်ရှိမှုမှာ စိုက်ဧက(၅၉,၉၈၉)ဧက၊ ရိတ်ဧက(၅၉,၉၆၃) ဧက၊ တစ်ဧက အထွက်နှုန်းမှာ(၆၄.၈၇)တင်း၊ စုစုပေါင်းထွက်ရှိမှုမှာ(၃,၈၈၉,၆၉၈)တင်း ထွက်ရှိကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဌာနမှ သိရှိရပါသည်။

       ယခု(၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ်နှင့်ယခင် (၂၀၂၀-၂၀၂၁)ဘဏ္ဍာနှစ်တို့၏ စုစုပေါင်း စိုက်ပျိုးထွက်ရှိမှုတို့ကို နှိုင်းယှဉ်ကြည့်လျှင် (၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ်မှာ စိုက်ဧက (၈,၂၅၁)ဧက၊ ရိတ်ဧက(၂,၈၂၅)ဧက၊ စုစုပေါင်းထွက်ရှိမှုမှာ(၅၃၉,၆၂၆)တင်းတို့ လျှော့နည်းလာသည်ကိုတွေ့ရှိရပြီး စိုက်ပျိုးထွက်ရှိမှု လျော့နည်းလာရခြင်းမှာ ပြောင်းမျိုးစေ့နှင့် သွင်းအားစုများ ဈေးနှုန်းကြီးမြင့်ခြင်းတို့ကြောင့် စိုက်ပျိုးနိုင်မှုလျော့နည်းလာခြင်းဖြစ်သည်ဟု ပြောင်းစိုက်တောင်သူတစ်ဦးထံမှ ရှိရပါတယ်။

DOCA(ကယား)

 

ဟားခါးမြို့ရှိ ဖေဖော်ဝါရီလနှင့် မတ်လအတွင်းစက်သုံးဆီဈေးနှုန်းနှိုင်းယှဉ်ချက်

          ချင်းပြည်နယ်သည် ဝေးလံခေါင်သီသော တောင်ပေါ်ဒေသဖြစ်ခြင်းကြောင့် ကုန်ပစ္စည်းများ သယ်ယူရေးစရိတ်မြင့်မား၍ အခြားတိုင်းဒေသကြီး/ပြည်နယ်များထက် စက်သုံးဆီဈေးနှုန်းများ ကြီးမြင့်နေသည်ကို တွေ့ရှိရပါသည်။ လက်ရှိအခြေအနေတွင် စက်သုံးဆီများကို များသောအား ဖြင့် မန္တလေးမြို့မှ လက္ကားဈေးနှုန်းဖြင့် ဝယ်ယူရရှိပြီး ဟားခါးမြို့အတွင်းရှိ စက်သုံးဆီ ဈေးနှုန်း မြင့်တက်/ကျဆင်းခြင်းသည် မန္တလေးမြို့၏ စက်သုံးဆီဈေးနှုန်းမြင့်တက်/ကျဆင်းခြင်းနှင့် တိုက်ရိုက်ဆက်စပ်နေပါကြောင်း စက်သုံးဆီအရောင်းဆိုင်ရှင်တစ်ဦးထံမှ စုံစမ်းသိရှိရပါသည်။

          ဟားခါးမြို့ရှိ စက်သုံးဆီဈေးကွက်အခြေအနေအား လေ့လာကြည့်ရာတွင် ၂၀၂၂ခုနှစ် အတွင်း ဖေဖော်ဝါရီလမှာ ဈေးနှုန်းတည်ငြိမ်ခဲ့သော်လည်း မတ်လတွင် စက်သုံးဆီဈေးနှုန်း သိသိသာသာ မြင့်တက်လာသည်ကို သိရှိရပါသည်။ ဖေဖော်ဝါရီလနှင့် မတ်လ(၂၁ရက်နေ့အထိ) စက်သုံးဆီတစ်လီတာ ဈေးနှုန်းနှိုင်းယှဉ်ချက်အရ ဓါတ်ဆီအောက်တိန်း(95) ၃၁ ရာခိုင်းနှုန်း၊ ဓါတ်ဆီအောက်တိန်း(92) ၃၀ ရာခိုင်နှုန်း၊ ပရီမီယံဒီဇယ် ၂၈ ရာခိုင်နှုန်း၊ ဒီဇယ်(ရိုးရိုး) ၂၉ ရာခိုင် နှုန်း အသီးသီး ဈေးနှုန်းမြင့်တက်ခဲ့ပြီး မတ်လ(၂၂)ရက်နေ့တွင် စက်သုံးဆီဈေးနှုန်း အနည်းငယ် ကျဆင်းလာသည်ကို လေ့လာသိရှိရပါသည်။ ဟားခါးမြို့၏ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လ တွင် ဖြစ်ပေါ်နေသော စက်သုံးဆီတစ်လီတာဈေးနှုန်းများ နှိုင်းယှဉ်ချက်ကို အောက်ပါဇယားဖြင့် ဖော်ပြအပ်ပါသည်-

ဟားခါးမြို့ရှိ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လအတွင်း စက်သုံးဆီ တစ်လီတာဈေးနှုန်းနှိုင်းယှဉ်ချက်ဇယား

စဉ်

ရက်စွဲ

၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ

ရက်စွဲ

၂၀၂၂ခုနှစ်၊ မတ်လ

 

ဓါတ်ဆီ(၉၅)

ပရီမီယံဒီဇယ်

ဓါတ်ဆီ(၉၂)

ဒီဇယ်(ရိုးရိုး)

ဓါတ်ဆီ(၉၅)

ပရီမီယံဒီဇယ်

ဓါတ်ဆီ(၉၂)

