ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြင့်တက်လာသောပဲဆီဈေးနှုန်း

        ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ တတိယတစ်ပတ်အတွင်း စားသုံးဆီဈေးနှုန်းများမှာ ပဲဆီ လက်ကားတစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၁၂၅၀၀)ကျပ်၊ နှမ်းဆီ လက်ကားတစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ နေကြာဆီ လက်ကားတစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၁၄၀၀၀) ကျပ် နှင့် စားအုန်းဆီ လက်ကားတစ်ပိဿာလျှင် (၅၇၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၅၈၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်ဒုတိယတစ်ပတ် ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်လျှင် ပဲဆီ လက်ကားတစ်ပိဿာလျှင် (၅၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၅၀၀)ကျပ် မြင့်တက်လာခဲ့ပြီး ကျန်စားသုံးဆီဈေးနှုန်းများ တည်ငြိမ်လျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်တစ်ဆိုင်ထံမှ သိရှိရပါသည်။

DOCA(ကယား)

စားဖိုဆောင်သီးနှံဖြစ်သည့် ကုလားပဲဝါ ဈေးမြှင့်တက်လာမှု

     လွိုင်ကော်မြို့ စားဖိုဆောင်သီးနှံဖြစ်သည့် ကုလားပဲဝါဈေးကွက်သည် ဇန်နဝါရီလ ဒုတိယပတ်အတွင်း တစ်ပိဿာလျှင် (၄၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဇန်နဝါရီလ တတိယပတ်အတွင်း တစ်ပိဿာလျှင်(၄၅၀၀)ကျပ် ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်အပတ်နှင့် ယခုအပတ် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ကျပ်(၅၀၀)တိတိ ဈေးနှုန်းမြှင့်တက်လာခဲ့ကြောင်း သီရိမင်္ဂလာဈေးအတွင်း ရောင်းချလျက်ရှိသည့် ကုန်သည်ထံမှ သိရှိရပါတယ်။

DOCA(ကယား)

 

မကွေးမြို့၏ ၂၀၂၃-ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်နှင့် ဒုတိယပတ် စက်သုံးဆီစျေးနှုန်းအခြေအနေ

          မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/ သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

          မကွေးမြို့ပေါ်တွင် စက်သုံးဆီဆိုင်(၂၁)ဆိုင်ရှိရာ ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိကြပြီး ၂၀၂၃-ခုနှစ်၊ ဇန်နဝါရီလအတွင်း ပထမပတ်နှင့် ဒုတိယပတ် စက်သုံးဆီစျေးနှုန်းများမှာ ဒီဇယ်ရိုးရိုး (၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၂၇၅)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၄၁၀)ဖြစ်၍ ကျပ်(၁၃၅)စျေးမြင့်ခဲ့ကြောင်း၊ ဒီဇယ်(ပရီမီယမ်) (၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၃၅၅)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၄၉၀) ဖြစ်၍ ကျပ်(၁၃၅)စျေးမြင့်ခဲ့ကြောင်း၊ ဓါတ်ဆီ (92)(၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၁၉၉၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၁၄၅)ဖြစ်၍ ကျပ်(၁၅၅)စျေးမြင့်ခဲ့ကြောင်း၊ ဓါတ်ဆီ (95)(၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၀၅၅)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၂၀၅)ဖြစ်၍ ကျပ်(၁၅၀) အသီးသီး စျေးနှုန်းများတက်လျက်ရှိကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(မကွေး)

“အခြေခံစားသောက်ကုန်စျေးနှုန်းများ”

         မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်ခရိုင်အတွင်းရှိ စည်ပင်သာယာစျေးများတွင် ၂၀၂၃ခုနှစ် ၊ ဇန်နဝါရီလ တတိယပတ်အတွင်း ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်စျေးနှုန်းများမှာ ပေါ်ဆန်းမွှေး(၁)ပြည်(၃၀၀၀/-)ကျပ်၊ (၂၄)ပြည်တစ်အိတ်(၇၀၀၀၀/-)ကျပ်၊ မဂျမ်းတော(အသစ်) (၁)ပြည်(၂၁၀၀/-)ကျပ်၊(၂၄)ပြည်တစ်အိတ်(၄၉၀၀၀/-)ကျပ်၊ မဂျမ်းတော (အဟောင်း)(၁)ပြည် (၂၆၀၀/-) ကျပ်၊(၂၄)ပြည်တစ်အိတ်(၆၆၀၀၀/-)ကျပ် ၊ မနောသုခ(အသစ်)(၁)ပြည်(၂၀၀၀/-)ကျပ် ၊ (၂၄)ပြည် တစ်အိတ်(၄၆၅၀၀/-)ကျပ် ၊ မနောသုခ(အဟောင်း)(၁)ပြည်(၂၁၀၀/-)ကျပ် ၊ (၂၄)ပြည် တစ်အိတ် (၅၀၀၀၀/-)ကျပ် နှင့် ငစိန်(၂၄)ပြည်တစ်အိတ်(၄၆၀၀၀/-)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါ သည်။