ဒီဇယ်(ရိုးရိုး)

 

၁၆-၂-၂၀၂၂

၂၀၅၀

၂၀၇၀

၂၀၀၀

၂၀၅၀

၁၆-၃-၂၀၂၂

၂၅၀၀

၂၄၃၀

၂၄၀၀

၂၄၂၀

 

၁၇-၂-၂၀၂၂

၂၀၅၀

၂၀၇၀

၂၀၀၀

၂၀၅၀

၁၇-၃-၂၀၂၂

၂၇၀၀

၂၆၅၀

၂၆၀၀

၂၆၄၀

 

၁၈-၂-၂၀၂၂

၂၀၅၀

၂၀၇၀

၂၀၀၀

၂၀၅၀

၁၈-၃-၂၀၂၂

၂၇၀၀

၂၆၅၀

၂၆၀၀

၂၆၄၀

 

၁၉-၂-၂၀၂၂

၂၀၅၀

၂၀၇၀

၂၀၀၀

၂၀၅၀

၁၉-၃-၂၀၂၂

၂၇၀၀

၂၆၅၀

၂၆၀၀

၂၆၄၀

 

၂၀-၂-၂၀၂၂

၂၀၅၀

၂၀၇၀

၂၀၀၀

၂၀၅၀

၂၀-၃-၂၀၂၂

၂၇၀၀

၂၆၅၀

၂၆၀၀

၂၆၄၀

 

၂၁-၂-၂၀၂၂

၂၀၅၀

၂၀၇၀

၂၀၀၀

၂၀၅၀

၂၁-၃-၂၀၂၂

၂၇၀၀

၂၆၅၀

၂၆၀၀

၂၆၄၀

 

၂၂-၂-၂၀၂၂

၂၀၅၀

၂၀၇၀

၂၀၀၀

၂၀၅၀

၂၂-၃-၂၀၂၂

၂၅၀၀

၂၄၅၀

၂၄၃၀

၂၄၄၀

 

ဒေါ်ကြယ်(ဟားခါး)

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ ပြောင်းဆံနှင့် ပြောင်းဖူးပင်ဈေးကွက်အခြေအနေ ကွင်းဆင်းလေ့လာ

                 ပြောင်းဖူးပင်များကို Ever Shine Lashio co.ltd က ဝယ်ယူကာတစ်ဖက်နိုင်ငံသို့ တင်ပို့ရောင်းချပေးနေသည့်အတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ပြောင်းဖူးစိုက်သည့်တောင်သူများ ပြောင်းဆံနှင့် ‌ပြောင်းဖူးပင်ဈေးကွက်နှစ်ခုရရှိနေ၍ အဆင်ပြေလျှက်ရှိပြီး ပြောင်းစိုက်တောင်သူများထံမှ ပြောင်းပင်များကို အပြင်လိုက်ဝယ်ယူပြီးပြောင်းချဉ်ဖတ်လုပ်ကာ အိမ်နီးချင်းတရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့ရောင်းချပေးနေသည့် ဈေးကွက်တစ်ခု ဖြစ်ပေါ်လာ၍ ပြောင်းဖူးချိုးပြီးသားအပင်များ အလဟဿမဖြစ်စေတော့သည့်အတွက် ပြောင်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိသည်ဟု သတင်းရရှိပါသည်။ ယခင်ကတော့ ပြောင်းဖူးစိုက်သည့် အခါတွင်အဖူးချိုးခြင်း၊ခြွေခြင်း၊ လှန်းခြင်းတို့က်ုအဆင့်ဆင့်ပြုလုပ်ပြီးမှ သွားရောက်ရောင်းချရသောကြောင့်  တစ်နှစ်လျှင် တစ်ခါတည်းသာစိုက်နိုင်၊ ရောင်းနိုင်ချနိုင်ကြောင်း သိရှိရပါသည်။ ယခုလို အပင်ပါဝယ်ယူပေးခြင်းကြောင့် အဖူးချိုးအချိန်တွင် ချိုးပြီးတာနဲ့ အမျှ ပြောင်းဖူးပင်များကိုပါတစ်ခါတည်း ရိတ်သိမ်းပြီးတော့ စက်ရုံသို့သွားရောက်ပေးပို့ခြင်းဖြင့်လည်း ဝင်ငွေထပ်မံရရှိသည့်အတွက် တောင်သူတွေအတွက် ဝင်ငွေရရှိကြောင်း သိရှိရပါသည်။ ရာသီဥတုများလည်းမှန်ကန်ပြီး လုပ်အားလည်းစိုက်နိုင်မယ်ဆိုရင် တစ်နှစ်လျှင်နှစ်ကြိမ်သုံးကြိမ် မျှလောက်စိုက်ပျိုးနိုင်မည်ဟု တောင်သူတစ်ဦးထံမှ သတင်းရှိပါသည်။