      ဆီစျေးနှုန်းများအနေဖြင့် ပဲဆီ(၁)ပိဿာ(၈၅၀၀/-)ကျပ်၊နှမ်းဆီ(၁)ပိဿာ(၉၀၀၀/-)ကျပ်နှင့် စားအုန်းဆီ(၁)ပိဿာ(၆၀၀၀/-)ကျပ်စျေးနှုန်းများဖြင့် ရောင်းချနေပြီး စားဖိုဆောင်သုံးသီးနှံအဖြစ် ကြက်သွန်ဖြူ(ရှမ်း) (၁)ပိဿာ (၃၀၀၀/-) ကျပ် ၊ ကြက်သွန်ဖြူ(တရုတ်) (၁)ပိဿာ (၄၅၀၀/-)ကျပ်၊ ကြက်သွန်နီ(၁)ပိဿာ(၃၀၀၀/-)ကျပ်၊ အာလူး(၁)ပိဿာ(၃၀၀၀/-)ကျပ်၊ ခရမ်းချဉ်သီး(ရှမ်း) (၁)ပိဿာ (၁၅၀၀/-)ကျပ် ၊ ငရုတ်သီးခြောက် (၁)ပိဿာ (၁၅၀၀၀/-)ကျပ်၊ မကျည်းသီး(၁)ပိဿာ (၄၅၀၀/-)ကျပ်၊ ဆား(၁)ပိဿာ(၅၀၀/-)ကျပ် စျေးနှုန်းများဖြင့်ရောင်းချ လျက်ရှိပါသည်။ ကြက်ဥတစ်လုံး(၂၅၀/-)ကျပ်၊ ဘဲဥတစ်လုံး(၃၀၀-၃၅၀)ကျပ်၊ အသားငါး စျေးနှုန်းများအနေဖြင့် ဒေသကြက်(၁)ပိဿာ(၁၆၀၀၀/-) ကျပ် ၊ မွေးမြူရေးကြက်(၁)ပိဿာ(၁၀၀၀၀/-)ကျပ် ၊ ဝက်သား (၁)ပိဿာ(၁၈၀၀၀/-)ကျပ် ၊ အမဲသား (၁)ပိဿာ(၁၈၀၀၀/-)ကျပ်၊ဆိတ်သား(၁)ပိဿာ(၂၈၀၀၀/-) ကျပ်၊ငါးကြင်း(၁)ပိဿာ(၈၀၀၀/-)ကျပ်၊ ငါးမြင်း(၁)ပိဿာ(၁၂၀၀၀/-)၊ငါးရံ့(၁)ပိဿာ(၁၅၀၀၀/-) ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိပါသည်။

          အခြေခံစားသောက်ကုန်စျေးနှုန်းများမှာ ယခင်ဇန်နဝါရီလ ပထမပတ်နှင့်နှိုင်းယှဉ်လျှင် ပဲဆီ ၊ နှမ်းဆီစျေးနှင့် ကြက်သားစျေးနှုန်းအနည်းငယ်ကျဆင်းပြီး ကုန်စျေးနှုန်းများမှာတည်ငြိမ်နေပြီး ပုံမှန် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

DOCA(မန္တလေး)

တောင်တွင်းကြီးမြို့နယ်ရှိ ‘ကံလှ’သကြားစက်ရုံ၏ ယခုနှစ်ကြံရာသီ ကြိတ်ခွဲထုတ်လုပ်မှုအခြေအနေ

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှ (လက်ထောက်ညွှန်ကြားရေးမှူး)၊ တောင်တွင်းကြီးမြို့နယ်တာဝန်ခံဒေါ်ဌေးဌေးနှင့် ဝန်ထမ်းများသည် တောင်တွင်းကြီးမြို့နယ်ရှိ ကံလှ သကြားစက်ရုံသို့ (၁၄.၁.၂၀၂၃)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် သွားရောက်ကွင်းဆင်းပြီး ကုန်ကြမ်းကြံဝယ်ယူရရှိမှု၊ ကုန်ချောသကြားထုတ်လုပ်မှုနှင့် စျေးကွက်အခြေအနေများအား လေ့လာခဲ့ပါသည်။