            Ever Shine Lashio co.ltdက လားရှိုးမြို့နှင့် သိန္နီမြို့တို့တွင် စက်ရုံတည်ထားပြီး ပြောင်းဖူးပင်များကို ဝယ်ယူပေးကာ ပြောင်းပင်ချဉ်ဖတ်အဖြင့် ၁တန် ကြိတ်ခွဲ၍တစ်ထုပ်လျှင်(၈၀၀)ကီလိုဂရမ်ခန့် အလေးချိန်ရှိအောင်ထုပ်ပိုးကာ အိမ်နီးချင်းတစ်ဖက်တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချပေးသည့်ဈေးကွက်ကို တစ်နှစ်ကျော်ကြာ စမ်းသပ်ခဲ့ပြီး ဖြစ်ပါကြောင်း သတင်းရရှိပါသည်။ ပြောင်းဖူးပင်များကို ပြန်လည်ဝယ်ယူပေးနေသည့် Ever Shine Lashio co.ltdမှ မန်နေဂျာ ဖြစ်သူ မအိ ထံမှတောင်သူတွေဆီကနေစက်ရုံသို့အရောက်ပို့ပြောင်းပင်တစ်တန်လျှင် ကျပ်(၅၀၀၀၀)နှုန်းဖြင့် ပြီးခဲ့တဲ့ နှစ်ကနေစ၍ ဝယ်ယူပေးနေကြောင်းသိရှိရပါသည်။ ထိုသို့ ပြန်လည် ဝယ်ယူပေးခြင်းအားဖြင့် တောင်သူတွေက   ပြောင်းဖူး/ပြောင်းဆံလည်းရောင်းပြီး အပင်ကလည်းအလကားမဖြစ် သွားတော့ပဲ ဝင်ငွေတစ်ခုပြန်လည်ရရှိတဲ့အတွက် ပိုပြီးအဆင်ပြေကြောင်းပြောပြချက်အရသိရှိရပါသည်။ ထိုသို့ ပြောင်းဖူးပင်များကို ပါပြန်လည်ဝယ်ယူပေးနေသည့်အတွက်တစ်နှစ်လျှင် ပြောင်းဖူးစိုက်ပျိူးခြင်းကို နှစ်ခါမှ သုံးခါထိ ပြုလုပ်နိုင်သောကြောင့် တောင်သူများအနေဖြင့်လည်း ယခင်ကာလများထက် ဝင်ငွေပိုမိုရရှိနိုင်သည့် အပြင်ဒေသအတွင်း ပြန်လည်အသုံးပြုရန် များစွာအသုံးမတည့်သည့် ပြောင်းဖူးပင်များမှလည်း ဝင်ငွေပြန်လည် ရရှိနိုင်မည်ဖြစ်ကြောင်း သတင်းရရှိခဲ့ပါသည်။

            ပြောင်းဖူးပင်များကို ကြိတ်ဖတ်အဖြစ် ပြန်လည်ကြိတ်ခွဲသည့်စက်ကြီးများမှာ အောက်ခံမြေပြန့်ပြူးပြီး နေရာအကျယ်အဝန်းများစွာပေးရသည့်အတွက် စက်ရုံကကိုယ်တိုင်လာရောက်ဝယ်ယူရန်မဖြစ်နိုင်၍ တောင်သူများကစက်ရုံအထိ လာရောက်ပို့ဆောင်ပေးမှသာ ပိုမိုအဆင်ပြေမည်ဖြစ်ပြီး စက်ရုံသို့အရောက် ပြောင်းဖူးပင် တစ်တန်လျှင် မြန်မာငွေကျပ်(၅၀၀၀၀)နှုန်းရရှိခြင်းကလည်း တောင်သူများအတွက် တွက်ခြေကိုက်ကြောင်း သတင်းရရှိပါသည်။COVID-19ကာလ စတင်စဉ်ကတည်းက စ၍လက်ရှိအချိန်ထိ ရှမ်းပြည်နယ်(မြောက်ပိုင်း) အပါအဝင် ဒေသအတွင်း စိုက်ပျိုးရေးလုပ်ကိုင်သည့်တောင်သူများအနေဖြင့် အသီးအနှံ၊ အစေ့အဆံများကို တစ်ဖက်နိုင်ငံများသို့တင်ပို့ရောင်းချရာတွင် အသွားအလာကန့်သတ်ထားခြင်း၊ ကုန်စည်ကန့်သတ်ထားခြင်းများကြောင့် ရောင်းဝယ်ဖောက်ကားမှု ကောင်းမွန်စွာမရှိခဲ့ဘဲ သီးနှံဈေးနှုန်းများလည်း ကျဆင်းသွားခဲ့ရကြောင်း သတင်းရရှိ ပါသည်။

            ၎င်းအပြင် စက်သုံးဆီဈေးနှုန်းများနှင့် သီးနှံစိုက်ပျိုးရာ၌အသုံးပြုသည့်ပစ္စည်းများ၊ မြေဩဇာများမှအစ ကုန်ဈေးနှုန်းမြင့်တက်မှုများကြောင့်လည်း တောင်သူများအကြပ်အတည်းဖြစ်ပေါ်နေခဲ့သည့်အတွက် ယခုကဲ့သို့ တောင်ယာထဲတွင် တပင်တပန်းခုတ်ထွင်ရှင်းလင်းနေရပြီး ဒေသအတွင်း၌လည်း ဝင်ငွေပြန်လည်မရရှိနိုင်ခဲ့သော ပြောင်းဖူးပင်များကို ပြန်လည်ဝယ်ယူပေးနေသည့် ဈေးကွက်တစ်ခုဖြစ်ပေါ်လာခြင်းအတွက် တောင်သူများစွာအကျိုးအမြတ်ရရှိနိုင်မည်ဖြစ်ပြီး ပြောင်းဖူးပင်များကို ပြန်လည်ရောင်းချလိုသူများအနေဖြင့်   Ever Shine Lashio co.ltd၏ ဖုန်းနံပါတ် 09-787783866သို့ ဆက်သွယ်ရောင်းချနိုင်ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(ရှမ်း)

"ဝင်ငွေလမ်းကြောင်း တိုးပွားဖို့ ဝဥစိုက်ကြစို့"

         ချင်းပြည်နယ်တွင်    လူမှုအကျိုးစီးပွား   တိုးတက်လာစေရန်အတွက်    သော်လည်းကောင်း၊ အလုပ်အကိုင်နှင့် အခွင့်အလမ်းရှားပါးမှု ပြဿနာများကို လျော့နည်းလာစေရန် အတွက်သော် လည်းကောင်း စသည့်ရည်ရွယ်ချက်များဖြင့် ဤဆောင်းပါးကို ရေးသားတင်ပြရခြင်းဖြစ်ပါသည်။