          (ကံလှ)သကြားစက်ရုံမှူး၏ ပြောကြားမှုအရ စက်ရုံတွင် အရာထမ်း(၁၅)ဦးနှင့် အမှုထမ်း(၂၅၀)ဦး၊ စုစုပေါင်း(၂၆၅)ဦးရှိပြီး စက်ရုံအား နံနက်(၀၈:၀၀)နာရီမှ ည(၂၀:၀၀)နာရီထိ တစ်ဆိုင်း၊   ည(၂၀:၀၀)နာရီမှ နံနက်(၀၈:၀၀)နာရီထိတစ်ဆိုင်းဖြင့် (၂၄)နာရီလုံး လည်ပတ်လျက်ရှိပါကြောင်း ကြံတစ်တန်လျှင် စက်ရုံအရောက် မိုင်အနီးအဝေးပေါ်မူတည်၍ ကျပ်(၇၃၀၀၀/၇၄၀၀၀) ဖြင့်ဝယ်ယူပါကြောင်း ကွင်းစျေးအနေဖြင့် ကြံတစ်တန်လျှင် ကျပ်(၇၀၀၀၀)နှုန်းဖြင့် ဝယ်ယူကြောင်း၊ ကြံကုန်ကြမ်း ကြံတန်(၅၄၅၀၀) ဝယ်ယူရန်လျာထားပြီး (၄၅၀၀၀)တန် ဝယ်ယူရရှိထားပြီး ဖြစ်ပါကြောင်း၊ (၃၃၄၀၀)တန် ကြိတ်ဝါးပြီးဖြစ်၍ ထွက်ရှိလာသောကုန်ချောသကြားများကို တစ်အိတ်လျှင်(၃၀.၆၂)ပိဿာဖြင့် ထည့်သွင်းပါကြောင်း၊ စက်ရုံအား ၂၀၂၂ခုနှစ် ဒီဇင်ဘာလ(၂၁)ရက်နေ့မှ စတင်လည်ပတ်ခဲ့ပြီး တစ်နေ့လျှင် ကြံ(၂၀၀၀)တန်ခန့် ကြိတ်ဝါးနိုင်ကြောင်း ကြံတစ်တန်ကြိတ်ဝါးလျှင် သကြား(၆၀.၆၁)ပိဿာခန့် ထွက်ရှိပါကြောင်း၊ သကြားမှာ သကြားဖြူ(Whide Sugar)အထိ ထုတ်လုပ်ပါကြောင်း၊ ထိုသို့ ထုတ်လုပ်ရာတွင်လည်း မည်သည့် ဓါတုပစ္စည်းမှ မသုံးစွဲဘဲ မဖောက်ထုံး(၇၀%)အထက် ထုံးအား မီးဖုတ်ပြီး (၁)ပတ်အတွင်း သုံးစွဲ၍ ကြံရည်အားအနည်ထိုင်ပြီး ကြိတ်ဝါးသောကြောင့် သကြားဖြူထွက်ရှိကြောင်း စက်ရုံမှ HACCP-Initial Certification, ISO 9001-2015 Initial Certification  နှင့် FDA လက်မှတ်များလည်း ရရှိထားပြီးဖြစ်ကြောင်း၊ ထွက်ရှိလာသောသကြားများကို တပ်မတော် (Sun)နို့ဆီစက်ရုံနှင့် ပြည်တွင်း လုပ်ငန်းရှင်များအား တင်ဒါစနစ်ဖြင့် ရောင်းချကြောင်းနှင့် ကြံကြိတ်ဝါးရာမှထွက်ရှိသော တင်လဲရည် အားလည်း အီသနောချက်ယူရန်အတွက် ထုတ်လုပ်နိုင်ခြင်းမရှိဘဲ တင်လဲရည်အတိုင်းသာ အရက်ချက်စက်ရုံသို့ တင်ဒါစနစ်ဖြင့် ရောင်းချကြောင်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)

 

 

ပခုက္ကူဈေးကွက်၌ ခရမ်းချဉ်သီးဈေးနှုန်း ဆက်လက်မြင့်တက်

         ယခု ဇန်နဝါရီလ(ဒုတိယ)ပတ်တွင် ပခုက္ကူဈေးကွက်၌ ခရမ်းချဉ်သီး(ထိုင်ဝမ်)ဈေးနှုန်းများမှာ (၁)ပိဿာလျှင် ယခင်(၁)ပတ်ထက် ကျပ်(၅၀၀)ခန့်ဆက်လက်မြင့်တက်သွားကြောင်း သိရှိရသည်။ ပခုက္ကူကျွန်းဒေသစိုက်ခင်းထွက် ခရမ်းချဉ်သီးများနှင့် မုံရွာမြို့မှထွက်ရှိသော ခရမ်းချဉ်သီးများ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး တစ်ရက်လျှင် ပိဿာ(၅၀၀ မှ ၂၀၀၀)ခန့် ဝင်ရောက်ကြောင်း သိရှိရပါသည်။

          ယခု(၁)ပတ်အတွင်း ခရမ်းချဉ်သီး အလုံးအရွယ်အစားလိုက်၍ (၁)ပိဿာလျှင် လက်ကားဈေး ကျပ်(၁၈၀၀ မှ ၁၅၀၀)၊ လက်လီဈေး ကျပ်(၂၀၀၀ မှ ၂၂၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင်(၁)ပတ်တွင် ခရမ်းချဉ်သီး (၁)ပိဿာလျှင် လက်လီဈေး ကျပ်(၁၃၀၀ မှ ၁၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ဈေးကွက်အတွင်းသို့ ခရမ်းချဉ်သီးများ ဝင်ရောက်မှု နည်းပါးသွား၍ ခရမ်းချဉ်သီးဈေးနှုန်းမြင့်တက်လာကြောင်း ခရမ်းချဉ်သီး အရောင်းအဝယ်လုပ်ကိုင်သူ ကုန်သည်ဦးတင်ကိုထံမှ သိရှိရပါသည်။

DOCA(မကွေး)

ဆိပ်ဖြူ ကုန်စည်ဒိုင်ကြက်သွန်နီ ဇန်နဝါရီလ(ဒုတိယ)ပတ်အတွင်း ဈေးအနည်းငယ် ကျဆင်းပြီး အရောင်းအဝယ်ဖြစ်နေ

          ဆိပ်ဖြူမြို့ ကြက်သွန်နီ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်သို့ ဇန်နဝါရီလ (ဒုတိယ)ပတ်အတွင်း မိုးကြက်သွန်နီအသစ်များ ဆိပ်ဖြူမြို့နယ်ဒေသတွင်း စိုက်ပျိုးသည့်ကျေးရွာများမှ ဝင်ရောက်ပြီး တစ်ရက်လျှင်ပျမ်းမျှ ကြက်သွန်နီ ကုန်ချိန်ပိဿာ(၇)သောင်းခန့် (၁)ပတ် အတွင်း စုစုပေါင်းပိဿာ(၄)သိန်းခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။

       ယခု(၁)ပတ်အတွင်း အစောပိုင်း(၈.၁.၂၀၂၃)ရက်နေ့တွင် ကြက်သွန်နီ(၁)ပိဿာကျပ်(၂၃၀၀) အမြင့်ဆုံးဈေးဖြင့် ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်ခဲ့ပြီး နောက်ရက်များတွင် ကုန်ဝင်များ၍  ဈေးနှုန်းကျဆင်းသွားကြောင်း၊ ဇန်နဝါရီ(ဒုတိယ)ပတ်အတွင်း မိုးကြက်သွန်နီ ဈေးနှုန်းမှာ (၁)ပိဿာ လျှင်အမြင့်ဈေး ကျပ်(၂၃၀၀/ ၂၁၅၀/ ၁၉၅၀/ ၁၈၀၀/ ၁၆၀၀)၊ အလတ်စဈေး ကျပ်(၁၇၅၀/ ၁၇၂၅/ ၁၇၀၀/ ၁၆၀၀)၊ အနိမ့်ဈေး ကျပ်(၁၅၀၀/ ၁၄၀၀/ ၁၃၅၀/ ၁၂၀၀/ ၁၀၀၀)ဈေးနှုန်းတို့ဖြစ်ခဲ့ပါသည်။ ယခင်(၁)ပတ်ဈေးနှုန်းထက် ထိပ်စ(၁)ပိဿာလျှင် ပျမ်းမျှကျပ်(၅၀၀) နှင့် အလတ်စနှင့်အသေးစတို့ မှာ ကျပ်(၂၀၀)စီခန့် ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