          မြန်မာနိုင်ငံတွင် ဝဥပင်သည် နေရာအနှံ့တွင် သဘာဝပေါက်ပင်အဖြစ် ပေါက်ရောက် လျက်ရှိပါသည်။  ဝဥ၏ မူရင်းဒေသသည် အရှေ့တောင်အာရှနိုင်ငံများနှင့် အာဖရိကဒေသ များတွင် သဘာဝအလျောက် ပေါက်ရောက်လာရခြင်းဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် ဝဥမျိုးပေါင်း (၁၃၀)ကျော် ခန့်ရှိပြီး(၁၂)မျိုးခန့်သာ ထုတ်ဖော်သုံးစွဲလျက်ရှိကြောင်း တွေ့ရှိရပါသည်။  ဝဥ၏ ရုက္ခဗေဒအမည်မှာ (Amorphophallus Companuatus)ဖြစ်ပြီး အင်္ဂလိပ်အမည်မှာ (Element Foot Yam, White Yam or Telingo)ဟု ခေါ်ဝေါ်ကြပါသည်။ မြန်မာနိုင်ငံတွင် အဓိက စိုက်ပျိုးလျက်ရှိသော ဝဥမျိုး(၃)မျိုးရှိ ပါသည်။ ဝဥအနီ၊ အဝါ၊ အဖြူဟူ၍ ရှိရာ အနီဥသည် ဈေးကွက်တွင် အကောင်းဆုံး မျိုးစေ့ဖြစ်ပါသည်။ ဝဥပင်သည် မိုးများပြီး  ပင်လယ်ရေ အမြင့်ပေ (၅၀၀၀)ခန့်မြင့်မားသော  မြေနေရာများတွင် ပိုမိုဖြစ် ထွန်းလျက်ရှိကြောင်း  လေ့လာတွေ့ရှိရပါသည်။ ဝဥစိုက်ပျိုးရာတွင် မျိုးပွားနည်း(၄)မျိုးရှိပါသည်။ ပထမနည်းမှာ (၃၀)ကျပ်သားမျိုးဥကို စိုက်ပျိုးပါက နှစ်ချင်းအသုံးပြုနိုင်သည့် ရောင်းတန်းဝင် ဝဥရ မည်ဖြစ်ပါသည်။  ဒုတိယမျိုးပွားနည်းမှာ အရွက်မှအသီးများကို စိုက်ပျိုးခြင်း၊ ဝဥ ပန်းခိုင်မှ ရရှိသော အစေ့ငယ်များကို စိုက်ပျိုးခြင်း၊ ဝဥအလုံးကြီးမှ ခွဲယူပြီး မျိုးအဖြစ်လည်း စိုက်ပျိုးနိုင်ပါသည်။ ဝဥကို စတင်စိုက်ပျိုးမည်ဆိုပါက ချုံနွယ်၊ ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းပြီး မီးရှို့ကာ စိုက်ခင်းအား မြေဆွခြင်း၊ ဘောင်ခတ်ခြင်းများပြုလုပ်ပြီး ဧပြီလနှင့် မေလတွင် စိုက်ပျိုးနိုင်ပါသည်။  တန်းကြား (၂)ပေ၊ ပင်ကြား (၁)ပေနှုန်းဖြင့် စိုက်ပျိုးမည် ဆိုပါက တစ်ဧကလျှင် ဝဥမျိုးပေါင်း(၅၄၅၅)ပင်အထိ ဆံ့အောင် စိုက်ပျိုးနိုင်ပါသည်။ (၂၀၁၈ - ၂၀၂၀)ခုနှစ်များတွင်  သုံးနှစ်အတွင်း တစ်ဧကလျှင် ကုန်ကျစရိတ်စုစုပေါင်း ကျပ်သိန်း (၅၀)ခန့်ကုန်ကျပြီး အကျိုးအမြတ်အနေဖြင့် ကျပ်သိန်း (၁၀၀) အထိရရှိကြောင်း ဝဥစိုက်ပျိုး သူတောင်သူများထံမှ သိရပါသည်။ ပျှမ်းမျှအပူချိန်(၂၅) ဒီဂရီမှ(၃၅) ဒီဂရီ စင်ဒီဂရိတ်အကြား ပူနွေးစွတ်စိုသော ရာသီဥတုကို နှစ်သက်ပါသည်။  ဝဥစိုက်ပျိုးရာတွင်  မြေဆီလွှာ PH (5.5) မှ (7.2) နေရာများတွင် ပိုမိုဖြစ်ထွန်းသည်ကိုတွေ့ရပါသည်။

        ၂၀၂၀-၂၀၂၁ခုနှစ်တွင် ချင်းပြည်နယ် တစ်ပြည်နယ်လုံး၌ ဝဥစိုက်ဧကပေါင်း(၁၆၉၂၁) ဧက အထိရှိပါသည်။ မင်းတပ်(၄၃၁၀)ဧက၊ မတူပီ(၂၅၅၇)ဧက၊  ရေဇွာ(၂၇၅၆)ဧက၊ ကန်ပက်လက် (၉၉၀)ဧက၊ ပလက်ဝ(၂၁၉)ဧက၊ ဆမီး(၆၁)ဧက၊ ဟားခါး(၁၄၉၇)ဧက၊ ထန်တလန်(၂၂၈၇)ဧက၊ တီးတိန်(၈၆၀)ဧက၊ တွန်းဇံ(၁၁၇)ဧက၊ ကျီခါး(၅)ဧက၊ ဖလမ်း (၁၂၄၇)ဧက၊ ရိခေါဒါရ်(၁၅)ဧကအထိ အသီးသီး စိုက်ပျိုးလာခဲ့ကြပါသည်။ မင်းတပ်မြို့ နယ်တွင် ဝဥကို(၂၀၀၅)ခုနှစ် ခန့်ကစပြီး စီးပွား အဖြစ် အစပျိုး စိုက်ပျိုးလာခဲ့ကြပါသည်။ ဝဥစိုက်ပျိုးရာတွင် တောင်ကမ်းပါး၊ တောင်စောင်းများ၊ ဆင်ခြေလျှောနေရာများတွင် ဖြစ်ထွန်းလျက်ရှိပါသည်။ ထို့ကြောင့် နောက်ပိုင်းတွင် ရွှေ့ပြောင်း တောင်ယာလုပ်ကိုင်သူ နည်း ပါးလာပြီး ဝဥစိုက်ခင်းများကို အဓိက လုပ်ကိုင်လာကြပါသည်။ (၂၀၀၅မှ၂၀၀၉)ခုနှစ်များတွင် ဈေးနှုန်းနေဖြင့် ဝဥအစို (၁)ပိဿာလျှင် (၅၀မှ၁၀၀)ကျပ်အထိ၊ အခြောက်(၁)ပိဿာ လျှင်(၂၀၀၀ မှ ၃၀၀၀)ကျပ်အထိ၊ (၂၀၁၀ မှ၂၀၁၄)ခုနှစ်များတွင် အစို(၁)ပိဿာ လျှင်(၂၀၀မှ ၆၀၀)ကျပ်အထိ၊ အခြောက်(၁)ပိဿာလျှင်(၄၀၀၀မှ၈၀၀၀)ကျပ်အထိ၊ (၂၀၁၅မှ၂၀၁၇) ခုနှစ် များတွင် အစို(၁)ပိဿာလျှင်(၇၀၀ မှ ၁၅၀၀)ကျပ်အထိ၊ အခြောက်(၁)ပိဿာလျှင်( ၉၀၀၀ မှ ၁၂၀၀၀)ကျပ်အထိ၊ (၂၀၁၈မှ၂၀၂၀)ခုနှစ်များတွင် အစို(၁၆၀၀မှ၂၅၀၀)ကျပ်အထိ၊ အခြောက်  (၁)ပိဿာလျှင်(၁၃၀၀၀မှ၁၈၀၀၀)ကျပ်အထိ ဈေးနှုန်းများ အသီးသီး မြင့်တက်လာခဲ့ပါသည်။ (၂၀၂၁-၂၀၂၂)ခုနှစ်တွင် အစို(၁)ပိဿာလျှင်(၅၀၀ မှ ၇၀၀)ကျပ်အထိ၊ အခြောက်(၁) ပိဿာလျှင် (၅၀၀၀ မှ ၆၅၀၀)ကျပ်အထိ ဈေးနှုန်းများ လျော့ကျလာခဲ့ပါသည်။ အကြောင်းမှာ ကမ္ဘာ့ကပ်ရောဂါ (COVID-19)ကြောင့် တရုတ်-မြန်မာ နယ်စပ်ဂိတ်များ အကန့်အသတ်ဖြင့် ပိတ်ထားခြင်း၊ နယ်မြေဒေသလုံခြုံမှုမရှိခြင်း စသည့်အခြေအနေတို့ကြောင့် ဝဥဈေးနှုန်းများ လျော့ကျလာရခြင်း ဖြစ်ပါသည်။

       ဝဥကို တရုတ်နိုင်ငံသို့ အဓိက တင်ပို့ရောင်းချလျက်ရှိပါသည်။  ယခင်က ဝဥအစိုလိုက် တင်ပို့ ရောင်းချခဲ့ရာမှ (၂၀၁၇) ခုနှစ်ကစပြီး အစိုးရ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံသစ်သီး ဝလံပန်းမန် နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း(MFPV)၊ ဓန(Facility)INGO အဖွဲ့အစည်းနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းပြီး ဝဥအခြောက် ထုတ်လုပ်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်ခဲ့ပါသည်။ ထို့ကြောင့် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ထင်ချောင်းကျေးရွာတွင် တစ်ရက် ကို ဝဥ အခြောက် တန်ချိန်(၂၀)အထိ ထုတ်လုပ်နိုင်သော ဝဥစက်ရုံကို ချင်းပြည်နယ်တွင် ပထမဆုံး ဖွင့်လှစ်နိုင်ခဲ့ပါသည်။  ထိုသို့ ဝဥအခြောက် ထုတ်လုပ်နိုင်သည့် စက်ရုံတည်ဆောက်ခြင်းကြောင့် ဒေသခံပြည်သူများ ဝင်ငွေအခွင့်အလမ်း ပိုမိုရရှိလာခဲ့ပါသည်။  ဝဥကို ခေါက်ဆွဲ၊ ကြာဇံ၊ အသားတု၊ ပေါင်ဒါ၊ အခြောက်ကြော်စသည့် ကျန်းမားရေးနှင့် ညီညွတ်သော ကုန်ချောများစွာရရှိပါသည်။ အခြားအစားအစာ ကုန်ပစ္စည်းများစွာကိုလည်း ကုန်အမှတ်တံဆိပ်အမျိုးမျိုးဖြင့် ဈေးကွက်တွင် ရောင်းချလျက်ရှိပါသည်။ ထိုကြောင့် ပြည်တွင်း၌ ကုန်ချောပစ္စည်းများကို ထုတ်လုပ်နိုင်မှသာလျှင် ပြည်သူများ ဝင်ငွေအကျိုးအမြတ် ပိုမိုရရှိလာမည်ဖြစ်ပါသည်။ ဝဥကို ကုန်ချောအဖြစ် ထုတ်လုပ် နိုင်ရန်အတွက် နိုင်ငံတော်အစိုး၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များ ဆက်လက် ပူးပေါင်းဆောင်ရွက်မှသာလျှင် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရာတွင် ပိုမို မြန်ဆန်ပြီး လွယ်ကူချောမွေ့လာမည်ဖြစ်ပါသည်။