       ဆိပ်ဖြူမြို့မှ ကြက်သွန်နီများကို အခြားတိုင်းဒေသကြီးများသို့ စီးထွက်မှုမှာ ရန်ကုန်ဘုရင့် နောင်ပွဲရုံသို့ ကုန်ချိန်ပျမ်းမျှပိဿာ(၃)သိန်း၊ (၈၅၇၁)အိတ်၊ ပြည်မြို့သို့ ကုန်ချိန်ပိဿာ(၄)သောင်း၊ (၁၁၄၂)အိတ်၊ မြဝတီမြို့သို့ကုန်ချိန်ပိဿာ(၆)သောင်း၊ (၁၇၁၄)အိတ်ခန့် ယခု(၁)ပတ်အတွင်း စုစုပေါင်း ပျမ်းမျှပိဿာ(၄)သိန်း၊ (၁၁၄၂၇)အိတ်၊ တန်ချိန်(၂)သောင်းခွဲခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ကုန်စည် ဒိုင်ဈေးကွက်မှ သိရှိရသည်။

       ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်းရှိ ဈေးတန်းများတွင် ကြက်သွန်နီ အရွယ်အစား အရည်အသွေးလိုက်၍ (၁)ပိဿာလျှင် လက်ကားဈေး  ကျပ်(၂၂၀၀ မှ ၁၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စိမ်းရောင်းချသူ ဈေးသည်များမှတစ်ဆင့် သိရှိရပါသည်။

DOCA(မကွေး)

 

         

 “ကျောက်ဆည်ခရိုင်တွင်ငရုတ်စိုက်ခင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိ”

      မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် စိုက်ပျိုးရေးကိုအခြေခံ၍ သီးနှံမျိုးစုံအား စိုက်ပျိုးသည့်ဒေသဖြစ်ပါသည်။ဒေသအတွင်းစပါးကိုအဓိကထားစိုက်ပျိုးသော်လည်း နှမ်း၊ ပဲတီစိမ်း ၊ ကုလားပဲ၊ ငရုတ်စသည့်သီးနှံများကိုလည်း ရာသီအလိုက် စိုက်ပျိုးကြပါသည် ။ ၄င်းသီးနှံများအနက် ငရုတ်သီးနှံ(ဆောင်း)ကို ကျောက်ဆည်မြို့နယ်တွင်(၅၀၂၁)ဧက ၊ စဉ့်ကိုင်မြို့နယ်တွင်(၆၀၆)ဧက ၊ မြစ်သားမြို့နယ်တွင်(၁၅၀၆)ဧက၊စုစုပေါင်း(၇၁၃၃)ဧက စိုက်ပျိုးပြီးကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ ငရုတ်သီးနှံကို နိုဝင်ဘာလ နှင့် ဒီဇင်ဘာလများတွင် စတင်စိုက်ပျိုးပြီး မတ်လနှင့်ဧပြီလများတွင်စတင်ခူးဆွတ်ကြောင်းသိရှိရပါသည်။ ငရုတ်မျိုးများအနေဖြင့် ပိုးမွှားဒဏ် ခံနိုင် ရည်ရှိပြီး အထွက်နှုန်းကောင်းမွန်သော သာမို၊ ဒီမွန်၊ အာစတာ၊ ၆၉၂မျိုးများကို စိုက်ပျိုးကြသော် လည်းတောင်သူများအနေဖြင့် ၆၉၂မျိုးကို ပိုမိုစိုက်ပျိုးမှုများကြောင်း သိရှိရပါသည် ။ တစ်ဧက စိုက်ပျိုးရာတွင်ကုန်ကျစရိတ်အနေဖြင့် မျိုးစေ့ ၊ မြေပြင်ထွန်ယက်ခြင်း ၊ သွင်းအားစု နှင့် လုပ်သားခ အပါအဝင် စုစုပေါင်း(၁၂၀၀၀၀၀/-)ကျပ် ဝန်းကျင်ခန့်ကုန်ကျကြောင်းသိရှိရပါသည် ။ ငရုတ်သီး အခြောက်စျေးနှုန်းအနေဖြင့် ယခင်နှစ်တွင် တစ်ပိဿာ (၃၉၀၀-၄၀၀၀)ကျပ် ဝန်းကျင်ရှိခဲ့ရာ ယခုနှစ် တွင်(၁၁၅၀၀-၁၂၀၀၀)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေ ကြောင်း၊ ငရုတ်သီး ထွက်ရှိမှု အနေဖြင့် ယခင်နှစ်တွင် (၁)ဧကလျှင် ငရုတ်သီး အခြောက် (၅၀၈)ပိဿာထွက်ရှိကြောင်း၊ယခုအချိန် တွင်ငရုတ်စိုက်ခင်းများ၌ ငရုတ်သီးများ စတင်ထွက်ရှိခြင်း မရှိသေးသော်လည်း အဖူးအပွင့်များ ဝေဝေဆာဆာဖြင့် အောင်မြင်ဖြစ်ထွန်းလျှက် ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တ‌လေး)