        သို့ဖြစ်ပါ၍ ဝဥစိုက်တောင်သူများ၏ဘဝ အဆင်ပြေချောမွေ့မှုရှိစေရန် နိုင်ငံတော်အစိုးရ အနေဖြင့်(COVID-19)စည်းကမ်းချက်များနှင့်အညီ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဂိတ်များ အမြန် ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး  ဆောင်ရွက်ပေးပါရန် ဝဥစိုက် တောင်သူများအနေဖြင့် ဆန္ဒရှိကြကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

Sources; Google, Local News, Department of Agriculture

Written by U Kee Aung Ling (DOCA,Chin State)

“ဝါစိုက်ပျိုးထွက်ရှိမှုနှင့်စျေးနှုန်းစျေးကွက်အခြေအနေအားကွင်းဆင်းလေ့လာ”

          စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဆည်ခရိုင် မှ တာဝန်ရှိသူများသည် ကျောက်ဆည်ခရိုင်အတွင်း ဝါစိုက်ပျိုးထွက်ရှိမှုအခြေအနေ၊ စျေးနှုန်းနှင့်စျေးကွက်အခြေအနေများအား သိရှိရန်အတွက် စိုက်ပျိုးရေးဦးစီးဌာန ၊ ဝါစိုက်တောင်သူများနှင့် ကုန်သည်၊ စက်ပိုင်များအားတွေ့ဆုံပြီး ကွင်းဆင်းလေ့လာခဲ့ပါသည်။

           ကွင်းဆင်းခဲ့မှုအရ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင် ဝါစိုက်ပျိုးမှုအနေဖြင့် မိုးနှောင်း(ဝါ)အား ကျောက်ဆည်ခရိုင်အတွင်းရှိ မြို့နယ် များဖြစ်သည့် ကျောက်ဆည်မြို့နယ်တွင်(၈၃၄၉)ဧက ၊ စဉ့်ကိုင်မြို့နယ်တွင်(၆၈၃၉)ဧက ၊ မြစ်သား မြို့နယ်တွင်(၆၂၅၁)ဧက နှင့် တံတားဦးမြို့နယ်တွင်(၂၉၉)ဧက၊ စုစုပေါင်း(၂၁၇၃၈)ဧကစိုက်ပျိုးခဲ့ပြီး ယခုအချိန်တွင် ၄င်းစိုက်ဧကများရိတ်သိမ်းခဲ့ပြီး ယခုအခါတွင် မိုးကြို(ဝါ)အား စိုက်ပျိုးရန်အတွက် ကျောက်ဆည်ခရိုင်အတွင်း၌ ကျောက်ဆည်မြို့နယ်တွင်(၂၀၀)ဧက၊ မြစ်သားမြို့နယ်တွင်(၅၀၀)ဧက၊ စုစုပေါင်း(၇၀၀)ဧကစိုက်ပျိုးရန်လျာထားလျှက်ရှိကြောင်းသိရှိရပါသည်။ဝါသီးနှံအား ဇူလိုင်၊သြဂုတ် လများတွင်စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလတွင် စတင်ခူးဆွတ်ပြီး မျိုးကောင်းမျိုးသန့်များဖြစ်သော ငွေချည်-၆၊ ငွေချည်-၉ ၊ ရွှေတောင်-၈ နှင့် ရွှေတောင်-၁၀မျိုးများအား အများဆုံးစိုက်ပျိုးကြပါသည်။ မျိုးစေ့အနေဖြင့်(၁)ဧကလျှင် တစ်ထုတ်လျှင်(၃)ပိဿာပါ (၇)ထုတ်ကုန်ကျပြီး မျိုးစေ့တန်ဘိုး ၊ ထည်ရေး၊ထွန်ရေးမြေပြုပြင်ခြင်း၊နွားချေး၊ဓါတ်မြေသြဇာစသည့် သွင်းအားစုများနှင့် လုပ်သားခ အပါအဝင်စုစုပေါင်း(၇၀၀၀၀၀-၇၅၀၀၀၀)ကျပ်ဝန်းကျင်ခန့်ကုန်ကျကြောင်းသိရှိရပါသည်။ မိုးနှောင်း (ဝါ)ထွက်ရှိမှုအနေဖြင့် (၁)ဧကလျှင်(၆၀၀-၇၀၀)ပိဿာခန့်ထွက်ရှိပြီး ထွက်ရှိလာသော ဝါအမျိုး အစားပေါ်မူတည်ပြီး တစ်ပိဿာလျှင်(၁၂၀၀-၁၅၀၀-၂၂၀၀)ကျပ်အထိရရှိကြောင်း ၊ ဝါဂွမ်းစျေးနှုန်း အနေဖြင့် ယခင်နှစ်တွင် တစ်ပိဿာလျှင်(၃၈၀၀-၄၂၀၀)ကျပ်ရရှိခဲ့ ပြီးယခုနှစ်တွင် တစ်ပိဿာလျှင် (၅၀၀၀-၅၈၀၀)ကျပ်အထိ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။ ဝါစျေးကွက်အနေဖြင့် ကျောက်ဆည်ခရိုင်အတွင်းမှထွက်ရှိလာသော ဝါများအား ပွဲစားများ မှ မန္တလေးစျေးကွက်သို့ လည်းကောင်း၊မြစ်သားမြို့ရှိဝါကုန်သည်များထံသို့ရောင်းချကြောင်း၊ထွက်ရှိလာသောဝါဂွမ် များအား ပြည်တွင်းရှိချည်မျှင်စက်ရုံများနှင့်တပ်မတော်ချည်မျှင်စက်ရုံများသို့ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

၂၈.၃.၂၀၂၂ ရက်နေ့မှ ၃.၄.၂၀၂၂ ရက်နေ့အထိ စားသုံးဆီအပတ်စဉ် ရည်ညွှန်းဈေးနှုန်း

စားသုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ အပတ်စဉ် ရည်ညွှန်းဈေးနှုန်း(၂၈.၃.၂၀၂၂ ရက်နေ့မှ  ၃.၄.၂၀၂၂) ရက်နေ့အထိ) အား အောက်ပါ .pdf file တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

၂၈.၃.၂၀၂၂ ရက်နေ့ မှ ၃.၄.၂၀၂၂ ရက်နေ့အထိ စားအုန်းဆီ တစ်ပိဿာကုန်ကျစရိတ် တွက်ချက်မှုစာရင်း

၂၈.၃.၂၀၂၂ ရက်နေ့ မှ ၃.၄.၂၀၂၂ ရက်နေ့အထိ အပတ်စဉ် စားအုန်းဆီ တစ်ပိဿာကုန်ကျစရိတ် တွက်ချက်မှုစာရင်းအား ပူးတွဲပါဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

ကျိုင်းတုံ၌ ခရမ်းသီးစိုက်ပျိုးမှုအခြေအနေများအား ကွင်းဆင်းလေ့လာခြင်း

       ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၃-၂၀၂၂)ရက်နေ့တွင် ကျိုင်းတုံမြို့နယ်ရှိ ကတ်ဖအုပ်စု၊ ယန်းကျိန်ရွာရှိ ခရမ်းသီးစိုက်ပျိုးသော တောင်သူတစ်ဦးအား တွေ့ဆုံ၍ ခရမ်းသီးစိုက်ပျိုးမှုနှင့်ဈေးကွက်အခြေအနေတို့အား ကွင်းဆင်းလေ့လာ မေးမြန်းခဲ့ပါသည်။

   ခရမ်းသီးစိုက်ပျိုးရာတွင် အကွက်တစ်ကွက်လျှင် ခရမ်းသီးမျိုးစေ့ နို့ဆီဗူးတစ်ဝက် စိုက်ပျိုးလေ့ရှိပြီး (၄)ကွက်လျှင် (၁)ဧကခန့်ရှိကြောင်း၊ မျိုးစေ့အား အောက်တိုဘာလတွင်ပျိုးကြဲ၍ တစ်ပတ်ခန့်အကြာ အပင်ပေါက်လေ့ရှိပြီး ပိုသတ်ဆေးတစ်ကြိမ်နှင့် ဓာတ်မြေဩဇာနှစ်ကြိမ်ကျွေးရကြောင်း၊ (၄၅)ရက်အကြာတွင် ပျိုးပင်များအားနုတ်ကာ ပြန်စိုက်ရပြီး တစ်ပတ်တစ်ကြိမ် ဓာတ်မြေဩဇာကျွေးရကြောင်း ၊ စိုက်ပြီး နှစ်လခန့်အကြာတွင် အသီးသီးပြီး အသီးမသီးခင်  ဝါးတိုင်များထောင်ပေးရကြောင်း၊ စသီးချိန်မှ တစ်လခန့်တွင် အသီးစတင်ခူးဆွတ်ရပြီး တစ်ပတ်လျှင်တစ်ကြိမ်ခူးဆွတ်ရကြောင်း၊ တစ်ကြိမ်ခူးလျှင်(သုံးလုံးတစ်စီး) အစီးရေ(၃၀၀ မှ ၅၀၀)ခန့်ရရှိကြောင်း၊ ခူးဆွတ်ပြီးတိုင်း ဓာတ်မြေဩဇာ ထည့်ပေးရကြောင်း၊ ခရမ်းသီးအား စိုက်ပျိုးပြီး ပြုန်းသွားသည်ထိ (၁၀)ကြိမ် (၁၂)ကြိမ်ထိ ခူးဆွတ်ရပြီး တစ်ကွက်လျှင်အစီးရေ (၄၀၀၀)ခန့် ရရှိကြောင်း သိရှိရပါသည်။ အခြားသီးနှံများ စိုက်ပျိုးခြင်းအတွက် မျိုးစေ့အထုပ်များဝယ်၍ စိုက်ပျိုးလေ့ရှိ သော်လည်း ခရမ်းမျိုးစေ့မှာ နှစ်စဉ်ဝယ်ယူရန်မလိုပဲ ယခင်နှစ်ခူးဆွတ်ပြီးသောအသီးမှ မျိုးစေ့ကို ပြန်ယူ၍ စိုက်ပျိုးလေ့ရှိကြောင်း သိရှိရပါသည်။