 

“ဆောင်းနေကြာ စိုက်ပျိုးမှုနှင့်စျေးကွက်အခြေအနေ”

           မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်အတွင်းတွင် စပါး၊ပြောင်း၊ပဲမျိုးစုံနှင့်ဆီထွက်သီးနှံများအား အဓိကစိုက်ပျိုးလျက်ရှိပါသည်။ ၄င်းသီးနှံများအနက်မှ ဆီထွက်သီးနှံတစ်မျိုးဖြစ်သော နေကြာသီးနှံကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ​နေကြာ(မိုး)ကို (၄၉၁၁)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ဧက အားလုံးရိတ်သိမ်းပြီးဖြစ်ရာ အထွက်နှုန်းအနေဖြင့်(၉၉.၀၄)တင်းခန့်ထွက်ရှိပြီး အထွက်စုစုပေါင်း (၁၅၄၄၆၅)တင်း ထွက်ရှိပါသည် ။ ဆောင်းနေကြာကို  မိုးသီးနှံများရိတ်သိမ်းပြီးချိန် လယ်မြေ ၊ ယာမြေများ၌ နိုင်ဝင်ဘာလ နှင့် ဒီဇင်ဘာလများတွင် စတင်စိုက်ပျိုးကြပြီး မတ်လနှင့်ဧပြီလများတွင် ထွက်ရှိမည်ဖြစ်ပါသည် ။ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် ဆောင်းနေကြာကို ကျောက်ဆည်မြို့နယ်တွင် (၃၁၅၀)ဧက၊စဉ့်ကိုင်မြို့နယ်တွင်(၄၂၇၉)ဧက၊မြစ်သားမြို့နယ်တွင်(၆၀၃)ဧက၊ စုစုပေါင်း (၈၀၃၂) ဧက စိုက်ပျိုးထားကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။ (ဆောင်း)နေကြာကို အခြားသီးနှံများဖြစ်သည့် ကုလားပဲ၊ နှမ်း၊ ပဲတီစိမ်းတို့နှင့် သီးညှပ်အဖြစ် စိုက်ပျိုးကြသည့်အပြင် နေကြာတစ်မျိုးတည်းကိုလည်း သီးသန့်စိုက်ပျိုးကြပါသည် ။ နေကြာစိုက်ပျိုးမှုအနေဖြင့် နေကြာတစ်ဧကလျှင် ကုန်ကျစရိတ်အနေဖြင့် (၂၇၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း ၊ စျေးနှုန်းအနေဖြင့် နေကြာတစ်တင်းလျှင်(၃၃၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ပွဲရုံများမှသိရှိရပါသည်။

DOCA(မန္တလေး)

Diamond Dragon Co.,Ltd မှ စားအုန်းဆီများရောင်းချပေးခဲ့

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းသို့ တင်သွင်းလာသည့်စားအုန်းဆီများ သတ်မှတ်အရည်အသွေးများပြည့်မီရေး၊ ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီများကို သုံးစွဲနိုင်‌ရေး၊ ဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ်စေရေးတို့အတွက် လုပ်ငန်းစဉ်များချမှတ်၍ ကြီးကြပ်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီနှင့် “မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း”တို့နှင့်ပူးပေါင်း၍ ၁၂-၁-၂၀၂၃ ရက်နေ့၌ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံး‌ရှေ့တွင် ကူးတို့ဆိပ်ရပ်ကွက်၊ စက်ဆန်း(မီးရထား)ရပ်ကွက်၊ မလွှကုန်း(မီးရထား)ရပ်ကွက် စသည့်ရပ်ကွက်နေ စားသုံးသူပြည်သူများအား စားအုန်းဆီ ၁ ပိဿာလျှင် ၅၆၀ဝိ/- နှုန်းဖြင့် Diamond Dragon Co.,Ltd မှ ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း