          ခရမ်းသီးစိုကိပျိုးမှုအနေဖြင့် တစ်ကွက်လျှင် ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာ၊ ဝါးတိုင်ဖိုးနှင့် အလုပ်သမားခအပါအဝင် စုစုပေါင်း ကျပ်လေးသိန်းခန့်ကုန်ကျပြီး ယခင်နှစ်ကတစ်စီးလျှင်(၁၀၀)ကျပ် ရကာ ယခုနှစ် ခရမ်းသီးဈေးကောင်းသောကြောင့် တစ်စီး(၃၀၀)ကျပ်ရရှိသည့်အတွက် တစ်ကွက်လျှင် (၄၀၀၀စည်း×၃၀၀=၁၂၀၀၀၀၀)ရရှိသောကြောင့် အကျိုးအမြတ် ခုနစ်သိန်းမှရှစ်သိမ်းခန့်ရရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ခရမ်းသီးတပိုင်တနိုင် စိုက်ပျိုးသောတောင်သူများအနေဖြင့် အကျိုးအမြတ်များရရှိကာ အပိုဝင်ငွေများရရှိနေကြောင်း ရေးသားလိုက်ပါသည်။

DOCA(ရှမ်း)

တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်၊သွင်းကုန် တင်ပို့နိုင်မှုအခြေအနေ

             စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တမူးမြို့နယ်၊ တမူးကုန်သွယ်ရေးစခန်းမှ အိန္ဒိယနယ်စပ်သို့ နေ့စဉ် ပို့ကုန်များကို တင်ပို့လျှက်ရှိပါသည်။ ၂၀၂၂ ခုနှစ်၊ မတ်လ တတိယပတ်တွင် လယ်ယာ ထွက်ကုန်ပစ္စည်းအနေဖြင့် ကြက်သွန်နီ (၃၉.၅၀၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာသန်း(၀.၁၁၇)၊ မက်မွန်သီး (၁၈.၅၁၈)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာသန်း (၀.၀၀၃)၊ ကွမ်းသီး(၁၀၀.၀၀၀)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာသန်း (၀.၁၀၂)တင်ပို့နိုင်ခဲ့ပါသည်။ စက်မှုကုန်ချောအနေဖြင့် စီးကရက်(၃၂.၀၀၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာသန်း (၀.၀၇၂)တင်ပို့နိုင်ခဲ့ပြီး အခြားပစ္စည်းအနေဖြင့် နန့်ဖာလုံကုန်စုံ တန်ဖိုး အမေရိကန်ဒေါ်လာသန်း (၀.၁၀၀) တင်ပို့နိုင်ခဲ့ကြောင်း သိရှိရသည်။

      သွင်းကုန်အနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများဖြစ်သည့် ကတ္တရာ(၃၂၂.၀၀)တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာသန်း (၀.၂၀၄)၊ လုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် ဓာတ်မြေသြဇာ (၁၂၉.၂၅၀)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာသန်း (၀.၀၆၅)တင်သွင်းနိုင်ခဲ့ကြောင်း သိရှိရသည်။ ၂၀၂၂ ခုနှစ်၊ မတ်လ တတိယပတ်တွင် ပို့ကုန်စုစုပေါင်း(၁၉၀.၀၁၈)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာသန်း (၀.၂၈၉)တင်ပို့ နိုင်ခဲ့မှု တန်ချိန်၊ တန်ဖိုးအခြေအနေနှင့် သွင်းကုန်စုစုပေါင်း (၄၅၁.၂၅၀)တန်၊ တန်ဖိုးအမေရိကန် ဒေါ်လာသန်း(၀.၂၆၉)သန်း တင်သွင်း နိုင်ခဲ့ပါကြောင်း ကုန်သွယ်ရေးဦးစီးဌာန၊ တမူးနယ်စပ်ကုန်သွယ်ရေး စခန်းမှတစ်ဆင့် သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းခရိုင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဆီထွက်သီးနှံများ စိုက်ပျိုးမှုအခြေအနေ

            စစ်ကိုင်းခရိုင်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဆောင်းဆီထွက်သီးနှံ လျာထားစိုက်ဧက ၂၂၆၁၃၄ အား ယနေ့ထိ မြေပဲ ၆၃၃၁၆ ဧက၊ နှမ်း(ဆောင်း) ၉၆၈၀၃ ဧက၊ နှမ်း(နွေ) ၁၅၅၅ ဧက၊ နေကြာ ၅၉၉၉၉ ဧက၊ ပန်းနှမ်း ၁၈၅၁ ဧကနှင့် အခြားဆီထွက် အစေ့ကြားကြက်ဆူ ၅၂၀ ဧက စုစုပေါင်း ၂၂၄၀၄၄ ဧက စိုက်ပျိုးပြီးစီး၍  ရာခိုင်နှုန်းအားဖြင့် ၉၉% စိုက်ပျိုးပြီးစီးခဲ့ပြီး ယခင်နှစ်ကာလတူ စိုက်ဧကမှာ ၂၃၁၅၀၃ ဖြစ်ကြောင်း သိရှိရသည်။

          စစ်ကိုင်းခရိုင်တွင် ဆီထွက်သီးနှံ စိုက်ဧက အများဆုံးမှာ နှမ်း(ဆောင်း)ဖြစ်ပြီး မြေပဲနှင့် နေကြာသီးနှံများမှာ ဒုတိယစိုက်ဧက အများဆုံးဖြစ်ကြောင်း၊ တစ်ဧကကုန်ကျစရိတ် အနေဖြင့် နှမ်း(ဆောင်း) ၃၆၆၀၀ဝိ/-၊ မြေပဲ ၄၃၆၀၀ဝိ/-နှင့် နေကြာ ၂၁၇၀၀ဝိ/- ဖြစ်ကြောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ဆောင်းသီးနှံများအားလုံး စိုက်ပျိုးပြီးစီးသလောက်ဖြစ်ပြီး နွေနှမ်းလျာထားချက် ဧက (၃၁၇၄)အနက် ဧက(၁၅၅၅) စိုက်ပျိုးရန်ကျန်ရှိကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း